ရန်ကုန်၊ နိုဝင်ဘာ ၁၁၊ ၂၀၁၁ ပြည်ပအခြေစိုက် မီဒီယာများ၏ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားရန် ယာယီရပ်ဆိုင်းလိုက်ကြောင်း လူရွှင်တော်ဇာဂနာက သူ၏ Facebook အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး လူရွှင်တော် ဇာဂနာအား The Messenger Journal မှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော်တို့ စေတနာနဲ့ လုပ်နေတဲ့အလုပ်တွေကို စေတနာပျက်အောင်၊ စေတနာကွက်အောင် အနှောင့်အယှက်ပေးသလို ဖြစ်နေတယ်။ သူတို့ ပြောတာဆိုတာတွေကြောင့် ကျွန်တော်တို့ကို ထောင်ဝန်ထမ်းတွေ မကူညီတော့ရင် ကျွန်တော်တို့ သူငယ်ချင်းတွေပဲ ဒုက္ခရောက်မယ်။ လှူနေတဲ့သူတွေလဲ မလှူရဲလောက်အောင် ဖြစ်နေတယ်"ဟု ပြောကြားခဲ့သည်။ အောက်တိုဘာလ ၁၂ ရက်နေ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေးအကျဉ်းသားအဖြစ်မှ လွတ်မြောက်လာခဲ့သော လူရွှင်တော်ဇာဂနာသည် မလွတ်မြောက်သေးသည့်နိုင်ငံရေးအက
Saturday, November 12, 2011
ပြည်ပ မီဒီယာများ၏ မေးမြန်းများကိုဖြေကြားရန် ဇာဂနာယာယီရပ်ဆိုင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၁၊ ၂၀၁၁ ပြည်ပအခြေစိုက် မီဒီယာများ၏ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားရန် ယာယီရပ်ဆိုင်းလိုက်ကြောင်း လူရွှင်တော်ဇာဂနာက သူ၏ Facebook အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး လူရွှင်တော် ဇာဂနာအား The Messenger Journal မှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော်တို့ စေတနာနဲ့ လုပ်နေတဲ့အလုပ်တွေကို စေတနာပျက်အောင်၊ စေတနာကွက်အောင် အနှောင့်အယှက်ပေးသလို ဖြစ်နေတယ်။ သူတို့ ပြောတာဆိုတာတွေကြောင့် ကျွန်တော်တို့ကို ထောင်ဝန်ထမ်းတွေ မကူညီတော့ရင် ကျွန်တော်တို့ သူငယ်ချင်းတွေပဲ ဒုက္ခရောက်မယ်။ လှူနေတဲ့သူတွေလဲ မလှူရဲလောက်အောင် ဖြစ်နေတယ်"ဟု ပြောကြားခဲ့သည်။ အောက်တိုဘာလ ၁၂ ရက်နေ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေးအကျဉ်းသားအဖြစ်မှ လွတ်မြောက်လာခဲ့သော လူရွှင်တော်ဇာဂနာသည် မလွတ်မြောက်သေးသည့်နိုင်ငံရေးအက
မင်းကိုနိုင်မိခင် ဒေါ်လှကြည်၏ ရင်တွင်းပြောစကား
|
Saturday, 12 November 2011 04:04 |
ကျွန်မဒီလိုပွဲမျိုး အတွေ့အကြုံမရှိပါဘူး၊ အဲဒီအတွက်ကြောင့် ဒီလိုပွဲမျိုးမှာ စကားပြောခွင့်ရတဲ့ဟာကို စကားပြောမှားဆိုမှားရှိရင် ကျွန်မကိုခွင့်လွှတ်ပါလို့ အနူးအညွတ် တောင်းပန်ပါ တယ်။ အခုကျွန်မမွေးနေ့မှာ ကျွန်မသားမွေးနေ့မှာ ကျွန်မလာတဲ့အခါ ကျွန်မကိုတွေ့တဲ့ ကလေးတွေက ပြောပါတယ်။ အမေ အမေ့သားကို အမေ မပိုင်တော့ပါဘူး။ တိုင်းပြည်က ပိုင်ပါတယ်လို့ပြောပါတယ်။ အဲဒီပြောလိုက်တဲ့ စကားလေးကို ကျွန်မအရမ်းဝမ်းလည်းသာပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့တွေဟာ သားအပေါ်မှာ ချစ်ကြတာကိုး။ နောက်ပြီးတော့ ကျွန်မမှာ မွေးထားတဲ့ သားလေးက တစ်ယောက်တည်းပါ။ အခု ကျွန်မမှာ သားတွေ အများကြီး ရှိနေပါပြီ။ ဝေမျှပေးတဲ့ သားတွေ၊ သမီးတွေ အများကြီး ရှိခဲ့ပါ ပြီ။ အခုလို အချိန်အခါမှာ မိဘတိုင်းဟာ ကျွန်မကို ဘယ်လိုခံစားရပါသလဲလို့ မေးကြပါတယ်။ သားသမီးရှိကြတဲ့ မိဘတွေက ဒီလိုအချိန်အခါမှာ ဘယ်လိုခံစားရမလဲဆိုတာ ရင်ထဲမှာ အကုန်လုံးရှိကြတယ်ဆိုတာ ကျွန်မပြောဖို့ မလိုပါဘူး။ အဲဒီလိုပဲ ထင်ပါတယ်။ ကျွန်မတို့လိုပဲ မိသားစုအပေါင်းတွေဟာ အများအတွက်ကို အနစ်နာခံပြီးတော့ ပါရမီ ဖြည့်ပေးနေကြတဲ့ မိသားစုအားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။ အဲဒီထဲမှာမှ လူဆိုတာ လောကဓံတရား ဆိုတာ အကုန်လုံးရှိကြပါတယ်။ အဲဒီတော့ မေတ္တာမျှဝေပေးနေတဲ့ မိသားစုတွေ အားလုံးကို အကုန်လုံးပဲ ကျေးဇူးတင်ပါတယ်။ မင်းကိုနိုင်နဲ့တကွ အကျဉ်းထောင်အသီးသီးမှာ ရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအပေါင်းတို့ အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ရပါစေလို့ ကျွန်မ ဆုတောင်းခဲ့ပါတယ်။ မိသားစုတွေ အကုန်လုံးပါ မေတ္တာပို့ အမျှပေးဝေနေသလို မိသားစုတွေကို ကျွန်မ ဘာလက်ဆောင် ပေးချင်သလဲဆိုတော့ ရှင်ဇနကဘိဝံသ ဟောထားတဲ့ တရားလေးတစ်ပုဒ် ရှိပါတယ်။ လူမှုဆိုလျှင် လူလိုပင် လောကဓံ ရှိမြဲ ၀မ်းနည်းဝမ်းသာ အများပါပဲ။ ကျွန်မ ပြောချင်ပါတယ်။ အခုချိန်မှာ ကျွန်မတို့ မိသားစုတွေ အကုန်လုံးဟာ သားလေးတွေကို မျှော်လင့်နေကြပါတယ်။ အဲဒီလို မျှော်လင့်တဲ့အတိုင်းပဲ အမြန်ဆုံးလွတ်ပါစေလို့ ကျွန်မ ဆုတောင်း မေတ္တာပို့သပါတယ်။ ဒါပါပဲ ကျွန်မ ပြောချင်ပါတယ်။ |
ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဦးသန့် ကျမ်းသစ္စာဆိုခဲ့သည့်နေ့မှ နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီ

မြတ်လေးငုံဘလောက်မှ-ရေးသားသူ.မေစန္ဒီ
ကမ္ဘာမှာ
မြန်မာဟေ့လို့ ဂုဏ်တင်ခဲ့သူ၊ မြန်မာတစ်ဦးအဖြစ် ကမ္ဘာ့ရေးရာ
အထွေထွေကိစ္စတွေမှာ အဓိကနေရာက တာဝန်ထမ်းဆောင်ခဲ့သူ တတိယမြောက်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၊ အမေရိကန်ပြည်ထောင်စု
နယူးယော့ခ်မြို့ ကုလသမဂ္ဂ ဗဟိုဌာန ချုပ်ကြီးမှာ ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖို့
ကျမ်းသစ္စာဆိုခဲ့တဲ့နေ့ဟာ နိုဝင်ဘာလ ၃ ရက်နေ့က နှစ် ၅၀ ပြည့်မြောက်ခဲ့ပါပြီ။
ဧရာဝတီဘလောက်မှ ဗိုလ်ချုပ်အောင်ဆန်းအား ရိုင်းစိုင်းရင့်သီးစွာအောင်ဆန်းဟုသုံးနှုံး
မြန်မာပြည်လွတ်လပ်ရေးနှင့်တိုင်းပြည်စည်းရုံးရေးကို ကြိုးပန်းခဲ့သောမြန်မာပြည်၏ သမိုင်းဝင်ဗိုလ်ချုပ်အောင်ဆန်း၊နိုင်ငံတကာတွင်မြန်မာပြည်အတွက်ဂုဏ်ယူဝင့်ကြွားဖေါ်ပြစရာတဦးတည်းသော
မြန်မာပြည်ခေါင်းဆောင်တဦးဖြစ်သောဗိုလ်ချုပ်အောင်ဆန်းအပေါ် ဧရာဝတီသတင်းဌာနမှရိုင်းပြစွာ အောင်ဆန်း ဟုသုံးနှုံးရေးသားလိုက်ခြင်းအပေါ် မြန်မာများမခံရပ်နိုင်ဖြစ်လျှက်ဝေဖန်တုန့်ပြန်မှု့များရှိနေသည်။မြန်မာပြည်တွင်
လက်ရှိလွတ်လပ်ရေးရပြီးနောက်ပိုင်းတော်လှန်ရေးကောင်စီတက်လာသည့်၁၉၆၂ခုနှစ်နောက်မှစတင်ကာယနေ့တိုင်
အောင်မြန်မာပြည်သမိုင်းကြောင်းမလှခဲ့ရရှာပါ။ ခေတ်သစ်ယနေ့လူငယ်များသည်ဗိုလ်ချုပ်အောင်ဆန်းသည်မည်သို့
သောမြန်မာပြည်၏ခေါင်းဆောင်တဦးဖြစ်ခဲ့သနည်းကို လွယ်ကူစွာသိပိုင်ခွင့်မရခဲ့ပါ။စစ်အာဏာရှင်များကသိခွင့်မပြုသည့်အတွက်ကျောင်းသုံးပြဌာန်းချက်စာအုပ်များမှထုတ်ပယ်
ခြင်းခံခဲ့ရပါသည်။ဒါကိုပြည်သူ့အသိုင်းအဝိုင်းမှယနေ့လူငယ်များတိုင်းပြည်သမိုင်းဖြစ်စဉ်မှန်နှင့် တိုင်းပြည်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကို ဖေါ်ထုတ်လျှက်ရှိပေသည်။ထိုသို့ဖေါ်ထုတ်ပေးမှု့များတွင်
လေးလေးနက်နက်ရှိစေရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင်လူငယ်များတိုင်းပြည်ဂုဏ်ကိုဆောင်နိုင်ရန်၊အားကျစေရန်အလို့ငှာလေးစားထိုက်သော
ခေါင်းဆောင်ဟုခမ်းနားစွာရေးသားဖေါ်ပြကြသည်။သို့ရာတွင်ဧရာဝတီသတင်းဌာနက ဂုဏ်ပုဒ်မတတ်သည့်အပြင် အောင်ဆန်းဟု ခေါ်တွင်လိုက်ခြင်းသည် ယနေ့ သမိုင်းကိုလေ့လာမှတ်သားနေသောလူငယ်များအတွက်၊များစွာပြောင်းလည်းခြင်းနှင့်ယုံကြည်ကိုးစားဂုဏ်ယူလေးစား
ခြင်းများပပျောက်ကာ ၊မြန်မာပြည်သမိုင်းကိုပြောင်းလည်းအောင်ထူထောင်ကြိုးစားခဲ့သူကိုစော်ကားခြင်း။ဗိုလ်ချုပ်အားလေးစားသူတရပ်လုံးအပေါ်
မထီမဲ့မြင်စော်ကားလိုက်ခြင်းများဖြစ်ပေသည်။
ဧရာဝတီဘလောက်တွင်ဤသို့ဖေါ်ပြထားသည်။
ပြည်သူများနှင့်ဆန့်ကျင်ဖက်ဖြစ်နေသော မြန်မာပြည်စစ်အာဏာရှင်လက်ထက်များတလျှောက် သတင်းဖေါ်ပြချက်များတွင်ဤသို့ အောင်ဆန်း ဟုရင့်သည်းစွာ မသုံးနှုံးခဲ့ဟုအများကဝေဖန်ပြောဆိုနေကြသည်။
ပြည်ပနိုင်ငံအခြေစိုက် နာမည်ရ သတင်းဌာနတခုအဖြစ်ဆောင်ရွက်နေသော ဧရာဝတီ ဘလောက်ကို
ယနေ့ မြန်မာပြည်မှပြည်တွင်း အခြေစိုက်စာနယ်ဇင်းသမားတချို့နှင့်အွန်လိုင်းသတင်းပရိတ်သတ်များက ယခုကဲ့သို့တိုင်းပြည်၏အထင်ကရဖြစ်သော တဦးတည်းသောဗိုလ်ချုပ်အောင်ဆန်းအပေါ်"အောင်ဆန်း"ဟု
ပြည်တွင်းစာနယ်ဇင်းလွတ်လပ်လပ်
မြန်မာပြည်ခေါင်းဆောင်တဦးဖြစ်သောဗိုလ်ချုပ်အောင်ဆန်းအပေါ် ဧရာဝတီသတင်းဌာနမှရိုင်းပြစွာ အောင်ဆန်း ဟုသုံးနှုံးရေးသားလိုက်ခြင်းအပေါ် မြန်မာများမခံရပ်နိုင်ဖြစ်လျှက်ဝေဖန်တုန့်ပြန်မှု့များရှိနေသည်။မြန်မာပြည်တွင်
လက်ရှိလွတ်လပ်ရေးရပြီးနောက်ပိုင်းတော်လှန်ရေးကောင်စီတက်လာသည့်၁၉၆၂ခုနှစ်နောက်မှစတင်ကာယနေ့တိုင်
အောင်မြန်မာပြည်သမိုင်းကြောင်းမလှခဲ့ရရှာပါ။ ခေတ်သစ်ယနေ့လူငယ်များသည်ဗိုလ်ချုပ်အောင်ဆန်းသည်မည်သို့
သောမြန်မာပြည်၏ခေါင်းဆောင်တဦးဖြစ်ခဲ့သနည်းကို လွယ်ကူစွာသိပိုင်ခွင့်မရခဲ့ပါ။စစ်အာဏာရှင်များကသိခွင့်မပြုသည့်အတွက်ကျောင်းသုံးပြဌာန်းချက်စာအုပ်များမှထုတ်ပယ်
ခြင်းခံခဲ့ရပါသည်။ဒါကိုပြည်သူ့အသိုင်းအဝိုင်းမှယနေ့လူငယ်များတိုင်းပြည်သမိုင်းဖြစ်စဉ်မှန်နှင့် တိုင်းပြည်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကို ဖေါ်ထုတ်လျှက်ရှိပေသည်။ထိုသို့ဖေါ်ထုတ်ပေးမှု့များတွင်
လေးလေးနက်နက်ရှိစေရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင်လူငယ်များတိုင်းပြည်ဂုဏ်ကိုဆောင်နိုင်ရန်၊အားကျစေရန်အလို့ငှာလေးစားထိုက်သော
ခေါင်းဆောင်ဟုခမ်းနားစွာရေးသားဖေါ်ပြကြသည်။သို့ရာတွင်ဧရာဝတီသတင်းဌာနက ဂုဏ်ပုဒ်မတတ်သည့်အပြင် အောင်ဆန်းဟု ခေါ်တွင်လိုက်ခြင်းသည် ယနေ့ သမိုင်းကိုလေ့လာမှတ်သားနေသောလူငယ်များအတွက်၊များစွာပြောင်းလည်းခြင်းနှင့်ယုံကြည်ကိုးစားဂုဏ်ယူလေးစား
ခြင်းများပပျောက်ကာ ၊မြန်မာပြည်သမိုင်းကိုပြောင်းလည်းအောင်ထူထောင်ကြိုးစားခဲ့သူကိုစော်ကားခြင်း။ဗိုလ်ချုပ်အားလေးစားသူတရပ်လုံးအပေါ်
မထီမဲ့မြင်စော်ကားလိုက်ခြင်းများဖြစ်ပေသည်။
ဧရာဝတီဘလောက်တွင်ဤသို့ဖေါ်ပြထားသည်။
အောင်ဆန်းဓါတ်ပုံအရောင်းသွက်ဟု ပေါ့ပျက်စွာေ၇းသားထားသည့်သတင်း |
တိုက်ရိုက်ကြည့်ရှု့ရန်လိပ်စာလင့်http://burma.irrawaddy.org/archives/2186
ယနေ့ မြန်မာပြည်မှပြည်တွင်း အခြေစိုက်စာနယ်ဇင်းသမားတချို့နှင့်အွန်လိုင်းသတင
ခေါ်ဝေါ် သုံးနှုန်းခြင်းအပေါ်အပြင်းအထန် ကန့်ကွက်ကြောင်းTheMessengerဂျာ နယ်သို့ ဖုန်းဖြင့်ဆက်သွယ်ပြော ကြားဝေဖန်လိုက်ပါတယ်။
ပြည်တွင်းစာနယ်ဇင်းလွတ်လပ်လပ် ခွင့်အထိုက်အလျောက်ရလာသည့်နောက်ပိုင်း ပြည်ပအခြေစိုက်မြန်မာသတင်း ဌာ န တချို့အပေါ် ပြည်သူလူထု၏ ယုံကြည်မှုမှာ တစထက်တစကျဆင်းလာကြောင်း ပြည်ပအခြေစိုက်မြန်မာသတင်းဌာနအချို့သည်လွတ်လပ်စွာရေးသာခွင့်ရှိ သော်လည်းသတင်းရေးသားဖော်ပြရာတွင်တဖက်စောင်းနင်းဆန်ကြောင်း ပြည်တွင်း အခြေစိုက် သတင်းအယ်ဒီတာတစ်ဦးကပြောသည်။
မကြာသေးမီကပင်လူရွှင်တော်ဇာဂနာကြ ပည်ပအခြေစိုက်မြန်မာသတင်းဌာနများ၏ မေးမြန်းမှု့များအားဖြေကြားရန်ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြော င်းThe Messenger ဂျာနယ်သို့ပြောသည်ဟုသိရပါတယ်။
မြန်မာလူငယ်နှစ်ဦးရဲ့ယုံကြည်ချက်အပေါ်ဖန်တီးထားမှု့-You are You I am Me - Burma Story
မြန်မာလူငယ်နှစ်ဦးရဲ့ဖန်တီးထားချက်ပါ။youtube မှာတင်ထားတာဖြစ်ပါတယ်။
နိုဝင်ဘာ(၃)ရက်နေ့ကတင်ထားတာဖြစ်ပြီးယနေ့ထိကြည့်ရှု့ပြီးသူပေါင်း ၆၀၀၀ နီးပါးရှိနေပါပြီ။
ဗိုလ်ချုပ်သန်းရွှေနဲ့ ဦးသိန်းစိန် အပါအဝင်လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို သရော်ထားတာဖြစ်ပါတယ်။တရုပ်၊အန္ဒိယနဲ့၊ကမ္ဘာပတ်ဝန်းကျင်နိုင်ငံများက မြန်မာ့အရေးကို ပါဝင်နေပုံကိုတင်ပြထားတာဖြစ်ပါတယ်။
နောက်ခံတေးဂီတကို kaung zone နဲ့ animation ဖန်တီးမှု့ကိုတော့ edo vader ကဖန်တီးထားတာဖြစ်ပါတယ်။
နိုဝင်ဘာ(၃)ရက်နေ့ကတင်ထားတာဖြစ်ပြီးယနေ့ထိကြည့်ရှု့ပြီးသူပေါင်း ၆၀၀၀ နီးပါးရှိနေပါပြီ။
ဗိုလ်ချုပ်သန်းရွှေနဲ့ ဦးသိန်းစိန် အပါအဝင်လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို သရော်ထားတာဖြစ်ပါတယ်။တရုပ်၊အန္ဒိယနဲ့၊ကမ္ဘာပတ်ဝန်းကျင်နိုင်ငံများက မြန်မာ့အရေးကို ပါဝင်နေပုံကိုတင်ပြထားတာဖြစ်ပါတယ်။
Thursday, November 10, 2011
ရန်ကုန်ဗြိတိသျှသံရုံးရှေ့ BBC သတင်းဌာနကို ဆန္ဒပြသူများ စုရုံး
By သင်းသီရိ
BBC အင်္ဂလိပ်ဘာသာ၊ အွန်လိုင်းစာမျက်နှာပေါ်မှာ ရေးခဲ့တဲ့သတင်းတပုတ်ကို
မကျေနပ်ကြလို့ ရန်ကုန်မြို့က ဗြိတိသျှသံရုံးရှေ့မှာ ဆန္ဒပြဖို့
ကြိုးစားခဲ့ကြပါတယ်။
အဲဒီသတင်းဆောင်းပါးမှာက မြန်မာနိုင်ငံက အဖိနှိပ်ခံ တိုင်းရင်းသားတွေရဲ့ အကြောင်း ရေးသားတဲ့နေရာမှာ မြန်မာနိုင်ငံမြေပုံထဲက ရခိုင်ပြည်နယ်နေရာမှာ ရိုဟင်ဂျာဓာတ်ပုံကို တိုင်းရင်းသားအဖြစ် ဖော်ပြခဲ့တာကြောင့် ဒီကနေ့ ရန်ကုန်၊ ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိသျှသံရုံးရှေ့မှာ ဆန္ဒပြဖို့ လူတချို့က စုဝေးခဲ့ကြပါတယ်။ အဲဒီလိုမျိုး ရိုဟင်ဂျာဓာတ်ပုံကို တိုင်းရင်းသားအဖြစ်နဲ့ဖော်ပြခဲ့တာကြောင့် ဆန္ဒပြဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ သတင်းသွားယူခဲ့တဲ့ ပြည်တွင်း သတင်းထောက်တွေက ပြောပြပါတယ်။
နိုဝင်ဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ မနက် ၁၁ နာရီခွဲလောက်က စပြီးတော့ ရန်ကုန်၊
ကမ်းနားလမ်းက ဗြိတိသျှသံရုံးရှေ့မှာ BBC အင်္ဂလိပ်ဘာသာအစီအစဉ်ကို
ကန့်ကွက်ဆန္ဒပြဖို့ လူစုရုံးတာတွေ ဖြစ်ခဲ့ပါတယ်။ လူဦးရေ ၂၀ လောက်အထိရှိတဲ့
ကန့်ကွက်ဆန္ဒပြသူတွေဟာ ဆန္ဒပြခွင့်ပါမစ် မရတဲ့ အတွက် တရားဝင်
ကန့်ကွက်ဆန္ဒပြတာတွေ မလုပ်ခဲ့ပေမယ့် နေ့လည် ၂ နာရီလောက်အထိ သံရုံးရှေ့မှာ
စုရုံးတာတွေ ရှိခဲ့တယ်လို့ ဒီသတင်းကို ကိုယ်တိုင်သွားယူခဲ့တဲ့ ပြည်တွင်း
သတင်းထောက်တဦးက ပြောပါတယ်။
“ဘာအတွက်ကြောင့်လဲ ဆိုတော့ ရိုဟင်ဂျာနဲ့ပတ်သက်လို့ ဘာပြဿနာတက်လဲဆိုတော့ ရခိုင်ပြည်မြေပုံပေါ်မှာ ရိုဟင်ဂျာလို့ ထိုးထားတာတခုရယ်၊ ပြီးတော့ ဗလီတက်နေတဲ့ ကိစ္စတခုရယ်၊ သူတို့က ဘာပြောလဲဆိုတော့ သူတို့ ရခိုင်တွေက ဗုဒ္ဓဘာသာကိုးကွယ်တာ နှစ်ပေါင်းများစွာ၊ ဒီမြေပေါ်မှာပဲ ထောင်ချီပီးနေခဲ့တယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေ ထောင်ချီပြီးနေခဲ့တယ်။ အခု ဒီလိုမျိုး စာထိုးလိုက်တယ် ဆိုတော့ သူတို့က မကျေနပ်ဘူးပေါ့။
အခု BBC က မှားနေတယ်။ မှားနေတဲ့ကိစ္စကို တောင်းပန်ဖို့ရယ်၊ သံရုံးကတဆင့် BBC သိအောင် ပြောဖို့ရယ်၊ နောက်တခုက အဲဒီ BBC မှားနေတာကို မြန်မာပြည်ကို ပြန်တောင်းပန်ဖို့ရယ်၊ နောက်တခုက သတင်းထောက် အဲန်နာဂျုန်းကို BBC ကနေ ဖယ်ရှားပေးဖို့ရယ် ပြောပါတယ်ခင်ဗျ။ တောင်းဆိုချက်က ၂ ခုထဲပါ။
သူတို့ ဘာဆိုင်းဘုတ်မှလည်း မယူသွားဘူး၊ ဘာမှလည်း မအော်သွားဘူး၊ သူတို့ ပါမစ်မရလို့ ပြန်သွားတဲ့သူတွေတော့ ရှိပါတယ်တဲ့။ ဒါပေမဲ့ သူတို့က သံရုံးရှေ့မှာ မတ်တပ်ရပ်ပြီးတော့ အင်အားပြသွားပါတယ်။”
BBC အင်္ဂလိပ်ဌာနရဲ့ အွန်လိုင်းစာမျက်နှာမှာ မြန်မာနိုင်ငံက အဖိနှိပ်ခံ တိုင်းရင်းသားတွေ အကြောင်း ဆောင်းပါးထဲ မြန်မာနိုင်ငံမြေပုံထဲက ရခိုင်ပြည်နယ် အတွင်းမှာ ရိုဟင်ဂျာဓာတ်ပုံကို ဖော်ပြမိတဲ့အပေါ် အဓိကမကျေနပ်လို့ သူတို့ ဆန္ဒပြ ကန့်ကွက်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သူတို့က သတင်းထောက်တွေကို ရှင်းပြပါတယ်။ အခုလိုမျိုး သံရုံးရှေ့မှာ လူစုလူဝေးဖြစ်နေသလို အနီးတ၀ိုက်မှာလည်း လုံခြုံရေးတွေကို တွေ့ရတယ်လို့ ပြောပါတယ်။
“လုံခြုံရေးကတော့ တင်းကြပ်တယ်လို့ တချက်ကြားပြီးတော့ ပြေးလာကြတဲ့သူတွေ ဘာတွေ ရှိပါတယ်။ အပွင့်တွေ ဘာတွေရော ဝေါ်ကီတော်ကီနဲ့ တခြားလူတွေနဲ့ရော ထွက်လာကြပါတယ်။ ပြီးတော့ သူတို့ လိုက်မေးနေတယ်။ ထုံးစံအတိုင်းပေါ့ဗျာ”
ဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်က မွတ်စလင်တချို့နဲ့ ရခိုင်၊ မြန်မာ တချို့ အကြားမှာ အပြန်အလှန် ငြင်းခုန်ရေးသားတာတွေ ရှိနေခဲ့သလို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကလည်း ပြည်ပရေဒီယို ဌာနတခုမှာ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားထဲမှာ မရှိဘူးလို့ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး တောင်းပန်ရမယ်လို့ ရိုဟင်ဂျာ ခေါင်းဆောင်က တောင်းဆိုခဲ့ပြီးတဲ့နောက် ဒီ ပြဿနာဟာ ပိုပြီးတော့ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။
အဲဒီသတင်းဆောင်းပါးမှာက မြန်မာနိုင်ငံက အဖိနှိပ်ခံ တိုင်းရင်းသားတွေရဲ့ အကြောင်း ရေးသားတဲ့နေရာမှာ မြန်မာနိုင်ငံမြေပုံထဲက ရခိုင်ပြည်နယ်နေရာမှာ ရိုဟင်ဂျာဓာတ်ပုံကို တိုင်းရင်းသားအဖြစ် ဖော်ပြခဲ့တာကြောင့် ဒီကနေ့ ရန်ကုန်၊ ကမ်းနားလမ်းမှာရှိတဲ့ ဗြိတိသျှသံရုံးရှေ့မှာ ဆန္ဒပြဖို့ လူတချို့က စုဝေးခဲ့ကြပါတယ်။ အဲဒီလိုမျိုး ရိုဟင်ဂျာဓာတ်ပုံကို တိုင်းရင်းသားအဖြစ်နဲ့ဖော်ပြခဲ့တာကြောင့် ဆန္ဒပြဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ သတင်းသွားယူခဲ့တဲ့ ပြည်တွင်း သတင်းထောက်တွေက ပြောပြပါတယ်။
![]() |
ရခိုင်ပြည်နယ်နေရာတွင် ရိုဟင်ဂျာဟုအမည်တပ်နေသောဘင်္ဂလီကုလားများကိုဖေါ်ပြထားပုံ |
“ဘာအတွက်ကြောင့်လဲ ဆိုတော့ ရိုဟင်ဂျာနဲ့ပတ်သက်လို့ ဘာပြဿနာတက်လဲဆိုတော့ ရခိုင်ပြည်မြေပုံပေါ်မှာ ရိုဟင်ဂျာလို့ ထိုးထားတာတခုရယ်၊ ပြီးတော့ ဗလီတက်နေတဲ့ ကိစ္စတခုရယ်၊ သူတို့က ဘာပြောလဲဆိုတော့ သူတို့ ရခိုင်တွေက ဗုဒ္ဓဘာသာကိုးကွယ်တာ နှစ်ပေါင်းများစွာ၊ ဒီမြေပေါ်မှာပဲ ထောင်ချီပီးနေခဲ့တယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေ ထောင်ချီပြီးနေခဲ့တယ်။ အခု ဒီလိုမျိုး စာထိုးလိုက်တယ် ဆိုတော့ သူတို့က မကျေနပ်ဘူးပေါ့။
အခု BBC က မှားနေတယ်။ မှားနေတဲ့ကိစ္စကို တောင်းပန်ဖို့ရယ်၊ သံရုံးကတဆင့် BBC သိအောင် ပြောဖို့ရယ်၊ နောက်တခုက အဲဒီ BBC မှားနေတာကို မြန်မာပြည်ကို ပြန်တောင်းပန်ဖို့ရယ်၊ နောက်တခုက သတင်းထောက် အဲန်နာဂျုန်းကို BBC ကနေ ဖယ်ရှားပေးဖို့ရယ် ပြောပါတယ်ခင်ဗျ။ တောင်းဆိုချက်က ၂ ခုထဲပါ။
သူတို့ ဘာဆိုင်းဘုတ်မှလည်း မယူသွားဘူး၊ ဘာမှလည်း မအော်သွားဘူး၊ သူတို့ ပါမစ်မရလို့ ပြန်သွားတဲ့သူတွေတော့ ရှိပါတယ်တဲ့။ ဒါပေမဲ့ သူတို့က သံရုံးရှေ့မှာ မတ်တပ်ရပ်ပြီးတော့ အင်အားပြသွားပါတယ်။”
BBC အင်္ဂလိပ်ဌာနရဲ့ အွန်လိုင်းစာမျက်နှာမှာ မြန်မာနိုင်ငံက အဖိနှိပ်ခံ တိုင်းရင်းသားတွေ အကြောင်း ဆောင်းပါးထဲ မြန်မာနိုင်ငံမြေပုံထဲက ရခိုင်ပြည်နယ် အတွင်းမှာ ရိုဟင်ဂျာဓာတ်ပုံကို ဖော်ပြမိတဲ့အပေါ် အဓိကမကျေနပ်လို့ သူတို့ ဆန္ဒပြ ကန့်ကွက်ဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သူတို့က သတင်းထောက်တွေကို ရှင်းပြပါတယ်။ အခုလိုမျိုး သံရုံးရှေ့မှာ လူစုလူဝေးဖြစ်နေသလို အနီးတ၀ိုက်မှာလည်း လုံခြုံရေးတွေကို တွေ့ရတယ်လို့ ပြောပါတယ်။
“လုံခြုံရေးကတော့ တင်းကြပ်တယ်လို့ တချက်ကြားပြီးတော့ ပြေးလာကြတဲ့သူတွေ ဘာတွေ ရှိပါတယ်။ အပွင့်တွေ ဘာတွေရော ဝေါ်ကီတော်ကီနဲ့ တခြားလူတွေနဲ့ရော ထွက်လာကြပါတယ်။ ပြီးတော့ သူတို့ လိုက်မေးနေတယ်။ ထုံးစံအတိုင်းပေါ့ဗျာ”
ဒီရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်က မွတ်စလင်တချို့နဲ့ ရခိုင်၊ မြန်မာ တချို့ အကြားမှာ အပြန်အလှန် ငြင်းခုန်ရေးသားတာတွေ ရှိနေခဲ့သလို NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကလည်း ပြည်ပရေဒီယို ဌာနတခုမှာ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားထဲမှာ မရှိဘူးလို့ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး တောင်းပန်ရမယ်လို့ ရိုဟင်ဂျာ ခေါင်းဆောင်က တောင်းဆိုခဲ့ပြီးတဲ့နောက် ဒီ ပြဿနာဟာ ပိုပြီးတော့ ကျယ်ပြန့်လာတာ ဖြစ်ပါတယ်။
ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ သတင်းစာရှင်းလင်းပွဲ ရွှေ့ဆိုင်း
ကြာသပတေးနေ့၊ နိုဝင်ဘာလ 10 ရက် 2011 ခုနှစ်
ဖနိဒါ
သတင်း -
မဇ္ဈိမသတင်းဌာန
ချင်းမိုင်(မဇ္စျိမ) ။ ။ အစိုးရနှင့် အပစ်ခတ်ရပ်ရေး ရယူခြင်းအပေါ်
ရှင်းလင်းပြောကြားပွဲကိုကြာသပ တေးနေ့တွင် ပြုလုပ်ရန် လူထုမှ အချိန်မီ ရောက်
မလာခဲ့သဖြင့် နောက်ရက်သို့ ရွှေ့ဆိုင်းလိုက်သည်ဟု တိုးတက်သော
ဗုဒ္ဓဘာသာကရင်အမျိုးသားအစည်း အရုံး DKBA မှ အရာရှိတဦးက ပြောသည်။
"ရွာကလူတွေစုတာ လာတာ နောက်ကျတာပေါ့နော်။ တချို့ရွာတွေကလည်း လမ်းခရီးက သုံးနာရီ၊ လေးနာရီလောက်ကြာ လမ်းလျှောက်ရတာကိုး၊ မနက်ဖြန်မှ စမယ်။" ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။
နိုဝင်ဘာ ၆ ရက်နေ့မှစတင်၍ နှစ်ဘက် အပစ်ခတ် ရပ်စဲခဲ့သည့် အကြောင်း ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးစီးသော DKBA အဖွဲ့ကွဲတခု၏ ဌာနချုပ်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့တောင်အုပ် ကျေးရွာ တွင် ကျင်းပရန်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ဒေါနတောင် အရှေ့ဘက်ခြမ်း၊ ဒေါနတောင်အနောက် ခြမ်းရှိ ကျေးရွာ တရွာလျှင် အနည်းဆုံး ကိုယ်စားလှယ် နှစ်ယောက်အထိ ဖိတ်ခေါ်ထားကာ သောကြာနေ့ နံနက် ၁ဝ နာရီ အချိန် တွင်တော့ ရှင်းလင်းပွဲ ပြုလုပ်နိုင်မည်ဟု ဆိုသည်။
နိုဝင်ဘာလ ၃ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးတွင် DKBA ဒုစစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် မိုရှေး ဦးဆောင်သောအဖွဲ့နှင့် ဗဟိုအစိုးရ ကိုယ်စာလှယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး(၁) ဦးအောင်သောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌနှင့် ကြံ့ခိုင်ရေးအတွင်းရေးမှူး (၂) ဦးသိန်းဇော်နှင့် ဗိုလ်ကြီးမောင်မောင်သိန်းတို့ဒုတိယ အကြိမ် တွေ့ဆုံပြီး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။
နှစ်ဘက်သဘောတူညီချက်တွင် အပစ်ခတ်ရပ်ရန်၊ မြဝတီမြို့တွင် DKBA၏ ဆက်ဆံရေးရုံးဖွင့်လှစ်ခွင့်ပြုရန်၊ မိမိ၏ နယ်မြေမှကျော်ကာ လက်နက်ကိုင် သွားလာလျှင် ကြိုတင် အကြောင်းကြားရန်၊ နယ်မြေ သတ်မှတ် ပေးရန်နှင့်နှစ်ဘက်ဆွေးနွေးပြီးနောက် ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်တို့ပါဝင် သည်။
ဒေါနတောင် အရှေ့ခြမ်း မြဝတီခရိုင်ရှိ ဆုံဆည်းမြိုင်တွင် နေရာချပေးရန် DKBA ၏ တောင်းဆိုမှုကိုအစိုးရ ဘက်က လိုက်လျောပြီး တပ်များ နောက်ဆုတ်ပေးခဲ့သည်။
ဗိုလ်နှုတ်ခမ်းမွှေး၏ DKBA များမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကလိုထူးပေါ၊ကော့ကရိတ်မြို့ နယ် ကလိုထူးဝါးနှင့် မြိုင်ကြီးငူ-လှိုင်းဘွဲ့-ဖာပွန်နယ်စပ်ရှိ ကလူလားဟူ၍ ဗျူဟာသုံးခုတွင်အခြေချထား သည်။
တောင်အုပ်ရွာမှ ဗိုလ်မှူးစောလုံ့လုံက “ကျနော်တို့ အကြမ်းပြောမယ်ဆိုရင် ဖိနှိပ်မှုရှိရင် အုံကြွမှုရှိမှာပဲနော်။ ကျနော် တို့ကို တွန်းပို့တယ်။ မလုပ်ချင်တာကို လုပ်ခိုင်းတယ်။ ကျနော်တို့ မလုပ်ဘူးဆိုရင်အတင်းအကြပ် ခိုင်းတယ်။ နောက်တော့ ကျနော်တို့က ပါးကိုက်တော့ နားပြန်ကိုက်သွားတာပေါ့ဗျ။ နောက်သေနတ်ပြန် ပေါက်သွားတာပါ။”ဟု ဆို သည်။
၂ဝ၁ဝ ခု နိုဝင်ဘာလ ၈ ရက်နေ့က အစိုးရတပ်ကို ပြန်လည် တိုက်ခိုက်မှု မတိုင်ခင်က ဗိုလ်မှူးကြီးအဆင့်သာ ရှိခဲ့သော နှုတ်ခမ်းမွှေး တပ်များနှင့် KNU၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ ပူးပေါင်းတိုက်ခဲ့သည်။
၁၉၉၄ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့သော DKBA အနက် တပ်အများစုက ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနအောက် နယ်ခြားစောင့်တပ်များအဖြစ်အသွင် ပြောင်းခဲ့သည်။
လက်ရှိ နယ်ခြားစောင့်တပ်ပြောင်းပြီးမှ ပြန်လည်တောခိုသော ဗိုလ်မှူးစောဘိခေါင်းဆောင်သော DKBA အဖွဲ့ငယ် တခု နောက်ဆုံး ကျန်ရှိနေသေးပြီး ကရင်အမျိုးသား အစည်းအရုံးနှင့် မဟာမိတ်ဖွဲ့ထားသည်။

ဗန်းမော် - မန္တလေးကားသွားလာမှု ရပ်ဆိုင်း
ကြာသပတေးနေ့၊ နိုဝင်ဘာလ 10 ရက် 2011 ခုနှစ်
သျှမ်းသံတော်ဆင့်
သတင်း -
တပ်မ ၈၈ လက်အောက်ခံတပ်များ ကချင်ပြည်နယ် ဗန်းမော်မြို့သို့
ရောက်ရှိလာပြီးနောက် နိုဝင်ဘာ ၇ ရက်နေ့ ညပိုင်း တွင် ဗန်းမော်
-မန္တလေးကားလမ်းပေါ် ရှိ တံတားတစ်စီးကို KIA က ဗုံးခွဲခဲ့ရာ ၈ ရက်နေ့မှစ၍
ဗန်းမော် - မန္တလေး ကား လှိုင်း ပြေးဆွဲမှုများရပ်ဆိုင်း နေကြောင်း သိရသည်။

ဗန်းမော် - မန္တလေးကားလမ်းပေါ် ရှိ ဗန်းမော်ခရိုင် ကွေ့ကြီးတံတား ဗုံးခွဲခံရပြီး နောက်တစ်ရက်တွင် လှိုင်းကား ပြေးဆွဲ မှုများ ရပ်ဆိုင်းသွားကြောင်း ဗန်းမော်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကားသွားမရတော့လို့ မန္တလေးခရီးစဉ် ကြိုတင်လက်မှတ်ဝယ်ထားတာတွေ နောက်တစ်နေ့မှာ အကုန် ပြန်အမ်း ပေး တယ်။ ကွေ့ကြီးနားက တံတားကို ချိုးလိုက်တာလို့ ပြောတယ် ကားကတော့ ဒီနေ့အထိ သွားလို့မရသေး ဘူး ” ဟု သူက ဆိုသည်။
ယခုလ ၄ ရက်နေ့က ပွင့်ဖြူ၊ ပြည်သူ၊ ပြဒါးပျံဆိုသည့် သင်္ဘော ၃ စီးဖြင့် တပ်မ ၈၈ လက်အောက်ခံတပ်များ ဗန်း မော်သို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ညတွင်းချင်း ရှေ့တန်းစစ်မြေပြင်များသို့ ထပ်မံ ပို့ဆောင်လိုက် ကြောင်း သိရသည်။
ယခုအခါ တပ်မ ၈၈ လက်အောက်ခံတပ်နှင့် KIA တပ်များ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွား နေပြီး တပ်မ ၈၈ မှ တပ်သား ၄ ဦးခန့် မိုင်းထိသေဆုံးသွားကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။
“တပ်မ ၈၈ က ၄ ယောက် လော့တန်ဘက်မှာ မိုင်းထိပြီး ကျသွားတယ်။ ခလရ ၂၃၇ ကဗိုလ်မှူးတစ်ယောက် လည်း ကျ တယ်” ဟု သူက ဆိုသည်။
ကချင်ပြည်နယ်အတွင်း နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေရာ ကျေးလက်ရော မြို့ပေါ်နေပြည်သူများပါစိုးရိမ် ထိတ်လှန့် နေကြောင်းလည်း သိရသည်။

ငွေလှဲနှုန်းကျဆင်းမှုကြောင့် ကုန်မကူးနိုင်သူ တ၀က်သာသာ လျှော့ကျ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 10 ရက် 2011 ခုနှစ်
ခိုနူမ်ထုန် သတင်းဌာန
အိန္ဒိယ-မြန်မာ ငွေလှဲနှုန်း ကျဆင်းမှုကြောင့် အမှတ် (၂) အိန္ဒိယ –
မြန်မာကုန်သွယ်ရေး လမ်းကြောင်း ပေါ်တွင် ကုန်သည်လုပ်ငန်း မလည်ပတ်နိုင်သူ
တနေ့ထက်တနေ့များပြားလာပြီး ယခင် ၅၀ ဦး မှ လက်ရှိ တ၀က်သာသာ
လျှော့ကျသွားကြောင်းသိ ရသည်။

အမှတ် (၂) အိန္ဒိယ – မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်သည်များသည် အဓိကအားဖြင့် တရုတ် – မြန်မာနယ်စပ် ရွှေလီနှင့် မန္တလေးမြို့မှ အလှကုန်နှင့် စားကုန်များကို အိန္ဒိယ အရှေ့မြောက်ပြည်နယ် မီဇိုရမ်နှင့် အခြားပြည်နယ် များသို့ တင်သွင်းကြပြီး ရောင်းရငွေရူပီးအား မြန်မာငွေဖြင့် ပြန်လည် လဲလှယ်ကြသည်။
“၂ လ ကျော်ရှိပြီ၊ ငွေလှဲနှုန်းက ၁၆ ကျပ်တောင်မပြည့်ဘူး၊ မနေ့တနေ့ကဆိုရင် ၁၅ ကျပ် ပြား ၃၀ ဘဲရှိတယ်၊ မနေ့ကဆိုရင် ၁၅ ကျပ် ပြား ၂၀ အထိ ကျဆင်းသွားတယ်၊ ငွေလှဲနှုန်းကျတော့ ငွေရင်းများများ မရှိတဲ့ သူတွေ အရှူံးပေါ်နေတယ်၊ အခု လုပ်ငန်းတော်တော်များများယာယီ ရပ်ထားတယ် ” ဟု ကုန်သည်အသေးစားအမျိုး သမီးတဦးက ပြောသည်။
တဆက်တည်း ကုန်သည်များထံမှ ကော်မရှင်စနစ်ဖြင့် ကုန်ပစ္စည်း ရောင်းသူ မီဇိုရမ်ရှိ ချင်းလူမျိုး ၁၀၀ ခန့် အခက် တွေ့နေရကြောင်း သိရပြန်သည်။
“ အရင်ကဆိုရင် ကုန်ပစ္စည်းတွေကလည်း စုံတယ်ဆိုတော့ တနေ့ ရူပီး ၄-၅ ရာရဖို့က လွယ်တယ်၊ အခု တော့ ကုန်ပစ္စည်းသစ်မရောက်တော့ တနေ့ ၃၊ ၄ ရာရဖို့ဆိုတာ အလွန်ခက်ခဲ သွားပြီ၊ဖောက်သယ်တွေ လိုချင်တဲ့ ကုန်ပစ္စည်းတွေကို ရောင်းနိုင်မှသာ ကျနော်တို့အတွက် အမြတ်ရတယ်” ဟု ကော်မရှင်လုပ်သူ တဦးကပြောသည်။
အဆိုပါကုန်သည်များသည် မိမိတို့ ကုန်ပစ္စည်းများကို လပေးစနစ်ဖြင့် သော်လည်းကောင်း၊ အကြွေးစနစ်ဖြင့် သော်လည်းကောင်း ဖလှယ်ကြပြီး အနည်းဆုံးသုံးလ တကြိမ်လောက်သာ လည်ပတ်နိုင်ကြကြောင်း ပြောကြ သည်။
“ အခု ငွေလှဲနှုန်းက ၁၅ ကျပ် ကျော်ကျော်ဘဲရှိတော့ အမြတ်အရမ်းနည်းတယ်၊ ဒါပေမဲ့ ကုန် မကူးလို့ကလည်း မဖြစ်ဘူး၊ ကုန်မကူးဘူးဆိုရင်လည်း မီဇီုရမ်ဘက်က ဖောက်သယ်ပျက်မယ်၊ ပြီးတော့ ရစရာအကြွေးတွေက လည်း ရှိနေသေးတယ်ဆို တော့ အမြတ်နည်းပေမဲ့ လုပ်နေရတယ်” ဟု အမှတ် (၂) အထည်ကုန်သည် တဦးက ပြော သည်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မီဇိုရမ်ပြည်နယ်အတွင်း ရှိ Mizoram Merchant Association (MIMA) ခေါ် ကုန်သည် အသင်းက အိမ်တိုင်းလှည့်လည်သူ ကော်မရှင်များထံ မှ မသမာသူများထံ သတင်းရောက်ရှိ သော ကြောင့် ဖောက်ထွင်းမှုရှိနေသည်ဟူသော အကြောင်းပြချက်ဖြင့် ဒေသလုံခြုံရေးနှင့် ခိုးမှူလျော့ပါးရေးကို ရှေ့ ရှုပြီး ကော်မရှင်လှည့်လည်ရောင်းချခွင့်ကို တားမြစ်ခဲ့ကြသည်။

Wednesday, November 9, 2011
မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှု တစ်ခုချင်း အလိုက် အမေရိကန် တုံ့ပြန်မည်
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်း တစ်လှမ်းချင်း အလိုက် တုံ့ပြန်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ms. Victoria Nuland က မနေ့က ထပ်ပြီး ပြောကြားလိုက်ပါတယ်။
US Department of State
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပုံမှန်
သတင်းစာရှင်းလင်းပွဲတွင် ပြောခွင့်ရ အမျိုးသမီး Victoria Nuland က
သတင်းထောက်များကို ရှင်းလင်းတင်ပြနေစဉ်။
အမေရိကန် အထူးကိုယ်စားလှယ်နဲ့ လက်ထောက် အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးတို့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေး
ထပ်ပြီး လုပ်ဆောင်လာအောင် အမေရိကန် အစိုးရဘက်က ပြင်ဆင်ထားမှု ရှိမရှိ
သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ အခုလို တုံ့ပြန် ပြောကြားလိုက်တာပါ။
အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေ
ခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ပြန်လည် စိစစ်
သုံးသပ်နေကြောင်း၊ ဌာနတွင်း ဆွေးနွေးတာတွေလည်း ရှိနေကြောင်း၊ ဘာလီကျွန်းမှာ
မြန်မာကိစ္စ ပေါ်လာစရာရှိပြီး ဖြစ်ပေါ် တိုးတက်မှုတွေကို ဆက်ပြီး စိစစ်
အကဲဖြတ်သွားမှာ ဖြစ်သလို ဖြေရှင်း ဆောင်ရွက်ဖို့ လိုအပ်တာတွေကိုလည်း
အမေရိကန် အစိုးရအနေနဲ့ ဆက်ပြီး တိုက်တွန်းသွားမှာ ဖြစ်ကြောင်း Ms. Nuland က
ပြောပါတယ်။
အမေရိကန် အထူးကိုယ်စားလှယ် Mr. Derek Mitchell နဲ့ လက်ထောက် နိုင်ငံခြားရေး
ဝန်ကြီး Mr. Michael Posner တို့ရဲ့ မြန်မာ ခရီးစဉ်အဆုံး မြန်မာနိုင်ငံမှာ
အသေးစား ချေးငွေ ကူညီမဲ့အကြောင်းနဲ့ ခရီးသွားလာရေး ကန့်သတ်ချက် တချို့
လျှော့ပေါ့မဲ့အကြောင်း ကြေညာခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အာဆီယံ ထိပ်သီး ညီလာခံ ကာလမှာ အမေရိကန်
သမ္မတ အိုဘားမား တက်ရောက်ဖို့ ရှိပြီး ညီလာခံကာလ အတွင်း မြန်မာသမ္မတ
ဦးသိန်းစိန်နဲ့ တွေ့ဆုံမဲ့ အလားအလာ ရှိကြောင်း သတင်းမီဒီယာတွေက ရေးသား
ပြောဆိုနေကြပါတယ်။
ဘာလီညီလာခံ ကာလအတွင်း အမေရိကန်ဘက်က မူဝါဒနဲ့ အညီ နောက်ထပ် တုံ့ပြန်
ဆောင်ရွက်ဖို့ ရှိမရှိ ဆိုတာကိုတော့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ
အမျိုးသမီး Ms. Nuland က လောလောဆယ် ကြေညာဖို့ရာ မရှိသေးကြောင်း
ဖြေဆိုခဲ့ပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
ဧရာဝတီမြစ် ပြန်လည်ထူထောင်ရေး အတွက် လေ့လာဆန်းစစ်မှုများ စတင်ပြုလုပ်ရန် လိုအပ်နေကြောင်း ပညာရှင်များပြောကြား
မန္တလေးမြို့ရှိ ဧရာဝတီမြစ် ဆိပ်ကမ်း တစ်နေရာအား စက်တင်ဘာလက တွေ့ရစဉ်
ကချင်ပြည်နယ်ရှိ မြစ်ဆုံဒေသမှ စတင်စီးဆင်းလာသော ဧရာဝတီမြစ်သည် နိုင်ငံဧရိယာ၏ ၆၀ ရာခိုင်နှုန်း ၀န်းကျင်ကို လွှမ်းခြုံထားပြီး သဘာ၀၀န်းကျင် ပြောင်းလဲမှုများကြောင့် ယခုနှစ်များအတွင်း မြစ်ကြောင်း ပြောင်းလဲမှုများ သိသာလာသောမြစ်လည်း ဖြစ်သည်။ “ဧရာဝတီမြစ်ကို ပြန်လည် ထူထောင်နိုင်ဖို့အတွက်survey လုပ်သင့်တဲ့ အချိန်ရောက်နေပါပြီ။ စပြီး လုပ်သင့်နေပါပြီ”ဟု Water, Re-search and Training Centre (WRTC) မှ Founder and President ဒေါ်ခင်နီနီသိန်းက ပြောပါသည်။ ဧရာဝတီမြစ်သည် မြစ်ဖျားပိုင်းဒေသ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှု အားနည်းလာမှု၊ ရေအရင်းအမြစ် နည်းပါးလာမှု၊ မြစ်တွင်အနည်အနှစ်ပို့ချမှု များပြားလာမှု စသည်တို့ကြောင့် မြစ်တွင်သောင်ထွန်းမှု များပြားလာခဲ့ ကာ ၂၀၀၉ ခုနှစ်မှ လက်ရှိကာလသည် အသိသာဆုံးသောနှစ်များ ဖြစ်ခဲ့သည်။ ဧရာဝတီမြစ်အစပြုသော မြစ်ဆုံဒေသတွင် တည်ဆောက်မည့် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း ဖြစ်သော မြစ်ဆုံစီမံကိန်းအား ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ကာ လက်ရှိတွင်မူ လုပ်ငန်းလည်ပတ်မှုများ ရပ်နားထားပြီးဖြစ်သည်ဟု သိရှိရသည်။ “မြစ်ဆုံက ရပ်လိုက်ပြီ။ ဒါပေမဲ့ မတည်ဆောက်မီ ကာလတွေကတည်းက မြစ်ကြောင်းထိန်းသိမ်းမှု အားနည်းခဲ့တာရယ်၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲခဲ့တာတွေကိုတော့ ပြန်လည်ထူထောင်ဖို့ လိုအပ် နေပါတယ်။ မြစ်ကြောင်းထိန်းသိမ်းမှုက အခုအချိန်မှာပိုပြီး လိုအပ်လာပါတယ်” ဟု မြန်မာငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောကြားသည်။ “မြန်မာနိုင်ငံမှာ သဘာဝရင်း မြစ်များတယ်လို့ ပြောတယ်။ ရေလုံလောက်ပြီလား ဆိုတော့လည်း မလုံလောက်သေးဘူး။ ရန်ကုန်လို မြို့ကြီးတွေမှာတော့ ရေလုံလောက်တယ် ဆိုရမယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာတော့ ရေရဖို့ကို မိုင်များစွာ လျှောက်နေရပါတယ်”ဟု ထိုင်းနိုင်ငံရှိ UNEP, AIT Regional Resource Center for Asia Pacific မှ ဦးတင်အောင်မိုးက ဆိုပါသည်။ မြန်မာနိုင်ငံသည် ယခုနှစ်များအတွင်း ရာသီဥတု ပြောင်းလဲမှုများကြောင့် မိုးနည်းပါး၍ မြစ်များတွင် ရေနည်းပါးခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုများကြောင့် မြစ်များတိမ်ကောမှုတို့ကို ရင်ဆိုင်လာရသည်။ |
မြန်မာနိုင်ငံ၌ သဘာဝရင်းမြစ် သယံဇာတတည်ရှိမှု ပမာဏအချက်အလက် အားနည်း၍ မည်မျှဆုံးရှုံးနေသည်ကို မခန့်မှန်းနိုင်ဟု ပညာရှင်များ ပြောကြား
|
မြန်မာနိုင်ငံသည် စက်မှုကို အခြေခံသော စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး သည့် နိုင်ငံမျိုးမဟုတ်ဘဲ သဘာဝ သယံဇာတများကို အသုံးချသော စီးပွားရေးလုပ်ငန်းများသာ အဓိကဖြစ်နေကာ အဆိုပါ သယံဇာတများမှာလည်း လျော့နည်းလာမှုကို ကြုံတွေ့ နေရကြောင်း သိရှိရသည်။ “မြန်မာနိုင်ငံမှာ သဘာဝရင်းမြစ်များတယ်။ ဒါပေမယ့် ဘယ်လောက်ရှိမှန်း မသိဘူး။ ဘယ်လောက် ဆုံးရှုံးသွားမှန်းလည်း မသိကြဘူး။ ဒါဟာ တစ်ချိန်မှာတော့ ပြဿနာ ဖြစ်လာနိုင်ပါတယ်”ဟု ထိုင်းနိုင်ငံရှိ UNEP, AIT Regional Resource Center for Asia Pacific မှ ဦးတင်အောင်မိုး ကပြောကြားသည်။ မြန်မာနိုင်ငံတွင် ကျောက်စိမ်း ကျောက်မျက် သယံဇာတ တူးဖော်ရေးလုပ်ငန်းများ၊ ရွှေတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်နေရာတွင် ကချင်ပြည်နယ်ရှိ လုံးခင်း-ဖားကန့် ရတနာနယ်မြေအတွင်း၌ပင် လုပ်ကွက်ပေါင်း ၇၅၃၅ ဖြင့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများသည်လည်း ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့စသော သယံဇာတများပေါ်တွင်သာ အဓိက လုပ်ဆောင်မှုရှိထားသည်။ “ ကျောက်မျက်တွေ တူးဖော်ကြတယ်။ ပတ္တမြားတွေ ရောင်းကြတယ်။ ရောင်းရတဲ့ ပိုက်ဆံကိုပဲ မြင်တာ။ တကယ်တော့ ကုန်ကျစရိတ်ကလည်း မသက်သာဘူး။ နောက်ပြီး ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုနဲ့တွက်ရင် ရောင်းရတဲ့ငွေက တကယ်မြတ်တာရော ဟုတ်ရဲ့လားလို့ စဉ်းစားဖို့ လိုပါတယ်”ဟု ဦးတင်အောင်မိုးက ဆိုပါသည်။ လက်ရှိတွင် နိုင်ငံတွင်း၌ သစ်တောပြုန်းတီးမှုများကိုလည်း ရင်ဆိုင်နေရကာ သစ်တောပြုန်းတီးမှု သည် သစ်များကို စီးပွားဖြစ် အလွန်အကျွံထုတ်လုပ်၍ ဖြစ်ပေါ်နေသည်။ “သစ်တောတွေလည်း ပြုန်းတီးမှုဖြစ်လာတယ်။ သစ်တောတွေလည်း ကုန်တော့မယ်။ မျိုးစိတ်တွေလည်း ပြုန်းတီးမှုတွေရှိလာတယ် “ WWF International Greater Mekong Programme မှ ဦးတင်သန်းက ပြောကြားသည်။ “DATA တွေရှိဖို့လိုပါတယ်။ DATA မရှိရင် ကျဆုံးတာပါပဲ။ ဒါကတော့ ဌာနတစ်ခု၊ အေဂျင်စီတစ်ခုနဲ့ မရပါဘူး။ ပူးပေါင်းမှရမယ်”ဟု ဦးတင်အောင်မိုးက ပြောကြားသည်။ သဘာဝ သယံဇာတရင်းမြစ်များသည် အကန့်အသတ်နှင့်သာ တည်ရှိသောအရာများဖြစ်၍ ရနိုင်သရွေ့တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းများ ဆက်လက်ပြုလုပ်နေပါက တစ်ချိန်တွင် သယံဇာတများ နည်းပါးမှု၊ ကုန်ခမ်းမှုနှင့် ရင်ဆိုင်လာရနိုင်ကြောင်းလည်း ပညာရှင်အချို့က သုံးသပ်ကြသည်။ |
ဦးဝင်းတင်ကို “သူရသတ္တိ” ရွှေတံဆိပ်ဆု ချီးမြှင့်မည်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 09 ရက် 2011 ခုနှစ်
ထွန်းထွန်း
သတင်း -
မဇ္ဈိမသတင်းဌာန
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင် အား ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင်တိ
ုင်းပြည် အတွက် အနစ်နာခံ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဒဂုံမြို့သစ်
အရှေ့ပိုင်းမြို့နယ်ရှိ မကွေးပရိယတ္တိ ကျောင်းတိုက် ဆရာတော်မှ “သူရသတ္တိ”
ရွှေတံဆိပ် ဆု ပေးအပ်မည်ဟု သိရသည်။
ပြည်တွင်းတွင် ပထမဦးဆုံးအကြိမ် ပေးအပ်ခံရမည့် “သူရသတ္တိ” ရွှေတံဆိပ်ဆုမှာ ရင်ထိုးအမျိုးအစားဖြစ်ပြီး အလေး ချိန် တကျပ်သားရှိ ရွှေပြားပေါ်တွင် “သူရသတ္တိ” ဟူသော စကားလုံးနှင့် “ခွပ်ဒေါင်းပုံ” ပါဝင်သည်။ ယင်းဆုကိုလည်း ဆရာတော်တဦးတည်းမှ အကုန်အကျခံသော ဆုတံဆိပ်ကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပေးအပ်မှာ ဖြစ်သည်။
အခမ်းအနားကို ကျောင်းတိုက်တည်ရှိရာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁ ရပ်ကွက်၊အနော်ရထာလမ်း တွင် ကျင်းပ မည်ဖြစ်ကာ တဆက်တည်းပင် စက်တင်ဘာ သံဃာ့ အရေးအခင်းအတွင်း ဖမ်းဆီးခံခဲ့ရသည့် သံဃာတော်များအား ပြန်လည် သိက္ခာထပ်ပွဲကို ပူးတွဲကျင်းပမည် ဖြစ်သည်။
“ဒီမိုကရေစီသွားတဲ့ နေရာမှာ အကွေ့အကောက်၊ အတိမ်းအစောင်း၊ အကြောက်အရွံ့မရှိပဲနဲ့ ဦးဝင်းတင်ဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရဲရဲဝင့်ဝင့်ဖြင့် ရင်ဆိုင်သွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒါကြောင့်ဘုန်းကြီး က ဦးဝင်းတင်ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်” ဟု မကွေး ပရိယတ္တိကျောင်းတိုက် ဆရာတော်အရှင် ပါမောက္ခက မဇ္ဈိမကို မိန့်သည်။
“ခွပ်ဒေါင်းဆိုတဲ့ သဘောတရားက မဟုတ်ရင် ဘယ်သူ့ကိုမှ မခံဘူး။ သူက အကုန်လုံး ခွပ်ပြီးတော့ သတ်မယ်ဆိုတဲ့ သဘောတရားကို ဆောင်တယ်။ မဟုတ်တဲ့နေရာမှာ ခွပ်ဒေါင်းဟာ သူ့အပေါ်မှာကျ ရောက်လာတဲ့ အန္တရာယ် မှန်သမျှကို အကုန်လုံး တိုက်ခိုက်နိုင်တဲ့ စွမ်းရည်သတ္တိ ရှိပါတယ်။ဦးဝင်းတင်က လည်း အဲဒီလို ခွပ်ဒေါင်းရုပ်နဲ့ ခွပ်ဒေါင်း စိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်မို့လို့” ဟု ဆရာတော်ကဆက်လက်မိန့်ဆို သည်။
အသက် ၈၁ နှစ်အရွယ် ဦးဝင်းတင်မှာ သတင်းစာသမား ဘဝမှပင် တိုင်းပြည်နှင့် ပြည်သူ့အကျိုးအတွက် တစိုက် မက်မက် လုပ်ဆောင်ခဲ့သည့် အပြင် နိုင်ငံရေးသမားဘဝတွင်လည်း ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် NLD နှင့်အတူ စိုက်လိုက်မက်တပ် လုပ်ဆောင်ခဲ့သည်။
အတိုက်အခံနိုင်ငံရေး လှုပ်ရှားမှုကြောင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးခံခဲ့ရကာ ၁၉ နှစ်ကျော်ကြာပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
“အန်ကယ် ဦးဝင်းတင်က တကယ့်ကို ယုံမှားသံသယ မရှိကောင်းတဲ့ တကယ့်ဒီမိုကရက်တစ် တယောက် ဖြစ်တယ်။ ပုဂ္ဂိုလ်ရေး ဘဝအရပဲ ဖြစ်ဖြစ်၊ ဒီမိုကရေစီရေး ခံယူချက်အရပဲ ဖြစ်ဖြစ် လူထုနဲ့ တသားတည်း ရှိပြီးတော့ ဒီကနေ့ အချိန်အထိ မားမားမတ်မတ် ရပ်တည်နေတဲ့အတွက် သူဟာ ဒီဆုနဲ့ ပတ်သက်ပြီး ထိုက်တန်တဲ့ ပုဂ္ဂိုလ်တယောက်ဖြစ်တယ်” ဟု နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက် တာဝန်ခံ ကိုအောင်ဇော်ထွန်းက မဇ္ဈိမကို ပြောသည်။
ဦးဝင်းတင်မှာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့မှ ပေးအပ်သည့် Guillermo Canoကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ရေးဆု - Guillermo Cano World Press Freedom Prize၊ ကမ္ဘာ့သတင်း စာများ အသင်း၏ လွတ်လပ်ရေး အတွက် ရွှေကလောင်ဆု - Newspapers' Golden Pen of Freedom နှင့် နယ်စည်းမခြား သတင်းထောက်များဆု - Winner of Reporters Without Border များ ချီးမြှင့်ခံထား ရသူလည်း ဖြစ်သည်။
ဆုပေးပွဲကို တခမ်းတနားဖြင့် မလုပ်ပေးစေလိုကြောင်း ဦးဝင်းတင်က အကြောင်းပြန်ခဲ့သည်ဟု သွားရောက် အကြောင်းကြားခဲ့သူ ကိုအောင်ဇော်ထွန်းက ပြန်ပြောပြသည်။
သိက္ခာထပ်ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင်ကွန်ယက်၊ အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့နှင့် ဒီမိုကရေစီ အင်အားစုများက စုပေါင်းပြုလုပ်ခြင်းဖြစ်ကာ လက်ရှိတွင် သိက္ခာထပ်မည့် သံဃာတော် ၂၄ ပါး ရှိပြီဟု သိရသည်။ ယင်းအပြင် ပွဲသို့ လာရောက်မယ့် အကျဉ်းကျခံ မိသားစုများအတွက် စာအုပ် စာတမ်းနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများကို ကူညီသွားမည် ဖြစ်သည်။

ဒဂုံမြို့သစ်
အရှေ့ပိုင်းမြို့နယ်ရှိ မကွေး ပရိယတ္တိကျောင်းတိုက် ဆရာတော်မှ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သော ဦးဝင်းတင်အား
“သူရသတ္တိ” ရွှေတံဆိပ်ဆု ပေးအပ်မည် (ဓါတ်ပုံ မဇ္ဈိမ)

မန္တလေးကျောက်ဝိုင်း ဖျက်သိမ်း မည့် သတင်းများ ထွက်ပေါ်
ယင်းကဲ့သို့ပင် လွန်ခဲ့သောဆယ် နှစ်ကျော်ကာလအတွင်းကလည်း ကျောက်ဝိုင်းဖျက်သိမ်းမည့်သတင်း များထွက်ေ ပ်ါခဲ့ဖူးကြောင်းသိရသည်။”ဆိုင်ခန်းသမားတွေက တစ် ခန်းကို သိန်းရာကျော် ပေးထားရ တာ၊ ဖျက်သိမ်းလို့အစားပြန်ရရင်ခံ သာပေမယ့်၊ ဘာမှမရဘူးဆိုရင် တော့ နစ်နာမှုတွေရှိလာနိုင်တယ်” ဟု ဆိုင်ဖျက်သိမ်းလျှင် ကြုံတွေ့ရ နိုင်သည့် အခြေ အနေနှင့်ပတ်သက် ၍ ဆိုင်ခန်းရှင်တစ်ဦးက ပြောသည် ။ကျောက်မျက်အချော ထည် ဈေးကို တခြားနေရာသစ် လုပ် ဆောင်ဖြစ်လျှင်ပင် ကျောက်ဝိုင်း ဖျက်သိမ်း ရန်မှာမသေချာကြောင်း ကျောက်မျက် အသင်း(မန္တလေး)မှ တာဝန်ရှိသူတစ်ဦး က ပြော သည်။သို့ရာတွင် ကျောက်ဝိုင်း ဖျက် သိမ်းမည် မဖျက်သိမ်းမည်မှာ တိကျ သေချာ မသိရှိရသေးဘဲ ဖျက်သိမ်း ၍ နစ်နာမှုများမည်ဆိုပါက စဉ်းစား သင့်ကြောင်းနှင့် ဝိုင်းအတွင်း လုပ် ကိုင်စားသောက်နေသူများမှတောင်း ဆိုမှု ပြုလုပ်သင့်ကြောင်းလေ့လာ သူတစ်ဦးက ပြောသည်ဟုPopular News တွင်ထိုသတင်းအားဖော်ပြထားသည်.။
ဒေါ်အောင်ဆန်းစုကြည်က ဒါရိုက်တာ Besson အား သူမ၏ ဘဝဇာတ်ကြောင်း ရုပ်ရှင်အတွက် ကျေးဇူးစကားဆို
(AFP သတင်းမှ 7 Nov 2011 ရက်စွဲပါ “Aung San Suu Kyi Thanks Besson for film of her life story” သတင်းကို Transparency Myanmar မှဘာသာပြန်ဆိုသည်)
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒါရိုက်တာ Luc Besson အား သူမ၏ ဘဝဇာတ်ကြောင်း ရုပ်ရှင်ရိုက်ကူးခြင်းနှင့် သူမ၏ နိုင်ငံအပေါ် အလင်းဖြန့်ကျက်ပေးခြင်းတို့အတွက် ကျေးဇူးစကားဆိုခဲ့ သည်ပာု ပြင်သစ်လူမျိုး ရုပ်ရှင်ဒါရိုက်တာ က တနလာင်္နေ့တွင်ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအမတ်ကြီးနှင့် အင်တာဗျူး

ရန်ကုန်မြို့
Chatrium ဟိုတယ်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ဥရောပသမဂ္ဂတို့
ကျင်းပပြုလုပ်သော ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသော မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ
သံအမတ်ကြီးနှင့် The Messenger ဂျာနယ်မှ
သီးသန့်တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
EU ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံကိုလာခဲ့တဲ့ ခရီးစဉ်တွေတိုင်းမှာ ထင်သာမြင်သာရှိတဲ့ တိုးတက်ပြောင်းလဲမှုတွေကို မြန်မာအစိုးရဆီက ရခဲ့ပါသလား။
ဒါပေါ့ ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာတစ်နှစ်တောင်ပြည့်ပြီ။ နောက်ပြီး ရွေးကောက် ပွဲ ဥပဒေကို ပြင်ဆင်ခဲ့တဲ့အပေါ် သမ္မတက လက်မှတ်ရေးထိုးခဲ့တယ်။ ကချင်ပြည်နယ် မြစ်ဆုံကိစ္စလည်းပါပါတယ်။ အခု ခင်ဗျားတို့ ကျွန်တော့်ကို ၀ိုင်းပြီးသတင်းမေးနိုင်တယ်၊ ဒါက ပြောင်းလဲတယ်ဆိုတာကို ပြတာပါ။ အစိုးရက အပြောင်းအလဲလုပ်တိုင်း ကျွန်တော်တို့ဘက်က ပြောင်းလဲမှာပါ။
မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးခဲ့ရင် EU က Sanction ကို ချက်ချင်းပယ်ဖျက်ပေးမယ် လို့ ပြောခဲ့ဖူးပါတယ်။ တကယ်လို့ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့ရင် EU အနေနဲ့ Sanction ကို ချက်ချင်းရုပ်သိမ်းပေးမှာလား သိချင်ပါတယ်။
ဟုတ်ကဲ့ ပြောခဲ့ဖူးပါတယ်။ တကယ်လို့ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးခဲ့ရင် ကျွန်တော်တို့ Sanction ကိစ္စကို review ပြန်လုပ်မှာပါ။ ချက်ချင်းတော့ မရုပ်သိမ်းပါဘူး။ EU မှာ မြန်မာနဲ့ပတ်သက်ပြီးတော့ ပေါ်လစီ သုံးခုရှိပါတယ်။ (၁) ညှိနှိုင်းဆွေးနွေးခြင်း၊ (၂) ပြန်လည်စဉ်းစားခြင်း၊ (၃) ပိတ်ဆို့အရေးယူခြင်းတို့ ဖြစ်ပါတယ်။
မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သံအမက်ကြီး တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်အကြောင်းအရာ ကို အဓိကဆွေးနွေးခဲ့ပါသလဲ။
ကျွန်တော် ဒါကို အခုအချိန် မပြောချင်သေးပါဘူး။ သူမကိုယ်တိုင် ပြောတာပဲ ကောင်းပါတယ်။
မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေအပေါ် မှတ်ချက်ပေးစရာများ ရှိပါသ လား။
မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက ကျေးလက်မှာပါ။ ကျေးလက်ဒေသအများစုကလည်း ဆင်းရဲ ကြပါတယ်။ ဒါတွေကို အဓိကဖြေရှင်းဖို့အတွက် ငွေရေးကြေးရေးကဏ္ဍကို အရင်ပြုပြင်ရမှာပါ။ ဒါကြောင့် ဒီပွဲကို ကူညီရတာပါ။ ကျွန်တော်တို့ ကဏ္ဍတိုင်းကို ပြောင်းလဲစေချင်ပါတယ်။ ဒီ ငွေရေးကြေးရေးကဏ္ဍမှ မဟုတ်ပါဘူး။ အဓိက ကတော့ ပွင့်လင်းမြင်သာမှုတွေကို နေရာတိုင်းမှာ ရှိစေချင်ပါတယ်။

ရွေးကောက်ပွဲကိစ္စ စဉ်းစားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်တွန်း
November 8, 2011 by နေသွင်
အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ဖို့ မဆုံးဖြတ်ခင်
အကျိုးအပြစ်တွေကို အလေးအနက်စဉ်းစားဖို့ မဟာမိတ်ပါတီတွေက
တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
၁၉၉၀
ရွေးကောက်ပွဲအနိုင်ရ မဟာမိတ်အစုအဖွဲ့ဖြစ်တဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (စီအာပီပီ)ရဲ့ မနေ့က
အစည်းအဝေးမှာ ခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
‘စီအာပီပီ’အစည်းအဝေးမှာ အဖွဲ့ချုပ်အနေနဲ့ ပါတီကို
မှတ်ပုံတင်သင့်ကြောင်း ဆုံးဖြတ်ပေမယ့် ရွေးကောက်ပွဲဝင်ရေးကိစ္စ
အပေါ်မှာတော့ မဆုံးဖြတ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။
စီအာပီပီကို
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့
ရှမ်း၊ ရခိုင်၊ ဇိုမီး၊ မွန်ပါတီတို့က ခေါင်းဆောင်တွေနဲ့
ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၈ ခုနှစ်မှာ
ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
မနေ့က
‘စီအာပီပီ’အစည်းအဝးကို ‘စီအာပီပီ’အဖွဲ့ဝင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊
ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ တိုင်းရင်းသားပါတီတွေက
ခေါင်းဆောင်တွေ တက်ရောက်တယ်လို့ သိရပါတယ်။
‘စီအာပီပီ’အဖွဲ့
ဝင်တွေထဲက အကျဉ်းကျခံနေရတဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အက်စ်အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ခွန်ထွန်းဦးတော့ အစည်းအဝေးကို
မတက်နိုင်ပါဘူး။
အန်အယ်လ်ဒီပါတီ
ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး ကိစ္စနဲ့ပတ်သက်လို့
မဟာမိတ်ပါတီတရပ်ရဲ့ သဘောထားကို မေးမြန်းရာမှာ အက်စ်အန်အယ်လ်ဒီ
ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က သူတို့ပါတီက
အန်အယ်လ်ဒီပါတီကိစ္စကို ဝင်ရောက်စွက်ဖက်ဖို့မရှိဘူးလို့ ပြောပါတယ်။
ဒါပေမယ့်
အက်စ်အန်အယ်လ်ဒီအနေနဲ့တော့ ပါတီခေါင်းဆောင်တွေဖြစ်တဲ့
ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်တို့ အကျဉ်းကျနေဆဲဖြစ်တဲ့အတွက်
ပါတီမှတ်ပုံတင်ဖို့၊ ရွေးကောက်ပွဲဝင်ဖို့ မရှိဘူးလို့ ပြောပါတယ်။
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနဲ့
ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေး ကိစ္စကို လာမယ့် နိုဝင်ဘာ ၁၈ ရက်
ပြည်နယ်နဲ့ တိုင်း အလုပ်အမှုဆောင်တွေရဲ့ အစည်းအဝေးကနေ
ဆုံးဖြတ်မယ်လို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက
ပြောပါတယ်။
သတင်းစာဆရာတွေ သတိထားရေးဖို့ ရန်ကုန် ဝန်ကြီးချုပ်ပြော
သတင်းစာဆရာတွေ သတိထားရေးဖို့ ရန်ကုန် ဝန်ကြီးချုပ်ပြော
ရေးသားကြရန် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်မြင့်ဆွေက သတင်းယူနေသည့် သတင်းထောက်များအား သတိပေး ပြောဆို လိုက်သည်။
“ရေးတဲ့ဟာလေးကိုတော့ သတိနည်းနည်းထား၊ လိုတာကို ဖြုတ်ယူရေးရင် ကျနော်တို့ အစိုးရအဖွဲ့ကပဲ၊ မြို့တော်ဝန် ပဲ ရေတောင်းတာကို မပေးချင်လို့ လွှတ်တော်မှာ ပယ်ချ ပစ်တယ်ဆိုတာ မြင်သွားတယ်။ လူထုက အဲဒီလိုမြင်သွား ရင် အစိုးရအဖွဲ့အနေနဲ့ မကောင်းဘူးပေါ့” ဟု ဦးမြင့်ဆွေက သတင်းထောက်များကို ပြောသည်။
အင်္ဂါနေ့တွင် ပြုလုပ်သည့် စတုတ္ထမြောက် လွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့တွင်း ဦးမြင့်ဆွေက အစည်း အဝေး မစတင်မီ သတင်းထောက်များကို ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့သော သတင်းထောက်များထံမှ သိရသည်။
လွှတ်တော်တွင်း
သတင်းများ ရေးသားရာတွင် သတိထားရေးသားကြရန် ရန်ကုန်တိုင်း ဒေသကြီး
ဝန်ကြီးချုပ်မြင့်ဆွေက သတင်းယူနေသည့် သတင်းထောက်များအား သတိပေး ပြောဆို
(ဓါတ်ပုံ မဇ္ဈိမ)
မှပေးဝေနေသည့် သောက်သုံးရေ မလုံလောက်မှုကြောင့် လုံလောက်စွာ
ဖြန့်ဖြူပေးရန်” အဆိုအား လွှတ်တော်တွင်း မဲခွဲ၍ ဆုံးဖြတ်ခဲ့၌ ရှုံးနိမ့်ခဲ့မှု အပေါ် ရေးသားမှုနှင့် ပတ်သက်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပြောဆိုခဲ့သည့် စကားများကို မဇ္ဈိမမှ လက်ခံ ရရှိသည်မှာ “ရေရရှိရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဟိုနေ့က လွှတ်တော်
ရဲ့ အဆုံးအဖြတ်ကို ယူမယ်ဆိုတဲ့ အခါကျတော့ မဲခွဲရတယ်။ ဦးကျော်က ရှုံးသွားတယ် အဲဒါကို ဘယ်လိုရေးလဲဆိုတော့ ဂျာနယ်ထဲမှာ
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးပါတီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ကပဲ ပေါင်းပြီးတော့ မြို့ရေရရှိရေး အဆိုကို ကန့်ကွယ်တယ်၊ မလုပ်ပေး ချင်လို့ ကန့်ကွက်လိုက်တယ် ဆိုပြီးတော့။ ဒါက အမှန်မဟုတ်ဘူး” ဟု ဖြစ်သည်။
ယင်းအပြင် “ဒီဟာကို ဦးကျော်က လွှတ်တော်မှာ နိုင်သွားရင် သူ့သင်္ဃန်းကျွန်း တခုတည်းကိုပဲ ဖိဖိစီးစီး လုပ်ရတော့ မယ်။ ကျန်တဲ့ ဒဂုံ တောင်/မြောက်၊ မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်းမှာ ရေမရဘူး။ ဆိုလိုတာက ခုလုပ်နေတာ မျှမျှတတလုပ်နေတာ။ လက်ရှိလည်း မြို့တော်ဝန်က လုပ်နေပါတယ်။ ဘက်ဂျက်အပေါ် မူတည်ပြီးတော့ လုပ်သင့် တာကို လုပ်ရမယ်။ ဒါလေး နားလည်ပေးပါ။ သူတခုတည်းပဲ လုပ်လို့မရဘူး။ ဦးကျော်နိုင်ရင် ရှိသမျှဘက်ဂျက်ကို သင်္ဃန်းကျွန်းတခုတည်းကို ပုံအောပြီးတော့ လုပ်ရမယ့်အနေအထား” ဟုလည်း ပြောဆိုခဲ့သည်။
သို့သော် ဝန်ကြီးချုပ်ဦးမြင့်ဆွေ၏ ပြောကြားမှုမှာ မမှန်ကန်ကြောင်းနှင့် ဦးကျော် တင်သွင်းသည့် အဆိုမှာ သင်္ဃန်းကျွန်းမြို့နယ် တခုတည်းသာ ရေရရှိရေးအတွက် မဟုတ်ဘဲ ရန်ကုန်မြို့တော် တခုလုံးအား ခြုံငုံ ပြောဆိုခဲ့
ခြင်း ဖြစ်သည်။
“လွှတ်တော်စတဲ့နေ့မှာပဲ ဦးကျော်က အဆိုတင်တာ။ သင်္ဃန်းကျွန်းတခုတည်း မဟုတ်ဘူး” ဟု တက်ရောက် သတင်းယူနေသူ တဦးက ပြောသည်။
မိမိတို့အစိုးရအနေဖြင့် ဘက်ဂျက် အတိုင်းအတာအရ မြို့နယ်အားလုံး ရေရရှိရန် အတွက် လုပ်ဆောင်ပေးနေ
ကြောင်း၊ လုပ်ဆောင်ပေးရာတွင်လည်း မြို့နယ်တိုင်း မျှမျှတတဖြစ်စေရန် ဆောင်ရွက်နေကြောင်းလည်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျန်တဲ့ဟာ ဘာဖြစ်ဖြစ် ငွေက ဒီလောက်ပဲ ရှိတယ်ဆိုတော့။ ဒါကြောင့်မို့လို့ ကျနော်တို့က လွှတ်တော်ထဲမှာ
ခုလည်း လုပ်ပေးနေတယ် မေးကြည့်။ သင်္ဃန်းကျွန်းမှာ လုပ်ပေးနေတယ်။ နောက် ရေမရတဲ့ ဒဂုံတောင်/မြောက်၊
မြောက်ဥက္ကလာ၊ ဒဂုံဆိပ်ကမ်းတွေကိုလည်း ခုလုပ်နေတာ၊ မျှမျှတတ လုပ်နေတာ။ မြို့တွေကိုလည်း ဘက်ဂျက်နဲ့ လုပ်ပေးနေတာ။ သူ့ကို သပ်သပ် တယောက်တည်း လုပ်ပေးနေတယ်ဆိုရင် ခင်ဗျားတို့က ဒဂုံဆိပ်ကမ်းမှာနေတယ်၊ ခင်ဗျားတို့ကလည်း တောင်းမှာပဲ။ ရေးတဲ့ဟာလေးကိုတော့ သတိနည်းနည်းထား၊ လိုတာကို ဖြတ်ယူရင် ကျနော်တို့ အစိုးရအဖွဲ့ကပဲ၊ မြို့တော်ဝန်ကပဲ ရေတောင်းတာကို မပေးချင်လို့ လွှတ်တော်မှာ ပယ်ချပစ်တယ်ဆိုတာ မြင်သွား တယ်။ လူထုက အဲဒီလို မြင်သွားရင် အစိုးရအဖွဲ့အနေနဲ့ မကောင်းဘူးပေါ” ဟု ဝန်ကြီးချုပ်၏ ပြောစကားတွင် ပါရှိသည်။
လွှတ်တော် စတင်သော နိုဝင်ဘာလ ၂ ရက်နေ့က တင်သွင်းခဲ့သော ဦးကျော်၏ အဆိုကို နိုဝင်ဘာလ ၃ ရက်နေ့က
ဆွေးနွေးကြရာ ယင်းအဆိုကို ကိုယ်စားလှယ်သုံးဦးက ထပ်မံ အဆိုပြု ဆွေးနွေကြကြောင်း၊ လွှတ်တော်တွင် မှတ်တမ်းတင်ထားရေးထက် လွှတ်တော်ဆန္ဒခံယူရန် ပြောဆိုကြသောကြောင့် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူ ၉၈ ဦးရှိနေပြီး ထောက်ခံသူ ၂၄ ဦးသာ ရှိခဲ့ခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က “ကျနော်တင်တဲ့ အဆိုဟာ မြို့တော်အတွင်း သောက်သုံးရေ ဖူလုံအောင်
ဖြန့်ဖြူးပေးရေး ဖြစ်ပါတယ်” ဟု ပြောသည်။
လွှတ်တော် ကိုယ်စားလှယ် ဦးကျော် တင်သွင်းသော အဆိုကို အားလုံးက တညီတညွတ်တည်း သဘောတူ
ထောက်ခံကြမည်ဟု တက်ရောက် သတင်းယူနေသူများ အားလုံးက ထင်ကြေး ပေးထားကြသည်။
“ရေရဖို့ ကိစ္စပဲဗျာ ဒါ ကန့်ကွက်စရာမှ မဟုတ်တာ။ ထင်သလို မဟုတ်ဘူး” ဟု သတင်းထောက်တဦးက ပြောသည်။
ရန်ကုန်မြို့ရှိ မြို့နယ် ၃၃ မြို့နယ်တအတွက် သောက်သုံးရေကို ချိုးဖြူ၊ လှော်ကား၊ ဖူးကြီး နှင့် ငမိုးရိပ် ရေလှောင် တမံ စီမံကိန်းများမှ ရေများကို ရေတွန်းစက် ၁၁ ရုံမှတဆင့် တမြို့လုံး ဖြန့်ဖြူးခြင်းဖြစ်ကာ၊ မြေအောက်ရေကိုမူ စက်ရေတွင်းများမှ တဆင့် ဖြန့်ဖြူးပေးခြင်း ဖြစ်သည်။
ရန်ကုန်တွင် လက်ရှိ ဖြန့်ဖြူးပေးနေသော ရေပမာဏာမှာ နေ့စဉ် ဂါလသန်း ၁၆ဝ ခန့်ရှိကြောင်း၊ ဆက်လက် ရေပေး
ဝေနိုင်ရန် စီမံကိန်းများ ဆောင်ရွက်နေကြောင်း မြို့တော်ဝန်ဦးလှမြင့်က နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြောကြား ခဲ့သည်။
သတင်း---ရန်ကုန် (မဇ္ဈိမ)
မန္တလေးဗေဒါသင်တန်းကျောင်းခွဲ ဖွင့်ပွဲ သို့ ပေးပို့ ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်စု မိန့် ခွန်း (ရုပ်/သံ)
မန္တလေးဗေဒါသင်တန်းကျောင်းခွဲ ဖွင့်ပွဲ သို့ ပေးပို့ ခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်စု မိန့် ခွန်း (ရုပ်/သံ)သတင်း
နိုဝင်ဘာလ ၇ ရက်နေ့က အထက်မြန်မာပြည် မန္တလေးမြို့မှာ ပထမဆုံးအကြိမ်
ဗေဒါသင်တန်းကျောင်းခွဲတခုကို မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မြို့နယ်စည်းအဖွဲ့ဝင် ဦးကိုကြီးရဲ့နေအိမ်မှာ ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းဗီဒီယိုဖိုင် ပေးပို့ခဲ့ပါတယ်။
Subscribe to:
Posts (Atom)