အချိန်တိုတို သွားလာနိုင်မည့် နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး ဖွင့်လှစ်တော့မည်
ရန်ကုန်-နေပြည်တော်-မန္တလေးခရီးစဉ်ကို
အချိန်တိုတိုနှင့် ခရီးစဉ်ချောမွေ့ မြန်ဆန်စွာ သွား လာနိုင်မည့်
ခရီးမိုင်အရှည် ၃၅၂ မိုင်ရှိ ရန်ကုန်-နေပြည်တော်-မန္တ လေး အမြန်လမ်းမကြီးကို
အောက် တိုဘာ ၁၆ ရက်တွင် ဖွင့်လှစ်တော့ မည်ဖြစ်ကြောင်း နေပြည်တော်-မန္တလေး
အမြန်လမ်းမကြီး ဖောက် လုပ်ရေးလုပ်ငန်းမှ သိရသည်။
ယခင် ရန်ကုန်-မန္တလေး
ကားလမ်းမကြီးမှ နေပြည်တော်-မန္တလေးခရီးစဉ်ကို ၆ နာရီကြာ သွားလာနိုင်ရာမှ ယခု
နေပြည် တော်-မန္တလေး အမြန်လမ်းမကြီးမှ ၃ နာရီနှင့် အချိန်တိုအတွင်း ခရီး
ပေါက်သွားလာနိုင်တော့မည်ဖြစ် ကြောင်းသိရသည်။ နေပြည်တော်နှင့် နေပြည်
တော်ပျဉ်းမနားမြို့နယ်မှ မန္တလေး ဘက်သို့သွားမည့် ခရီးစဉ် အတွက်
နေပြည်တော်-မန္တလေး အမြန် လမ်းမကြီးပေါ် တက်မည်ဆိုလျှင် နေပြည်တော်-တောင်ညို-
တောင် တွင်းကြီး ကားလမ်းမကြီးပေါ်ရှိ ကျွဲရှင်းတံတား၊ ငါးလိုက်ဆည်၊
ငါးလိုက်ကန်သာ ဟိုတယ်ထိပ်မှ သွားမည့်လမ်းသည် အနီးဆုံး ချဉ်းကပ်လမ်းဖြစ်ပြီး
နေပြည်တော် -ရန်ကုန်ခရီးစဉ်အတွက် နေပြည် တော်-ရန်ကုန် အမြန်လမ်းမကြီး ပေါ်
တက်မည်ဆိုလျှင် စီလမ်းဆုံ သည်အနီးဆုံး ချဉ်းကပ်လမ်းဖြစ် ကြောင်း နေပြည်တော်
အဝေးပြေး ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။
(သတင်း)မျိုးသီဟကို
Saturday, October 8, 2011
လိုအပ်သည်များကိုလုပ်ပါ။လိုအပ်ချက်များကိုဦးစားပေးပါ။
နေပြည်တော်သည် ဟိုတယ်အများဆုံးရှိရာဒေသ ဖြစ်လာမည်
၂ဝ၁၃ ခုနှစ်တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နေပြည်တော် သည် မြန်မာနိုင်ငံ၌ ဟိုတယ်အများ ဆုံးရှိသော မြို့ဖြစ်လာမည်ဟု ဟိုတယ်နှင့် ခရီးသွား လာရေး လုပ် ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ထုတ်ပြန် သော စာရင်းများအရ မြန်မာနိုင်ငံ ၌ တည်ဆောက်ဖွင့်လှစ်ပြီးသော နိုင်ငံသားပိုင်ဟိုတယ်အရေအတွက် ၆၃၂ လုံးရှိသည့်အနက် ရန်ကုန်မြို့ ၌ ၁၆၂ လုံး၊ မန္တလေးမြို့၌ ၆၈ လုံး၊ ပုဂံ၌ ၇၆ လုံး၊ ညောင်ရွှေÝ၌ ၄ လုံးနှင့် နေပြည်တော်တွင် ၁၂ လုံးရှိကြောင်း၊ ထို့အတူ ပြည်ပမှ
မြန်မာပြည်ပြောင်းလဲပြီ ဆိုတာ ?
အော် .........................
နေပြည်တော်က လွှတ်တော် အမတ်တွေကို သဘောကျလို့လား။
တော်တော်လေးကိုပြောင်းလဲလာတဲ့ မြန်မာပြည်ပါ။
![]() |
ရှက်စရာကောင်းလောက်သောမြန်မာ မဆန် ဟန်မရှိ မင်းသားများ |
ဖိုးရှုပ်လေးဘလောက်မှာဖေါ်ပြထားတာပါ။
ဒါကိုကြည့်ရင်မြန်မာပြည်ကဝတ်စားဆင်ရင်မှု့ဟာ တရုတ်ကိုအားပေးတာလား။
မြန်မာဆန်ပါတယ်ဆိုတဲ့တိုက်ပုံ ကို တရုတ်ဆန်ဆန် ဖြစ်အောင်ပြောင်းလိုက်တာလား။တရုတ်ကို အားပေးနေတာလား။ဆင်ခြင်ကြပါ။မြန်မာတို့ရယ်။ ကိုယ့်လူမျိုးကို ကိုယ်ချစ်ကြပါ။ကိုယ့်ဟန်နဲ့ ကိုယ့်မူကိုရှာကြပါ။သိပ်ပြီးသိသာအောင်လုပ်ရင် အမျိုးကိုပါလာထိခိုက်ပါတယ်။
ပြည်သူများကမှန်ကန်သောမျက်လုံးများနဲ့ အားပေးကြပါ။ မမှန်ကန်မှု့မျိုးကို ရှတ်ချကြပါ။
ထိုင်းဝန်ကြီးချုပ်အပေါ် ဝေဖန်မှု့များပေါ်ထွက်လာ
ဒေါ်အောင်ဆန်းစုကြည်ကို လစ်လျူရှုလိုက်ခြင်းသည် ထိုင်းဝန်ကြီးချုပ်၏အမှားဟုဆို

(The
Nation မှ 6 Oct 2011 ရက်စွဲပါ “Thai PM might have made blunder by
ignoring Suu Kyi” ကို yangon chronicle မှဘာသာ ပြန်ဆိုသည်)
ထိုင်းဝန်ကြီးချုပ်ယင်းလပ်ရှင်နာဝပ်ထရာသည်
ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ် သွားရောက်ရာတွင်
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန်
ပျက်ကွက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုများ နှင့်အတူ
လိုက်ပါနိုင်မည့် ရွှေရောင်အခွင့်အလမ်းကို ဆုံးရှုံးသွားကာ ပြောင်း လဲနေသော
ဒေသတွင်း ပထဝီနိုင်ငံရေးထဲသို့ ထိုင်းနိုင်ငံကို ထည့်သွင်းလိုက်ပြီ
ဖြစ်သည်။
နေပြည်တော်လေဆိပ်သို့ မွန်းလွဲပိုင်းတွင် ဆင်းသက်ခဲ့သော ယင်းလပ်ရှင်နာဝပ်ထရာသည် မြန်မာ့မြေပေါ်တွင် ၁ဝ နာရီမျှသာ အချိန်ဖြုန်းကာ သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ ရာသီဥတု စောင့်ကြည့်လေ့လာရေး ကဏ္ဍ တိုးတက်ရေးကို ကူညီရန်အတွက် မိုးလေဝသနှင့် ဇလဗေဒ တိုင်းတာရေးကိရိယာများကို ယင်းလပ်က လွှဲပြောင်းပေးအပ်ခဲ့သည့်အပြင် ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ပြင်ဆင်ဖြင့် နှင့် လမ်းဖောက်လုပ်ခြင်း ဆိုင်ရာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကိုလည်း တက်ရောက် ကြည့်ရှုခဲ့သည်။ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကိုလည်း ထိုင်းဝန်ကြီးချုပ်က သွားရောက် ဖူးမျှော် ခဲ့သည်။
ဝန်ကြီးချုပ်၏ တရားဝင်ခရီးစဉ်သည် ညပိုင်းတွင် ပြီးဆုံးကာ နေပြည်တော်မှ ပြန်လည်မထွက်ခွာမှီ မြန်မာသမ္မတ ဦးသိန်းစိန်က ထိုင်း ဝန်ကြီးချုပ် နှင့် ကိုယ်စားလှယ်အဖွဲ့ကို ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များစွာ ဝယ်ယူတင်သွင်းနေ ရခြင်းကြောင့် မြန်မာခေါင်းဆောင် ပိုင်းနှင့် ဆွေးနွေးရာတွင် စွမ်းအင်ကိစ္စအပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို အဓိက ဦးတည် ဆွေးနွေးလိမ့်မည်ဟု ယခုခရီးစဉ်မတိုင်မီတွင် အစိုးရ သတင်း ရပ်ကွက် က ပြောကြားသည်။

ထိုင်းဝန်ကြီးချုပ်ယင်လက်ခ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ |
Thursday, 06 October 2011 01:21 |
ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ်ထရာသည် အောက်တိုဘာ ၅ ရက်နေ့က မြန်မာနိုင်ငံသို့ တစ်ရက်တာ အလည်အပတ်ခရီးစဉ် လာရောက်ခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန် မြှင့်တင်ရန်အတွက် အိမ်နီးချင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သော ခရီးစဉ်တွင် ၀န်ကြီးချုပ်ယင်လပ်ခ်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ |
တိုင်းပြည်တိုးတက်သည်ဟုပြောနေသူတရုတ် လူတွေကမတိုးတက်သေး
တိုးတက်နေတယ်ဆိုသော တရုတ်၏ နည်းပညာများကို အထင်ကြီးသူများနှင့်
မြန်မာပြည်မှ ညီအကိုမောင်နှများ အပျင်းပြေ ကြည့်၇ှု့ရန် ဗီဒီိယို လင့်ကို တင်ပေးလိုက်ပါတယ်။
ထိုလူမျိုးများ ကို မြန်မာပြည်ကအားကိုလျှင် ထိုလောက်သော အဆင့်ကိုပဲရမှာပါ။
ကောင်းတာယူပြီးမကောင်းတာ ဖယ်လိုက်မယ်လို့တော့ဆင်ခြေမပေးလိုက်ပါနဲ့။
ဒီထက်ပိုကောင်းသောနေရာတွေ ကမ္ဘာမှာ အများကြီးရှိပါတယ်။ ကိုယ်တိုင်းပြည်ကောင်းစားရေးအတွက်
အောက်ကျို့တာခြင်းတူယင် တခါနဲ့ပဲကောင်းတဲ့ဆီ သွားလိုက်ပါ။ ဗိုလ်ချုပ်ကြီးများရယ်-ဒီကိုနှိပ်ပြီးတရုတ်ရဲ့ အကျင့်စရိုက်များ အတွေးအခေါ်လူမျိုးအဆင့်အတန်းကြည့်ရန်
တရုတ်မြို့လည်ခေါင် ရဲ့စည်းကမ်း
ရူးနေသောလုပ်ရပ်များ
လမ်းစည်းကမ်းကို ကမ္ဘာကမှတ်တမ်းတင်လမ်းကိုဆန့်ကျင်ဖက်မောင်း
တရုတ်တို့၏ လိုက်နာမှု့များ
ကားများကို ထိုသို့မောင်းနှင်သည့်တရုတ်
ဒါတွေကို ကမ္ဘာကဝေဖန်ထားတာတွေပါ။ တိုင်းပြည်မှာနေထိုင်တဲ့ ပင်ကိုယ်လူမျိုးများရဲ့စရိုက်ပါ။
ဘယ်လောက်တိုးတက်လာတယ်ပြောပြော သူတို့ရဲ့ အဆင့်အတန်းနဲ့သူပါ။
ကိုယ့်တိုင်းပြည်က အတုမယူဘို့လိုပါတယ်။ သူ့ကိုအားကိုလျှင် ဖြစ်သလိုနေတတ်သောအကျင့်၊ဖြစ်သလိုလုပ်
တတ်သော စရိုက်များကူးစက်လာမည်သာဖြစ်တယ်။

ရိုးသားစွာကြိုးစားပါ။မရိုးသားမှု့ကိုတိုက်ဖျက်ကြပါ။
ကိုယ့်တိုင်းပြည်ကို သူများတိုင်းပြည်တွေလို တိုးတက်လာစေချင်ရင် စိတ်ဓါတ်တွေပြင်စဉ်ကြပါ။
တဦးချင်းဆောင်ရွက်နိုင်သော စိတ်ဓါတ်ရိုးသားမှု့များကို ကြိုးပမ်းကြပါ။ မရိုးသားမှု့တွေပပျောက်မှ ၊
လူမျိုးဂုဏ်သိက္ခာ တိုင်းပြည်ဂုဏ်သိက္ခာတက်လာမည်။ ရိုးသားမှု့ဖြင့်တိုင်းပြည်ကို ဝိုင်းဝန်းတည်ဆောက်
ကြပါ။ မကောင်းသောလုပ်ရပ်ကို ဝိုင်းဝန်းတားဆီးရန်လိုပါသည်။အောက်တွင်ဖေါ်ပြထားသော သတင်း
တပုဒ်သည် ပြည်သူများယုံကြည်စိတ်ချ ရသည်ဟု ဆိုအပ်သော ဘဏ်လုပ်ငန်းလို နေရာတွင်ပင် ဤသို့သော တခါစား ယုတ်ညံ့သော ဝန်ထမ်းများရှိနေလျှင် တိုင်းပြည်၏ အခြားသော လုပ်ငန်းသေးငယ်
များတွင် ပြည်သူများ မည်သို့ အားကိုးယုံကြည်ရမည်နည်း။ထိုသို့သောကိစ္စ ပြဿနာများကို ဥပဒေ အရ အရေးယူမှု့များမပြင် လူမှု့အသိုင်းအဝိုင်းကြားတွင်ပါ လက်မခံသင့်ပေ။ လာဒ်စားမှု့များ၊ မိမိတာဝန်
ယူဆောင်ရွက်သောလုပ်ငန်း၏ လုပ်ပိုင်ခွင့်အပေါ် မိမိအတ္တအတွက် အခွင့်အရေးယူသူများကို လူမှု့အသိုင်းအဝိုင်းကြားတွင် လက်မခံပဲ ဝိုင်းဝန်းတားဆီးခြင်း၊ လူ့အသိုင်းအဝိုင်းကြားတွင် အကျင့်စာရိတ္တ
မကောင်းသူများ အဖြစ်လက်မခံသင့်ပေ။ထိုသို့ လူတိုင်းကညီညွှတ်စွာ ဝိုင်းလုပ်လျှင် ထိုသူများသည်
လောလောဆယ် မတရား ရှာရသောငွေသာ ပိုင်ဆိုင်သော်လည်း ရေရှည်တွင် လူတောတိုးဝန့်မည်မဟုတ်ပေ။ ထိုသူများမှမွေးဖွားလာသောသားသမီးများလည်းငွေကြေးချမ်းသာသော်
လည်း ကိုယ့်မိဘ မတရားရရှိထားသောငွေများကြောင့် အသက်ရှင်နေရသည်ကို ရှက်တတ်လာလိမ့်မည်။
အားလုံးထို သို့ မသမာသော အကျင့်ပျက်ဝန်ထမ်းများကို ဆန့်ကျင်ကြလျှင် ဆင်းရဲသူများအတွက်ကောင်း
မွန်သော အခြေအနေကိုရောက်လာပေလိမ့်မည်။ ပေးသူရှိလို့ယူသူရှိသည်။ ပေးသူမရှိလျှင် ဘယ်လောက်ပင်တောင်းတောင်း မောရုံသာပင်။
Tuesday, 04 October 2011 10:18
မန္တလေး အလင်း
news
မန္တလေးမြို့ရှိ ပုဂ္ဂလိကဘဏ် တစ်ခုမှ ငွေကျပ် ၁၂၅ သိန်းကို ဩဂုတ်လ
တတိယပတ်အတွင်းက ထုတ်ယူခဲ့ရာ ကျပ်တစ်ထောင်တန် တစ်သိန်းအုပ် ၂ အုပ်တွင်
အပေါ်နဲ့ အောက် တစ်ရွက်စီမှအပ ကျပ် ၂၀ဝ တန်များ ညှပ်ထားတာကိုရော နှော
ထုတ်ယူမိပါတယ်။ ထုတ်ယူခဲ့ သူက ကျွန်တော် အိမ်ရောင်းထား တဲ့ငွေကို
ပုဂ္ဂလိကဘဏ်မှာ ခဏ အပ်ထားတာပါ။ ပြန်ဝယ်မယ့်အိမ် ကို
စိတ်တိုင်းကျရှာလို့ရမှ ဘဏ်က နေ ငွေထုတ်တော့ အခုလို ကြုံရတာ ပါ။
၂၀ဝ တန်တွေ ညှပ်ထားတာကို

နိုင်ငံရေးအကျဉ်းသား (၆)ဦး လွတ်ရက်စေ့လို့ ပြန်လွတ်လာ
2011-10-07 RFA
အင်းစိန်ထောင်မှာ ဖောက်ခွဲမှုနဲ့ ထောင်ဒဏ် (၅)နှစ် ချမှတ်ခံထားရတဲ့ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ် နန်းဦးကျောင်းတိုက်က သံဃာ (၂) ပါး အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၆) ဦး ဒီကနေ့ မနက်ပိုင်းက လွတ်ရက်စေ့လို့ ပြန်လည်လွတ် မြောက်လာ ခဲ့ပါတယ်။
ဒီကနေ့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား သံဃာ (၂) ပါး က နန်းဦးကျောင်းတိုက်က ဦးခေမိန္ဒ နဲ့ ဦးဝိလာသ တို့ ဖြစ်ပြီး တခြားသူ ၄ ဦးကတော့ ကိုကျော်မျိုးမင်း၊ ကိုကျော်မျိုးဟိန်း၊ ကိုသက်နိုင်နဲ့ ကိုစံတိုးတို့ ဖြစ်ပါတယ်။ အာဏာပိုင် တွေက ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး အောက်တိုဘာလ (၁၁) ရက်နေ့မှာ နန်းဦးကျောင်းဝန်းအတွင်း ပေါက်ကွဲစေတတ်တဲ့ ယမ်းနဲ့ဗုံး ရှာတွေ့ခဲ့တယ်ဆိုကာ ဦးခေမိန္ဒနဲ့ ဦးဝိလာသတို့ သံဃာတော် (၂) ပါး အပါအ၀င် ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ ကိုကျော်မျိုးမင်း၊ ကိုသက်နိုင်၊ ကိုစံတိုးနဲ့ ကိုကျော်မျိုးဟိန်း တို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အမရပူရဆွမ်းကျွေး တစ်ထောင်နီးပါး အစာအဆိပ်သင့်
By သင်းသီရိ ။ ။
သောကြာ, 07 အောက်တိုဘာ 2011
မန္တလေးတိုင်း အမရပူရမြို့က ပွဲတော်ဘုန်းကြီးကျောင်းတွင်း ပြုလုပ်တဲ့ အလှူကနေ ကျွေးမွေးတဲ့ အစားအစာကို စားမိတဲ့ လူပေါင်း တစ်ထောင်နီးပါးလောက် အစာအဆိပ်သင့်တာ ဖြစ်နေကြပါတယ်။ ဒီဘုန်းကြီးကျောင်းဝင်းအတွင်း မြစ်ရေတက်ချိန်က ၀င်ထားတဲ့ရေတွေဟာ ရေပုပ်တွေအဖြစ် တင်ကျန်နေသလို မသန့်ရှင်းတဲ့ရေနဲ့ ချက်ပြုတ်မိတဲ့ အစားအစာတွေကနေ အခုလို အဆိပ်သင့်တာ ဖြစ်တယ်လို့ လူနာတွေကို ကူညီပေးနေတဲ့ ဆရာဝန်တွေကပြောသလို များပြားတဲ့ လူနာတွေကြောင့် ဆေးဝါးအခက်အခဲလည်း ရှိနေတယ်လို့ ပြောပါတယ်။
ဒေါ်မာမာအေး ပြည်တော်မပြန်သေး
ရန်ပိုင်
Friday, 07 October 2011 17:54
ဒေါ်မာမာအေး (ဓာတ်ပုံ - မိုးမခ) |
ဒေါ်မာမာအေးမကြာမီ မြန်မာနိုင်ငံသို့ ပြန်တော့မည်ဖြစ်ကြောင်း၊ အဆိုတော် ဇော်ဝင်းထွဋ်နှင့် လျှပ်တပြက်ဂျာနယ် ထုတ်ဝေသူ ဦးမြတ်ခိုင်တို့ စီစဉ်သည့် ဂီတဖျော်ဖြေပွဲတွင် ၀င်ရောက်သီဆိုရန်ဖြစ်ကြောင်း ပြည်တွင်းစာနယ်ဇင်း အသိုင်းအ၀န်း၌ သတင်းများ ထွက်ပေါ်နေသည်။
တရုတ်အပေါ်ပြန်မေးစရာမေးခွန်း-သတင်း ဆောင်းပါး
အာဏာရှင်တွေကို ထောက်ခံသူများအတွက် မေးခွန်း (၅) ခု
Posted by
abma on
Oct 5th, 2011 //
No Comment
“တရုတ်အတွက်ကတော့
အိမ်နီးချင်းမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားတဲ့အပြင် ဘာမှမပိုကြောင်း၊
စိုးရိမ်စရာမလိုကြောင်း၊ ဒီလိုမိတ်ဆွေမျိုးက ယုံကြည်ဖို့
မထိုက်တန်ကြောင်း၊ ဘယ်လို ပြင်းပြင်းထန်ထန် အရေးယူပေးမှနောင်တချိန်တရုတ်-မြန်မာဆက်ဆံရေးမှာမြန်မာတွေ ဆင်ခြင်နိုင်မှာဖြစ်တဲ့အကြောင်း၊
မြန်မာရဲ့ ဒီလိုအပြုအမူကို တရုတ်ဘက်က တစ်ခုခု ပြင်းပြင်းထန်ထန်
မတုံ့ပြန်ရင် တခြားအိမ်နီးချင်းနိုင်ငံငယ်တွေက တရုတ်ပြည်ကို
မထိလေးစားပြုမဲ့အကြောင်း… ”
ဟောင်ကောင်သတင်းဋ္ဌာနမှာ
ပြောဆိုသွားတာတွေကို ဘာသာပြန်ထားတဲ့ စာသားတွေထဲကပါ။ သတင်းဋ္ဌာနမှာကြငြာတဲ့ပုဂ္ဂိုလ်ကဝေဖန်ပိုင်းခြားတာလား။
အစိုးရကိုယ်စားခြိမ်းခြောက်နေတာလား။ဒေါသတကြီးတုန့်ပြန်သလားမတုန့်ပြန်ဘူးလား
ဆိုတာလေသံအတက်အကျကိုသုံးသပ်တာထက် အဓိပ္ပါယ်တွေကို ဘာသာပြန်ကြည့်တာ ပိုမှန်ပါလိမ့်မယ်။
ဆိုတာလေသံအတက်အကျကိုသုံးသပ်တာထက် အဓိပ္ပါယ်တွေကို ဘာသာပြန်ကြည့်တာ ပိုမှန်ပါလိမ့်မယ်။
လူ့အခွင့်အရေးအခြေအနေကိုင်တွယ်ဖို့ ဥပဒေပြင်ဆင်မှုတွေ လိုအပ်
By မိုးဇော် ။ ။
သောကြာ, 07 အောက်တိုဘာ 2011
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က
လူအခွင့်အရေးဖောက်ဖျက်တာတွေကို တိုင်ကြားနိုင် ကြောင်း ဒီကနေ့
ထုတ်ပြန်လိုက်တဲ့အပေါ်မှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကြိုဆိုလိုက်ပေမဲ့
ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကိုတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း
ထုတ်ဖော်ပြောဆိုပါတယ်။ မြန်မာပြည်မှာ ကျင့်သုံးနေတဲ့ ဥပဒေတချို့ဟာ
လူတဦးချင်းရဲ့ အခြေခံ လွတ်လပ်ခွင့်ကို ဆန့်ကျင်နေတာ ကြောင့်ဖြစ်ပြီး
ဒီဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်မယ်လို့လည်း ဝေဖန်ထောက်ပြကြပါတယ်။
အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗီအိုအေ သတင်းထောက် ကိုမိုးဇော်က
တင်ပြထားပါတယ်။
ချောက်လိုက်ချော့လိုက်လုပ်နေပြီ-ကိုတရုတ်ရယ်။
မြစ်ဆုံစီမံကိန်းကြောင့် ထိခိုက်မှုမရှိဟု တရုတ်သတင်းစာ ရေးသား
2011-10-07 RFA
မြန်မာနိုင်ငံမှာ CPIC တရုတ် စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်းက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိနိုင်ကြောင်း တရုတ်အစိုးရပိုင် People's Daily သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။CPIC ဟာ မြစ်ဆုံစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိစေဖို့အတွက် ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ အဲဒီ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ မကြာသေးခင် နှစ်တွေအတွင်း မြန်မာနိုင်ငံ စီးပွားရေး တည်ဆောက်မှု လုပ်ငန်းတွေမှာ တရုတ် ကုမ္ပဏီတွေ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပြီး အဆင့်မြင့် နည်းပညာနဲ့ အထောက်အကူပစ္စည်း အများအပြားကိုလည်း ကူညီပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။
စိုက်ပျိုးစရိတ်ချေးငွေကိစ္စ တိုင်တန်းသူများ ခြိမ်းခြောက်ခံရ
Published on October 7, 2011 by နေသွင် ·
စိုက်ပျိုး စရိတ်ချေးငွေမရသဖြင့် မကျေနပ်လို့ တိုင်တန်းတဲ့ လယ်သမားတွေကို မြို့နယ် စိုက်ပျိုးရေးဘဏ်အရာရှိက သူ့ရုံးကို ခေါ်ပြီး ဆူပူခြိမ်းခြောက်ခဲ့တယ်လို့ လယ်သမား တွေက ပြောပါတယ်။ပဲခူးတိုင်း သနပ်ပင်မြို့နယ် ကျိုက်မဲ ကျေးရွာက လယ်သမား ၁၇ ဦးဟာ စိုက်ပျိုးရေး အမတော်ကြေး မရတာကို မကျေနပ်လို့ တိုင်းဝန်ကြီးချုပ်အထိ စာပို့ တိုင်ကြားခဲ့တဲ့နောက်မှာ မြို့နယ် စိုက်ဘဏ်အရာရှိက လယ်သမားတွေကို သနပ်ပင်မြို့ ကို ဒီနေ့မှာ ဆင့်ခေါ်ခဲ့တာပါ။
လယ်သမားတဦးက “သူက ပထမဆုံး ကျနော်တို့ကို လယ်မရှိတဲ့သူတွေ စာရင်းတင်လို့ပြောပါတယ်။ စာရင်းတင်လို့ စာချုပ်မှာ လယ်မရှိတာ မှန်ကန်ရင် အဲ့လူဆီက ငွေ အတိုးရော အရင်းပါပြန်တောင်းတယ်၊ ထိုက်သင့်သလောက် ပြစ်ဒဏ်ဆိုလည်း ပြစ်ဒဏ်ပေးမယ်ပြောတယ်၊ အမတော်ကြေးကို ပေးမယ်ဆိုပြီး မန်နေဂျာက တရားဝင်ပြောတယ်။ အခုကျတော့ သူက လယ်မရှိတဲ့သူတွေ စာရင်းတင်ပြီးတော့ တမျိုးပြောတယ်။ ကျနော်တို့ကို ဟောက်တယ် မာန်တယ်။ လယ်မရှိတဲ့စာရင်းထဲမှာ ပါတဲ့သူတွေကို သူတို့ကစုံစမ်းမယ်တဲ့။ လယ်တကယ်ရှိနေရင် သူတို့က ကျနော်တို့ကို တရားပြန်စွဲမယ်လို့ ပြောတယ်။
မြန်မာအစိုးရ ဆီးရီးယားနှင့် မတူ၊ သဘောထားကြီးဟု အမေရိကန်ပြော
Friday, 07 October 2011 13:37
လုပ်ဆောင်စရာများစွာ ရှိနေသေးသည့်တိုင် မြန်မာအစိုးရ အဖွဲ့သည်
ပြုပြင်ပြောင်းလဲရေး သမားများနှင့် သဘောထားကြီးသူများ ဖြစ်ကြောင်း အမေရိကန်
သမ္မတ အိုဘားမား အစိုးရက အသိအမှတ်ပြု ပြောဆိုလိုက်သည်။
“မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ စိတ်သဘောထား
ကြီးကြီးထားသူတွေ ပိုမိုပါဝင်လာပြီး ကျမတို့နဲ့ အလုပ်တွဲလုပ်နိုင်တဲ့အတွက်
ကျေနပ်ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ တကယ်လို့သာ ဆီးရီးယားနိုင်ငံလို
အခြေအနေမျိုးသာဆိုရင် တမျိုးတမည်ဖြစ်ကုန်မှာပါ” ဟု
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဆီးရီးယားနိုင်ငံတွင် သမ္မတ ဘာရှားအာဆတ်က လူထုအုံကြွမှုကို
အကြမ်းဖက်နှိမ်နင်းနေပြီး သေဆုံးသူပေါင်း ၂၆၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊
သမ္မတ ဘာရှားအာဆတ်အစိုးရက နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများကို
လျစ်လျူရှုလျက်ရှိကြောင်း သတင်းများအရ သိရသည်။
“မြန်မာပြည်မှာ
ပြောင်းလဲလာတဲ့ ပထမဆုံးတချက်ကတော့ အတိုက်အခံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့
ဆန္ဒရှိနေတဲ့ အစိုးရခေါင်းဆောင်တွေ တက်လာတာပါပဲ” ဟု ဗစ်တိုးရီးယား နုလန်းက
သတင်းထောက်များ၏ အမေးကို ဖြေကြားသည်။
တနင်္သာရီ ၀န်ကြီးချုပ် ပြင်းထန်စွာ သတိပေးခံရ
Friday, 7 October 2011
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် (ဓာတ်ပုံ - အားကစားဝန်ကြီးဌာန) |
ဦးခင်ဇော်အား ဒေသခံ ပြည်သူများ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးခန့် စုပေါင်း၍ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို) သို့ တိုင်ကြားသောကြောင့် ယခုကဲ့သို့ သတိပေးခံရခြင်းဖြစ်သည်ဟု ဒေသခံ လွှတ်တော် ကိုယ်စား လှယ်များက ပြောဆိုကြသည်။
မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ပေးဖို့ ထိုင်းစောင့်ကြည့်မည်
ကြာသပတေး, 06 အောက်တိုဘာ 2011(သတင်း-ဒေါ်ခင်စိုးဝင်း)
ထိုင်းနိုင်ငံက ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံအာစီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေး အဆိုပြုချက်ကို တရားဝင်ထောက်ခံနိုင်ဖို့အတွက် လက်ရှိအာစီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ အကဲဖြတ်မှုကို စောင့်ဆိုင်းဖို့ လိုသေးတဲ့အကြောင်း ထိုင်းအစိုးရပြောခွင့်ရသူက ဒီနေ့ VOA ကိုပြောဆိုလိုက်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ရဲ့ ခရီးစဉ် အတွင်း ဒေါ်အောင် ဆန်းစုကြည်နဲ့ မတွေနိုင်ခဲ့တာဟာလည်း လျစ်လျူရှုတဲ့ သဘောမဟုတ်ဘဲ နေ့ချင်းပြန် နေ့ဝက်ခရီးဖြစ်တဲ့အတွက် မတွေ့နိုင်ခဲ့တာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ထွန်းရေး ဆက်လက်အားပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံတင်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီးတော့ ဒီကနေ့ ထုတ်ပြန်တဲ့ မြန်မာသတင်းစာတွေမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန်အဆိုပြုချက်ကို ထိုင်းနိုင်ငံရဲ့ထောက်ခံမှု ကျေးဇူးတင်ကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဒါ့ကြောင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့ခရီးစဉ်နဲ့အတူ လိုက်ပါသွားခဲ့တဲ့ ထိုင်းအစိုးရပြောခွင့်ရသူ Khun Titima Chaisang ကို မြန်မာနိုင်ငံ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေး အဆိုပြုချက်ကို ထိုင်းနိုင်ငံက ထောက်ခံတဲ့ အကြောင်း ပြောဆိုဖြစ်ခဲ့ပါသလားလို့ ဗွီအိုအေက မေးကြည့်တဲ့အခါမှာ
“ထောက်ခံတယ်လို့ ပြောဖို့ အချိန်မကျသေးပါဘူးတဲ့။ ကျမတို့အနေနဲ့ ဒီအချိန်မှာ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံရဲ့ အကဲဖြတ်တဲ့အဖြေကို စောင့်ဆိုင်းဖို့ လိုနေပါသေးတယ်တဲ့။ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ထွန်းမှုတွေကို စောင့်ကြည့်နေဆဲဖြစ်ပါတယ်တဲ့။ ဒါ့ကြောင့် ဒီအချိန်မှာ ထောက်ခံတယ်လို့ တခါတည်း အပြတ်ပြောလို့ မရသေးပါဘူးလို့ ပြောသွားတာပါ။ ထိုင်းနိုင်ငံအနေနဲ့ တခြား အာဆီယံနိုင်ငံတွေ နည်းတူ တစုတစည်းတည်း ညီညွတ်တဲ့အသံနဲ့ ဆုံးဖြတ်တဲ့နေရာမှာ ပါဝင်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနဲ့ မြန်မာဟာ အိမ်နီးချင်းနိုင်ငံဖြစ်တာကြောင့် နယ်စပ်ဒေသကုန်သွယ်ရေး အခြေခံအဆောက်အဦ စီမံကိန်းတွေ၊ နောက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး စတာတွေကို နှစ်နိုင်ငံနားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်ရတာတွေလည်း ရှိပါတယ်တဲ့။
ငြိမ်းချမ်းရေး နိုဘယ်ဆုစာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ် လျာထား
2011-10-06 RFA(သတင်း)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီက နောက်ထပ် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ဖို့ လျာထားလိုက်ပါတယ်။မနက်ဖြန် ကြေညာမယ့် ငြိမ်းချမ်းရေး နိုဘယ်ဆု အတွက် လျာထားခံရတဲ့သူ ကိုးဦး စာရင်းကို ဒီကနေ့ ထုတ်ပြန်ရာမှာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်သွင်းဖော်ပြထားတာပါ။
ငြိမ်းချမ်းစွာဆန္ဒပြမှု အပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင်
2011-10-06 RFA(သတင်း)
လမ်းမပေါ်ထွက် ဆန္ဒပြကြတာကို ငြိမ်းချမ်းစွာ ဆောင်ရွက်မယ်ဆိုရင် ဒီမိုကရေစီ ရရှိရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ သီတင်းပတ် အတွင်း ရန်ကုန်မြို့မှာ နိုင်ငံရေး အကျဉ်းသားများ
လွတ်မြောက်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်း
ပြောဆိုတာပါ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA ပရိသတ်တဦးက အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"အေးအေးချမ်းချမ်း စည်းကမ်းရှိရှိနဲ့ ဒီမိုကရေစီ ရရှိရေးကို အားပေးသောအားဖြင့် လုပ်ဆောင်ချက်တွေဟာ ဒီမိုကရေစီ ခရီးစဉ်ကို အနှောက်အယှက်ပေးမယ်လို့ မထင်ပါဘူး။" ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နေ့က ရန်ကုန်မြို့မှာ လူတွေရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရကြား ဆွေးနွေးမှုတွေကို ထိခိုက်နိုင်ခြင်း ရှိပါသလားလို့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အပတ်စဉ် အမေးအဖြေ ကဏ္ဍမှာ သောတရှင်တဦးက မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်လည် ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် မကြာမီ အိန္ဒိယ သွားမည်
သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံသို့ ၎င်း၏ သမ္မတသက်တမ်းအတွင်း ပထမဆုံးခရီးစဉ်အဖြစ် သွားရောက်မည် ဖြစ်ပြီး ခရီးစဉ် ကာလမှာ အောက်တိုဘာလ ၁၂ ရက်မှ ၁၅ ရက်အထိ ဖြစ်ကြောင်း ရိုက်တာသတင်းဌာနတွင် ဖော်ပြထားသည်။ သမ္မတ၏ အိန္ဒိယ ခရီးစဉ်အပြီးတွင် ဒု သမ္မတ သီဟသူရတင်အောင်မြင့်ဦးက တရုတ်နိုင်ငံသို့သွားရောက်မည် ဖြစ်သည်။ ၎င်းခရီးစဉ် ၏ တရားဝင် ရည်ရွယ်ချက်မှာ အောက်တိုဘာလ ၂၁ မှ ၂၆ ရက်အထိ တရုတ်နိုင်ငံတွင် ကျင်းပမည့် တရုတ်-အာဆီယံ ဆွေးနွေးပွဲသို့ တက် ရောက်ရန်ဖြစ်ပြီး မကြာမီကရပ်တန့်လိုက်သည့် မြစ်ဆုံဆည်အရေးကိုလည်း တရုတ်ခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Posts (Atom)