Saturday, October 8, 2011

နိုင်ငံရေးအကျဉ်းသား (၆)ဦး လွတ်ရက်စေ့လို့ ပြန်လွတ်လာ

2011-10-07  RFA

အင်းစိန်ထောင်မှာ ဖောက်ခွဲမှုနဲ့ ထောင်ဒဏ် (၅)နှစ် ချမှတ်ခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ် နန်းဦးကျောင်းတိုက်က သံဃာ (၂) ပါး အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၆) ဦး ဒီကနေ့ မနက်ပိုင်းက လွတ်ရက်စေ့လို့ ပြန်လည်လွတ် မြောက်လာ ခဲ့ပါတယ်။
ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား သံဃာ (၂) ပါး က နန်းဦးကျောင်းတိုက်က ဦးခေမိန္ဒ နဲ့ ဦးဝိလာသ တို့ ဖြစ်ပြီး တခြားသူ ၄ ဦးကတော့ ကိုကျော်မျိုးမင်း၊ ကိုကျော်မျိုးဟိန်း၊ ကိုသက်နိုင်နဲ့ ကိုစံတိုးတို့ ဖြစ်ပါတယ်။ အာဏာပိုင် တွေက ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး အောက်တိုဘာလ (၁၁) ရက်နေ့မှာ နန်းဦးကျောင်းဝန်းအတွင်း ပေါက်ကွဲစေတတ်တဲ့ ယမ်းနဲ့ဗုံး ရှာတွေ့ခဲ့တယ်ဆိုကာ ဦးခေမိန္ဒနဲ့ ဦးဝိလာသတို့ သံဃာတော် (၂) ပါး အပါအ၀င် ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ ကိုကျော်မျိုးမင်း၊ ကိုသက်နိုင်၊ ကိုစံတိုးနဲ့ ကိုကျော်မျိုးဟိန်း တို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အမရပူရဆွမ်းကျွေး တစ်ထောင်နီးပါး အစာအဆိပ်သင့်

By သင်းသီရိ ။ ။ သောကြာ, 07 အောက်တိုဘာ 2011

မန္တလေးတိုင်း အမရပူရမြို့က ပွဲတော်ဘုန်းကြီးကျောင်းတွင်း ပြုလုပ်တဲ့ အလှူကနေ ကျွေးမွေးတဲ့ အစားအစာကို စားမိတဲ့ လူပေါင်း တစ်ထောင်နီးပါးလောက် အစာအဆိပ်သင့်တာ ဖြစ်နေကြပါတယ်။ ဒီဘုန်းကြီးကျောင်းဝင်းအတွင်း မြစ်ရေတက်ချိန်က ၀င်ထားတဲ့ရေတွေဟာ ရေပုပ်တွေအဖြစ် တင်ကျန်နေသလို မသန့်ရှင်းတဲ့ရေနဲ့ ချက်ပြုတ်မိတဲ့ အစားအစာတွေကနေ အခုလို အဆိပ်သင့်တာ ဖြစ်တယ်လို့ လူနာတွေကို ကူညီပေးနေတဲ့ ဆရာဝန်တွေကပြောသလို များပြားတဲ့ လူနာတွေကြောင့် ဆေးဝါးအခက်အခဲလည်း ရှိနေတယ်လို့ ပြောပါတယ်။

ဒေါ်မာမာအေး ပြည်တော်မပြန်သေး

အမေရိကန်နိုင်ငံတွင် နေထိုင်နေသည့် အဆိုတော်ကြီး ဒေါ်မာမာအေးက မကြာမီ မြန်မာနိုင်ငံသို့ ပြန်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။

daw-mar-mar-aye
ဒေါ်မာမာအေး (ဓာတ်ပုံ - မိုးမခ)



ဒေါ်မာမာအေးမကြာမီ မြန်မာနိုင်ငံသို့ ပြန်တော့မည်ဖြစ်ကြောင်း၊ အဆိုတော် ဇော်ဝင်းထွဋ်နှင့် လျှပ်တပြက်ဂျာနယ် ထုတ်ဝေသူ ဦးမြတ်ခိုင်တို့ စီစဉ်သည့် ဂီတဖျော်ဖြေပွဲတွင် ၀င်ရောက်သီဆိုရန်ဖြစ်ကြောင်း ပြည်တွင်းစာနယ်ဇင်း အသိုင်းအ၀န်း၌ သတင်းများ ထွက်ပေါ်နေသည်။

တရုတ်အပေါ်ပြန်မေးစရာမေးခွန်း-သတင်း ဆောင်းပါး

အာဏာရှင်တွေကို ထောက်ခံသူများအတွက် မေးခွန်း (၅) ခု


“တရုတ်အတွက်ကတော့ အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊ စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့ မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန် အရေးယူပေးမှနောင်တချိန်တရုတ်-မြန်မာဆက်ဆံရေးမှာမြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊ မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန် မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို မထိလေးစားပြုမဲ့အကြောင်း… ”
ဟောင်ကောင်သတင်းဋ္ဌာနမှာ ပြောဆိုသွားတာတွေကို ဘာသာပြန်ထားတဲ့ စာသားတွေထဲကပါ။       သတင်းဋ္ဌာနမှာကြငြာတဲ့ပုဂ္ဂိုလ်ကဝေဖန်ပိုင်းခြားတာလား။ အစိုးရကိုယ်စားခြိမ်းခြောက်နေတာလား။ဒေါသတကြီးတုန့်ပြန်သလားမတုန့်ပြန်ဘူးလား
ဆိုတာလေသံအတက်အကျကိုသုံးသပ်တာထက် အဓိပ္ပါယ်တွေကို ဘာသာပြန်ကြည့်တာ ပိုမှန်ပါလိမ့်မယ်။

လူ့အခွင့်အရေးအခြေအနေကိုင်တွယ်ဖို့ ဥပဒေပြင်ဆင်မှုတွေ လိုအပ်

By မိုးဇော် ။  ။  သောကြာ, 07 အောက်တိုဘာ 2011

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူအခွင့်အရေးဖောက်ဖျက်တာတွေကို တိုင်ကြားနိုင် ကြောင်း ဒီကနေ့ ထုတ်ပြန်လိုက်တဲ့အပေါ်မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြိုဆိုလိုက်ပေမဲ့ ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ဥပဒေတချို့ဟာ လူတဦးချင်းရဲ့ အခြေခံ လွတ်လပ်ခွင့်ကို ဆန့်ကျင်နေတာ ကြောင့်ဖြစ်ပြီး ဒီဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်မယ်လို့လည်း ဝေဖန်ထောက်ပြကြပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ချောက်လိုက်ချော့လိုက်လုပ်နေပြီ-ကိုတရုတ်ရယ်။

မြစ်ဆုံစီမံကိန်းကြောင့် ထိခိုက်မှုမရှိဟု တရုတ်သတင်းစာ ရေးသား

2011-10-07  RFA
မြန်မာနိုင်ငံမှာ CPIC တရုတ် စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်းက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိနိုင်ကြောင်း တရုတ်အစိုးရပိုင် People's Daily သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။
CPIC ဟာ မြစ်ဆုံစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေဖို့အတွက် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အဲဒီ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ မကြာသေးခင် နှစ်တွေအတွင်း မြန်မာနိုင်ငံ စီးပွားရေး တည်ဆောက်မှု လုပ်ငန်းတွေမှာ တရုတ် ကုမ္ပဏီတွေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပြီး အဆင့်မြင့် နည်းပညာနဲ့ အထောက်အကူပစ္စည်း အများအပြားကိုလည်း ကူညီပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။

စိုက်ပျိုး​စရိတ်​ချေး​ငွေကိစ္စ တိုင်တန်း​သူများ​ ခြိမ်း​ခြောက်ခံရ
Published on October 7, 2011 by နေသွင်   ·


စိုက်ပျိုး ​စရိတ်​ချေး​ငွေမရသဖြင့် မ​ကျေနပ်လို့ တိုင်တန်း​တဲ့​ လယ်သမား​တွေကို မြို့နယ် စိုက်ပျိုး​ရေး​ဘဏ်အရာရှိက သူ့ရုံး​ကို ​ခေါ်ပြီး​ ဆူပူခြိမ်း​ခြောက်ခဲ့​တယ်လို့​ လယ်သမား​ ​တွေက ​ပြောပါတယ်။ပဲခူး​တိုင်း​ သနပ်ပင်မြို့​နယ် ကျိုက်မဲ ​ကျေး​ရွာက လယ်သမား​ ၁၇ ဦး​ဟာ စိုက်ပျိုး​ရေး​ အမ​တော်​ကြေး​ မရတာကို မ​ကျေနပ်လို့​ တိုင်း​ဝန်ကြီး​ချုပ်အထိ စာပို့​ တိုင်ကြား​ခဲ့​တဲ့​နောက်မှာ မြို့​နယ် စိုက်ဘဏ်အရာရှိက လယ်သမား​တွေကို သနပ်ပင်မြို့ ကို ဒီ​နေ့​မှာ ဆင့်​ခေါ်ခဲ့​တာပါ။

လယ်သမား​တဦး​က “သူက ပထမဆုံး​ ကျ​နော်တို့​ကို လယ်မရှိတဲ့​သူ​တွေ စာရင်း​တင်လို့​ပြောပါတယ်။ စာရင်း​တင်လို့​ စာချုပ်မှာ လယ်မရှိတာ မှန်ကန်ရင် အဲ့​လူဆီက ​ငွေ အတိုး​ရော အရင်း​ပါပြန်​တောင်း​တယ်၊​ ထိုက်သင့်​သ​လောက် ပြစ်ဒဏ်ဆိုလည်း​ ပြစ်ဒဏ်​ပေး​မယ်​ပြောတယ်၊​ အမ​တော်​ကြေး​ကို ​ပေး​မယ်ဆိုပြီး​ မန်​နေဂျာက တရား​ဝင်​ပြောတယ်။ အခုကျ​တော့​ သူက လယ်မရှိတဲ့​သူ​တွေ စာရင်း​တင်ပြီး​တော့​ တမျိုး​ပြောတယ်။ ကျ​နော်တို့​ကို ​ဟောက်တယ် မာန်တယ်။ လယ်မရှိတဲ့​စာရင်း​ထဲမှာ ပါတဲ့​သူ​တွေကို သူတို့​ကစုံစမ်း​မယ်တဲ့​။ လယ်တကယ်ရှိ​နေရင် သူတို့​က ကျ​နော်တို့​ကို တရား​ပြန်စွဲမယ်လို့​ ​ပြောတယ်။
မြန်မာအစိုးရ ဆီးရီးယားနှင့် မတူ၊ သဘောထားကြီးဟု အမေရိကန်ပြော
Friday, 07 October 2011 13:37


လုပ်ဆောင်စရာများစွာ ရှိနေသေးသည့်တိုင် မြန်မာအစိုးရ အဖွဲ့သည် ပြုပြင်ပြောင်းလဲရေး သမားများနှင့် သဘောထားကြီးသူများ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမား အစိုးရက အသိအမှတ်ပြု ပြောဆိုလိုက်သည်။

“မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ စိတ်သဘောထား ကြီးကြီးထားသူတွေ ပိုမိုပါဝင်လာပြီး ကျမတို့နဲ့ အလုပ်တွဲလုပ်နိုင်တဲ့အတွက် ကျေနပ်ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ တကယ်လို့သာ ဆီးရီးယားနိုင်ငံလို အခြေအနေမျိုးသာဆိုရင် တမျိုးတမည်ဖြစ်ကုန်မှာပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဆီးရီးယားနိုင်ငံတွင် သမ္မတ ဘာရှားအာဆတ်က လူထုအုံကြွမှုကို အကြမ်းဖက်နှိမ်နင်းနေပြီး သေဆုံးသူပေါင်း ၂၆၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ သမ္မတ ဘာရှားအာဆတ်အစိုးရက နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများကို လျစ်လျူရှုလျက်ရှိကြောင်း သတင်းများအရ သိရသည်။

“မြန်မာပြည်မှာ ပြောင်းလဲလာတဲ့ ပထမဆုံးတချက်ကတော့ အတိုက်အခံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိနေတဲ့ အစိုးရခေါင်းဆောင်တွေ တက်လာတာပါပဲ” ဟု ဗစ်တိုးရီးယား နုလန်းက သတင်းထောက်များ၏ အမေးကို ဖြေကြားသည်။

တနင်္သာရီ ၀န်ကြီးချုပ် ပြင်းထန်စွာ သတိပေးခံရ

Friday, 7 October 2011

တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်နှင့် အစိုးရအဖွဲ့သည် အဂတိလိုက်စားမှု ကိစ္စများနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း၌ သမ္မတ ဦးသိန်းစိန် ၏ ပြင်းထန်စွာ သတိပေးခြင်း ခံရကြောင်း သိရသည်။

Khin-Zaw
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် (ဓာတ်ပုံ - အားကစားဝန်ကြီးဌာန)
တနင်္သာရီတိုင်း အတွင်း ဆန်တင်သွင်းခွင့် ချုပ်ကိုင်ထားမှုနှင့် ပတ်သက်သည့် ဦးခင်ဇော် ၏ အဂတိ လိုက်စားမှုများကို ပြီးခဲ့ သည့် လများအတွင်း ဧရာဝတီက နှစ်ကြိမ်တိုင် ထုတ်ဖော် ရေးသား ခဲ့သည်။

ဦးခင်ဇော်အား ဒေသခံ ပြည်သူများ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးခန့် စုပေါင်း၍ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို) သို့ တိုင်ကြားသောကြောင့် ယခုကဲ့သို့ သတိပေးခံရခြင်းဖြစ်သည်ဟု ဒေသခံ လွှတ်တော် ကိုယ်စား လှယ်များက ပြောဆိုကြသည်။

မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ပေးဖို့ ထိုင်းစောင့်ကြည့်မည်  

   ကြာသပတေး, 06 အောက်တိုဘာ 2011(သတင်း-ဒေါ်ခင်စိုးဝင်း)


ထိုင်းနိုင်ငံက ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအာစီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေး အဆိုပြုချက်ကို တရားဝင်ထောက်ခံနိုင်ဖို့အတွက် လက်ရှိအာစီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ အကဲဖြတ်မှုကို စောင့်ဆိုင်းဖို့ လိုသေးတဲ့အကြောင်း ထိုင်းအစိုးရပြောခွင့်ရသူက ဒီနေ့ VOA ကိုပြောဆိုလိုက်ပါတယ်။  ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ရဲ့ ခရီးစဉ် အတွင်း ဒေါ်အောင် ဆန်းစုကြည်နဲ့ မတွေနိုင်ခဲ့တာဟာလည်း လျစ်လျူရှုတဲ့ သဘောမဟုတ်ဘဲ နေ့ချင်းပြန် နေ့ဝက်ခရီးဖြစ်တဲ့အတွက် မတွေ့နိုင်ခဲ့တာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ထွန်းရေး ဆက်လက်အားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံတင်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဒီကနေ့ ထုတ်ပြန်တဲ့ မြန်မာသတင်းစာတွေမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန်အဆိုပြုချက်ကို ထိုင်းနိုင်ငံရဲ့ထောက်ခံမှု ကျေးဇူးတင်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဒါ့ကြောင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ခရီးစဉ်နဲ့အတူ လိုက်ပါသွားခဲ့တဲ့ ထိုင်းအစိုးရပြောခွင့်ရသူ Khun Titima Chaisang ကို မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေး အဆိုပြုချက်ကို  ထိုင်းနိုင်ငံက ထောက်ခံတဲ့ အကြောင်း ပြောဆိုဖြစ်ခဲ့ပါသလားလို့ ဗွီအိုအေက မေးကြည့်တဲ့အခါမှာ
“ထောက်ခံတယ်လို့ ပြောဖို့ အချိန်မကျသေးပါဘူးတဲ့။ ကျမတို့အနေနဲ့ ဒီအချိန်မှာ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ အကဲဖြတ်တဲ့အဖြေကို စောင့်ဆိုင်းဖို့ လိုနေပါသေးတယ်တဲ့။ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းမှုတွေကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်တဲ့။ ဒါ့ကြောင့် ဒီအချိန်မှာ ထောက်ခံတယ်လို့ တခါတည်း အပြတ်ပြောလို့ မရသေးပါဘူးလို့ ပြောသွားတာပါ။ ထိုင်းနိုင်ငံအနေနဲ့ တခြား အာဆီယံနိုင်ငံတွေ နည်းတူ တစုတစည်းတည်း ညီညွတ်တဲ့အသံနဲ့ ဆုံးဖြတ်တဲ့နေရာမှာ ပါဝင်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် နယ်စပ်ဒေသကုန်သွယ်ရေး အခြေခံအဆောက်အဦ စီမံကိန်းတွေ၊ နောက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး စတာတွေကို နှစ်နိုင်ငံနားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရတာတွေလည်း ရှိပါတယ်တဲ့။

ငြိမ်းချမ်းရေး နိုဘယ်ဆုစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် လျာထား

2011-10-06  RFA(သတင်း)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက နောက်ထပ် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားလိုက်ပါတယ်။
မနက်ဖြန် ကြေညာမယ့် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထားခံရတဲ့သူ ကိုးဦး စာရင်းကို ဒီကနေ့ ထုတ်ပြန်ရာမှာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်သွင်းဖော်ပြထားတာပါ။

ငြိမ်းချမ်းစွာဆန္ဒပြမှု အပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင်

2011-10-06  RFA(သတင်း)
လမ်းမပေါ်ထွက် ဆန္ဒပြကြတာကို ငြိမ်းချမ်းစွာ ဆောင်ရွက်မယ်ဆိုရင် ဒီမိုကရေစီ ရရှိရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။


လွန်ခဲ့တဲ့ သီတင်းပတ် အတွင်း ရန်ကုန်မြို့မှာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်း ပြောဆိုတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA ပရိသတ်တဦးက အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

 "အေးအေးချမ်းချမ်း စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီ ရရှိရေးကို အားပေးသောအားဖြင့် လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီ ခရီးစဉ်ကို အနှောက်အယှက်ပေးမယ်လို့ မထင်ပါဘူး။" ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့က ရန်ကုန်မြို့မှာ လူတွေရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရကြား ဆွေးနွေးမှုတွေကို ထိခိုက်နိုင်ခြင်း ရှိပါသလားလို့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ် အမေးအဖြေ ကဏ္ဍမှာ သောတရှင်တဦးက မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်လည် ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် မကြာမီ အိန္ဒိယ သွားမည်

သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံသို့ ၎င်း၏ သမ္မတသက်တမ်းအတွင်း ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မည် ဖြစ်ပြီး ခရီးစဉ် ကာလမှာ အောက်တိုဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ ဖြစ်ကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။ သမ္မတ၏ အိန္ဒိယ ခရီးစဉ်အပြီးတွင် ဒု သမ္မတ သီဟသူရတင်အောင်မြင့်ဦးက တရုတ်နိုင်ငံသို့သွားရောက်မည် ဖြစ်သည်။ ၎င်းခရီးစဉ် ၏ တရားဝင် ရည်ရွယ်ချက်မှာ အောက်တိုဘာလ ၂၁ မှ ၂၆ ရက်အထိ တရုတ်နိုင်ငံတွင် ကျင်းပမည့် တရုတ်-အာဆီယံ ဆွေးနွေးပွဲသို့ တက် ရောက်ရန်ဖြစ်ပြီး မကြာမီကရပ်တန့်လိုက်သည့် မြစ်ဆုံဆည်အရေးကိုလည်း တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

Thursday, October 6, 2011


Thursday, October 6, 2011


ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တရုတ်ပြည်သွားမည်။

 သီဟသူရ ဦးတင်အောင်မြင့်ဦး

ဝတို့ မျက်နှာကိုလည်းထောက်ပါအုံး ပေါက်ဖေါ်ကြီးရယ်
ဝလာမှာပေါ့ ၀လည်းပြေးရတော့မယ်။

On the afternoon of 22 July 2005, Member of the State Peace and Development Council (SPDC) Quartermaster-General Lt-General Thiha Thura Tin Aung Myint Oo cordially received Ambassador Li Jinjun and Sr.cd Ma Shoudong,Military Attache at Zeyathiri Beikman Hall on Konmyinttha. They deeply exchanged views on further enhancing bilateral cooperation and friendship between the two countries and armed forces.

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် လာမည့်လလည်ပိုင်းအတွင်း တရုတ်နိုင်ငံ
နန်နင်းကုန်စည်ပြပွဲကိုသွားရောက်မည်ဖြစ်ပြီး လျှပ်စစ်ဝန်ကြီးဇော်မင်းနဲ့ ၀န်ကြီးတချို့ ကိုခေါ်
ဆောင်သွားလိမ့်မယ်လို့  ပြည်တွင်းမှလာသော သတင်းများအရ သိရှိရသည်။ယခင် စစ်အစိုးရ 
လက်ထက်က စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူခဲ့သော ဦးတင်အောင်မြင့်ဦးသည် 
လာမည့် တရုတ်ပြည် ခရီးစဉ်တွင် ဧရာဝတီ မြစ်ဆုံကိစ္စကို တရုတ်အစိုးရနှင့် ညှိနှိုင်းဖွယ်ရှိပြီး လလည်ပိုင်းတွင် တရုတ်ပြည်သို့ သွားမည်ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေပါသည်။

Thursday, October 6, 2011


မြစ်ဆုံကိစ္စ ဗိုလ်ချုပ်ကြီးများ လဒ်စားမှု လွှတ်တော်တွင် ဖေါ်ထုတ်သင့်

  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က
လည်းမတ်လ ၃၁ ရက်နေ့တွင် ကျင်းပသော မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား
တွင် အစိုးရဌာနများ၌ ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန်
ထည့်သွင်းပြော ဆိုခဲ့ပါသည်။
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့်အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း CPI ဥက္ကဋ္ဌ ခြိမ်းခြောက်

Wednesday, 05 October 2011 18:42
b27_10
တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှို(ဓါတ်ပုံ - Bloomberg News)
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီဆိုသော သတင်းနှင့်
ပတ်သက်ပြီး ထိုင်းအစိုးရသတင်းဌာန ဆင်ဟွာ က
တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှိုကို
မေးမြန်းခဲ့ရာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဆိုခြင်းမှာ
တည်ဆောက် မှုများ ရပ်ဆိုင်းသည်ဟုဆိုလိုပါက
ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။
၂၀၁၂ခုနှစ်မှစ၍ ၂၀၁၅ ခုနှစ် မရောက်မီကာလအတွင်း သဘာဝသစ်တောများမှ သစ်ထုတ်ယူမှုများကို ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန်စီစဉ်
Wednesday, 05 October 2011 14:16
၂၀၁၂ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သဘာဝသစ်တောများမှ သစ်ထုတ်ယူ မှုများကို ၂၀ ရာခိုင်နှုန်းလျှော့ချသွား မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်မတိုင်မီ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံသစ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။ ၁၉၇၅ ခုနှစ်ဝန်းကျင်မှ စတင် လျော့ကျလာသည့် မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုဧရိယာသည် ယခု နှစ်တွင် နိုင်ငံဧရိယာ၏ ၄၁ ရာခိုင်နှုန်း သာကျန်ရှိတော့ရာ ယခုကဲ့သို့လျှော့ချ နိုင်ရန် သက်ဆိုင်ရာမှ စီစဉ်ခြင်းဖြစ် ကြောင်း သိရှိရသည်။
သစ်တောဦးစီးဌာန၏ ထုတ် ပြန်ချက်များအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၁၉၇၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်တွင် ၅၉ ရာခိုင်နှုန်း၊ ၁၉၉၈ ခုနှစ်တွင် ၅၂ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ် တွင် ၄၇ ရာခိုင်နှုန်း အထိ ကျဆင်း လာကြောင်းထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Mr. Ryota TAKEDA ဦးဆောင်သည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်အဖွဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အပါအ၀င် ပြည်သူ့လွှတ်တော် ကော်မတီလေးရပ်မှ ဥက္ကဋ္ဌ များနှင့် တွေ့ဆုံ
Wednesday, 05 October 2011 14:17
4274
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျပန် အောက်လွှတ်တော် အမတ် ဦးဆောင်သည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ
ပါဝင်သည့် အဖွဲ့အား နေပြည်တော် ပြည်သူ့လွှတ်တော်ရှိ ဥက္ကဋ္ဌ၏ခန်းမတွင် အောက်တိုဘာလ ၃ ရက်နေ့က တွေ့ဆုံစဉ်
ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ် Mr. Ryota TAKEDA ဦးဆောင်သည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့် အဖွဲ့သည် အောက်တိုဘာလ ၃ ရက်နေ့ နံနက် ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအ၀င် ပြည်သူ့ လွှတ်တော် ကော်မတီ သုံးရပ်မှ ဥက္ကဋ္ဌများနှင့် ပြည်သူ့လွှတ်တော်ရှိ ဥက္ကဋ္ဌ၏ ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ရေပိုင်နက်နယ်နိမိတ် သတ်မှတ်ရေး အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ၌ နိုင်ငံတကာမှ ဥပဒေပညာရှင်များ ကျွမ်းကျင်သူများကို ငှားရမ်းဆောင်ရွက်ခဲ့
Wednesday, 05 October 2011 14:32
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်  နိုင်ငံတို့အကြား ရေပိုင်နက် နယ်နိမိတ် သတ်မှတ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင် ဥပဒေပါရဂူများ၊ ဥပဒေပညာရှင် များအဖွဲ့နှင့် ပင်လယ်ပြင် တိုင်းတာရေး ကျွမ်းကျင်သူများ၊ ရှေ့နေများကို  ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြည်သူ့လွှတ်တော်သို့ ရှင်းလင်းဖြေကြားချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၏ မေးမြန်းချက် ကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်း၌ နိုင်ငံတကာ သင်္ဘောကြီးများ အလွယ်တကူ ၀င်ထွက် သွားလာနိုင်ရန် ရေလမ်းကြောင်းများ ပြုပြင်လျက်ရှိ


4272
ကျောက်ဖြူမြို့ရှိ သံဇစ်မြစ်အတွင်း ရေလမ်းကြောင်းပြုပြင်မှုများ လုပ်ဆောင်နေစဉ်



Wednesday, 05 October 2011 12:47
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ အိန္ဒိယ သမုဒ္ဒရာအတွင်းသို့ ရေနံတင်သင်္ဘော ကြီးများ ၀င်ထွက်သွားလာနိုင်ရန် ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်း ရေအောက်ကြမ်းပြင်ကို စက်ယန္တရားများဖြင့် တူးဖော်နေကြောင်း သိရသည်။
မဒေးကျွန်း ရေနက်ဆိပ်ကမ်းအတွက် အဓိကကျသော ရေလမ်းကြောင်း ဖြစ်ပြီး တန်ချိန်သုံးသိန်းနှင့် အထက် သင်္ဘောကြီးများ ၀င်ထွက်သွားလာ နိုင်ရန်အတွက် ကမ်းဦးရေတိမ်ပိုင်းနှင့် ရေအောက်မြစ် ကြမ်းပြင်နေရာများကို တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေလမ်းကြောင်းတူးဖော်ရေး လုပ်ငန်းကို  DHARTY- Co.ltd မှ သောင်တူးသင်္ဘောဖြင့် နေ့ရောညပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။