Monday, October 3, 2011

ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ ( Written by လူထုစိန်ဝင်း )
0 Comments - 03 Oct 2011
လူထုစိန်ဝင်းအား ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါဝရပြုစဉ်တွေ့ရပုံ(အနှစ်သက်ဆုံးဓာတ်ပုံရိုက်ကွက်တခုပါ)အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊ ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် လူပေါင်းများစွာကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ တိုင်...

More Link

တနင်္လာနေ့၊ အောက်တိုဘာလ ၃၊ ၂၀၁၁

  ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ ( Written by လူထုစိန်ဝင်း )


လူထုစိန်ဝင်းအား ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါဝရပြုစဉ်တွေ့ရပုံ(အနှစ်သက်ဆုံးဓာတ်ပုံရိုက်ကွက်တခုပါ)

အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ 
မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။ 
တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊
 ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င်
 လူပေါင်းများစွာကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊
 တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို 
အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ 
တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို ပုံစံ အမျိုးမျိုးနဲ့ 'အေးဓားပြ'
 တိုက်ယူနေတာတွေကို ကာကွယ်တားဆီး မလုပ်နိုင်သေးတဲ့ကိစ္စ စတဲ့
 ကိစ္စတွေအတော်များများ ကျန်ရှိနေသေးတယ်။

ဦးသိန်းစိန်အစိုးရသစ် တာဝန်ယူချိန်ကစပြီး ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းက လူတိုင်းကမေးကြတယ်။ သတင်းမီ ဒီယာသမားများကလည်း မေးကြတယ်။ အထူးသဖြင့် ပြည်ပမီဒီယာတွေက ပိုမေးကြတယ်။

မူကိုင်စွဲသူဖြစ်လို့
ကိုယ်တိုင်က ဒီနယ်ပယ်သား ဖြစ်တဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ မေးသမျှဖြေပါတယ်။ မူတစ်ခု အခိုင်အမာ ကိုင်စွဲရပ်တည်တဲ့ စာနယ်ဇင်းသမားတစ်ယောက်ဖြစ်တာကြောင့် ပိုပြီး သိချင်ကြတဲ့သဘော ဖြစ်လိမ့်မယ် ယူဆတယ်။ ဘာစာရေးရေး ကိုင်စွဲထားတဲ့ မူအတိုင်းပဲရေးတယ်။ သတင်းသမားမို့ သတင်းရေးသလို 'လိုတိုရှင်း' ရေးတယ်။ စကားပြောတဲ့ အခါမှာလည်း ရှင်းရှင်းပြတ်ပြတ်ပဲ ပြောတယ်။ ဝေ့လည်ချောင်ပတ် ဘယ်တော့မှ မလုပ်ဘူး။ ဘယ်သူ့ မျက်နှာမှလည်း ကြည့်မနေဘူး။ နိုင်ငံရေးသမားတွေလို အလိမ္မာ ဖက်မပြောတတ်လို့ စိုးရိမ်တဲ့ စာဖတ်ပရိသတ်များကတောင် မကြာခဏလှမ်းပြီး သတိပေးကြတယ်။
ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် အောက်တိုဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်။
Sunday, 02 October 2011 08:54
ထိုင်းဝန်ကြီးချုပ်ယင်လက်ခ်
ထိုင်း ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်ထရာ သည် အာဆီယံနိုင်ငံများသို့ ခရီးစဉ် ထွက်ခွာနေရာ အောက်တိုဘာလ ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း

Sunday, October 2, 2011

ထုတ်လုပ်မှု့များ ရပ်ဆိုင်းထားသောမြန်မာနိုင်ငံဆေးဝါးလုပ်ငန်း စက်ရုံ(MPF) နှင့်ပြည်ကနိုင်ငံများပူးပေါင်းကာဆေးဝါးနှင့်ဆေးဝါးပစ္စည်းများပြန်လည်ထုတ်လုပ်မည်။


သတင်း( အလဲဗင်းမီဒီယာ)
မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း စက်ရုံ(ပြင်ဦးလွင်)မှတာဝန်ရှိသူတစ်ဦးက “ဒီစက်ရုံကိုအမှတ်(၁) စက်မှုဝန်ကြီးဌာနကနေ ၂၀၀၇ ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးမှုတွေကို ဆောင်ရွက်ခဲ့ 
ပါတယ်။
we717
၂၀၀၉ ခုနှစ်မှာ မြန်မာစီးပွားရေးဦးပိုင်က ဆက်လက်လွှဲပြောင်း ရယူခဲ့ပြီး ဆေးပြား၊ ဆေးထောင့်တွေ မျက်စဉ်း၊ထိုးဆေးနဲ့ သွေးကြောသွင်း ဆေးရည်စတာတွေ ဆက်လက် ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အရည်အသွေး မြှင့်တင်မှုတွေ ဆောင်ရွက်ဖို့အတွက် ဆေးဝါးထုတ်လုပ်မှုတွေကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလကနေ စတင်ပြီး ယာယီရပ်ဆိုင်းခဲ့ကြပါတယ်။ စက်ရုံပိုင်း၊ နည်းပညာပိုင်း ပြင်ဆင်မှုတွေကို ပြည်တွင်းကုမ္ပဏီတွေ၊ ဂျပန်အခြေစိုက် ဆေးဝါးကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လေးလခန့်ပြု လုပ်ခဲ့ကြပါတယ်။ စက်ရုံတွင်း ပြင်ဆင်မှုတွေ ဆောင်ရွက်ပြီးနောက် ထုတ်လုပ်ရေး လုပ်ငန်းများကို အပိုင်းလိုက် ပြန်လည်ဆောင်ရွက်ခဲ့ပြီး တိုးတက်လာတဲ့ ဆေးဝါးဖော်စပ်မှု နည်းပညာတွေနဲ့အညီ အမျိုးအစား သစ်ဆေးတွေကို စတင် ထုတ်လုပ်သွားဖို့ ရှိပါတယ်”ဟုပြောကြားသည်။
ထို့ပြင် အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ ကျောက်ဆည်မှ တာဝန်ရှိသူတစ်ဦးက “စက်ရုံကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပြီး ဆေးတွေအပြင် ဆေးထိုးအပ်တွေကိုပါ ထုတ်လုပ်ဖြန့်ချိမှုတွေ ပြုလုပ်နေပါတယ်။ ဒီလို ထုတ်လုပ်မှုတွေကို ဒီနှစ်နှစ်လယ်ပိုင်းကစပြီး ထုတ်လုပ် ခဲ့တာဖြစ်ပါတယ်။ ပြည်ပနိုင်ငံက နည်းပညာတွေကိုလည်း သုံးထားပါတယ်။ နှစ်စဉ် ပြည်သူတွေ သုံးစွဲမှု ရှိသလောက် ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ယနေ့ နေ့လည်၁၂ ခွဲ ၀န်းကျင်တွင် ပြည်မြန်မာကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွား၊၂ဦးဖမ်းဆီးထား

  October 2, 2011 at 5:51pm
ကျော်ဇင်မန်း(မြစ်မခ)
အောက်တိုဘာလ ၂၊ ရန်ကုန်မြို့။

၂၀၁၁ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ နေ့လည် ၁၂ ခွဲ ၀န်းကျင်တွင် လှည်းတန်းပြည်မြန်မာ ကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
လှည်းတန်းလမ်ဆုံးရှိ ပြည်မြန်မာကုန်တိုက်

ပြည်မြန်မာအဆောက်အအုံအား  လေလံအောင်ပြီးနောက် ပြည်မြန်မာကုန်တိုက် အတွင်းနှင့်ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများအား နစ်နာကြေးတစုံတရာမှ ပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခဲ့သောကြောင့်၊ ဖယ်ရှားပေးရသူများမှာ ဆိုင်ခန်းများအစား သင့်တော်သော နေရာတစ်နေရာတွင် ဆိုင်ခန်းပြန်ဖွင့်နိုင်ရန် စီစဉ်ပေးနိုင်ရေးအတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

တရုပ်က မြန်မာကို စိန်ခေါ်နေပြီ


မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်ပြီး တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာန က တရုပ်အမျိုးသားပိုင်
ကုမ္ပဏီတွေရဲ့အကျိုးစီးပွားနဲ့ ဥပဒေရပိုင်ခွင့် ကိုလေးစားဖို့၊အကာအကွယ်ပေးဖို့ မြန်မာနိုင်ငံ ဘက်ကိုပြောဆိုလိုက်ပါတယ်။ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ပြဿနာတွေကိုနှစ်နိုင်ငံကြားမှာဆွေးနွေးတိုင်ပင်ဖို့လိုအပ်တယ်လို့ တရုပ်နိုင်ငံခြားရေး
ဝန်ကြီးဌာနက စနေနေ့ ကထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်။
ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ ဒီမြစ်ဆုံစီမံကိန်းကိုနှစ်နိုင်ငံလုံး အသေအချာ ဆန်းစစ်ပြီးမှ သဘောတူညီခဲ့တာဖြစ်လို့် ဒီကိစ္စကိုဆက်မလုပ် ဘူးဆိုယင်တောင်နှစ်ဖက်စလုံးရဲ့သဘောနဲ့တိုင်ပင်ဆုံးဖြတ်ရ
မယ်ဆိုတဲ့သဘော တရုပ်က တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ထို့အပြင် တရုပ်အမျိုးသားပိုင်ကုမ္ပဏီ
တွေရဲ့ အကျိုးစီးပွားနဲ့ရပိုင်ခွင့် ကိုလေးစားဖို့လိုအပ်ကြောင်း ကိုလည်းတရုပ်နိုင်ငံခြားရေး မှပြောဆိုခွင့်ရသူက
မြန်မာပြည်တွင်ဆည်များတည်ဆောက်ထားရန်နေရာများ
မြန်မာအစိုးရအပေါ်ပြောဆိုတိုက်တွန်းလိုက်ကြောင်းကို သိရှိရပါတယ်။
ထိုအကြောင်းအရာအချက်အလက်များကိုများကိုကြည့်ခြင်းအားဖြင့် တိုင်းပြည်မှ အကျိုးအမြတ်မည်မျှ လက်ခံရှိမည် ၊တရုပ်ပြည်က ဘယ်လောက်အကျိုးအမြတ်ရရှိမည် ခန့်မှန်းလို့ရနေပေသည်။  ယခင်မြန်မာပြည်စွမ်းအင်ဝန်ကြီးဇော်မင်း က free power 10% ကိုအလားကားရမယ်။ free share ကလည်း15% ရတယ်။ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period တစ်ခုပေးလိုက် ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့ ဒါကြီးထားခဲ့တော့။ ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။  ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး"ဟု အားပါး
တရပြောဆိုခဲ့တာဟာ တိုင်းပြည်မှ ပြည်သူလူထုကို လိမ်ခြင်းသာ ဖြစ်သည်။
တရုပ် သည်မြန်မာနိုင်ငံမှ ဧရာဝတီ မြစ်ဆုံစည်မံကိန်းကို ရပ်တန့်မည်ကို သိလျှင်သိခြင်း ဘာကြောင့်မြန်မာအစိုးရအပေါ် မကြေချမ်းသော တုန့်ပြန်မှု့မျိုးကို စောလျှင်စွာကြေငြာလိုက်သနည်း။
တရုပ်သည် သူ့တိုင်းပြည်အကျိုးစီးပွားအတွက်သာ ကြည့်ရှု့နေကြောင်းသိသာထင်ရှားနေသည်။တရုပ်ကုမ္ပဏီ
များ၏အကျိုးစီးပွားထိခိုက်နစ်နာ မည်ကိုစိုးရိမ်နေပြီး ၊ မြန်မာပြည်သူပြည်သားများ မြန်မာပြည်၏ သဘာဝ
ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှု့များအပေါ် ထည့်သွင်းစဉ်းစားပြောဆိုခြင်းကိုမူ လုံးဝ မတွေ့ရှိ ရပေ။
ထိုသည်မှာ တရုပ်သည် မြန်မာနိုင်ငံအပေါ် ကူညီစောင့်ရှောင့်သော အိမ်နီးချင်းတိုင်းပြည်ကောင်းမဟုတ်
သည်မှာ ထင်ရှားလှပေသည်။
             မြန်မာနိုင်ငံသည် နိုင်ငံရေး အကြပ်အတည်းပြဿနာများကို ရင်ဆိုင်နေရချိန် ပြည်ပတိုင်းပြည်များမှ စီးပွားရေးပိတ်ဆို့မှု့ ဒဏ်ကိုခံနေရချိန်တွင် တရုပ်သည် ထိုအခြေအနေများကို အသုံးချလျှက် မြန်မာပြည်မှ တန်ဖိုးထိုက်တန်လှသော အခွင့်အရေးများကို များစွာ
ပိုင်ဆိုင်ခွင့်ရရန် ကြိုးစားခဲ့ခြင်းသာဖြစ်ပြီး လက်ရှိ ဦးသိန်းစိန် သမ္မတမှ တိုင်းပြည်လူထုတောင်းဆိုမှု့ အတိုင်း ဧရာဝတီမြစ်ဆုံးစီမံကိန်းကို ရပ်ဆိုင်းခြင်း ကြေငြာချက်နဲ့အညီ ပြည်သူလုထုမှလည်း တိုင်းပြည်၏
အမျိုးသားရေးစိတ်ဓါတ်ဖြင့် တရုပ်ကို ဝိုင်းဝန်းရင်ဆိုင်ရန်လိုပေသည်။
          တရုပ်အစိုးရက သူ့တိုင်းပြည်ကုမ္ပဏီအကျိုးစီးပွားကိုကာကွယ်သလို- မြန်မာပြည်မှလည်း မြန်မာ့
သမိုင်းနှင့်မြန်မာ့ ပိုင်သယံဇာတ များကို လက်ဝါးကြီးမအုပ်နိုင်ရန် တရုပ်က မြန်မာအပေါ် အချဉ်မဖမ်းနိုင်
ရန် ကာကွယ်ရပေလိမ့်မည်။( post by ပြည်သူ့အော်သံ)

ဒီဗွီဘီ သတင်းဌာန ငွေအလွဲသုံးစားမှု ရှိသည်ဟု သတင်းထွက်

တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ အေးချမ်းနိုင်
2011-10-01
နော်ဝေနိုင်ငံ အခြေစိုက် ‘ဒီဗွီဘီ’ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနရဲ့ ပြည်တွင်းသတင်း လုပ်ငန်းမှာ ငွေကြေး အလွဲသုံးစားမှု ရှိကောင်းရှိနိုင်တယ် ဆိုပြီး ဒီဗွီဘီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၂ဝ၁ဝ ခုနှစ်အတွင်း ဒီဗွီဘီ ပြည်တွင်း အသုံးစရိတ်တွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်း၊ မြန်မာကျပ်ငွေနဲ့ ဆိုရင် သိန်း ၃ ထောင်ခန့် အလွဲသုံးစားမှု ရှိနိုင်တဲ့အချက်ကို အုပ်ချုပ်ရေးဘုတ်အဖွဲ့က သိရှိပြီး စတင်စစ်ဆေးနေပြီလို့ ဆိုပါတယ်။

ငွေကြေး အလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်မှု မရှိပေမယ့် အမှုဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် နဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့ နှစ်ဦးစလုံးဟာ ဒီကိစ္စအပေါ် တာဝန်ခံတဲ့ အနေနဲ့ တာဝန်ကနေ နှုတ်ထွက်ပေးလိုက်ကြတယ်လို့ သိရပါတယ်။
 တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့  ခင်မောင်ဝင်း

ပြည်တွင်း သတင်းမီဒီယာလုပ်ငန်းဟာ ဒီဗွီဘီရဲ့ အဓိက လုပ်ငန်းဖြစ်ပြီး ဒီလို ငွေကြေး အလွဲသုံးစားမှုကြောင့် ပြည်တွင်းအလုပ်တွေအပေါ် အနည်းအကျဉ်း ထိခိုက်မှုတွေ ရှိတယ်လို့ အုပ်ချုပ်ရေးဘုတ်အဖွဲ့ အကြီးအကဲ Mr. Harald Bockman က ပြောပါတယ်။

နိုင်ငံခြားငွေ တရားဝင် လဲလှယ်ရေးကောင်တာ စတင်ဖွင့်လှစ်

By သင်းသီရိ  စနေ, 01 အောက်တိုဘာ 2011


မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်တွေပါဝင်တဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ကောင်တာတွေကို ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဒီလို နိုင်ငံခြားငွေလဲကောင်တာတွေ ဖွင့်လိုက်တဲ့ အတွက် မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေးကို လူတိုင်း တရားဝင်ကိုင်ဆောင်နိုင်ပြီ ဆိုတဲ့သဘောပါလား။ ဒီလို တရားဝင်ငွေလွှဲနိုင်မယ့် နေရာတွေရှိလာပြီဆိုတော့ ဒေါ်လာမှောင်ခိုဈေးကွက်တွေကရော ပပျောက်သွားမှာလား ဆိုတာကို စုံစမ်းထားတဲ့ မသင်းသီရိက အပြည့်စုံ တင်ပြထားပါတယ်။
နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ချခွင့် လိုင်စင်တွေရထားတဲ့ မြ၀တီဘဏ်၊ အင်းဝဘဏ်နဲ့ ကမ္ဘောဇဘဏ် အပါအ၀င် သမ၀ါယမဘဏ်၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်နဲ့အတူ မြန်မာ့အရှေ့တိုင်းဘဏ်တွေက ဒီကနေ့မှာ နိုင်ငံခြားငွေလဲလှယ်တဲ့ ကောင်တာတွေ စဖွင့်တာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားငွေလဲ ကောင်တာတွေ စဖွင့်တာဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်းရှိကုမ္ပဏီတို့၏ အခွင့်အရေးကို ကာကွယ်ရန် တရုတ်အစိုးရ ပြောပြီ

ဆင်ဟွာသတင်းဌာန
အောက်တိုဘာ ၂၊ ၂၀၁၁

မြန်မာနိုင်ငံက ဆိုင်းငံ့လိုက်သော ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး ကုမဏီတို့၏ အခွင့်အရေးကို ကာကွယ်ရန်အတွက် တိုင်ပင်နှီးနှောရန် စနေနေ့တွင် တိုက်တွန်းလိုက်သည်။

သမ္မတဦးသိန်းစိန်က ကချင်ပြည်နယ်ရှိ ရေအားလျှပ်စစ်စီမံကိန်းကို ရပ်ဆိုင်းထားရန် အမိန့်ထုတ်လိုက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံခြားရေး ပြောခွင့်ရ အရာရှိ Hong Lei က ထိုသို့ တုံ့ပြန်ခြင်း ဖြစ်သည်။
“မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းက တရုတ်နဲ့မြန်မာပူးတွဲလုပ်ဆောင်တဲ့ စီမံကိန်းပဲ။ နှစ်ဘက်စလုံးက သေချာလေ့လာပြီး လုပ်ဆောင်ခဲ့ကြတာပါ” ဟု သူက ပြောသည်။
“ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နှစ်ဘက်လုံးက မိတ်ဆွေ ပီသစွာနဲ့ ဖြေရှင်းကြမှာပါ” ဟု ဆို၏။
မြစ်ဆုံစီမံကိန်းကို တရုတ်ပြည်မှ CPI ကုမဏီ ပါဝင်ပြီး မြန်မာနိုင်ငံဘက်မှ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာန၊ Asia World ကုမဏီတို့က ပူးပေါင်း လုပ်ဆောင်ခဲ့သည်။
တရုတ်နိုင်ငံခြားရေး ပြောခွင့်ရ အရာရှိက တရုတ်ကုမဏီတို့ကို ပြည်ပကုမဏီတို့နှင့် လေးလေးစားစား၊ ညီညီမျှမျှ၊ အကျိုးတူ ဆက်ဆံရန် အစဉ် တိုက်တွန်းခဲ့ကြောင်း၊ တရုတ်ကုမဏီတို့ကို ပြည်ပနိုင်ငံတို့တွင်
ပြဋ္ဌာန်းထားသော ဥပဒေများအတိုင်း လိုက်နာရန်လည်း အမိန့်ထုတ်ထားကြောင်း ပြောပြသည်။
မြစ်ဆုံစီမံကိန်းကို ၂၀၀၉ တွင် အစပြုသည်။ လျှပ်စစ်ဓာတ်အား မီဂါဝပ် ခြောက်ထောင် ထုတ်လုပ်နိုင်စွမ်းရှိမည့် လျှပ်စစ်ဓာတ်အားစက်ရုံ ဆောက်လုပ်ရေး စီမံကိန်းကို၂၀၁၉ တွင် အဆုံးသတ်ရန် ယခင်က တွက်ချက်ထားသည်။

အထင်ကြီးစရာမလို၊အားကိုးစရာမလိုသောတရုပ်ပြည်နောက်ကွယ်

 အခုတလောမှာ ဧရာဝတီမြစ်နဲ့ ပတ်သက်တဲ့  ဆည်ဆောက်လုပ်ရေးစီမံကိန်းကို လက်ခံဆောက်လုပ်တဲ့ပေးတဲ့ တရုပ်နိုင်ငံအပေါ် တော်တော်လေးကို အမြင်မကြည်မလင်ဖြစ်နေတာကြာပါပြီ။ ကျနော်တို့တိုင်းပြည်က စစ်ဗိုလ်ချုပ်များရဲ့ညံ့ဖျင်းမှု့အပေါ် အခွင့်ကောင်းယူ မြန်မာပြည်ကို တရုပ်ပြည်ကောင်းစားရေးမှာ ခုတုန်းလုပ်တာ ကို မခံချင်တာရော တရုပ်ပြည်ကို အထင်ကြီး  လဒ ကိုဟင်္သာ
ထင်နေတဲ့ဗိုလ်ချုပ်များ ကို လက်မခံချင်လို့ပါ။ တရုပ်ပြည်၏ အကျယ်အဝန်းနှင့်လူဦးရေ ပညာရေးစီးပွားရေးများ တိုးတက်လာမှု့ဟာ ကောင်းတာတွေရော မကောင်းတာတွေပါ ရောထွေးနေပါတယ်။ ခပ်ရှင်းရှင်းဝေဖန်ရလျှင်တော့ ဘယ်လောက်ပဲတိုးတက်လာတယ်ပြောပြော အဆင့်အတန်းမရှိသော လူမျိုးများ၊ အများစုနေထိုင်သောတိုင်းပြည်တခုလို့သတ်မှတ်ရမှာပါ။ လူမျိုးကြီးတာအရေအတွက်များ
တာကလွဲရင် လူကြီးလူကောင်းဆန်ဆန် တိုးတက်သောနိုင်ငံအဖြစ် မြင်ကြည့်လို့မရသေးပါဘူး။

               တရုပ်အစိုးရကောင်းချင်းမကောင်းချင်းထက် တရုပ်အများစု အောက်ချေပိုင်းပြည်သူလူထုများ ၏အသက်မွေးဝမ်းကြောင်းပြုမူနေထိုင်သော လူနေအဆင့်အတန်းသည် ယခုလက်ရှိမြန်မာပြည်ထက်အဆ
များစွာ အောက်တန်းကျသော၊ ဝိသမလောဘများလွှမ်းမိုးသော၊ဘယ်သူသေသေငတေမာရင်ပြီးရော ဆို
သောစိတ်ဓါတ်များ က တရုပ်လူမျိုးအများစုတွင် ရှိပါတယ်။ဒါဟာ သူတို့လူမျိုးသိက္ခာသည် သူတို့လူမျိုးများ
၏လုပ်ရပ်ပေါ်တွင်မူတည်နေခြင်းကြောင့်ဖြစ်သည်။

              မြန်မာပြည်မှ အများပြည်သူများအနေနှင့် လက်ရှိ အင်တာနက်ပေါ်လာချိန်၊ သုံး
စွဲခွင့်ရလာချိန်မှ စတင်ကာ ပြည်ပတိုင်းပြည်များအကြောင်း၊သတင်းများကို လေ့လာခွင့်သိခွင့်ရခဲ့ပါတယ်။
သို့သော်လည်း တိုးတက်နေသော အခြားတိုင်းပြည်များနှင့်ယှဉ်လျှင် ကွာကွယ်သောအနေဖြင့်ရော၊
ဗဟုသုတ အနေဖြင့်ရော ပြည်ပတွင်ဖြစ်ပျက်နေသော အဖြစ်အပျက်များကို အမြဲတစေလက်လှမ်းမမှီသေး
ပေ။

            ဥပမာအားဖြင့် တရုပ်တိုင်းပြည်မှ တင်သွင်းလာသော စားသောက်ကုန်ပစ္စည်းများတွင် ကျမ်းမာရေး
နှင့်ပတ်သက်သော လုံခြုံစိတ်ချမှု့ မရှိခြင်း၊ တင်းသွင်းလာသော ပစ္စည်းများသည် အစပိုင်းတွင် ဟုတ်သော်
လည်းနောက်ပိုင်းတွင် မဟုတ်မမှန်သောကုန်ပစ္စည်းများရောထွေးပါဝင်လာခြင်းနှင့် စီးပွားရေးကို မသမာသော
နည်းလမ်းများကို များစွာလုပ်ကိုင်သောနိုင်ငံ အဖြစ် ကမ္ဘာတွင် တရုပ်နိုင်ငံသည်များစွာ နံမည်ပျက်လျှက်ရှိပါ
တယ်။ တိုးတက်ဖွံဖြိုးသော တိုင်းပြည်များမှ တရုပ်ကုန်ပစ္စည်းများစွာကို စစ်ဆေးနိုင်သောနည်းလမ်းများ၊
ရှိသဖြင့် အချိန်မှီ တားဆီးနိုင်လိုက်ခြင်း၊ အရေးယူမှု့များ ဆောင်ရွက်နိုင်သော်လည်း၊ မြန်မာပြည်မှာ တရုပ်
ကပြောသမျှ အားလုံးကောင်းရုံတင်မက တရုပ်ကို အထင်ကြီးထောက်ခံသော နိုင်ငံအဖြစ်ဟု အခြားတိုင်း
ပြည်များမှ နားလည်နေကြပြီဖြစ်သည်။
  ယခင်က တရုပ်ပြည်တွင်းတွင် ထုတ်လုပ်သော နို့မှုန့်ကိုသောက်သုံး၍ ခလေးများစွာသေဆုံးခဲ့သည်ဟု
ဖေါ်ပြခဲ့ဘူးပါတယ်။ထိုသတင်းကို ကျနော်ဂျပန်နိုင်ငံတွင်နေထိုင်နေစဉ် တီဗီ သတင်းမှထုတ်လွှင့်သော
ကြောင့်သိခဲ့ရခြင်းဖြစ်ပါတယ်။ထိုသတင်းကို ဂျပန်အစိုးရသည်ချက်ချင်းဆိုသလို သူ့နိုင်ငံသို့ တရုပ်မှဝင်
ရောက်လာသော စားသောက်ကုန်များကို စစ်ဆေးစေခဲ့တယ်။စစ်ဆေးချက်အရ တရုပ်မှတင်သွင်းလာ
သောစားသောကုန်များတွင် အစာအဆိပ်ဖြစ်စေသော(စားမိလျှင်အသက်အန္တာရယ်ဖြစ်စေမှု့) ကိုစစ်ဆေး
တွေ့ရှိသဖြင့် တင်ပို့သော တရုပ်ကုန်စက်ရုံသို့သွားရောက်စစ်ဆေးကာ အရေးယူမှု့များ၊ ကုန်ပစ္စည်းတင်
သွင်းခွင့်များကို ချက်ချင်းဆိုသလို ပိတ်ပင်တားဆီးခဲ့သည်။
           မြန်မာနိုင်ငံသည် တရုပ်ပြည်နှင့်တိုင်းပြည်ချင်းထိစပ်နေသည့်အလျှောက် တရုပ်မှ နည်းလမ်းမကျ
သောလုပ်ကိုင်မှု့များကို အတုယူလုပ်ကိုင်လျှက်ရှိသည်။ကိုယ့်တဝမ်းတခါးအတွက်နဲ့ အများရဲ့အသက်ကို
မလဲသင့်ပေ။ များစွာစဉ်းစားသင့်သည်။
     တရုပ်ပြည်တွင် စားသောက်ဆိုင်တခုတွင် အစားအသောက်တခုကို မွေးကင်းစခလေးအသေကိုလား
အရှင်ကိုပဲလားတော့ မသိ စွတ်ပြုတ်အဖြစ်ချက်ပြုတ်ရောင်းချတယ်လို့ မြန်မာ

Saturday, October 1, 2011

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှု အမေရိကန်ကြိုဆို

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ယာယီရပ်ဆိုင်းထားဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ သိသာထင်ရှားတဲ့ အပြုသဘောလုပ်ရပ်ဖြစ်တာမို့ ဒါကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။
မြစ်ဆုံ စီမံကိန်းကြောင့် ဧရာဝတီမြစ်မကြီးရဲ့ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်တွေကို ထိခိုက်မှု ရှိစေလိမ့်မယ်ဆိုပြီး ပြည်တွင်းက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက တောင်းဆိုနေကြတာပါ။ ဒါပေမဲ့ မြန်မာအာဏာပိုင်အချို့က ဒီစီမံကိန်းကို ဆက်လုပ်သွားမယ်လို့ ဆိုခဲ့ကြတဲ့အတွက် အဲဒီစီမံကိန်းကို ရပ်ဆိုင်းဖို့ အစိုးရအဖွဲ့သစ်အပေါ် ပြည်တွင်းရော ပြည်ပက ဖိအားတွေ တိုးလာခဲ့ပါတယ်။
မနေ့ကတော့ မြန်မာသမ္မတ ဦးသိန်းစိန်က လွှတ်တော်ကိုပေးပို့တဲ့ သ၀ဏ်လွှာထဲမှာ ဒီ စီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ယာယီရပ်ဆိုင်းထားမယ်လို့ ဖော်ပြလိုက်တာကြောင့် ဒီအရေးအတွက် ဆောင်ရွက်နေကြတဲ့ လှုပ်ရှားတက်ကြွသူတွေရော ပညာရှင်တွေရော အနုပညာရှင်တွေကပါ ၀မ်းသာ ကြိုဆိုခဲ့ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်က သတင်းမီဒီယာဆိုင်ရာ ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက် အတည်ပြုပြဋ္ဌာန်းပြီးမှသာ ပုဂ္ဂလိကသတင်းစာများ ရရှိလာမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ပြောကြား

Friday, 30 September 2011 19:21
ပြည်ထောင်စုလွှတ်တော်က သတင်းမီဒီယာဆိုင်ရာ ဥပဒေများကို ပြင်ဆင်၊ ဖြည့်စွက်အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ပုဂ္ဂလိကသတင်းစာများ ရရှိလာမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက် မြောက်နေ့အစီအစဉ်တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ''မေးခွန်းကိုမေးရသည့်အဓိက ရည်ရွယ်ချက်ကတော့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျင် အောက်ပါအခွင့်အရေးများကို

ကိုဇာဂနာ ယနေ့မြစ်ကြီးနားလေယာဉ်ဖြင့် ပါမလာခဲ့သေး၊ မလွှတ်သေးကြောင်း မိသားစုဝင်များ ပြောဆို

ကိုဇာဂနာ ပြန်မလွတ်သေး


  September 30, 2011 at 3:52pm(ပေးပို့ သူ-ဗမာ့သွေး)
ကိုဇာဂနာ လေယာဉ်ပေါ်ပါလာပြီဆိုသော သတင်းများ ထွက်ပေါ်နေသောကြောင့် မြစ်မခသတင်းထောက် ၂ဦးရန်ကုန်လေဆိပ်မှာသွားစောင့်ကြည့်ကြပါတယ်။

မြစ်ကြီးနားမှ ထွက်လာတဲ့ လေယာဉ် ဆိုက်ရောက်ခဲ့ပါပြီ၊ကိုဇာဂနာကို ပါမလာခဲ့ပါဘူးလို့ စိတ်မကောင်းစွာ သိရပါတယ်။

ကိုဇာဂန၏ မိသားစုဝင်များကလည်း မလွတ်သေးကြောင်း အတည်ပြုပြောဆိုပါတယ်။

ကိုဇာဂနာ သတင်းနှင့်အတူ အကျဉ်းသားများ သတင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

အစိုးရသစ်လွှတ်တော် ဥပဒေပြု အုပ်ချုပ်ရေးဆိုင်ရာ သိကောင်းစရာ



By ဦးကျော်ဇံသာ  VOA 

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာသုံးသပ်ချက် အစီအစဉ်မှာ ဦးကျော်ဇံသာ က မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဗဟိုအဆင့်မှာ ဥပဒေပြုလွှတ်တော်ဟာ သီးခြားဖြစ်ပေမယ့် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာတော့ အုပ်ချုပ်ရေးအာဏာပိုင်နဲ့ ပူးတွဲထားတဲ့ ဝန်ကြီးချုပ်စနစ်ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က ပြောဆိုချက်ကို ပိုမိုသိရှိနိုင်အောင် ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး မေးချင်တာကတော့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာ လွှတ်တော်ဆိုတာ ဥပဒေပြု အာဏာပိုင်အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလွှတ်တော်ဟာ ဘယ်လောက် လွတ်လွတ်လပ်လပ် ဥပဒေပြုခွင့်ရှိသလဲ။ စီမံခန့်ခွဲတဲ့အပိုင်း၊ အုပ်ချုပ်တဲ့ အာဏာပိုင်တွေရဲ့  လွှမ်းမိုးမှု လွတ်ကင်းကြတာနဲ့ တိုင်းတာကြပါတယ်။ ဒီနေရာမှာ separation of power ဥပဒေပြုအာဏာ၊ တရားစီရင်ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ ဘယ်လောက်ကင်းလွတ်ခွင့် ရှိတာနဲ့ တိုင်းတာကြပါတယ်။ ဆိုတော့ မြန်မာနိုင်ငံ လွှတ်တော်ဟာ ဘယ်လောက်အထိ ကင်းလွတ်ပါသလဲ။ အုပ်ချုပ်ရေးအာဏာပိုင်တွေ လက်အောက်က ဥပဒေပြုအာဏာဟာ လုံးဝ ကင်းလွတ်တယ် သီးခြားဖြစ်တယ်လို့ ပြောနိုင်ပါသလား။

ဘူးသီးတောင်ထောင်ထဲရှိ ကိုဌေးကြွယ်တို့ကို သွားရောက်တွေ့ဆုံ

NLD ရခိုင် စည်းရုံးရေးတာဝန်ခံ ဘူးသီးတောင်ထောင်ထဲရှိ ကိုဌေးကြွယ်တို့ကို သွားရောက်တွေ့ဆုံ


တာကလူး (သတင်း)
-----------
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ရခိုင်ပြည်နယ် စည်းရုံးရေးတာဝန်ခံ ဒေါ်မညိုအေးသည် ဘူးသီးတောင်ထောင်တွင်း အကျဉ်းချခံထားရသည့် ၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်နှင့် အဲလ်ညို (ခေါ်) ကိုထွန်းညို တို့နှစ်ဦးကို ထောင်ဝင်စာ သွားခဲ့သည်ဟု သတင်း ရရှိသည်။


Buthidaung-Prison ကိုဌေးကြွယ်တို့ကို ထားရှိသော ဘူးသီးတောင် အကျဉ်းထောင် (ဓါတ်ပုံ- နိရဉ္စရာ)
ဒေါ်မညိုအေးသည် ယခုအပတ် သောကြာနေ့ နေ့လည် ၃း၀၀ နာရီကျော်အချိန်တွင် စစ်တွေမှ ဘူးသီးတောင်သို့ သင်္ဘောဖြင့် လာရောက်ပြီး အဆိုပါကျောင်းသားနှစ်ဦးကို ထောင်ဝင်စာ လာတွေ့သွားခဲ့ခြင်း ဖြစ်ကြောင်း သူမနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

" ဒေါ်မညိုအေးကို ထောင်အာဏာပိုင်တွေက နာရီဝက် နီးပါးခန့် တွေ့ဆုံခွင့် ပေးပါတယ်။ စားစရာ၊ ဂျာနယ် နှင့် စာအုပ်စာတမ်း အချို့ကိုလည်း ပေးခွင့်ပြုခဲ့ပြုပါတယ်။ ထောင်အမှုထမ်းတွေကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်" ဟု သူက ပြောသည်။

ကိုဌေးကြွယ်နှင့် ကိုထွန်းညိုတို့ နှစ်ဦးမှာ ကျန်းမာရေးကောင်းကြောင်း နှင့် သူတို့ကို ဘူးသီးတောင်အကျဉ်းထောင်ထဲတွင် နိုင်ငံရေး အကျဉ်းသားများကို ထားသည့် ဘီကလပ် သီးသန့် အကျဉ်းထောင်တွင် ထားကြောင်း ၄င်းထောင်အမှုထမ်း တစ်ဦးကို ကိုးကားပြီး သူက ပြောသည်။

မျက်မြင်များ၏ အဆိုအရ ဒေါ်မညိုအေး သူတို့အား ထောင်ဝင်စာတွေ့ရန် စစ်တွေမှ ဘူးသီးတောင်သို့ လာရောက်စဉ် အက်စ်ဘီ နှင့် မှုခင်းရဲများ လိုက်ပါ စောင့်ကြည့်မူများ ရှိသော်လည်း တစုံတရာ နှောင့်ယှက်မှုများ မရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်တွေ့ဆုံ

အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်တွေ့ဆုံ လွတ်ငြိမ်းချမ်းသာခွင့်အပါအ၀င် အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြောင်းသိရ
Thursday, 29 September 2011 22:49
ds1
အစိုးရသစ်လက်ထက်တွင်  ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တတိယအကြိမ်မြောက်အဖြစ် စက်တင်ဘာ ၃၀ရက်နေ့ မွန်းလွဲပိုင်းက တွ့ဆုံခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င် အကြောင်းအရာလေးရပ်အား ဆွေးနွေးခဲ့ကြကြောင်း သ တင်းရရှိပါသည်။ တွေ့ဆုံဆွေးနွေးမှုကို စက်တင် ဘာလ ၃၀ရက်နေ့ မွန်းလွဲ ၁နာရီမှ ၂နာရီ ၁၇မိနစ်အချိန်အထိ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးမှုအပြီးတွင် သတင်းထုတ်ပြန်ချက်ကို ဦးအောင်ကြည်မှ ကြေညာခဲ့ကာ သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။

မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်

မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီမှ ထုတ်ပြန်၊
0 Comments - 01 Oct 2011
ရက်စွဲ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ (သို့) အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီး၊ ရဲဘက် စခန်းများနှင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီးချုပ်နေ...

More Link

စနေနေ့၊ အောက်တိုဘာလ ၁၊ ၂၀၁၁

  မည်သူတို့အား နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်သည်ကို အေအေပီပီမှ ထုတ်ပြန်၊



ရက်စွဲ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (အေအေပီပီ) မှ ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခြင်းဖြင့်လည်းကောင်း လက်နက်ကိုင်လမ်းစဉ်ဖြင့်လည်းကောင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ (သို့) အားပေးထောက်ပံ့ကူညီခြင်း သို့မဟုတ် ထိုသို့ ပါဝင်သည်၊ ထောက်ပံ့ ကူညီသည်ဟု စွပ်စွဲခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံထောင်အသီးသီး၊ ရဲဘက် စခန်းများနှင့် စစ်ကြောရေး စခန်းများတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မည်သူကိုမဆို နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ပါသည်။ အေအေပီပီမှ ပြုစုထားသောစာရင်းတွင် ထည့်သွင်းဖော်ပြထားသော ဖမ်းဆီးခံရသူ တစ်ဦးချင်းသည် နိုင်ငံရေးနှင့်သက်ဆိုင်ပြီး အကျဉ်းချခံထားရသူများဖြစ်ကြပါသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားများ ရှိသည်ဆိုခြင်းကို ငြင်းဆန်ခဲ့ကြပါသည်။ ထိုသို့ပင် လက်ရှိ ဦးသိန်းစိန်၏ အစိုးရသစ်သည်လည်း ငြင်းဆန်နေဆဲဖြစ်ပါသည်။ ထို့အတွက် မတရားသည့် အုပ်ချုပ်မှုအား ဆန့်ကျင်သူများသည် ရာဇ၀တ်ပုဒ်မများနှင့် မတရားစွဲဆိုကာ ရာဇဝတ်အကျဉ်းသားများအဖြစ် သတ်မှတ်ခံနေရပါသည်။ ဥပမာအားဖြင့် အာဏာပိုင်များသည် ၄င်းတို့အား ဆန့်ကျင်သော နိုင်ငံရေး လှုပ်ရှားသူများ၊ သတင်းထောက်များ၊ ကျောင်းသားများ၊ တိုင်းရင်းသားများနှင့် အလွှာအသီးသီးမှ ပြည်သူလူထုအား အခြေအမြစ်မရှိသော ရာဇဝတ်မှုများဖြင့် မတရားသက်သက် သိက္ခာချကာ တရားစွဲဆို ထောင်သွင်းအကျဉ်းချခဲ့ပါသည်။ ထို့အတွက် အေအေပီပီ မှ နိုင်ငံရေးအကျဉ်းသားများအဖြစ် သတ်မှတ်ရာတွင် ၄င်းတို့အားစွဲဆိုထားသော အမှုများထက် တစ်ဦးချင်းစီ၏ နိုင်ငံရေးလှုပ်ရှားများအပေါ် ခွဲခြားဆုံးဖြတ်ပါသည်။ ခြုံငုံပြောရမည်ဆိုလျှင် ၄င်းတို့မည်သည့်အတွက်ကြောင့် အဖမ်းခံရသည် အကျဉ်းချခံရသည်ဆိုသည့် နိုင်ငံရေးလှုပ်ရှားမှု နောက်ခံအား ဦးစားပေးဆုံးဖြတ်ပါသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်မှ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် မကြာခင် သင့်တော်သည့် အချိန်တွင် အကျဉ်းသားများအား လွှတ်ပေးရန်ရှိပါသည်ဟု ပြောကြားပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသားများလွတ်လာမည်ဟူသော သတင်းများ ပြန့်နှံ့လာပါသည်။ နိုင်ငံခြားရေးဝန်ကြီး နိုင်ငံရေးအကျဉ်းသား စကားလုံးအား ထည့်သွင်းပြောဆိုသွားခြင်းမရှိသော်လည်း လက်ရှိဦးသိန်းစိန်အစိုးရမှ အုပ်ချုပ်သူများအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်မည်ဆိုလျှင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရမည်ဖြစ်ပြီး ၄င်းတို့အပေါ်မတရားချမှတ်ထားသည့် ရာဇဝတ်မှု မှတ်တမ်းများကိုလည်း ပယ်ဖျက်ပေးရမည်ဖြစ်သည်။

အေအေပီပီ အနေဖြင့် မည်သည့်နိုင်ငံရေးအကျဉ်းသားကိုမဆို လွှတ်ပေးခြင်းအား ကြိုဆိုသော်လည်း လက်ရှိအစိုးရသည်လည်း ပြည်သူလူထု၏အခြေခံလူ့အခွင့်အရေးများနှင့် နိုင်ငံသားအခွင့်အရေးများအား အသိအမှတ်မပြုရုံမျှမက ထိုအခွင့်အရေးများအတွက် လုပ်ဆောင်သူများ၊ တောင်းဆိုသူများအား ဖမ်းဆီးကာ ရာဇဝတ်မှုများနှင့်စွဲဆို အကျဉ်းချနေဆဲဖြစ်သောကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သာမန် ပြည်သူလူထုသည် ဖမ်းဆီးခံရမည့်အရေး၊ အကျဉ်းချခံရမည့်အရေးများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်လက်ခံမှုကို ရယူလိုလျှင် အမှန်တကယ်စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှုများအား ဖော်ဆောင်ကာ မကြာတော့မည့် အနာဂတ် ကာလတွင် စိတ်ရင်းစေတနာမှန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အား ထုတ်ပြန်ရပါမည်။

မှတ်ချက် ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးတို့အား အထောက်အကူဖြစ်စေရေးအတွက် အေအေပီပီအနေဖြင့် လက်နက်ကိုင် တော်လှန် ရေးတွင်ပါဝင်သူများနှင့် ရာဇ၀တ်ပုဒ်မများနှင့် တမင်သိက္ခာချ စွဲချက်တင်ခံရသူ နိုင်ငံရေး လှုပ်ရှားသူများ အားပေးကူညီများအား နိုင်ငံရေးအကျဉ်းသားများမဟုတ်ဟု ခွဲခြားသတ်မှတ်မည်မဟုတ်ပါ။ အေအေပီပီ အနေဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပါဝင်ဆောင်ရွက်မှုကြောင့် ထောင် သွင်းအကျဉ်းချခံရသူများအားလုံးကို နိုင်ငံရေးအကျဉ်းသားများဟု သတ်မှတ်ပါသည်။


နိုင်ငံရေးအကျဉ်းသားများအား သိက္ခာချရာတွင် (သို့) နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် အသုံးများသည့် ဥပဒေများ

မှတ်ချက်။ ။ လက်လှမ်းမီသလောက်ပြုစုထားခြင်းဖြစ်ပါသည်။ ယခုဇယားထဲတွင်မပါသည့် ပုဒ်မျများနှင့် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသားများလည်းရှိနိုင်ပါသည်။
ဥပဒေ ပုဒ်မ စွဲဆိုချက်များ အမြင့်ဆုံးထောင်ဒဏ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၂၁၊ ၁၂၂(၁)၊ ၁၂၂(၂) နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်ခြင်း၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပြစ်ဒဏ်။ သေဒဏ် (သို့) တစ်သက် တစ်ကျွန်း ထောင်ဒဏ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၂၄၊ ၁၂၄(က)၊ ၁၂၄(ခ) နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုကြီးနှင့်ပတ်သက်၍ထိန်ချန်ထားခြင်း၊ အကြည်ညိုပျက်အောင်ပြုခြင်း၊ ပြည်ထောင်စု နိုင်ငံ၏ လုပ်ငန်းအဖွဲ့ကိုဖြစ်စေ၊ ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်း အဖွဲ့ကိုဖြစ်စေ အနိုင်အထက်ဖြိုဖျက်စေရန် နှိုးဆော်ခြင်း။ ထောင်ဒဏ် ၇ နှစ်၊ တစ်သက်တစ်ကျွန်း၊ ၃ နှစ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၁၄၃-၁၄၆ ဥပဒေနှင့်ဆန့်ကျင်သော စုဝေးခြင်းဆိုင်ရာ ပုဒ်မများ ထောင်ဒဏ် ၂ နှစ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၂၉၅၊ ၂၉၅(က) လူတစားကိုးကွယ်သည့် ဘာသာ သာသနာကို စော်ကားရန် အကြံဖြင့် ကိုးကွယ်ဝတ်ပြုသည့်နေရာကို ဖျက်ဆီးခြင်း သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း။ ထောင်ဒဏ် ၂ နှစ်
ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ၅၀၅(ခ) အများပြည်သူ၏ အကျိုးပျက်စီးစေမှုကို ဖြစ်ပေါ်သော ဖေါ်ပြချက်။ ထောင်ဒဏ် ၂ နှစ်
၁၉၀၈ မတရားအသင်းအက်ဥပဒေ ၁၇(၁)၊ ၁၇(၂) မည်သည်မဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်း မဟုတ် ယင်းအသင်း၏အစည်းအဝေး၌ပါဝင်ဆောင်ရွက်လျှင် သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင်၊ ရယူ၊ တောင်းခံလျှင် သို့တည်းမဟုတ် တနည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင်။ ထောင်ဒဏ် ၃ နှစ်၊ ၅ နှစ်
၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ၁၀(က)၊ ၁၀(ခ) နိုင်ငံတော်အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုထိပါးစေသူ မည်သူမဆိုကို တရားရုံးအမိန့်ချမှတ်ခြင်းမရှိပဲ နေအိမ် အကျယ်ချုပ် အဖြစ်ထိန်းသိမ်းထားခြင်း။ ၅ နှစ်၊ နောက်ပိုင်းထပ်တိုးနိုင်


၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ၅(ဃ)၊ ၅(ခ)၊ ၅(ည) အများပြည်သူတို့အား (သို့) ပြည်သူတစ်စုအား အထိတ်တလန့် ဖြစ်စေရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင် (သို့) ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလျှင်- မမှန်ဟုသိလျှက်နှင့် (သို့) မမှန်ဟု ယုံကြည်လောက်အောင် အကြောင်းရှိလျှက်နှင့် မမှန် သတင်း လွှင့်ရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင် (သို့) ယင်းသို့ဖြစ်ရန် အကြောင်းရှိသောအမှုကိုပြုလျှင် ပြည်ထောင်စု၏ လုံခြုံရေးကို သော်လည်းကောင်း ငြိမ်ဝပ်ပိပြားမှုပြည်လည်ထူထောင်ရေးကို သော်လည်းကောင်း ထိခိုက်စေရန်အကြောင်းရှိသော နည်းလမ်းဖြင့် အများပြည်သူ၏ (သို့) ပြည်သူတစ်စု၏ ကိုယ်ကျင့် တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖေါက်လဲဖေါက်ပြန် ဖြစ်စေရန် ကြံရွယ်၍ တစ်ခုခု လုပ်လျှင် (သို့) ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလျှင်- ထောင်ဒဏ်၇ နှစ်
၂၀၀၄ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)၊ ၃၃(ခ)၊ ၃၈ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာများကို အသုံးပြု၍ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသော အမှုပြုခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့်ပတ်သက်သော သတင်းအချက်အလက် များ ပေးပို့ခြင်း၊ လက္ခံရယူခြင်း (သို့) ကြိုးပမ်းခြင်း၊ ထောင်ဒဏ် ၁၅ နှစ်
၁၉၈၈ အသင်းအပင်း ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေ ၆/၈၈ ၅၊ ၆၊ ၇ ၁၉၈၈ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ တရားဝင် မှတ်ပုံတင်ခြင်းမရှိသော အဖွဲ့အစည်းဖွဲ့စည်းခြင်း၊ မတည်မငြိမ် ဖြစ်စေခြင်း၊ အဖွဲ့အစည်းဝင်ဖြစ်ခြင်းတို့မှ တားမြစ်သောဥပဒေ။ ထောင်ဒဏ် ၅ နှစ်
၁၉၉၆ ခုနှစ် အမျိုးသားညီလာခံ အား နှောက်ယှက် ဖျက်ဆီးခြင်း မှ ကာကွယ်ဟန့်တားသည့် ဥပဒေ ၅/၉၆ ၃၊ ၄၊ ၅၊ ၆ အမျိုးသားညီလာခံကို နှောက်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ် ဟန့်တားသည့် ဥပဒေ။ ထောင်ဒဏ် ၂၀ နှစ်
၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ၁၇/၂၀ ပုံနှိပ်စာအုပ်စာတမ်းအားလုံး မဖြန့်ဝေခင် စာပေစီစစ်ရေးအဖွဲ့ကို တင်ပြရမည်။ ထောင်ဒဏ် ၇ နှစ်
၁၉၂၃ လျှို့ဝှက်လုပ်ငန်း ဥပဒေ ၃ ရန်သူကို အကျိုးဖြစ်စေသော သတင်းအချက်အလက်များကို ဖြန့်ဝေသူ မည်သူမဆို ထောင်ဒဏ် ၁၄ နှစ်
၁၉၉၆ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ၃၂(ခ) စီစစ်ရေးမှ ခွင့်ပြုချက်မရဘဲ မိတ္တူကူးပွါးခြင်း၊ ဖြန့်ဖြူးခြင်း၊ ငှားရမ်းခြင်း နှင့် ပြသခြင်း စသည်တို့ကို ပြုလုပ်ခြင်း။ ထောင်ဒဏ် ၃ နှစ်
၁၉၄၇ခုနှစ် ပြည်သူလူထု ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်း သည့်အက်ဥပဒေ ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားမှု ထိန်းသိမ်းခြင်းဆိုင်ရာများ ထောင်ဒဏ် ၅ နှစ်
၁၈၇၈ လက်နက် အက်ဥပဒေ လိုင်စင်မဲ့လက်နက်များ ထုတ်လုပ်ခြင်း၊ လက်ဝယ်ကိုင်ဆောင်၊ ရောင်းဝယ်၊ အသုံးပြုခြင်းဆိုင်ရာ ဥပဒေ ထောင်ဒဏ် ၇ နှစ်
၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်မှု အက်ဥပဒေ မြန်မာနိုင်ငံပြင်ပအပါအ၀င် ပြည်သူပိုင်ပစ္စည်းများအား ခွင့်ပြုချက် မရှိပဲ ရယူအသုံးပြုခြင်းနှင့်ဆိုင်ရာများ ထောင်ဒဏ် ၇ နှစ်
၁၉၃၁ ခုနှစ် ပုံနှိပ်လုပ်ငန်း၊ စာနယ်ဇင်းနှင့် ရေဒီယို ရုပ်မြင် သံကြား၊ သတင်းဌာန အက် ဥပဒေ(အရေးပေါ်အာဏာများ) ပုဒ်မ-၁၇ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် သတင်းစာ၊ သတင်းလွှာများ တရားမ၀င်ပုံနှိပ်စက်အသုံးပြုကာ ထုတ်လုပ်ဖြန့်ဖြူးခြင်း ဆိုင်ရာများ ထောင်ဒဏ် ၆ လ
သွင်းကုန်ထုတ်ကုန်လုပ်ငန်း အက်ဥပဒေ ပုဒ်မ-၅(၁) ထုတ်ကုန်သွင်းကုန် အက်ဥပဒေမှ ကန့်သတ်ထားသည်များအား ရယူ၊ ကိုင်ဆောင် အသုံးပြုခြင်းဆိုင်ရာများ ထောင်ဒဏ် ၇ နှစ်


နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်
ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

သမ္မတဦးသိန်းစိန် ကျော်သူ့ ပရိသတ်ပါတဲ့


  ကြာသပတေးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ် 


      ရွှေဝါရောင်တော်လှန်ရေးဟု ခေါ်ဆိုကြသည့် ၂ဝဝ၇ ခုနှစ် သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြပွဲ နောက်ပိုင်း ရုပ်ရှင်ရိုက်ကူးခွင့်နှင့် သရုပ်ဆောင်ခွင့် ပိတ်ပင်ခံထားရသည့် နောက် လူမှုကူညီရေး လုပ်ငန်းများ ဇောက်ချလုပ်နေသည့် အကယ်ဒမီ ကျော်သူ သည် သမ္မတကြီးဦးသိန်းစိန် အားပေးနှစ်သက်ခဲ့သည့် မင်းသားဖြစ်သည်ဟု သိရသည်။

သြဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး၊ လူမှုရေး၊ အသင်း အဖွဲ့အစည်းများနှင့်
“တွေ့ဆုံပွဲ” တက်ရောက်ခဲ့သည့် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ၏ ဇနီး ဒေါ်ရွှေဇီးကွက်အား နှုတ်ဆက်စဉ် သမ္မတ ဦးသိန်းစိန် က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သမ္မတဦးသိန်းစိန်မှ ပြည်သူ့လွှတ်တော်သို့ပေးပို့သည့် သ၀ဏ်လွှာ

ဒီလို ဆုံးဖြတ်ချက်ဟာ အစိုးရနဲ့ ပြည်သူကို တစ်သားတည်း ဖြစ်စေတဲ့ ၂၀၁၁ ခုနှစ် အတွင်း အရေးအကြီးဆုံး ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြော သလိုပဲ ဧရာဝတီကနေ အမျိုးသား စည်းလုံး ညီညွတ်မှုကို တည်ဆောက်ကြပါစို့) 
သမ္မတဦးသိန်းစိန်မှ -

အကြောင်းအရာ။ သ၀ဏ်လွှာ ပေးပို့ခြင်း
၁။ ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးကို ပြည်သူတို့၏ အကျိုးငှာ အားသွန် ခွန်စိုက် ကျင်းပ ပြုလုပ်နေသည့် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေရန် ဆုတောင်း မေတ္တာပို့သအပ်ပါသည်။
၂။ တစ်ချိန်တည်း၌ပင် မိမိတို့ ပြည်ထောင်စု အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များအနေနှင့်လည်း ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်ရေး၊ ဒီမိုကရေစီ ကျင့်စဉ်များ ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဟန်ချက်ညီစွာ ဆောင်ရွက်လျက် ရှိပါသည်။

သမ္မတဦးသိန်းစိန် အပေါ်ပြည်သူ့သဘောထား။



စက်တင်ဘာလ ၃၀ ရက်နေ့က လွှတ်တော်သို့ ပေးပို့ခဲ့သော မြစ်ဆုံစီမံကိန်းရပ်ဆိုင်းကြောင်း နိုင်ငံတော်သမ္မ၏ သ၀ဏ်လွှာ သတင်းကို သိရှိရပြီးနောက် ပြည်သူများဆီမှ ၀မ်းမြောက်ကြောင်းစကားသံများကြားခဲ့ရသည်။
လူထုဦးစိန်ဝင်းမှ နေ၍လက်ရှိသမ္မတ ဦးသိန်းစိန်အပေါ် အခုလိုတုန့်ပြန်ပြောဆိုခဲ့ပါသည်။

လူထုစိန်ဝင်း
အခုအချိန်အထိ ကြားရသမျှ သတင်းတွေထဲမှာတော့ ဒီသတင်းဟာ မင်္ဂလာအရှိဆုံး ဖြစ်တယ်။ ဒါကြောင့်မို့ ၀မ်းသာအားရ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒီလုပ်ရပ်ဟာ အစိုးရအနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒအပေါ် တန်ဖိုးထားလေးစား၊ ပြည်သူကို မဆန့်ကျင်တဲ့ သဘောကိုလည်း ဆောင်တဲ့အတွက် အစိုးရရဲ့ အပေါ်မှာ ပြည်သူလူထုရဲ့ သဘောထား အမြင်တွေ အများကြီးပြောင်းလဲ သွားနိုင်ပါတယ်။ နှစ် ၅၀ အစိုးရနဲ့ ပြည်သူအကြား အတားအဆီးဖြစ်နေတဲ့ နံရံတွေကို ဖြိုလှဲချနိုင်လိမ့်မယ်လို့ယူဆပါတယ်။ ဒီဧရာဝတီကိစ္စကို အခုလို မြန်မြန်ဆန်ဆန် အစိုးရက ဆုံးဖြတ်ချက်ချခဲ့တာဟာ ပြည်သူတစ်ရပ်လုံး မကြုံဖူးတဲ့ စည်းလုံးညီညွတ်မှု ပြသနိုင်လိုက်တာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒီကိစ္စမှာ ပြည်သူတွေဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ရဲ့ စည်းရုံးမှုမပါဘဲ သူတို့ကိုယ်ပိုင် အသိဆန္ဒနဲ့ သူတို့ရဲ့ ဆန္ဒသဘောထားတွေကို ဖော်ထုတ်ခဲ့ကြတာဟာ အားလုံးသော ပြည်သူတစ်ရပ်လုံးအတွက် တူညီသော အမျိုးသား အကျိုးစီးပွားဖြစ်တယ်လို့ သိနားလည်တဲ့အတွက် အခုလိုစည်းရုံးမိကြတာ ဖြစ်တယ်။ ဒီလိုစည်းရုံးမှုမျိုးကို ဆက်လက်ကိုင်တွယ် ထိန်းသိမ်းသွားမယ်ဆိုရင် ဘယ်လို အတားအဆီးမျိုးကိုမဆို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ အခုချိန်မှာ ပြည်သူတစ်ရပ်လုံးက
ကမ္ဘာမကြေ မြန်မာပြေ တို့ဘိုးဘွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ စတဲ့ နိုင်ငံတော်သီချင်းကို တစ်နိုင်ငံလုံး အုံးအုံးကြွက်ကြွက် ကြွေးကြော်သီဆိုပြီး ဧရာဝတီမြစ်ကြီးနဲ့ တစ်ကွ အမိနိုင်ငံတော်ကြီးကို ကိုလိုနီလက်ဟောင်း လက်သစ်မှန်သမျှရဲ့ အန္တရာယ်က တွန်းလှန်ကြပါလို့ နှိုးဆော်လိုက်ချင်ပါတယ်။
   --------------------------------------------------------------------------------------------------
ရုပ်ရှင်မင်းသားကျော်သူ(နာရေးကူညီမှု့အသင်းဥက္ကဌ) ကလည်း-
မြစ်ဆုံအတွက် ရုပ်ရှင်မင်းသားကျော်သူ မုတ်ဆိတ် နှုတ်ခမ်းမွှေးရိပ်
0 Comments - 01 Oct 2011
၂၀၀၇ နောက်ပိုင်းထဲက မုတ်ဆိတ် နှုတ်ခမ်းမွှေး နောက် ဆံပင် အရှည်ကြီးနဲ့  တွေ့ နေရတဲ့ ဒါရိုက်တာ - ရုပ်ရှင်မင်းသား အကယ်ဒမီ ကျော်သူဟာ ဒီနေ့  စက်တင်ဘာ ၃၀ ရက်နေ့ မှာ အစိုးရအနေနဲ့  မြစ်ဆုံ ဆက်မဆောက်တော့ဘူးလို့  သိလိုက်ရတဲ့အတွက် သူ့ ရဲ့  နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေကို ရိတ်လိုက်ပါပြီ ..နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပြီးသွားရင် ကျန်နေသေးတဲ့ ဆံပင်ကို ညှပ်ပါမယ်တဲ့ .... ဒါဟာ သူ့ ရဲ့  အဓိဌာန် ပါတဲ့..နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးမောင်က မုတ်ဆိတ် နှုတ်ခမ...

More Link

စနေနေ့၊ အောက်တိုဘာလ ၁၊ ၂၀၁၁





၂၀၀၇ နောက်ပိုင်းထဲက မုတ်ဆိတ် နှုတ်ခမ်းမွှေး နောက် ဆံပင် အရှည်ကြီးနဲ့  တွေ့ နေရတဲ့ ဒါရိုက်တာ - ရုပ်ရှင်မင်းသား
အကယ်ဒမီ ကျော်သူဟာ ဒီနေ့  စက်တင်ဘာ ၃၀ ရက်နေ့ မှာ အစိုးရအနေနဲ့  မြစ်ဆုံ ဆက်မဆောက်တော့ဘူးလို့  သိလိုက်ရတဲ့အတွက် သူ့ ရဲ့  နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေကို ရိတ်လိုက်ပါပြီ ..

နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပြီးသွားရင် ကျန်နေသေးတဲ့ ဆံပင်ကို ညှပ်ပါမယ်တဲ့ .... ဒါဟာ သူ့ ရဲ့  အဓိဌာန် ပါတဲ့..
နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးများဖယ်ရှားထားသောကိုကျော်သူ

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးမောင်က မုတ်ဆိတ် နှုတ်ခမ်းမွှေး နောက် ဆံပင် အရှည်ကြီးနဲ့  စတိုင် တမျိုးနဲ့  ကြည့်ကောင်းပေမယ့် -- ငယ်ငယ်ထဲက ကျော်သူဆိုတာ သပ်သပ်ရပ်ရပ်လေး - ရယ်လိုက်ရင် စွဲဆောင်မှုအပြည့်နဲ့ အပြုံးလေးတွေကြောင့် -- ဦးမောင်ရယ် သပ်သပ်ရပ်ရပ်လေး ပြန်နေပါ - အဖိုးကြီးလို မနေပါနဲ့ ဆိုပြီး ခဏခဏ နားပေးငြီးခဲ့ဖူးပါတယ်.. (မရွှေဇီးကွက်ကိုလဲ သမ္မတ က အဲ့လို အကြံပေးခဲ့ဖူးပါတယ်)

အရင်တပါတ်ကလဲ ဦးမောင်ရေ ရုပ်ရှင် ပြန်ရိုက်ရင် ရိုက်ရတော့မယ် -- အရင်လို ပြန် လှလှပပ သေသေသပ်သပ်လေး ပြန်နေထားဦး ဒါမှ ရုပ်ရှင်ရိုက်ရင် အဆင်သင့်ဖြစ်မှာ -- နောက်မို့ ဆို အဖေအခန်းကပဲ နေနေရမယ် --- ဘယ်သူဘယ်သူတွေနဲ့  မတွဲချင်ဘူးလားပေါ့ လို့ တောင် စခဲ့ပါသေးတယ်..

တကယ်က မုတ်ဆိတ်တွေနဲ့ ဆိုတော့ အရင် ကိုကျော်သူ ခေါ်နေကျကနေ ခေါ်မထွက်တော့ပဲ ဦးမောင် ပဲ ခေါ်ဖြစ်သွားတယ်လေ.. တကယ်ရုပ်ရှင်ပြန်ရိုက်ရရင်လဲ အဖေ အဖိုးအခန်းကပဲ ပြန်ပါရတော့မှာပေါ့.. ငယ်ငယ်ထဲကအသည်းစွဲ ရုပ်ရှင်မင်းသား ကျော်သူ ချောချောမောမော ကျော်သူအနေနဲ့  ပိတ်ကားပေါ် ပြန်မြင်ချင်သေးလို့  သွား ဂျီကျ နားငြီးပေးထားတာ...- လူတွေက ကျော်သူဆိုရင် ချစ်တယ် ဦးမောင်ဆိုရင် လေးစားတာလို့  -ဆိုင်မဆိုင်မသိ သွားပြောမိလိုက်သေး....

ဒီနေ့ ညနေကတော့ ဦးမောင်က နုတ်ခမ်းမွှေးနဲ့  မုတ်ဆိတ်တွေ ရိတ်လိုက်ပြီလို့  လာပြောလို့  ပျော်သွားလိုက်တာ.. ဘယ်ပုံကြိုက်လဲတဲ့... ပုံတွေလဲ ပို့ ပေးလာတယ် .. အားလုံးကြိုက်တယ် ဦးမောင်ရေ .... ဦးမောင်ရဲ့  ပရိသတ်တွေအတွက်လဲ ခွင့်မတောင်းပဲ ပြန်မျှဝေလိုက်မိပြီ...

နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်မှ ဆံပင်ညှပ်တော့မယ်.. အခုတော့ ယောင်ထုံးကျော်သူ အနေနဲ့  နေဦးမယ်ဆိုတဲ့ ဦးမောင် ယောင်ထုံးလဲ အမြန်ကျွတ်ပါစေ...

အမေ့ ၆၆ နှစ်ပြည့်မွေးနေ့ တုံးကလည်း အမေက ပြောတယ်တဲ့ - ကိုယ်က ဦးစီးဦးဆောင်လုပ်နေတဲ့သူ တယောက်အနေနဲ့  လူငယ်တွေ လိုက်မလုပ်သင့်တာတွေ ကိုယ်က မလုပ်ပြရဘူး.. စံပြနေသင့်တယ်ဆိုလို့  အမေ့စကားနားထောင်ရင်း အမေ့အတွက် မွေးနေ့ လက်ဆောင်အနေနဲ့  ဆေးလိပ်ဖြတ်လိုက်ပါတယ်.. Congratulations ပါ ဦးမောင်...
ငယ်ငယ်ထဲကချစ်ခဲ့ရတဲ့ မင်းသားကျော်သူကို ပိတ်ကားပေါ် အမြန်ပြန်ကြည့်ချင်ပါပြီ...

ဦးသိန်းစိန် အစိုးရမှ ဧရာဝတီမြစ်ဆုံစီမံကိန်းအားရပ်ဆိုင်း၊


ဦးသိန်းစိန် လက်ရှိအစိုးမှ မြစ်ဆုံဆည်စီမံကိန်းအား ရပ်ဆိုင်းကြောင်း သ၀ဏ်လွှာ 09/30/2011
 
Picture
ဦးသိန်းစိန်က တရုတ်နိုင်ငံနှင့် ပူးပေါင်း တည်ဆောက်မည့်  မြစ်ဆုံစီမံကိန်းကို သူ၏  အစိုးရလက်ထက်တွင် ရပ်နားထားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့တွင်  လွှတ်တော်နှစ်ရပ်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့်  အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏  စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိ ပါသည်။  သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို  မပြုလုပ်စေဘဲ ရပ်ဆိုင်း ထားမည် ဖြစ်ပါသည်။
နိုင်ငံတော်အတွက် လိုအပ်နေသည့်  လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။  အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့
အသိပေးအကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ  လွှတ်တော်သို့ ပေးပို့သော
သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။