Friday, February 17, 2012

လယ်ယာထွက်ကုန် လွတ်လပ်စွာ စိုက်ပျိုးရောင်းချနိုင်ရေး ဒေါ်စုပြော

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်သူ လယ်သမားများ အတွက် လယ်ယာထွက်ကုန်များကို လွတ်လပ်စွာ စိုက်ပျိုး ရောင်းချခွင့်ရရှိရန် ကြိုးပမ်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်းရုံးရေးခရီးစဉ်အတွင်း ဖျာပုံလူထုသို့ ပြောဆိုသွားသည်။

ဧရာဝတီတိုင်းသို့ ဒုတိယအကြိမ် ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးစဉ်ဖြစ်သည့် သောကြာနေ့ ဖျာပုံခရီးစဉ် အတွင်း လူထုပရိသတ် လေးသောင်းခန့်ကို မိန့်ခွန်း ပြောကြားရာတွင် စိုက်ပျိုးရေးအတွက် အထောက်အကူ
ဖြစ်စေမည့် နည်းလမ်းများကို အကောင်အထည် ဖေါ်ပေးမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ထည့်သွင်း ပြောကြားသွားသည်။
farpon
  • ဖျာပုံမြို့သို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ်ဆက်သူများနှင့် အတူ ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဖျာပုံမြို့သို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ်ဆက်သူများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဖျာပုံမြို့သို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ်ဆက်သူများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဖျာပုံမြို့သို့ရောက်ရှိလာသည့် ဦးတင်ဦးအား ဧရာဝတီဆိပ်တွင် ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဒေါ်အောင်ဆန်းစုကြည်အား ဖျာပုံမြို့လူထုက ကြိုဆိုပုံများကို ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဒေါ်အောင်ဆန်းစုကြည်အား ဖျာပုံမြို့လူထုက ကြိုဆိုပုံများကို ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်၏ ဖျာပုံ စည်းရုံးရေး ခရီးစဉ် :: ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုဂုဏ်ပြုသည့် ဖျာပုံမြို့နယ်အပိုင် ဒေါ်ငြိမ်းကျေးရွာမှ ပြည်သူများကို ဖျာပုံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ လမ်းပေါ်တွင် ဖေဖော်ဝါရီ ၁၇ ရက်၊ ၂ဝ၁၂ ခုနှစ် သောကြာနေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

"မလိုအပ်တဲ့ ကန့်သတ်မှုတွေ ချုပ်ချယ်မှုတွေကို ဖယ်ရှားပေးဖို့ လိုပါတယ်။ ဒါတွေကို လွတ်လွတ်လပ်လပ် စိုက်ပျိုးရောင်းချချင်တဲ့ တောင်သူလယ်သမားများ အားလုံး နားလည်မှာ ဖြစ်ပါတယ်။ မလိုလားအပ်တဲ့ အကန့်အသတ် အချုပ်အချယ်တွေကို ဖယ်ရှားပေးရုံနဲ့ မလုံလောက်သေးပါဘူး။ အထောက်အကူဖြစ်မယ့် စည်းမျဉ်း စည်းကမ်းတွေ၊ အထောက်အကူဖြစ်မယ့် လုပ်ငန်းတွေကိုလည်း  အကောင်အထည် ဖေါ်ပေးရမှာ
ဖြစ်ပါတယ်။ ဒီဟာတွေ အားလုံးဖြစ်ဖို့ ကျမတို့ ကြိုးစားပါမယ်" ဟု ပြောကြားသွားသည်။

ထို့အပြင် စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်နိုင်မည်ဆိုပါက ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများမှ အထက်ပါအချက်များ အကောင်အထည် ပေါ်ရေးအတွက် ကူညီပေးရန်လည်း အသင့်ရှိနေသည်ဟုလည်း သူက ပြောကြားသွားသည်။

ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်လည်း ဝန်ကြီး ဦးမြင့်လှိုင်က
တောင်သူလယ်သမားများ စိုက်ပျိုးလိုသည့် သီးနှံများကို စိုက်ပျိုးခွင့် ပေးမည်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက် ရရှိရေး အတွက် အကူအညီပေးကာ လယ်သမားများ ဝင်ငွေတိုးတက်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း
ပြောကြားသွားသည်။

သို့သော် တဘက်တွင်လည်း ဒေသ ရာသီဥတုနှင့် ကိုက်ညီမှုမရှိသည့်အပြင် တောင်သူလယ်သမားများ မစိုက်ပျိုးလိုသည့် နွေစပါးကို ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ စိုက်ပျိုးခိုင်းစေမှုများ ရှိနေကြောင်း ထိုနေ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကထည့်သွင်း ဆွေးနွေးသွားသည်။

ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယခုလ ၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း "ဒေသဝမ်းစာဖူလုံရေးအတွက် နွေစပါးနှင့်မိုးစပါးများကို အမိန့်ညွှန်ကြားချက်ဖြင့် စိုက်ပျိုးစေခြင်းသည် သက်ဆိုင်ရာဒေသ ရေမြေရာသီဥတုနှင့် မကိုက်ညီပါက အဘက်ဘက်မှ ဆုံးရှုံးမှုများ ရှိလာနိုင်ပါတယ်" ဟု ထောက်ပြ ပြောဆိုသွားခဲ့သည်။

"ယနေ့ တောင်သူ လယ်သမားများ၊ မွေးမြူရေးသမားများ၊ အခြေခံကုန်ထုတ်လုပ်သူများ ကြုံတွေ့နေရတဲ့ စပါးနှင့်သီးနှံများ ဈေးနိမ့်ကျ၍ အရှုံးပေါ်နေမှု၊ ငါးမွေးမြူထုတ်လုပ်သူများ အရှုံးပေါ်နေမှုများ ရှိပါတယ်" ဟု ဦးရွှေမန်း က ဝန်ခံပြောဆိုသွားခဲ့သည်။

ရေဒီယို၊ ရုပ်သံ ဟောပြောမှု ကန့်သတ်ချက် ပါတီများ ဝေဖန်

ခင်ဦးသာ on February 17, 2012


နိုင်ငံရေး ပါတီများ၏ မူဝါဒများကို ရေဒီယို၊ ရုပ်သံ အစီအစဉ်များမှ ဟောပြော တင်ပြခွင့်ပြုရာ၌ ကန့်သတ် ထားမှုများအပေါ် ပါတီများက ဝေဖန်လိုက်သည်။

ဧပြီလ ၁ ရက်နေ့ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော် မရှင်၏ အချက် ၈ ချက်ပါ ကြေညာချက် ၌ ကန့်သတ်ထားခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီ တခုခု၏ စည်းရုံးဟောပြောမှုသည် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက်ခြင်း၊ ဖွဲ့စည်းပုံ ဥပဒေနှင့်တည်ဆဲဥပဒေများအား လိုက်နာလေးစားမှု မရှိခြင်း၊ လူမျိုးရေး၊ ဘာသာရေး လူပုဂ္ဂိုလ် တဦးဦး၏ ဂုဏ်သိက္ခာ ထိခိုက်စေခြင်း၊ ငြိမ်းချမ်းစွာ ပညာ သင်ကြားရေး ကို ထိခိုက်စေခြင်း စသည့်တို့အား တခုခု ကျူးလွန်ဖောက်ဖျက်ပါက တည်ဆဲ ဥပဒေအရ အရေးယူ ခံရမည်ဟု ယမန်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက် က ဆိုသည်။

သတ်မှတ်ချက်အား မလိုက်နာသည့် ပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူခံရမည်ဖြစ်ပြီး ပါတီ ဖျက် သိမ်း ခံရနိုင်သည်။ ထိုကြေညာချက်အရ ဟောပြောခွင့် ၁၅ မိနစ်အချိန်ရမည်ဖြစ်ပြီး ယခင် နအဖ စစ်အစိုးရ လက် ထက်၂၀၁၀ ရွေး ကောက်ပွဲ ကြေညာချက် နှင့် ထပ်တူ ဖြစ်သည်။

လက်ရှိအစိုးရသည် ဒီမိုကရေစီ စနစ်သို့ ဦးတည်လုပ်ဆောင်နေပြီ ဖြစ်၍ ယခုကဲ့သို့ ကန့်သတ်မှုများ လုပ်ဆောင်ခြင်းသည် မသင့် လျော် သော လုပ်ရပ်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောဆို သည်။

“ကျနော်တို့ပါတီအနေနဲ့တော့ ပြည်သူလူထုကို အကျိုးမပြုတာ မှန်သမျှကို ဖယ်ဖျက်ဖို့ ကိစ္စဟောပြောသွားမှာပါ၊ ဥပမာ-၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စဟာ ပါတီရဲ့ အဓိကမူဝါဒ ဖြစ်လို့ ကန့်သတ်ထားရင်လည်းပဲ ပြောရမှာပဲ”ဟု ဦးဝင်းတင် က ဧရာဝတီ ကို ပြောသည်။

NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ စည်းရုံးရေး ခရီးစဉ်များ၌ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး၊ တရား ဥပ ဒေ စိုးမိုးရေးတို့ကို အဓိကထား၍ ပြည်သူလူထုအား မဲဆွယ်စည်းရုံးလျက် ရှိသည်။

နိုင်ငံရေးပါတီများသည် မိမိတို့ဟောပြောလိုသည့် အကြောင်းအရာများကို စာမျက်နှာ ၇ မျက်နှာဖြင့် အနည်းဆုံး ၇ ရက် ကြိုတင် ၍ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။ ထိုတင်ပြချက်အား ပြန်ကြားရေး ၀န်ကြီး ဌာနနှင့်ညှိနှိုင်း၍ ခွင်ြ့ပုခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်ကြောင်း ကြေညာချက်၌ ရေးသားထားသည်။

ရေဒီယို၊ ရုပ်သံများမှ ပြောဟောစည်းရုံးခွင့် ရခြင်းကို ကြိုဆိုသော်လည်း စိစစ် ပယ်ချမှုတို့ကြောင့် အချိန်ကုန်ပြီး အပြည့်အ၀ ဟောပြော ခွင့်မရဟု ၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေ က ပြော သည်။

“၇ ရက် ကြိုတင်ရတော့ စိစစ်မှုများတယ်၊ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလည်းပဲ ပထမတကြိမ်တင်တာ မူဝါဒတွေနဲ့ မကိုက် ညီ ဘူး ဆို ပြီးတော့ ပယ်ချခံခဲ့ရတယ်၊ နေပြည်တော်ကို နောက်တခေါက် ထပ်သွား တင်ခဲ့ရတယ်”ဟု ဦးသုဝေ က ဆိုသည်။

စိစစ်ကန့်သတ်မှုများပြီး ငွေကုန်ကြေးကျ များပါက ရေဒီယို၊ ရုပ်မြင်သံကြားများမှ ဟောပြောမှု မလုပ်ဆောင်တော့ကြောင်း၊ ကြေ ညာ ချက် ကန့်သတ်ထားသော်လည်း ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတရမည်ဟု ကော်မရှင် ဥက္ကဌ ဦးတင်အေး က ကတိပေး ထားသည့် အတိုင်း ဆောင်ရွက်ကြမည်ဟု မျှော်လင့်ရကြောင်း ဦးသုဝေ က ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည)ကမူ ထုတ်ပြန်ချက်အား ကန့်သတ်မှုဟု မယူဆဘဲ ရသည့် အခွင့်အရေး အပေါ်အခြေ ခံ၍ အများ ကောင်းစားရေး မူဝါဒ အတိုင်း စည်းရုံး ဟောပြောသွားမည်ဟု ပါတီ၏ ပြောခွင့်ရသူ ဦးဟန်ရွှေ က ဧရာဝတီ ကို ပြောသည်။

“လယ်လုပ်သူ လယ်လုပ်ပိုင်ခွင့် အစား လယ်လုပ်သူ လယ်ပိုင်ဆိုင်ခွင့်ရရေး ကိစ္စ၊ လယ်သမားအဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရ ရေး ကိစ္စတွေကို အဓိက လုပ်ဆောင်ပေးဖို့ ဆိုတာတွေကို စည်းရုံးဟောပြော သွားမယ်”ဟု ဦးဟန်ရွှေ က ဆိုဟည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံရေးဆွဲထားသည့် လယ်ယာမြေဥပဒေကြမ်းအား လွှတ်တော်အစည်းအဝေးများ၌ ပြီးခဲ့သည့်လ အနည်း ငယ် က အတည်ပြုခဲ့ရာတွင် လယ်သမားတို့၏ ရပိုင်ခွင့်များကို ကန့်သတ်ထား၍ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သေးသည်။

တစည ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ အခက်အခဲ၊ အတာအဆီး ကန့်သတ်မှု မရှိဘဲ မူဝါဒသဘောထားများကို စည်းရုံး ဟော ပြော နိုင် ခဲ့ကြောင်း၊ ၎င်းတို့၏ အများကောင်းစားရေး မူဝါဒ၌ တောင်သူလယ်သမား၊ အလုပ်သမား၊ ကျောင်းသား လူငယ်များနှင့် အမျိုးသမီး ကဏ္ဍများကို ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဟန်ရွှေ က ပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာရှိပြီး နိုင်ငံရေးပါတီ ၁၇ ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟု ကော်မရှင် ၏ ယနေ့ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နအဖ စစ်အစိုးရ ဦးဆောင်ကျင်းပသည့်၂၀၁၀ ရွေးကောက်ပွဲ၌ ရေဒီယို၊ ရုပ်မြင်သံကြားများမှ ဟောပြောကြမည့် ဒီမိုကရက် တစ် ပါတီ အများစု၏ မူဒ၀ါဒများ၊ စည်းရုံး ဟောပြောမှုများ၊ တင်ပြခဲ့သည့် အချက်အလက် အများစုကို ပယ်ဖျက်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ကျိုက်ထော်ရွာ သားတွေ ဒေါ်စု ကို လှိုက်လှိုက်လှဲလှဲကြိုဆို( ဗီဒီယို ) ဓါတ်ပုံ သတင်း

အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ခရီးစဉ်အဖြစ် ဧရာဝတီတိုင်း အတွင်းရှိ ကျိုက်ထော်၊ ဒေးဒရဲ၊ ဖျာပုံမြို့တွေကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သွားရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်း ကျိုက်ထော်ရွာသားတွေရဲ့ ကြိုဆိုပုံတွေကလည်း အံမခန်းစရာပါ။

ဒေါ်အောင်ဆန်းစုကြည် ကို စောင့်မျှော်နေကြသည့် ဖျာပုံ ပြည်သူများ("ပြည်သူကို ချော့ပြီးလဲ မစည်းရုံးခဲ့ဘူး။ ခြောက်ပြီးလဲ မစည်းရုံးခဲ့ဘူး။")

"ပြည်သူကို ချော့ပြီးလဲ မစည်းရုံးခဲ့ဘူး။ ခြောက်ပြီးလဲ မစည်းရုံးခဲ့ဘူး။" (ဒေါ်အောင်ဆန်းစုကြည် ဖျာပုံမြို့နယ် သဲကွင်း ဟောပြောချက် အစအဆုံး၊

ဖျာပုံမြို့ ၅ ရပ်ကွက်၊ ဒုတိယလမ်းမပေါ်ရှိ အမျိုးသားဒီမိုကရေစီရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် ကို စောင့်မျှော်နေကြသည့် ပြည်သူများ။

ဝန်ထမ်းများကို ၂၀၁၂ ခုနှစ်တွင် လစာမတိုးပေးရန် ၀န်ကြီး မေတ္တာရပ်ခံ

ဧပြီ ၁ ရက်နေ့ကစမယ့် ဘဏ္ဍာရေးနှစ်မှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အဆိုကို ပြန်ရုပ်သိမ်းပေးဖို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးလှထွန်းက တောင်းဆိုလိုက်ပြီး မလိုက်လျောရင် မဲခွဲဖို့ အလားအလာ ရှိနေပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မေတ္တာရပ်ခံ တောင်းဆိုလိုက်တာပါ။ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက လာမယ့် ဘတ်ဂျက်နှစ်မှာ  တိုးပေးရင် အသုံးစရိတ်တက်ပြီး တိုင်းပြည်ဘဏ္ဍာ လိုငွေ ပြသွားနိုင်မယ်လို့ ပြောသွားတာပါ။
လက်တလော အစိုးရဆီမှာ နိုင်ငံတကာ အကြွေးက ဒေါ်လာ ၁၁ ဘီလီယံရှိပြီး အရန်ငွေကတော့ ၇ ဘီလီယံ ရှိတယ်လို့ ၀န်ကြီးက ပြောပါတယ်။  အနိမ့်ဆုံးလစာ ၂ သိန်း ၁ သောင်းကျပ်ရှိရင်  အစိုးရအနေနဲ့ ကျပ်ငွေ ၅၆၀၀.၃၅၄ ဘီလီယံ သုံးစွဲရမယ်လို့လည်း ၀န်ကြီး ဦးလှထွန်းက ပြောပါတယ်။
ဝန်ထမ်းတွေကို လက်ရှိရဲ့ နှစ်ဆ တိုးပေးလိုက်ရင် လိုငွေ ၁၂ ရာခိုင်နှုန်း တက်သွားနိုင်တယ်လို့ ၀န်ကြီးက သမ္မတ ကိုယ်စား ပြောသွားခဲ့တယ်လို့ လွှတ်တော် အစည်းအဝေးတက်တဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။
“၀န်ကြီးက အဲ့ဒီဘက်ကို ဇောင်းပေးပြီးကာမှ လစာတိုးပေးမယ်ဆိုရင် ငွေချေးသက်သေခံ လက်မှတ်ရောင်းဝယ်ရေး ဈေးကွက်ကတဆင့် ငွေတိုက်စာချုပ်တွေ ရောင်းချရမယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ လိုမယ်။ ၁၁ ဘီလီယံလောက် အကြွေးရှိတယ်။ ကိုယ်ပိုင်ငွေက ၇ ဘီလီယံ ကျော်ကျော်လောက်ပဲ ရှိမယ်။ နိုင်ငံတကာ အကူအညီတွေလည်း ထည့်တွက်ပါတယ်။ နောက် ငွေတိုက်စာချုပ်တို့ ရောင်းရင် နိုင်ငံတကာက ၀ယ်နိုင်မယ့် ရင်းနှီးမြှုပ်နှံနိုင်မယ့် မြန်မာနိုင်ငံရဲ့ ဥပဒေ၊ နည်းဥပဒေတွေကလည်း ထွက်ဖို့လိုတယ် ဆိုပြီး သေချာတော့ တွက်ပြပါတယ်။ နိုင်ငံတကာနဲ့ ယှဉ်ပြီးလည်း တွက်ပြပါတယ်။ ဒါကို ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ သမ္မတကြီး ကိုယ်စား တင်ပြပါတယ်လို့ သုံးနှုန်းပြောဆိုသွားပါတယ်။”
တကယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သူတင်သွင်းခဲ့တဲ့ အဆိုကို မရုပ်သိမ်းပေးရင် ပြည်ထောင်စုလွှတ်တော်အတွင်းမှာ မဲခွဲ ဆုံးဖြတ်ရမယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။
သူရ  ဦးရွှေမန်း တင်သွင်းတဲ့ ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်မှာ လစာ မတိုးနိုင်ခဲ့ရင် ပြည်သူလူထုအတွင်းမှာ စစ်တမ်းကောက်သင့်တယ်လို့လည်း ဆိုပါတယ်။
“သမ္မတကြီးအပေါ်မှာ လူထုထောက်ခံမှု နှုန်းက အင်မတန် မြင့်မားပါတယ်။ ပထမဆုံး ပြည်ထောင်စု လွှတ်တော်မှာ နိုင်ငံအခြေပြု မိန့်ခွန်း ပြောတာရယ်၊ အစိုးရအဖွဲ့ပေါ်မှာ ပြောတဲ့ မိန့်ခွန်းတွေ အကုန်လုံးဟာ ၀န်ထမ်းတွေနဲ့ ပတ်သက်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေမှာ ပေးထားတဲ့ အခွင့်အရေး ရနိုင်အောင် ကာလတခုမှာ ကြိုးစားပြီး ဆောင်ရွက်မယ်။ နောက် အငြိမ်းစား လစာတွေကိုလည်း ပေးထားပြီးပြီ။ နိုင်ငံသူ နိုင်ငံသား ၀န်ထမ်းတွေရဲ့ သမ္မတကြီးအပေါ်မှာ ထောက်ခံမှု။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး တင်ပြတဲ့ ၂၀၁၂က ဧပြီကစပြီးတော့ နိုင်ငံ့ဝန်ထမ်းတွေကို ဒီလို တိုးပေးသင့်တယ်။ လက်ရှိခံစားနေရတဲ့ နှုန်းထားတွေဟာ ၁၉၅၀ ကျော်ကလောက် တောင် မရှိဘူးပေါ့နော်။
“ဒီလို ဦးရွှေမန်းက တင်ပြတာကို သမ္မတကြီးက ၂၀၁၂၊ ၂၀၁၃ မှာ မလုပ်ပေးနိုင်ဘူးဆိုရင် သမ္မတကြီးဟာ လူထုစစ်တမ်း ပြန်ကောက်သင့်တယ်။ ဒါ နိုင်ငံရေးအားဖြင့် ပါလာပြီလေ။ ပြည်သူတွေရဲ့ ယုံကြည်မှု၊ ၀န်ထမ်းတွေရဲ့ ယုံကြည်မှုဟာ အစိုးရအဖွဲ့အပေါ်မှာ သက်ရောက်မှု ရှိမယ်။ အစိုးရအဖွဲ့ရဲ့ မောင်းနှင်အားဟာ ဗျူရိုကရက်ကိုး။ ၀န်ထမ်းမပါလို့ မရဘူး။ အုပ်ချုပ်စီမံခန့်ခွဲတဲ့ အဖွဲ့အစည်း မပါလို့ မရဘူး။ ကျနော်တို့ ပြန်သုံးသပ် သင့်တာက ၂၀၁၂၊ ၂၀၁၃မှာ ဦးရွှေမန်း ပြောသလို ၀န်ထမ်းတွေရဲ့ လစာနှုန်းထားကို တိုးသင့်တယ်။ မတိုးခင်လေးမှာ ၀န်ထမ်း အဖွဲ့အစည်းတခုလုံး၊ အစိုးရအဖွဲ့အစည်း တခုလုံးကို ပြန်လည် သုံးသပ်ရလိမ့်မယ်။”
ဝန်ကြီး ဦလှထွန်းက  နယ်ဝေး ၈၅ မြို့နယ်က အစိုးရ၀န်ထမ်း ၃၇၈၁၇ ဦးကို  လာမယ့် ဘဏ္ဍာရေးနှစ်မှာ ရှားပါးစရိတ် တိုးပေးမယ့် အကြောင်းကို ဒီနေ့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။  ဘယ်ဌာနက ၀န်ထမ်းတွေဆိုတာ ရည်ညွှန်းပြီး ပြောဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ရက်က  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ   သူရဦးရွှေမန်းက လာမယ့် ၂၀၁၂-၂၀၁၃ ဘတ်ဂျက်နှစ်မှာ အစိုးရ၀န်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ချီးမြှင့်ငွေ အပါအ၀င် အချက် ၆ ချက်ကို တင်သွင်းခဲ့တာပါ။ 
ဒီဗွီဘီ

မြန်မာအစိုးရခေါင်းဆောင်ပိုင်း အီးယူ ပြည်ဝင်ခွင့် ပိတ်ပင်မှု ရုပ်သိမ်း


အထီးကျန်ဖြစ်နေတဲ့ မြန်မာနိုင်ငံထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ အတွက်ကြောင့် ဥရောပသမဂ္ဂ ကနေ အရေးယူ ပိတ်ဆို့ထားမှု တချို့ကို သောကြာနေ့မှာ ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတတွေ၊ လွှတ်တော်အမတ်တွေနဲ့ သူတို့ရဲ့ မိသားစုဝင် ၈၇ ယောက်အပေါ် ပြည်ဝင်ခွင့် ပိတ်ပင် တားဆီးထားမှုကို ရုပ်သိမ်းလိုက်တယ်လို့ ဥရောပသမဂ္ဂ ကောင်စီကနေ သောကြာနေ့မှာ ထုတ်ပြန်လိုက်တဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလို ရုပ်သိမ်းလိုက်တယ် ဆိုပေမဲ့ ဥရောပမှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ အပေါ် ထိန်းချုပ်ထားတာတွေကတော့ ဆက်ပြီး ရှိနေဦးမှာ ဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ အပေါ် ဥရောပသမဂ္ဂ အနေနဲ့ ပြန်လည် သုံးသပ်နေဆဲ ဖြစ်ပါတယ်။ အဲဒီအရေးယူ ပိတ်ဆို့ထားမှုတွေရဲ့  သက်တမ်းဟာ အခုလာမယ့် ၂၀၁၂ ဧပြီလမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်က မြန်မာနှင့် ဆက်ဆံရေး ပြန်လုပ်မည်

ရန်ပိုင် on February 17, 2012


မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ထောက်ခံ အားပေးသည့် အနေဖြင့် ဆက်ဆံမှုများ ပြန်လည်ပြုလုပ်ရန် ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက မကြာသေးမီက ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ဘဏ်အဖွဲ့ကြီး၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒု ဥက္ကဋ္ဌ Ms. Pamela Cox က “မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို အားရ ပါ တယ်။ ပြုပြင်ပြောင်းလဲရေးတွေအတွက် အထောက်အကူဖြစ်စေဖို့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးတွေ ပြန်လုပ်နေပါပြီ။ ဆင်းရဲသားတွေ၊ ဖူ လုံမှုမရှိသူတွေ အပါအ၀င် မြန်မာပြည်သူတွေ အကျိုးရှိမှာပါ” ဟု ထုတ်ပြန်ချက်တွင် ပြောထားကြောင်း AP သတင်းဌာနက ဖော်ပြထား သည်။

ကမ္ဘာ့ဘဏ်အဖွဲ့ကြီးက စီးပွားရေး အခြေခံအဆောက်အအုံများ၊ ဘဏ္ဍာရေးကဏ္ဍများနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်ပေးနိုင်ရန် ကျွမ်း ကျင်သည့် ပညာရှင်များ စေလွှတ်အကူအညီ ပေးသွားမည်ဖြစ်သော်လည်း ငွေကြေးထောက်ပံ့မှုများကိုမူ ပေးအပ်ဦးမည်မဟုတ်ကြောင်း သိရသည်။

စုစုပေါင်း ဒေါ်လာသန်း ရာပေါင်းများစွာနှင့် ချီနေသည်ဟု ယုံကြည်ရသည့် ကြွေးကျန်များကို မြန်မာနိုင်ငံက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများသို့ ပေးဆပ်ရှင်းလင်းပြီးမှသာ ငွေချေးငှားရေး ပြန်လည်စတင်နိုင်မည်ဟု ကမ္ဘာ့ဘဏ်က ပြောဆိုထားသည်။

ထို့အပြင် အစိုးရအသုံးစရိတ်များနှင့် ပတ်သက်၍ ရှင်းလင်းပြတ်သားမှု ရှိ မရှိ၊ ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှု ရှိ မရှိကို သုံးသပ် လေ့လာမည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းများနှင့် လက်တွဲ၍ လူမှုကဏ္ဍဆိုင်ရာ တာဝန်ယူမှုများ၊ လွတ်လပ်သော လူထုဆက်ဆံရေးများ မြှင့် တင်ပေးနိုင်ရန် ဆောင်ရွက်မည်ဟုလည်း သိရသည်။

ကမ္ဘာ့ဘဏ်အဖွဲ့ကြီး၏ အဓိက အဖွဲ့ဝင်တနိုင်ငံဖြစ်သည့် အမေရိကန်ကလည်း ပြီးခဲ့သည့်လမှ စတင်ကာ နည်းပညာ၊ အတတ်ပညာများ အကူအညီပေးရေး အတွက် ပိတ်ဆို့အရေးယူမှု ဥပဒေတချို့ကို ရုပ်သိမ်းပေးခဲ့သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့သည် ကြွေးမြီများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသည့်အတွက် ၁၉၈၇ ခုနှစ်မှ စတင်ကာ မြန်မာ နိုင်ငံအား ငွေချေးငှားခြင်းကို ရပ်တန့်ခဲ့သည်။

ကမ္ဘာ့ဘဏ်က ငွေချေးငှားခြင်း ရပ်တန့်ထားသော်လည်း တခါတရံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ တခြားအလှူရှင်များ၏ လုပ်ငန်း ဆိုင် ရာတွင် အထောက်အပံ့ပေးခြင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ နှစ်ပတ်လည် စီးပွားရေး စစ်ဆေးသုံးသပ်သည့် အဖွဲ့နှင့် ပူး တွဲလုပ်ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

IMF ကလည်း ပြီးခဲ့သည့်လအတွင်းက မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံခြား ငွေလဲလှယ်နှုန်းစနစ်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လုပ် ထုံး လုပ်နည်းဆိုင်ရာ အကူအညီများပေးခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမန်နိုင်ငံခြားရေးဝန်ကြီးနှင့် အတူပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ လာမည့် ဧပြီ ကြားဖြတ် ရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ်ပြီး တရားမျှတလျှင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် စတင်စဉ်းစား နိုင်ကြောင်း ပြောဆိုခဲ့သေးသည်။

ကုလ အထူးကိုယ်စားလှယ်နဲ့ ဒေါ်စု တွေ့ဆုံ

မြန်မာနိုင်ငံတွင်း  စစ်မှန်တဲ့ တွေ့ဆုံမှု့တွေရှိမှ တိုင်းရင်းသားတွေကြား ပိုပြီး သွေးစည်းခိုင်မာမှုတွေ ရလာမှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးအခြေအနေတွေဟာ ပိုပြီးကောင်းလာမယ်လို့ မျှော်လင့်တဲ့အကြောင်း မြန်မာနိုင်ငံကိုရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနို်င်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambia ကပြောပါတယ်၊ မစ္စတာ Vijay Nambia ဟာ ဒီကနေ့မှာတော့  ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံသလို တိုင်းရင်းသားအဖွဲ့တချို့ နဲ့လည်း တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြတာပါ၊ ဒီသတင်းကိုတော့ မသင်းသီရိက အပြည့်အစုံ ပြောပြပေးထားပါတယ်၊
မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနို်င်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambia ဟာ ဒီကနေ့ ညနေ ၅ နာရီကျော် က  ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်၊ တစ်နာရီနီးပါးလောက် တွေ့ဆုံအပြီး နေအိမ်ရှေ့မှာ သတင်းထောက်တွေကို ထွက်တွေ့ရာမှာတော့  သူတို့ ၂ ဦးရဲ့ ဆွေးနွေးချက် အပြည့်အစုံကို အခုမပြောပြနိုင် သေးပေမယ့်  လာမယ့်ကြားဖြတ်ရွေးကောက်ပွဲ  ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့တဲ့ အကြောင်း မစ္စတာ Vijay Nambia ပြောပါတယ်၊
မစ္စတာ Vijay Nambia က ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရေး လမ်းကြောင်းထဲ  ပါဝင်ခွင့်ရလာတာကို  ၀မ်းသာသလို ဒေါ်အောင်ဆန်းစုကြည် အခုကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ့်အခြေအနေတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ပိုပြီးတိုးတက်စေတဲ့ အထောက်အကူ ပြုမှုဖြစ်တယ်လို့ ပြောပါတယ်၊ သူတို့ကုလသမဂ္ဂ အနေနဲ့ တိုင်းရင်းသားဒေသတွင်း ငြိမ်းချမ်းပြေလည်ရေးနဲ့ လက်နှက်ကိုင် ပဋိပက္ခ ချူပ်ငြိမ်းရေး အပြင် ပြုပြင်ပြောင်းလဲရေး ပိုပြီး တိုးတက်လာဖို့တွေကို ကုလသမဂ္ဂအဖွဲ့ကြီးက ဆက်လုပ်ဆောင်သွားမယ်ဆိုတာလည်း ပြောပါတယ်၊ ဒါ့အပြင် ကြားဖြတ်ရွေးကောက်ပွဲအတွက် အစိုးရ ခွင့်ြ့ပုမယ်ဆိုရင် နို်င်ငံတကာ လေ့လာစောင်ကြည်ရေးအဖွဲတွေ လာနိုင်ဖို့လည်း လုပ်ဆောင်မှာလည်း  ဖြစ်သလို ခွင်ပြုဖို့ကိုလည်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် သူတိုက်တွန်းကြောင်းလည်း ပြောပါတယ်၊ အဖွဲ့အစည်းအသီးသီး နဲ့အတူ သက်ဆိုင်ရာ  နိုင်ငံရေးက ပုဂ္ဂိုလ်တွေကို သူအခုတွေ့ဆုံခဲ့တာတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ ပြန် ပြီး အစီရင်ခံစာ တင်မှာ ဖြစ်တယ်လို့လည်းရှင်းပြသွားပါတယ်၊
မစ္စတာ Vijay Nambia ဟာ နေ့လည်ပိုင်းမှာလည်း ရန်ကုန်က UNDP ရုံးမှာ တိုင်းရင်းသားအဖွဲ့တချို့နဲ့တွေ့ပါတယ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးခွန်ထွန်းဦး၊ ရခိုင်ဒီမိုကရေစီအဖွဲချုပ်က ဦးအေးသာအောင်၊ ဇိုမီးကွန်ဂယက်ပါတီက ပူကျင်ရှင်းထန်အပါအ၀င်  ကရင်ပါတီက ကိုယ်စားလှယ်တဦးတို့နဲ့ တိုင်းရင်းသား အရေးဆွေးနွေးတာပါ၊ ဒီ တိုင်းရင်းသားခေါင်ဆောင်တွေ ကတော့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ထာဝရ  ငြိမ်းချမ်းရေး ဖြစ်ဖို့  အတွက် နိုင်ငံရေးပြေလည်မှုတွေရှိမှ ဖြစ်မယ်ဆိုတဲ့ အခြေအနေတွေကို ပြောခဲ့ကြတယ်လို့ ဦးအေးသာအောင်ကပြောပါတယ်၊
“လက်ရှိ ပကတိ အခြေအနေအရ  တိုင်းရင်းသားတွေက တင်ပြခဲ့တဲ့ တင်ပြချက်တွေကို ခေတ်အဆက်ဆက်မှာ အစိုးရ အဆက်ဆက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အဆက်ဆက်တွေက လျစ်လျုရှုခဲ့တယ်။ ပယ်ချခဲ့တယ်။ ဒါကြောင့် ဒီဖြစ်စဉ်ဟာ အခုလို ရှည်ကြာပြီးတော့ မပြီးနိုင်မဆုံးနိုင် ဖြစ်နေရတဲ့ အကြောင်း အခုလည်းဘဲ တကယ်တော့ အပစ်အခတ်ရပ်ဆဲရုံ ငြိမ်းချမ်းရေး ဆွေးနွေးရုံနဲ့ ဖြစ်သင့်တဲ့ ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် နိုင်ငံရေး အရ ဖြေရှင်းဖို့ လိုတယ်။ အဲဒီ ဖြေရှင်းတဲ့ အခါမှာပဲလည်း အဓိက ပင်လုံကို ပြည်ထောင်စုမူနဲ့ ဖြေရှင်းမှ သာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရမယ်။ ခိုင်မာတဲ့ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးကို တည်ဆောက်နိုင်မယ် ဆိုတဲ့ အကြောင်းကို ဆွေးနွေးပါတယ်။”
ဒီဆွေးနွေးချက်အတွေပေါ် မစ္စတာ မစ္စတာ Vijay Nambiaရဲံ တုန့်ပြန်ချက်နဲ့ သူသဘောထားတွေကို ပြောပြသွားတာကတော့
“သူပြောတာ ကတော့ သမ္မတ ဦးသိန်းစိန် ရဲ့ မိန့်ခွန်းတွေ ပြီးတော့ လက်ရှိဆောင်ရွက်နေတဲ့ အနေအထားတွေ အပေါ်မှာ မူတည်ပြီးတော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့က အဓိက ကျတယ်။ တွေ့ဆုံဆွေးနွေးရာကနေ တဆင့် တဆင့် တကယ်စစ်မှန်တဲ့ အပြောင်းအလဲ၊ ဒီလို တိုင်းရင်းသားများနဲ့လည်းဘဲ သွေးစည်းခိုင်မာမှုတွေ reconciliation ရလာနိုင်မယ် ဆိုတဲ့ အကြောင်းပေါ့။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေ အပေါ်မှာလည်းပဲ အကောင်းမြင်တဲ့ အကြောင်း ပြောပါတယ်။”
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဦးအေးသာအောင်ပါရှင်၊ မစ္စတာ Vijay Nambia ဟာပြီးခဲ့တဲ့ တနင်္ဂနွေ ဖေဖော်ဝါရီ ၁၂ ရက်က ရောက်လာတာဖြစ်ပြီး  နေပြည်တော်မှာ နိုင်ငံရေးခြားဝန်ကြီးအပြင် အစိုးရက ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့တွေ့ဆုံသလို၊  တခါ လွတ်တော်တွင်းက တာဝန်ရှိသူတွေအပြင် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ဖွံဖြိုး တိုးတက်မှု ဆိုင်ရာမူဝါဒ ညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်၊ မနေ့ ဖေဖော်ဝါရီ ၁၅ ရက် ကလည်း ကရင် နဲ့ မွန်ပြည်နယ်တွေ သွားပြီး တိုင်းရင်းသားတွေ နဲ့ ဒုက္ခသည် အရေးတွေ ဆွေးနွေးသလို မနက်ဖြန် ဖေဖော်ဝါရီ ၁၇ ၇က်နေ့မှာတော့ မြန်မာပြည်ကနေ ပြန်မှာ ဖြစ်ပါတယ်။