မစ္စယင်းလပ် ရှင်န၀ပ်သည် စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများ ညီလာခံကို တက်ရောက်ရန် ယခုမြန်မာနိုင်ငံကို ရောက်ရှိနေပါသည်။ မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတို့၏ ကိုယ်စားလှယ် များလည်း မြန်မာနိုင်ငံသို့ ရာက်ရှိ နေကြပါသည်။ မစ္စတာ တက်ဆင်သည်၊ ၄င်းဝန်ကြီးချုပ်လက်ထက် ၌လည်း မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံ ခဲ့ပါသည်။ မစ္စယင်လပ်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုသည်၊ မစ္စယင်လပ်နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စကလင်တန်တို့ တွေ့ဆုံပြီးနောက် ဖြစ်ပေါ်လာသည်ဟု အကဲခတ်များက သုံးသပ် ကြပါသည်။
Wednesday, December 21, 2011
မစ္စတာတက်ဆင် ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ
မစ္စယင်းလပ် ရှင်န၀ပ်သည် စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများ ညီလာခံကို တက်ရောက်ရန် ယခုမြန်မာနိုင်ငံကို ရောက်ရှိနေပါသည်။ မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတို့၏ ကိုယ်စားလှယ် များလည်း မြန်မာနိုင်ငံသို့ ရာက်ရှိ နေကြပါသည်။ မစ္စတာ တက်ဆင်သည်၊ ၄င်းဝန်ကြီးချုပ်လက်ထက် ၌လည်း မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံ ခဲ့ပါသည်။ မစ္စယင်လပ်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုသည်၊ မစ္စယင်လပ်နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စကလင်တန်တို့ တွေ့ဆုံပြီးနောက် ဖြစ်ပေါ်လာသည်ဟု အကဲခတ်များက သုံးသပ် ကြပါသည်။
သက်ဆင်ရဲ့ မြန်မာခရီး ဝေဖန်ခံရ

ထိုင်း ၀န်ကြီး ချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် မြန်မာ နိုင်ငံသို့ မကြာသေး မီက သွားရောက်ကာ နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်း များနှင့် ပတ်သက်၍ ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်း သည်ဆင်ခြင်မှု ကင်းမဲ့သည့် လုပ်ရပ် ဖြစ်သည်ဟု ထင်ရှားသည့် ထိုင်း နိုင်ငံရေး သမား တဦးက ပြောကြား လိုက်သည်။
သူ၏ နှမဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်၏ မြန်မာပြည် ခရီးစဉ် ချောမွေ့စေရေး၊ နှစ်နိုင်ငံဆက်ဆံမှု တိုးတက်ရေး၊ စွမ်းအင်ကဏ္ဍ ရင်းနှီးမြုပ်နှံရေး၏တို့အတွက် မစ္စတာ သက်ဆင် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယခင် ထိုင်းလွှတ်တော်အမတ် မစ္စတာ ခရိုင်ဆတ် ချူနာဝမ်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“သူက ဘာကြောင့် ဘာကြောင့် နာမည်ကောင်း ၀င်ယူရတာလဲ။ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် သံတမန်တွေက စီစဉ်ရပေးမှာပါ။ သူ ၀င်ပြီး စီစဉ်ပေးစရာ မလိုပါဘူး” ဟု မစ္စတာ ခရိုင်ဆတ်က ဧရာဝတီကို ပြောသည်။
သူ၏ လုပ်ရပ်သည် မစ္စ ယင့်လပ် ဦးဆောင်သည့် ထိုင်းအစိုးရ၏ ရပ်တည်မှုနှင့် ပုံရိပ်ကို ထိခိုက်စေသည်ဟု မစ္စတာ ခရိုင်ဆတ်က ကောက်ချက်ချသည်။
“ယင့်လပ် ရှင်နာဝပ် နောက်မှာ သူ ရှိမနေဘူးလို့ အရင်တုန်းက သူ ပြောခဲ့တယ်။ အခု ယင့်လပ်ခရီးအတွက် သူက မြန်မာပြည် သွားစီစဉ်ပေးတယ် ဆိုတော့ သူက ယင့်လပ်နောက်မှာ ကြိုးကိုင်နေတယ် ဆိုတာ ပေါ်သွားတာပေါ့” ဟု မစ္စတာ ခရိုင်ဆတ်က ပြောသည်။
လာဘ်စားမှုဖြင့် ၀ရမ်းထုတ်ခြင်းခံထားရသည့် မစ္စတာ သက်ဆင်သည် ပြည်ပတွင် နေထိုင်လျက်ရှိပြီး ကြာသပတေးနေ့က နေပြည်တော်သို့ သွားရောက်ခဲ့သည်။
သူ၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ကို တွေဆုံခဲ့သည်ဟု သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပြခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် သီးခြားစီ တွေ့ဆုံခြင်း ဟုတ်မဟုတ် ဖော်ပြထားခြင်း မရှိပေ။
မစ္စ ယင့်လပ်၏ အောက်တိုဘာလ မြန်မာပြည် ခရီးစဉ် မတိုင်မီကလည်း မစ္စတာ သက်ဆင် နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့သေးကြောင်း သံတမန် သတင်းရပ်ကွက် အဆိုအရ သိရသည်။
ယခုအခါ မစ္စ ယင့်လပ်သည် နေပြည်တော်ရှိ မဲခေါင်ဒေသဆိုင်ရာ ၂ ရက်ကြာ ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တွင် ရောက်ရှိနေကာ ယနေ့ညနေပိုင်းတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံလျက်ရှိသည်။
မစ္စ ယင့်လပ်၏ မြန်မာပြည် ဒုတိယ ခရီးစဉ်တွင် စွမ်းအင် ၀န်ကြီး ပီချိုင်နာရစ်သက်ဖန်၊ နိုင်ငံပိုင် PTT စွမ်းအင်ကုမ္ပဏီမှ အမှုဆောင် များလည်း လိုက်ပါသွားကြောင်း သိရသည်။
တနင်္သာရီတိုင်း စီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံထားသည့် ထိုင်းနိုင်ငံသည် မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို ၀ယ်ယူလျက်ရှိသည်
လူထုခေါင်းဆောင်ဒေါ်စု နှင့် ထိုင်းဝန်ကြီးချုပ်ရင်လတ် တွေ့ ဆုံပွဲ (ဓါတ်ပုံ)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်တို့ ရန်ကုန်မြို့၌ တွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်သို့ ရောက်ရှိလာသော ထိုင်းနိုင်ငံ
ဝန်ကြီးချုပ် ရင်လတ် ယာဉ်တန်းကို တွေ့ရစဉ်
ဝန်ကြီးချုပ် ရင်လတ် ယာဉ်တန်းကို တွေ့ရစဉ်
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနေအိမ်သို့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် နေပြည်တော်မှ ရောက်ရှိလာခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီးနေအိမ်သို့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာခဲ့သည်။
၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက မထုတ်ပြန်ခဲ့ပေ။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က အတွေးအခေါ် အမြင် အယူအဆများကို ဖလှယ်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ မလာမီအချိန်က ထိုင်းနိုင်ငံတွင် ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည် စီးနင်း လိုက်ပါလာသော ကားကို တွေ့ရစဉ်
ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့မှုကြောင့် ရင်လတ်ရှင်နာဝပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးသည့် ထိုင်းနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာခဲ့သလို အရှေ့တောင်အာရှနိုင်ငံများထဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးသည့် ၀န်ကြီးချုပ်လည်း ဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသော ကား မြန်မာနိုင်ငံဆိုင်ရာ
ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်ထဲသို့ ၀င်ရောက်သွားစဉ်
ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်ထဲသို့ ၀င်ရောက်သွားစဉ်
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် ၀န်ကြီးချုပ် တာဝန် စတင်ထမ်းဆောင်ပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကလည်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သေးသည်။
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်
အပြင်ဘက်၌ တွေ့ရသော သတင်းထောက်များ
အပြင်ဘက်၌ တွေ့ရသော သတင်းထောက်များ
Subscribe to:
Posts (Atom)