ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့မှ
ဆရာတော်များ၏ ဆုံးဖြတ်ချက်ဖြင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ
ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းကို လာရောက်ချိပ်ပိတ်ခဲ့သည့်အတွက်
မဂ္ဂင်ကျောင်းတွင် သီတင်းသုံး နေထိုင်နေသော သံဃာတော်များမှာ ချိပ်ပိတ်ထားသော
မဂ္ဂင်ကျောင်းအတွင်းမှ ထွက်ခွာပေးခဲ့ရပြီ ဖြစ်ပါသည်။

Saturday, February 4, 2012
ဒေါ်အောင်ဆန်းစုကြည် ကရင်ရွာမှာ သန်းခေါင်စာရင်းဝင်လိုက်
စနေနေ့၊ ဖေဖေါ်ဝါရီလ 04 ရက် 2012 ခုနှစ်
မဇ္ဈိမ
ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး
ကော့မှူးမြို့နယ်မှ ၀င်ရောက်အရွေးခံမည် ဖြစ်သည့်အတွက် ကော့မှူးမြို့နယ်မှ
ကရင်ရွာတရွာဖြစ်သည့် ၀ါးသင်္ခ ရွာတွင်
သန်းခေါင်စားရင်းဝင်လိုက်ပြီဖြစ်ကြောင်း ကော့မှူးမြို့နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင်
ဦးဌေးက မဇ္ဈိမကို ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က သူရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကော့မှူးမြို့နယ်ထဲက ၀ါးသင်္ခ ဆိုတဲ့ ရွာကို ရွေးတယ်။ ကျနော်တို့ အခု အဲဒီရွာကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ နေထိုင်ဖို့ ပြင်ဆင် နေကြတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ၀င်တဲ့ မိသားစုဆီကသန်းခေါင် စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အဖြစ် သွင်းပြီးတော့ သက်ဆိုင်ရာကို ပို့ထားတယ်။ သက်ဆိုင်ရာကတော့ ပြန်မကျလာသေးဘူး။ ဒါပေမယ့် ဒါက ကျကိုကျလာမှာပါ” ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းဝင်လိုက်သော ဒေါ်သန်းသန်းလေး မိသားစုမှာ မိသားစု ဦးရေ ၁၀ ဦး ရှိကြောင်း သိရသည်။
“ဒေါ်သန်းသန်းလေးတို့က လယ်ထဲမှာနေတာ။ သူတို့က အိမ်မှာနေတဲ့သူ နည်းတယ်။ ရန်ဖန်ရန်ခါပဲ
နေတတ်တယ်။ ဒါပေမယ့် အခုတော့ အဲဒီအိမ်ကို ပြန်ပြင်နေတာ တွေ့တယ်။ ကျနော်တို့ရွာက လူတွေ အရမ်းပျော်နေကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရွာကို လာမယ်။ ပြီးတော့ ညလည်း အိပ်မယ်တဲ့။ အခု ကလေးလူကြီး အားလုံးက မျှော်နေကြတယ်” ဟု ၀ါးသင်္ခ ရွာသား လယ်လုပ်သူ ကိုဖိုးခွါး က ပြောသည်။
ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု ပြောဆိုခဲ့သည်။
ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ခန့် ရှိသည့်အနက် ၂၀၁၀ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်းအရေအတွက်မှာ ၈၃,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။
သန်လျင်မြို့နယ်ရှိ
ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားလှယ်လောင်း
အမည်စာရင်း လက်မှတ်ရေးထိုး တင်သွင်းနေ သည်ကို ဇန်နဝါရီလ ၁၈ ရက် ၂ဝ၁၂
ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
“ဒေါ်အောင်ဆန်းစုကြည်က သူရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကော့မှူးမြို့နယ်ထဲက ၀ါးသင်္ခ ဆိုတဲ့ ရွာကို ရွေးတယ်။ ကျနော်တို့ အခု အဲဒီရွာကို သွားပြီး ဒေါ်အောင်ဆန်းစုကြည် လာတဲ့အခါ နေထိုင်ဖို့ ပြင်ဆင် နေကြတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်း ၀င်တဲ့ မိသားစုဆီကသန်းခေါင် စာရင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုဝင်အဖြစ် သွင်းပြီးတော့ သက်ဆိုင်ရာကို ပို့ထားတယ်။ သက်ဆိုင်ရာကတော့ ပြန်မကျလာသေးဘူး။ ဒါပေမယ့် ဒါက ကျကိုကျလာမှာပါ” ဟု သူက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သန်းခေါင်စာရင်းဝင်လိုက်သော ဒေါ်သန်းသန်းလေး မိသားစုမှာ မိသားစု ဦးရေ ၁၀ ဦး ရှိကြောင်း သိရသည်။
“ဒေါ်သန်းသန်းလေးတို့က လယ်ထဲမှာနေတာ။ သူတို့က အိမ်မှာနေတဲ့သူ နည်းတယ်။ ရန်ဖန်ရန်ခါပဲ
နေတတ်တယ်။ ဒါပေမယ့် အခုတော့ အဲဒီအိမ်ကို ပြန်ပြင်နေတာ တွေ့တယ်။ ကျနော်တို့ရွာက လူတွေ အရမ်းပျော်နေကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ရွာကို လာမယ်။ ပြီးတော့ ညလည်း အိပ်မယ်တဲ့။ အခု ကလေးလူကြီး အားလုံးက မျှော်နေကြတယ်” ဟု ၀ါးသင်္ခ ရွာသား လယ်လုပ်သူ ကိုဖိုးခွါး က ပြောသည်။
ဖေဖေါ်ဝါရီလ ၃ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနား Tomas Quitana နှင့် ဆွေးနွေးမှုအပြီး မီဒီယာများနှင့်တွေ့ဆုံရာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်က “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု ပြောဆိုခဲ့သည်။
ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,၀၀၀ ခန့် ရှိသည့်အနက် ၂၀၁၀ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်းအရေအတွက်မှာ ၈၃,၀၀၀ ခန့် ရှိကြောင်း သိရှိရသည်။
လျှပ်စစ်(၁)ဝန်ကြီးဌာနကအရာထမ်းတစ်ဦး၏ ပေးစာ
ကျွန်တော်ဟာလျှပ်စစ်(၁)မှာတာဝန်ထမ်းဆောင်နေတဲ့ညွှန်ကြားရေးမှုးတစ်ဦးပါ။
ကျွန်တော်ပြောချင်တဲ့အကြောင်းအရာက ကျွန်တော်တို့ဌာန၊ကျွန်တော်တို့အစိုးရရဲ့
ပွင့်လင်းမြင်သာမှုမရှိ ပြည်သူကိုနားလည့်ပါးလှည့်လုပ်
စီးပွါးရေးသမားတွေနဲ့တရုပ်
တွေနဲ့လက်ဝါးချင်းရိုက်တဲ့ကိစ္စတွေပါ။(၁၅-၁၂-၁၁)နေ့မှာလျှပ်စစ်(၁)၊အေးရှားဝါးနဲ့
စီပီအိုင်(တရုပ်)တို့ ချီဖွေစီမံကိန်းကိုဒီဇင်ဘာမှာစတင်အကောင်အထည်ဖော်ဘို့စာချုပ်
ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြတယ်။(၁၅-၁၂-၁၁)ညနေ(၇)နာရီမှာဝန်ကြီးဦးဇော်မင်း
အမိန့်နဲ့ညွှန်ချုပ်ဦးကြီးစိုးကသူလက်မှတ်ထိုးခဲ့ရတယ်လို့ပြောပါတယ်။(၁၆-၁၂-၁၁)နေ့
မှာဒုသမ္မတ(၁)နဲ့ဒီစီမံကိန်းကိစ္စကိုတစ်နေ့လုံးအကြေအလည်ဆွေးနွေးကြတယ်။ဒါတွေ
အားလုံးကိုကျွန်တော်တို့ရဲ့ပြည်သူတွေကိုလုံးဝချမပြပါဘူး
သတင်းစာမှာလည်းမဖေါ်ပြ
ပါဘူး၊ကျွန်တော်တို့အတတ်ပညာရှင်တွေကိုတောင်အသိပေးဆွေးနွေးခြင်းမပြုခဲ့ပါဘူး
ငါသိတယ် ငါတတ်တယ်၊ငါကော်မရှင်ယူပြီးသား
ငါလုပ်ချင်ရာလုပ်မယ် ပြည်သူသဘော
တူစရာမလိုဘူးဆိုတဲ့သဘောပါ။ တကယ်တော့
ချီဖွေစီမံကိန်းဆိုတာ စီမံကိန်းအသစ်
မဟုတ်ပါဘူး။မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်း
ထဲက(၁)ခုပါ ဒီစီမံကိန်းကသမ္မတကိုယ်တိုင်
ရပ်ဆိုင်းကြောင်းကြေညှာထားတာပါ။မြစ်ဆုံရဲ့အထက်ဘက်မိုင်(၆၀)အကွာမေခမြစ်ပေါ်
မှာရှိပြီးမဂ္ဂါဝပ်(၃၄၀၀)ထုတ်မှာပါ။စာချုပ်စည်းကမ်းတွေကတော့အရင်စာချုပ်ထဲက
အတိုင်းပါ မြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းထဲကတစ်ခုဖြစ်တဲ့မြစ်ဆုံစီမံကိန်းမှာစိုက်ထုတ်
ခဲ့တဲ့ငွေပမာဏကို ကျန်(၆)ထဲခွဲထည့်လို့ငွေစာရင်းအရပြောင်းသွားတာဘဲကွာပါတယ်။
ပြည်သူသိသွားလည်းမြစ်ဆုံကိုလုပ်တာမဟုတ်ဘူးချီဖွေကိုလုပ်တာပါဆိုပြီးမလှိမ့်တစ်
ပတ် နဲ့ လိမ်ညာမုသားတွေပြောအုံးမှာပါ။ပြည်သူတွေမသိရင်တောင်မှတာဝန်သိဝန်
ထမ်းတွေရှိသေးတယ် ပြည်သူကိုလည်းအသိပေးအုံးမယ်ဆိုတာသိစေချင်တယ်။
သမ္မတရပ်ခိုင်းတာ ဒီမြစ်ဆုံမြစ်ညှာမြစ်ဝှမ်းစီမံကိန်းကြီးတစ်ခုလုံးပါ၊မြစ်ဆုံလေးတစ်ခု
တင်မဟုတ်ပါဘူး၊ချီဖွေကိုလုပ်ရင်လည်းလူမှုရေးရော၊သဘာဝပတ်ဝန်းကျင်ရောထိခိုက်
ပျက်စီးမှာဘဲ၊အဲဒီနယ်ကလူမျိုးတွေရောသယံဇာတတွေရောအကုန်
တရုပ်ကသိမ်းမှာဘဲ
ထွက်လာမယ့်လျှပ်စစ်ကလည်းတရုပ်နိုင်ငံအတွက်ဘဲ
အေးရှားဝါးဦးထွန်းမြင့်နိုင်၊ဦးဇော်
မင်းနဲ့ဒုသမ္မတ၁တို့မိသားစုကော်မရှင်ရကောင်းစားရေးအတွက်ကချင်လူမျိုးနဲ့တိုင်းပြည်
သယံဇာတတွေရင်းလိုက်ရတာဘဲအဖတ်တင်မယ်။သမ္မတကြီးကိုပြောပေးပါဒီကိစ္စပွင့်
လင်းစွာပြည်သူကိုချပြပေးစေလိုပါတယ်။ကျွန်တော်တို့အတတ်ပညာရှင်တွေကိုကြေ
ညက်စွာဆွေးနွေးခွင့်ပြုပါ။ကိုယ်ကျိုးစီးပွါးသာကြည့်တဲ့သက်ဆိုင်ရာအုပ်ချုပ်သူအဆင့်
ဆင့်ကိုသန့်ရှင်းကောင်းမွန်တဲ့အုပ်ချုပ်မှုမျိုးဆောင်ရွက်တတ်အောင်လေ့ကျင့်ပျိုးထောင်
ပညာပေးစေလိုကြောင်းမေတ္တာရပ်ခံအပ်ပါတယ်။
အေးချမ်း တည်ငြိမ်သော ဘ၀ကိုပိုင်ဆိုင်ပါစေ လို့ဆုတောင်းလိုက်ပါတယ်
သူတို့တွေရှိရက်နဲ့ ဒါမျိုးတွေ ဖြစ်ရသလား။
ကိုပီတာ
စမ်းချောင်း
နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်း လျာထားမှုတွေနဲ့  ပတ်သက်ပြီး တိုင်းသူပြည်သား တစ်ဦးချင်းစီတိုင်းက ကိုယ်နဲ့  မဆိုင်ဖူးဆိုပြီး နေလို့  မရပါဖူး။
အမေသားသမီးတွေကိုပညာသင်ပေးခဲ့တယ်။အဖေကသားသမီးတွေကို ပင်ပမ်းဆင်းရဲခံ ရှာဖွေကြွေးမွေးစောက်ရှောက်ခဲ့တယ်။အရွယ်တွေရောက်လာကြပြီ။
အမေညီးတွားတယ်။ငွေရှာတွင်းနက်လိုက်တာဖေကြီးရယ်တဲ့ ။
ဖေကြီးကလည်းအရင်လိုသားသမီးတွေရှာဖွေကြွေးရတာအလျှင်မမှီ။တိုင်းပြည်မှာရှားပါး
လာလိုက်တာညီးတွားတယ်။ဈေးတွေကလည်းကြီးလိုက်တာညီးတွားလာတယ်။အရင်လို ရှာရတဲ့ပိုက်ဆံလေးနဲ့ အိမ်မှု့ကိစ္စတွေကိုဖြေရှင်းရာမှာ မလုံလောက်တဲ့ငွေကြေး၊ကြီးမားလာတဲ့ လူအသုံးစရိတ်တွေကို အံမတုနိုင်ဖြစ်လာရတယ်။အဲဒီလိုအိမ်ထောင်စုပေါင်းများစွာ လူတွေသန်းပေါင်းများစွာနေ့စဉ်ညီးတွားနေတယ်။ အဲလိုဖြစ်ရတာဘာကြောင့်လည်း သိဖို့လိုတယ်။အသေးစိတ် မသိတောင်အကျမ်းမျဉ်းသိသင့်တယ်။ အဖေတို့၊အမေတို့ကို ခေတ်ပညာတတ် သားသမီးတွေပြန်လည် ပြောပြသင့်တယ်။ ခါးသီးနေတဲ့ဘဝတွေကို နေ့စဉ် ခါးစီးရင်ဆိုင်နေစရာမလိုအောင် အသိတွေနဲ့တိုက်တွန်း ရှင်းပြသင့်တယ်။
သယံဇာတပေါကြွယ်ဝတယ်လို့ မြန်မာခေါင်းဆောင်တွေ လက်ခမောင်းခတ်လေ့ရှိတယ်။ကမ္ဘာကိုထုတ်ကြွားလေ့ရှိတယ်။
မှန်တယ်တကယ်လည်း မြန်မာပြည်ဟာသံယံဇာတပေါကြွယ်ဝတယ်။
ပင်လယ်ထွက်ပစ္စည်း၊ရေထွက်ပစ္စည်း၊မြေကြီးထဲက သယံဇာတပစ္စည်း၊မြေပေါ်ကလယ်ယာ၊သစ်တော၊ကောက်ပဲသီးနှံလယ်ယာဆန်စပါးအစရှိတာတွေ တိုင်းပြည်အနှံ ဘယ်နေရာမဆို လုပ်ကိုင်စားသောက်နိုင်တဲ့အပြင် ၊အစိုးရစက်မှု့လုပ်ငန်းကြီးများလုပ်ကိုင်ပြီး၊ပြည်ပကို အလွန်အမင်းရောင်းစားနေနိုင်တယ်။
ဒါပေမဲ့မြန်မာပြည်သူတွေဆင်းရဲနေတယ်။လူနေမှု့အဆင့်အတန်းတွေမမျှတဖြစ်နေတယ်။ရိုးသားစွာလုပ်ကိုင်စားသောက်
ပြီးဘဝကိုလူတန်းစေ့မရပ်တည်နေနိုင်ဘူး။
ရေနံတွေ၊ဂက်စ်တွေ၊ကျောက်မျက်တွေ သန်းပေါင်းများစွာငွေတွေနှစ်စဉ်ဝင်ငွေရှိပါလျှက် တိုင်းပြည်ပိုင်ရတနာမြေတွေ ပြည်ပ၊တရုပ်ကိုလက်ညှိးထိုးရောင်းစားနေရတယ်။ လိုအပ်ချက်တွေကို နှစ်ရှည်အကြွေးခံစနစ်တွေနဲ့ဝယ်ယူလုပ်ကိုင်နေရတယ်။
ဘယ်စီမံကိန်းလုပ်လုပ် လာရောက်လုပ်ကိုင်တဲ့ပြည်ပတိုင်းပြည်ကို နှစ်ရှည်အကြွေးခံစနစ်နဲ့ လုပ်တဲ့စနစ်၊
ပြည်သူတွေခံစားပိုင်ခွင့်မရတဲ့စနစ်တွေနဲ့သာလုပ်ကိုင်နေတယ်။ဘာကြောင့်လည်း။
အားကစားလောကကိုနှစ်ချုပ်ကန်တရိုက်ယူ၊စစ်တပ်အသိုင်းအဝိုင်းနဲ့ပေါင်းစား | တဲ့ဇော်ဇော် |
ပြည်သူတွေကိုထုတ်ပြောတာတမျိုး၊လုပ်တာတမျိုး၊ လုပ်သမျှပြည်သူတွေမခံစားရဘူး။ စီမံကိန်းကိုဆောင်ရွက်တဲ့ လူကြီးအသိုင်းအဝိုင်းလူတစု မတရားချမ်းသာသွားတယ်။ လုပ်တာ တိုင်းပြည်လူထုအတွက်မဟုတ်ဘူး။အဲလိုဘာကြောင့်လုပ်နေနိုင်တာလည်း။
ငွေကို တန်းဖိုးထားစရာမလိုသူများအဲလိုနေနိုင်တာဘာကြောင့်လည်း |
အရာရှိစစ်တပ်အသိုင်းအဝိုင်းနဲ့ပေါင်းသင်းစာနေသူတွေ ငွေကို ရေလို၊လေလို သုံးနေနိုင်တယ်။ လုပ်ချင်တာကိုဖြစ်ချင်တာကို လုပ်ကိုင်နိုင်တဲ့အခွင့်အရေးတွေသီးသန့်ရရှိနေတယ်။ဘာကြောင့်လည်း
သတင်းအမှောင်ချခံခဲ့ရတဲ့အမေတို့အဖေတို့ ကိုရှင်းပြဖို့လိုအပ်တယ်။(ပြည်သူ့အော်သံ)
တိုင်းပြည်ရဲ့  နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်း လျာထားမှုတွေနဲ့  ပတ်သက်ပြီး တိုင်းသူပြည်သား တစ်ဦးချင်းစီတိုင်းက ကိုယ်နဲ့  မဆိုင်ဖူးဆိုပြီး နေလို့  မရပါဖူး။ မိမိကိုယ် အပါအ၀င် မိမိ မိသားစုအပါအ၀င် အားလုံးသော တိုင်းသူပြည်သားတိုင်းနဲ့  ပတ်သက်ပါတယ်။
တိုင်းပြည်တစ်ပြည်မှာ အင်မတန်အရေးကြီးတဲ့ နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းနဲ့  ပတ်သက်ပြီး လာမည့် (၇) ရက်နေ့ မှာ အသိပညာပေးဆွေးနွေးကြမယ်လို့  သိရှိရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့  အသုံးစရိတ်လျာထားမှုဆိုတာ အသက်သွေးကြောပမာ အင်မတန်အရေးကြီးလှပါတယ်။ ဒီဟာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့  အရေးထက် ပိုကြီးတဲ့ တိုင်းရေးပြည်ရေးကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့  ပတ်သက်လို့  အပြင်မှာရော လွှတ်တော်အတွင်းမှာရော သေသေချာချာ သိရှိနားလည် ပြောဆိုဆွေးနွေးကြဖို့  အထူး လိုအပ်ပါတယ်။
ပြောရရင်တော့ တိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တစ်ဥိးချင်းစီတိုင်းရဲ့  ပညာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး အစရှိတဲ့ အရေးကြီးမှုတွေဟာ နိုင်ငံရဲ့  အသုံးစရိတ်လျာထားမှုတွေပေါ်မှာ မူတည်ပါတယ်။
လက်ရှိအနေအထားအရ တိုင်းပြည်ရဲ့  ကျန်းမာရေး ပညာရေးအတွက် သုံးစွဲမှုဟာ အတော့်ကို နည်းလွန်းတယ်ဆိုတာ သိရှိကြပါတယ်။ အခြားသော စစ်စရိတ်သုံးစွဲမှုတွေ တိုင်းပြည်အုပ်ချုပ်ရေးမှာ မလိုလားအပ်ဘဲ သုံးစွဲမှုတွေဟာ အဆမတန် များပြားနေပါတယ်။
ဒီ တိုင်းပြည်ရဲ့  နိုင်ငံတော်ရသုံးမှန်းခြေငွေစာရင်းတွေ လျာထားမှုတွေနဲ့  ပတ်သက်ပြီး တိုင်းသူပြည်သား တစ်ဦးချင်းစီတိုင်းက ကိုယ်နဲ့  မဆိုင်ဖူးဆိုပြီး နေလို့  မရပါဖူး။ မိမိကိုယ် အပါအ၀င် မိမိ မိသားစုအပါအ၀င် အားလုံးသော တိုင်းသူပြည်သားတိုင်းနဲ့  ပတ်သက်ပါတယ်။ ထို့ အတူ ကိုယ့်ရဲ့  တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ရေးနဲ့ လည်း ဆိုင်ပါတယ်။ ထို့ အတူ တိုင်းပြည်ဘဏ္ဍာငွေတွေ တိုင်းပြည် သယံဇာတပစ္စည်းတွေကို ကိုယ်ကျိုးရှာ စီးပွားအမြတ်ထုတ်လိုကြတဲ့ အမျိုးသားသစ္စာဖောက်များ ရန်မှ ကာကွယ်တားဆီးနိုင်ဖို့ နဲ့ လည်း ဆက်စပ်နေပါတယ်။
ယခု လုပ်ဆောင်မယ့် “နိုင်ငံတော် ရသုံးခန့် မှန်းခြေ ငွေစာရင်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ” ဖိတ်ကြားတယ်ဆိုတာ သိရှိရတဲ့အတွက် တိုင်းပြည်ရဲ့  ရသုံးခန့် မှန်းခြေ ငွေစာရင်းနဲ့  ပတ်သက်ပြီး သိရှိရအောင် တက်ရောက်သင့်ကြသလို ဒီဆွေးနွေးမှုမှာ မည်သူဘက်မှ ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန် ပကတိအခြေအနေအတိုင်းနဲ့  တိုင်းပြည်အတွက် အရေးကြီးတဲ့ ပညာရေး ကျမ်းမာရေးဆိုင်ရာ သုံးစွဲမှုကို ဦးတည်အကြံပြုနိုင်တဲ့ ဆွေးနွေးသူများ ဆွေးနွေးမှုများ ဖြစ်ပါစေလို့  တိုက်တွန်းလိုက်ရပါတယ်။
ရွေ့လျားနေတဲ့ ကဗျာ
ဘဝ ရသဆောင်းပါးတပုဒ်ထပ်ဆင့်ဝေမျှလိုက်ပါတယ်။လွန်ခဲ့သောနှစ်ပေါင်းများစွာမှ
(ဦးနေဝင်းအစိုးရစစ်အာဏာသိမ်းပြီးမှ)ယနေ့တိုင်
မြန်မာပြည်သူများရဲ့အခြေခံလူတန်းစားများဘဝ၊ရိုးသားစွာ ဖြတ်သန်း ခါးသီးသောဘဝ
အရသာများကိုခံစားယင်းရွေ့လျားခြစားသွားသောအချိန်များစွာကိုဆောင်းပါးရှင် နှင်းပန်းအိမ်၊
ရွေ့လျားနေတဲ့ကဗျာ လို့ ရင်ဖွင့်ခဲ့ပါတယ်။

မြူနှင်းတွေကြားမှာ ချင်းတွင်းမြစ်ဟာ မပီဝိုးတဝါးနဲ့ မာယာများခဲ့တာကို ကျမရဲ့ ဒေသန္တရ သမိုင်းထဲမှာ လုံးဝမေ့ပျောက် လို့ မရခဲ့ပါဘူး။ ချင်းတွင်းတောင်ကမ်းပါးကြီးပေါ်မှာ သစ်ပင်ကလေးတွေ တွယ်ကပ်ပေါက်လို့ တပေါင်းလ ပန်းပွင့်ချိန် ဆို တောပန်းတွေကပါ ချင်းတွင်း ကို အလှဆင်ထားတယ်။ ဒီလိုချင်းတွင်းမြစ်ထဲမှာ ကျမတို့သားအမိ စီးတဲ့ မော်တော် ပန်ကာကြိုးပြတ်လို့ ရေစုန်မျောခဲ့ရတာ။ လှိုင်းပုတ် သံအောက်မှာ ထမင်းဆာနေတဲ့ သားငယ်ကို ချော့သိပ်ရင်း ကျမမျက်ရည်စက်တွေ ချင်းတွင်းမြစ်ထဲ ကျခဲ့ဖူးတယ်။
သံယောဇဉ်တရားဆိုတာ ဝေးကွာနေတဲ့ အရာတွေကို နီးစေနိုင်တယ်လို့ ကျမတို့သားအမိ ထောင်ဝင်စာခရီးနဲ့ သက်သေပြခဲ့တဲ့ အချိန်ပေါ့။ ၂၀၀၃ ခုနှစ်မှာ စစ်ထောက်လှမ်းရေးက မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား
တွေကို ပြန်လွှတ်ပေးမယ်လို့ နိုင်ငံပိုင် သတင်းစားထဲမှာ တရားဝင် ပြောကြားခဲ့တော့ ကျမတို့သားအမိ စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ခင်ပွန်းသည်ကို သွားကြိုခဲ့ကြတယ်။ စိတ်ထဲမှာလည်း တကယ် လွတ်မြောက်လာမယ်လို့် ထင်ခဲ့တယ်လေ။ တကယ်တမ်းတော့ ကျမတို့ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။
ကျမတို့သားအမိ မျှော်လင့်ချက် နက်ဖြန်များစွာဟာ အဲဒီနေ့က ကုန်ဆုံးသွားသလို ခံစားလိုက်ရတယ်။ ဒုတိယအစမ်း စာမေးပွဲမှာ ထူးချွန် ဖြေရမယ့် သား စာမေးပွဲအမီ ရန်ကုန်ကို အမြန်ရောက်ဖို့ ကျမ အားချင်း ပြန်ခဲ့တယ်။ ကလေးဝ ဆိပ်ကမ်းကနေ မုံရွာအထိ အမြန်ယာဉ် ဒေသအခေါ် (ရှော်တယ်) စီးပြန်ခဲ့တာပါ။
စစ်ကိုင်းမှာ သင်တန်းသွားတက်မယ့် ဆရာမ ၅ ဦးနဲ့ မော်တော်ဦးပိုင်းမှာ ကျမတို့သားအမိ နေရာရခဲ့တယ်။ ဆရာမ တွေထဲမှာ မိသား စုနဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေလည်း ပါတယ်။ ချင်းတွင်းမြစ်ကမ်းဘေးမှာရပ်ပြီး ခင်ပွန်းသည်တွေဟာ ဇနီးသည်တွေကို တဖွဖွနဲ့ မှာလို့ မဆုံးတော့ဘူး။ မော်တော်ပေါ်က ဇနီးသည်တချို့ကလည်း ခင်ပွန်းသည်နဲ့ အတူ သားသမီးတွေကို သူ သင်တန်းတက်နေတဲ့အချိန် စား မှုသောက်မှု နေမှုထိုင်မှုအတွက် စိုးရိမ်ပူပန်စွာ မှာကြားနေတယ်။
ချင်းတွင်းမြစ်ရဲ့ နွေမိုးဆောင်းရာသီ သဘာဝဖွဲ့ကို ကျမကိုယ်တွေ့ကြုံခဲ့ပြီး ခုလို ခေတ္တခဏ ခွဲခွါခြင်းတွေကိုလည်း မကြာခဏ မြင်ခဲ့ဖူး တယ်။ မြူနှင်းတွေကြားက မြစ်ပြင်ကို နှင်းခွဲမီးလုံးနဲ့ထိုးပြီး မော်တော်က ကမ်းကခွာဖို့ ဥသြ ဆွဲလိုက်တယ်။
မော်တော်ထွက်တော့ ကလေးဝမြစ်ကမ်းနဖူးက ရွှေရောင်ဝင်းပနေတဲ့ ရွှေမုဌောစေတီကြီးကို ကျမ လက်အုပ်ချီ ကန်တော့လိုက်တယ်။ စေတီပုထိုးမြင်ရင် လက်အုပ်ချီ ရှစ်ခိုးဆုတောင်းတတ်တဲ့ သားငယ်က “ဖေကြီး လွတ်ပါစေ ဘုရား” လို့ ဆုတောင်းတယ်လေ။
မော်တော်စက်သံကြောင့် သားငယ်ဆုတောင်းကို ရွှေမုဌောစေတီကြီး ကြားလိုက်ပုံမရဘူး။ ကျမတို့ စီးလာတဲ့ အမြန်ယာဉ်မော်တော်က ဒီဇယ်နဲ့မောင်းလာတာ မဟုတ်ဘူး။ မိသားစုနဲ့ ခေတ္တခဏခွဲလာတဲ့ ကျောင်းဆရာမတွေရဲ့ မျက်ရည်တွေနဲ့ မောင်းလာတာလို့ ကျမတွေး မိတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးဝ-မုံရွာ တဝက်ခရီး သင်တောရွာ ရောက်တဲ့အထိ သူတို့ မျက်ရည် မခြောက်သေးဘူး။
သင်တောဟာ အမြန်ယာဉ် အစုန်-အဆန်တွေ ရပ်ပြီး ထမင်းစား ရပ်နားကြတဲ့နေရာပါ။ ထမင်းစားပြီး မော်တော် ပြန်ထွက် တော့ ပန်ကာ ကြိုး ပြတ်ပြီး တဝဲလည်လည် ဖြစ်နေပါတော့တယ်။ ကမ်းကို ပြန်ကပ်ဖို့ ခရီးသည်တွေက ဝိုင်းအော်ကြတယ်။ ဒီ သင်တောမှာပဲ အမြန် ယာဉ် မှောက်လို့ လူတရာကျော် သေခဲ့ဖူးတယ်လေ။
ကျမတို့အမြန်ယာဉ်က လူတရာကျော်ခရီးသည် တင်လာခဲ့ပါတယ်။ မော်တော် တာဝန်ရှိသူတွေက ဒီအမြန်ယာဉ်ကို မုံရွာအထိ ရေစုန်မှာ မျှောချဖို့ စက်လှေအသေးတစီး ငှားခဲ့ကြတယ်။ အမြန်ယာဉ်ဘေးမှာ စက်လှေနဲ့ တွဲချည်ပြီး သင်တောကနေ ထွက်လာတဲ့အချိန်က နေ့လည် ၁၂ နာရီပါ။
လမ်းလျှောက်သလောက်ပဲ အမြန်နှုန်းရှိတဲ့ အမြန်ယာဉ်ပေါ်မှာ ရန်ကုန်ကို အမြန်ရောက်ရေး ဆိုတဲ့ အတွေးတွေသာ ရှိတဲ့ ကျမတို့သားအ မိ ဘာမှမတတ်နိုင်ခဲ့ပါဘူး။
ခရီးသွားဆိုတာ ညီရင်းအကို မောင်ရင်းနှမသဖွယ် တယောက်ကိုတယောက် ကြင်နာတတ်ကြတယ် ဆိုတဲ့စကား အမှန်ဆိုတာ ကျမခရီး တွေကတဆင့် သိခဲ့ရပါတယ်။ ကျမတို့သားအမိဟာ နိုင်ငံရေးအကျဉ်းကျ မိသားစုဆိုတာ သိသွားပြီးနောက် ကျောင်းဆရာမတွေဟာ ဝန်ထမ်းဆိုတာ နိုင်ငံရေး ကင်းရှင်းရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မေ့သွား ကြတယ်။
အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ကျမကို မေးကြတယ်။ “နိုင်ငံရေး အကျဉ်းသားဆိုတာ ခေတ်စ နစ်ကို ကိုယ် စား ပြုလို့ စစ် အာဏာရှင် တွေရဲ့စိတ်က နိုင်ငံရေးအကျဉ်းသား တိုင်းပြည်မှာ ရှိတာကို မှန်ကန် သင့်မြတ်စွာ နှလုံးသွင်းဖို့ ငြင်းဆို တတ် တယ်”။
“နိုင်ငံရေး အကျဉ်းသားတွေဟာ လူ့အဖွဲ့အစည်းကြီးနဲ့ ဝေးရာ၊ သဘာဝရဲ့ရှုခင်းတွေနဲ့ဝေးရာ၊ မိသားစုနဲ့ ဝေးရာမှာ ဘဝတွေပေးပြီး နှစ် ရှည်ထောင်ဒဏ်တွေ ကျခံနေရတယ်။ လူ့လောကကြီးရဲ့ အပြင်ဘက်မှာ အထီးကျန်နေရတယ်” လို့ ကျမပြောတော့ ကျောင်းဆရာမတွေ စူးစူးစိုက်စိုက် နားထောင်ပြီး ငြိမ်သက်သွားကြတယ်။ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းကျမိသားစုရဲ့ ဘဝကံကြမ္မာကို သူတို့ဘာသာ ရိုးတိုးရိပ်တိတ် ဒါမှမဟုတ် မျက်မြင်ကိုယ်တွေ့ နားလည်သွားကြ လို့လားမသိဘူး။ ကျမတို့သားအမိကို တလမ်းလုံး အားပေးစကား ပြော လာ ခဲ့ကြပါတယ်။
တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်ရဲ့ လရောက်အောက် ချင်းတွင်းမြစ်ပေါ်မှာ ကျမတို့ မော်တော် ကမ်းကပ်ပြီး အိပ်ခဲ့တယ်။ လှိုင်းပုတ် သံကြားမှာ ဇာတ်ပွဲသံတချို့ကိုလည်း ကြားနေရတယ်။ ‘ချင်းဖဝေး ဇာတ်ထုပ်’ထဲက “ရက်စက်လှချည်လား ဗမာဘုရင်ရဲ့…” ငိုချင်းက ကျ မ တို့အတွက်များလား။ ငွေရောင်တောက်နေတဲ့ မြစ်ပြင်မှာ ခဏတဖြုတ်နားခိုပြီး အိပ်ခဲ့ရခြင်းဟာ ကြမ်တမ်းတဲ့လောကဓံကို ရင်ဆိုင်နိုင်ဖို့ သဘာဝတရားက ကျမကို လက်ဆောင်ပေးခဲ့တာလို့ တွေးမိပါတယ်။
ချင်းတွင်းမြစ်ထဲကို နေရောင်ခြည်ဖြန့်ကျက်ဖို့ အားယူနေချိန်မှာ ကျမတို့ မုံရွာဆိပ်ကမ်းကို ရောက်ခဲ့တယ်။ ထန်းပင်မြစ် တွေကို အိမ်ပြန် လက်ဆောင် အဖြစ် လှေတစီး နဲ့လိုက်ရောင်း နေတဲ့ ဈေးသည် မိသားစုတွေဟာ အားမာန်အပြည့်နဲ့နေ့သစ်ကို ရင်ဆိုင်နေကြပြီ။
မုံရွာ-မန္တလေး ကားပေါ်အထိ ကျောင်းဆရာမတွေ ကျမတို့သားအမိကို လိုက်ပို့ပေးကြတယ်။ သူတို့ ပေးလိုက်တဲ့ မေတ္တာ တွေနဲ့ ကျမတို့ ရှေ့ ခရီးကို ဆက်ခဲ့ကြတယ်။
မန္တလေးဘူတာကြီးကနေ ညနေ ၃း၃ဝ ရထားကို စီးခွင့်ရရင် နောက်နေ့ မနက်စောစော ရန်ကုန်ရောက်။ မနက် ၉နာရီမှာ ထူးချွန် စာမေး ပွဲဖြေမယ့် သားအတွက် အချိန်ကိုက်ဆိုတဲ့ အသိပဲ ကျမမှာ ရှိခဲ့တယ်။ လက်မှတ်ကို မှောင်ခို ပေးဝယ် ခဲ့တယ်။ မူရင်း ဈေးထက် သုံးဆ ပိုပေမယ့် ကျမ မငြင်းနိုင်ခဲ့ဘူး။ လက်မှတ်မှောင်ခိုရောင်းသူက လက်မှတ် စစ်ဝန်ထမ်း။
မှတ်ပုံတင်နဲ့ လက်မှတ်ဖိုး သူ့ဆီပေးပြီး ညနေ ၃း၃ဝ ရထားတွဲထိုးချိန်ရောက်မှ “ခင်ဗျားအတွက် လက်မှတ် မရနိုင်တော့ ဘူး” လို့ လာ ပြောတဲ့အချိန်မှာ ကျမသွေးတွေ ဆူပွက်ကုန်တယ်။ “မရလို့မဖြစ်ဘူး မရလို့မဖြစ်ဘူး” လို့ တဖွဖွရွတ်ပြီး စင်္ကြန်တခုလုံး ဗြောင်းဆန် သွား အောင် ကျမ စုံစမ်းရတော့တယ်။
ဒီမှာတင် မီးရထားရဲက ရိုးရိုးတန်းကို သုံးဆပိုပေးရင် စီးရမယ်၊ ထိုင်ခုံမဲ့ လို့ ဆိုလာတယ်။ ကျမ အမြန်ဆုံး ခေါင်းညိတ် လိုက်တယ်။ ဒီရ ထားနဲ့ပါမှ သားအတွက် အဆင်ပြေမယ်ပေါ့။
“မီးရထားထွက်ရန် ၁၅ မိနစ်သာ လိုပါတော့တယ်ရှင့်” ဆိုတဲ့ သတိပေးသံကြားမှာ ကျမ သားကိုလက်ဆွဲပြီး ရိုးရိုးတန်း တွဲရဲ့ အိမ်သာ ထိုင် ခုံဘေးမှာ ပစ္စည်းထုပ်နဲ့သားကို နေရာချလိုက်တယ်။ ဒီမှာတင် ကျမရဲ့ခေါင်းမှာ အချက်ပေးမီး လင်းသွားတယ်။ “မှတ်ပုံတင်” ကျမ မှတ်ပုံတင် လက်မှတ်စစ်ဆီမှာ။ ဒီမှတ်ပုံတင်က နိုင်ငံရေး အကျဉ်းကျ မိသားစု ဝင်တွေ အတွက် ဘဝ အသက်ပဲ။ မှတ်ပုံတင် မပြနိုင်ရင် ခရီးသွားလို့ မရဘူး။ ထောင်ဝင်စာ တွေ့လို့မရဘူး။ ကျမ.........ဗျာ များရပြီ။
ဆယ်နှစ်ရွယ် သားငယ်ကို မီးရထားပေါ်က ခရီးသည်တွေဆီ အပ်ပြီး ကျမ လက်မှတ်စစ်ကို ရှာရတယ်။ “မေကြီး မြန်မြန် လာခဲ့နော်” ဆိုတဲ့ ငိုသံနဲ့ ပြောလိုက်တဲ့ သားရဲ့အသံက ကျမနှလုံးသားကို ဆုပ်ကိုင်လိုက်တယ်။ “သား မကြောက်နဲ့။ ဘယ်မှမကြည့်နဲ့ အဲဒီမှာ မြဲမြဲ ထိုင်နေ” လို့ ကျမပြောပြီး စင်္ကြန်တလျှောက် ပြေးနေရတယ်။
“မန္တလေး-ရန်ကုန် အမြန်ရထား မန္တလေးဘူတာကြီးမှ စတင်ထွက်ခွာပါပြီ” ဆိုတဲ့ အသံကြားမှ မီးရထား တွဲတွေဆီ ပြေးလာတဲ့ ဝန်ထမ်း လက်ထဲက ‘မှတ်ပုံတင်’ကို ကျမ ဆွဲယူပြီး ချိန်မှာ စင်္ကြန်ကနေ ရထားထွက်နေပြီ။ ကျမသားရှိတဲ့ မီးရထားတွဲဆီက ခရီးသည်တွေ သား ကိုယ်စား ကျမကို မျက်လုံးတွေ အသံတွေနဲ့ ရှာဖွေနေကြတယ်။
“ပြေး… ရအောင်ပြေး” လို့ ဝိုင်းအော်ကြတဲ့ အသံကြားမှာ အရှိန်နဲ့ထွက်ခွာနေတဲ့ မီးရထား ခြေနင်းခုံကို အပြေးအလွှား ကျမ ပြေးတက် လိုက်တယ်။ အဲဒီအချိန်မှာ ထိပ်လန့်တကြား အော်ဟစ်သံတွေနဲ့အတူ ဝမ်းသာအားရ လက်ခုတ်သံတွေ ပါ ကျမ ကြားလိုက်ရတယ်။ ကျမ အသက်နဲ့ကိုယ် မြဲတဲ့အပြင် သားရှိရာတွဲဆီကို သွားနိုင်ပြီဆိုတဲ့ အသိက ကျမဘဝမှာ ပြည့်စုံ သွားသလို ခံစားလိုက်ရတယ်။
သားလေးက ကျမကိုမြင်တော့ စကားမပြောနိုင်ဘဲ မျက်ရည်တွေ ကျနေတယ်။ သူု့ရဲ့ ထိတ်လန့်တုန်လှုပ်မှု ကို ခုချိန်ထိ တွေးမိတိုင်း ကြောက်နေ တယ်တဲ့။
ကျမ မီးရထားကြမ်းပြင်ပေါ် ထိုင်ချလိုက်ချိန်မှာ မီးရထားရဲက အပိုငွေ ထပ်ပေးရမယ်လို့ ပြောလာတယ်။ ဒီမှာတင် ကျမခံစားလာရသမျှ ရင်ထဲမဆံ့တဲ့ စကားလုံးတွေနဲ့ သူ့ကို ပစ်ပေါက်လိုက်တယ်။
“ရှင်တို့မှာ ကိုယ်ချင်းစာစိတ် မရှိဘူးလား။ လက်မှတ်ခ သုံးဆပိုပေးပြီး ကျမ ထိုင်ခုံမဲ့ လိုက်လာတယ်။ လိုချင်ရင် ကျမအသားသာ လှီးယူ တော့၊ ကျမတို့သားအမိ လမ်းမှာစားဖို့ ထမင်းစရိတ်တောင် မချန်ဘဲ လက်မှတ်ခ ပေးခဲ့တာ။”
“စစ်ထောက်လှမ်းရေးက မတရားဖမ်းဆီးထားတဲ့လူတွေ လွှတ်မယ်ဆိုတဲ့ သတင်း သတင်းစားထဲမှာ ပါလို့ ကျမတို့က နိုင်ငံရေး အကျဉ်း သားကို သွားကြိုတာ။ မလွတ်လာတဲ့အပြင် ကျမတို့် လမ်းခရီးမှာ ရောက်လိုက်တဲ့ ဒုက္ခတွေ။ အဇာတသတ် မြေမြိုတယ်ဆိုတာ ကျမ လောက် ပူမယ်မထင်ဘူး”
ဒီစကားတွေက ကျမဘဝရဲ့ တိုက်ပွဲကြွေးကြော်သံတွေ.....................။
မန္တလေး-ရန်ကုန် အမြန်ရထားကြီးဟာ ဒီဇယ်တွေနဲ့ မောင်းနှင်ခဲ့တာမဟုတ်ဘူး။ မေတ္တာတရားတွေနဲ့ မောင်းနှင်ခဲ့တယ်။ လက်မှတ်ခ အပို ငွေ ထပ်တောင်းတဲ့ မီးရထားရဲက သူ့ထိုင်ခုံကို ကျမတို့သားအမိအတွက် ပေးခဲ့တယ်။
ကျမနဲ့သားကို ရေသန့်ဗူးတွေ၊ ထမင်းဗူးတွေ ပေးပြီး ခရီးသည်တွေက ကျွေးခဲ့တယ်။ မီးတောက်နေတဲ့ ကျမနှလုံးသား ကို သူတို့မေတ္တာ တွေနဲ့ အနာသက်သာစေခဲ့တာကို ကျမ ခုချိန်ထိ အမှတ်ရနေဆဲပါ။ ။
အဖွဲ့ ချုပ်ကိုယ်စားလှယ် ဦးဇေယျာသော် နှင့် ဒေါ်စန္ဒာမင်း မန္တလေးလူထုနှင့်ထိတွေ့ ဆက်ဆံနှုတ်ဆက်ဖို့ ရှိ
![]() |
ဦးဇေယျာသော် ကို ဒေါ်အောင်ဆန်းစုကြည် နှင့်အတူတွေ့ ရစဉ် |
ဖေဖေါ်ဝါရီလ
၎ရက် ၅ရက်တို့ တွင် မန္တလေးခရီးစဉ် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ၏
ဟောပြောပွဲ စီစဉ် ထားမှုမှာ ပျက်ပြယ်သွားကြောင်းသတင်းများကြားသိနေရချိန်တွင် မန္တလေးတိုင်း ( နေပြည်တော်ကောင်စီနယ်မြေ)ဇမ္ဗူသီ ရိ မြို့ နယ် မှ ရွေးကောက်ပွဲ
ပါဝင်ယှဉ်ပြိုင်မည့်  ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း (ခ) ရွှီး ( ၈၈ မျိုးဆက်
ကျောင်းသား ) သည် မူလ စီစဉ်ထားသည့် အတိုင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးသို့ မပျက် မကွက် သွားရောက်မည်ဖြစ်ကြောင်း၊ မန္တလေးတိုင်း လူထုနှင့် ထိတွေ့ 
ဆက်ဆံနှုတ်ဆက်ဖို့ ရှိကြောင်း အဆိုပါ ခရီးစဉ် အတွက် ဖေဖေါ်ဝါရီ ၃ ရက်နေ့ နံနက်တွင်
ရန်ကုန်မြို့ မှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုနေ့တွင် ပင်လုံကျောက်တိုင်ကို ရှမ်းပြည်သားတို့ အလေးပြုမည်
သောကြာနေ့၊ ဖေဖေါ်ဝါရီလ 03 ရက် 2012 ခုနှစ်
ကျော်ခ
သတင်း -
မဇ္ဈိမသတင်းဌာန
၆၅ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့ရှိ
‘ပြည်မတောင်တန်း ပူးပေါင်း ရေးစာချုပ် ကျောက်တိုင်’ အား ဒေသခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်များက ဦးဆောင်ကာ သွားရောက်
အလေးပြုကြမည် ဖြစ်ကြောင်း သိရသည်။
နှစ်ပေါင်း ၂၃ နှစ်တိုင် အလေးပြုခွင့်မရခဲ့သော အဆိုပါ ကျောက်တိုင်ကို ပင်လုံ၊ လဲချား၊ လွိုင်လင်၊ နမ့်စန်မြို့များရှိ NLD အဖွဲ့ဝင်များက ဦးဆောင်ကာ ဒေသခံများနှင့်အတူ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် သွားရောက် အလေးပြုခြင်း ပြုလုပ်ကြ မှာ ဖြစ်သည်။
၈၈ ဒီမိုကရေစီ အရေးအခင်းနောက် ၁၉၈၉ နှစ်တွင်သာ နောက်ဆုံး အလေးပြုခွင့်ရခဲ့ကြောင်း ဒေသခံ NLD အဖွဲ့များ ပြောဆိုချက်အရ သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြည် ထောင်စုအခြေခံ ပင်လုံ စာချုပ်ချုပ်ဆိုခဲ့ပြီး ပင်လုံ ကျောက်တိုင် စိုက်ထူခဲ့ပုံကို မျိုးဆက်သစ်တို့ သိရှိရန် ရည်ရွယ်ကြောင်း တောင်ကြီးမြို့နယ် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်မိုးမိုး က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်ကလည်း
ပြန်ထွက်လာပြီးကတည်းက ၂၁ ရာစု ပင်လုံကို ဦးတည်ထားတယ်လေး။ အရင်က ဗိုလ်ချုပ်
အောင်ဆန်း ဦးဆောင်ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး လုပ်ခဲ့တာတွေ။
ပင်လုံစာချုပ် ချုပ်ဆိုခဲ့ တာ၊ ပင်လုံကျောက်တိုင် စိုက်ထူခဲ့တာတွေကို
မျိုးဆက်သစ် လူငယ်တွေ သမိုင်းကိုမမေ့စေဖို့အတွက် ရည်ရွယ်ပြီး
လုပ်ကြမှာပါပဲ” ဟု ဒေါ်ခင်မိုးမိုး က မဇ္ဈိမကိုပြောသည်။
ထိုသို့ သွားရောက်အလေးပြုရန်အတွက် ဖေဖေါ်ဝါရီ ၇ ရက် ရှမ်းပြည်နယ်နေ့တွင် NLD အဖွဲ့ဝင်များ စုပေါင်း တွေ့ဆုံဆွေးနွေးပြီး ဒေသခံ အစိုးရအာဏာပိုင်များထံ ခွင့်ပြုချက် တောင်းခံသွားမည် ဖြစ်သည်။
ထို့အတူ ဒေသတွင်းပါတီများဖြစ်ကြသည့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ တို့လည်း သွားရောက် အလေးပြုရန်ရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကမူ ဆုံးဖြတ်ထားခြင်းမပြုရသေးကြောင်း စုံစမ်းသိရှိရသည်။
“ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်” ကို ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က လွိုင်လင်နှင့် နမ့်စန် NLD အဖွဲ့ဝင်များက ဦးဆောင်ကာ လူဦးရေ ၅ဝ ကျော်ဖြင့် သွားရောက် အလေးပြုခဲ့ကြပြီး အာဏာပိုင်များက တားဆီးနှောက်ယှက်ခြင်းများ မရှိခဲ့ဟု လွိုင်လင် NLD အဖွဲ့ဝင် ဒေါ်မီးမီး က ပြောသည်။
“၈၉ နောက်ပိုင်းမှာ ကျောက်တိုင်ကို သွားအလေးပြုရင် အာဏာပိုင်တွေက လိုက်စောင့်ကြည့်တာ၊ နှောင့်ယှက် တာတွေ၊ တားမြစ် မှုတွေ ရှိတော့ နောက်ပိုင်း ဘယ်သူမှ မသွားရဲတဲ့အနေအထား ဖြစ်သွားတာပေါ့။ လွတ်လပ်ရေးနေ့က သွားတော့ ဘာအနှောက်ယှက် အတားဆီးမှ မရှိတော့ဘူး” ဟု ဒေါ်မီးမီး က မဇ္ဈိမကိုပြောသည်။
ပင်လုံစာချုပ်သည် ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ လွတ်လပ်ရေး ကို တောင်းတန်း/ ပြည်မ မခွဲခြားဘဲ အတူရယူရန် ၁၉၄၇ ခုနှစ်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ချုပ်ဆိုခဲ့ကြပြီး အထိမ်းအမှတ် အဖြစ် “ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်” ကို စိုက်ထူခဲ့ခြင်းဖြစ်သည်။
“ပြည်ထောင်စု ပေါ်ပေါက်လာတာ ပင်လုံစာချုပ်က အဓိကပဲ ပင်လုံ စာချုပ်ချုပ်ဆိုလို့ပဲ ပြည်ထောင်စုကြီး ဖြစ်လာတာ ဖြစ်တယ်။ ကချင်ပြည်ထောင်၊ ရှမ်းပြည်ထောင် စသဖြင့် အဲလိုပြည်ထောင်တွေကို စုထားတော့ ပြည်ထောင်စုလို့ခေါ်တာပေါ့။ ဒါကြောင့် ပြည်ထောင်စုနေ့က မြန်မာတနိုင်ငံလုံးအတွက် အရေးပါတယ်” KIO ကချင်လွတ်မြောက်ရေး တပ်မတော်မှ အမြဲတမ်း ဗဟို ကော်မတီဝင် လမာဂွမ်ဖန်း က ပြောသည်။
ပင်လုံစာချုပ်တွင် "တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မူအားဖြင့် လက်ခံသည်" "တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံများ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်" ဟု စာချုပ်၌ ပါရှိသည်။
“ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးဆိုတဲ့ အဓိက စကားရပ်ကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်အောင်ဆိုလို့ရှိရင် ကျနော်တို့ အချင်းချင်းကြားမှာ စေ့စပ်ဆွေးနွေးရေးတွေ အများကြီး ကြိုးပမ်းသွားရမှာ ဖြစ်တယ်။ အဲလိုလုပ်နိုင်မှ သာယာဝပြောတဲ့ တကယ်စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာမယ် လို့မျှော်လင့်ပါတယ်” ဟု လမာဂွမ်ဖန်း က ပြောသည်။
၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဇိုမီးအမျိုးသားကွန်ကရက် က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် 'ဒုတိယပင်လုံညီလာခံ' ခေါ်ယူရေး အဆိုပြုခဲ့ပြီး နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ၎င်းအဆိုကို အကောင်အထည်ဖော်ရန် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ထံ လွှဲပြောင်းတာဝန်ပေးခဲ့သည်။
နှစ်ပေါင်း ၂၃ နှစ်တိုင် အလေးပြုခွင့်မရခဲ့သော အဆိုပါ ကျောက်တိုင်ကို ပင်လုံ၊ လဲချား၊ လွိုင်လင်၊ နမ့်စန်မြို့များရှိ NLD အဖွဲ့ဝင်များက ဦးဆောင်ကာ ဒေသခံများနှင့်အတူ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် သွားရောက် အလေးပြုခြင်း ပြုလုပ်ကြ မှာ ဖြစ်သည်။
၈၈ ဒီမိုကရေစီ အရေးအခင်းနောက် ၁၉၈၉ နှစ်တွင်သာ နောက်ဆုံး အလေးပြုခွင့်ရခဲ့ကြောင်း ဒေသခံ NLD အဖွဲ့များ ပြောဆိုချက်အရ သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပြည် ထောင်စုအခြေခံ ပင်လုံ စာချုပ်ချုပ်ဆိုခဲ့ပြီး ပင်လုံ ကျောက်တိုင် စိုက်ထူခဲ့ပုံကို မျိုးဆက်သစ်တို့ သိရှိရန် ရည်ရွယ်ကြောင်း တောင်ကြီးမြို့နယ် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်ခင်မိုးမိုး က ပြောသည်။
၆၅
နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပင်လုံမြို့ရှိ ‘ပြည်မတောင်တန်း
ပူးပေါင်းရေးစာချုပ် ကျောက်တိုင်’ အား ဒေသခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD အဖွဲ့ဝင်များက ဦးဆောင်ကာ သွားရောက် အလေးပြုကြမည် (ဓါတ်ပုံ မဇ္ဈိမ)
ထိုသို့ သွားရောက်အလေးပြုရန်အတွက် ဖေဖေါ်ဝါရီ ၇ ရက် ရှမ်းပြည်နယ်နေ့တွင် NLD အဖွဲ့ဝင်များ စုပေါင်း တွေ့ဆုံဆွေးနွေးပြီး ဒေသခံ အစိုးရအာဏာပိုင်များထံ ခွင့်ပြုချက် တောင်းခံသွားမည် ဖြစ်သည်။
ထို့အတူ ဒေသတွင်းပါတီများဖြစ်ကြသည့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ တို့လည်း သွားရောက် အလေးပြုရန်ရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကမူ ဆုံးဖြတ်ထားခြင်းမပြုရသေးကြောင်း စုံစမ်းသိရှိရသည်။
“ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်” ကို ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က လွိုင်လင်နှင့် နမ့်စန် NLD အဖွဲ့ဝင်များက ဦးဆောင်ကာ လူဦးရေ ၅ဝ ကျော်ဖြင့် သွားရောက် အလေးပြုခဲ့ကြပြီး အာဏာပိုင်များက တားဆီးနှောက်ယှက်ခြင်းများ မရှိခဲ့ဟု လွိုင်လင် NLD အဖွဲ့ဝင် ဒေါ်မီးမီး က ပြောသည်။
“၈၉ နောက်ပိုင်းမှာ ကျောက်တိုင်ကို သွားအလေးပြုရင် အာဏာပိုင်တွေက လိုက်စောင့်ကြည့်တာ၊ နှောင့်ယှက် တာတွေ၊ တားမြစ် မှုတွေ ရှိတော့ နောက်ပိုင်း ဘယ်သူမှ မသွားရဲတဲ့အနေအထား ဖြစ်သွားတာပေါ့။ လွတ်လပ်ရေးနေ့က သွားတော့ ဘာအနှောက်ယှက် အတားဆီးမှ မရှိတော့ဘူး” ဟု ဒေါ်မီးမီး က မဇ္ဈိမကိုပြောသည်။
ပင်လုံစာချုပ်သည် ဖဆပလ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ လွတ်လပ်ရေး ကို တောင်းတန်း/ ပြည်မ မခွဲခြားဘဲ အတူရယူရန် ၁၉၄၇ ခုနှစ်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ ချုပ်ဆိုခဲ့ကြပြီး အထိမ်းအမှတ် အဖြစ် “ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်” ကို စိုက်ထူခဲ့ခြင်းဖြစ်သည်။
“ပြည်ထောင်စု ပေါ်ပေါက်လာတာ ပင်လုံစာချုပ်က အဓိကပဲ ပင်လုံ စာချုပ်ချုပ်ဆိုလို့ပဲ ပြည်ထောင်စုကြီး ဖြစ်လာတာ ဖြစ်တယ်။ ကချင်ပြည်ထောင်၊ ရှမ်းပြည်ထောင် စသဖြင့် အဲလိုပြည်ထောင်တွေကို စုထားတော့ ပြည်ထောင်စုလို့ခေါ်တာပေါ့။ ဒါကြောင့် ပြည်ထောင်စုနေ့က မြန်မာတနိုင်ငံလုံးအတွက် အရေးပါတယ်” KIO ကချင်လွတ်မြောက်ရေး တပ်မတော်မှ အမြဲတမ်း ဗဟို ကော်မတီဝင် လမာဂွမ်ဖန်း က ပြောသည်။
ပင်လုံစာချုပ်တွင် "တောင်တန်းဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိကြောင်း မူအားဖြင့် လက်ခံသည်" "တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံများ အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်" ဟု စာချုပ်၌ ပါရှိသည်။
“ပြည်ထောင်စုတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးဆိုတဲ့ အဓိက စကားရပ်ကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်အောင်ဆိုလို့ရှိရင် ကျနော်တို့ အချင်းချင်းကြားမှာ စေ့စပ်ဆွေးနွေးရေးတွေ အများကြီး ကြိုးပမ်းသွားရမှာ ဖြစ်တယ်။ အဲလိုလုပ်နိုင်မှ သာယာဝပြောတဲ့ တကယ်စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာမယ် လို့မျှော်လင့်ပါတယ်” ဟု လမာဂွမ်ဖန်း က ပြောသည်။
၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဇိုမီးအမျိုးသားကွန်ကရက် က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် 'ဒုတိယပင်လုံညီလာခံ' ခေါ်ယူရေး အဆိုပြုခဲ့ပြီး နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ၎င်းအဆိုကို အကောင်အထည်ဖော်ရန် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ထံ လွှဲပြောင်းတာဝန်ပေးခဲ့သည်။
ကင်တာနားနှင့် ၈၈မျိုးဆက်ကျောင်သားတို့ တွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားနှင့် ၈၈
မျိုးဆက်ကျောင်းအဖွဲ့နှင့်ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်ပြောင်းလဲမှု့များကို
လေ့လာပြီး ၄င်း တို့၏ သဘောထားအမြင်များအား သက်ဆိုင်ရာသို့ အစီရင်ခံရမည်
ဖြစ်ကြောင်း သိရှိရသည်။

“နောက်ဆုံးကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး
လွတ်မြောက်ဖို့ရယ် ပြည်တွင်းငြိမ်းချမ်းရေး အာမခံချက်ရဖို့ ပြည်တွင်းမှာ
ပြင်ဆင် ပြောင်းလဲရမယ့် ဥပဒေတွေရယ် သတင်း မီဒီယာလွတ်လပ်ခွင့်
ကျောင်းသားသမဂ္ဂ ကိစ္စတွေကို ပြောဖြစ်ခဲ့တယ်” ဟု ကိုမင်းကိုနိုင်မှ ပြောသည်။
အဆိုပါ
တွေဆုံမှု့တွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊
ပြည်တွင်းငြိမ်းချမ်းရေး အတွက် အာမခံချက်ရရေး၊ ပြည်တွင်း၌ ပြင်ဆင်
ပြောင်းလဲရမည့် ဥပဒေရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့် နှင့်
ကျောင်းသားသမဂ္ဂကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသားများ
ထံမှ သိရှိရသည်။
“မြန်မာနိုင်ငံ
ပြုပြင်ပြောင်းလဲရေးအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်း တွေရဲ့
စိုးရိမ်ချက်တွေကို လျှော့ပေါ့ပြီးတော့ အမြန်ဆုံးပြုပြင်ပြောင်းလဲနိုင်ဖို့
လိုပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းရွက်မယ် ဆိုရင် မစ္စတာ
ကင်တာနားရဲ့ထင်မြင်ချက် ယူဆချက်တွေ တင်ပြချက်တွေကအရေး ပါပါတယ်”ဟု မစ္စတာ
ကင်တာနားနှင့် ပတ်သတ်၍ ကိုဋ္ဌေးကြွယ်မှ သူ၏အမြင်ကို ပြောခဲ့သည်။
မစ္စတာ
ကင်တာနားသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်
ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်
ခရီးစဉ်ဖြစ်ကြောင်းသိရှိရသည်။
၈၈မျိုးဆက်ကျောင်သားများနှင့်
မတွေ့ဆုံမှီ မစ္စတာ ကင်တာနားသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ညနေ ၄း၃၀ နာရီ
အချိန်တွင်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
အောင်ကိုကိုလတ်၊ ထွန်းနေအောင်(ရွှေမြစ်မခ)
ကော်မရှင်မှ ခွင့်ပြုချက်မရရှိသောကြောင့် ဒေါ်အောင်ဆန်းစုကြည်က မန္တလေးခရီးစဉ်ဖျက်သိမ်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏
မန္တလေးတိုင်းဒေသကြီး လူထုစည်းရုံးရေးခရီးစဉ် ကို ဖျက်သိမ်းလိုက်ကြောင်း
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းပြန်ကြားရေးအဖွဲ့မှ
ဦးမျိုးလွင်က အတည်ပြုပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး လူထုစည်းရုံးရေးခရီးစဉ် ကို ဖျက်သိမ်းလိုက်ကြောင်း
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းပြန်ကြားရေးအဖွဲ့မှ
ဦးမျိုးလွင်က အတည်ပြုပြောကြားသည်။
အဆိုပါခရီးစဉ်ဖျက်သိမ်းရခြင်းအကြောင်းအရင်းမှာ မန္တလေးမြို့ရှိ
ဗထူးအားကစားပြိုင်ကွင်းနှင့် မန္တလေးတောင်ခြေရှိ
မြင်းပြိုင်ကွင်းတို့တွင်ပြုလုပ်ရန် ကော်မရှင်မှ ခွင့်ပြုချက်
မရသောကြောင့်ဖြစ်သည်။
“ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဗထူးကွင်းကို ငှားခိုင်းပါတယ်။
ဗထူးကွင်းမှာ လုပ်ခွင့်မရတော့ မြင်းပြိုင်ကွင်းမှာ ထပ်ကြိုးစားကြည့်တယ်။
အဲဒီမှာလဲမရဘူး နောက်ဆုံးရှမ်းတိုင်းရင်းသားအသင်းကိုတော့ ကော်မရှင်က
ခွင့်ပြုချက်ပေးတယ်။ ကျွန်တော်တို့အဓိကထားတဲ့ ဗထူးကွင်းနဲ့
မြင်းပြိုင်ကွင်း နှစ်ခုကို ချမပေးလို့ လက်မခံတဲ့အနေနဲ့
ဒီခရီးစဉ်ကိုဖျက်သိမ်းတာဖြစ်နိုင်တယ် ” ဟု ဦးမျိုးလွင်ကပြောသည်။

မန္တလေးတိုင်းဒေသကြီးလူထု စည်းရုံးရေးခရီးစဉ်ဖျက်သိမ်းခြင်းမှာ
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းပြန်ကြားရေးအဖွဲ့မှ
အတည်ပြုပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းပြန်ကြားရေးအဖွဲ့မှ
အတည်ပြုပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်ခရီးစဉ်တွင် လူထု၏အားပေးကြိုဆိုမှုများကြောင့်
မန္တလေးမြို့သူမြို့သား များမှာလဲ ယခုမန္တလေးခရီးစဉ်တွင်
ကိုယ်ပိုင်အစီအစဉ်များဖြင့် ကြိုဆိုရန်ပြင်ဆင်နေကြချိန်တွင် ခရီးစဉ်ဖျက်သိမ်းကြောင်းသတင်းထွက်လာခဲ့ခြင်းဖြစ်သည်။
မန္တလေးမြို့သူမြို့သား များမှာလဲ ယခုမန္တလေးခရီးစဉ်တွင်
ကိုယ်ပိုင်အစီအစဉ်များဖြင့် ကြိုဆိုရန်ပြင်ဆင်နေကြချိန်တွင် ခရီးစဉ်ဖျက်သိမ်းကြောင်းသတင်းထွက်လာခဲ့ခြင်းဖြစ်သည်။
မင်းမင်းလတ်(ရွှေမြစ်မခ)
“ကျုပ်ပါးစပ် လွတ်လပ်ရေးရပြီ” ဟု ရွှေညဝါ ဆရာတော်မိန့်
တရားဟောခွင့် ပိတ်ပင်ထားခြင်းကာလ ကုန်ဆုံးတော့မည်ဖြစ်၍ မိမိပါးစပ်
လွတ်လပ်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ
သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော်က မိန့်ကြားလိုက်သည်။
ရွှေညဝါဆရာတော်သည် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလမှစ၍ တနှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခံထားရာမှ
ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကန့်သတ်ပိတ်ပင်မှု ကုန်ဆုံးတော့မည် ဖြစ်၍ တရားဟောပုလ္လင်ပေါ်တွင် ပထမဆုံး မိန့်ကြားချင်သည့် စကားနှင့် ပတ်သက်၍ "ကျုပ် ပထမဆုံး ပြောချင်တဲ့စကားကတော့ ကျုပ်ပါးစပ် လွတ်လပ်ရေးရပြီ လို့ပဲ ပြောရမှာပေါ့" ဟု မဇ္ဈိမကို ဆရာတော်က အမိန့်ရှိသည်။
ရွှေညဝါဆရာတော်သည် ၂ဝ၁၂ ခုနှစ်အတွက် တရားဦးကို တာချီလိတ်မြို့တွင် ဖေဖေါ်ဝါရီလ ၁၁၊ ၁၂ ရက်နေ့များတွင် ဟောကြားမည်ဖြစ်ပြီး ၁၃၊ ၁၄၊ ၁၅ ရက်နေ့များတွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့တို့တွင် ဟောကြားမည်ဖြစ်သည်။ ယင်းနောက် ရန်ကုန်အပါအဝင် နယ်မြို့များတွင်လည်း လှည့်လှည်ဟောကြား မည်ဟု သိရသည်။
ဆရာတော်သည် တရားပွဲများအတွင်း ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်သော အသုံးအနှုန်းများကို ထည့်သွင်း ဟောပြော သည်ဟူသည့် အကြောင်းပြချက်ဖြင့် သံဃာ့နာယက မဟာနာယက (မဟန) မှ တရားဟောခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ဆရာတော်က "ကျုပ်တို့ ဘုရားရှင် ဟောထားတဲ့ ပါဋ္ဌိတော်တွေ အဲဒီပါဋ္ဌိတော်တွေကို ဖွင့်ဆိုထားတဲ့ အဋ္ဌကထာတွေ အဲဒီထဲကအတိုင်းပဲ ဟောမှာပဲ။ ပါတဲ့အတိုင်းပဲ ဟောမှာပဲ" ဟုလည်း မဇ္ဈိမကို အမိန့်ရှိသည်။
မဟန ၏ ညွှန်ကြားချက် ထုတ်ပြန်ထားသည့် ကာလ ၂ဝ၁၁ စက်တင်ဘာလအတွင်း မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် ကမ္ဘာ့ဒီမိုကရေစီနေ့တွင် တရားဟောသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဆရာတော် ကျောင်းထိုင် သီတင်းသုံးရာ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့် သင်တန်းမှ မပြုလုပ်ရန် မဟန မှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့ခြင်း ဖြစ်ပေါ်ခဲ့သည်။
ဆရာတော်သည် သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖေဖေါ်ဝါရီလလ ၁၉ ရက်နေ့ နောက်ဆုံးထားထွက်ခွာ ပေး ရန်လည်း မဟန ထံ ကတိပြုလက်မှတ် ရေးထိုးထားရသည်။
ရွှေညဝါဆရာတော်၏ အဆိုပါ ဖြစ်ရပ်နှင့် အလားတူပင် ရန်ကုန်တိုင်း မှော်ဘီ မင်္ဂလာကျောင်းတိုက်မှ ဓမ္မကထိက ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) ကိုလည်း မဟန မှ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ အတွင်းက တရားဟောခွင့် ပိတ်ပင်ခဲ့သေးသည်။
ထို့အပြင် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းကြောင့် ထောင်ကျခံခဲ့ရပြီး ဇန်နဝါရီလအတွင်း ပြန်လည် လွတ်မြောက်လာသည့် ဆရာတော်များကို မရမ်းကုန်းမြို့နယ် အတွင်းရှိ ပေါက်စေတီ ကျောင်း တိုက်တွင် သိက္ခာ ထပ်ရန်နှင့် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ တွေ့ဆုံပွဲလုပ်ရန် ကြိုးပမ်းမှုကိုလည်း မဟန မှ ကြာသာပတေးနေ့တွင် တားမြစ်လိုက်သည်။
သံဃာတော် ၃၈ ပါးကို ပင့်ဖိတ်ကာ သိက္ခာထပ်ရန်နှင့် လှူဖွယ်ဝတ္ထုများကို လှူဒါန်းရန် စနေနေ့တွင် ပြုလုပ်ရန် ဖိတ်စာ ၁၅ဝဝ ခန့် ဖိတ်ကြားထားပြီးမှ မဟန မှ ပိတ်ပင်မှုကြောင့် အစီအစဉ် ပျက်သွားသည်ဟု ကမကထလုပ် စီစဉ်သူနိုင်ငံရေး အကျဉ်းသားဟောင်း ဦးကိုကိုလေးက မဇ္ဈိမကို ပြောသည်။
"တိုင်းသံဃာ့ နာယက က လှမ်းပြီးပိတ်တယ်။ ကျောင်းမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ပွဲ လုပ်လို့ မရတော့ ဘူးပေါ့။ ကျနော်တို့ လုပ်ခွင့်မရတော့ဘူး" ဟု မဇ္ဈိမကို ပြောသည်။
ထောင်ကျခံရာမှ ပြန်လွတ်လာသည့် ဆရာတော်များမှာ မဂ္ဂင်ဆရာတော်ကြီးနှင့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု
ခေါင်းဆောင် ဦးဂမ္ဘီရတို့ အပါအဝင် ရန်ကုန်မြို့ရှိ ငွေကြာယံကျောင်းတိုက်၊ မင်္ဂလာဒုံကျောင်းတိုက်တို့မှ ဆရာတော်များ ပါဝင်သည်။ ထို့အပြင် ပခုက္ကူ၊ ဖျာပုံ၊ မြင်းခြံ၊ မုဒုံမြို့များမှ ဆရာတော်များကိုလည်း ပင့်ဖိတ်ထားသည်ဟု ဦးကိုကိုလေးက ပြောသည်။
နယ်မြို့များမှ ဆရာတော်အချို့လည်း အဆိုပါ ပွဲသို့ကြွရောက်ရန် ရန်ကုန်မြို့ ကျောင်းတိုက်များတွင် ယာယီသီတင်းသုံး နေပြီဖြစ်ပြီး စနေနေ့နံနက်တွင် ဆရာတော် တပါးချင်းဆီသို့ သွားရောက်ကာ လှူဖွယ်ဝတ္ထုများ လှူဒါန်းရန်ရှိသည်ဟု အဆိုပါ အစီအစဉ် ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ကိုညီညီထွန်းက မဇ္ဈိမကိုပြောသည်။
အထက်ပါ ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖေါ်ဆောင် နေသည်ဟု ဆိုသော်လည်း နှေးကွေးလွန်းသည်ကို "ကျနော်တို့ကို လျှောက်ခွင့်ပြုတဲ့ လမ်းလေးက ဝါးလုံးတံတားလေး လောက်ပဲ ပေါ့ဗျာ၊ ခနော်ခနဲ့နဲ့ ဝါးလုံးတလုံးထဲနဲ့ လုပ်ထားတဲ့ တံတားလေးကို ကျနော်တို့ ဖြည်းဖြည်းလျှောက်နေရတဲ့ သဘော ဖြစ်နေတယ်။ ကျနော်တို့ကို လမ်းမပေးသေးဘူး" ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကိုကိုလေးက ညွှန်းဆို ပြောပြ သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီဖော်ဆောင်ရေး၊ လူ့အခွင့်အရေး တိုးတက်ရန်တို့အတွက် ကြိုးပမ်းဖေါ်ဆောင် နေပြီး နောက်ကြောင်းပြန်လှည့်ရန် မရှိဟု ဦးသိန်းစိန် အစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက အယ်လ်ဂျာဇီးယား သတင်းဌာနကို ဒီဇင်ဘာလ အတွင်းက ပြောကြားခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နိုင်ပါမည်လော
ဥပဒေဘက်တော်သားတစ်ဦး
ဇန်န၀ါရီ ၃၊ ၂၀၁၂
၁။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်လျက် ၁-၄-၂၀၁၂
ခုမှာကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အောင် နိုင်ရေး၊
မိမိကိုယ်တိုင် ကော့မှူးမဲဆန္ဒနယ်မှာ အောင်ပွဲခံ၊ အနိုင်ရရှိရေးအတွက်
ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် မအိပ်မနေကြိုးပမ်းနေ သည့်
ဒေါ်အောင်ဆန်းစုကြည်သို့ မြန်မာနိုင်ငံရေးခရီးမှာ ရင်ဆိုင်ရဖွယ်ရှိသည့်
ပြဿနာများကို ကျွန်တော်လေ့လာမိသလောက် သန့်စင် သောစေတနာဖြင့် တင်ပြလိုပါသည်။ဇန်န၀ါရီ ၃၊ ၂၀၁၂
၂။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုလို လှုပ်ရှားဆောင်ရွက်လာနိုင်သည့် အခြေခံအကြောင်းရင်းဟာ နေပြည်တော်မှာ သမ္မတကြီး ဦး သိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာက စတင်ဖြစ်ပေါ်လာခဲ့သည်ဆိုလျှင် ငြင်းစရာမရှိဟု ထင်ပါ သည်။ အဲဒီဆွေးနွေးပွဲမှာ သမ္မတကြီးကလည်း ဖြစ်ကြောင်းကုန်စင်၊ ဘ၀င်ကျလောက်အောင် ကြံ့/ဖွံ့အစိုးရနှင့် နိုင်ငံတော်မှာ မွဲပြာကျနေပုံတွေကို အိတ်သွန်ဖာမှောက်ပြောပြခဲ့ပြီး ဒေါ်စု ကလည်း NLD ရှေ့ ဆက်လက်ရပ်တည်နိုင်ရေးနှင့် ပြည်တွင်းပြည်ပကို ဘယ်လိုဘယ်ပုံ စည်းရုံးဆက်သွယ်ပေးနိုင်ပုံတွေကို တစ်စမကျန် ပြောခဲ့ဟန်ရှိပါသည်။
၃။ အဲဒီလို တွေ့ဆုံကြပြီးအပြန်မှာ NLD အမှုဆောင်စည်းဝေးပွဲခေါ်ပြီး “ကျွန်မအနေနဲ့ ဦးသိန်းစိန်ကို ယုံကြည်တယ်။ NLD ပါတီကို မှတ်ပုံ ပြန်တင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်။ ကျွန်မကို ထောက်ခံကြပါ။ တာဝန်ယူပါတယ်” ဆိုပြီး အခုလို ပါတီမှတ်ပုံတင်၊ ကြားဖြတ်ရွေး/ပွဲဝင်ဖို့ ဆောင်ရွက်ခဲ့သည်ဟု ယူဆပါသည်။ ဒီလို ဆောင်ရွက်နိုင်အောင် ဦးသိန်းစိန်က ၂၀၁၀ ရွေးကောက်ပွဲဥပဒေနဲ့ နည်းဥပဒေထဲက ပုဒ်မအချို့ကို ပြင်ပေးခဲ့ပါသည်။ ထောင်ကျခံနေရသူ ရွေး/ပွဲဝင်ခွင့်၊ ၂၀၀၈ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့် စကား အစား လေးစား “လိုက်နာပါမည်”ဟု ပြင်ဆင်ချက်၊ အနည်းဆုံး မဲဆန္ဒနယ်သုံးနယ် ၀င်ရောက်ယှဉ်ပြိုင်ရမည်ဟူသော ဥပဒေသုံးခုတို့ကို ပြင်ပေးသည်ဟုဆိုကာ ဒေါ်စုတို့ NLD ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်နိုင်ရန် ကြေညာချက်ထုတ်ခဲ့သည်ဟု မှတ်သားမိပါသည်။ ရွေး ကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါ အရေးကြီးသော ပုဒ်မတို့ကို ပြင်ပေးထားကြောင်း မတွေ့ရပါ။
၎။ အထက်ပါ လိုက်လျောချက်များမှာလည်း ထောင်ကျခံနေရသူ ရွေးး/ပွဲဝင်ခွင့်ဆိုသည်မှာ ယခုအချိန်၌ ဒေါ်စုသည် ထောင်ကျနေသူ မဟုတ်တော့ပါ။ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမည်ဆိုသည့် စကားရပ်အစား လေးစားလိုက်နာပါမည်ဟု ပြင်ဆင်ပေးခြင်း ကလည်း “အရာကြီးနှင့် ကုလားကြီး”ပါပဲ။ ကျွန်တော် အဓိကထားတင်ပြဆွေးနွေးချင်သည်မှာ အောက်ပါအချက်အလက်၊ ဥပဒေများနှင့် သုံးသပ်ချက်များ ဖြစ်ပါသည်။
၅။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိခြင်း ခေါင်းစဉ်အောက်တွင် ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေ ပုဒ်မ ၁၂၁၊ ပုဒ်မခွဲ (စ) ၌ “နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ၊ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ”ဟု ပါရှိပါသည်။
ထိုပုဒ်မ ၁၂၁၊ ပုဒ်ခခွဲ (စ) ပါ ပြဋ္ဌာန်းချက်အတိုင်းပင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ တွင် “အောက်ပါပုဂ်္ဂိုလ်များသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ”ဟူသော ခေါင်းစဉ်အောက်တွင်လည်း ပြဋ္ဌာန်းထားပါသည်။
၆။ အထက်ပါ ပုဒ်မများမှာ ပြဋ္ဌာန်းချက်အရ နိုင်ငံခြားသားထံမှ အခွင့်အရေးများ၊ ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊ ခံစားပိုင်ခွင့် ရှိသူသည် ခံစားသည်ဖြစ်စေ၊ မခံစားသည်ဖြစ်စေ ခံစားခွင့်ရှိပါက ရွေးကောက်ပွဲဝင်ခွင့်မရရှိနိုင်ဟု အဓိပ္ပာယ်ကောက်ယူနိုင်ပါသည်။
၇။ အထက်ပါ ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေပါပုဒ်မကို လုံးဝပြင်ဆင်မထားဘဲ ပြဋ္ဌာန်းထားဆဲရှိပါသည်။ မယုံမရှိပါနှင့်။ ယင်းဥပဒေ များကို လေ့လာကြပါဦးဟု တိုက်တွန်းပါရစေ။
၈။ ထိုသို့ ပြဋ္ဌာန်းထားသည်ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်၏ ပကတိအခြေအနေနှင့် မည်သို့သက်ဆိုင်နေသည်ကို တင်ပြလိုပါသည်။
(က) ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုအက်ဥပဒေကို အောက်ပါအတိုင်း ပါလီမန်တွင် ပြဋ္ဌာန်းခဲ့ပါ သည်။ ထိုအမွေဆက်ခံမှုအက်ဥပဒေပုဒ်မ ၂၂ တွင် ဗုဒ္ဓဘာသာဝင်မဟုတ်သည့်ယောက်ျားက၊ ဗုဒ္ဓဘာသာဝင်မိန်းမကို ထိမ်းမြားရန် ကတိပြု လျှင် ထိုယောက်ျားသည် ထိုမိန်းမကို ဤအက်ဥပဒေအရ ထိမ်းမြားရန် ကတိပြုသည်ဟု မှတ်ယူရပါမည်။
(ခ) ပုဒ်မ ၂၃ တွင် ... ဟိန္ဒူဘာသာ၊ ဆိ(ခ)ဘာသာ၊ ဂျိန္နဘာသာတစ်ရပ်ရပ်ကို ကိုးကွယ်သော ပစ္စည်း မခွဲရသေးသည့် အိမ်ထောင်စုဝင်တစ်ဦး တစ်ယောက်သည် ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဤအက်ဥပဒေအရ ထိမ်းမြားလျှင်၊ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခြင်းခံရလျှင် ထိုသူသည် ထိုအိမ်ထောင်မိသားစုမှ ခွဲခွာပြီဟု မှတ်ယူရမည်။ ထို့ပြင် ပစ္စည်းခွဲဝေခြင်းမပြုမီ ထိုသူသေဆုံးလျှင် ထိုသူပိုင်သည့်ဆိုင်ရာ ဆိုင် ခွင့်သည် ထိုသူ၏ မယားနှင့် သားသမီးများသို့ သက်ရောက်ရမည်။
(ဂ) ပုဒ်မ ၂၄ (၁) ဤအက်ဥပဒေပုဒ်မအရ ထိမ်းမြားသူတို့၏ သို့တည်းမဟုတ် ထိမ်းမြားခဲ့သည်ဟု မှတ်ယူခံရသူတို့၏ ပစ္စည်းပိုင်ခွင့်နှင့် စပ် လျဉ်းသောကိစ်္စအားလုံးကို ထိုသူတို့နှင့် ထိုသူတို့၏ မိသားစုအားလုံးသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးချည်း ဖြစ်ဘိသကဲ့သို့ ဗုဒ္ဓဘာသာဓမ္မ သတ်အတိုင်း ဆုံးဖြတ်ရမည်။
၉။ အထက်ပါ ပြဋ္ဌာန်းချက်များကိုသုံးသပ်လျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် ဖြစ်နိုင်အံ့မထင်ပါ။ ၀င်ခွင့်ရလို့ ရွေးကောက်ပွဲနိုင်၍ လွှတ်တော်ထဲရောက်လျှင်လည်း ပြိုင်ဘက်အမတ်လောင်းက ကန့်ကွက်လျှင် လွှတ်တော်ကိုယ်စားလှယ်ဘ၀မှ ပြုတ်၍ “ဖွတ်မရ ဓားမဆုံးသည့်ဘ၀”ရောက်သွားနိုင်ပါသည်။
၁၀။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသား မိုက်ကယ်အဲရစ်၏ ဇနီးဖြစ်ပါသည်။ မိုက်ကယ်အဲရစ်သည် နိုင်ငံခြားအစိုးရ၏ လက် အောက်ခံဖြစ်ပြီး တိုင်းတစ်ပါးသားလည်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်ဖြစ်သည်ဟုလည်း သိရပါသည်။ အမွေမခွဲမီ သေဆုံးခဲ့သဖြင့် သူခံစား ခွင့်ရှိသောအမွေပစ္စည်းများကို ဒေါ်အောင်ဆန်းစုကြည် ခံစားခွင့် ရှိပါသည်။ ခံစားမှုမပြုဟု ပြောနိုင်သော်လည်း ဥပဒေအရ ခံစားခွင့်ရှိကြောင်း ထင်ရှားပါသည်။ ထိုသို့ဆိုလျှင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀ နှင့် အခြေခံဥပဒေ ၁၂၁-ပုဒ်မခွဲ (စ) တို့တွင် ပြဋ္ဌာန်းထားချက်များနှင့် အရေး ယူလျှင်ခံရနိုင်ဘွယ် ရှိပါသည်။
၁၁။ ရွေးကောက်ပွဲဥပဒေကို ပြင်လိုက ပြင်နိုင်သော်လည်း အခြေခံဥပဒေ ၁၂၁ (စ) ကို ပြင်ရန်မှာ အလွန်ခဲယဉ်းပါသည်။ ပြည်သူ့လွှတ် တော်တွင် လွှတ်တော်ကိုယ်စားလှယ် ၇၅% ကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရပါမည်။ လက်ရှိ ပြည်သူ့လွှတ်တော်တွင် ကြံ့/ဖွံ့အမတ် ၆၀% နှင့် တပ်မတော်ကိုယ်စားလှယ် ၂၅% ရှိသည်ဟု မှတ်သားမိပါသည်။ အခြားအမတ်များသည် ၂၀% ပင် မရှိပါ။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်း စုကြည်သည် အမတ်မဖြစ်နိုင်ပါ။ အမတ်ဖြစ်ဖို့ အင်္ဂါရပ်တွင် ပါဝင်သော ပုဒ်မ ၁၂၀၊ ၁၂၁ တို့နှင့် မညီလျှင် မည်သူ့ကိုမျှ ၀န်ကြီးမခန့်နိုင်ပါ။ ဒုသမတဖြစ်ဖို့ဆိုလျှင်လည်း အခြေခံဥပဒေပုဒ်မ ၅၉၊ ပုဒ်မခွဲ (စ) အရ သားသမီးများ နိုင်ငံခြားသားဖြစ်နေလျှင် ဒုသမ္မတ မဖြစ်နိုင်ပါ။
၁၂။ ကျွန်တော့်တင်ပြချက်များသည် ဥပဒေပါအတိုင်းဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကြိုတင်စဉ်းစားနိုင်ရန်သာဖြစ်ပါသည်။ ဦး သိန်းစိန်အစိုးရက လိုက်လျောလျှင် ရနိုင်မည်ဆိုပါက ၀မ်းမြောက်ဘွယ်၊ ဂုဏ်ယူဘွယ် ဖြစ်ပါသည်။ လိုက်လျောနိုင်အံ့မထင်ပါ။ ၁၉၉၀ ခု ရွေးကောက်ပွဲတုန်းက ဗဟန်းမြို့နယ်အတွက် ကိုယ်စားလှယ်လောင်းကို ဒေါ်အောင်ဆန်းစုကြည်အား တင်သွင်းရာတွင် တစညကိုယ်စား လှယ်အမတ်လောင်း ဦးလဗန်ဂရောင်က ကန့်ကွက်၍ ဒေါ်စုရွေးကောက်ပွဲမ၀င်ခဲ့ရသည်ကို ပြန်လည်သတိရ၍ လိုအပ်သည်တို့ကို ကာ ကွယ်နိုင်ရန် ရိုးသားစွာတင်ပြအပ်ပါသည်။ NLD ဥပဒေပညာရှင်များနှင့်လည်း တိုင်ပင်သင့်သည်ဟု အကြံပြုလိုပါသည်။
Friday, February 3, 2012
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး တက္ကသိုလ် စာမေးပွဲ အချိန်စာရင်း ရုတ်တရက် ကြေညာ
လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။
ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုလိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။
ပုသိမ်တက္ကသိုလ်
ဥပဒေ ဒုတိယနှစ်ကျောင်းသူတဦးက “ဒေါ်စုလာမှာမို့လို့ သူတို့ကျောင်းမှာ မဖြစ်မနေရှိနေအောင်လုပ်တာ၊ ၆ ရက်နေ့ဆိုရင်လည်း မနက် ၈နာရီခွဲကတည်းက ပြည်နယ်ဝန်ကြီးချုပ်လည်း တက္ကသိုလ်ထဲလာမယ်၊ ဘာသာရပ်တခုကို လူ ၅၀ တက်ရမယ်၊ မပါတဲ့သူလည်း ကျောင်းဝင်းထဲမှာရှိရမယ်လို့ ပြောထားတယ်” ဟုပြောသည်။
“အဲဒီနေ့ စာမေးပွဲရှိတယ်လို့ မကြားမိဘူး၊ ၂ ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ဆရာမက စာမေးပွဲရှိတာကိုလာပြောတာ၊ ကျောင်းသားကျောင်းသူတွေက စာမေးပွဲတွက် ဘာမှ မပြင်ထားတော့ ဖြေနိုင်မှာမဟုတ်ကြောင်းပြောတယ်၊ ဒါပေမယ့် မဖြေနိုင်လည်း စာမေးပွဲခန်းထဲ ထိုင်နေရုံနဲ့ အမှတ်ရမယ်ပြောတယ် ” ဟု အင်္ဂလိပ်စာ တတိယနှစ် ကျောင်းသူတဦးကလည်း YPI သို့ပြောသည်။
စာမေးပွဲကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ဘာသာရပ်အားလုံး တရက်ထည်းနှင့် အပြီးဖြေဆိုရန် အချိန်စာရင်းထုတ်ပြန်ထားကြောင်းလည်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။
”ဒီစာမေးပွဲကိုဝင်မဖြေရင် ကျောင်းခေါ်ချိန်မပြည့်ဘူးလို့ သတ်မှတ်ပြီး ပထမနှစ်ဝက်စာစာမေးပွဲရော ဒုတိယနှစ်ဝက် စာမေးပွဲပါဖြေဆိုခွင့်မရှိဘူးလို့ ကျောင်းမှာ သတိပေးထားတယ်” ဟု ဒုတိယနှစ် ဥပဒေ ကျောင်းသားတစ်ဦးက ပြောသည်။
ဖေဖေါ်ဝါရီလအတွင်း ယခုကဲ့သို့ စာမေးပွဲကျင်းပသည်မှာ ပုသိမ်တက္ကသိုလ်တွင် ယခင်တခါမှ မကြုံဖူးသေးကြောင်းကိုလည်း တက္ကသိုလ်ဆရာ၊ ဆရာမများကဆိုသည်။ ၆ ရက်နေ့တွင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးညွန့်ဖေ တို့က “ကျောင်းပညာရေး တိုးတက်စေရန် ”ဟူသည့် ခေါင်းစဉ်ဖြင့်ဟောပြောမည်ဟုလည်း ကျောင်းသားကျောင်းသူများအား အသိပေးထားသည်။
ပုသိမ်တက္ကသိုလ်က ယခုကဲ့သို့ ရုတ်တရက်ကြေညာသော်လည်း ပုသိမ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင်မူ အလားတူညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်း မရှိဟုလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်ခရီးစဉ်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန်ဆုံးဖြတ်ပြီးနောက် တတိယမြောက် နယ်ခရီးစဉ်ဖြစ်သည်။ ပထမခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ ဇန်န၀ါရီ ၂၉ ရက်နေ့တွင်သွားရောက်ခဲ့ကာ၊ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာသို့ ရေရရှိရေး အစီအစဉ်ကြည့်ရှုရန် သွားရောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဖေဖေါ်ဝါရီ ၇ ရက်နေ့ ပုသိမ်မြို့သို့လာရောက်စဉ်တွင် ကျောက်တိုင်အားကစားကွင်း၌ နံနက် ၉ နာရီ စတင်ဟောပြောရန် စီစဉ်ထားသည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီ အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရသည်။ ။
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၂ (YPI)
ပုသိမ်ကျောင်သားထုကို အထင်သေးရော့သလား ဦးသိန်းစိန်
Friday, 3 February 2012
ဒေါ်အောင်ဆန်းစုကြည် လာမယ့်နေ့မှာ ပုသိမ်တက္ကသိုလ်က ကျောင်းသားတွေကို စာမေးပွဲဖြေဆိုစေဖို့ ပုံမှန်မဟုတ် တဲ့ ရုတ်တရက်အမိန့်ကို ထုတ်လိုက်ပါတယ်။ ကျောင်းသားတွေဟာ ဘာသာရပ်အားလုံးကို တစ်နေ့တည်း ဖြေဆိုကြရမှာဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီစာမေးပွဲကို လာမဖြေဘူးဆိုရင် ဒေါ်စုလမ်းကြောင်းဆီ သွားကြတယ်လို့ သတ်မှတ်မယ်လို့ ဆရာ/ဆရာမတွေက ပြောတယ်လို့ သိရပါတယ်။ အဲဒီလိုသတ်မှတ်ခံရရင် ဘာဖြစ်မလဲလို့ တချို့ကျောင်းသား တွေရဲ့ အမေးကို သိချင်ရင်လုပ်ကြည့်လိုက် ဆိုပြီး ဆရာမတွေက ပြန်ဖြေတယ်လို့ သိရပါတယ်။ အချိန်ကိုက်ကြေငြာလိုက်တဲ့ မတရားသော စာမေးပွဲကို မကျန်းမာဖြစ်နေတဲ့၊ အဝေးရောက်နေတဲ့ ကျောင်းသားတွေအားလုံး လာရောက်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ကားတွေစီးလုံးငှား ထားပြီးဖြစ်နေကြပါပြီ။ ပုသိမ်မြို့ကို ဒေါ်အောင်ဆန်းစုကြည်လာရောက်တဲ့နေ့မှာ ကျောင်းသားတွေ အနေနဲ့ စာမေးပွဲဖြေဆိုနေကြမလား... ကျောင်းအာဏာကို ဖီဆန်ပြီး ကြိုဆို ကြမလားဆိုတာ စောင့်မျှော်ကြည့်ကြရမှာပါ။ ကျောင်းသားဆိုတာ အစဉ်အလာကောင်းမွန် ခဲ့ကြသူတေ ပဲဖြစ်ပါတယ်။
အဘ ဥက္ကာကိုကို ဖေ့စ်ဘွတ်မှ ...
ဒေါ်အောင်ဆန်းစုကြည် ပုသိမ် နှင့် ကော့မှုး ကို သွားရောက်မည်
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်ရခြင်းအကြောင်းရင်းကို ထုတ်ဖော်ပြောဆို
ရန်ကုန်၊ ဖေဖော်ဝါရီ- ၃
ယခင် န.အ.ဖ အစိုးရလက်ထက်တွင် ၀န်ကြီးဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဦးဌေးဦး၏ ဖွဲ့စည်းပုံ
အခြေခံဥပဒေသည် ပြင်ဆင်ရန်မလိုပါဟု ပြောကြားချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟူသော စကားကို ပါတီစည်းရုံးရေးခရီးစဉ်များတွင် ပြောကြားခဲ့သော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ဒါက လူတွေအားလုံး သဘောထားမတူနိုင်ပါဘူး။ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တဲ့ သူတွေကတော့
ပြင်ချင်တဲ့စိတ်နဲ့ ရေးဆွဲခဲ့မှာမဟုတ်ပါဘူး။ အန်တီတို့က ပြည်သူတွေအတွက် အကျိုးမရှိတာတွေကို ပြင်ချင်တယ်လို့ပြောတာ။ အန်တီတို့ ယုံကြည်ချက်ကြောင့်ပါ" ဟု
သတင်းထောက်တစ်ဦး၏ အမေးကို မှတ်ချက်ပေးပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ရသည့် အကြောင်းအရင်းမှာ
ကရင်တိုင်းရင်းသားများ နေထိုင်ရာဒေသဖြစ်ပြီး ကရင်တိုင်းရင်းသားများနှင့် ပို၍ နီးနီးစပ်စပ် ဆက်ဆံလိုသောကြောင့်ဟု ယနေ့ညနေ ၄း၃၀ နာရီက တက္ကသိုလ်လမ်း
နေအိမ်တွင် ပြုလုပ်ခဲ့သော သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် အမေရိကန်တောင်းဆို

အမေရိကန်လက်ထောက်နိုင်ငံခြားရေး မိုက်ကယ်ပေါ့စ်နာက ၀ါရှင်တန်မှာ အမေရိကန် အမျိုးသားဒီမိုကရေစီထောက်ပံ့ရေးအဖွဲ့ NED က ကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
မိုက်ကယ်ပေါ့စ်နာက ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာကို စောင့်ကြည့်ခွင့်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ကိစ္စ မြန်မာအစိုးရနဲ့ ဆွေးနွေး ခဲ့ဖူးတဲ့ အကြောင်းနဲ့ ပြည်တွင်းက စောင့်ကြည့် လေ့လာသူတွေကိုရော ပြင်ပနိုင်ငံတွေက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ သူတွေ အတွက်ပါ လမ်းဖွင့်ပေးလိမ့်မယ်လို့  အရမ်းကို မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
ဒါ့ပြင် ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပေမယ့် ဒါဟာ လာမယ့် ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲသစ်ဆီ ဦးတည်တဲ့ ဒီမိုကရေစီကူးပြောင်းရေး လမ်းပေါက်သွားမယ်လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
လွှတ်တော် အသီးသီးမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာ ၄၈ နေရာအတွက် မြန်မာနိုင်ငံမှာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းမယ်လို့ မြန်မာရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။
မကြာခင်က မြန်မာနိုင်ငံ သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကတော့ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှု ရှိရင် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူထားမှုတွေ ပယ်ဖျက်ပေးဖို့ ပြဿနာ မရှိနိုင် ဘူးလို့လည်း ပြောကြားခဲ့ဖူးပါတယ်။
အာရှနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ (ANFREL) ခေါ် လွတ်လပ်တဲ့ ရွေးကောက်ပွဲများဆိုင်ရာ အာရှ ကွန် ရက် အဖွဲ့ကတော့ မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို သဘောတူတဲ့အကြောင်း ဒါပေမယ့် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာလေ့လာသူတွေကို ပွင့်ပွင့်လင်းလင်း တရားဝင် ကြိုဆိုမယ့် လက္ခဏာ မတွေ့ရသေး ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
ANFREL ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး မစ္စက်စွမ်ဆရီဟာနန်အန်တစွခ်က “မြန်မာအုပ်ချူပ်ရေး တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံခြား မီဒီယာ တွေနဲ့ သံတမန်တွေ အပါအ၀င် စောင့်ကြည့်သူတွေကို ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရင်က ရွေးကောက်ပွဲကော်မရှင်ကို ဆက် သွယ်ဖို့ ကြိုးစားပေမယ့် တုံ့ပြန်တာမရှိပါဘူး။ ခွင့်ပြုမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘယ်လောက်ပွင့်လင်းလွတ်လပ်မှု ရှိသလဲ သွားကြည့်ချင်တဲ့ ဆန္ဒရှိပါတယ်” လို့ ပြောပါတယ်။
ဒါ့ပြင် မဲဆွယ်မှုတွေအတွက်၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲအကြိုကာလဟာ အရမ်းကို အရေးကြီးတဲ့ အကြောင်း၊ မွန်နဲ့ကချင်တို့လို လူနည်းစုတွေအတွက် အစိုးရက ဘယ်လောက်လမ်းဖွင့် ပေးထားတယ်ဆိုတာ ကြည့်ချင်တဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီတခေါက်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှာဖြစ်လို့ သူဘယ်လောက် လွတ်လပ်ခွင့်ရလဲဆိုတာလည်း နိုင်ငံ တကာ အသိုင်းအ၀ိုင်းက မျက်စိဒေါက်ထောက် ကြည့်နေမှာပါလို့  ANFREL အဖွဲ့ ကဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပြည်တွင်းပြည်ပ လေ့လာသူတွေကို စောင့်ကြည့်ခွင့်ပြုဖို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အ သိုင်း အ၀န်းက တောင်းဆိုခဲ့ဖူးပေမယ့် မြန်မာအစိုးရက ခွင့်ပြုခဲ့ခြင်း မရှိပါဘူး။
အခြေခံဥပဒေ ပြင်စရာမရှိသေးဟု ကြံ့ဖွံ့အတွင်းရေးမှူး ဦးဌေးဦး ပြော
![]() |
လူပျက်ရုပ်နှင့်ဗိုလ်ချုပ်ဟောင်းကြံ့ဖွံ့ပါတီအထွေထွေအတွင်းရေးမှုးဦးဌေးဦး |
ယခင်နအဖ စစ်အစိုးရ စိတ်တိုင်းကျရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြင်ဆင်စရာ အကြောင်းအရာ မရှိသေးကြောင်း ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံပါတီ) ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ယမန်နေ့က ပြောဆိုလိုက်ကြောင်း သိရသည်။
လွတ်လပ်သည့် အာရှအသံ (RFA) နှင့် အင်တာဗျူးတွင် ဗိုလ်ချုပ်ဟောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဌေးဦးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“၂၀၀၈ ဖွဲ့စည်းပုံဟာ နှစ်ပေါင်းများစွာ အချိန်ယူဆွေးနွေးပြီးမှ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်းများစွာကြာအောင် လုပ်ထား ပေမယ့်လည်း အချိန်ကာလ တခုကြာရင် မသင့်တော်ဘူးဆိုရင် ပြင်ရမှာပေါ့။ ဒါပေမယ့် လောလောဆယ်တော့ ပြင်စရာ သိပ်မတွေ့သေး ပါဘူး” ဟု ၎င်းက ပြောထားသည်။
လာမည့်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တချို့ကို ပြင်ဆင်ရန် ကြိုးစားသွားမည်ဟု ဇန်န၀ါရီလ ၂၉ ရက်နေ့ တနင်္သာရီတိုင်း ထားဝယ်ဒေသသို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က လူထုအား ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က “တချို့ရှိနေတဲ့ ဥပဒေတွေက ပြည်သူတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားနိုင်ဖို့ ဟန့်တားထားတဲ့ ဥပဒေ တွေ ရှိပါတယ်။ ဒါတွေကို လွှတ်တော်အတွင်းကနေ ဖယ်ရှားချင်တဲ့ဆန္ဒတွေ ရှိပါတယ်။ နောက်ပြီး တချို့ အနည်းအကျဉ်း ပြန်ပြီးတော့ ပြဋ္ဌာန်းရမယ့် ဥပဒေတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဥပဒေပညာရှင်နှင့် တိုင်ပင်ရာ၌ ပြည်သူများ၏ ဘ၀နှင့် လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုတို့အား မလိုအပ်ဘဲ ချုပ်ချယ်ကန့်သတ်ထားသည့် ဥပဒေများ ပါဝင်နေသည်ကို တွေ့ရ၍ ထိုဥပဒေများကို စတင်ဖယ်ရှားရမည်ဟု ဒေါ် အောင်ဆန်းစုကြည်က ထားဝယ်ပြည်သူလူထုကို ပြောဆိုခဲ့သည်။
ထို ဥပဒေ၌ စစ်တပ်၏ အခန်းကဏ္ဍကို ဦးစားပေးထားခြင်းနှင့် တခြားသော ဥပဒေ အချက်အလက်တချို့ ပြင်ဆင်ရေးကို တခြားသော နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ အတိုက်အခံ အင်အားစုများကလည်း ကြိုးပမ်းသွားမည်ဟု သိရသည်။
ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း အမတ်နေရာ အများစု အနိုင်ရယူထားရမည်ဖြစ်ပြီး ယင်းသို့ အနိုင် ရယူထား နိုင်မှသာလျှင် လွှတ်တော်အင်အား ခိုင်မာတောင့်တင်း မည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြံ့ဖွံ့ပါတီ အထူးအစည်းအဝေးတွင် ဦးဌေးဦးက ပြည်နယ်/တိုင်းတာဝန်ခံများ၊ လွှတ်တော်ကိုယ်စားလှယ်များကို ပြောခဲ့သေးသည်။
Thursday, February 2, 2012
ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံ
By သားညွန့်ဦး
ဓာတ်ပုံ Anonymous
မြန်မာနိုင်ငံကို
၆ ရက်ကြာခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ
လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေး ကင်တာနားဟာ ဒီကနေ့
နေပြည်တော်မှာ အစိုးရခေါင်းဆောင်တွေ တွေ့ဆုံပါတယ်။ မစ္စတာကင်တာနားဟာ
လွှတ်တော်ပိုင်းက ခေါင်းဆောင်တွေကို တွေ့ဆုံဖို့ရှိတဲ့အပြင်
နို်င်ငံရေးပါတီကခေါင်းဆောင်တွေ လူမှုအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့လည်း
တွေ့မယ်လို့ သိရပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
မစ္စတာကင်တာနားဟာ ဒီကနေ့မနက်ပိုင်း နေပြည်တော်ကိုရောက်ရှိပြီး အစိုးရပိုင်း တာဝန်ရှိ ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တာပါ။ လက်ရှိ မြန်မာနိုင်ငံတွင်းက အခြေအနေတွေ အထူးသဖြင့် ဝန်ကြီး ဌာနအလိုက် သက်ဆိုင်ရာ လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ သူ နေပြည်တော်မှာ ရှိစဉ်တော့ အစိုးရပိုင်း တာဝန်ရှိသူတွေကို အဓိကထား တွေ့ဆုံမှာဖြစ်တယ်လို့ ရန်ကုန် ကုလသမဂ္ဂရုံး ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောပါတယ်။
“ဒီကနေ့ မစ္စတာကင်တာနား နေပြည်တော်ရောက်တယ်လေ။ ရောက်ရောက်ချင်းမှာပဲ နိုင်ငံခြားရေး ဒုဝန်ကြီး ဒေါက်တာမျိုးမြင့်၊ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်လှမင်းနဲ့တွေ့တယ်။ တခါ နယ်စပ် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဗိုလ်ချုပ်သိန်းဌေးနဲ့တွေ့တယ်။ အခုနောက်ဆုံး ညနေက ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကိုကိုနဲ့ တွေ့ခဲ့တယ်”
မစ္စတာကင်တာနားဟာ ပြီးခဲ့တဲ့ ၂၀၁၁ သြဂုတ်လအတွင်းက နောက်ဆုံးအကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ လူ့အခွင့်အရေးအခြေအနေတွေကို အခု ခရီးစဉ်အတွင်းမှာ အကဲဖြတ်ဖို့ဖြစ်တယ်လို့ မြန်မာပြည်မလာခင်မှာ မစ္စတာကင်တာနားက ကြေညာချက်ထုတ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံတွင်းမှာ သိသာထင်ရှားတဲ့တိုးတက်ပြောင်းလဲမှုတွေ မြင်နေရတဲ့အချိန်ဖြစ်တာမို့ အခုလို မြန်မာသမိုင်းမှာ အရေးကြီးအချိန်အခါနဲ့တိုက်ဆိုင်ပြီး သူ ရောက်ရှိလာတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အခုဒီခရီးစဉ်အတွင်းက လေ့လာတွေ့ရှိချက်တွေကိုတော့ လာမယ့် မတ်လ ၁၉ ကြိမ်မြောက် လူ့ အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်သွင်းမှာဖြစ်ပါတယ်။ မစ္စတာကင်တာနားအနေနဲ့ မနက်ဖြန် နေပြည်တော်မှာပဲ လွှတ်တော်ပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီနောက် ရန်ကုန်ကို သွားပြီး နိုင်ငံရေးပါတီတွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့လည်း ဆုံတွေ့ဖို့ အစီအစဉ်ရှိပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိတဲ့အပြင် ရန်ကုန်အပြင် တိုင်းရင်းသားဒေသအချို့ကိုလည်း သွားရောက် ကြည့်ရှုမယ်လို့ မျှော်လင့်ရပါတယ်။ မစ္စတာကင်တာနားဟာ ဖေဖဝါရီလ ၅ ရက်နေ့အထိ မြန်မာနိုင်ငံတွင်း ရှိမှာဖြစ်ပြီး ခရီးစဉ်အပြီးမှာတော့ သတင်းစာရှင်းလင်းပွဲတရပ်လုပ်ဖို့ အစီအစဉ်လည်းရှိတယ် ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိက ပြောပါတယ်။
မစ္စတာကင်တာနားဟာ ၂ဝဝ၈ ခုနှစ် မေလကစပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အရင် မြန်မာစစ်အစိုးရကာလတုန်းက မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် နောက်ပိုင်း ကာလတွေမှာ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်မရခဲ့ပါဘူး။ အရပ်သားအစိုးရသစ်တက်လာပြီးနောက် ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြရပါတယ်။
မစ္စတာကင်တာနားအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတာအပါအဝင် အခြား တိုးတက် ပြောင်းလဲမှုတွေကို ကြိုဆိုခဲ့ပေမယ့် လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်စရာတွေ ကျန်နေသေးတယ် လို့ ထောက်ပြခဲ့ပါတယ်။ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ပြောသလို ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ လွတ်လပ်မျှတမှုကို စောင့်ကြည့်မယ်လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်းဖြစ်ခဲ့တဲ့ ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ်မှာ ဘယ်လို တာဝန်ယူ ဖြေရှင်း ကိုင်တွယ်မလဲ ဆိုတာကိုလည်း အခုအချိန်အထိ တွန်းအားပေး မေးခွန်းထုတ်နေသူ ဖြစ်ပါတယ်။

Wednesday, February 1, 2012
ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားသံဃာများ၏ သိမ်တက်ပွဲ ပိတ်ပင်ခံရ
ရန်ကုန်မြို့
မှာ ကျင်းပမယ့် နိုင်ငံရေးအကျဉ်းသား သံဃာတွေရဲ့ သိမ်တက်ပွဲကို
တိုင်းသံဃနာယကက ခွင့်မပြုဘဲ တားမြစ်လိုက်တဲ့အတွက် ပွဲပျက်သွားတယ်လို့
ဦးဆောင်စီစဉ်သူ ဦးကိုကိုလေးက ပြောပါတယ်။
မရမ်းကုန်း
မြို့နယ် ပေါက်စေတီကျောင်းမှာ ဒီလ ၄ ရက်နေ့ ကျင်းပမယ့်
သိမ်တက်ပွဲနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ တွေ့ဆုံပွဲမှာ
လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ သံဃာ ၃၇ ပါးကို သိမ်တက်ဖို့
ပြင်ဆင်ထားတာဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်၊
ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်ဦးတို့လည်း တက်ရောက်
စကားပြောဖို့ ရှိတယ်လို့ ဆိုပါတယ်။
သိမ်တက်ပွဲပျက်ပုံကို
ဦးကိုကိုလေးက “တိုင်းသံဃာနာယကအဖွဲ့က ပိတ်လိုက်တယ်။
ဆရာတော်ကိုယ်တိုင် ဖုန်းဆက်ပြီးတော့ တားတာပါ။ ပထမတော့
အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်မှူးနဲ့လာတားတယ်။ တားတဲ့အခါကျတော့
ဆရာတော်က ကျုပ်တို့က ဘုန်းကြီးတွေပဲ၊ သံဃာတွေပဲ၊
ခင်များတို့ပြောတဲ့အတိုင်း အလှူဒါနကို ပိတ်လို့မရဘူး၊
ပြောလိုက်တဲ့အခါ သူတို့ သံဃာ့နာယကကို သွားလျှောက်ပုံရတယ်။
သံဃာ့နာယကကနေ လာတားတယ်။ အဓိကတော့ နိုင်ငံရေးပါလို့ဆိုပြီး
ပိတ်လိုက်တာပဲ။”
ဒီပွဲကျင်း
ပဖို့ ဖိတ်စာတွေလည်း ဝေငှစီစဉ်ပြီး အနားနီးမှ
ကပ်ဖျက်ခဲ့တာကြောင့် အဲဒီသိမ်တက်မယ့် ကိုယ်တော်တွေထံကို သင်္ကန်း
ပရိက္ခရာ လှူဖွယ်ဝတ္ထုတွေကို လိုက်လံ ဆက်ကပ်မယ်လို့ သူကပြောပါတယ်။
ပြန်လည်လွတ်
မြောက်လာတဲ့ သံဃာတော်တွေကို လွန်ခဲ့တဲ့လက ရန်ကုန်က
ဘုန်းကြီးကျောင်း တကျောင်းမှာ သိမ်တက်ပေးနိုင်ခဲ့ပြီး အခု
ကျန်ရှိတဲ့ သံဃာတွေကို သိမ်တက်ဖို့ စီစဉ်တာလို့ ဦးကိုကိုလေးက
ပြောပါတယ်။
Subscribe to:
Posts (Atom)