Saturday, November 26, 2011
မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင် အဖွဲ့သစ် စာရင်း ထွက်ရှိ
မှတ်ပုံတင်ရန်
ဆုံးဖြတ်လိုက်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၁ ဦးပါဝင်သော
ဦးဆောင် အဖွဲ့သစ် စာရင်း ထွက်ရှိလာသည်ဟု ယင်းအဖွဲ့သစ် စာရင်းတွင် ပါဝင်သူ
ဒေါ်မေ၀င်းမြင့်က The Messenger News Journal သို့ ပြောကြားသည်။
ယင်းသို့ ဖွဲ့စည်းရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ၁၉၈၈ ခုနှစ် စတင်ဖွဲ့စည်းစဉ်ကတည်းက ဦးဆောင် သူများ၊ စီအီးစီ တိုးချဲ့ အသစ်များနှင့် တိုင်း ဒေသကြီး / ပြည်နယ် ကိုယ်စားပြုများ၊ လူငယ် ကိုယ်စားပြုများ စသည့် မူသုံးချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့မှ ပါတီကို ဦးဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထွက်ရှိလာသည့် စာရင်း အသစ်မှာ အောက်ပါ အတိုင်းဖြစ်သည်။
၁။ ဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ ဦးဝင်းတင်
၎။ ဦးဟံသာမြင့်
၅။ ဦးဥာဏ်ဝင်း
၆။ ဒေါ်မေ၀င်းမြင့်
၇။ ဦးဝီလာရှီဆိုင်း (ကချင် ပြည်နယ်)
၈။ ဦးဇိုဂွမ်း (ချင်း ပြည်နယ်)
၉။ ဒေါ်ခင်စန်းလှိုင် (စစ်ကိုင်းတိုင်း ဒေသကြီး)
၁၀။ ဒေါ်အုန်းကြည် (မန္တလေးတိုင်း ဒေသကြီး)
၁၁။ ဒေါက်တာ ဒေါ်သန်းငွေ (ရှမ်း ပြည်နယ်)
၁၂။ ဒေါ်ခင်မိုးမိုး (ကယား ပြည်နယ်)
၁၃။ ဦးကျော်ခိုင် (ရခိုင် ပြည်နယ်)
၁၄။ ဒေါ်ခင်စောဌေး (မကွေးတိုင်း ဒေသကြီး)
၁၅။ ဒေါ်လှလှမိုး (ပဲခူးတိုင်း ဒေသကြီး)
၁၆။ ဒေါ်နန်းခင်ထွေးမြင့် (ကရင် ပြည်နယ်)
၁၇။ ဒေါ်ခင်ဌေးကြွယ် (မွန်ပြည်နယ်)
၁၈။ ဦးခင်ဇော်လင်း (ဧရာဝတီတိုင်း ဒေသကြီး)
၁၉။ ဒေါ်ခင်အေးမူ (တနင်္သာရီတိုင်း ဒေသကြီး)
၂၀။ ဦးစိုးဝင်း (ရန်ကုန်တိုင်း ဒေသကြီး) ညီနောင် ပါတီ
၂၁။ ကိုမျိုးညွန့် (လူငယ် အဖွဲ့)
source by : မက်စင်ဂျာ ဂျာနယ်
ယင်းသို့ ဖွဲ့စည်းရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ၁၉၈၈ ခုနှစ် စတင်ဖွဲ့စည်းစဉ်ကတည်းက ဦးဆောင် သူများ၊ စီအီးစီ တိုးချဲ့ အသစ်များနှင့် တိုင်း ဒေသကြီး / ပြည်နယ် ကိုယ်စားပြုများ၊ လူငယ် ကိုယ်စားပြုများ စသည့် မူသုံးချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ယင်းအဖွဲ့မှ ပါတီကို ဦးဆောင် သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထွက်ရှိလာသည့် စာရင်း အသစ်မှာ အောက်ပါ အတိုင်းဖြစ်သည်။
၁။ ဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ ဦးဝင်းတင်
၎။ ဦးဟံသာမြင့်
၅။ ဦးဥာဏ်ဝင်း
၆။ ဒေါ်မေ၀င်းမြင့်
၇။ ဦးဝီလာရှီဆိုင်း (ကချင် ပြည်နယ်)
၈။ ဦးဇိုဂွမ်း (ချင်း ပြည်နယ်)
၉။ ဒေါ်ခင်စန်းလှိုင် (စစ်ကိုင်းတိုင်း ဒေသကြီး)
၁၀။ ဒေါ်အုန်းကြည် (မန္တလေးတိုင်း ဒေသကြီး)
၁၁။ ဒေါက်တာ ဒေါ်သန်းငွေ (ရှမ်း ပြည်နယ်)
၁၂။ ဒေါ်ခင်မိုးမိုး (ကယား ပြည်နယ်)
၁၃။ ဦးကျော်ခိုင် (ရခိုင် ပြည်နယ်)
၁၄။ ဒေါ်ခင်စောဌေး (မကွေးတိုင်း ဒေသကြီး)
၁၅။ ဒေါ်လှလှမိုး (ပဲခူးတိုင်း ဒေသကြီး)
၁၆။ ဒေါ်နန်းခင်ထွေးမြင့် (ကရင် ပြည်နယ်)
၁၇။ ဒေါ်ခင်ဌေးကြွယ် (မွန်ပြည်နယ်)
၁၈။ ဦးခင်ဇော်လင်း (ဧရာဝတီတိုင်း ဒေသကြီး)
၁၉။ ဒေါ်ခင်အေးမူ (တနင်္သာရီတိုင်း ဒေသကြီး)
၂၀။ ဦးစိုးဝင်း (ရန်ကုန်တိုင်း ဒေသကြီး) ညီနောင် ပါတီ
၂၁။ ကိုမျိုးညွန့် (လူငယ် အဖွဲ့)
source by : မက်စင်ဂျာ ဂျာနယ်
အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ
![]() |
အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုပေါ်ပြီ |
အေးရှားဝေါလ် ဆိပ်ကမ်း၊ မြန်မာ့စက်မှု ဆိပ်ကမ်းတို့တွင် ယခုနှစ်အတွင်း Super Custom ကားများနှင့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ ကားများ အစီးလိုက် သော်လည်းကောင်း၊ ပစ္စည်းများ တစ်စစီ ဖြုတ်၍ သော်လည်းကောင်း တင်သွင်းခဲ့ ကြရာ တရားမဝင် လိုင်စင်မဲ့ ကား ၃၃ စီး တင်သွင်းခဲ့မှု ပေါ်ပေါက်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ပွားသည်နှင့် ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာနက အဖွဲ့ဝင် သုံးဦး ပါဝင်သော အထူး စုံစမ်းစစ်ဆေးရေး ခုံသမာဓိ အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည့် အပြင် အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာနကလည်း တရားဝင် စစ်ဆေးခဲ့ကာ အကောက်ခွန် ဝန်ဆောင်မှု ဆိုင်ရာ အေဂျင်စီများ ကိုလည်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ စစ်ဆေးချက် ဆိုင်ရာ အစီရင်ခံစာကို ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာန အပါအဝင် အကြီးအကဲများထံ တင်ပြထားပြီး ဖြစ်ကြောင်း၊ အဆိုပါ အစီရင်ခံစာတွင် အကောက်ခွန် ဝန်ထမ်း ၆၇ ဦး အကျင့်ပျက် ခြစားမှုတွင် ပါဝင်သည်ကို သိရှိရကြောင်း သက်ဆိုင်ရာမှ တာဝန်ရှိသူများက The Voice Weekly သို့ တရားဝင် ပြောဆိုသည်။
" စသုံးလုံးက အပြင်က အကောက်ခွန် ဝန်ဆောင်မှု အေဂျင်စီတွေ ကိုလည်း လိုအပ်တာတွေ ခေါ်ယူ မေးမြန်းတယ် " ဟု ရန်ကုန် မြို့တော် အခြေစိုက် အကောက်ခွန် ဝန်ဆောင်မှု အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်မည်ဟု မကြာခဏ ဆိုသလို မိန့်ခွန်းများတွင် ထည့်သွင်း ပြောကြားခဲ့ပြီး နိုင်ငံ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန် လာဘ်ပေး လာဘ်ယူစနစ် ပပျောက်ရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်၊ ဘဏ္ဏာရေးနှင့် အခွန် ဝန်ကြီးဌာန အကြံပေး အဖွဲ့ဝင် ရန်ကုန် စီးပွားရေး တက္ကသိုလ် အငြိမ်းစား ပါမောက္ခချုပ် ဦးမော်သန်း အပါအဝင် စီးပွားရေး ပညာရှင်များက တညီတညွတ်တည်း ထောက်ပြပြောဆို ကြသည်။
မြန်မာကမ်းရိုးတန်းတွင် မလေးသွား ခိုးလှေနစ်၍ လူပေါင်း ၁၆၃ ဦးပျောက်ဆုံးနေ
စနေနေ့၊ နိုဝင်ဘာလ 26 ရက် 2011 ခုနှစ်
နိရဉ္စရာ
သတင်း -
နိရဉ္စရာ သတင်းဌာန
နတ်မြစ်ဝတွင် တည်ရှိသော ရှင်မဖြူကျွန်းတွင် နေထိုင်သော အလုပ်သမား တစ်ဦးဖြစ်သူ မူဟာမတ် ရော်ဖိက အဆိုပါ ဖြစ်စဉ်အား ပြောကြားကြောင်း Bdnews24 ကို ကိုးကားပြီး သတင်းစာက ရေးသားဖေါ်ပြသည်။
အဆိုပါ အလုပ်သမားများအား တရားမ၀င်ပို့ဆောင်သော အဖွဲ့မှ ချာရစ်ဟူစိန်မှာလည်း အဆိုပါ စက်လှေ နစ်သည့်အထဲတွင် ပါဝင်သွားကြောင်း သိရသည်။
သို့သော် အဆိုပါ ပျောက်ဆုံးနေသည့် အလုပ်သမားများထဲတွင် မြန်မာနိုင်ငံသားများ ပါဝင်သလားဆိုသည် ကိုတော့ သတင်းစာက တစ်စုံတစ်ရာ ရေးသား ဖေါ်ပြထားခြင်း မရှိကြောင်း သိရသည်။
ယခုကဲ့သို့ သတင်းစာက ရေးသားဖေါ်ပြသော်လည်း သီးခြား အတည်ပြုချက်အား ရယူနိုင်ခြင်း မရှိပါ။
တိုင်းပြည်တွင်လုပ်ချင်တာလုပ်ပြီးဟန်မပျက်နေနိုင်သူများ
အကြီးအကဲ၏ ယတြာနှင့်အာဏာ (နေရဲနီ)
Wednesday, November 23, 2011
ဒီမိုဝေယံ မှ
ကဗျာရှင် (နေရဲနီ)
ထကြွနိုးကြား သနားသည်းခံ
ဝေဖန်ထောက်ရှု ဤခြောက်ခု
ကြီးသူ ကျင့်ဝတ်သာ။ ဟု
ငယ်စဉ်က သင်္ဂဇာဆရာတော်၏
လူ့ကျင့်ဝတ် ဆုံးမစာကို ဖတ်ခဲ့ဘူးသည်။
မင်းကျင့်တရား ၁၀ပါး ကို
သီတဂူ ဆရာတော်ဟော၍
ရာဇောဝါဒသုတ္တန်မှာ ကြားနာခဲ့ဘူးသည်။
ကျွန်တော်တို့သည် န ၀ တ အဖွဲ့ဖြစ်သောကြောင့်
မင်းကျင့်တရား ၁၀ပါးနှင့် အကျုံးမ၀င်ဟု
ဥက္ကဋ္ဌလုပ်သူမှ ဆင်ဝှေ့ရန်ရှောင် ပြောသံကို ကြားဘူးသည်။
သရဲနှင့်တစ္ဆေသည် တဘုံတည်းဖြစ်၍
ဘီလူးနှင့် သဘက်သည်လည်း ခွဲခြား၍မရပေ။
ထို့အတူဘီယာသည် အရက်မဟုတ်ပါဟု
ဆိုလာသောအခါ န၀တသည်လည်း
နအဖဟူ၍ ဖြစ်လာတော့သည်။
ထိုအခါမှစ၍ ဥက္ကဋ္ဌ ဟူ၍လည်းကောင်း
အကြီးအကဲ ဟူ၍လည်းကောင်း
အမျိုးမျိုးပြောင်း၍ ခေါ်ဝေါ်လာကြရာ
လက်အောက်ငယ်သားတို့က အဘ ဟူ၍
ကွယ်ရာတွင် အမိပေး၍ ခေါ်ကြသည်။
သောကြာနှင့်ဗုဒ္ဓဟူးနံ ပေါင်းစပ်ထားသော
အတိတ်က သာလွန်မင်းနှင့် ဓာတ်တူနံတူ ကျသောကြောင့်
ငါသည်ကား သာလွန်မင်း ၀င်စားသည်ဟု
မသူတော်တို့က မြှောက်ပင့် ပြောဆိုလာသောအခါ
မီးလောင်ရာ လေပင့်သကဲ့သို့
ဘ၀င်ငယ်ထိပ် တက်ဆောင့်ကာ
အောက်ခြေလွတ်၍ ဘုရင်ရူးရူးတော့သည်။
ဘုရင်ရူးရူးသော်လည်း မင်းကျင့်တရားဆိုသည်ကိုကား
နားမှလေသံမျှပင် မကြားချင်။
ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး
တိုင်းပြည်ကို အာဏာနှင့် အုပ်ချုပ်၍
ယတြာနှင့် နပမ်းလုံး လေသောအခါ
ပြည်သူတို့မှာ ဆင်းရဲတွင်း နက်သထက် နက်လာကာ
တိုင်းပြည်သည်လည်း ဖွတ်ဖွတ်ညက်ညက် ကြေလေတော့သည်။
သာယာဝတီမင်း ရန်ကုန်သို့
စုန်သည့်ပုံစံအတိုင်း လှေသဘင်ပွဲတော်ကို
အင်းလျားကန်မှာ ကျင်းပသောအခါ
ကုန်ကျစရိတ်သည် ဧရာဝတီမြစ်ကို ဖြတ်ဆောက်သော
တံတားတန်ဘိုးနှင့် မတိမ်းမယိမ်းရှိ၏။
တိရိစ္ဆာန်ဖြစ်သော ဆင်ဖြူတစ်ကောင်၏
တစ်နေ့တာ ကုန်ကျစရိတ်သည်
သာမန်ပြည်သူ မိသားတစ်စု တစ်လစားစရိတ်နှင့် ညီမျှ၏။
မဆင်းရဘို့အရေး ပဲခူးမြို့၏ မဇင်းမည်သောအရပ်မှာ
သံမတူကြောင်းကွဲ မဆင်းဘုရားကို တည်၏။
မတ်ပဲအတွင်း ဆင်းရွှေကြာ မည်သောနေကြာကို
အတင်းအဓမ္မ ထည့်စိုက်ခိုင်းသောကြောင့်
လယ်သမားတို့ စိတ်ညစ်ရ၏။
ပြည်သူ့ခေါင်းဆောင်ကို နံနှိမ်ချင်သောကြောင့်
ကြက်ဆူနှင့် ကက်ကင်းရိုက်သော ယတြာမှာ အဆိုးဆုံးဖြစ်၏။
မိမိဘာသာမပျိုးရ။
ကြက်ဆူတစ်ပင် ကျပ်တစ်ရာနှင့် ရပ်ကွက်ဥက္ကဋ္ဌ ထံမှာဝယ်၍
တစ်အိမ်ထောင်လျှင် ဆယ်ပင်စိုက်ရ၏။
မြန်မာပြည်၌ လူဦးရေ ၅၇ သန်းရှိ၏။
မိမိဘာသာ တွက်ကြပါကုန်။
သဲထဲရေသွန်သော် အရာမျှ ထင်ကျန်ခဲ့မည်။
ရေထဲ သဲသွန်သော် ဘာမျှ မထင်ကျန်ခဲ့။
တေဇသမီးကို တိုင်းပြည် မပေးချင်သောကြောင့်
တေဇကို သမီးပေးခဲ့သည် ဟူ၍လည်း
တစွန်းတစ်စ ကြားဘူးခဲ့သည်။
မိန်းမ အုပ်ချုပ်မည်ဟု ဗေဒင်ဆရာက
မျက်နှာလို မျက်နှာရ ဆိုလာသောအခါ
နံ့သာဖြူလိမ်းကာ ထမီဇောက်ထိုးဝတ်၍ ၃ လအိပ်ခဲ့သည်။
လဒမဖြစ်၍သာ တော်တော့သည်။
ထမိန်ခြုံ၍ လဒမဖြစ်လေသောကြောင့်
ဒလမှ ဓနုတ်စေတီကို ထီးတင်သောအခါ
သံဃာကို သတ်ထားသောကြောင့်
ဘုရားသော်မှမခံနိုင် ပြိုကျလေ၏။
ထိုမျှနှင့် မလုံလောက်လေသောအခါ
ကြိုးကြီးချိတ်ကို တဖွဲ့လုံးဝတ်၍
ပြည်သူ့ရှေ့သို့ အရှက်မရှိ ထွက်ကြလေ၏။
မယားလုပ်သူက မိမိကို နဖားကြိုးထိုး၍
ကြိုးကိုင်နေသည်ကိုကား သတိမှ မူမိလေစ။
ခွေးနှင့်ခြင်္သေ့ကို ခွဲခြားရန်
ဥာဏ်မမှီလေသောကြောင့်
သူခိုးကို သားမက်ထင်၍ ပေါင်းမိလေသောအခါ
တိုင်းပြည်အ၀ှန်း ရှိရှိသမျှ သစ်တောတို့ကား
အငုတ်သော်မျှ မကျန်။
သားသမီး ထမင်းမ၀ခြင်းသည်
မွေးသော မိဘမှာ တာဝန်ရှိ၏။
ပြည်သူပြည်သား ငတ်မွတ်၊ ခေါင်းပါးခြင်းသည်
အုပ်ချုပ်သူမှာ တာဝန်ရှိ၏။
တိုင်းပြည် နိမ့်ကျ၍
နိုင်ငံတကာမှ ကဲ့ရဲ့ပြစ်တင်စကား ပြောဖန်များသော်
အရူးမီးဝိုင်းသကဲ့သို့ ကြံရာမရလေ၍
အဘနဖူး သိုက်တူးသကဲ့သို့
အခဲအရာတွင် သဲသလဲမှ တွင်းထွက် ရတနာအဆုံး
အရည်အရာတွင် နွေးနွေးရှိ၍ နံသည်မှ
မြေမှထွက်သော ရေနံအဆုံး
မိခင်ဧရာဝတီပါ မကျန်
တရုပ်လက်သို့ ထိုးအပ်လေ၏။
မိမိသည်ပင် တရုပ်ပြည်သို့ ပြောင်းရန်အကြံနှင့်
သားမက်ကို တရုပ်ပြည်ပို့၍
တရုပ်ပြည်၌ အိမ်ခြံမြေတို့ကို ၀ယ်၏။
သာလွန်မင်းသည်
ငါ၏သားတော်ကို ငါကိုယ်တိုင် ဆုံးမပါသည်။
မိမဆုံးမ ဖမဆုံးမ ဟူ၍မဆိုပါလင့် ဟူ၍
တူတော်မောင်အား
မိန့်ကြားသည်ကို ဖတ်ခဲ့ဘူးသည်။
ခါသာပိတ်ကို ၀တ်၍
နန်းတော်တိုင်ကို မှီနေသော သမီးတော်တို့အား
ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးရကောင်းလားဟု
ဆူပူကြိမ်းမောင်းခဲ့သည်ကို ပါးစပ်ရာဇ၀င်ကြားဘူးသည်။
မျောက်မူးလဲ မွေးပြီးသည့်နောက်
ငါ ဤရာထူးရသည်။
ဤကလေး ဘာလုပ်လုပ် အရာအားလုံး
လေမျှပင် မတိုးစေရ ဟု
အာဏာနှင့် ခြောက်၍ လက်အောက်ငယ်သားတို့အား
တိုးတိုးတိတ်တိတ်ကြိတ်၍ မိန့်ကြားလေသောအခါ
သိန်းရာချီတန်သော မဏ္ဍပ်ကိုဆောက်၍
သင်္ကြန်၌ ရေကစားသော်
ပုခုံးပေါ်၌ အပွင့်အခက်တို့ ဝေဆာနေသော ပုဂ္ဂိုလ်တို့က
အသက်စွန့်၍ စောင့်ရှောက်ကြရ၏။
သမီးတော်တို့ ကမြင်းကြောထ၍
ဖုံးဖိ မရလေသောအခါ
စိန်စီသော ညဟူ၍
ပြည်သူတို့က ဆိုကြလေသတည်း။
နေရဲနီ
ထိမိလှသော ကဗျာများ ပေးပို့ပေးသည့် ပင်တိုင် ကဗျာရှင် ဆရာနေရဲနီအား ကျေးဇူးတင်ပါသည်..
ထိမိလှသော ကဗျာများ ပေးပို့ပေးသည့် ပင်တိုင် ကဗျာရှင် ဆရာနေရဲနီအား ကျေးဇူးတင်ပါသည်..
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တောင်းစားနေကြသူများ... (တိုင်ကြားစာ)
Wednesday, November 23, 2011
ဒီမိုဝေယံ
မှ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ဓာတ်ပုံ တိုင်ကြားသူ)
လေဆိပ်မှ အစဉ်အဆက် အကျင့်ပျက်ဝန်ထမ်းများ
ဘယ်လောက်ပဲ အထက်ကပြောင်းပြောင်း အောက်ခြေအဆင့်က လိုက်ပြောင်းဖို့ မစဉ်းစားကြ
နိုင်ငံခြားထွက်ဖူးသူတိုင်း.
ပြန်လာမည့်သူကို ကြိုဖူးသူတိုင်းအတွက် ဘယ်နိုင်ငံမှာမှ မတွေ့ဖူးသော
လေဆိပ်ထဲဝင်ရန် ဖောင်ဖြည့်ခိုင်းခြင်း စံနစ်ကတော့ မြန်မာနိုင်ငံတွင်
မည်သည့်အခါမှ ပျောက်ဆုံးပါမည်လဲ။
တရားဝင်ဖောင်ဖြည့်လျှင် ၅၀၀ ကျပ်.
ဖောင်မဖြည့်ချင်သော သူများက
အပေါက်စောင့်ကို ၅၀၀ကျပ် ပေးကြသည်။ ရွာမှလိုက်ပို့သူ မလည်မ၀ယ်
ပုံစံဆိုလျှင်တော့ ၁ထောင်ကျော် ၂ထောင်ကျော်လောက် အပေါက်စောင့်က
လိုချင်သေးသည်။ ဧည့်လမ်းညွှန်များမှ ၁ထောင် ၂ထောင်လောက် အသာလေး
မုန့်ဖိုးပေးသောအခါ အလွယ်တစ်ကူ မပေးသော အမြဲမြင်နေကြ
ဧည့်လမ်းညွှန်ဆိုလျှင်တောင် ၀င်ခွင့်ဖောင် ဖြည့်ခိုင်းသေးသည်။
ဝင်ခွင့်ဖောင်သည် မည်သည့်အတွက်နည်း လေဆိပ်ရန်ပုံငွေအတွက်လား…
လေဆိပ်လုံခြုံရေး အတွက်လား လေဆိပ်လုံခြုံရေး အတွက်ဆိုလျှင် စစ်ဆေးသည့်
ကရိယာများ တပ်ဆင်ထားကြသည်။ လူကိုယ်တိုင် စစ်ဆေးသည် တော်ပီပေါ့။
ဒီကြားထဲ
ချက်ကင် ကောင်တာ လ.၀.ကနားအထိ လိုက်မည့်သူ ဆိုလျှင်တော့ မပြောနှင့်တော့
ဆိုက်ရောက် ဗီဇာပြုလုပ်မည့် ခရီးသွားကုမ္ပဏီများမှ တရားဝင်စာဖြင့် လာကြသည်။
လ.၀.ကသို့ အကြောင်းကြားသည့် စာနှင့် တစ်ကွ မှတ်ပုံတင်ပဲ ပေးလို့ကတော့
ခဏစောင့် ကဒ်မရှိသေးဟု ပြောကြသည်။ စာနှင့်တကွ ပိုက်ဆံ ၁ထောင်ခန့်
ထည့်ပေးလျှင်တော့ ၀င်ခွင့်ကဒ် တစ်ကဒ် ထုတ်ပေးသည်။ ၃ ကဒ်လောက်
လိုချင်လျှင်တော့ အနည်းဆုံး ၃၊ ၄ ထောင်ခန့်ပေးရမည်။
နယ်မှအမျိုးများ
နိုင်ငံခြားထွက်မည့် မိမိတို့ဆွေမျိုးများအား လိုက်ပို့ချင်သည်။ လ.၀.က
ကောင်တာနားအထိ လိုက်ကြည့်ချင်သည်။ ဘာမှမပြောနှင့် ၇ထောင်လောက်သာ ပေးလိုက်
လိုက်ပို့ခွင့် ကဒ်၃ ကဒ်လောက်က အလွယ်တစ်ကူ ထွက်လာသည်။ ကုမ္ပဏီမှ လာကြိုမှ
ထွက်လို့ရမည့် ဆိုက်ရောက်ဗီဇာဖြင့် လာမည့် ခရီးသွား ဧည့်သည်မှာ
ပိုက်ဆံမပေးမိ၍ လ.၀.ကကောင်တာ နားအထိ ၀င်ခွင့်ကဒ် မရသေးသောကြောင့် အပြင်တွင်
ရှိနေသေးသည့် ကုမ္ပဏီမှ လာကြိုသူကို စောင့်ပေဦးတော့။ ပေးလျှင်တစ်မျိုး
မပေးလျှင်တစ်မျိုး ရုပ်ဆိုးစွာ ဆက်ဆံတတ်သော အကျင့်ပျက်
ဝန်ထမ်းပေါင်းများစွာ စုစည်းရာ လေဆိပ်သည် နိုင်ငံတစ်နိုင်ငံ၏တိုးတက်မှုနှင့်
အကျင့်ပျက်မှုအား နိုင်ငံမျက်နှာစာ မုခ်ဦးတံခါးဝ လေဆိပ်မှာပင် အလွယ်တကူ
သိရှိနိုင်သော နေရာဖြစ်ပါသည်။
(မဆင်မခြင် လာဘ်စားမှုများနဲ့ ပြည့်နှက်နေတဲ့ လေဆိပ် အတွင်းပိုင်း မြင်ကွင်း)
လေဆိပ်မှ
အိမ်သာတွင် ဘိုထိုင်အိမ်သာ တပ်ဆင်ထားသောလည်း ရေအိမ်သုံး စက္ကူကားမရှိ
ရေများက ပြည့်လျှက် အပေါက်စောင့်မူကား လာသမျှလူအား
လုံခြုံရေးစစ်ဆေးဖို့အတွက် တစ်နေကုန် နေ့တွက်အတွက် ၀င်သမျှ ပိုက်ဆံလက်ကို
မှောက်လျှက် (ဖြန့်ထားလျှင်ပေါ်တင်ကြီးကိုး) တောင်းရန် အသင့်စောင့်လျှက်
ရှိနေပါသည်။ မိမိဧည့်သည် နိုင်ငံခြားသား တစ်ဦး လေဆိပ် အိမ်သာသို့ ဝင်ရာ
အိမ်သာသုံး စက္ကူကမရှိ အပေါက်စောင့်က အိမ်သာသုံး စက္ကူအတွက်
၁ဒေါ်လာတောင်းသည်...။ ဒေါသဖြစ်ပြီး မပေးခဲ့ နိုင်ငံစုံ ရောက်ဖူးသည့်
မည်သည့်လေဆိပ်မှာမှ အိမ်သာ စက္ကူဘိုး ငွေတောင်းတာ မကြုံဘူးသည့် အဆိုပါ
မိတ်ဆွေ နိုင်ငံခြားဧည့်သည် လက်ဖျားခါသွားသည်... နောက်တခါလာဖို့
စဉ်းစားမည်တဲ့။
အိမ်သာမှ ဧည့်လာပေမည် အထက်က
မည်မျှမိမိနိုင်ငံကို လာပါလည်ပါ.. မည်မျှကောင်းကြောင်း ပြောဆို
ဖိတ်ခေါ်နေပါစေ... နိုင်ငံ၏ တံခါးဝ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဤအရပ်၌
ထိုထိုသော အကျင့်ပျက် ဝန်ထမ်းများကြောင့် ခရီးသွား ပြည်တွင်းနိုင်ငံသားများ
စိတ်အနှောက်အယှက် ဖြစ်ရသလို ပြည်ပနိုင်ငံခြားသားများ အတွက် အရှက်ရစရာ၊
နိုင်ငံမျက်နှာ အိုးမည်းသုတ်စရာ ဖြစ်မနေပေဘူးလား။ များမကြာမှီ
တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက် လာတောမည့် အိမ်သာလို့ ဧည့်လာတော့မယ့်
အခြေအနေ အခင်းအကျင်းများ အတွက် သက်ဆိုင်ရာမှ အသေအချာ ကွင်းဆင်းလေ့လာ
စောင့်ကြည့်ပြီး အရေးယူပေးဖို့ အပြုသဘောဆောင် တိုင်ကြားလိုက်ရပါတယ်..။
လုပ်ငန်းရှင်တစ်ဦး..
မြန်မာနူကလီးယား ဆွေးနွေးပွဲ တက်ရောက်လာသူ တရုတ်ပညာရှင် သေဆုံး
စိန်ဝင်း
(နောက်ဆုံးရသတင်း)ငွန်ငယ်မိုးမှ
တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် မြန်မာနိုင်ငံ သိပ္ပံနှင့်
နည်းပညာဝန်ကြီးဌာနက ပြုလုပ်သော နူကလီးယားဌာန ဆွေးနွေးပွဲသို့
တက်ရောက်နေရင်း ရန်ကုန်မြို့ ရှိ စင်ထရယ် ဟိုတယ်တွင် သေဆုံးသွားခဲ့သည်။
မစ္စတာ Zhang Peixin (အသက် ၄၇) သည် အစည်းအဝေးနောက်ဆုံးနေ့မှာပင် ဟိုတယ် အိပ်ခန်းအတွင်း မှောက်ရက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သည်။
Zhang သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ငှင်းပြန်မည့် မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အစည်းအဝေးခန်းသို့ ရောက်လာခြင်းမရှိ၍ ၀န်ကြီးဌာန တာဝန်ရှိသူများနှင် ဟိုတယ်ဒုတိယမန်နေဂျာက အခန်းတံခါးကို ဖွင့်ပြီး ၀င်ရောက်ရာတွင် မှောက်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြသည်။ ဟိုတယ်၏ အကြောင်းကြားချက်အရ ရဲနှင့် ဆေးဘက်ဆိုင်ရာတို့က ရောက်ရှိစစ်ဆေးရာတွင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာတစုံတခု မတွေ့ရဘဲ သေဆုံးပြီး ဖြစ်သည်ဟု အတည်ပြုခဲ့ကြသည်။
ရန်ကုန်ဆေးရုံကြီးရှိ မှုခင်းဆရာဝန်များက ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးရာ-
မစ္စတာ Zhang Peixin (အသက် ၄၇) သည် အစည်းအဝေးနောက်ဆုံးနေ့မှာပင် ဟိုတယ် အိပ်ခန်းအတွင်း မှောက်ရက် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သည်။
Zhang သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပြီး ငှင်းပြန်မည့် မတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အစည်းအဝေးခန်းသို့ ရောက်လာခြင်းမရှိ၍ ၀န်ကြီးဌာန တာဝန်ရှိသူများနှင် ဟိုတယ်ဒုတိယမန်နေဂျာက အခန်းတံခါးကို ဖွင့်ပြီး ၀င်ရောက်ရာတွင် မှောက်လျက် အနေအထားဖြင့် တွေ့ရှိခဲ့ကြသည်။ ဟိုတယ်၏ အကြောင်းကြားချက်အရ ရဲနှင့် ဆေးဘက်ဆိုင်ရာတို့က ရောက်ရှိစစ်ဆေးရာတွင် သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာတစုံတခု မတွေ့ရဘဲ သေဆုံးပြီး ဖြစ်သည်ဟု အတည်ပြုခဲ့ကြသည်။
ရန်ကုန်ဆေးရုံကြီးရှိ မှုခင်းဆရာဝန်များက ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးရာ-
ပင်မနှလုံးသွေးကြောများကျဉ်းနေသည်ကို တွေ့ရှိခဲ့သည်ဟု ရဲသတင်းရပ်ကွက်က ပြောသည်။ စုံစမ်းစစ်ဆေး သူများ၏ သတင်းရပ်ကွက်အရ အခင်းဖြစ်ပွားချိန်တွင် သေဆုံးသူသည် တဦးတည်းသာ ရှိနေခဲ့သည်ဟု သိရ သည်။
သူ၏ဇနီးနှင့် သမီးဖြစ်သူတို့ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပြီး ရုပ်အလောင်းကို မတ်လ ၆ ရက်နေ့ ၄ နာရီ မိနစ် ၂၀ တွင် ရေဝေးသုသာန်တွင် မီးသဂြိုလ်၍ ကြွင်းကျန်သော အရိုးပြာကို တရုတ်နိုင်ငံသို့ ပြန်လည်ယူဆောင် သွား ကြောင်း စုံစမ်းသိရှိရသည်။
---------------------------------
ချင်းမိုင် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံ ပီကင်း တက္ကသိုလ်မှ ပညာရှင်တဦးသည် ရန်ကုန်မြို့ ဟိုတယ်တခုတွင် သေဆုံး သွားခဲ့သည်။
မဇ္ဈိမက ယခု သတင်းရေးသားချိန်အထိ အတည်ပြုနိုင်သည်မှာ မစ္စတာ Zhang Peixin (အသက် ၄၇) သည် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနကို အကူအညီပေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး စင်ထရယ် ဟို တယ် တွင် မတ်လ ၁ ရက်နေ့က သေဆုံးသွားခြင်း ဖြစ်သည်။
ရဲသတင်း ရပ်ကွက်က ပြောကြားရာတွင် သေဆုံးသူသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သွေးတိုးရှိသူ ဖြစ်သည်ဟု ဆိုသည်။ သို့သော် တရုတ်ပြည်သူ့ သမတနိုင်ငံဘက်မှ ရဲ၏ ပမာဏ စစ်ဆေး ချက် များအပေါ် သဘောမကျဘဲ ရှိသဖြင့် စုံစမ်းစစ်ဆေးမှု ပြန်လည် ပြုလုပ်လိုသည်ဟု ဆိုသည်။
စင်ထရယ် ဟိုတယ်သည် မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်က ပိုင်ဆိုင်သော ဟိုတယ်တခု ဖြစ်သည်။
(မဇ္ဈိမ)။ ။သတင်းမှ
မြန်မာ့နျူကလီးယားစိုးရိမ်ချက် ဆွေးနွေးဖို့ ကလင်တန်ကို အမတ် Lugar တိုက်တွန်း
By ဗွီအိုအေ (မြန်မာဌာန)
မြောက်ကိုရီးယား အကူအညီနဲ့ မြန်မာအစိုးရက နျူကလီယား လက်နက်ထုတ်ဖို့ ရည်ရွယ်တယ်ဆိုတဲ့ သတင်းကို အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ရခဲ့ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေကို အသေးစိပ် တင်ပြခဲ့တယ်လို့ နိုင်ငံခြားရေးရာကော်မတီက ၀န်ထမ်း ကိသ်လု(စ်) (Keith Luse) ရဲ့ ပြောကြားချက်ကို ၀ါရှင်တန်ပိုစ့် သတင်းမှာ ဖော်ပြထားပါတယ်။ သီးခြားရပ်တည်ခဲတဲ့ အာဏာရှင်စနစ်ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံခြားရေး ၀န်ကြီး အဆင့်နဲ့ ပထမဆုံး သွားရောက်မယ့် ၀န်ကြီး ကလင်တန်ရဲ့ မြန်မာနိုင်ငံခရီး မစတင်ခင်မှာ အထက်လွှတ်တော်အမတ် မစ္စတာလူဂါက ကြေညာချက် ထုတ်ပြန်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) မြန်မာနိုင်ငံကို သွားရောက်စဉ်က မြန်မာနိုင်ငံက နျူကလီယား လက်နက်ကိစ္စ လုပ်နိုင်လောက်အောင် မချမ်းသာပါဘူးလို့ မြန်မာအစိုးရဘက်က ငြင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးဖောက်ဆုံး၊ ပိတ်ဆို့ အရေးယူဒဏ်ခတ်မှု အခံရဆုံး မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို အမေရိကန်နိုင်ငံက အနီးကပ် စောင့်ကြည့်နေတာ ကြာပြီဖြစ်ပါတယ်။ မကြာသေးခင် နှစ်ထဲမှာပဲ မြန်မာနိုင်ငံကို မသင်္ကာစရာ လက်နက်တွေ သယ်လာတယ်လို့ သံသယရှိခဲ့တဲ့ မြောက်ကိုရီးယား သင်္ဘောတွေကို အမေရိကန်ရေတပ်က လမ်းခုလတ်ကနေ ပြန်လှည့်ခိုင်းခဲ့ပါတယ်။
ပြုပြင်ပြောင်းလဲရေးတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်လို့ ကတိပေးထားတာကို မြန်မာအစိုးရအနေနဲ့ တကယ်လက်တွေ့ လုပ်ပြနိုင်မနိုင် ဆိုတဲ့ အချက်ကိုကြည့်ပြီး မြန်မာဘက်က ဖြောင့်မှန်မှုကို တိုင်းတာ နိုင်တယ်လို့လည်း ရစ်ချက်လူဂါရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါ့ပြင် အမေရိကန်က မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံလာမှုကို တုံ့ပြန်တဲ့ အနေနဲ့ မြန်မာဘက်က ဒီနျူကလီယား လက်နက်အစီအစဉ်၊ အတိုင်းအတာနဲ့ ရည်ရွယ်ချက်ကို မချွင်းမချန်ပြောဆိုသင့်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကို ကြိုဆိုကြောင်းနဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာဖို့ လိုလားကြောင်း သောကြာနေ့မှာပဲ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောခဲ့ပါတယ်။ ဒါ့အပြင် ဒါဟာ တရုတ်နဲ့ ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။
ဒဂုံတောင်ကျီစု ကျေးရွာမှ လူမဆန်သောလုပ်ရပ်...
(တိုင်ကြားစာ)
ကျွန်တော်တို့ (NLD ပါတီဝင်) အများစုဖြင့် စုစည်းထားသည့် Health Care for Helpless Patients (ဆင်းရဲချို့တဲ့အကူအညီမဲ့
နာမကျန်းသူများအား ကူညီ စောင့်ရှောက်သူများ)မှ အမေ ဒေါ်အောင်ဆန်းစုကြည်၏
လမ်းညွှန်မှုကို ခံယူလျက် ဆင်းရဲနွမ်းပါးသူများ အများစုနေထိုင်ရာ
နေရာများတွင် အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းများ ဖွင့်ပေးရန် ရည်ရွယ်ချက်ထား
လုပ်ဆောင်ခဲ့ပြီး ကျီစုကျေးရွာအုပ်စုတွင် 21-11-2011 ရက်နေ့တွင်
စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။
ကျီစု
အနောက်ကျေးရွာအုပ်စု သဇ္ဇနာရာမ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဦးဝီရာနန္ဒ၏
သြ၀ါဒကိုခံယူလျက် ဆရာတော်၏ ဆွမ်းစားရုံတွင်
ယာယီဆေးခန်းကိုဖွင့်လှစ်ပေးခဲ့ပါသည်။ ၎င်းနေ့တွင်ပင် နာမကျန်းဖြစ်နေသော
လူမမာ104 ဦးခန့် ကုသပေးနိုင်ခဲ့ပါသည်။ ကျွန်တော်တို့ပါတီသည် 18-11-2011
ရက်နေ့တွင် တရားဝင်မှတ်ပုံတင်ရန် ဆုံးဖြတ်ချက် ချထားပြီးလည်းဖြစ်ပါသည်။
သို့ပါသော်လည်း ဆေးကုသသည့် နေ့ရက်မှာပင် SB(အထူးရဲတပ်ဖွဲ့)မှ
ကိုကျော်သူရနှင့် ကိုမြင့်ဆွေ၊ (ရပ်ကွက်အုပ်ချုပ်ရေးမှူး) ဦးသန်းစိုးတို့
လာရောက်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပါသည်။
ကြံခိုင်ရေးမှ
ဒုစည်းရုံးရေးမှူး တုတ်ကြီး(ခ)မြင့်စိုးနှင့်
ရဲကင်းမှူးထွန်းလင်းကျော်တို့သည် ဘုန်းကြီးကျောင်း အနီးမုဆိုးမ
တစ်ယောက်၏အိမ်သို့ ၀င်ရောက်ကျူးကျော်ကာ ခိုးကြောင်ခိုးဝှက်ဖြင့်
ဓါတ်ပုံများရိုက်ယူ ပါသည်။ ကျွန်တော်တို့ဆေးကုသမှုများပြီး၍
ပြန်လည်ထွက်ခွာပြီးနောက် ကြံ့ခိုင်ရေးစည်းရုံးရေးမှူး ဦးသောင်းတင်နှင့်
(ဒု)စည်းရုံးရေးမှူးတို့သည် ရွာထဲသို့ဝင်ကာ ဆေးကုသခဲ့သော ရွာသားများကို
ထိတ်လန့်အောင် စုံစမ်းမေးမြန်း ခြိမ်ခြောက်မှုများကို ပြုလုပ်ပါသည်။
ည(၇း၀၀)အချိန်တွင် ဆေးကုသခဲ့ရာတွင် ၀ိုင်းဝန်းကူညီ ခဲ့သော
ရွာသားကိုရွှေသန်းအား အုပ်ချုပ်ရေးမှူး ကိုသန်းစိုးမှ စာဖြင့်
ဆင့်ခေါ်ခဲ့ပါသည်။
ကိုရွှေသန်းမှ
ရုံးသို့ သွားရောက်သောအချိန်တွင် ကြံခိုင်ရေး စည်းမှူး ဦးသောင်းတင်မှ
ထပ်မံခြိမ်းခြောက် သတိပေးမှုများ ပြုလုပ် ခဲ့ပါသည်။ ထို့နောက် NLD
ပါတီဝင်တစ်ဦးဖြစ်သော ကျွန်တော်တို့ H.C.H.P မှ ရွာခံ ကိုမောင်မောင်အားလည်း
အုပ်ချုပ်ရေးမှူး ကိုသန်းစိုးမှ လူနာစာရင်းမှတ်တမ်း စာအုပ်အတိအကျကို
သူ့အားပြရန် ပြောဆိုခြိမ်းခြောက် ပါသည်။ ရွာထဲတွင်လည်း ဆေးခန်းအားဖွင့်လို့
မရအောင် လုပ်ဆောင်မည်ဟု ကြံခိုင်ရေးမှ လိုက်လံဝါဒဖြန့်
ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိပါသည်။
အထက်ပါ
အချက်အလက်များကြောင့် အများအကျိုး၊ ပြည်သူ့အကျိုး၊ ဖော်ဆောင်ရေး
လုပ်ငန်းများတွင် စိတ်အနှောက်အယှက်၊ အတားအဆီးများ၊ ပိတ်ပင်မှုများ၊
လူ့အခွင့်အရေး ချိုးဖောက်မှုများ အောက်ခြေတွင် ပြည့်နှက် နေဆဲဖြစ်ပါသည်။
ဆင်းရဲနွမ်းပါး၍ အသိပညာ နည်းပါးသော နေရာများတွင် အဆိုပါကိစ္စများကြောင့်
ရွာသားများ၏ ဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးနေရခြင်းလည်း ဖြစ်ပါသည်။
အများပြည်သူနှင့်တကွ သမ္မတကြီး ဦးသိန်းစိန်၊ တာဝန်ရှိသူများ၊ သိသာစေရန်
တင်ပြအပ်ပါသည်။ |
မဟုတ်မမှန်လုပ်ရပ်များအနားပေးခြင်း(သို့)အရေးယူခြင်း
မူမမှန်သော ရှင်းလင်းမှု့များလို့သာပြောချင်ပါတယ် အပေးအယူမမျှလျှင်ရှင်းပြစ်လိုက်ခြင်းဖြစ်ပါတယ်။
ဝန်ကြီးချုပ်ခင်ဇော် ကောင်းလားလို့ပြောခြင်းမဟုတ်ပါ။တိုင်းပြည်အုပ်ချုပ်မှု့အာဏာနှင့် လုပ်ပိုင်ခွင့်ရသူများ
အောက်ခြေများမှာပင် လုပ်ပိုင်ခွင့်အလွှဲသုံးစားလုပ်ခြစားနေသူများအများအပြားရှိနေခြင်းကြောင့်။တပြေးညီဥပဒေများနှင့်တိုင်းပြည်
ကောင်းစားလာရေးကိုရှေ့ရှု့ဆောင်ရွက်ခြင်းသည် တိုင်းပြည်အတွက်ပိုမိုအကျိုးရှိသလို၊ပြည်သူများရုံးကိစ္စနှင့်ပတ်သက်ဆောင်ရွက်ရသော ကိစ္စရပ်များတွင်လွယ်ကူမြန်ဆန်လာပေမည်။
ထိုသို့မဟုတ် တိုင်းပြည်တွင်လူသိနိုင်လောက်သော အကျင့်ပျက်နေသူတဦးစ၊နှစ်ဦးစလောက်သာသိသိသာသာလေးလုပ်ပြလိုက်ပြီးနောက်ကွယ်တွင်အားလုံးဒီအတိုင်း
ဖြစ်နေခြင်းသည်အရင်ခေတ်အဆက်ဆက်လိမ်နည်းများပင်ဖြစ်ပေသည်။
ပြည်သူများလက်တွေ့ကျကျ ထိတွေ့နေရသော ဘဏ်လုပ်ငန်းများ၊ဆက်သွယ်ရေးလုပ်ငန်းများ၊ပညာရေးလုပ်ငန်းများ၊ အခွန်လုပ်ငန်းများ၊အာမခံလုပ်ငန်များ၊ကျမ်းမားရေးလုပ်ငန်းများ၊ဥပဒေစောင့်ရှောက်ကာကွယ်သည့်တရားရေးရာ၊ရဲဝန်
ထမ်းများ၊စသည့်နေရာများတွင်၊ အသိ(သို့)အကပ်၊ ငွေ(လဒ်ထိုးငွေပေးမှု့များ)ပပျောက်စေရန်၊
ဥပဒေကိုလက်တလုံးခြားလိမ်လည်ပြီးဓနရှင်နောက်လိုက်နေသူများအားပြင်းထန်စွာ အရေးယူဖယ်ရှားပြစ်ခြင်းများလုပ်ကိုင်သွားနိုင် ရန်အရေးကြီးသည်။ထိုသို့မဟုတ်လျှင်သာမန်ပြည်သူများ၏ဘဝသည်ပြောင်းလည်းမှု့မရှိနိုင်၊
ခါးသီးမှု့များကြုံတွေ့နေရအုံးမည်ဖြစ်သည်။အခက်အခဲများရင်ဆိုင်နေရအုံးမည်။ငွေအောက်၊အာဏာရှင်အောက်တွင်
သာဥပဒေရှိနေသည့် အခြေအနေများဆက်လက်ရှင်သန်နေမည်ဖြစ်သည်။(ပြည်သူ့အော်သံ)
ယတြာ အားကိုးခဲ့ပေးမဲ့ အနားပေးခံရတဲ့ ၀န်ကြီးချုပ်ဦးခင်ဇော်
![]() |
တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော် |
တနသာင်္ရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးခင်ဇော်အား တာဝန်မှအနားပေးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ယင်းသတင်းနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးက မှန်ကန်ကြောင်းအတည်ပြုပြောကြားခဲ့သည်။
ဦးခင်ဇော်အား မည်သည့်ကိစ္စဖြင့်အနားပေးလိုက်သည်ကိုမူရှင်းရှင်းလင်းလင်းမသိရပေ။သို့သော် ပြည်ပမီဒီယာများက ဦးခင်ဇော်အား ဆန်တင်ပို့ခွင့်ကိစ္စနှင့်ပတ်သက်သော အရှုပ်အထွေးများရှိကြောင်း မကြာမီကရေးသားခဲ့သည်။
ဦးခင်ဇော်သည် ယခင်အစိုးရလက်ထက်က ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် ကစထမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ရန်ကုန်မီဒီယာအုပ်စု သတင်းအရသိရပါတယ်။
အခုလို တာဝန်က အနားမပေးခင်မှာ--
ဘုရာ…..တရား မြဲနေတဲ့
ဝန်ကြီးချုပ်ဦးခင်ဇော်
အခုတလော
အင်တာနက်စာမျက်နှာပေါ်မှာ
ပွဲဆူနေခဲ့တဲ့ ၀န်ကြီးချုပ် ဦးခင်ဇော်(ဂေါ်ဇီလာ)တစ်ယောက်ဘုရား……..
တရားမြဲနေပါတယ်။ မန္တလေးက အခါပေးဗေဒက၀ိန်
ဦးဝင်းအောင်ရဲ့အစီအမံလမ်းညွှန်မှု့တွေနဲ့
လုပ်လိုက်ရတဲ့ယတြာ သစ်တောပျိုးခြံနဲ့ပရဆေးဥယာဉ်ထဲက အပင်တွေအရွက်တွေ အခက်တွေ
အပွင့်တွေလည်း
မျိုးတုန်းလုနီးပါးဖြစ်နေပြီ လို့ပြောပါတယ်၊
ထားဝယ်မြေကတန်ခိုးကြီးဘုရားတွေဆိုလည်း
မရောက်ဖူးတဲ့နေရာ….မဖူးဘူးတဲ့ဘုရားမရှိသ လောက်ပါဘဲ့တဲ့၊
စစ်သားလူထွက်ဘဲ့ဂေါ်ဇီလာရယ်…လုပ်ရဲရင်ခံရဲရမှာပေါ့…အလှည့်ကျရင်မနွဲ့စတမ်းပေါ့၊
ကိုယ့်မှာ
အာဏာ၊ပါဝါ၊စည်းစိမ်ဥစ္စာတွေအပြည့်နဲ့တောင် ဒီလိုကြောက်လန့်တုန်လှုပ်တဲ့
အနေထားကိုခါးသီးအောင်ခံစားရရင်…
အာဏာမဲ့၊ပါဝါမရှိ၊စည်းစိမ်ဥစ္စာနွမ်းပါးတဲ့တနင်္သာရီတိုင်းသားတွေအပေါ်အော်ငေါက်ခဲ့တဲ့အပေါ်၊နှိပ်ကွပ်ခဲ့တဲ့အပေါ်၊
ဘယ်လောက်တောင်ကြောက်လန့်ခံစားကြရရှာမလဲ၊ကိုယ်ချင်းစာစိတ်နဲ့သာအရင်ကနေခဲ့ရင်
ဒီပြဿနာတွေဖြစ်လာစ
ရာအကြောင်းမရှိပါဘူး၊
အခုတော့ဝန်ကြီးချုပ်အစိုးရရဲ့(၁)နှစ်တာခရီးမှာ….တနင်္သာရီတိုင်းသားတွေရဲ့ရင်ထဲအသဲထဲ
မှာ…နာကျည်းမှုတွေ….မုန်းတီးမှု့တွေ…..ခါးသီးတဲ့ကျိန်စာတွေပြည့်နေပါပြီ၊နောက်ကျခဲ့ပါပြီကော
ဂေါ်ဇီလာကြီးရယ်….
ရွေးကောက်ပွဲပြီးခဲ့တာတစ်နှစ်ကျော်ကြာခဲ့ပါပြီ၊
အုပ်ချုပ်ရေးတာဝန်ယူခဲ့တာလည်း(၇)လကျော်ခဲ့ပါပြီ၊
ဝန်ကြီးချုပ်ရဲ့အုပ်ချုပ်ခံတနင်္သာရီတိုင်းမှာ
ဘာတွေများ တိုးတက်ပြောင်းလဲနေပါပြီလဲ၊ပြန်ပြီးသုံးသပ်ဆင်ခြင်ကြည့်ပါ၊
---ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်း
ခုတ်လို့ထစ်လို့ပါးပါးလှီးလို့ကောင်းတုန်း၊ငွေပေး…..ရန်မလိုလုပ်တုန်း၊
ဆက် ကြေးတောင်းတုန်း၊ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကလည်းအရင်
ကကွက်တီးလုံးမပြောင်းဘဲ
ကခုန်လို့ကောင်းတုန်း၊
လိုင်းကြေးကောက်တုန်း….ပြည်သူ့ရိက္ခာစားဝန်ထမ်းတွေကလည်း
တောင်းရမ်းလို့ညစ်ပတ်လို့ကောင်းတုန်း၊လုပ်ပိုင်ခွင့်
ဗန်းပြလို့လုပ်စားနေတုန်း….ရေလောင်းနေရတုန်း…အဲပြောင်းသွားတာဆိုလို့…ပြောရအုံးမယ်…နိုင်ငံတော်အလံရယ်
အုပ်ချုပ်ရေးဆိုင်းဘုတ်တွေရယ်ပဲ့ရှိပါတယ်၊ ပင်လယ်ထဲမှာလည်း
ဝန်ကြီးချုပ်ရဲ့သွေးသောက်ခိုးသားငါးရာအဖွဲ့တွေ
လိုင်စင်မဲ့ဝင်ခိုးဆွဲနေလို့ ငါးတွေရေထွက်ကုန်တွေကုန်သလောက်ဖြစ်နေပါပြီ…
ကုန်းပေါ်မှာ လည်းဝန်ကြီးချုပ်ရဲ့သစ္စာခံစားဖားသစ်သူခိုးတွေ
ခိုးခုတ်နေလို့ တောထဲကရုက္ခစိုးတွေတောင်ဘုံ ပျောက်နေပါပြီ၊ ဘယ်လိုစီမံခန့်ခွဲမှု၊ဘယ်လိုစေတနာတွေနဲ့အုပ်ချုပ်နေပါသလဲ….“၀“
တစ်လုံးစီမံခန့်ခွဲပညာပါလား၊ ဂေါ်ဇီလာကြီးခင်ဗျား…တိုင်းဒေသကြီးအစိုးရအဖွဲ့ထဲမှာလည်း
ရွေးကောက်ပွဲ အနိုင်ရ၀န်ကြီးတွေကို နေရာမပေး..လုပ် ပိုင်ခွင့်မပေးဘဲ…ပညာပေးထားတာ….၀န်ကြီးတွေလဲပညာအပေးခံရလွန်းလို့မကြာခင်
ပညာရှိတွေဖြစ်တော့မယ်၊
ဝန်ကြီးချုပ်ဂေါ်ဇီလာတစ်ယောက် (23.11.2011)ရက်နေ့မှာကျမ်းမာရေးကိစ္စအကြောင်းပြလို့
စင်ကာပူကိုဆေး ကုသွားပါတယ်၊ မန္တလေးက အခါပေး၊ဗေဒင်က၀န်ဦးဝင်းအောင်ရဲ့တွက်ချက်မှုအရပါ၊
ဗေဒင်ဆရာဦးဝင်းအောင်က လည်း စင်ကာပူကိုမှအခါပေးရတယ်လို့
၊ဆီးရီးယားတို့၊လစ်ဗျားတို့၊အီဂျစ်တို့၊ပါလစ်စတိုင်းတို့၊အီသီယိုးပီးယားတို့၊ဆိုမာ
လီယာတို့၊ဆီလွတ်ပြီး ဆေးကုရင်းတောင်းရမ်းစားသောက်ဖို့အကြံပေးအခါပေးရမှာ….အခုဝန်ကြီးချုပ်ရဲ့စင်ကာပူခရီး
စဉ်အတွက် တာဝန်ယူပေးတာက AK company /ထူးတိုးတိုးကုမ္မဏီမိသားစုနဲ့ရွှေဝက်ဝံမိသားစု ခိုးသားငါးရာတို့ရဲ့စု
ပေါင်းအလှူဒါနလို့သိရပါတယ်၊စင်ကာပူကိုဝန်ကြီးချုပ်နဲ့အတူ ချစ်ဇနီးဂေါ်ဇီလာမမရယ်၊ချစ်သမီးဂေါ်ဇီလာခင်ဇော်ရယ်၊
သမက်လောင်းအောင်မြင်သူcompany က(ဦးလှမျိုး)ရယ်လိုက်သွားတယ်လို့သိရပါတယ်၊
ဝန်ကြီးချုပ်ကျမ်းမာရေးအကြောင်းပြပြီး စင်ကာပူကိုသာထွက်သွားတာ
ထားဝယ်မှာ တုန်းကတစ်ရက်ကို (၁၈)ကျင်းဂေါက်ရိုက်နိုင်ပါသေးတယ်၊(၅)သိန်းတန် အရက်ကိုလည်းတစ်နေ့တစ်ဗူးသောက်နိုင်သေးတယ်၊၀န်ကြီးတွေ
ဌာနဆိုင်ရာတွေကို ဦးကျောက်လုံးလေသံနဲ့ ဆူပူကြိမ်းမောင်းအော်ဟစ်ဆဲဆိုနိုင်သေးတယ်၊ ဆိုတော့ဘာရောဂါများဖြစ်
သလဲဆိုတာကိုတော့စိတ်ဝင်စားစရာပဲ့၊ သူ့သစ္စာခံ ကျန်ကျောင်းစိုးဝင်း(ဟိုင်ဖိုင်)ကသူ့မိန်းမမရှိတုန်း၊
ဟိုအခွေလာပြ ဒီအခွေလာပြ၊ဟိုဟာရှာပေး၊ဒီဟာရှာကြွေးနဲ့များ…..ဟိုဒင်းရောဂါဖြစ်သွားသလားလို့……
ဝန်ကြီးချုပ်စင်ကာပူကိုဆိုင်းမဆင့်ဗုံမဆင့်ထွက်သွားရတာက
…ကြောက်လို့ရှောင်ပြေးတာလား?
…နေပြည်တောကလာမယ့်(၃)ဦး စုံခုံ
ကိုကြောက်လို့လား?
…မကြာခင်ကျင်းပမဲ့ကြားဖြတ်ရွေးကောက်ပွဲကိုတာဝန်ယူရမှာကြောက်လို့လားဆိုတာကတော့ဝန်ကြီးချုပ် ကိုယ်တိုင်အသိဆုံးဖြစ်မှာပါ။
ဂေါ်ဇီလာကြီးမရှိတော့ ဗိုလ်မှူးကြီးဇော်လွင်(ပြောင်ကြီး)သိပ်ပြီးတော့သောင်းကျန်းမနေနဲ့အုံးနော်…တော်ကြာ
ပထွေးနောက်ပါသွားအုံးမယ်………..
မြို့တော်ထားဝယ်ကမြို့သူမြို့သားများကတော့(ရှင်ကိုးရှင်)ဘုရားမှာ
ဝန်ကြီးချုပ်အမြန်ဆုံးပြုတ်ပါစေလို့၊ပန်း သပြေညောင်ရေလောင်းရင်းတောင်းဆုပန်ချွေကာ၊
ဝန်ကြီးချုပ်ဘေးမသီရန်မခ ထားဝယ်ကိုပြန်ရောက်လာရင်သံပုံး တီးတောထုတ်ဖို့ စောင့်ကြိုနေကြပါတယ်လို့ကြားရပါတယ်၊
အာဏာလုပ်ပိုင်ခွင့်နဲ့စည်းစိမ်ယစ်မှုးပြီး
မလုပ်သင့်တာ၊မပြောသင့်တာ၊မစီမံသင့်တာ၊တွေကိုတလွဲလုပ်တတ်တဲ့ ၀န်ကြီးချုပ်ဂေါ်ဇီလာဖတ်ဖို့
ဒီကဗျာတိုလေးတစ်ပုဒ်လက်ဆောင်ပေးလိုက်ပါတယ်၊ဖတ်ပြီးဆင်ခြင်နိုင်ပါစေ……….
သိလျက်နှင့်ပင်
ဝိဘက်ကြမ္မာထင်ရဲ့
ရွှေညဏ်ရှင်မဝေခွဲနိုင်ဘု
ပွဲတွေ့အမှား
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုကို တရားထပ်မံစွဲဆိုသော်လည်းမြန်မာပြည်တွင်လက်ရှိအုပ်ချုပ်ရေးတာဝန်ယူနေသူများကတကယ်ပင်သန်းရွှေအာဏာအောက်မှလွတ်မြောက်ပါပြီလား
အခြားနိုင်ငံတိုင်းပြည်များတွင်ပြည်သူလူထုဖက်မှရပ်တည်သောဥပဒေများစိုးမိုးပေါ်ပေါက်နေသော်လည်း-
မြန်မာပြည်တွင် ပြည်သူများဖက်မှရပ်တည်သောဥပဒေမပေါ်ပေါက်သေးခြင်း။
မြန်မာနိုင်ငံတွင်းစစ်အာဏာကိုဆုပ်ကိုင်ပြီးတဦးတည်းဆန္ဒဖြင့်ထင်ရာစိုင်းခဲ့တဦးတည်းအမြင်ဒေါသများနှင့်
ပြည်သူများအပေါ်အစုလိုက်အပြုံလိုက်သော်သတ်ဖြတ်၍သော်လည်းကောင်း၊ လူမဆန်စွာ ဥပဒေမဲ့ ပြစ်ဒဏ်ပေးမှု့များ၊ညှင်းပမ်းနှိပ်စက်မှု့များ၊ ကျူးလွန်ခဲ့သော စစ်ခေါင်းဆောင်များအားယနေ့အရေးယူဆောင်ရွက်ပေးနိုင်ခြင်းမရှိသေး၊
ထို့အပြင် မကြာခင်အချိန်ကပင်ပြည်သူများအပေါ်နှင့်တိုင်းပြည်တခုလုံးအပေါ်အာဏာအကြီးဆုံးအုပ်ချုပ်ရက်စက်ခဲ့သူ
သန်းရွှေ၊အာဏာချုပ်ကိုင်မှု့များရှိနေစဉ် အကျယ်တဝင့်သတင်းများထုတ်ပြန်ကြေငြာချက်များရှိသော်လည်း၊
၎င်းတာဝန်ယူချိန်မှ ရပ်နားလိုက်ချိန်တွင် တိုင်းပြည်လူထုအပေါ်တရားဝင်လူသိရှင်ကြားအသိမပေးမှု့သည်
လက်ရှိတာဝန်ယူနေသော အုပ်ချုပ်မှု့အဖွဲ့အစည်းများအားလုံးသမ္မတဦးသိန်းစိန်အပါအဝင် သည် သန်းရွှေအပေါ်မလွန်ဆန်နိုင်သေးခြင်း၊သန်းရွှေ၏ အုပ်ချုပ်မှု့အောက်၊နောက်ကွယ်အာဏာစက်အောက်မှမလွတ်မြောက်သေးသည်မှသေချာလှသည်။
ထိုလုပ်များနှင့် လူသတ်တရားခံစစ်ခေါင်းဆောင်သန်းရွှေ တရုပ်ပြည်မှစွယ်တော်ကို ဖူးမြှော်သည့်သတင်းကိုမသိမသာလေးထုတ်ပြန်ကြေငြာချိန်တွင် အငြိမ်းစားယူသွားပြီဟုမသိမသာလေး(ငြိမ်း)ဆိုသောစားလုံးလေးဖြင့်ဖေါ်ပြခဲ့သည်။
တိုင်းပြည်အပေါ်တွင်သြဇာအာဏာကြီးခဲ့သောလူသတ်တရားခံ တိုင်းပြည်မှအငြိမ်းစားစယူသည့်နေ့ရက်
အချိန်တွင်ပြည်သူလူထုအပေါ်တရားဝင်လူသိရှင်ကြားထုတ်ပြန်မကြေငြာခြင်းသည်
သန်းရွှေအာဏာစက်အောက်မှမလွတ်မြောက်သေးခြင်းနှင့်သူ၏ညွန်ကြားချက်များအတိုင်းဆက်လက်လုပ်ဆောင်
နေရခြင်းသာဖြစ်သည်။"အရပ်စကားနှင့်ပြောရလျှင်သန်းရွှေကိုကြောက်နေရသေးသောကြောင့်ဖြစ်သည်။"
ဘုရားသားတော်၊သံဃာတော်များပါမချန်သတ်ဖြတ်ရန်တာဝန်ပေးမှု့များကိုဦးဆောင်ခဲ့သော သန်းရွှေသည်တနေ့ပြည်သူများ၏ တုန့်ပြန်ခြင်း(သို့)သဘာဝတရား၏တုန့်ပြန်ခြင်းကိုခံရမည်သာဖြစ်သည်။(ပြည်သူ့အော်သံ)
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုကို တရားထပ်မံစွဲဆိုမည် |
Thursday, 24 November 2011 13:26 |
၂၀၀၇ ခုနှစ်၊ အထက်လွှတ်တော် ရွေးကောက်ပွဲများတွင် မဲလိမ်ခဲ့မှုဖြင့် ဖိလစ်ပိုင်ရဲများက အာရိုယိုအား နိုဝင်ဘာလလယ်ပိုင်းအတွင်း ဖမ်းဆီးထားခဲ့ရာ ၎င်းအနေဖြင့် ယခုအမှုကို ထပ်မံ ရင်ဆိုင်ရဦးမည် ဖြစ်သည်။ ဒေသတွင်း ရွေးကောက်ပွဲများတွင် နိုင်ငံရေးပြိုင်ဘက်များ၏ လှုပ်ရှားမှုများကို ရပ်တန့်ရန်အတွက် နိုင်ငံတောင်ပိုင်း မဂူအင်ဒန်အိုခရိုင်မှ အမ်ပက်တူ ယန်ဆွေမျိုးစု ခေါင်းဆောင်များသည် အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ အာရိုယို၏ အစိုးရသည် အမ်ပက်တူယန်များအား စစ်လက်နက်အကူအညီများ ပေးခြင်း၊ နိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင်များကို တိုက်ခိုက်ရာတွင် ဖိလစ်ပိုင်တပ်ဖွဲ့၏ ကိုယ်ပွားအဖြစ် အမ်ပက်တူယန်တပ် များကို လှုပ်ရှားခွင့်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အမ်ပက်တူယန်ဆွေ မျိုးစုခေါင်းဆောင်ကိုလည်း ၎င်း၏သားဖြစ်သူနှင့်အတူ ယခုအခါ ဖမ်းဆီးထားပြီး ၂၀၀၇ ခုနှစ်၊ အထက်လွတ်တော် ရွေးကောက်ပွဲများတွင် အာရိုယိုအားကူညီခဲ့မှုဖြင့် နို ၀င်ဘာလလယ်အတွင်းက ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။ Ref:AFP |
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာပြီးနောက် မြန်မာအား ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေး အကူအညီ(ODA) အပြည့်အ၀ ပြန်လည်ပေးနိုင်ရေးအတွက် ဆွေးနွေးပွဲများ မြန်မြန်စချင်ကြောင်း ဂျပန်ပြောကြား
|
|
Wednesday, 23 November 2011 13:17 |
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာပြီးနောက်
မြန်မာနိုင်ငံအား ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးရေးအကူအညီ(ODA) အပြည့်အဝ
ပြန်လည်ပေးနိုင်ရေး အတွက် ဆွေးနွေးပွဲများ မြန်မြန်စချင်ကြောင်း
မြန်မာနိုင်ငံအား ဂျပန်နိုင်ငံက နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်ဟု
သတင်းဖော်ပြချက်များ အရ သိရသည်။ သို့ရာတွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေးအတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဆက်လက်လွှတ်ပေးရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ အားလူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသော်လည်း တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) ကို ၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ သည်။ ထို့ပြင် ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ဇွန်လတွင် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) အသစ်ပေးမှုအား တားမြစ်ထားမှုကို ဖယ်ရှားခဲ့သော်လည်း အခြေခံ အဆောက်အအုံ စီမံကိန်းများအတွက် အကူအညီ အပြည့်အ၀ မပေးနိုင်သေးကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် Yoshihiko Noda တို့ နှစ်နိုင်ငံတွေ့ဆုံမှုတွင် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်က ဒီမိုကရေစီသို့ ဦးတည်သည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ အတွက် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ထောက်ပံ့မှုကို ပေးခဲ့ရာတွင် ချေးငွေ၊ ထောက်ပံ့ငွေ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစသည့် နည်းလမ်းများဖြင့် ပေးခဲ့ကြောင်း သိရသည်။ မြန်မာ-ဂျပန်နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၅၄ ခုနှစ် နိုဝင် ဘာလတွင် စတင် တည်ထောင်ခဲ့သည်။ |
NLD ပထမဆုံးအသုတ် ပါတီဝင် ၁၀ သိန်း လက်ခံမည်
သောကြာနေ့၊ နိုဝင်ဘာလ 25 ရက် 2011 ခုနှစ်
မျိုးသန့်
သတင်း -
မဇ္ဈိမသတင်းဌာန
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ် ပြန်လည်
ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန်
ပြင်ဆင် ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူ များက ပြောသည်။
ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင်ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူများက ပြောသည်။
ပါတီဝင် လျှောက်လွှာပုံစံများကို ပုံနှိပ်ရန် ပြင်ဆင်နေပြီဖြစ်ကာ လာမည့်အပတ်အတွင်း တိုင်းနှင့် ပြည်နယ် အားလုံးသို့ ဖြန့်ဝေသွားရန်ရှိသည်ဟု ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်မေဝင်းမြင့်က ပြောသည်။ လက်ရှိ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှအစ ပါတီဝင်လိုသူများအားလုံး လျှောက်လွှာတင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဒေါ်မေဝင်းမြင့်က ပြောသည်။
"လျှောက်လွှာတင်တယ်ဆိုတာ အန်တီတို့က အဟောင်းကို လုပ်တာမဟုတ်ဘူး၊ အန်တီတို့ကအစ ဒေါ်စုတို့က အစ ပါတီ လျှောက်လွှာအသစ်ကို ပြန်တင်ပြီးတော့ အန်တီတို့လျှောက်ရမှာ။" ဟုမဇ္ဈိမ ကိုပြောသည်။
ပါတီဝင်လျှောက်လွှာပုံစံတွင် အသက်၊ ပညာအရည်အချင်း လူမျိုး၊ ဘာသာနှင့် နေရပ်လိပ်စာတို့ပါဝင် မည်ဟုလည်း ပါတီထူထောင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။ NLD ၏ လူမှုရေးလုပ်ငန်းများ တွင် ပါဝင်ကူညီနေသူ တဦးဖြစ်သည့် ကဗျာဆရာ ကိုငြိမ်းသစ်က ပါတီဝင်များ၏ အရည်အချင်းသည် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့်ပင် လုံလောက်သည်ဟု သုံးသပ်သည်။
"သတ်မှတ်ထားတဲ့ အရည်အချင်းတော့ မရှိပါဘူး၊ တက်ကြွစွာ ရိုးသားစွာ ဒီမိုကရေစီအရေးမှပူးပေါင်း ပါဝင်မယ် ဆိုရင်ပဲ လုံလောက်ပါပြီ။ အဲဒီလောက်ဆိုရင်တော့ မည်သူမဆို ဝင်ခွင့်ရမှာပါပဲ။" ဟု ကိုငြိမ်းသစ်က မဇ္ဈိမကိုပြောသည်။
ပါတီဝင်လိုသူများအနေဖြင့် လျှောက်လွှာပြန်တင်ရမည် ဖြစ်သော်လည်း ပါတီဝင်ဟောင်းနှင့် ပါတီဝင်သစ် ခွဲခြားမည် မဟုတ်ဘဲ ပါတီဝင်အသစ်များသည်လည်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ရှိသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။
ကိုယ်စားလှယ်လောင်းများကို ဒေသံခံ၊ တိုင်းရင်းသား၊ အမျိုးသမီးနှင့် ပညာအရည်အချင်းတို့ကိုကြည့်ကာ ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။
NLD အနေဖြင့် လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပြီဖြစ်ကာပြည်နယ်နှင့် တိုင်းရွေးကောက်ပွဲအောင်နိုင်ရေး ကော်မရှင်များ ဖွဲ့စည်းရန်ပြင်ဆင်နေပြီဟု NLD တည်ထောင်သူများက ပြောသည်။
သောကြာနေ့တွင်လည်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီချင်းများစပ်ဆိုရေးသားသွားနိုင်ရန် အနုပညာရှင် ၅ဝ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသေးသည်။
တေးရေးဆရာတဦးဖြစ်သည့်ကိုရဲလွင်က NLD အတွက် အကူအညီပေးသွားမည်ဟုလည်းမဇ္ဈိမကို ပြောသည်။
"ကျနော်ကတော့ NLD ပါတီဝင်မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်ကတော့ အမေစုကို ကူညီမှာပဲလေ၊ သူ့ကိုတော့ ကျနော်က ယုံကြည်တာပဲ၊ သူကိုယ်တိုင်က လုပ်ပေးပါဆိုရင်တော့ ကျနော်ကတော့ ဖြစ်အောင်လုပ်ပေးမှာပဲ။" ဟု ကိုရဲလွင်က ပြောသည်။
ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင်ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူများက ပြောသည်။
ပါတီဝင် လျှောက်လွှာပုံစံများကို ပုံနှိပ်ရန် ပြင်ဆင်နေပြီဖြစ်ကာ လာမည့်အပတ်အတွင်း တိုင်းနှင့် ပြည်နယ် အားလုံးသို့ ဖြန့်ဝေသွားရန်ရှိသည်ဟု ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်မေဝင်းမြင့်က ပြောသည်။ လက်ရှိ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှအစ ပါတီဝင်လိုသူများအားလုံး လျှောက်လွှာတင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဒေါ်မေဝင်းမြင့်က ပြောသည်။
"လျှောက်လွှာတင်တယ်ဆိုတာ အန်တီတို့က အဟောင်းကို လုပ်တာမဟုတ်ဘူး၊ အန်တီတို့ကအစ ဒေါ်စုတို့က အစ ပါတီ လျှောက်လွှာအသစ်ကို ပြန်တင်ပြီးတော့ အန်တီတို့လျှောက်ရမှာ။" ဟုမဇ္ဈိမ ကိုပြောသည်။
ပါတီဝင်လျှောက်လွှာပုံစံတွင် အသက်၊ ပညာအရည်အချင်း လူမျိုး၊ ဘာသာနှင့် နေရပ်လိပ်စာတို့ပါဝင် မည်ဟုလည်း ပါတီထူထောင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။ NLD ၏ လူမှုရေးလုပ်ငန်းများ တွင် ပါဝင်ကူညီနေသူ တဦးဖြစ်သည့် ကဗျာဆရာ ကိုငြိမ်းသစ်က ပါတီဝင်များ၏ အရည်အချင်းသည် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့်ပင် လုံလောက်သည်ဟု သုံးသပ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်
ဂီတတေးသံရှင် ၅၀ ကျော်တို့ NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများ
ရေးစပ် သီကုံးသွားနိုင်ရေး တိုင်ပင်ဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ
မဇ္ဈိမ)
"သတ်မှတ်ထားတဲ့ အရည်အချင်းတော့ မရှိပါဘူး၊ တက်ကြွစွာ ရိုးသားစွာ ဒီမိုကရေစီအရေးမှပူးပေါင်း ပါဝင်မယ် ဆိုရင်ပဲ လုံလောက်ပါပြီ။ အဲဒီလောက်ဆိုရင်တော့ မည်သူမဆို ဝင်ခွင့်ရမှာပါပဲ။" ဟု ကိုငြိမ်းသစ်က မဇ္ဈိမကိုပြောသည်။
ပါတီဝင်လိုသူများအနေဖြင့် လျှောက်လွှာပြန်တင်ရမည် ဖြစ်သော်လည်း ပါတီဝင်ဟောင်းနှင့် ပါတီဝင်သစ် ခွဲခြားမည် မဟုတ်ဘဲ ပါတီဝင်အသစ်များသည်လည်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ရှိသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။
ကိုယ်စားလှယ်လောင်းများကို ဒေသံခံ၊ တိုင်းရင်းသား၊ အမျိုးသမီးနှင့် ပညာအရည်အချင်းတို့ကိုကြည့်ကာ ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။
NLD အနေဖြင့် လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပြီဖြစ်ကာပြည်နယ်နှင့် တိုင်းရွေးကောက်ပွဲအောင်နိုင်ရေး ကော်မရှင်များ ဖွဲ့စည်းရန်ပြင်ဆင်နေပြီဟု NLD တည်ထောင်သူများက ပြောသည်။
သောကြာနေ့တွင်လည်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီချင်းများစပ်ဆိုရေးသားသွားနိုင်ရန် အနုပညာရှင် ၅ဝ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသေးသည်။
တေးရေးဆရာတဦးဖြစ်သည့်ကိုရဲလွင်က NLD အတွက် အကူအညီပေးသွားမည်ဟုလည်းမဇ္ဈိမကို ပြောသည်။
"ကျနော်ကတော့ NLD ပါတီဝင်မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်ကတော့ အမေစုကို ကူညီမှာပဲလေ၊ သူ့ကိုတော့ ကျနော်က ယုံကြည်တာပဲ၊ သူကိုယ်တိုင်က လုပ်ပေးပါဆိုရင်တော့ ကျနော်ကတော့ ဖြစ်အောင်လုပ်ပေးမှာပဲ။" ဟု ကိုရဲလွင်က ပြောသည်။
ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများကို အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်သွားရမှာဖြစ်
![]() |
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း |
နိုဝင်ဘာ
၂၅ - ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့အစည်းအဝေးအပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက
နိုဝင်ဘာ ၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် မီဒီယာများနှင့်တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ်
ပြောကြားချက်များမှ ကောက်နှုတ်ချက်များကို ဖေါ်ပြလိုက်ပါသည်။
-
NLD ကြားဖြတ်ရွေးကောက်ပွဲဝင်လာလျှင် ၀မ်းမြောက်ဝမ်းသာကြိုဆိုရမှာဖြစ်
-
ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများတွင် ဆူပူမှုတွင်မပါဝင်ဘဲ
အမှန်တကယ် နိုင်ငံရေးကိစ္စသာ ဆောင်ရွက်ခဲ့သူများကို အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်သွားရမှာဖြစ်
-
ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(အငြိမ်းစား)မှာ အမှန်တကယ်အနားယူသွားပြီဖြစ်။
တပ်မတော်ကရော ပြည်ထောင်စုကြံ့ခိုင်ရေးနာယကအဖြစ်ကပါ
အနားယူသွားပြီဖြစ်။
-
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းသည်
အမေရိကန်ပြည်ထောင်စု၏ အရေးပါအရာရောက်တဲ့သူ လာရောက်မှာဖြစ်တဲ့အတွက် ၀မ်းမြောက်ဝမ်းသာကြိုဆို
-
မြန်မာ-အမေရိကန်ဆက်ဆံရေးသည် ယခင်က ပုံမှန်ဆက်ဆံရေးပင်မရှိခဲ့။
အခုဆိုရင် ပုံမှန်ဆက်ဆံရေးမှာ အလွန့်အလွန်ကောင်းသွားပြီဖြစ်။ အရင်ကဆို နှစ်နိုင်ငံသံအမတ်ပင်
မရှိခဲ့။ အခု ဟီလာရီကလင်တန်လာမယ်ဆိုရင် မြန်မာ-အမေရိကန်ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ လမ်းပွင့်သွားခဲ့။
နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးတိုးမြှင့်မယ်လို့ ထင်မြင်ယူဆ။
-
Sanction ကိစ္စကတော့ သူတို့(အမေရိကန်)ပြောလာရင်တော့ ပြောဖို့အစီအစဉ်ရှိ
ဒီSanction က မြန်မာပြည်သူတွေကို
ထိခိုက်တဲ့အရာဖြစ်တယ်လို့ ပြောရမှာဖြစ်
-
ပုဂ္ဂလိကသတင်းစာများ မကြာမီပေါ်လာဖို့ရှိ
-
ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်လျှင် (၃) လကြိုတင်ထုတ်ပြန်ရ။
ယခုအချိန်ထိ မထုတ်ပြန်ရသေး၍ နောက် (၃)လအတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သေး။
-
မြန်မာ-အမေရိကန်ဆက်ဆံရေးကြောင့် တရုတ်နှင့်ဆက်ဆံရေးမှာ
ကျဆင်းသွားမည်မဟုတ်ဘဲ ပုံမှန်အတိုင်းဆက်ရှိနေမှာဖြစ်
ရန်ကုန်မီဒီယာအုပ်စု
Myanmar News Now
Thursday, November 24, 2011
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၉၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနား (သတင်း၊ ဓာတ်ပုံ)
ဒီမိုဝေယံဘလောက်မှ-ဖေါ်ပြချက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၉၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနား (သတင်း၊ ဓာတ်ပုံ)
ခရစ်နှစ် ၂၀၁၁ ခု ၊ နိုဝင်ဘာလ (၂၀) ရက် ၊
မြန်မာသက္ကရာဇ် ၁၃၇၃ ခု တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် တနင်္ဂနွေနေ့တွင်
ကျရောက်သော (၉၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားအား
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊
ပြည်နယ်နှင့်တိုင်းအသီးသီးမှ ပါတီဝင်ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊
ပြည်ပမှ သတင်းမီဒီယာများ တက်ရောက် ခဲ့ကြပါသည်။ အခမ်းအနားကို နံနက်
(၁၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက်
ကဗျာဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်)နှင့်ဒါရိုက်တာ၊ စာရေးဆရာကြီး
ဆရာမောင်မိုးသူတို့မှ အမျိုးသားနေ့အထိမ်းအမှတ် စာပေများအား
ဟောပြောသွားခဲ့ပါသည်။
သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်။
ပြည်တွင်းစစ် ရပ် မန္တလေး လှုပ်ရှားမှု
ဖိုးရှုပ်လေးဘလောက်မှရယူပါတယ်။
နိုဝင်ဘာ ၂၄၊ ၂၀၁၁ (ကြာသပတေးနေ့)

ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီထိ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၅၅ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှာ ငြိမ်းချမ်းရေးဟောပြောပွဲနှ

စာရေးဆရာများဖြစ်ကြသော
၁။ ညီပုလေး
၂။ ဆူးငှက်
၃။ ညီစေမင်း
တို့က တိုင်းရင်းသားသွေးစည်းညီညွတ


အခမ်းအနားအပြီးမှာ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြ
၁။ သွေးချင်းညီအကိုများအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို
၂။ ပြည်တွင်းစစ်ကို ရပ်ပေးပါ
၃။ ဗမာ = ကချင်
ဟူသော စာတမ်းများကိုင်ဆောင်ကာ

"စစ်ဟူသည် နိုင်သူလည်း ဒုက္ခရောက်၏။ ရှုံးသူလည်း ဒုက္ခရောက်၏။ အမြန်ဆုံး ရပ်ပေးပါ။"
ဟူသော ငြိမ်းချမ်းရေးတောင်းဆိုကြေ
ညိုကြီး
(မနက်ဖြန် (၂၅၊ နိုဝင်ဘာ၊ ၂၀၁၁)၊ နေ့ ၂ နာရီမှ ညနေ ၄ နာရီအထိလည်း အထက်ပါ ကံတက်ကုန်း(မစိုးရိမ်)ကျောင
ပုံများကို ဧရာဝတီဘလာ့မှ ရယြူုပီး
သတင်း ကို ကိုညိုကြီးဖေ့ဘုခ်မှ ရယူပါတယ် ဖေ့ဘုခ်တွင်လဲ Video ဖိုင် ကြည့် ရှုနိုင်ပါတယ်။
http://www.facebook.com/nyogyi
ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည်...
၂၀၀၈ခုနှစ်က
၁၁လပိုင်းက ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း
ရုံးခန်းထဲမှာ ရိုက်ထားတဲ့ ပုံဆိုပြီး ပေးပို့လာပါတယ်...။ ဘယ်သူတွေ ဘာအတွက်
တွေ့ဆုံကြတယ် ဆိုတာ မပါရှိပေမယ့် ထိုစဉ်က တိုင်းပြည်ကို
အနှစ်(၂၀ကျော်)အတွင်း ဖွတ်ဖွတ်၊ ညက်ညက် ကြေအောင် စွမ်းဆောင်နိုင်ခဲ့တဲ့
အာဏာရှင် ဗိုလ်သန်းရွှေရဲ့ ဓာတ်ပုံအောက်မှာတော့ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် ဆိုတဲ့ စာတန်းကို ရေးထိုးထားတာပါပဲ။
အာဏာရှင်ကြီး ဗိုလ်သန်းရွှေရဲ့
အဆိုအမိန့်လား ယခုတောင်ဥက္ကလာပမြို့နယ် ကြံ့ဖွတ်အမတ်ကြီး
ဦးအောင်သိန်းလင်းရဲ့ အဆိုအမိန့်လား ဆိုတာတော့ မပြောနိုင်ပါ...။ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာစွာ အရိုးမနင်အောင် စားပါမည် ဟုဆိုလေသလား။ ဒါမှမဟုတ် သခင်၏ အမိန့်တော်အတိုင်း ဦးထိပ်ထား၍ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည်ဟု မေ့မှာစိုး၍ ဆောင်ပုဒ်ကို ကပ်ထားလေသလား... ။ ဒါမှမဟုတ် သခင်၏ ကျေးဇူးတော်ကို စောင့်သိစွာဖြင့် လာဘ်ယူရာ၌ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် ဟု စာတတန်ပေတတန်နဲ့
မေ့မှာစိုး၍ ကပ်ထားလေသလား။ လာဘ်စားသည့်နေရာ၊ မိုက်ကန်းသည့် နေရာ၌
ကျွန်ုပ်သည် အရှင်နှင့် တသွေမသိမ်း အမြဲတမ်း စေ့စပ်သေချာပါမည်ဟု
ဆိုလေသလား..ဆိုတာကတော့ စဉ်းစားစရာပါပဲ...။
ကျွန်တော့်အမြင်ကတော့ ကြွက်တွေ သောင်းကျန်းတဲ့ အိမ်တွေ၊ ဆိုင်တွေမှာ ရေးထားတဲ့ သတိ ကြွက်ရောင်းရန်ရှိသည် ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ စာသားကိုပဲ.. ပြေးပြီး မြင်ယောင်မိပါတော့တယ်....။
ဒီမိုဝေယံ...
ကျွန်တော့်အမြင်ကတော့ ကြွက်တွေ သောင်းကျန်းတဲ့ အိမ်တွေ၊ ဆိုင်တွေမှာ ရေးထားတဲ့ သတိ ကြွက်ရောင်းရန်ရှိသည် ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ စာသားကိုပဲ.. ပြေးပြီး မြင်ယောင်မိပါတော့တယ်....။
ဒီမိုဝေယံ...
ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားဟု ဦးသိန်းစိန် အစိုးရက ပထမဆုံးအကြိမ် မထင်မရှား ယနေ့ ထုတ်သတင်းစာမှာဖော်ပြ
ယခင်စစ်အစိုးရများအဆက်ဆက်အပြောင်းအလည်းများတွင် ပြည်သူများအပေါ်မသိမသာ
ခိုးကြောင်ခိုးဝှက် လုပ်ရိုးလုပ်စဉ်အတိုင်း သန်းရွှေကိုယ်လည်းတဖြေးဖြေးချင်းမေ့ပျောက်အောင်လုပ်တဲ့
လုပ်ရပ်များဖြစ်ပါတယ်။ယခင်ပြည်သူများအပေါ်မထီမဲ့မြင်စော်ကားခဲ့သမျှ
ဘာမှမဟုတ်ချင်ဟန်ဆောင်၊မေ့လေဟန်ဆောင် သိန်းစိန်အစိုးရကလည်း သန်းရွှေကျွေးသောထမင်းကျေးဇူးကမကင်းလေတော့ မသိမသာလေးဖေါ်ပြခြင်းပါ။
့ပြည်သူများကို မတရားသတ်ဖြတ်အနိုင်ယူခဲ့သူသန်းရွှေ၊ သံဃာတော်များကို သတ်ဖြတ်ပြီး သံဃာတုများဟု မတရားလိမ်လည်ပြောဆိုခဲ့သော သန်းရွှေ ကို ပြည်သူများဘယ်တော့မှမမေ့ပါ။ဤအလှုသည် သန်းရွှေချွေးနဲစာ ဖြစ်ပါ့မလား။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစုက အမေရိကန်ဒေါ်လာ ၁၃၀၀၊ ပတ္တမြားတာ ၁၁ ပွင့်၊ မြိတ်ပုလဲ တစ်ပွင့်၊ ကာလ တန်ဖိုးကျပ် ၄၈၈၀၀၀ရှိ ရွှေလက်စွပ်တကွင်း လာရောက်လှူဒါန်းခဲ့”ဟု ဗုဒ္ဓစွယ်တော်အတွက် လှူဒါန်းခဲ့ခြင်း အား သတင်းစာများ၏ အတွင်းစာမျက်နှာ၌ ရေးသားထားသည်ကို တွေ့ရခြင်းဖြစ်သည်။
ဗုဒ္ဓစွယ်တော်သည် တရုတ်နိုင်ငံမှ ယခုလဆန်းပိုင်းတွင်ပင့်ဆောင်ခဲ့ပြီး အများပြည်သူ ဖူးမြော်နိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့၌ တလှည့်စီ အပူဇော်ခံယူလျက်ရှိသည်။
မြန်မာနိုင်ငံအား စစ်အာဏာရှင် တဦးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့သော အသက် ၇၈ နှစ်အရွယ် ဦးသန်းရွှေ သည် စစ်တပ်မှ အငြိမ်းစားယူသွားကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရက စတင်ကြေညာခြင်းဖြစ်သည်။
စစ်တပ်အစိုးရမှ အရပ်သားအစိုးရ တရပ်ပေါ်ပေါက်လာရေး၊ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်တရပ်” ထူ ထောင်မည်ဟု ကြွေးကြော်ကာ လမ်းပြမြေပုံ ၇ ဆင့်ရေးဆွဲခြင်း၊ အမျိုးသားညီလာခံ ကျင်းပခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်းတို့ကို ကန့်ကွက်မှုများကြားမှ အောင်မြင်စွာ ဖော်ဆောင်ထားခဲ့သည်။
၎င်းဦးဆောင်သော နအဖ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးရာထူးဖြင့် ၀န်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့သူ လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်း စသည့် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များသည် အစိုးရသစ်လက်ထက်တွင် လည်း ထိပ်တန်းခေါင်းဆောင်များအဖြစ် ပြန်လည်တာဝန်ယူထားသည့်အတွက် အစိုးရသစ်အား ဦးသန်းရွှေက နောက်ကွယ်မှ ကြိုး ကိုင်ထားဆဲဖြစ်သည်ဟု အများက ယူဆနေကြသည်။
ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံ၏ အာဏာအရှိဆုံး အဖွဲ့ဖြစ်သော အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီ အား ဦးသန်းရွှေ က ကြိုးကိုင် လမ်းညွန်မှု ပေးနေသည်ဟုလည်း လူအများက ပြောဆိုနေကြသည်။
အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီသည် သမ္မတ၊ ဒု-သမ္မတများ၊ ကာကွယ်ရေး ဦးစီချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒု-ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေး ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး စသည့် အဖွဲ့ဝင် ၁၁ ဦး ဖြင့် ဖွဲ့စည်းထားကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပါရှိသည်။
ဦးသန်းရွှေနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား Wall Street Journal က အင်တာဗျူးရာ ၎င်း၏ နေအိမ်၌ စာဖတ်၍ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ဖြေဆိုခဲ့သော်လည်း အစိုးရသစ်အပေါ် သြဇာလွှမ်းမိုးမှု ရှိမရှိဆိုသည်ကို တိကျစွာ ဖြေဆိုခြင်း မရှိပေ။
“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု ဦးကျော်ဆန်းက ပြော ဆိုကြောင်း Wall Street Journal ၌ နိုဝင်ဘာလ ၁၅ ရက်က ဖော်ပြခဲ့သည်။
ခင်ဦးသာ (ဧရာဝတီ)
NLD ပါတီသစ်ကို အမျိုးသမီး ထက်ဝက်ကျော်ဦးဆောင်
၂ဝ၁ဝ ခု မတ်လ ၈ ရက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ (က) အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်နှင့်ပင် ပါတည်ထူထောင်လိုသူ အနည်းဆုံး ၁၅ ဦးရှိရမည်ဖြစ်သော်လည်း ၂၁ ဦးရွေးထားသည့် NLD စာရင်းတွင် အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၁ဝ ဦးပါဝင်ပြီး လူငယ်နှင့် သက်လတ်ပိုင်းများဖြင့် ပြောင်းလဲအားဖြည့် ထားကြောင်း ပါတီတွင်း သတင်းရပ်ကွက်က ပြောသည်။
အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ
တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင်
(ဓါတ်ပုံ မဇ္ဈိမ)
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် စသည့် NLD ပါတီကို စတည်ထောင်သူ သုံး ဦး၊ နောက်တိုး ဗဟို အလုပ်အမှုဆောင်ထဲမှ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ အပါအဝင် ပြည်နယ်/ တိုင်း ၁၃ ခုမှ ကိုယ်စားလှယ်များဖြင့် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ကရင်နီဟုလည်း ခေါ်ဝေါ်လေ့ရှိသော ကယားပြည်နယ် တွင် NLD ရုံးခွဲမရှိပေ။
“ကယားမရှိတဲ့အတွက် ရှမ်းကို နှစ်ယောက်လုပ်တယ်။ ရန်ကုန်အတွက်ကို ညီနောင်ပါတီက ဦးစိုးဝင်းကို ထည့်တယ်။” ဟု NLD အဖွဲ့ဝင်တဦးက ပြောသည်။ ဦးစိုးဝင်းသည် ဖျက်သိမ်းခံထားရသော အမျိုးသား ဒီမိုကရေစီ ပါတီမှဖြစ်ပြီး ညီနောင်ပါတီအဖြစ် နိုင်ငံရေးသဘောတူညီချက် ရှိကြသည်။
နိုဝင်ဘာ ၂၃ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်များ တွေ့ဆုံကြပြီး သင့်တော်သူများအဖြစ် အပြီးသတ် ဆုံးဖြတ်ခဲ့သည့် အဆိုပါစာရင်းနှင့်အတူ ကိုယ်စားလှယ်အဖြစ် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့က ပါတီတည်ထောင်နိုင်ရေး လျှောက်ထားရန် နေပြည်တော်သို့ သွားရောက်နေသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အရ ပုဒ်မ ၃ (ခ) အရ တည်ထောင်ခွင့်ရလျှင် ယခု ၂၁ ဦး ထဲမှ ရွေးချယ်ရမည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း ပေးသွင်း၍ ပါတီအမည်၊ အလံနှင့် တံဆိပ်၊ နိုင်ငံရေးသဘောတရားနှင့် လုပ်ငန်းစဉ်၊ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ ပါတီ တည်ထောင်လိုသူများ၏ ကိုယ်ရေးအချက်များ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည့် အကြောင်း ဝန်ခံချက်နှင့် အတူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ရမည်ဖြစ်
သည်။
ထို့အပြင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို စည်းရုံးရမည် ဖြစ်သည်။
လက်ရှိ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့ အပြောင်းအလဲ၊ အလံ၊ တံဆိပ်တို့ကိုမူ နေပြည်တော်မှ မှတ်ပုံတင် ခွင့်ပြုပြီးနောက်မှ ပြန်လည် ရွေးချယ်ကြမည်ဟု ပါတီအကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။
နိုဝင်ဘာ ၂၃ ရက်နေ့က ပါတီဌာနချုပ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်မှ ကိုယ်စား လှယ်များက တာဝန်ယူသွားကြရန်လည်း ဆွေးနွေးခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်လိုသူ ၂၁ ဦးစာရင်း (ကြယ်ပွင့်ပြထားသူများမှာ ၁၉၉၀ ခု ရွေးကောက်ခံ အမတ်များ ဖြစ်သည်။)
ရွေးကောက်ပွဲ အောင်နိုင်ရေး လှုံ့ဆော်တေးများ ဖန်တီးရန်အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု နှင့် ဂီတအနုပညာရှင် ၅၀ ကျော်တို့ တွေ့ ဆုံမည်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင် ၅၀
ကျော်သည် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုံ့ဆော်တေးများ ဖန်တီးရန်အတွက် မနက်ဖြန် ညနေ ၃ နာရီခန့်၌ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံမည်ဟု သတင်း ရသည်။

အဆိုပါတွေ့ဆုံပွဲကို ဂီတပညာရှင်များဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊
သားထွေး၊ ကိုးတိုးလွင်နှင့် ဆောင်ဦးလှိုင်တို့က စီစဉ်
ဆောင်ရွက်ခြင်းဖြစ်ပြီး ဖိတ်ကြားခြင်းခံရသည့် အနုပညာရှင်များမှာ
တေးရေးနောင်နောင် (ဆန်းဖလားဝါး)၊ စံလင်း၊ ရင်ဂို၊ မာရဇ္ဇ၊ ဆောင်းဦးလှိုင်၊
ဇေယျာသော်၊ အနဂ္ဂ၊ ကျားပေါက်၊ ချောစုခင်၊ ကဗျာဘွဲ့မှူး၊ ချစ်သုဝေ၊ သံသာဝင်း၊
ချမ်းချမ်း စသည်တို့ အပါဝင် အနုပညာရှင် ၅၀ ကျော်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုတော် ဇေယျာသော်က “ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ဂီတအနုပညာနဲ့ ပတ်သက်ပြီး ဘယ်သူ ဘယ်အပိုင်းက တာဝန် ယူမယ်ဆိုတာ ကော်မတီဖွဲ့ဖို့ လူစုတဲ့သဘောပါ” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ပြုလုပ်သည့် အခမ်းအနားများတွင် စာပေဂီတ၊ပန်းချီ အနုပညာရှင် အများအပြား လာရောက်ပူးပေါင်းကာ ဖျော်ဖြေမှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။
မကြာသေးမီက ပြည်လမ်း ရန်ကုန်တက္ကသိုလ်ရှေ့ ယုဒဿန်ရိပ်သာတွင် ကျင်းပသည့် ပညာရေးကွန်ယက် တနှစ်ပြည့် ဈေးရောင်း ပွဲ အခမ်းအနားတွင်လည်း ကိုရဲလွင်၊ ဆောင်းဦးလှိုင် ဦးဆောင်သည့် ဂီတပညာရှင် အများအပြား လာရောက်ဖျော်ဖြေ ခဲ့သေးသည်။
၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စတင်တည်ထောင် ကာစကလည်း ရုပ်ရှင်၊ ဂီတနှင့် စာပေအသိုင်းအ၀န်းမှ စာရေးဆရာ မောင်ဝံသ၊ ကဗျာဆရာကြီး ဦးတင်မိုး၊ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်၊ ဒါရိုက်တာ မောင်မိုးသူ၊ အဆိုတော် စိုင်းထီးဆိုင် စသည့် အနုပညာရှင်များ လာရောက် ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီခေါင်းဆောင်များက ပါတီကို ပြန်လည် မှတ်ပုံတင်ကာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ယနေ့တွင်မူ ပါတီဦးဆောင် ၂၁ ဦးပါ စာရင်းကို နေပြည်တော် ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် တင်ပြမည်ဟုသိရသည်။
ရန်ပိုင် (ဧရာဝတီ)
ပညာရေးကွန်ရက် ၁ နှစ်ပြည့်ပွဲနေ့က အဆိုရှင်တချို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အဆိုတော် ဇေယျာသော်က “ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ဂီတအနုပညာနဲ့ ပတ်သက်ပြီး ဘယ်သူ ဘယ်အပိုင်းက တာဝန် ယူမယ်ဆိုတာ ကော်မတီဖွဲ့ဖို့ လူစုတဲ့သဘောပါ” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ပြုလုပ်သည့် အခမ်းအနားများတွင် စာပေဂီတ၊ပန်းချီ အနုပညာရှင် အများအပြား လာရောက်ပူးပေါင်းကာ ဖျော်ဖြေမှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။
မကြာသေးမီက ပြည်လမ်း ရန်ကုန်တက္ကသိုလ်ရှေ့ ယုဒဿန်ရိပ်သာတွင် ကျင်းပသည့် ပညာရေးကွန်ယက် တနှစ်ပြည့် ဈေးရောင်း ပွဲ အခမ်းအနားတွင်လည်း ကိုရဲလွင်၊ ဆောင်းဦးလှိုင် ဦးဆောင်သည့် ဂီတပညာရှင် အများအပြား လာရောက်ဖျော်ဖြေ ခဲ့သေးသည်။
၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စတင်တည်ထောင် ကာစကလည်း ရုပ်ရှင်၊ ဂီတနှင့် စာပေအသိုင်းအ၀န်းမှ စာရေးဆရာ မောင်ဝံသ၊ ကဗျာဆရာကြီး ဦးတင်မိုး၊ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်၊ ဒါရိုက်တာ မောင်မိုးသူ၊ အဆိုတော် စိုင်းထီးဆိုင် စသည့် အနုပညာရှင်များ လာရောက် ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီခေါင်းဆောင်များက ပါတီကို ပြန်လည် မှတ်ပုံတင်ကာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ယနေ့တွင်မူ ပါတီဦးဆောင် ၂၁ ဦးပါ စာရင်းကို နေပြည်တော် ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် တင်ပြမည်ဟုသိရသည်။
ရန်ပိုင် (ဧရာဝတီ)
Subscribe to:
Posts (Atom)