Saturday, January 14, 2012

လွတ်အဓိဋ္ဌာန်

ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)
ဇန်န၀ါရီ ၁၄၊ ၂၀၁၂


၁၂.၁.၂၀၁၂ ကြာသာပတေးနေ့ နံနက် (၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူတို့အား ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ဘေးဒုက္ခသည်များအား ကူညီ ထောက်ပံ့လှူဒါန်းမှုများပြုရန်အတွက် သွားရောက်ပို့ဆောင်ခဲ့ပြီးသည့်နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အလုပ်များ မအား လပ်သည့်ကြားမှ အဓိဋ္ဌာန်ခရီးထွက်လိုပါသဖြင့် ပြည်မြို့ရှိ ရွှေပေါက်ပင်ဆရာတော်ကြီးထံ အသင်းသား (၃) ဦးနှင့်အတူ ခရီးထွက်ခဲ့ပါသည်။

၁၃.၁.၂၀၁၂ သောကြာနေ့ နံနက် (၅) နာရီအချိန်တွင် ဆရာတော်ကြီးနှင့်အတူ သစ်သီးဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အဓိဋ္ဌာန်တင်ခြင်းတို့ကို မြတ်စွာဘုရားထံ လျှောက်ထားပြီးနောက် ပြည်မြို့ သရေခေတ္တရာမြို့ဟောင်းရှိ ဘောဘောကြီးရှေးဟောင်းဘုရားထံသွားရောက်၍ အဓိ ဋ္ဌာန်ပုတီး (၁၀၈) ပတ်စိတ်ပြီးသည့်နောက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံထားရသော နိုင်ငံရေးအကျဉ်းသားများ အားလုံးနီးပါး လွှတ် ပေးလိုက်သည်ဟု မင်္ဂလာသတင်းကောင်းကို ကြားသိခဲ့ရသည်။ မိမိ၏ အဓိဌာန်အတိုင်း နေ့လည်ပိုင်းတွင် ပြည်မြို့ဝန်ချတောင်ဘုရားတွင် အဓိဋ္ဌာန်ကျင့်စဉ် ပုတီး (၁၀၈) ပတ်အား သွားရောက်၍ကျင့်ခဲ့သည်။ ညနေပိုင်း (၅း၀၀) နာရီခန့်တွင် သရက်အကျဉ်းထောင်မှ လွတ်မြောက် လာသော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တစ်ယောက် အောင်လံမြို့သို့ရောက်နေကြောင်း၊ မကြာမီအချိန်အတွင်း ပြည်မြို့၊ ရွှေ ပေါက်ပင်ကျောင်းရှိ ကျွန်တော့်ထံသို့ဝင်ရောက်မည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ည (၈း၀၀) နာရီအချိန်တွင် တတိယအကြိမ် အဓိဋ္ဌာန်ကျင့်စဉ်အား ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းရှိ ရွှေရန်ပြေ မြတ်စွာ ဘုရားရှေ့မှောက်တွင် ကျင့်ကြံအားထုတ်၍ ပုတီး (၁၀၈) ပတ်ပြီးစီးသည်နှင့် (၉း၀၀) နာရီအချိန်တိတိတွင် ကိုမင်းကိုနိုင်တို့အဖွဲ့ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းသို့ ၀င်ရောက်လာခဲ့သည်။ ကိုမင်းကိုနိုင်အား ပြည်မြို့မှ လူမှုကူညီရေးအဖွဲ့များ၊ အကျဉ်းသားဟောင်းများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်များဖြင့် စည်ကားစွာ လိုက်လံပို့ဆောင်ခဲ့ကြသည်။ ကိုမင်းကိုနိုင်အား ဦးကျော်သူမှ အဓိဌာန်ဝင်စဉ် ၀တ်ဆင်ထား သော အတွင်းတီရှပ်အားဖွင့်လှစ်ပြရာ “လွှတ် … ယုံကြည်ချက် အကျဉ်းသား” တီရှပ်အကျီအား “လွှတ်” ဟူသောစာသားမှ ဟတ်ထိုးအက္ခ ရာအား ဆေးဖြူပိတ်ထား၍ “လွတ်” ဟူသော စာသားဖြစ်နေ၍ အားလုံးမှ ၀မ်းသာအားရစွာဖြင့် သြဘာပေးခဲ့ကြသည်။ ထို့နောက် ရွှေ ပေါက်ပင်ဆရာတော်ကြီးအား ဦးကျော်သူနှင့်အတူ သွားရောက်ဖူးမြော်ကြပြီး ဆရာတော်ကြီးမှ ငါ့လောဘ၊ ငါ့မောဟ၊ ငါ့ဒေါသ၊ ငါ့မာန ငါ့ကိုပြန်၍ နှိပ်စက်တတ်သည်” ဟူ၍ သုံးကြိမ်သုံးခါ ရွတ်ဆို၍ ဆုံးမသြ၀ါဒစကား ပြောကြားခဲ့သည်။ ကိုမင်းကိုနိုင်တို့အဖွဲ့အား “ကျန်းမာပါစေ .. ချမ်းသာပါစေ” ဟူသော အားပေးကြွေးကြော်သံတို့သည် ပြည်မြို့တခွင် ညဦးယံအား ထိုးခွဲ၍ ပဲ့တင်ထပ်သွားတော့သည်။

ထိုညတွင် ကိုမင်းကိုနိုင်တို့အဖွဲ့တို့သည် ဦးကျော်သူတို့နှင့်အတူ ရွှေပေါက်ပင်ကျောင်းတိုက်တွင် အိပ်စက်အနားယူကာ ၁၄.၁.၂၀၁၂ စနေနေ့ နံနက် (၆း၀၀) နာရီအချိန်တွင် ရန်ကုန်သို့ ခရီးဆက်ကြမည် ဖြစ်ကြသော်လည်း ဦးကျော်သူသည်ကား အဓိဋ္ဌာန်ကျင့်စဉ် (၃)ရက်ပြည့်သည်အထိ ပြည်မြို့၊ ရွှေပေါက်ပင် ကျောင်းတိုက်တွင် ဆက်လက်၍ ကျင့်ကြံအားထုတ်သွားမည် ဖြစ်သည်။

အချုပ်ဆိုရသော် သည်တစ်ချိန် သည်တစ်ခါ အဓိဋ္ဌာန်ကျင့်စဉ် ကျင့်ကြံအားထုတ်သော ဦးကျော်သူ၏ အဓိဋ္ဌာန်ကျင့်စဉ်အား “လွတ်” အဓိဋ္ဌာန်ကျင့်စဉ်ဟု အမည်နာမတပ်လိုက်ချင်တော့သည်။






သမီးလေးနဲ့ ပြန်လည်ဆုံတွေ့ နေတဲ့ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်


သမီးလေးနဲ့ ပြန်လည်ဆုံတွေ့ နေတဲ့ မနီလာသိန်း
သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်---
ဒီဗွီဘီ

ယနေ့ပြန်လည် လွတ်မြောက်လာကြတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ..ဓါတ်ပုံသတင်း


ကိုမင်းကိုနိုင် သရက်မှ အောင်လံမြို့သို့အသွား စက်လှေပေါ်တွင် ကြိုဆိုသူများနှင့် တွေ့ရစဉ်
ကိုမင်းကိုနိုင်က အောင်လံမြို့ ကမ်းနားလမ်းနှင့်ဘုရားလမ်းထောင့်တွင် လူထုသို့စကားပြောနေစဉ်။
ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာသော ဦးကိုကိုကြီး

ကိုဋ္ဌေးကြွယ်
ဘန်ကောက်မှ ပြန်လည်ကြွရောက်လာသော ရွှေညဝါဆရာတော်နှင့် ကိုဂျင်မီတို့ ရန်ကုန်လေဆိပ်မှာ တွေ့ဆုံစဉ်..
ရန်ကုန်လေဆိပ်သို့ရောက်ရှိလာသော ကိုမြအေးအား တွေ့ရစဉ်
ကိုပြုံးချိုအားတွေ့ရစဉ်

ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက် ရှိလာသော မနီလာသိန်း
ကိုမင်းကိုနိုင်မှ အကျဉ်းကျခံနေရစဉ် ရေးဆွဲထားသော ပန်းချီကားများကို ပြည်သူများအား ပြသနေစဉ်။
ကိုမင်းကိုနိုင်အား အောင်လံမြို့တွင် ကြိုဆိုနှုတ်ဆက်ကြသူများ
ဓာတ်ပုံများ 7 Day News Journal နှင့် EMG
ဒီငြိမ်းလင်း(ယာအစွန်-မျက်မှန် တပ်ထားသူ)၊ နိုဘယ်အေး၊ ကိုကိုနိုင်၊ လားရန်ထွန်း၊ ဦးဝိလာသက္က (ခ)ဦးလှထွန်း (ယာမှဝဲအစဉ်လိုက်) တို့ကို မုံရွာအကျဉ်းထောင်မှ လွတ်မြောက်လာပြီး ကြိုဆိုသူများ၏ ပန်းနှင့်ပန်းကုံး၊သပြေခက်တို့နှင့်တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြား

ယနေ့လွတ်မြောက်လာသည့် ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အား ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် တွေ့ရစဉ်
" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေး တယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းလည်း ဦးခင်ညွန့် ဗိုလ်ချုပ်ကြီးဟောင်းက ပြောကြားခဲ့သည်။

Friday, January 13, 2012

Political Prisoners live update

၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ၊ ၁၃-ရက်၊ သောကြာနေ့
ပဲခူး​တိုင်း​ တောင်ငူ​ထောင်က​နေ ပြန်လည်လွတ်​မြောက်လာတဲ့​ ရှမ်း​တိုင်း​ရင်း​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်​ခေါင်း​ဆောင် ဦး​ခွန်ထွန်း​ဦး​ကို ကို​အေး​နိုင်ကလည်း​ ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ စစ်ကိုင်း​ တိုင်း​ က​လေး​ထောင်က​နေ ဒီက​နေ့​ လွတ်​မြောက်လာတဲ့​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​စိုင်း​ညွန့်​လွင်ကို ​မေး​မြန်း​ထား​ပါတယ်။
အစိုး​ရက​နေ အကျဉ်း​သား​ ၆၅၁ ဦး​ကို လွှတ်ငြိမ်ချမ်း​သာခွင့်​ အရ နိုင်ငံ​ရေး​အကျဉ်း​သား​အ​တော်များ​များ​ပါဝင်​ပေမယ့်​ မလွတ်​မြောက်​သေး​တဲ့​ သူ​တွေလည်း​ ရှိ​နေပါတယ်။ ပဲခူး​တိုင်း​ ​ရေတာရှည်က ၁၉၉၀ လွှတ်​တော်အမတ် ​ဒေါက်တာ​ကျော်​ကျော်၊​ ​ကျောက်ပန်း​တောင်း​က ဦး​ကျော်သန်း​တို့​က မလွတ်​မြောက်သေး​ဘူး​လို့​ ဒီက​နေ့​ မြင်း​ခြံ​ထောင်က​နေ လွတ်​မြောက်လာတဲ့​ ၁၉၉၈ ဗကသအဖွဲ့​ချုပ်က ကိုမျိုး​မင်း​ထိုက်က ​ပြောပါတယ်။
အင်း​စိန်​ထောင်က လွတ်​မြောက်လာတဲ့​ ၉၆ မျိုး​ဆက်​ကျောင်း​သား​ ဉာဏ်ထွန်း​လင်း​(ခ)ရန်နိုင်နဲ့​ ဆက်သွယ်​မေး​မြန်ချက်
ရှမ်း​ပြည်နယ် မိုင်း​ဆတ်​ထောင်က ပြန်လွတ်လာပြီး​ ရန်ကုန်က ​နေအိမ်ပြန်​ရောက်​နေတဲ့​ ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုကိုကြီး​ကို ကို​အေး​နိုင် ​မေး​မြန်း​ထား​ပါတယ်။ ​ကော့​သောင်း​ထောင်က လွတ်​မြောက်လာတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ကိုပြုံး​ချိုနဲ့​ ဆက်သွယ်​မေး​မြန်း​ချက်
လွတ်​ မြောက်လာလို့​ ​ပျော်​ပေမယ့်​ ကျန်သူ​တွေကိုလည်း​လွတ်​ပေး​ပါလို့​ မြင်း​ခြံ​ထောင်က​နေ ပြန်လည်လွတ်​မြောက်လာတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သူ မသက်သက်​အောင်က ​ပြောပါတယ်။ မသက်သက်​အောင်ကို ​နော်နိုရင်း​က ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ 88 Ma Thet Thet Aung by dvbradio
ပူတာအိုအကျဉ်း​ထောင်က နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၂ ဦး​ပြန်လွတ်တဲ့​အနက် ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကို​အောင်သူကို ​မေး​ထား​ပါတယ်။ 88 Ko Aung Thu Interview by dvbradio
မန္တ​လေးအိုး​ ဘို​ထောင်က နိုင်ငံ​ရေး​အကျဉ်း​သား​ ၈၈ ဦး​အနက် ၁၄ ဦး​ပဲ လွတ်တယ်လို့​ မန္တ​လေး​ အိုး​ဘို​ထောင်​ရှေမှာ သွား​ခဲ့​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​လူမှုကူညီ​ရေး​ကွန်ယက် (မန်း​တ​လေး​တိုင်း​)က ဦး​ကို​လေး​က ​ပြောပါ့​တယ်။ ပူတာအို​ထောင်မှာကျခံ​နေတဲ့​ မန္တ​လေး​တိုင်း​ စည်း​ရုံး​ရေး​ကော်မတီဝင် ​ဒေါ်ဝင်း​မြမြအပါအဝင် နိုင်ငံ​ရေး​အကျဉ်း​သား​ တဒါဇင်ခန့်​ ပြန်လွတ်လာတယ်လို့​ သူက ​ပြောပါတယ်၊​၊ Oo bo prison MPs. 88-14= 74 ayenai by dvbradio
သရက်​ ထောင်ကလွတ်​မြောက်လာတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမင်း​ကိုနိုင်ကို ​အောင်လံမြို့​အ​ရောက်မှာ ဒီဗွီဘီက ဆက်သွယ်​မေး​မြန်း​ခဲ့​ပါတယ်။ မြောင်း​မြ​ထောင်က​နေ လွတ်​မြောက်လာတဲ့​ ၂၀၀၇ ​ရွှေဝါ​ရောင် သံဃာ​ခေါင်း​ဆောင် အရှင်ဂ မ္ဘီရနဲ့​ ဆက်သွယ်​မေး​မြန်းချက် ဖား​အံ​ ထောင်မှ ဒီက​နေ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နှင့်​ ပြန်လည်လွတ်​မြောက်လာသူ ဘ​လော့​ခ်ဂါ​နေဘုန်း​လတ်နှင့်​ ဆက်သွယ်​မေး​မြန်း​ချက်
တောင်ကြီး​ထောင်က ပြန်လည်လွတ်​မြောက်လာတဲ့​ ဗကသများ​အဖွဲ့​ချုပ် ​ခေါင်း​ဆောင် ကို​ကျော်ကိုကိုနဲ့​ အင်တာဗျုး

*nbsp;

တောင်ကြီး​ ထောင်က ဒီက​နေ့​ပြန်လွတ်လာတဲ့​ အား​ကစာသတင်း​အယ်ဒီတာကို​ဇော်သက်​ထွေး​ ကို ဒီဗွီဘီသတင်း​ထောက်ကို​ထွေး​က ​မေး​မြန်း​ထား​ပါတယ်၊​ ZAW THAT HTWE WIFE-INTERVIEWS by dvbradio
ကရင်ပြည်နယ် ဖာအံ​ထောင်က​နေ နိုင်ငံ​ရေး​အကျဉ်း​သား​ ၇ ဦး​လွတ်​မြောက်လာ ပါတယ်။ ပြန်လွတ်လာသူတဦး​ဖြစ်တဲ့​ နာဂစ်မုန်း​တိုင်တိုက်ခိုက်တုန်း​က ဓါတ်ပုံရိုက်ခဲ့​တဲ့​ သတင်း​ထောက် ကိုသန့်​စင်​အောင်ကို ​နော်နိုရင်း​က ​မေး​မြန်း​ထား​ပါတယ်။ NR KO Than Sin aung by dvbradio
ဒေါ်​အောင်ဆန်း​စုကြည်ကို ​ထောက်ခံ​ကြောင်း​ ဗိုလ်ချုပ်ကြီး​ဟောင်း​ ခင်ညွန့်​ပြော
အံ့​ဘုန်း​မြတ်
လွတ်ငြိမ်း ​ချမ်း​သာခွင့်​နဲ့​ ပြန်လည်လွတ်​မြောက်လာတဲ့​ ဗိုလ်ချုပ်ကြီး​ဟောင်း​ ဦး​ခင်ညွန့်​ လွတ်​မြောက်ပြီး​ပြီး​ချင်း​ သတင်း​မီဒီယာသမား​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။
ဒေါ်​အောင်ဆန်း ​စုကြည်ရဲ့​ နိုင်ငံ​ရေး​လုပ်​ဆောင်ချက်​တွေနဲ့​အတူ အစိုး​ရသစ်ရဲ့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်မှုနဲ့​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ​ထောက်ခံကြိုဆို​ကြောင်း​ ​ပြောကြား​ခဲ့​ပါတယ်။ KHIN NYUNT FREE & PRESS by dvbradio
KHIN NYUNT FREE & PRESS by dvbradio
က​လေး​ထောင်လွတ်​မြောက်မှု အ​ခြေအ​နေ
အံ့​ဘုန်း​မြတ်
ဦး​စိုင်း​ ညွန့်​လွင်၊​ ကိုမျိုး​အောင်နိုင်၊​ ဦး​တင်ယု၊​ ဦး​ကျော်​အောင်၊​ ဦး​ကျော်​ကျော်၊​ ကိုစိုး​ရာဇာဖြူ၊​ ကို​ဝေဖြိုး​၊​ ကိုမင်း​မင်း​ထွန်း​၊​ ကိုနိုင်လင်း​၊​ ကို​ဌေး​အောင်၊​ ကို​နေလင်း​အောင်စတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ က​လေး​ထောင်က ဒီက​နေ့​ ပြန်လည်လွတ်​မြောက်လာပါတယ်။ ​နေ့​လယ် ၁၁ နာရီ​လေယာဉ်နဲ့​ က​လေး​မြို့​က ထွက်ခွာမည်ဖြစ်ပါတယ်။ ပြန်လည်လွတ်​မြောက်မှုအ​ခြေအ​နေ​တွေနဲ့​ပတ်သက်လို့​ က​လေး​မြို့​ခံတဦး​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။
လွတ်​မြောက်လာတာ ဝမ်း​သာစရာမဟုတ်ဟု ဦး​ခွန်ထွန်း​ဦး​ပြော
နော်နိုရင်း
ပဲခူး​တိုင်း​ တောင်ငူ​ထောင်က​နေ ရှမ်း​တိုင်း​ရင်း​သား​များ ဒီမိုက​ရေစီအဖွဲ့​ချုပ်​ခေါင်း​ဆောင် ဦး​ခွန်ထွန်း​ဦး​ ပြန်လည်လွတ်​မြောက်လာပါတယ်။ ဦး​ခွန်ထွန်း​ဦး​ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။
ပြည်​ထောင်က ၁၆ ​ယောက်လွတ်၊​ ​ထောက်လှမ်း​ရေး​များ​လည်း​ပါ
နေသွင်
ပြည်​ထောင်က ၁၆ ​ယောက် လွတ်ပြီး​ ​ထောက်လှမ်း​ရေး​တွေလည်း​ ပါဝင်တယ်လို့​ ပြည်​ထောင်ဘူး​ဝမှာ သွား​ရောက်​စောင့်​ကြည့်​ခဲ့​တဲ့​ ​ရှေ့​နေ ဦး​မြင့်​အေး​ က​ပြောပါတယ်။
နိုင်ငံ​ရေး​ပိုစတာ လက်ဝယ်​တွေ့​ရှိမှုနဲ့​ ဖမ်း​ဆီး​ခံထား​ရတဲ့​ ဇာလီထွန်း​၊​ ​ဝေဖြိုး​ နဲ့​ လူ့​အခွင့်​အ​ရေး​စာအုပ်​ဝေတဲ့​အမှုနဲ့​ အဖမ်း​ခံထား​ရတဲ့​ ပြည့်​ဖြိုး​မောင်တို့​ ကျန်ပါတယ်။
သရက်အကျဉ်း​ ထောင်မှ ဒီက​နေ့​ မနက် ၁၀ နာရီအချိန်မှာ ပြန်လည်လွတ်​မြောက်လာတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမင်း​ကိုနိုင် သရက်မြို့​ခံ ပြည်သူလူထုအား​ နှုတ်ဆက်စကား​ ​ပြောကြား​နေမှု
သာယာဝတီ​ထောင်မှ ပြန်လည်လွတ်​မြောက်လာတဲ့​ ဂဂမျိုး​ဆက်​ကျောင်း​သူ မနီလာသိန်း​နှင့်​ ဆက်သွယ် ​မေး​မြန်း​ချက်
ဗန်း​မော်​ထောင်က​နေ လွတ်​မြောက်လာတဲ့​ ဂဂမျိုး​ဆက် ကိုပဏ္ဍိတ္ထနြ်းကို ဆက်သွယ်​မေး​မြန်း​ချက်
ကိုမင်း​ကိုနိုင်အပါအဝင် နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀ ​ကျော် လွှတ်​မြောက်လာဖို့​ ရှိ​နေတဲ့​ သရက်​ထောင်​ရှေ့​မြင်ကွင်း
မြန်မာ့​စံ​တော်ချိန် ၉ နာရီ ၄၅ မိနစ်အချိန် နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စုဝင်တစ်ဦး​အား​ ဆက်သွယ်​မေး​မြန်း​ချက်။
ဖား​အံ​ထောင်မှ ပြန်လည်လွတ်​မြောက်လာဖို့​ ​မျှော်လင့်​နေတဲ့​ ဘ​လော့​ခ်ဂါ​နေဘုန်း​လတ်မိခင်
ဒေါ်​အေး​အေး​သန်း​ နှင့်​ ကရင်ပြည်နယ် ဖား​အံ​ထောင်​ရှေ့​မြင်ကွင်း​နှင့်​ သား​ဖြစ်သူအ​ပေါ် ​မျှော်လင့်​ချက်များ​ အင်တာဗျူး

ဟင်္သာတ​ထောင်မှ ပြန်လည်လွတ်​မြောက်တဲ့​ ဒီမိုကရက်တစ်မြန်မာ့​အသံသတင်း​ထောက်
ကိုစည်သူ​ဇေယျနှင့်​ ဆက်သွယ်​မေး​မြန်း​ချက်
မန်း​တ​လေး​တိုင်း​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲံ့​ချုပ် စည်း​ရုံး​ရေး​မှူး​ ​ဒေါ်ဝင်း​မြမြ ပြန်လွတ်တယ်လို့​ သိရတယ်..
မန်း​တ​လေး​အိုး​ဘို​ထောင်​ရှေ့​ရောက်​နေတဲ့​ နိုင်ငံ​ရေး​အကျဥင်္း​သား​ လူမှုကူညီ​ရေး​အသင်း​ (မန်း​တ​လေး​တိုင်း​) တာဝန်ရှိသူ ဦး​ကို​လေး​ကို မနက်ရှစ်နာရီခွဲမှာ အ​ခြေအ​နေ​မေး​ထား​ပါတယ်။ အိုး​ဘို​ထောင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ကိုး​ဆယ်နီး​ပါး​ရှိတယ်လို့​ ဆိုပါတယ် Win mya mya release and oo bo prison situation 8-3 by dvbradio
Win mya mya release and oo bo prison situation 8-3 by dvbradio
မိုင်း​ဆတ်​ ထောင်မှာ ကျခံ​နေတဲ့​ ရှစ်ဆယ့်​ရှစ်မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ကိုကိုကြီး​ ကို လွတ်​ပေး​တော့​မယ်လို့​ မိုင်း​ဆတ်​ထောင် တာဝန်ကျအရာရှိက ဒီဗွီဘီကို မနက် ရှစ်နာရီ ၅၀ မှာ ​ပြောပါတယ်၊
တောင်ကြီး​ အကျဉ်း​ထောင်ရှိ ကို​ဇော်​ထွေး​၊​ ကိုဂျင်မီ၊​ ကိုမြ​အေး​ လွှတ်​မြောက်မှုတွင်ပါဝင်ဟု ကို​ဇော်​ထွေး​၏ ဇနီး​ မခိုင်ချို​ဇော်ဝင်း​တင်မှ ​ထောင်အာဏာပိုင်​တွေကို ကိုး​ကား​ပြီး​ အတည်ပြု ​ပြောကြား​လိုက်ပါတယ်။
မနက် ၉ နာရီ : ၁၇ မိနစ် : ၃၉ စက္ကန့်
ဒီက​နေ့​မနက် ၇ နာရီကတည်း​က ရှမ်း​ခေါင်း​ဆောင်​တွေ လွတ်လာပါပြီ။ ဦး​ခွန်ထွန်း​ဦး​၊​ ဦး​စိုင်း​ညွှန့်​လွင်၊​ ဦး​စိုင်း​လှ​အောင်တို့​လွတ်တယ်လို့​သိရပါတယ်။ သူတို့​မိသား​စု​တွေနဲ့​မေး​မြန်း​ထား​တဲ့​ ပူး​တွဲ အသံဖိုင်ကို နား​ဆင်နိုင်ကြပါပြီ။

Saturday, January 7, 2012

နိုင်ငံရေးအကျဉ်းသားများ အရေးတကြီးလွတ်ဖို့ လိုအပ်နေပါပြီ။ အစိုးရ၏ သံသယနှင့် စိုးရိမ်မှုများကို ပြေလည်စေရန် နိုင်ငံရေး အကျဉ်းသားဟောင်းများမှ ကောင်းမွန် သင့်လျော်သော နည်းလမ်းများရှာမည်....


ဓမ္မဘေရီဆရာတော် "မကျေနပ်တာတွေကို လျော့ပြီးတော့ ကျေနပ်စရာတွေကို စဉ်းစားပြီး ယူရမယ်၊ အဲဒါကိုတောင်းပြီးယူမလား၊ လုပ်ပြီးယူမလား"၊ "အိုမင်းမစွမ်းကြီးတွေမို့လို့ ထောင်ထဲက လွှတ်လိုက်တာ၊ တကယ်လုပ်နိုင်တဲ့ လူတွေကျတော့ တယောက်မှ မလွှတ်ဘူး"
ဆရာကြီး ဒဂုန်တာရာ   "1990 ခုနှစ်က ရွေးကောက်ပွဲ ကိစ္စကိုသူတို့ အသိအမှတ်မပြုလို့ မရဘူးကွ"
သခင်ချန်ထွန်း "ဥပဒေချိုးဖောက်ထားတဲ့ သူတွေနဲ့ တတန်းထဲထားပြီး သတ်မှတ်ထားတာဟာ မဖြစ်သင့်ဘူး"ဓားပြတိုက်လို့ ခိုးလို့ အဖမ်းခံရတာ မဟုတ်ဘူး၊ နိုင်ငံရေးလုပ်လို့ အဖမ်းခံရတာ"
ဦးလှရွှေ "နိုင်ငံရေးအကျဉ်းသားက out of order/ out of law ပေါ့ကွာ၊ သူတို့လုပ်ချင်သလိုလုပ်နေတာ"
နိုင်ငံရေး အကျဉ်းသားများ အရေးတကြီးလွတ်ဖို့ လိုအပ်နေပါပြီ။ အစိုးရ၏ သံသယနှင့် စိုးရိမ်မှုများကို ပြေလည်စေရန် နိုင်ငံရေး အကျဉ်းသားဟောင်းများမှ ကောင်းမွန်သင့်လျော်သော နည်းလမ်းများရှာမည်...

နိုင်ငံရေး အကျဉ်းသားဟောင်းများက နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် သင့်လျော်ကောင်းမွန်သောနည်းလမ်း များကိုရှာရန်အတွက် ရန်ကုန်မြို့တွင်ရှိသော ဓမ္မဘေရီဆရာတော်၊ ၀ါရင့်နိုင်ငံရေးသမားကြီးများဖြစ်ကြသော သခင်သိန်းဖေ၊ သခင်ချန်ထွန်း၊ ဆရာကြီးဒဂုန်တာရာ၊ ဗကသ ဥက္ကဌ ဦးလှရွှေ တို့ထံသို့ ယနေ့( ၆-၁-၂၀၁၂) နေ့တွင်သွားရောက် တွေ့ဆုံကာ အကြံဥာဏ်များ တောင်းခံခဲ့ကြပါသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများ အနေဖြင့် နိုင်ငံတော်အစိုးရမှ ထုတ်ပြန်ခဲ့သော (၁/၂၀၁၂) လွတ်ငြိမ်းချမ်းသာခွင့် အမိန့်များအား ကြိုဆိုချင်ပါသော်လည်း ထိုအမိန့် ကြေညာချက်ကို ကြားသိရပြီးသောအခါ ကြိုဆိုရန် ခက်ခဲပြီး လွန်စွာပင် စိတ်ပျက်ရပါသည်။

အကျဉ်းထောင်အတွင်း ထိန်းသိမ်းထားခြင်း ခံနေရသော ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးတို့သည် အမိမြန်မာပြည် ကောင်းကျိုးကို အုတ်တချပ်သဲတပွင့် ပါဝင်ဆောင်ရွက်ရန် လိုလားကြသော သူများဖြစ်သည်မှာ ယုံမှားသံသယ ဖြစ်စရာမရှိအောင် ထင်ရှားပါသည်။ ထိုသို့ ဆောင်ရွက်လိုသော ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးတို့အား အကျဉ်းထောင်တွင်း မလွှတ် ပေးနိုင်လောက်အောင် နိုင်ငံတော်အစိုးရ၏ အစိုးရိမ်ကြီးမှု၊ သံသယကြီးမားနေမှုများကို ပြေလည်အောင် ဖြေရှင်းနိုင်သော နည်းလမ်းများကို ဆရာတော်နှင့်တကွ ၀ါရင့်နိုင်ငံရေးသမားကြီးများ တို့ထံသို့ သွားရောက် ဆွေးနွေး အဖြေရှာခဲ့ကြပါသည်။

ဒီမိုကရေစီအစိုးရတစ်ရပ် အနေဖြင့် ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်းသော အစိုးရတစ်ဖွဲ့အဖြစ် သက်သေပြနိုင်ရန် အကောင်းဆုံးသော နည်းလမ်းမှာ နိုင်ငံတော်မှ အစိုးရအဆက်ဆက် ဖမ်းဆီးထားသော ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးတို့ကို အမြန်ဆုံးလွှတ်ပေးသော နည်းလမ်းဖြင့် သက်သေပြရန် အကောင်းဆုံး အချိန်ဖြစ်သည်ဟု နိုင်ငံရေး  အကျဉ်းသားဟောင်းများ အားလုံးမှ ယုံကြည်ပါသည်။ 
(Red Star Burmaအား ကျေးဇူးတင်ပါသည်)

နိုင်ငံရေးအကျဉ်းသားတွေလွှတ်မှ EU ဒဏ်ခတ်မှု ရုပ်သိမ်းမည်



ဓာတ်ပုံ ASSOCIATED PRESS
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။ (ဇန်န၀ါရီလ ၆၊ ၂၀၁၂)
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးသရွေ့ EU ရဲ့ ဒဏ်ခတ်မှုတွေ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (William Hague) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုအရှိန်ကို မြင်နေရပေမဲ့ လုပ်စရာတွေ အများကြီး ကျန်နေသေးတဲ့အတွက် မြန်မာအစိုးရအပေါ် ပေးထားတဲ့ ဖိအားတွေကို အစောတလျင် လျှော့ပေါ့ မပေးသင့်ဘူးလို့ ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ အပြတ်အသတ် အနိုင်ရဖို့ မျှော်လင့်ပါတယ်လို့ ပြောခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။
မြန်မာအစိုးရဘက်က လုပ်နေတဲ့ အပြောင်းအလဲတွေကို အားပေးဖို့ မြန်မာနိုင်ငံကို ရောက်လာကြတဲ့ အဆင့်မြင့် သံတမန်တွေထဲမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် ဟာ နှစ်သစ်မှာ ပထမဆုံး ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒီကနေ့ မနက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး သတင်းထောက်တွေကို မြန်မာနိုင်ငံမှာ လုပ်ဖို့လိုနေသေးတဲ့ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ကျန်သေးတယ်လို့ ပြောခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ဆောင်ရွက်မှုတွေကို ဗြိတိန်နိုင်ငံက ထောက်ခံအားပေးပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး အပါအဝင် လုပ်စရာတွေ အများကြီး လိုနေသေးတယ်လို့ ဝန်ကြီး မစ္စတာဟိတ်ဂ် က အခုလို ပြောပါတယ်။
“ကိုယ့်ရဲ့  နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထောင်ချခံထားရတဲ့သူတွေ ရှိနေသရွှေ့ ဒီနိုင်ငံဟာ လွတ်လပ်ပြီး၊ ဒီမိုကရေစီ ကျင့်သုံးနေပြီလို့ ပြောဖို့ မဖြစ်နိုင်ပါဘူး။ မြန်မာအစိုးရအပေါ် EU ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ပြင်ဆင်ဖို့ဆိုရင်တော့ ဒီလို ထောင်ချခံထားရသူတွေ ပြန်လွတ်လာရေးဟာ အင်မတန်ကို အခရာကျပါတယ်။” - လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိဂ်က ပြောသွားတာ ဖြစ်ပါတယ်။
မကြာခင်ကလုပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဆယ် ဂဏန်းပဲ ပါတဲ့အပေါ် ပြည်သူအများရဲ့ စိတ်ပျက်သံတွေကို ကြားနေရတဲ့အတွက် ဒီကိစ္စကို အစိုးရဘက်က ပိုပြီး စိတ်အား ထက်ထက်သန်သန်နဲ့ လုပ်ဖို့လိုတယ်ဆိုတာ ရှင်းပါတယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ မြန်မာနိုင်ငံကို ကြာသပတေးနေ့ကစပြီး ၂ ရက်ကြာ ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ ဝန်ကြီး မစ္စတာဂိတ်ဂ် ဟာ နေပြည်တော်မှာ မနေ့က သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီလို ဆွေးနွေးမှုတွေမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးရေး၊ ဧပြီလမှာကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ  နိုင်ငံတကာ လက်ခံနိုင်လောက်တဲ့ လွတ်လပ် မျှတမှုရှိရေးနဲ့ တိုင်းရင်းသား ဒေသတွေမှာ ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခတွေ အမှန်တကယ် ကင်းဝေးသွားအောင် ဆောင်ရွက်ရေးတွေကို ဗြိတိန်အစိုးရက မြင်ချင်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပါတယ်။
ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ တွေ့ဆုံအပြီးမှာလည်း လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို မစ္စတာဂိတ်ဂ်က ခုလို ပြောပါတယ်။
“ပြုပြင်ပြောင်းလဲရေး အရှိန်ရနေတာကတော့ သေချာတယ်လို့ ကျနော် ထင်ပါတယ်။ အစိုးရ အဖွဲ့ဝင်တွေ ကြားထဲမှာတင် မြင်နေရတာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေမှာလည်း အပြောင်းအလဲတွေ ဖြစ်လာမယ် ဆိုတဲ့ မျှော်မှန်းချက်တွေ ရှိလာတာကို တွေ့ရပါတယ်။” - လို့ ပြောသွားတာ ဖြစ်ပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲ တလျှောက်လုံးမှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ၊ နောက်ထပ် တိုးတက်မှုတွေ အများကြီး လိုနေသေးတယ် ဆိုတာကိုတော့ ထပ်တလဲလဲ ပြောသွားတာကို တွေ့ရပါတယ်။ ပူးတွဲသတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ ခံစားချက်တွေကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဟာ ထပ်တူထပ်မျှ ပြောကြားသွား ခဲ့တယ်လို့ ပြောပါတယ်။
“နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးသင့်ပါတယ်။ မြန်မာပြည်မှာ တိုင်းရင်းသား ပဋိပက္ခတွေအားလုံး အဆုံးသတ်သွားဖို့ အားထုတ် ဆောင်ရွက်သင့်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ တွေကိုလည်း လွတ်လပ် မျှတမှု ရှိစေချင်ပါတယ်။ ဒီရွေးကောက်ပွဲတွေမှာ NLD ကောင်းကောင်းကြီး အနိုင်ရတာကို မြင်ချင်ပါတယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာခဲ့ပြီးနောက်မှာ လုပ်လာတဲ့ ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အရင်က မြန်မာအစိုးရနဲ့ အဆက်အဆံမလုပ်ခဲ့တဲ့ ဗြိတိန်၊ အမေရိကန် စတဲ့အနောက်နိုင်ငံတွေက ထိတွေ့ဆက်ဆံမှုတွေ လုပ်လာတာကို တွေ့ရပါတယ်။ ရန်ကုန်မှာ ကိုယ်စားလှယ်ရုံးခွဲ တစ်ခုထားမယ်ဆိုတာကိုလည်း မစ္စတာ ဟိတ်ဂ် မြန်မာနိုင်ငံ ရောက်နေချိန်မှာ EU က ကြေညာခဲ့ပါတယ်။ ဒီလို မြန်မာအစိုးရနဲ့ ထိတွေ့ဆက်ဆံမှု လုပ်တဲ့နေရာမှာ သတိထားသင့်တာနဲ့ ပတ်သက်လို့လည်း မစ္စတာ ဟိတ်ဂ်က -
“ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးသွားပါပြီလို့ ယူဆလိုက်မှာကို သတိထားသင့်ပါတယ်။ တကယ်တော့ လုပ်နေတဲ့ ပြောင်းလဲမှုတွေဟာ လမ်းတဝက်မှာပဲ ရှိနေသေးတယ် ဆိုတာကို မေ့နေကြမှာကို သတိထား သင့်ပါတယ်။ အစိုးရအပေါ် EU ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ၊ EU ရဲ့ ကန့်သတ်ထားမှုတွေအပေါ်မှာ ဆုံးဖြတ်ချက် တစ်ခုခုမချခင်မှာ နောက်ထပ် ပြောင်းလဲမှုတွေကို ထပ်ပြီး မြင်ချင်ပါတယ်။ အခုချိန်ထိလုပ်နေတဲ့ အပြောင်းအလဲတွေက မလုံလောက်သေးပါဘူး။ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေပါသေးတယ်။ ကျနော်တို့အနေနဲ့ အစိုးရအပေါ် ပေးထားတဲ့ဖိအားကို အစောတလျင် လျှော့ပေါ့မပေးဖို့ အရေးကြီးပါတယ်။” - လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ်က ပြောသွားတာ ဖြစ်ပါတယ်။ ဝန်ကြီးဟာ တိုင်းရင်းသား ခေါင်းဆောင် တချို့ အပြင် နိုင်ငံရေး အကျဉ်းသားတချို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။

TOYATPO အထည်ချုပ် စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ




TOYATPO အထည်ချုပ် စက်ရုံ အလုပ်သမား
ရန်ကုန်တိုင်း၊ ဖော့ကန်မြို့၊ အမှတ်(၄၆၃) ၊ရွှေကျီးလမ်း၊ စဥ့်ငူ ရပ်ကွက်မှာ ရှိတဲ့ TOYATPO အထည်ချုပ် စက်ရုံမှာ အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုမှု တစ်ခု
ဖြစ်ပွားခဲ့ပါတယ်။ ဒီစက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော် အလုပ်လုပ်ကိုင်နေပြီး စက်ရုံပိုင်ရှင် အသစ်မှ လုပ်ခ လစာငွေတွေကို လျှော့ပေါ့ ပေးခဲ့ခြင်းကြောင့် အလုပ်သမား
၆၇ ယောက်က အရင်လစာငွေအတိုင်း ပြန်လည်ရရှိရန် ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၈ နာရီခန့်လောက်မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး အာဏာပိုင်တွေဆီမှ ထိရောက်တဲ့
တာဝန်ယူ ဖြေရှင်းမှုမျိုး မရရှိခဲ့သည့် အကြောင်းကို TOYATPO အထည်ချုပ် စက်ရုံ အလုပ်သမား တစ်ဦးမှ ပြောပြ ထားပါတယ်။

စစ်တွေ တက္ကသိုလ်ကျောင်းသားများ ကားခ ဈေးတက်၍ လမ်းလျှောက် ဆန္ဒပြ

ကျောင်းကားခကို တိုးမြှင့်လိုက်သည်ကို မကျေနပ်သဖြင့် စစ်တွေ တက္ကသိုလ် ကျောင်းသား ၃၀၀ ကျော်ခန့် သည် ယနေ့တွင် လမ်းလျှောက် ချီတက် ဆန္ဒပြခဲ့ကြသည်။
formrar-Sittwe-university
" ကားခ တစ်ကြောင်းကို ကျပ် ၁၀၀ ကနေ ၂၀၀ ထိ တိုးလိုက်ပါတယ်။ ဒါကို မကျေနပ်တဲ့ အတွက် ဆန္ဒပြတာပါ။ တောင်းဆိုတာကတော့ ပုံမှန်အတိုင်း ကားခကို ဆက်ထားဖို့ပါဘဲ" ဟု လမ်းလျှောက် ချီတက်ရာတွင် ပါဝင်သူ ကျောင်းသား တစ်ဦးက ပြောသည်။

ကျောင်းသားများသည် စစ်တွေ တက္ကသိုလ်မှ နေ၍ ပြည်နယ် ၀န်ကြီးရုံးထိ ယနေ့နေ့လည်ပိုင်းတွင် လမ်းလျှောက် ချီတက်ခဲ့ကြသည်ဟု မျက်မြင် တစ်ဦးက ပြောသည်။

" ကျွန်တော်တို့ အိမ်ရှေ့ကဘဲ သူတို့ အခု သွားနေကြတယ်။ ကျောင်းသား ကျောင်းသူ သုံးရာကျော် ပါမယ်ထင်တယ်။ အခု ပလုတ်တောင်ရဲစခန်းကို လွန်သွားပါပြီ" ဟု ပလုတ်တောင်ရပ်ကွက်မှ ကျောင်းဆရာ တစ်ဦးက ပြောသည်။

ဆီဈေးနုန်းတွေ မြင့်တက်နေတဲ့ အတွက် ကားခ တိုးတောင်းခြင်း ဖြစ်သဖြင့် ကားသမားများ တောင်းတာက တရားသဖြင့် မဖြစ်ဘူးလားဟု ကျောင်းသားကို ဆက်မေးရာ သူက ယခုလို ပြန်ပြောသည်။

" အခုလို ကျောင်းကားခကို တစ်ရာကျပ်ကနေ နှစ်ရာထိ တိုးလိုက်တဲ့ အတွက် တစ်နေ့ကို ကျပ် ၄၀၀ ဖြစ်သွားတော့ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေ အနေနဲ့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ ဒါကြောင့် ကျောင်းကားခကို မလျော့ဘူးဆိုရင် အများစုက ကျောင်းသားတွေက စာသင်နိုင်ကြတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျောင်းကားခကို ပုံမှန်အတိုင်းထားပေးဖို့ တောင်းဆိုရတာ ဖြစ်ပါတယ်။"

ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ချီတက်ရခြင်း အကြောင်းအရင်းကိုလည်း သူက ယခုလို ပြောသည်။

" ဒီလိုကားခ တက်တာကို အစိုးရမှာ ဖြေရှင်းပေးဖို့တာဝန်ရှိတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ အခက်အခဲကို အဲဒီမှာ တင်ပြဖို့ အစီအစဉ် ရှိတယ်။ ဒါကြောင့် ပြည်နယ်ရုံးကို ချီတက်ရတာ ဖြစ်ပါတယ်။ ကျောင်းကားတွေကို စီစဉ်ပေးရမယ့် တာဝန် အစိုးရမှာ ရှိတဲ့ အတွက် ကျွန်တော်တို့က ပြည်နယ်ရုံးကို ချီတက် နေကြတာ ဖြစ်ပါတယ်" ဟု သူကဆက်ပြောသည်။

ကျောင်းသားများ၏ အခက်အခဲကို ပြည်နယ် အစိုးရမှ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိလျှင် ဆက်လက် တိုက်ပွဲဝင် တောင်းဆိုသွားမည် ဖြစ်ကြောင်းလည်း သူက ပြောသည်။

ကျောင်းသားများ ဆန္ဒပြနေစဉ် အာဏာပိုင်များဘက်မှ တစ်စုံတစ်ရာ နှောင့်ယှက်ခြင်းများ မရှိသော်လည်း အနီးကပ် ဓါတ်ပုံ လိုက်ရိုက်မူများ၊ မှတ်တမ်းတင်ခြင်း များရှိကြောင်း သိရသည်။

ကျောင်းသားများ ဆန္ဒပြသည့် သတင်းကြောင့် စစ်တွေ တက္ကသိုလ်တွင် လုံခြုံရေးကို တိုးမြှင့်ထားပြီး ကျောင်း အ၀င်အထွက် တံခါးများကိုလည်း ပိတ်ထားခဲ့ကြောင်း ကျောင်းသားများက ပြောသည်။

လောကနန္ဒာ လမ်းဆုံ အရောက်တွင် ကျောင်းအုပ်ဆရာကြီး ဦးတင်မောင်ထွန်းနှင့် ဆရာ ဆရာမများ၏ ကြားဝင် ညှိနိုင်းပေးမူကြောင့် လူစုခွဲလိုက်ကြသည်ဟု သတင်း ရရှိသည်။

စစ်တွေ တက္ကသိုလ်အား စစ်တွေမြို့ထဲမှ စစ်တွေမြို့ပြင်သို့ ပြောင်းရွှေ့ပြီးနောက် သက်ဆိုင်ရာမှ ကျောင်းကားများကို စနစ်တကျ စီစဉ် ပေးနိုင်ခြင်း မရှိသဖြင့် ကျောင်းကားခတိုးမြှင့်မူနှင့် အတူ ကျောင်းသားများ ဆန္ဒပြမူများလည်း မကြာခဏ ဖြစ်ပေါ်နေကြောင်း သိရသည်။

အကျဉ်းကျ တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး နေမကောင်း ဆေးရုံတက်နေရ


သျှမ်းသံတော်ဆင့်


ပူတာအို ထောင်မှ တောင်ငူ ထောင်သို့ ပြောင်းရွှေ့ အကျဉ်းချ ထားသည့် သျှမ်း တိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဉက္ကဌ ခွန်ထွန်း ဦး နေမကောင်း သဖြင့် ထောင် ဆေးရုံ တက်နေ ရကြောင်း မိသားစုနှင့် နီးစပ်သည့် အသိုင်း အဝိုင်းက ပြောပါသည်။

“မနေ့တုန်းက မိသားစုက ထောင်ဝင်စာသွားတွေ့တယ် ။ မနက်ပိုင်းတောင်ငူထောင်ကိုရောက်သွားတယ်။ ထောင်စောင့် ကပေးမတွေ့ဘူး။ အန်ကယ်ဆေးရုံတက်နေတယ်လို့ပြောတယ်။ တနေကုန်ထိုင်စောင့်ရတယ်။ ညနေ ၃ နာရီလောက်မှ တွေ့ခွင့်ရတယ်” - ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောပါသည်။

ကချင်ပြည် မြောက်ဖျားပိုင်း ပူတာအို အကျဉ်း ထောင်မှ တောင်ငူ ထောင်တို့ ပြောင်းရွှေ့ ချုပ်နှောင်ခြင်း ခံရသည့် သျှမ်းခေါင်းဆောင် ခွန်ထွန်းဦး သည် ရာသီ ဥတု အပြောင်း အလဲကြောင့် နာမကျန်း ပြန်ဖြစ် ရခြင်းဖြစ် ကြောင်း ပါတီ ပြောခွင့်ရ စိုင်းလိတ်က ဤကဲ့သို့ ပြောပါသည်။

“ပူတာအို ထောင်မှာတုန်းက သောက်လာတဲ့ဆေးကို တောင်ငူထောင်ရောက်တော့ ဆရာဝန်က ရာသီဥတု ကြောင့်ဖြစ်တာ သောက်ဆရာ မလိုတော့ ဘူးလို့ ပြောတော့ အဲဒီအိပ်ေ ဆးကို ဖြတ်လိုက်တယ်။ ဆေးဖြတ် လိုက် တော့ အိပ်မရဘူး၊ စောချွေးပြန်တယ်။ အသက်ရှူကြပ် တယ်။ မောလာတယ်။ နှလုံးရောဂါဖေါက်တာလား heart attack လားဆိုပြီး တာဝန်ကျ ဝန်ထမ်းတွေကို ပြောတယ်။ အဲဒီကနေ ထောင် ပိုင်ကိုပြောတယ်။ ထောင်ဆေးရုံကို ပို့ပြီး ဒရစ်ပ် သွင်းပေးတယ်။ မနက် နှစ်နာရီလောက်တော့ နဲနဲပြန်ကောင်းလာတယ်။ မိသားစုနဲ့တွေ့တဲ့အချိန်အထိ ထောင်ဆေးရုံမှာပါဘဲ” ဟု ပြောပါသည်။

အသက် ၇၀ ခန့်ရှိ တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးသည် ဆီးကျိတ်ရောင်၊ အစာအိမ်၊ နှလုံး၊ သွေးတိုး၊ အာရုံကြောအား နည်းပြီး နားအူရောဂါ ခံစားနေရပါသည်။

၂၀၀၅ ခုနှစ်က သျှမ်းခေါင်းဆောင် ၉ ဦးအား ပြည်ထောင်စုမှ ခွဲထွက်လိုမှုအပါအဝင် အခြားအမှုပေါင်းများစွာဖြင့် စစ်အစိုးရက စွပ်စွဲပြီး ထောင်ဒဏ် ၇၉ နှစ် မှ ၁၀၆ နှစ် အထိ ပြစ်ဒဏ်ပေးခဲ့ပါသည်။

ဗိုလ်ချုပ်ဆေထဲန်ကို ၂၀၁၁ နိုဝင်ဘာ ၁၂ ရက်က လွှတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့၏။ ယခု အစိုးရသစ် ၏လွှတ်ငြိမ်းချမ်းသာ ခွင့်အရ ထောင် ဒဏ် နှစ်သုံးဆယ်အထက်ကျခံနေရသည့်အကျဉ်းသားများအားထောင်ဒဏ် နှစ်သုံးဆယ်စီ၊ နှစ်သုံးဆယ်နှင့် နှစ်သုံး ဆယ်အောက် အကျဉ်း သား များအား ပြစ်ဒဏ်(ထောင်သက်) ၄ ပုံ တစ်ပုံ လျှော့ပေါ့ ပေးကြောင်း ၆၄ နှစ် မြောက် လွတ်လပ်ရေးနေ့က ထုတ်ပြန် ကြေငြာခဲ့ပါသည်။

Thursday, January 5, 2012

မီးဘေးဒုက္ခသည်များ နေရာရွှေ့ရမည်

ခင်ဦးသာ on January 5, 2012


မကြာမီ ပြန်လည် ဖွင့်လှစ် တော့မည့် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် စာသင်ကျောင်း တချို့တွင် ခိုလှုံနေသော မီးဘေး ဒုက္ခ သည်များ နေအိမ်သို့ ပြန်ကြရန် ဒေသခံ အာဏာပိုင် တို့က အင်္ဂါနေ့ မှစ၍ ဖိအား ပေးနေ ကြောင်း သိရသည်။

“နေအိမ်တွေ (ပြင်ဆင်ရှင်းလင်းတာ) မပြီးစီးသေးဘဲ ပြန်ခိုင်းနေတော့ စိတ်ညစ်နေကြရတယ်၊ မီးလောင်တဲ့နေရာက မီးငြိမ်းသွားပေမယ့် တချို့နေရာတွေက အခုထိ မီးခိုတွေ ထွက်နေတုန်း၊ စနစ်တကျ ရှင်းလင်းမှု မရှိသေးပါဘူး” ဟု ဒုက္ခသည် တဦးက ဧရာဝတီကို ပြောသည်။

ဒီဇင်ဘာ ၂၉ ရက်နေ့က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားအပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများ၊ နေအိမ် ပျက်စီးသွားသူများသည် မင်္ဂလာတောင်ညွန့်ရှိ မဟာဝိဇယရာမ ဘုန်းကြီးကျောင်း၊ အထက (၇)၊ အမက (၂၄) တို့တွင် ဖွင့်လှစ်ထားသော ယာယီ ကယ်ဆယ်ရေး စခန်းများတွင် သွားရောက် ခိုလှုံခဲ့ကြသည်။

ဒုက္ခသည် တချို့အား နေအိမ် ပြန်ခိုင်းသည်မှာ မှန်ကန်သော်လည်း နေစရာ လုံးဝမရှိသူများအား ကယ်ဆယ်ရေး စခန်းများတွင် စောင့်ရှောက်ပေးထားကြောင်း မဟာဝိဇယရာမ ဆရာတော်ထံမှ သိရသည်။

“အတင်းအကျပ် ပြန်ခိုင်းတာတော့ မဟုတ်ပါဘူး၊ တချို့ကလည်း အိမ်ရောက်သွားရင် ပစ္စည်း မရမှာ စိုးရိမ်တဲ့ အတွက် မပြန်ချင်ဘဲ စခန်းမှာ နေချင်ကြတယ်” ဟု ဆရာတော်က ဧရာဝတီသတင်းဌာနကို မိန့်သည်။

စာသင်ကျောင်းများ ဖွင့်လှစ်တော့မည် ဖြစ်၍ စာသင်ကျောင်းမှ ဒုက္ခသည် တချို့ကို ဘုန်းကြီးတွင် နေထိုင်ရန် စီစဉ်ပေးထားကြောင်း၊ အာဏာပိုင်များကလည်း တတ်အားသရွေ့ ကူညီပေးကြောင်း ဆရာတော်က မိန့်သည်။

ယာယီ ကယ်ဆယ်ရေး စခန်းများတွင် စီမံခန့်ခွဲမှု အားနည်းနေကြောင်း ဒုက္ခသည်များက ပြောသည်။

“ကွန်တိန်နာတွေနဲ့ လာလှူထားကြတဲ့ ပစ္စည်းတွေ အခန်းထဲမှာပဲ လှောင်ထားတယ်၊ တခုမှ မပေးဘူး၊ သူတို့ ပြောတာက နေအိမ်တွေ ပြန်ကြပါ၊ ပြီးရင် စာရင်းနဲ့ အတိအကျ ပေးမယ်လို့ အကြောင်းပြတယ်” ဟု ဒုက္ခသည် အမျိုးသမီး တဦးက ဆိုသည်။

လှုဒါန်းထားသည့် သောက်ရေသန့်ဘူးများကို သိမ်းဆည်း သိုလှောင်ထားသဖြင့် ဘုံဘိုင်မှ ရေကိုသာ သောက်နေကြရသည်ဟု ဒုက္ခသည်တချို့က ပြောသည်။

အလှူခံပစ္စည်းများကို အာဏာပိုင်တို့က ကောင်းမွန်စွာ သိမ်းဆည်းထားသည်ဟု ဆိုသည်။

“ပစ္စည်းတွေ မပေးတာလည်း စနစ်တကျ ပြန်လည် ဝေငှပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်” ဟု မဟာဝိဇယရာမ ဆရာတော်က မိန့်ကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ မေတ္တာမွန် ဂိုဒေါင်အုပ်စုတွင် ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက်က မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ၁၇ ဦး သေဆုံးခဲ့ကာ ၈၀ ကျော် ဒဏ်ရာရသွားကြောင်း အစိုးရက ထုတ်ပြန် ကြေညာခဲ့သည်။ အိမ်ထောင်စုပေါင်း ၂၂၆ စု အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟု ဆိုသည်။

ပေါက်ကွဲမှုများမှာ ဂိုဒေါင်တခုအတွင်း ဗမာယမ်းစိမ်း အပါအ၀င် ပရဆေးအိတ် မျိုးစုံ မီးလောင်ရာမှ ဓာတ်ပြုသွားခြင်းကြောင့် ဖြစ် ကြောင်း၊ ပေါက်ကွဲမှု ပြင်းထန်သဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အများအပြားမှ နေအိမ်တိုက်တာများ တုန်ခါသွားပြီး ပုဇွန်တောင်ချောင်းအတွင်း ရေယာဉ်များလည်း ထိခိုက်မှု ရှိခဲ့ကြောင်း အစိုးရက ကြေညာခဲ့သည်။

ဒုက္ခသည်များအတွက် ဒုသမ္မတ စိုင်းမောက်ခမ်း၊ နာရေး ကူညီမှုအသင်း (ရန်ကုန်)၊ ဒေါ်အောင်ဆန်းစုကြည်၊ အနုပညာရှင်များ အပါ အ၀င် တသီးပုဂ္ဂလိက အလှုရှင်များကလည်း သွားရောက် လှုဒါန်း အားပေးခဲ့ကြသည်။

လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ဝေဖန်သုံးသပ်မှုများ

ဇန်န၀ါရီ ၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အင်းစိန်ထောင် အပြင်ဘက်မြင်ကွင်းမှ တွေ့ရစဉ်
သမ္မတဦးသိန်းစိန်၏ အစိုးရသစ် လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် တတိယအကြိမ်မြောက် ဖြစ်သည်။

နိုင်ငံတော်သမ္မတရုံးက အမိန့် အမှတ် ၁/၂၀၁၂ ကို ဇန်န၀ါရီလ ၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး'' (၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးတို့အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄(ခ)အရ နိုင်ငံတော်သမ္မတသည် ၁၃၇၃ ခုနှစ်ပြာသိုလဆန်း ၉ ရက် (ခရစ်နှစ် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂ ရက်)မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါက ယင်းကဲ့သို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်-

  • (က) သေဒဏ်ချမှတ်စေခြင်းခံရသူများအတွက် ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသတ်မရှိ)သို့ ပြောင်းလဲကျခံစေရန်လည်းကောင်း။
  • (ခ)ထောင်ဒဏ်နှစ်(၃၀) အထက် (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်ကျခံနေရသည့် အကျဉ်းသားများမပါ)အား ထောင်ဒဏ်(၃၀)နှစ် သို့ လျော့ပေါ့ကျခံစေရန် လည်းကောင်း။
  • (ဂ) ထောင်ဒဏ်နှစ်(၂၀)အထက်မှ ထောင်ဒဏ်နှစ်(၃၀)အထိ ကျခံနေရသည့် အကျဉ်းသားများအား ထောင်ဒဏ်နှစ် (၂၀)သို့ လျော့ပေါ့ကျခံစေရန် လည်းကောင်း။
  • ထောင်ဒဏ်နှစ်(၂၀) အောက် ကျခံနေရသည့် အကျဉ်းသားများအား ယင်းတို့ကျခံနေသော ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျော့ပေါ့ကျခံစေရန် လည်းကောင်း။
(ပုံ) သိန်းစိန်၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်'' ဟု အမိန့်ထဲတွင် ဖော်ပြထားသည်။ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများအား ဇန်န၀ါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် အချိန်မှစတင်ကာ ပထမအသုတ်အဖြစ် ကျား၊မ ပေါင်း ၁၂၀ ၀န်းကျင်၊ ဒုတိယအသုတ်အဖြစ် ကျား ၂၀၀ ၀န်းကျင်၊ တတိယအသုတ်အဖြစ် ကျား ၁၀၀ ၀န်းကျင်နှင့် စတုတ္ထအသုတ်အဖြစ် ကျား ၅၀ ၀န်းကျင် စသည့်ဖြင့် အသုတ်လိုက် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ ဇန်န၀ါရီလ ၃ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်အတွင်းမှ လွှတ်ပေးခဲ့သည့် စုစုပေါင်းအကျဉ်းသားဦးရေမှာ ၅၀၀ ကျော်ရှိကြောင်း သိရှိရသည်။ အဆိုပါ လွတ်မြောက်လာသူများထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ သုံးဦးပါဝင်ကြောင်း သိရသည်။
ပထမတစ်ဦးဖြစ်သူဦး ကြည်သန်း(၈၈)နှစ်သည် ၂၀၀၇ ခုနှစ်တွင် ထောင်ဒဏ် ၉ နှစ်ကျခံခဲ့ရသူဖြစ်ပြီး ၄ နှစ် အယူခံနိုင်ခဲ့ရာထောင်တွင်း၌ ၄နှစ် ၄လ နေခဲ့ရသူဖြစ်သည်။ ဒုတိယတစ်ဦးမှာ ကိုသန်းနိုင်ဦးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တာဝန်ခံဖြစ်ကာ ၂၀၁၀ ပြည့်နှစ်တွင် ပုံနှိပ်စက္ကူ ဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ်ကျခံခဲ့ရပြီး  ထောင်တွင်း၌ ၁ နှစ် ၃လနေခဲ့ရကြောင်း သိရှိရသည်။

ပြီးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူအချို့ လွတ်မြောက်လာသော်လည်း ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ မပါဝင်ခဲ့ပေ။ ၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်အရ ယုံကြည်ချက်ကြောင့်  .  .  .
အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ အများစုမှာ ဆေးမှု၊ လိမ်လည်မှု၊ လောင်းကစားမှုဖြင့် အကျဉ်းကျခံနေရသူများဖြစ်ကြောင်း သိရှိရသည်။

အကျဉ်းကျခံနေရသူများနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်  ဇန်န၀ါရီလ ၃ ရက်နေ့တွင် ရန်ကုန် အင်းစိန်အကျဉ်းထောင်ရှေ့သို့လာ ရောက်စောင့်ဆိုင်းသူများမှာ ယခင် လွတ်ငြိမ်းချမ်းသာခွင့်များ ကြေညာခဲ့စဉ်ကထက် နည်းပါးခဲ့သည်ကို တွေ့ရသည်။ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကိုကိုကြီး(စမ်းချောင်း)က ''ကျွန်တော့်သူငယ်ချင်းတွေ လွတ်လာမလားလို့ ကျွန်တော် ဇန်န၀ါရီ ၃ ရက်နေ့မှာ အင်းစိန်ထောင်ရှေ့မှာ လာစောင့်နေတာပါ။ ဦးကြည်သန်း၊ ဦးနိုင်ဦးအပါအ၀င် ၃ ယောက်လောက်ပဲ အင်းစိန် ကနေ လွတ်ပါတယ် နောက်ပြီး ကျောက်ဖြူ၊ ဘူးသီးတောင်၊ ရွှေဘို၊ သံတွဲ၊ ခန္တီး၊ သာယာဝတီ၊ မြစ်ကြီးနားမြို့နယ်ကထောင်တွေမှာလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး လွတ်မြောက်တဲ့သူ မရှိဘူးဖြစ်နေပါတယ်။ စစ်ကိုင်းမှာ ကိုနေမိုးအောင်နဲ့ ပုသိမ်မှာ ကိုအောင်ထွန်းတို့ လွတ်တယ်လို့ သိရပါတယ်''ဟု ပြောကြားခဲ့သည်။
''ကျွန်တော်က ၂၀၀၇ ခုနှစ်မှာ ရွှေဝါရောင်ကိစ္စနဲ့ပတ်သက်ပြီး အသင်းအဖွဲ့ဥပဒေပုဒ်မ ၇ နဲ့ ၅၀၅ ခ အရ ထောင်ဒဏ် စုစုပေါင်း ၉ နှစ် ကျခံခဲ့ရပါတယ်။ အဲဒီနောက် အယူခံဝင်ရာမှာ ၄ နှစ် လျော့ပေးခြင်းခံရပြီး စုစုပေါင်းထောင်ထဲမှာ ၄ နှစ် ၄ လ နေခဲ့ရပါတယ်။ ပထမလွတ်ငြိမ်းချမ်းသာ ခွင့်မှာ တစ်နှစ်လျော့ပေါ့ခွင့် ရရှိခဲ့ပါ တယ်။ ဇန်န၀ါရီလ ၃ ရက်နေ့မှာ အင်းစိန်ထောင်ကနေ လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အကျဉ်းသားဆိုလို့ ကျွန်တော်အပါအ၀င် ၃ ဦးပဲ ရှိတယ်လို့ သိရပါတယ်။ ထောင်ထဲမှာအများကြီး ကျန်နေသေးတဲ့အတွက် လုံးဝ စိတ်မကောင်းပါဘူး'' ဟု ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ ဦးကြည်သန်းက ပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံတစ်ဦးဖြစ်သူ ဦးသန်းနိုင်ဦးက ''ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံပါတဲ့ စာရွက်စာတမ်းတွေနဲ့အတူ မန္တလေးက ရန်ကုန်ကိုအလာမှာ ပုံနှိပ်စက္ကူဥပဒေ ပုဒ်မ ၁၇ အရ ၂၀၁၀ စက်တင်ဘာလ ၉ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်။ စုစုပေါင်းထောင်ဒဏ် ၃ နှစ်ကျခဲ့ပြီး ထောင်ထဲမှာ ၁ နှစ်နဲ့ ၃ လ နေခဲ့ရပါတယ်။ ကျွန်တော်လွတ်လာတော့ ကျန်တဲ့ကျွန်တော့်လိုလွတ်တဲ့လူ ဘယ်သူရှိသေးလဲလို့ မေးတဲ့အခါမှာ မပါဘူးလို့ ပြောခဲ့ကြတဲ့အတွက် အ ရမ်း ၀မ်းနည်းခဲ့ရပါတယ်။ ကျွန်တော်နဲ့ အတူနေခဲ့ရသူတွေကို ကျန်းကျန်းမာမာနဲ့ ကျွန်တော့်လို ပြန်ထွက်လာစေချင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းခံနေရသူအချို့ လွတ်မြောက်လာသော်လည်း ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်နှင့် ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ မပါဝင်ခဲ့ပေ။
၂၀၁၁ ခုနှစ် မေလ ၁၆ ရက်နေ့ တွင်ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်အရ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့အပါအ၀င် အကျဉ်းသား ၁၄၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာ ခွင့်ရခဲ့သည်။ ထို့ပြင် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၁ အရ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသော အကျဉ်းသားများအနက် ၆၃၅၉ ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့)မှစတင်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး လွတ်မြောက်လာသူ ၂၀၀ ကျော်ထဲတွင် ကိုသူရ (ခ) ဇာဂနာ၊ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဋ္ဌ)၊ ကိုကိုကြီး (စမ်းချောင်း)၊မစုစုနွေးတို့ ပါဝင်ခဲ့သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွှတ်ပေးရေးသည် မြန်မာအစိုးရ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဖော်ဆောင်မှု၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတွင်  အရေးကြီးသည့် ခြေလှမ်းများဖြစ်သဖြင့် ယင်းကဲ့သို့ထောင်များတွင် ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများအားလုံး ထပ်မံလွှတ်ပေးရေးကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အမေရိကန်အပါအ၀င် နိုင်ငံတကာခေါင်းဆောင်များ၊ တတ်သိပညာရှင်များ၊ ဂျာနယ် လစ်များက ဆက်လက်မျှော်လင့်လျက်ရှိနေသည်။
EMG

Sunday, January 1, 2012

 ပြည်သူ့ လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီက မီဒီယာများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ

Sunday, 01 January 2012 10:34

7141 ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည့် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသည် ဒီဇင်ဘာလ ၂၉ ရက်နေ့က အဆိုပါ ကော်မတီရုံးခန်းတွင် မီဒီယာများနှင့် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့သည်။
တရားစီရင်ရေးနှင့် ဥပဒေရေး ရာကော်မတီ၏ အဓိကတာဝန်မှာ နိုင်ငံတော်အတွင်းဥပဒေနှင့်ညီညွတ် သောဖြောင့်မတ်မှန်ကန်ပြီး အဂတိ တရား ကင်းစင်သော တရားစီရင်မှု ဖြစ်ထွန်းလာစေရန် ပံ့ပိုးပေးခြင်း၊ ဥပဒေဘောင်အတွင်းနေထိုင်ကြသည့် ပြည်သူများ၏ ဘ၀လုံခြုံမှုရရှိရန် ဆောင်ရွက်နေသည့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ လုပ်ငန်း များကို ကူညီပံ့ပိုးပေးရန်ဖြစ်ကြောင်း သိရသည်။
“နိုင်ငံအသီးသီးမှာ ခက်မသုံးဖြာ အချုပ်အခြာ အာဏာဆိုတာရှိပါတယ်။ ခက်မသုံးဖြာရဲ့ ပထမမဏ္ဍိုင်ကတော့ ဥပဒေပြုရေးပဲဖြစ်ပါတယ်။ နိုင်ငံမှာ လက်ရှိ ရှိနေတဲ့တည်ဆဲဥပဒေတွေကို ပြန်လည်စိစစ်၊ ဆက်လက်ကျင့်သုံး သင့်တဲ့ ဥပဒေတွေကိုဆက်သုံး၊ အချို့ကို ပြင်ဆင်ဖြည့်စွက်၊ ဥပဒေသစ် တွေပြဋ္ဌာန်း သည်ဖြင့် ဆောင်ရွက် နေပါပြီ။ ပထမမဏ္ဍိုင်ဖြစ်တဲ့ ဥပဒေ ပြုရေးလုပ်ငန်းတွေ သက်ဝင်လှုပ် ရှားနေပါပြီ”ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကိုက ပြောကြားခဲ့ပါသည်။
ဒုတိယမဏ္ဍိုင်ဖြစ်သည့် အုပ်ချုပ်ရေး(စီမံခန့်ခွဲရေး)ကို ပြည်ထောင်စု အစိုးရက တာဝန်ယူဆောင်ရွက်နေပြီး ဒီမိုကရေစီနှင့်အံဝင်ခွင်ကျဖြစ်စေမည့် အခွန်လျှော့ချခြင်း၊ ပယ်ဖျက်ခြင်း၊ ဈေးကွက်စီးပွားရေးစနစ်ဖော်ဆောင် နေခြင်းစသည့် အုပ်ချုပ်မှုပုံစံများကို ပြောင်းလဲနေကြောင်း သိရသည်။
“တတိယမဏ္ဍိုင်ဖြစ်တဲ့ တရား စီရင်ရေးနဲ့ပတ်သက်လို့ ဒီမိုကရေစီ နိုင်ငံသစ်နှင့် လိုက်လျောညီထွေဖြစ် စေမည့်ပြုပြင်ပြောင်းလဲမှု “အရွေ့” မရွေ့သေးကြောင်း ပြည်တွင်းပြည်ပ မီဒီယာတွေက သုံးသပ်ဝေဖန်ကြပါ တယ်။ တရားရေးမဏ္ဍိုင်ယိမ်းယိုင် စေတဲ့အကြောင်းတွေကတော့ လွတ် လပ်သော တရားစီရင်ရေးစနစ်မရှိ ခြင်း(အမိန့်ပေးစနစ်လွှမ်းမိုးနေခြင်း)၊ ထင်သာမြင်သာသော တရားစီရင်မှု မရှိခြင်း၊ အဂတိလိုက်စားခြင်းတို့ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်က ကျယ်ဝန်းပါတယ်။ အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့ တရားရေးမဏ္ဍိုင် ကြံ့ခိုင်ရန် တရားဥပဒေစိုးမိုးဖို့လိုအပ် ပါတယ်။ တရားဥပဒေကို ညွှန်ကြား ချက်က လွှမ်းမိုးထားရင်၊ ညွှန်ကြား ချက်ကို နှုတ်မိန့်က လွှမ်းမိုးထားရင် တရားရေးမဏ္ဍိုင် တိမ်းစောင်းယိမ်း ယိုင်သွားမှာဖြစ်ပါတယ်။ ဒီနေ့ ဒီလွှမ်းမိုးမှုတွေ မရှိတော့ကြောင်း အတိအလင်းပြောကြားလိုပါတယ်”ဟု ဥက္ကဋ္ဌကဆက်လက်ပြောကြားခဲ့သည်။
တရားစီရင်ရေးနှင့် ဥပဒေရေး ရာကော်မတီအနေဖြင့် မည်သည့် ဥပဒေများကို ပြင်ဆင်သွားဖို့ ရှိပါ သလဲဟုမီဒီယာတစ်ခုမှမေးမြန်းချက် ကို “ဒီမိုကရေစီစနစ်ကို သွားနေတဲ့ အတွက် ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဥပဒေတွေ ပေါ်ပေါက်လာဖို့ ဆောင် ရွက်နေပါတယ်။ ၁၉၄၇ ဥပဒေဆိုရင် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တာပါ။ ၁၉၇၄ ဥပဒေဆိုရင်လည်း ဆိုရှယ် လစ်စနစ်ကို ကာကွယ်ပေးတဲ့ ဥပဒေ ဖြစ်ပါတယ်။ အရင်ဥပဒေတွေကို အခုခေတ်နဲ့ကိုက်ညီအောင် ပြင်ဆင်သင့်တာ ပြင်ဆင်မယ်၊ ဆက်သုံးသင့်ရင် ဆက်သုံးမယ်။ အခုတော့ ပထမ ဦးစားပေးအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ဖို့ စီးပွားရေးဥပဒေတွေကို ပြင်ဆင်နေပါတယ်။ ဒုတိယကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အလုပ်ရှင်၊ အလုပ်သမားဥပဒေ၊ လယ်ယာ မြေပိုင်ဆိုင်ခွင့်ဥပဒေ၊ မြေလွတ်မြေ ရိုင်းဥပဒေတွေကို ဥပဒေကြမ်းကော်မတီမှာ လေ့လာပြင်ဆင်နေပါတယ်။ တခြားဥပဒေတွေကိုလည်းဒီနေ့ခေတ် နဲ့ကိုက်ညီအောင် ပြင်ဆင်နိုင်ဖို့အချက် အလက်တွေ ပြုစုနေပါတယ်” ဟု တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌသူရဦးအောင်ကိုက ပြောကြားခဲ့ပါသည်။
အဆိုပါကော်မတီတွင် အဖွဲ့ ၀င် ၁၅ ဦးပါဝင်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ တစ်ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တစ်ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ နှစ်ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၁ ဦးတို့ဖြစ်သည်။

အကျင့်ပျက် လာဘ်စားမှုတွေနဲ့ ပြည့်နေတဲ့ မန္တလေးမြို့တော်ရဲ့ စည်ပင်သာယာဋ္ဌာနအကြောင်း (တိုင်ကြားစာ)


 ဓာတ်ပုံ (ဒီမိုဝေယံ)
အခုအချိန်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Clean Government လို့ကြွေးကျော်ပြီး စတင်ဆောင်ရွက်နေတာ အချိန်ကာလ တစ်ခုကြာခဲ့ပါပြီ။ ကျွန်တော်တို့ မန္တလေးမြို့က မြို့တော်စည်ပင်မှာတော့ clean government လို့တင်ပြပါတော့မည် ။

1. မြေယာဋ္ဌာနမှာ ပေးရတဲ့ တရားမ၀င်ကြေးများကို မြို့တော်ဝန်ထံ တိုင်ကြားပါတယ်။ ဒီတော့ မြေယာဌာနမှူးက ဒီဌာနနဲ့ ဆက်စပ်နေတဲ့ ရှေ့နေ၊ အကျိုးဆောင်၊ မြေပုံကူး၊ နာမည်ပြောင်း စတဲ့လုပ်ငန်းနှင့် ဆက်စပ်မှုများကို ခေါ်ပြီး ၎င်းတို့အဖွဲ့အစည်းကို လုပ်ငန်းဆောင်တာနှင့် ပတ်သတ်လို့ ငွေတစ်ပြားမှ မပေးရကြောင်းကို သက်သေ ထူခိုင်းပါတော့တယ်။ အဲဒီမှာ မပေးရပါဘူးလို့ ဆိုတဲ့သူတွေကိုတော့ လုပ်ငန်း ဆက်လုပ်ရာမှာ ထုံးစံအတိုင်း ကြေးတစ်ခုနှင့် အဆင်ပြေအောင် စီစဉ်ပေးပြီး၊ ပေးရပါတယ်လို့ ဆိုတဲ့သူတွေကိုတော့ ဘာလာလုပ်လုပ် အဆင်မပြေအောင် တစ်ဌာနလုံးက ဂျစ်ကြပါတော့တယ်။ အဲ့ဒီဌာနမှူးကလဲ မြို့တော်ဝန်ကြီးနှင့် အဆင်မပြေတဲ့ သွားလေသူ တိုင်းမှူး တစ်ဦးရဲ့ သူငယ်ချင်းကို အလုပ်ကဖြုတ်ပြီး တက်တာက မြို့တော်ဝန် တပည့်အရင်း ဖြစ်ပါတယ်။

2. မြို့တော်ဝန်ရဲ့ စီမံခန့်ခွဲမှုနဲ့လုပ်တဲ့ ကားကြီးကွင်းလမ်း တည်ဆောက်ရေးမှာပါ၊ အဲဒီမှာရှိတဲ့ တည်ဆောက်ရေး လုပ်ငန်းများရဲ့ 80% ကို မြို့တော်ဝန်ကြီးရဲ့ ယောက်ဖဖြစ်သူ ကိုဖြိုးနဲ့ မိုးကိုဇော်တို့ရဲ့ ကုမ္ပဏီကို ပေးပြီး၊ ကျန်တဲ့ 20 % ကိုတော့ ရန်ကုန်အခြေစိုက် ကုမ္ပဏီတွေနဲ့ မြို့တော်ဝန်ကြီးရဲ့ အိမ်များ၊ ခြံများကို အလကား ဆောက်ပေးရတဲ့ မင်း ဆောက်လုပ်ရေးကိုပဲ ပေးပြီးတော့၊ မန္တလေးအခြေစိုက် ဆောက်လုပ်ရေး ကုမ္ပဏီများကိုတော့ ကန်ထရိုက်လိုင်စင် ကြေးများယူပြီး တစ်ခုမှ ချမပေးခဲ့ပါဘူး၊ 20%ကို ဆောက်လုပ်ခွင့်ရသော ရန်ကုန်အခြေစိုက် ကုမ္ပဏီ များမှာ၊ ကန်ထရိုက်လိုင်စင်မရှိ၊ အခုမှ ဆောက်လုပ်ရေး လုပ်ငန်းထဲ ၀င်ရောက်လာပြီး ၀န်ကြီးနှင့် နီးစပ်မှု၊ မြို့တော်ဝန်နှင့် ရင်းနှီးသော သူငယ်ချင်းများကိုသာ ချထားပေးခဲ့တာပါပဲ။

3. အဲဒီကားကြီးဝင်း ပြီးခါနီးကျတော့လဲ အမှန်တကယ် ကားဂိတ်ဖွင့်မည့်သူ၊ ဈေးဆိုင်ဖွင့်မည့်သူများကို ဘယ်ရွေ့ ဘယ်မျှ ဘယ်ဈေး ဖြင့် ဘယ်လိုရောင်းချမည်ဟု မကြေငြာပဲ၊ မြို့တော်ဝန်နှင့် ကော်မတီဝင် များသာ နာမည်အမျိုးမျိုး တပ်ပြီးယူဆောင်ကာ တစ်ဆင့် အမြတ်တင်ဈေးဖြင့် ပြန်ရောင်းချတာကို တွေ့ရပါတယ်။

4. စီးပွားရေး သမားများသာ လက်ဝါးကြီးအုပ် လုပ်တတ်တာမဟုတ်ပဲ မြို့တော်ဝန်နှင့် ကြာပြီဖြစ်သော ကော်မတီဝင်များမှာ ကိုယ်ကျိုးလောဘဖြင့် စီမံခန့်ခွဲလျှက်ရှိပြီး၊ စည်ပင်သာယာနှင့် ပတ်သက်သော ရေ၊ မီး၊ ကြော်ငြာဆိုင်းဘုတ်၊ ဓါတ်မြေသြဇာ၊ ယာဉ်စက် ယန္တယားများမှ မီးသဂြိုလ်စက်အဆုံး ၎င်းတို့တစ်သိုက်သာ လက်ဝါးရိုက်ပြီး ပြည်သူလူထု၏ ဘဏ္ဍာငွေများကို နည်းအမျိုးမျိုး သုံးပြီး လက်ဝါးကြီးအုပ် အလွဲသုံးစားလုပ်လျက်ရှိပါသည်။

ဒီနေရာမှာ တစ်ခုစဉ်းစားစရာကတော့ မန္တလေးမြို့တော် စည်ပင်သာယာရေး အစည်းအရုံးဟာ မိမိဘာသာ စီမံခန့်ခွဲ၊ မိမိဘာသာ operation လုပ်၊ မိမိဘာသာ စစ်ဆေးဆိုတော့ စီမံတာ၊ လုပ်ဆောင်တာ၊ စစ်ဆေးတာက တစ်ဦးတစ်ဖွဲ့ တည်းဆိုတော့ မိမိအဖို့ပဲ ဖြစ်နေတော့တာပေါ့ဗျာ။

နိုင်ငံတော် စီမံခန့်ခွဲမှု စံနစ်တစ်ခုလုံးကိုကြည့်ပြီး သမ္မတကြီး ဦးဆောင်မှုဖြင့် clean government လုပ်နေရာမှာ၊ မန္တလေးမြို့တော် စည်ပင်ကြီးလိုပဲ စိမ်းလန်း ရှင်သန်စေချင်ပါတယ်။ ဘာလုပ်လုပ် ပြည်သူကိုအသိမပေး၊ မကြေငြာပဲ ၄င်းတို့ဘာသာ လက်သိပ်ထိုးလုပ်တဲ့ အကျင့်ကို အရင်ဆုံး ပြင်ဆင်ရမည်ဟု အကြံပေးလိုပါတယ်။ တိုင်းဒေသ၀န်ကြီးချုပ်ကိုလဲ မန္တလေးမြို့တော်ရဲ့ စည်ပင်သာယာငှာန အခြေအနေမှန်ဖြစ်သော စည်းစံနစ်ဖြင့် မအုပ်ချုပ်ပဲ တစ်ဦးတယောက်ထဲရဲ့ အတ္တဖြင့် အုပ်ချုပ်နေသည်ကို သိစေလိုပါသည်။ မြို့နေလူထူကလဲ အကျင့်ပျက် ချစားသော ၀န်ထမ်းများကို ၀ိုင်းဝန်းထိန်းသိမ်း ဆောင်ရွက် ပေးကြဖို့ကို တာဝန်ရှိပါတယ်လို့ DVBနှင့် သတင်းမီဒီယာများမှ တစ်ဆင့် တင်ပြလိုက်ရပါတယ်။

ဦးXXXXX
အငြိမ်းစား
ဝန်ထမ်းဟောင်းတစ်ဦး ၊မန္တလေးမြို့

အာဏာရှင်နှင့်ပေါင်းသင်းခြင်း


မြောက်ကိုးရီးယား၊ ဇင်ဘာဘွေ နဲ့ မြန်မာနိုင်ငံတို့ဟာ ကမ္ဘာပေါ်မှာ အဆိုးသွမ်းဆုံးအာဏာရှင်နိုင်ငံဘွဲ့ထူးဂုဏ်ထူးကို သူတလှည့်ငါတလှည့် အပြိုင်အဆိုင်ဆွတ်ခူးနေကြတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ဒီ ၃ နိုင်ငံထဲမှာ ဇင်ဘာဘွေနဲ့ မြန်မာတို့ မှာတော့ လောက်လောက်လားလားအတိုက်အခံတွေရှိနေပြီး အာဏာရှင်နဲ့အတိုက်အခံ နိုင်ငံရေးကစားကြတာတွေ၊ နိုင်ငံတကာရဲ့ကစားကွက်တွေကိုတွေ့ရပါတယ်။ အထူးသဖြင့် အာဏာရှင်တွေက ပြည်တွင်းအခြေအနေတွေကို နိုင် နင်းအောင် မကိုင်တွယ်နိုင်တော့တဲ့အခါ အတိုက်အခံအင်အားစုတွေနဲ့ အပေးအယူလုပ် ကစားတာတွေ ရှိတတ်ပါ တယ်။ (ဒါပေမဲ့ အာဏာရှင်တွေဟာ သူတို့အကြပ်အတည်းဆိုက်တာကို ဘယ်တော့မှ ဝန်ခံလေ့မရှိပါဘူး။)

XXX
ဇင်ဘာဘွေနိုင်ငံဟာ ၂၀၀၈ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၁၃,၀၀၀,၀၀၀,၀၀၀ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ် (ဇင်ဘာဘွေဒေါ်လာ ၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀ တန်ငွေစက္ကူ ထုတ်ခဲ့ရတယ်)။ အလုပ်လက်မဲ့ ၉၅ ရာခိုင်နှုန်းအထိ ရောက်ခဲ့ပါတယ်။ လူဦးရေ ၁၂ သန်းရှိတဲ့နိုင်ငံမှာ ပြည်သူ ၃ သန်း နိုင်ငံခြားထွက် အလုပ်လုပ်ကြရပါတယ်။ ကျန်းမာ ရေးစနစ်ပြိုလဲနေလို့ ကာလဝမ်းကပ်ဘေး တနှစ်ကြာဆိုက်ပြီး လူတသိန်း ဝမ်းရောဂါဖြစ်၊ ၅၀၀၀ လောက်သေခဲ့ပါ တယ်။

၂၀၀၈ ခု မတ်လ ပါလီမန်ရွေးကောက်ပွဲမှာ ရှဗန်ဂီရိုင်ခေါင်းဆောင်တဲ့ အတိုက်အခံအမ်ဒီစီပါတီက ၉၉ နေရာ၊ မူဂါဘီ ခေါင်းဆောင်တဲ့ အစိုးရပါတီ ဇာနူး-ပီအက်ဖ်က ၉၇ နေရာ၊ အမ်ဒီစီခွဲထွက်အဖွဲ့က ၁၀ နေရာရခဲ့ပြီး သမတရွေး ကောက်ပွဲမှာတော့ ရှဗန်ဂီရိုင် က ၄၇.၉ ရာခိုင်နှုန်း၊ မူဂါဘီက ၄၃.၂ ရာခိုင်နှုန်း ရခဲ့တယ်လို့ ရွေးကောက်ပွဲကော်မရှင် ကဆိုပြီး မဲ ၅၀ ရာခိုင်နှုန်းမရလို့ ဒုတိယအကြော့ရွေးကောက်ပွဲထပ်လုပ်ခိုင်းခဲ့ပါတယ်။ တကယ်တော့ ရှဗန်ဂီရိုင်ဟာ ၅၀.၃ ရာခိုင်နှုန်းရခဲ့ပေမဲ့ မူဂါဘီက မဲလိမ်ခဲ့တာဖြစ်လို့ ဒုတိယအကြော့ရွေးကောက်ပွဲကို အတိုက်အခံပါတီက သပိတ် မှောက်ခဲ့ပါတယ်။ ရွေးကောက်ပွဲကာလအတွင်း မူဂါဘီရဲ့ပါတီနဲ့ လုံခြုံရေးတွေက အတိုက်အခံနဲ့ ပြည်သူလူထု ၂၀၀ ကျော်ကို သတ်ခဲ့ပါတယ်။
(အာဏာရှင်မူဂါဘီ)

ဒီလိုနဲ့ တယောက်ထဲပြိုင်တာ ၈၅ ရာခိုင်နှုန်းကျော်မဲရပြီး သမတဖြစ်လာပေမဲ့ အဖက်ဖက်ကအကြပ်ဆိုက်နေတဲ့ အာဏာရှင်မူဂါဘီဟာ ၂၀၀၈ စက်တင်ဘာ ၁၅ ရက်မှာတော့ အာဖရိကတောင်ပိုင်းအသင်းရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အာဏာခွဲဝေရေးသဘောတူစာချုပ်ကို လက်မှတ်ထိုးလိုက်ရပါတယ်။ လက်မှတ်ထိုးပြီး တလအကြာမှာ ဇင်ဘာဘွေ စစ်တပ်က နိုင်ငံပိုင်စိန်တွင်းကို အဓမ္မဝင်သိမ်းပိုက်ခဲ့ပါတယ်။
၂၀၀၉ ဖေဖော်ဝါရီလမှာပေါ်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရမှာ မူဂါဘီက သမတ၊ ရှဗန်ဂီရိုင်က ဝန်ကြီးချုပ်၊ ဇာနူး-ပီအက်ဖ်ပါတီက ကာကွယ်ရေး၊ လုံခြုံရေး၊ နိုင်ငံခြားရေး၊ တရားရေး၊ ရဲ၊ အကျဉ်းဦးစီး၊ ထောက်လှမ်းရေး စတဲ့ ဌာနများ၊ အမ်ဒီစီက ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး၊ အခြေခံဥပဒေရေးရာ စတဲ့ဝန်ကြီးနေရာများရပြီး ပြည်ထဲ ရေးဝန်ကြီးနေရာမှာ တပါတီကိုတယောက်နဲ့ ၂ ယောက်ထားပါတယ် (ပြည်ထဲရေးဝန်ကြီး ၂ ယောက်ထားတာ ကမ္ဘာ မှာ ဒီတနိုင်ငံဘဲရှိမယ်ထင်ပါတယ်)။ မကြာခင်မှာဘဲ မူဂါဘီက အမ်ဒီစီပြန်ကြားရေးဝန်ကြီးကို ဖြုတ်ပစ်လိုက်ပါတယ်။ အမ်ဒီစီ ပြည်နယ်အုပ်ချုပ်ရေးမှူး (ပြည်နယ်ဝန်ကြီးချုပ်) တွေကိုလဲ အသိအမှတ်မပြု၊ အာဏာလွှဲမပေးခဲ့သလို ဗဟို ဘဏ်ဥက္ကဌ နဲ့ ရှေ့နေချုပ်နေရာတွေကိုလဲ ဇွတ်အတင်းရယူခဲ့ပါတယ်။ တကယ်တော့ အမ်ဒီစီပါတီကို စီးပွားရေး ချွတ်ခြုံကျမှု ကယ်တင်ရေး၊ စီးပွားရေးပိတ်ဆို့မှုဖယ်ရှားရေးအတွက်ဘဲ အဓိကအားဖြင့် နေရာပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုပူးပေါင်းမယ့်သဘောတူညီချက်ကို အမ်ဒီစီပါတီထဲမှာ အဲဒီအချိန်က ဆန့်ကျင်မှုတွေ ရှိခဲ့ပါတယ်။
XXX
ကောင်းကွက်တွေကတော့ သတ်တာ ဖြတ်တာတွေနည်းသွားတယ်၊ တခြားအကြမ်းဖက်မှုတွေ ဖမ်းဆီးထောင်ချမှုတွေ အရင်ထက်စာရင် လျော့သွားပါတယ်၊ ဖမ်းရင်လဲ ခဏနဲ့ပြန်လွတ် သို့မဟုတ် အာမခံပေးပါတယ်။ ၂၀၀၉ ဇူလိုင်လမှာ ဘီဘီစီ နဲ့ စီအဲန်အဲန် သတင်းဌာနတွေကို ဖွင့်ပေးလိုက်တာ၊ ဖေဖော်ဝါရီလမှာ အတိုက်အခံခေါင်းဆောင်ဘီတီကို နိုင်ငံ တော်သစ္စာဖောက်မှု နဲ့ တရားစွဲထားတာကို ပလပ်လိုက်တာ၊ ကမ္ဘာ့ဒုက္ခသည်များနေ့ဆန္ဒပြပွဲတုံးက အမျိုးသမီး ၄ ယောက် ဖမ်းဆီးခံရ ကိုယ်ထိလက်ရောက်စော်ကားခံရမှုကို ဇူလိုင်လမှာ တရားရုံးက စုံစမ်းစစ်ဆေးခိုင်းတာ၊ အောက် တိုဘာလမှာ လူ့အခွင့်အရေးလှုပ်ရှားသူ ၈ ယောက်ကို တရားသေလွှတ်လိုက်တာတွေ ရှိပါတယ်။ ၂၀၁၀ မေလမှာ အမ်ဒီစီအမတ် ရွိုင်ဘင်းနက်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲထားရာက တရားသေလွှတ်ပေးလိုက်တယ် (ဒါပေမဲ့ ဝန်ကြီးရာထူးပေးဖို့ကိုတော့ မူဂါဘီက ဆက်လက်ပိတ်ပင်နေပါတယ်)။

(ဇင်ဘာဘွေဒေါ်လာ)

၂၀၀၉ နှစ်ဆန်းမှာ ဇင်ဘာဘွေဒေါ်လာကို တရားဝင်ဖျက်သိမ်းလိုက်ပြီး တောင်အာဖရိကငွေနဲ့ အမေရိကန် ဒေါ်လာတွေနဲ့ အစားထိုးသုံးစွဲလိုက်တဲ့အတွက် စီးပွားရေးတိုးတက်လာသလို အရင်ကပိတ်ဆို့ထားတဲ့ နိုင်ငံတကာ အထောက်အပံ့တွေ ပြန်ဝင်လာတာတွေကြောင့်လဲ စီးပွားရေးနည်းနည်းအဆင်ပြေလာပါတယ်။ (ဇာနူး-ပီအက်ဖ် ခေါင်း ဆောင်ပိုင်းတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေတော့ မရုပ်သိမ်းသေးပါဘူး။) အလုပ်လက်မဲ့နှုန်းကတော့ ‘၇၀ ရာခိုင် နှုန်း’ ကို ကျသွားပါတယ်။
မီဒီယာကော်မရှင်သစ်ကလဲ သတင်းစာသစ် သတင်းဌာနသစ်လိုင်စင် ၈ ခုလောက် ချပေးခဲ့ပါတယ် (ကန့်သတ် ချုပ်ချယ်တဲ့ မီဒီယာဥပဒေဟောင်းတွေကိုတော့ မပယ်ဖျက်သေးပါဘူး)။


၂၀၁၀ ဖေဖော်ဝါရီမှာတော့ အခြေခံဥပဒေအသစ်ရေးဆွဲရေးလုပ်ငန်းစဉ် စတင်အသက်ဝင်လာပါတယ် (ဒါပေမဲ့ အကြမ်းဖက်ဟန့်တားနှောင့်ယှက်မှုတွေကြောင့် အောက်တိုဘာလမှာ ရပ်နားလိုက်ရတယ်)။ ၂၀၁၂ ရွေးကောက်ပွဲ အမှီ အခြေခံဥပဒေအသစ်ထွက်ဖို့ နှစ်ဖက်သဘောတူထားပါတယ်။
XXX

၂၀၀၉ ခုနှစ်ထဲမှာ အမ်ဒီစီလွှတ်တော်အမတ် အနည်းဆုံး ၁၆ ယောက်ကို ဓားပြမှု၊ မုဒိမ်းမှု၊ အကြမ်းဖက်မှု၊ ဓာတ်မြေ သြဇာရောင်းစားမှု စတဲ့ရာဇဝတ်မှုပုဒ်မတွေနဲ့ ဖမ်းထားပါတယ်။ ဒီထဲက ၇ ယောက်ကို ထောင်ချလိုက်ပြီး ၄ ယောက် ကို အမတ်အဖြစ်ကပယ်ဖျက်လိုက်ပါတယ်။ အမ်ဒီစီ ဒုဝန်ကြီးမာလန်ဂူကို လက်ကိုင်ဖုံးခိုးမှုနဲ့ တရားစွဲထားပါတယ်။ အထက်လွှတ်တော်အမတ် ရွိုင်ဘင်းနက်ကို တရားမဝင်လက်နက်ကိုင်ဆောင်မှု၊ နိုင်ငံတော်သစ္စာဖောက်မှုတို့နဲ့ တရား စွဲခဲ့ပါတယ်။
နှစ်ဖက်သဘောတူစာချုပ်အရ အခြေခံဥပဒေသစ်ဆွဲဖို့ ဆွေးနွေးညှိနှိုင်းတာကိုလဲ ဇာနူး-ပီအက်ဖ် စွမ်းအားရှင်တွေက ပုလိပ်တွေရှေ့မှောက်မှာဘဲ အကြမ်းဖက်ဖြိုခွဲပိတ်ပင်ခဲ့ပါတယ်။ အမ်ဒီစီခေါင်းဆောင်တယောက်ရဲ့အမေ အသက် ၇၃ နှစ်အရွယ် မလီလို ကိုလဲ ဝိုင်းရိုက်ခဲ့လို့ ဆေးရုံတင်ရပါတယ်။ ဒါပေမဲ့ အကြမ်းဖက်သူ ဘယ်သူမှ အရေးမယူခံရပါဘူး။ အမ်ဒီစီကဘဏ္ဍာရေးဝန်ကြီးဘီတီရဲ့ခြံစောင့်ကို သြဂုတ်လမှာ စစ်သား ၃ ယောက်က ဝိုင်းထိုးခဲ့ပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဆီကိုလဲ စာအိပ်ထဲကျည်ဆံထည့်ပို့တာ ရှိခဲ့ပါတယ်။
အမ်ဒီစီပါတီဝင်တင်မက လူ့အခွင့်အရေးအဲန်ဂျီအိုအဖွဲ့ဝင် ၁၂ ယောက်လဲ အဖမ်းခံခဲ့ရပါတယ်။ လွတ်လပ်တဲ့သတင်း စာတွေ ထုတ်ဝေခွင့်မရအောင် အမျိုးမျိုးညစ်တာတွေ ဆက်လုပ်ခဲ့ပါတယ်။
၂၀၀၉ သြဂုတ်လမှာ ကျောင်းသားသမဂ္ဂခေါင်းဆောင် ၄ ယောက်ကို တရားဟောနေတုံး ဖမ်းခဲ့ပါတယ်။ နယ်တွေမှာ မဲရုံစောင့်လုပ်ခဲ့ဖူးတဲ့ ကျောင်းဆရာတွေ၊ သပိတ်မှောက်ရာမှာပါခဲ့တဲ့ ကျောင်းဆရာဆရာမတွေကို ရိုက်နှက်တာ၊ ခြိမ်း ခြောက်နှောင့်ယှက်တာတွေ တောက်လျှောက်လုပ်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ လယ်ယာလုပ်သားသမဂ္ဂ အတွင်းရေးမှူး အိမ်ကို စွမ်းအားရှင်တွေဝင်စီးခဲ့ပါတယ် (ကံကောင်းလို့ လွတ်သွားခဲ့ပါတယ်)။ အောက်တိုဘာလမှာ ဝန်ကြီးချုပ် ရှဗန် ဂီရိုင် ဖိတ်ခေါ်ထားတဲ့ ကုလသမဂ္ဂညှဉ်းပန်းနှိပ်စက်မှုစုံစမ်းရေးသမားကို မူဂါဘီက လေဆိပ်ကနေ ပြန်မောင်းထုတ်ခဲ့ပါ တယ်။
၂၀၀၉ ခု ဖေဖော်ဝါရီလထဲမှာ လူ့အခွင့်အရေးရှေ့နေ ၂ ယောက်ကိုဖမ်းခဲ့ပါတယ်။ မေလမှာတော့ နာမည်ကြီး လူ့ အခွင့်အရေးရှေ့နေ မုချဒယ်ဟာမာနဲ့ တရားစွဲခံနေရတဲ့ အမ်ဒီစီအမတ်တယောက်ရဲ့ရှေ့နေ ဆင်ဂွင်နီကိုဖမ်းခဲ့ပါ တယ်။ အမ်ဒီစီအထက်လွှတ်တော်အမတ် ရွိုင်ဘင်းနက်ကို အာမခံပေးလိုက်တဲ့ တရားသူကြီး ချီပတ်ဒ်ဇီကိုလဲ ရဲက မတ်လဆန်းမှာ ဖမ်းခဲ့ပါတယ်။
၂၀၀၉ မတ်လ ၃၁ ရက်မှာ အလွတ်သတင်းထောက် မူဆင်ဂီကို ဗီအိုအေကလွှင့်တဲ့ မြေသိမ်းမှုသတင်းကြောင့် ဖမ်းခဲ့ပါတယ်။ မေလထဲမှာ လူ့အခွင့်အရေး နဲ့ နိုင်ငံရေးလှုပ်ရှားသူ ၁၈ ယောက်ကို အကြမ်းဖက်မှုပုဒ်မတပ် ထောင်ချခဲ့ပါတယ်။ တရားရုံးသတင်းဖော်ပြခဲ့တဲ့ ဇင်ဘာဘွေလွတ်လပ်ရေး စာစောင်အယ်ဒီတာ ချီမာကုရီ နဲ့ ကာဟိယ တို့ကို မေ ၁၁ ရက်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးတရားစွဲခဲ့ပါတယ်။ မူဂါဘီဟာ ဇာနူး-ပီအက်ဖ် စွမ်းအားရှင်တသောင်းကို လူငယ်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းတွေအဖြစ် လစာပေးထားတာ အောက်တိုဘာ လမှာ ပေါ်ထွက်လာပါတယ်။ ဇူလိုင်လမှာ အမ်ဒီစီလှုပ်ရှားသူ ကာတိယို ဆိုတဲ့အမျိုးသမီးကို ဇာနူး-ပီအက်ဖ် ကြံ့ဖွတ် တွေက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်ကန်ကျောက်ခဲ့ပါတယ်။
၂၀၁၀ ခုနှစ်အစောပိုင်းမှာ အလွတ်တန်းဓာတ်ပုံသတင်းထောက် အင်ဒါဆန်မန်ယေးရီကို ၃ ခါဖမ်းခဲ့ပါတယ်။ တကြိမ် က တရားရုံးရှေ့မှာ ဓာတ်ပုံရိုက်လို့၊ တကြိမ်က အမျိုးသမီးအဖွဲ့ချီတက်ပွဲကို ဓာတ်ပုံရိုက်လို့၊ တကြိမ်က ဇင်ဘာဘွေ ကြံ့ဖွတ်တွေရဲ့ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ဆန္ဒပြပွဲကို ဓာတ်ပုံရိုက်လို့ဆိုပြီး ဖမ်းခဲ့တာတွေဖြစ်ပါတယ်။ ဇန်နဝါရီလထဲမှာဘဲ တောင်အာဖရိကနိုင်ငံမှာထုတ်တဲ့ ဇင်ဘာဘွေသား အပတ်စဉ်ဂျာနယ်ဖြန့်ချိရေးကုမ္ပဏီ ဒါရိုက် တာ မဒ်ဇီမူရီ နဲ့ မုတန်ဒီရို တို့ကို ဇင်ဘာဘွေပုလိပ်က ဖမ်းပြီး တရားရုံးတင်ခဲ့ပါတယ်။ ၂၀၁၀ ပထမလေးလအတွင်း သတင်းစာဆရာ အနည်းဆုံး ၁၅ ယောက် ဖမ်းဆီး သို့မဟုတ် ရိုက်နှက် သို့မဟုတ် နှောင့်ယှက်ခံခဲ့ရပါတယ်။ ဇန်နဝါရီ လထဲမှာဘဲ ပုလိပ်တွေက အမျိုးသမီးဆန္ဒပြသမားတွေကို ရိုက်နှက်ခဲ့ပါတယ်။
လွတ်လပ်တယ်ဆိုတဲ့ မီဒီယာကော်မရှင်ကို ၂၀၁၀ ဖေဖော်ဝါရီကျမှ ထူထောင်ခွင့်ပေးခဲ့ပေမဲ့ အရင်အစိုးရထိန်းချုပ်ခံ မီဒီယာကော်မရှင်ဟောင်းရဲ့ ဥက္ကဌကဘဲ ကော်မရှင်သစ်မှာ ဥက္ကဌလုပ်ပါတယ်။
ဖေဖော်ဝါရီလထဲမှာ ဇင်ဘာဘွေအလုပ်သမားသမဂ္ဂရုံးကို ပုလိပ်တွေဝင်စီးခဲ့တဲ့အတွက် အလုပ်သမားခေါင်းဆောင် ဟမ်ဘီရာ ထွက်ပြေးပုန်းအောင်းခဲ့ရတယ်။

(ဝန်ကြီးချုပ်-ရှဗန်ဂီရိုင်)

၂၀၁၀ မတ်လထဲမှာ ဝန်ကြီးချုပ်ကို အကြောင်းမကြား ခွင့်မတောင်းဘဲ ပြန်ကြားရေး၊ အခြေခံဥပဒေရေးရာ၊ သိပ္ပံနဲ့ နည်းပညာ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတို့ကိုကိုင်တဲ့ အမ်ဒီစီဝန်ကြီး ၄ ယောက်ကို ဖြုတ်ပစ်လိုက်ပြီး ဇာနူး-ပီအက်ဖ်ပါတီကို ဒီဝန်ကြီးဌာနတွေ ပေးလိုက်တယ်။ ဒီလထဲမှာဘဲ ပန်းချီဆရာမာဆီကို ကို ဆူပူမှုလှုံ့ဆော်တဲ့ ပန်းချီ ပြပွဲလုပ်လို့ ဆိုပြီး ၂ ရက်ကြာဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဓာတ်ပုံပြပွဲ ၃ ပွဲကိုလဲ အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပါတယ်။
အခြေခံဥပဒေရေးဆွဲရေး လူထုဆွေးနွေးပွဲတွေကို ဇာနူး-ပီအက်ဖ်စွမ်းအားရှင်တွေက အကြမ်းဖက်တာတွေ၊ အမ်ဒီစီ ပါတီဝင်တွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖမ်းဆီးတရားစွဲတာတွေ၊ အိုးအိမ်မြေယာဖျက်ဆီးမှုတွေ ၂၀၁၀ ခုနှစ် အတွင်း အကြိမ် ၁၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမျိုးသမီးအရေးလှုပ်ရှားသူ ၈၃ ယောက် ဖမ်းခံရပါတယ်။ အခြေခံဥပဒေ ဆွေးနွေးပွဲကို ဇာနူးစွမ်းအားရှင်တွေ တိုက်ခိုက်ရာမှာ တယောက်သေခဲ့ပါတယ်။
၂၀၁၁ ခု ဖေဖော်ဝါရီ ၂၁ ရက်မှာ အာရပ်အုံကြွမှုလေ့လာရေးဆွေးနွေးပွဲကို ပုလိပ်တွေကစီးနင်းပြီး အစည်းအဝေး တက်သူ ၄၆ ယောက်ကို ဖမ်းခဲ့ပါတယ်။ မတ်လ ၁ ရက်နေ့မှာ လူတသန်းချီတက်ဆန္ဒပြဖို့ လှုံ့ဆော်ခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကစပြီး ပုလိပ်တွေ အင်အားအလုံးအရင်းနဲ့ မြို့ထဲချထားပြီး ၂၈ ရက်နေ့မှာ ညမထွက်ရ အမိန့်ထုတ်ခဲ့လို့ ချီတက်ပွဲ မဖြစ်ခဲ့ပါဘူး။
ဇွန်လဆန်းမှာ အမ်ဒီစီပါတီ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဇင်ဘာဘွေဘဏ္ဍာရေးဝန်ကြီးဘီတီရဲ့အိမ်ကို ဗုံးပစ်သွင်း တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ် (အမ်ဒီစီဝန်ကြီးနေအိမ်တွေကို ရဲက လုံခြုံရေးအစောင့် ပေးမထားပါ)။
ဇင်ဘာဘွေမီဒီယာစောင့်ကြည့်ရေးပရောဂျက်က ဒါရိုက်တာအင်ဒရူးမွိုင်စီနဲ့ အရာထမ်း ၃ ယောက်ကို ၂၀၁၁ ဒီဇင်ဘာ ပထမပတ်ထဲမှာ ဖမ်းသွားခဲ့ပါတယ်။ နိုဝင်ဘာလထဲမှာ လွတ်လပ်တဲ့ စတင်းဒတ်သတင်းစာအယ်ဒီတာ မဒန်ဟိုင်းယား နဲ့ သတင်းထောက် မတ်ရှာဇီတို့ကို ခိုးရာပါ ကျန်းမာရေးအာမခံကုမ္ပဏီစာရွက်စာတမ်းတွေ လက်ခံထားရှိမှုနဲ့ ဖမ်းခဲ့ပါ တယ်။ အဲဒီကျန်းမာရေးကုမ္ပဏီကို ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးရဲ့အကြံပေးအရာရှိ ကီရီကီ ပိုင်ပါတယ်။ လွတ်လပ်တဲ့ ဒေးလီးနယူးစ်သတင်းစာအယ်ဒီတာ စတန်လီဂါမာ နဲ့ သတင်းထောက် အင်စူဘီ တို့ကိုလဲ မူဂါဘီရဲ့ ဝန်ကြီးချွမ်ဘိုကို အသရေဖျက်မှုနဲ့ ဖမ်းခဲ့တယ်။
၂၀၁၁ ခု နိုဝင်ဘာ ၁ ရက်နေ့မှာ ပုလိပ်တွေက အမ်ဒီစီပါတီဗဟိုဌာနချုပ်ရုံးကို မျက်ရည်ယိုဗုံးတွေပစ်ခတ် လူရှင်းပြီး ပိတ်ပစ်လိုက်ပါတယ်။ ဒီဇင်ဘာလဆန်းမှာ လူ့အခွင့်အရေးလှုပ်ရှားသူ ၃ ယောက်ကို ဖမ်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်ထဲမှာ အမျိုးသမီးသမဂ္ဂဝင် ၂၁ ယောက်အဖမ်းခံခဲ့ရပြီး ငြိမ်းချမ်းစွာချီတက်ဆန္ဒပြတဲ့ အမျိုးသမီး ၄၀ ကို ပုလိပ်တွေက ရိုက်နှက်ဖြိုခွဲခဲ့ပါတယ်။
XXX
ဇာနူး-ပီအက်ဖ်ပါတီက လူထုစည်းဝေးပွဲတွေ အလွယ်တကူလုပ်နေနိုင်ချိန်မှာ အမ်ဒီစီပါတီဟာ ပုလိပ်ခွင့်ပြုချက်ရဖို့ မနည်းတောင်းနေရပါတယ်။ တခါတလေလဲ အမ်ဒီစီဝန်ကြီးတွေကို ရဲကဆဲရေးတိုင်းထွာတာ၊ စစ်ဆေးရေးဂိတ်တွေမှာ ထိန်းထားတာ ရှိတတ်ပါတယ်။ ထောက်လှမ်းရေးတွေဟာ နိုင်ငံထဲ ကြီးစိုးနေဆဲဖြစ်ပြီး ပြည်တွင်းရေဒီယိုနဲ့ ရုပ်သံလွှင့် လုပ်ငန်းတွေကိုလဲ မူဂါဘီကဘဲ ဆက်ထိန်းချုပ်ထားသလို မာတာဘီလီ (အဲန်ဒီဘီလီ) တိုင်းရင်းသားတွေကို နိုင်ငံရေး စီးပွားရေးဖိနှိပ်မှုတွေ ခွဲခြားဆက်ဆံမှုတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။ သဘောတူချက်မှာပါတဲ့ ခြစားမှုတိုက်ဖျက် ရေးကော်မရှင်ကိုတော့ ၂၀၁၁ စက်တင်ဘာကျမှ ဖွဲ့စည်းခဲ့ပြီး ဘယ်လောက်လှုပ်ရှားနိုင်မလဲ မသိသေးပါဘူး။ မတရား ချုပ်ချယ်တဲ့ မီဒီယာဥပဒေတွေ၊ လုံခြုံရေးဥပဒေတွေကိုလဲ မဖျက်သိမ်းသေးပါ။
၂၀၀၉ ခုနိုင်ငံရေးဖြေရှင်းချက်အပြီး နိုင်ငံထဲအလုအယက် တန်းစီဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ဇာနူး-ပီအက်ဖ်ရဲ့ လက်ဝါးကြီးအုပ်စီးပွားရေးပေါ်လစီကြောင့် အခုတော့ ပြန်ထွက်နေကြပါပြီ။

(အာဏာရှင်မူဂါဘီ-ဝန်ကြီးချုပ်-ရှဗန်ဂီရိုင်)

လူ့အခွင့်အရေးပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်လို့ အားကြိုးမာန်တက် ကြွေးကြော် လုံးပမ်းခဲ့တဲ့ အမ်ဒီစီဝန်ကြီးတွေ-အမတ်တွေအတော်များများဟာလဲ အာဏာရှင်မူဂါဘီအုပ်စုရဲ့ အဟန့်အတား အခက် အခဲတွေကို ရေရှည်ဆက်ရင်မဆိုင်ချင်တော့ဘဲ လက်ရှိအနေအထားလေးကို ထိန်းသိမ်းထားဖို့လောက်ကိုဘဲ အာရုံ စိုက်လာပါတော့တယ်။ ဒါပေမဲ့ အများပြည်သူကိုတော့ အာဏာရှင်နဲ့အာဏာခွဲဝေရေးတွေ အောင်မြင်နေကြောင်း ချဲ့ကားပြောနေကြပါတယ်။
XXX
ကမ္ဘောဒီးယားနိုင်ငံမှာလဲ ၁၉၉၃ ခုမှာ ကုလသမဂ္ဂရဲ့ ရှေ့ဆောင်ကြီးကြပ်မှုနဲ့ အာဏာရှင်နဲ့အတိုက်အခံ ပေါင်းသင်းခဲ့ ပေမဲ့ ဒီနေ့အထိ သာယာဝပြောတဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်မလာဘဲ အာဏာရှင်ဟောင်းက သဏ္ဍာန်နောက်တမျိုးနဲ့ ဆက် လက်ကြီးစိုးနေတဲ့အကြောင်း နောင်အလျဉ်းသင့်တဲ့အခါ တင်ပြပါအုံးမယ်။
ကိုယ့်သဘောနဲ့ကိုယ် ပလ္လင်ပေါ်က အေးအေးဆေးဆေးဆင်းသွားတဲ့အာဏာရှင် ကမ္ဘာပေါ်မှာ တယောက်မှမရှိဘူးလို့ ဝါရင့်သတင်းစာဆရာကြီးလူထုစိန်ဝင်းပြောတာ ကြားဖူးသလိုလိုဘဲ။


**ဂါမဏိ**