 | ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ ( Written by လူထုစိန်ဝင်း ) 0 Comments - 03 Oct 2011
လူထုစိန်ဝင်းအား ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လာရောက်
ဂါဝရပြုစဉ်တွေ့ရပုံ(အနှစ်သက်ဆုံးဓာတ်ပုံရိုက်ကွက်တခုပါ)အကောင်းဘက်ကို
ရောက်သွားတာတော့ မဟုတ်သေးဘူး။ မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ
ရှိနေသေးတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊ ၈၈
လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် လူပေါင်းများစွာကို
ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို
အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ တိုင်... More Link
|
ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ ( Written by လူထုစိန်ဝင်း )
လူထုစိန်ဝင်းအား ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါဝရပြုစဉ်တွေ့ရပုံ(အနှစ်သက်ဆုံးဓာတ်ပုံရိုက်ကွက်တခုပါ)
အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။
မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။
တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊
၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င်
လူပေါင်းများစွာကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊
တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို
အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊
တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို ပုံစံ အမျိုးမျိုးနဲ့ 'အေးဓားပြ'
တိုက်ယူနေတာတွေကို ကာကွယ်တားဆီး မလုပ်နိုင်သေးတဲ့ကိစ္စ စတဲ့
ကိစ္စတွေအတော်များများ ကျန်ရှိနေသေးတယ်။
ဦးသိန်းစိန်အစိုးရသစ်
တာဝန်ယူချိန်ကစပြီး ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းက
လူတိုင်းကမေးကြတယ်။ သတင်းမီ ဒီယာသမားများကလည်း မေးကြတယ်။ အထူးသဖြင့်
ပြည်ပမီဒီယာတွေက ပိုမေးကြတယ်။
မူကိုင်စွဲသူဖြစ်လို့ကိုယ်တိုင်က
ဒီနယ်ပယ်သား ဖြစ်တဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ မေးသမျှဖြေပါတယ်။ မူတစ်ခု
အခိုင်အမာ ကိုင်စွဲရပ်တည်တဲ့ စာနယ်ဇင်းသမားတစ်ယောက်ဖြစ်တာကြောင့် ပိုပြီး
သိချင်ကြတဲ့သဘော ဖြစ်လိမ့်မယ် ယူဆတယ်။ ဘာစာရေးရေး ကိုင်စွဲထားတဲ့
မူအတိုင်းပဲရေးတယ်။ သတင်းသမားမို့ သတင်းရေးသလို 'လိုတိုရှင်း' ရေးတယ်။
စကားပြောတဲ့ အခါမှာလည်း ရှင်းရှင်းပြတ်ပြတ်ပဲ ပြောတယ်။ ဝေ့လည်ချောင်ပတ်
ဘယ်တော့မှ မလုပ်ဘူး။ ဘယ်သူ့ မျက်နှာမှလည်း ကြည့်မနေဘူး။
နိုင်ငံရေးသမားတွေလို အလိမ္မာ ဖက်မပြောတတ်လို့ စိုးရိမ်တဲ့
စာဖတ်ပရိသတ်များကတောင် မကြာခဏလှမ်းပြီး သတိပေးကြတယ်။
ကေအိုင်အေနဲ့ တိုက်တဲ့ တိုက်ပွဲမှာ.. သေဆုံး/သို့မဟုတ် ဖမ်းဆီးခံထားရတဲ့ တပ်မတော်သားတစ်ဦးရဲ့ ကျန်ခဲ့တဲ့ ပစ္စည်းပါ..။ ဒီပုံက www.moemakha.com မှာ ဖော်ပြထားတာပါ..။
ဒီပုံကတော့ ကေအိုင်အေကို တပ်မတော်က ထိုးစစ်ဆင်လို့ ထွက်ပြေးကြတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေပါ..။