Friday, February 10, 2012

ယူနက်စကိုဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံယူ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို  (UNESCO) ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ကြီးက ယူနက်စကို မဒမ်ဂျတ်ဆင်းဂ်ဆု
(UNESCO-Madanjeet Singh Prize) လာရောက် ချီးမြှင့်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆုလက်ခံရယူနေစဉ် (ဓာတ်ပုံ - ရိုက်တာ)
ပြင်သစ်အခြေစိုက် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ရုံးက အမှုဆောင်ညွန်ကြားရေးမှူး မစ္စတာ ယူဟေးဟိုဆိုယာနဲ့ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဒီကနေ့ မနက်ပိုင်းမှာ သွားရောက်ပြီး ဆုပေးအပ်လိုက်တာပါ။
ဒီဆုဟာ စိတ်ရှည်သည်းခံမှုနဲ့ အကြမ်းမဖက်မှုကို ကိုယ်စားပြုတဲ့အကြောင်း၊ ယူနက်စကိုဟာ မြန်မာနိုင်ငံရဲ့  လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ အကူအညီပေးဖို့ အသင့်ရှိတဲ့အကြောင်းနဲ့ ယူနက်စကိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ဘက်က ရပ်တည်တယ်လို့  မစ္စတာ ယူဟေးဟိုဆိုယာက  ဆုပေးအပ်ပြီးနောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း  ဆုချီးမြှင့်တဲ့အတွက်ရယ် ယူနက်စ်စကိုက မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်ပေါင်းများစွာ အစဉ်တစိုက်အမြဲ စိတ်ဝင်တစားရှိခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ ဆုပေးဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေရတဲ့အတွက် တောင်းပန်တဲ့ အကြောင်းနဲ့  ယူနက်စကိုနဲ့ မြန်မာ အရင်ကထက် ပိုပြီး နီးနီးကပ်စွာ အတူတကွ လက်တွဲ အလုပ်လုပ်မယ့် အချိန်ကို မျှော်လင့်နေပါတယ်လို့ ပြောကြားသွားပါတယ်။
ဒီဆုဟာ  ယူနက်စကိုရဲ့ ချစ်ကြည်ရေးသံတမန် အိန္ဒိယ ပန်းချီနှင့်စာရေးဆရာ မဒမ်ဂျတ်ဆင်းဂ်ကို  ဂုဏ်ပြုတဲ့အနေနဲ့  ၁၉၉၆ ကစပြီး ၂ နှစ်တကြိမ် ချီးမြင့်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၂ ခုနှစ် ကတည်းက ပေးအပ်ထားတာ ဖြစ်ပြီး၊ ယခု ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ကိုယ်တိုင်လာရောက် ပေးအပ် ချီးမြှင့်တာ ဖြစ်ပါတယ်။ ဆုအနေနဲ့ ရုပ်တုတခု အပါအ၀င် ငွေသား အမေရိကန်ဒေါ်လာ ၁သိန်း ရရှိတာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ

Thursday, February 9, 2012

၂၀၁၂-၁၃ ကာကွယ်ရေးအသုံးစရိတ် ကျပ် ၆၈၅ ဘီလျံ တိုးမြှင့်လျာထား

ကာကွယ်ရေးဝန်ကြီးဌာနသည် ၎င်း၏ ၂၀၁၂- ၁၃ ဘဏ္ဍာနှစ် အသုံးစရိတ်ကို ယမန်နှစ်ကထက် ကျပ် ၆၈၅ ဒသမ ၀၈၀ ဘီလျံ တိုးမြှင့်လျာထားကြောင်း လွှတ်တော်သို့တင်သွင်းခဲ့သည်။
ဤသို့တိုးမြှင့်လျာထားရခြင်းမှာ နိုင်ငံခြားငွေ လဲနှုန်းများ ပြောင်းလဲသွားခြင်း၊ ခေတ်နှင့်မလျော်ညီတော့သော စစ်ရေး၊ စစ်ထောက် စရိတ်များ တိုးမြှင့်လိုက်ရခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းက ဖေဖော် ၀ါရီလ ၃ ရက် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန် အစည်း အဝေး စတုတ္ထနေ့တွင် လွှတ်တော်သို့ ပြောကြားသည်။
"ယခင်နှစ်ငွေလဲနှုန်း (တရားဝင်) အမေရိကန် တစ်ဒေါ်လာ ၅ ဒသမ ၄ ကျပ်နဲ့ တွက်ချက်ထားရာမှာ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် တစ်ဒေါ်လာကို ကျပ် ၈၀၀ သို့ ပြောင်းလဲတွက်ချက် ရခြင်းကြောင့် ဖြစ်ပါတယ်။ တိုးမြှင့်လျာထားသည့် ငွေထဲတွင် ယနေ့ခေတ် ကုန်ဈေးနှုန်းအရ စက်သုံးဆီ တစ်ဂါလန်လျှင် ကျပ် ၃,၀၀၀ သို့ ပြောင်းလဲ သွားခြင်းကြောင့် ကျပ် ၉၁ ဒသမ ၁၇၃ ဘီလျံ တိုးမြှင့်ခြင်း၊ ခေတ်နှင့်မလျော်ညီသော စစ်ရေး၊ စစ်ထောက်အသုံးစရိတ်များအား တိုးမြှင့်ရမည့် ကျပ် ၃၁ ဒသမ ၁၅၀ ဘီလျံ ပါဝင်လာခြင်းတို့ ကြောင့်ဖြစ်ကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်"ဟု ၎င်းကပြောကြားခဲ့သည်။
၂၀၁၂ - ၁၃ အတွက် အသုံးစရိတ် လျာထားငွေ မှာ ၂၀၁၁ - ၁၂ ဘဏ္ဍာနှစ်၏ ပြုပြင်ပြီး ခန့်မှန့် အသုံး စရိတ်ထက် ၆၈၅ ဘီလျံ တိုးမြှင့်လာသည်ဆိုရာတွင် သာမန်အသုံးစရိတ်၌ ၃၁၅ ဒသမ ၂၄၅ ဘီလျံနှင့် ငွေလုံးငွေရင်းအသုံးစရိတ်၌ ၃၆၉ ဒသမ ၈၃၅ ဘီလျံ တိုးလာခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ပြီးခဲ့သည့် ၂၀၁၁ - ၁၂ ဘဏ္ဍာနှစ်အတွက် မူလလျာထား အသုံးစရိတ်မှာ ကျပ် ၁,၁၀၁ ဘီလျံကျော် (၁,၁၀၁,၅၆၄ ဒသမ ၀၇၉ သန်း) ဖြစ်ခဲ့ပြီး ပြုပြင်ပြီး ခန့်မှန်းအသုံးစရိတ်မှာ ကျပ် ၁,၁၉၂ ဘီလျံ ကျော် (၁,၁၉၂,၆၃၃ ဒသမ ၇၅၀ သန်း) ရှိလာ သဖြင့် လိုအပ်ငွေ ကျပ် ၉၁ ဘီလျံကို နောက်ထပ် ဖြည့်စွက်လိုငွေအဖြစ် လွှတ်တော်သို့ တင်ပြ တောင်းခံလာကြောင်း တွေ့ရသည်။
၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ်လျာထားငွေမှာ ကျပ် ၁,၈၇၇ ဒသမ ၇၁၃ ဘီလျံ (၁၈,၇၇၇,၇၁၃ ဒသမ ၆၁၇ သန်း) ဖြစ်သောကြောင့် ယမန်နှစ် ကထက် ကျပ် ၆၈၅ ဘီလျံ တိုးမြှင့်လာခြင်းဖြစ်ကြောင်း တွေ့ရသည်။
ထိုသို့ ၂၀၁၁-၁၂ အတွက် နောက်ထပ် ဖြည့်စွက်လိုငွေ တင်ပြခြင်း၊ ၂၀၁၂ - ၁၃ အတွက် လျာထားငွေ တင်သွင်းခြင်းတို့နှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးက ဤသို့ရှင်းပြသည်။
"နောက်ထပ်ဖြည့်စွက်ငွေ တောင်းခံရခြင်းမှာ ကြည်း၊ ရေ၊ လေ ခေါင်းစဉ်တွင် မဖြစ်မနေ ခွင့်ပြုပေးရန်လိုအပ်သော လုပ်ငန်းများ၊ ကာလကြာမြင့်မှုနှင့် ရာသီဒဏ်တို့ကြောင့် ရေမိလ္လာပျက်စီးမှုတို့အား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် တပ်ရင်း တပ်ဖွဲ့များအတွက် ပရိဘောဂများ ဖြည့်တင်းရန် ကျပ်သန်း ၅၂,၉၀၀၊ ကာကွယ်ရေးပစ္စည်း စက်ရုံခေါင်းစဉ်တွင် စီမံကိန်း စက် ပစ္စည်းများ ၀ယ်ယူလက်ခံပြီးဖြစ်၍ ငွေပေးချေရန် ထပ်မံလိုအပ်ငွေ၊ ပြည်ပကုမ္ပဏီများမှ စီမံကိန်းပစ္စည်းများအတွက် ကျသင့်ငွေ ပေးချေရန်နှင့် ပရိဘောဂလုပ်ငန်းများအတွက် ကျပ် ၃၁,၅၁၅ ဒသမ ၁၄၇ သန်း၊ ပစ္စည်းအသုံးအဆောင်နှင့် တိရစ္ဆာန်များ ခေါင်းစဉ် တွင် 'တ'ယာဉ်နှင့် '၀'ယာဉ်များ၊ ကြည်းတပ်၊ ရေတပ်၊ လေတပ်များအတွက် အခြားမတည်ပစ္စည်းများ ၄,၀၂၀ ဒသမ ၈၉၆ သန်း၊ ပစ္စည်းများယာယီ ခေါင်းစဉ်တွင် ၁၀၉ ဒသမ ၆၃၂ သန်း၊ စုစုပေါင်း ၉၁,၀၆၉ ဒသမ ၆၇၄ သန်း (၉၁ ဒသမ ၀၆၉ ဘီလျံ)တို့ကြောင့် ဖြစ်ပါတယ်"ဟု ၎င်းက ဖတ်ကြား ရှင်းလင်းခဲ့သည်။
ငြိမ်းချမ်းရေးရယူပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား အသွင်ပြောင်းပေးထားသည့် နယ်ခြားစောင့်တပ်ရင်း များအတွက် ၂၀၁၁ - ၁၂ ဘဏ္ဍာနှစ်အတွက် လစာနှင့်စရိတ်များအဖြစ် ကျပ် ၁,၉၄၁ ဒသမ ၃၂၄ သန်း၊ ၎င်းတို့အဆောက်အအုံများ အတွက် ကျပ် ၇၆,၆၉၂ ဒသမ ၀၂၂ သန်းဖြစ်ရာ စုစုပေါင်း ကျပ် ၇၈,၆၃၃ ဒသမ ၃၄၆ သန်း သုံးစွဲခဲ့ရကြောင်းလည်း ကာကွယ်ရေး ၀န်ကြီးက ပြောသည်။
ထို့ပြင် ၎င်းက အိမ်နီးချင်းနိုင်ငံများ၏ စစ်ရေး အဆင့်များ၊ ကာကွယ်ရေးစွမ်းအားများကို အကျဉ်းမျှ နှိုင်းယှဉ်ဖော်ပြကာ မြန်မာ့ တပ်မတော်အနေဖြင့်လည်း ဖွံ့ဖြိုးဆဲအိမ်နီးချင်း နိုင်ငံများ၏ စစ်ရေးအဆင့်အတန်းထက် မနိမ့်စေဘဲ အစဉ်တစိုက် မဖြစ်မနေ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကာကွယ်ရေးစွမ်းအား ကောင်းမွန်ခြင်းမရှိပါက နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နိုင်ငံတော် နယ်နိမိတ်များ အချိန် မရွေးဆုံးရှုံး၊ ပြောင်းလဲသွားနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း တင်ပြခဲ့သည်။
"နိုင်ငံတော်ဟာ ပထ၀ီနိုင်ငံရေးအရ အလွန်အရေးပါတဲ့နယ်မြေအတွင်း တည်ရှိသောကြောင့် နိုင်ငံတော်လုံခြုံရေးဟာ အလွန်အရေး ကြီးပါတယ်"ဟု ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ထည့်သွင်းပြောကြားခဲ့သည်။
ထိုသို့နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားနှင့် ပတ်သက်ပြီး ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၌ ရန်ကုန်မြို့တော်ခန်းမတွင် ဗိုလ်ချုပ် အောင်ဆန်း ပြောကြားခဲ့သော 'နိုင်ငံတော်၌ စစ်အင်အား တောင့်တင်းဖို့ လိုအပ်လှကြောင်း၊ တပ်မတော်၌ စစ်သည်အင်အား အနည်းဆုံး တစ်သန်းရှိသင့်ကြောင်း၊ တိုက်လေယာဉ် ငါးရာရှိသင့်ကြောင်း၊ ..." စသည့် မိန့်ခွန်းကို ပြန်လည်ဖော်ပြ ကိုးကား၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ "နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးအင်အား တောင့် တင်းစေရေး တိုးမြှင့်ဆောင်ရွက်မည်"စသည့် လမ်းညွှန်ချက်ကို ဖော်ပြကိုးကား၍ လည်းကောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက လွှတ် တော်သို့ ရှင်းလင်းပြောကြားသည်။
ထို့ပြင် "နိုင်ငံတော်မှ ဘဏ္ဍာငွေတောင်းခံရာတွင် ကာကွယ်ရေးဝန်ကြီးဌာန သီးသန့်သုံးစွဲရန် မဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေး၊ တစ်နည်းအားဖြင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအရေးအတွက် တောင်းခံခြင်းသာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအား ထပ်လောင်း တင်ပြအပ်ပါသည်။
၂၀၁၂-၁၃ အတွက် ရသုံးခန့်မှန်းခြေ ငွေစာရင်းဘဏ္ဍာငွေအား နိုင်ငံတော်နှင့် တိုင်းရင်းသား လုပ်သားပြည်သူများအပေါ် တတ်နိုင် သမျှ ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် အနည်းဆုံး လိုအပ်ချက်ကိုသာ အကြိမ်ကြိမ် စိစစ်ပြီး တောင်းခံထားပါကြောင်း တင်ပြအပ်ပါသည်"ဟု ၎င်းကတောင်းဆိုပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ၀င်ငွေ ရရှိအောင် ဆောင်ရွက်ရသော ဌာနမဟုတ်သော်လည်း ဆက်သွယ်ရေးဆက်ကြောင်းများ ငှားရမ်းခြင်း၊ တပ်မတော်ပိုင် စက်ရုံထုတ်ပစ္စည်းများအနက် ပြည်သူလူထုနှင့် သက်ဆိုင်သော ပစ္စည်းများရောင်းချခြင်း၊ ဦးပိုင်ဝန် ဆောင်မှု လုပ်ငန်းများ စသည်တို့မှ ရငွေများကို နိုင်ငံတော်သို့ နှစ်စဉ်ပေးသွင်းလျက်ရှိကြောင်း၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၄၆ ဒသမ ၀၇၅ ဘီလျံနှင့် ၂၀၁၂-၁၃ တွင် ကျပ် ၇၅ ဒသမ ၆၁၉ ဘီလျံ ပေးသွင်းရန် လျာထားကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြား ခဲ့သည်။
"ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျက် လိုအပ်ချက်သည် တစ်မျိုးသားလုံးနှင့် တိုက်ရိုက် သက်ဆိုင်လျက်ရှိပြီး လုံခြုံရေးအမြင်၊ ကာကွယ်ရေးအမြင်၊ အမျိုးသားရေး စိတ်ဓာတ်ဖြင့် ခံစား နားလည်ပေးရန် လိုအပ်ပါသည်။
ထို့ပြင် တင်ပြပါ အသုံးစရိတ်များသည် အခွင့်အရေးတစ်ရပ် ခံစားရန် တောင်းဆိုခြင်းမဟုတ်ကြောင်းနှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် အနည်းဆုံး လိုအပ်ချက်အဖြစ် စိစစ်တင်ပြခြင်းသာ ဖြစ်ပါသည်"ဟု ၎င်းက ပြောကြားခဲ့သည်။
 စိုးသန်းလင်း(မြန်မာ့တိုင်းမ်)

ကျောင်း​သား​တပ်မ​တော်နှင့်​အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ပဏာမ​ဆွေး​နွေး

အစိုး ​ရကို လက်နက်ကိုင် တိုက်ပွဲဝင်​နေတဲ့​ ​ကျောင်း​သား​တပ်မ​တော်နဲ့​အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​ ဒီက​နေ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် (ဓာတ်ပုံ - အေဘီအက်စ်ဒီအက်ဖ်)
မြန်မာနိုင်ငံလုံး ​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​ (​အေဘီအက်စ်ဒီအက်စ်) က ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မြန်မာအစိုး​ရရဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရေး​အဖွဲ့​၊​ အဖွဲ့​ဝင် သီရိပျံချီ ဦး​စောခင်စိုး​ ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​တွေ ဒီက​နေ့​မွန်း​လွဲပိုင်း​က ထိုင်း​-မြန်မာ နယ်စပ်မဲ​ဆောက်မြို့​မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။
ပဏာမအဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဖြစ်ပြီး​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ ဒီမိုက​ရေစီ​ဖော်ဆာင်နိုင်​ရေး​တို့​ကို ဦး​တည် ​ဆွေး​နွေး​ခဲ့​တယ်လို့​ ​ဆွေး​နွေး​ပွဲမှာ ပါဝင်တဲ့​ ​အေဘီအက်စ်ဒီအက်ဖ် ဒု-ဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။
“အဓိကအား​ ဖြင့်​တော့​ ဒီက​နေ့​ တိုင်း​ပြည်အတွင်း​မှာ တည်ရှိ​နေတဲ့​ ပြဿနာ​တွေကို နိုင်ငံ​ရေး​အရ တန်း​တူရည်တူ ​ဆွေး​နွေး​ဖို့​ လိုအပ်တယ်ဆိုတဲ့​ အ​ခြေခံကို နှစ်ဖက် သ​ဘောထား​ အမြင်တူတယ်။ ဒီသ​ဘောထား​တူညီမှု အ​ပေါ်မှာ အ​ခြေခံပြီး​တော့​မှ ကျ​နော်တို့​ နိုင်ငံ​ရေး​အရ တန်း​တူရည်တူ ​ဆွေး​နွေး​ပွဲ အဆင့်​ကို ​ရောက်​အောင် ဘယ်လို နှစ်ဖက်ညှိနှိုင်း​ပြီး​တော့​ သယ်​ဆောင်သွား​မလဲဆိုတာ အဲဒီအချက်ကို ဦး​တည် ​ဆွေး​နွေး​ဖြစ်တာပါ။ အခုက​တော့​ ကျ​နော်တို့​ ပဏာမအကြို ​ဆွေး​နွေး​မှု အဆင့်​က​နေပြီး​တော့​ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု အဆင့်​ကို ကျ​နော်တို့​ ဆက်လက် ပြုလုပ်သွား​ဖို့​ အစီအစဉ် ရှိပါတယ်။”
နိုင်ငံ​ရေး​ ပြဿနာ​တွေကို နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ ​ဖြေရှင်း​သွား​နိုင်​ရေး​အတွက် ငြိမ်း​ချမ်း​ရေး​ တန်း​တူညီတူ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေကို အဆင့်​ဆင့်​ ပြုလုပ်သွား​မယ်လို့​လည်း​ ​အေဘီအက်စ်ဒီအက်ဖ်က ​ပြောပါတယ်။
ဆွေး​နွေး​ ပွဲမှာ ​အေဘီအက်စ်ဒီအက်ဖ်အဖွဲ့​က အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ရဲ​ဘော်ဆန်နီ၊​ အတွင်း​ရေး​မှူး​ ၁ ရဲ​ဘော်မြင့်​ဟိန်း​နဲ့​ဗဟို​ကော်မတီဝင် ၅ ဦး​ ပါဝင်ပြီး​ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​လည်း​ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။
“ပွင့်​ပွင့်​ လင်း​လင်း​ ကျ​နော်တို့​ ​ဆွေး​နွေး​နိုင်ခဲ့​တယ်။ အဲဒီ နှစ်ဖက် ပွင့်​လင်း​မှု၊​ ​ဆွေး​နွေး​မှု အ​ခြေခံ​ပေါ်က​နေပြီး​တော့​မှ ငြိမ်း​ချမ်း​ရေး​စား​ပွဲမှာ တန်း​တူရည်တူ ဆက်လက်ပြီး​တော့​ ​ဆွေး​နွေး​ဖို့​အတွက် ကျ​နော်တို့​ တူညီတဲ့​ သ​ဘောထား​တွေ ကျ​နော်တို့​ ရယူနိုင်ခဲ့​တယ်။ ဒီအ​ခြေခံ​ပေါ် က​နေတဆင့်​ ကျ​နော်တို့​ တိုင်း​ပြည်အတွင်း​မှာ ရှိ​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ပြဿနာ။ ပြည်တွင်း​စစ် ရပ်စဲ​ရေး​ပြဿနာ၊​ နိုင်ငံ​ရေး​ပြဿနာ​တွေကို တန်း​တူရည်တူ ​ဆွေး​နွေး​ပြီး​တော့​ အ​ဖြေရှာခွင့်​ ရလိမ့်​မယ်လို့​ ကျ​နော်တို့​ ​မျှော်လင့်​ပါတယ်။”
နောက်တခါ ​ဆွေး​နွေး​ပွဲ​တွေကို ရန်ကုန်မှာ ကျင်း​ပဖို့​စီစဉ်ထား​ပြီး​ ​နေ့​ရက် မသတ်မှတ်ရ​သေး​ဘူး​လို့​သိရပါတယ်။
ကျောင်း​သား​ တပ်မ​တော်ဟာ ရှစ်​လေး​လုံး​လူထုအုံကြွမှုအပြီး​ စစ်တပ်က အာဏာသိမ်း​ပြီး​နောက် အစိုး​ရကို လက်နက်ကိုင် ​တော်လှန်​နေတဲ့​ အဖွဲ့​ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ယူနက်စကိုအဖွဲ့ကြီးက မက်ဒန်ဂျီဆင်းဆု လာရောက်ပေးအပ်မည်

ကုလသမဂ္ဂ  ယူနက်စကို အဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ယူနက်စကို-မက်ဒန်ဂျီဆင့် ဆုဖလား (Trophy Of the UNESCO-Madanjeet Singh Prize) ကိုချီးမြှင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ ရုံးက သတင်း ထုတ်ပြန်သည်။ထိုဆုကို လာမည့်ဖေဖော်ဝါရီလ ၁၀-ရက်နေ့ နံနက်တွင် ယူနက်စကို ညွှန်ကြားရေးမှုးချုပ် ကိုယ်စား အမှုဆောင်ဒါရိုက်တာ မစ္စတာယူဟေးဟိုဆိုဟား က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်ပေးအပ်မည် ဖြစ်သည်။ထိုဆုသည် သည်းခံစိတ် ရှည်မှု၊ အကြမ်းမဖက်မှုများ မြှင့်တင်ခြင်းအတွက် ရည်ရွယ်၍ပေးအပ်သော ဆုဖြစ်ကြောင်း သိရသည်။ထိုဆုအား ယူနက်စကို ၏စေတနာရှင် သံတမန် အိန္ဒိယလူမျိုး ပန်ချီပညာရှင် စာရေးဆရာနှင့် သံတမန်ကြီး ဖြစ်သူ မစ္စတာ မန်ဒန်ဂျီဆင့်၏သူ့ဘ၀ တစ်လျောက်လုံး ငြိမ်းချမ်းရေးနှင့် စိတ်ရှည်သည်းခံနိုင်ရေး တို့အတွက် အစဉ်တစ်စိုက် စွန့်လွှတ် ကြိုးစားခဲ့ခြင်းတို့အပေါ် ရည်ရွယ်၍  ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် မဟတ္တမဂန္ဒီကြီး၏ ၁၂၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် ယင်းဆုကိုတီထွင်ခဲ့ခြင်းဖြစ်သည်။၁၉၉၆ မှစ၍ ထိုဆုကို ၂-နှစ်တစ်ကြိမ် ပေးအပ်ခဲ့ပြီး ဆုတန်ဖိုးမှာ ဒေါ်လာတစ်သိန်း ဖြစ်သည်။ ယခုအချိန်အထိဆုရရှိသူ လူပေါင်း(၈)ဦး ရရှိပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည်  ထိုဆုကို ၂၀၀၂ ခုနှစ်ကရရှိခဲ့ပြီး ယခုမှ ယူနက်စကို အဖွဲ့က ကိုယ်ထိလက် ရောက်ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းမ်

လှိုင်သာယာအလုပ်သမားအရေး အိုင်အယ်အိုကို တင်ပြမည်


ရန်ကုန်၊ လှိုင်သာယာစက်မှုဇုန်ထဲက တိုင်ရီ ဖိနပ်စက်ရုံမှာ ၄ ရက် ဆက်တိုက် ဆန္ဒပြနေတဲ့ အလုပ်သမားတွေက သူတို့ရဲ့ နစ်နာမှုတွေကို ဥပဒေကြောင်းကနေ တောင်းဆိုသွားဖို့ စီစဉ်နေပါတယ်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)၊ အစိုးရ တာဝန်ရှိသူတွေကို တင်ပြသွားမယ်လို့ ဆန္ဒပြ အလုပ်သမားတွေကို ကူညီပေးနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးက ပြောပါတယ်။
“နှစ်ဦးနှစ်ဖက် မနစ်နာအောင် ကျမတို့က ကြားထဲကနေ ဆောင်ရွက်ပေးတာပါ။ ကျမတို့က နှစ်ဦးနှစ်ဖက် နစ်နာတာမျိုး မဖြစ်စေချင်ဘူး။ အလုပ်ရှင်က အလုပ်သမားတွေ တောင်းဆိုတာကို လက်မခံဘူး၊ အလုပ်ရှင်က ဒီအတိုင်းပဲ တောင့်ခံထားမယ်ဆိုရင်  အလုပ် ပိတ်လိုက်ရလို့ရှိရင် အလုပ်ရှင်လည်း ထိခိုက်မယ်၊ အလုပ်သမားတွေလည်း ထိခိုက်မယ်။ အလုပ်သမားတွေက မိန်းကလေးတွေ ဖြစ်တဲ့အတွက် ဒီအလုပ်တွေ မရှိလို့ရှိရင် မိန်းကလေးတွေရဲ့ ဘဝလုံခြုံရေးက နိုင်ငံတော်အစိုးရမှာလည်း တာဝန်ရှိသလို ဒီစက်ရုံမှာလည်း တာဝန်ရှိတယ်လို့ ကျမတို့က ဆိုလိုထားတယ်လေ။
“အဲဒါကြောင့်မို့ ကျမတို့က ဒီအမျိုးသမီးတွေရဲ့  ဘဝလုံခြုံရေးပါ တွက်ပြီး ဥပဒေပညာရှင်ကို ခေါ်ပြီးတော့  အလုပ်သမားတွေဘက်က ဆွေးနွေးပေးဖို့ ဆုံးဖြတ်ချက် ချထားတာ။ မနက်ဖြန်ကနေ စပြီးတော့ တောင်းဆိုမှာ။ ကျမတို့ စာတွေလည်း တင်မယ်၊ လှိုင်သာယာ အလုပ်သမားရုံးတွေရော၊ နေပြည်တော် အလုပ်သမားဝန်ကြီးတွေအထိ စာတင်မယ်။ အိုင်အယ်လ်အိုကိုလည်း ကျမတို့ မိတ္တူပို့မယ်။”
အလုပ်သမားတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ တနာရီလုပ်ခကို ၂၅၀ ကျပ် ပေးဖို့၊ ၁ လလုံး ပျက်ရက်မရှိရင် ပေးတဲ့ ရက်မှန်ကြေး ၆,၀၀၀ ကျပ်ကို နှစ်ဆတိုးပေးဖို့၊ အလုပ်စည်းကမ်းတွေ တင်းကျပ်လွန်းတာတွေကို လျှော့ပေးဖို့ အချက်တွေ ပါဝင်ပါတယ်။
အခုအချိန်ထိ အလုပ်ရှင်ဘက်က တနာရီလုပ်ခကို နဂိုက ၇၅ ကျပ် ပေးနေတာကို ၁၀ ထပ်တိုးပေးနိုင်မယ်၊ ရက်မှန်ကြေး တလ ၆,၀၀၀ ကျပ်ပေး နေတာကိုလည်း နောက်ထပ် ၁၀၀၀ တိုးပေးမယ်လို့ လိုက်လျောမှုကို မလုံလောက်ဘူးလို့ ဆန္ဒပြအလုပ်သမားတွေက ပြောပါတယ်။
ဆန္ဒပြအလုပ်သမားတဦးက စက်ရုံက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေဟာ တင်းကျပ်လွန်းတယ်လို့ ပြောပါတယ်။
“စည်းကမ်းချတယ် ဆိုတာကလည်း မန်နေဂျာက ပြောတာပေါ့။ မြို့နယ် အလုပ်သမားရုံးရဲ့ ခွင့်ပြုချက်နဲ့ ချတာပါလို့ ပြောတာ။ အဲဒီလို အပေါ်ယံကြော ပြောရုံနဲ့မပြီးဘူး။ အမှန်တော့ ကော်သုတ်ရင်းနဲ့ ကော်တစက် ကျသွားတာ၊ ကော်တတုံးကျသွားရင် ဒဏ်ငွေ ၁ ထောင်ရိုက်တယ်။ အိမ်သာကို တနေ့ကို ၂ ကြိမ်တက်ရမယ်၊ ၃ ကြိမ်တက်ရမယ်။
တကြိမ်လောက်ပိုသွားရင် အဲဒီ့အတွက် ပိုက်ဆံဖြတ်တယ်။ တချို့ဆိုရင် ကိုယ်လည်း မတက်ဘဲ မသိဘဲ အဖြတ်ခံလိုက်ရတာ ရှိတယ်။ မနက် ၇ နာရီ ၂၀ ကနေ ၁၂ နာရီအထိ အလုပ်လုပ်ရတယ်။ ၁၂ နာရီ ၅၀ မှာ ပြန်ဆင်းတယ်။ ၅ နာရီဆိုရင် ဒါမနက်ပိုင်း အချိန် ပြီးသွားပြီ။ ၉ နာရီမှာ အချိန်ပို ခေါ်ရင် ၅ နာရီ ၂၅ ကနေ ၉ နာရီအထိ ဆင်းရတယ်။ ၉ နာရီ မခေါ်ဘူးဆိုရင် ၁၂ နာရီ ၅၀ ကနေ ည ၇ နာရီအထိ တောက်လျှောက် လုပ်ရတယ်။”
မနေ့က အလုပ်ရှင်ကိုယ်စားလှယ်က အလုပ်သမားတွေအနေနဲ့ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်မ၀င်ရင် အလုပ်ဖြုတ်မယ်လို့ နှုတ်နဲ့ သတိပေးထားပြီး ဒီနေ့မှာတော့ စာကပ်ထားတာကို အလုပ်သမားတွေက မကျေနပ်တဲ့အတွက် ဆွဲစုတ်ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဒီနေ့ အလုပ်သမားတွေက ၄ ရက်မြောက်အဖြစ် ဆက်လက် ဆန္ဒပြနေပေမယ့် အလုပ်ရှင်ဘက်က လာရောက် ဖြေရှင်းတာမရှိဘဲ အစိုးရ အာဏာပိုင်တွေလို့ ယူဆရသူတွေက ဆန္ဒပြအလုပ်သမားတွေကို ဓာတ်ပုံရိုက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လှိုင်သာယာစက်မှုဇုန် ၃ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ အခုလို ၄ ရက်ဆက်တိုက်  ဆန္ဒပြနေတဲ့အချိန်မှာ ဇုန် ၄ ထဲက (နယူးဝေး – new way) ဖိနပ်စက်ရုံမှာလည်း အလုပ်သမားတွေ လုပ်အားခတိုးပေးဖို့  ဒီနေ့ကစပြီး ဆန္ဒပြနေတယ်လို့ သိရပါတယ်။ 
ဒီဗွီဘီ

ရှမ်းပြည်တပ်မတော် ထိန်းချုပ် နယ်မြေတွင် တိုက်ပွဲဖြစ်ပွား

နန်းမြနဒီ

မြန်မာ အစိုးရနဲ့  မကြာ သေးခင် ကမှ အပစ် အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိ ထားတဲ့ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (အာစီ အက်စ် အက်စ်) တပ်တွေနဲ့ အစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ ပထမ ဆုံးအကြိမ် ပြန်လည် ဖြစ်ပွား နေပါတယ်။

ရှမ်းပြည် တပ်မတော် အမှတ် ၁ စစ်ဒေသ ထိန်းချုပ် နယ်မြေ တခု ဖြစ်တဲ့ တာချီလိတ် မြို့နယ် အနောက် မြောက်ဘက်မှာ အစိုးရ တပ်ရင်း ခလရ ၂၁၁၊ ခမရ ၅၇၀ ၊ ၅၇၂ က တပ်ဖွဲ့ဝင် တွေနဲ့ ရှမ်းပြည် တပ်မ တော်တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ခဲ့ တာပါ။

ဒီတိုက်ပွဲတွေအကြောင်း စုံစမ်းသိရှိထားတဲ့ ရှမ်းသံတော်ဆင့်သတင်းစဉ်က အယ်ဒီတာချုပ် ဦးခွန်စိုင်းက ခုလို ပြောပါတယ်။

ဒီနယ်စပ်ကို ရွှေ့ပြောင်းဖို့ သူတို့ ဖိအားတွေ အကြီးအကျယ် ပေးတဲ့အခါကျတော့ အက်စ်အက်စ်အေ ဘက်က ဘာပြောလဲဆိုတော့ မြို့နဲ့ လမ်းမကြီးတွေမှာ ဆိုလို့ရှိရင်တော့ ဒါတွေဟာ တပ်မတော်ကနေ လှုပ်ရှားတဲ့နေရာ ဒီနေရာတွေကို တိုက်ခိုက်ဖို့ အရင်တုန်းက အစီအစဉ် တွေ ရှိပေမယ့် အခုတော့ ရပ်တန့်လိုက်ရပြီ။ ထိုနည်းတူ တပ်မတော်ဘက်ကနေပြီးတော့မှ ဒီမြို့ပြင်ဘက်မှာ ကျေးရွာတွေမှာ၊ တော တောင် တွေမှာ လှုပ်ရှားဖို့ဆိုတာ ရှမ်းပြည်တပ်မတော်ကို အကြောင်းမကြားဘဲနဲ့ သူတို့ မလှုပ်ရှားဘူး။ အဲဒီလိုမျိုး သဘောတူညီချက် ရ ထားတယ်။ ဒီတော့ သူတို့က မဆုတ်နိုင်ဘူးပေါ့။ အဲဒီလိုနဲ့ ဖိအားပေးရင်နဲ့ မလွှဲသာမရှောင်သာနဲ့ သူတို့ တိုက်ရတာ။ ၇ ရက်နေ့မှာ ဖြစ် တယ်။”

နှစ်ဖက်တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရမှု အရေအတွက် ဘယ်လောက် ရှိသလဲဆိုတာကတော့ မသိရသေးပါဘူး။

ဖေဖော်ဝါရီ ၆ ရက် နေ့တုန်းကလည်း ရှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးလုံ ဒေသထဲမှာ ရှိတဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တပ်စခန်း တခုကို အစိုးရတပ်ရင်း ခလရ ၃၁၄ ၊ ၂၇၇၊ ခမရ ၅၂၈ ဘက်က စစ်သည်တွေက လက်နက်ကြီးတွေနဲ့ ၀င်ပစ်သွားတယ်လို့ ဒေသခံတွေနဲ့ ရှမ်းပြည်တပ်မတော် တပ်မှူးတဦးက အတည်ပြု ပြောတယ်လို့  ဦးခွန်စိုင်းက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ဘက်ကလည်း တြိဂံတိုင်း တိုင်းမှူး ဆီကို အကြောင်းကြားစာ တ စောင် ပေးပို့ထားပြီး နောက်ဆုံးရ သတင်းကတော့ ရှမ်းပြည်တပ်မတော်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဌာနချုပ်က စစ်မြေ ပြင် မှာရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့အားလုံးကို သတိရှိရှိနေကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်တပ်မတော်/ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဟာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့က တောင်ကြီးမြို့မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။

အစိုးရတပ်က ရှမ်းပြည်သူတွေအပေါ်မှာ အခွင့်အရေး ချိုးဖောက်လာခဲ့မယ် ဆိုရင်တော့ ငြိမ်းချမ်းရေးစာချုပ် ပျက်ပြယ်တယ်လို့ ယူဆပြီး ပြန်တိုက်ဖို့ အသင့်ရှိတဲ့အကြောင်း ရှမ်းပြည်တပ်မတော် စစ်ဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီး ရွက်ဆစ်က ၆၅ နှစ်မြောက် ရှမ်းအမျိုးသားနေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

ဇာဂနာ နှင့် ဟီလာရီ ကလင်တန် တွေ့ဆုံ

အမေရိကန်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ဇာဂနာ ကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်က ၀ါရှင်တန် ဒီစီ မြို့တွင် တွေ့ဆုံသည်။ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကို အားပေးသည့် အနေဖြင့် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
မစ္စ ဟီလာရီ ကလင်တန်နှင့် ကိုဇာဂနာ လက်ဆွဲနှုတ်ဆက်နေစဉ်(ဓာတ်ပုံ - အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန)
ကိုဇာဂနာက“ကျနော်တို့ နိုင်ငံမှာ တိုးတက်မှုက အခုမှ အစပဲ ရှိပါသေးတယ်။ ရှေ့ဆက်လုပ်ဆောင်စရာတွေကို လုပ်ဖို့ ကျနော် တို့ ဆန္ဒရှိပါတယ်။ ဒါဟာ ကျနော်တို့အတွက် အရမ်း အရေးကြီးပါတယ်”ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၌ မစ္စ ဟီလာရီ နှင့် တွေ့ဆုံမှု အပြီးတွင် ဧရာဝတီကို ပြောသည်။
ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်ပြီး ကိုဇာဂနာသည် အမေရိကန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် အနေနှင့် ရောက်ရှိနေခြင်း ဖြစ် သည်။
မစ္စ ဟီလာရီနှင့် တွေ့ဆုံရာတွင် လူရွှင်တော် ဇာဂနာနှင့်အတူ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ(NDF)မှ ဒေါ်ဘောက်ဂျာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)မှ ဒေါ်ခင်သန်းမြင့် တို့လည်းပါဝင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ၏ ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
ထိုသို့ အမေရိကန် ထိပ်တန်းအရာရှိများ တွေ့ဆုံရာတွင် နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ အမျိုးသမီး အခွင့်အရေး ဆိုင်ရာများ၊ တိုင်းရင်းသား အရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“တွေ့ရတာ အရမ်းအားရမိပါတယ်။ သူ့ရဲ့ အားပေးမှုတွေကို တကယ်ပဲ အထူး ကျေးဇူးတင်ကြောင်း ကျမ သူ့ကို ပြောခဲ့တယ်။ အထူးသဖြင့်တော့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးပေါ့။ အမျိုးသမီးအရေးကို သူတကယ်စိတ်ဝင်စား တယ်လို့ ကျမထင်တယ်။ ဒါကြောင့် မြန်မာနိုင်ငံက အမျိုးသမီးအရေး ပိုတိုးတက်အောင် အားပေးဖို့ ကျမ သူ့ကိုတိုက်တွန်းခဲ့ပါတယ်”ဟု ဒေါ်ခင်သန်းမြင့်က ပြောသည်။
ကိုဇာဂနာ တို့ ၃ ဦးသည် အမေရိကန်ရှိ National Endowment for Democracy(NED) ၏ ဖိတ်ကြားချက်အရ အမေရိကန် သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် ရက်သတ္တပတ်ကလည်း NED တွင် အရပ်သား အစိုးရ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမြင်သဘောထားများအား ကို ဇာဂနာနှင့် မြန်မာ့အရေး လှုပ်ရှားသူများအပါအ၀င် အမေရိကန် လွှတ်တော်အမတ်တချို့နှင့် NED မှ တာဝန်ရှိသူများ ဆွေးနွေး ဖလှယ်ခဲ့သေးသည်။
ကိုဇာဂနာသည် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့်၂၀၁၁ ခုနှစ် အောက်တိုဘာလလယ်က ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။ ၎င်းကို အစိုးရက၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး လုပ်နေစဉ် ဖမ်းဆီး၍ ထောင် ၃၅ နှစ်ချမှတ်ခဲ့သည်။
ထောင်မှပြန်လွတ်ပြီးနောက် ကိုဇာဂနာသည် ထိုင်း၊ ကမ္ဘောဒီးယား နှင့် စင်္ကာပူနိုင်ငံများသို့ ပြည်ပခရီးစဉ်အဖြစ် ရုပ်ရှင်နှင့် အနုပညာဆိုင်ရာ လေ့လာရေး ထွက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများအား ကူညီပေးခြင်းများနှင့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင် ပွဲတော်ကိုလည်း ဦးစီးလုပ်ဆောင်ခဲ့သည်။
မစ္စ ဟီလာရီ ကလင်တန်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း ကိုဇာဂနာနှင့် ရန်ကုန် တွင် တွေ့ဆုံခဲ့သေးသည်။
နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးတဦးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် သမိုင်းဝင် ခရီးစဉ် ဖြစ်သည်။
ယင်းခရီးစဉ် အတွင်း မစ္စ ဟီလာရီသည် သမ္မတ ဦးသိန်စိန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း အသီးသီးတွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အမေရိကန်က အားပေးထောက် ခံ သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကျောင်းသားသမဂ္ဂအဆောက်အအုံပြန်ဆောက်ပေးရန်ကိုမင်းကိုနိုင်ပြော

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ တော်လှန်ရေးကောင်စီလက်ထက် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် တက္ကသိုလ် ကျောင်း ၀င်းအတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်

ဖြိုခွဲ ဖျက်ဆီးခံခဲ့ရသည့် ရန်ကုန် တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား သမဂ္ဂ အဆောက်အအုံ
အအုံကို ပြန်လည်ဆောက်လုပ်ပေးရန် လိုအပ်ကြောင်း ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောကြား လိုက်သည်။
“အခု ဒီမိုကရေစီဖော်ဆောင်နေတဲ့ ခေတ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေ ပေါ်ပေါက်နေပြီပဲဗျာ၊ ကျောင်း သား လွှတ်တော်ဖြစ်တဲ့ ကျောင်းသားသမဂ္ဂ ဆိုတာရှိရမယ်။ ကျောင်းသားသမဂ္ဂဆိုတာက အဆောက်အအုံနဲ့ ရုံးခန်းနဲ့ ကျောင်း သားထုအပေါ်ကို အကာအကွယ်ပေးဖို့ သဘောပဲ”ဟု ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောသည်။
ယမန်နေ့က မျိုးဆက် အဆက်ဆက် ကျောင်းသားဟောင်းများ မိတ်ဆုံပွဲကို တောင်ဥက္ကလာပမြို့နယ်ရှိ စိတ်တိုင်းကျ လက် ဖက်ရည်ဆိုင်၌ ကျင်းပသည့် အခမ်းအနားတွင် ကိုမင်းကိုနိုင်က ပြောကြားခြင်းဖြစ်သည်။
မိတ်ဆုံပွဲသို့ ၁၉၆၂ ခုနှစ် ကျောင်းသားမျိုးဆက်များမှ အစပြုကာ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၈၈၊ ၂၀၀၇ ခုနှစ် အထိ ကျောင်း သားမျိုးဆက်များ တက်ရောက်ခဲ့သည်။
ယခုကဲ့သို့ ကျောင်းသားမျိုးဆက် စုံလင်စွာတွေ့ဆုံမှုသည် နှစ်ပေါင်း ၅၀ ကျော် ကာလအတွင် ပထမဆုံးဖြစ်သည်။
ကိုမင်းကိုနိုင်က သမဂ္ဂ ဒေါင်း အလံ လက်ဆင့်ကမ်းမှု သင်္ကေတ ဖြစ်ကြောင်း ဆက်ပြောလိုက်ပြီး မြန်မာ့လွတ်လပ်ရေး သမိုင်းသည် ကျောင်းသားလှုပ်ရှားမှုနှင့် စတင်ခဲ့ကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့သည့် ကျောင်း သား ခေါင်းဆောင်များက ကျောင်းသားသမဂ္ဂ အဆောက်အအုံ၌ လွတ်လပ်ရေးအတွက် အခြေတည်ခဲ့သောကြောင့် သမိုင်း တန်ဖိုး ကြီးမား၍ လည်းကောင်း၊ ဒီမိုကရေစီဖော်ဆောင်ချိန်ဖြစ်သည့် အချက်တို့ကြောင့်လည်းကောင်း  ကျောင်းသားသမဂ္ဂ အဆောက် အအုံ ကို ပြန်လည်ဆောက် လုပ်ပေးရန် လိုအပ်သည်ဟုလည်း ဆိုသည်။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်က ရန်ကုန် တက္ကသိုလ်ကျောင်းသားများသည် ဖိနှိပ် ချုပ်ချယ်သည့် ကျောင်းစည်းကမ်းများ ရုပ် သိမ်းရေးအတွက် ကျောင်းသားသမဂ္ဂ အဆောက်အအုံ၌ စည်းဝေး ဆုံးဖြတ်၍ ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြ သည်။
ထိုသို့ကျောင်းသားများ ဆန္ဒပြမှုကို ဗိုလ်ချုပ်ကြီး နေ၀င်း တော်လှန်ရေးကောင်စီအစိုးရက အကြမ်းဖက်ဖြိုခွဲ နှိမ်နင်းခဲ့ရာ ၁၀ ဦးထက် မနည်း သေဆုံး၍ ဒဏ်ရာရသူ ၅၀ နီးပါးရှိခဲ့ပြီး ကျောင်းသားများစွာ ဖမ်းဆီး ထောင်ချခံခဲ့ရသည့် မှတ်တမ်းများ ရှိခဲ့ သည်။
နောက်တနေ့ ဇူလိုင် ၈ ရက် နံနက်စောစောတွင် ကျောင်းသားသမဂ္ဂ အဆောက် အအုံကို မိုင်းခွဲဖျက်ဆီးခဲ့သည်။ နောက်ပိုင်း ၌ ထိုကျောင်းသား အရေးအခင်းကို ဆဲဗင်း ဂျူလိုင် အရေးအခင်းဟု သတ်မှတ် ခေါ်ဆိုခဲ့ကြသည်။
ထိုကိစ္စနှင့်ပတ်သက်၍ တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ဦးနေ၀င်း၊ ဒု ဥက္ကဌ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး တို့အကြား ၁၉၈၈ ခုနှစ်ကလည်း လူသိရှင်ကြား အပြန်အလှန် အပြစ်တင်ခဲ့ကြဖူးသည်။
ယမန်နေ့က မိတ်ဆုံပွဲ၌ ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဦးလှရွှေ ၊ ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ၇၄ မျိုး ဆက် ခေါင်းဆောင် ဦးလှစောတို့က အသီးသီး အမှာစကားများ ပြောကြားခဲ့ကြသည်။
၆၂ မျိုးဆက်ခေါင်းဆောင် ဦးလှရွှေက“ သမဂ္ဂ ဒေါင်းအလံကို အသက်တွေ၊ ဘ၀တွေ၊ မျက်ရည်တွေ ထုနဲ့ဒေး ပေးဆပ် ရင်း လက်ဆင့်ကမ်းလာကြတာ အခု ၈၈ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကနေ နောက်ဆုံး ၂၀၀၇ မျိုးဆက်ထိပဲ။ အားလုံးဟာ တိုင်းပြည်အတွက် ပေးဆပ်ခဲ့၊ ပေးဆပ်ဆဲ လူတွေချည်းပါပဲ”ဟု ဧရာဝတီကို ပြောသည်။
ကိုမင်းကိုနိုင်ကလည်း“ကျောင်းသားလှုပ်ရှားမှု သမိုင်းတွေက ဖုံးကွယ်ထားလို့မရဘူးဗျ။ အမှန်တရားဟာ ဘယ်လိုမှ တားမြစ်ပိတ်ပင်လို့ မရတဲ့အတွက် အချိန်တန်တော့ ကျောင်းသားတွေရဲ့ ရင်ဘတ်ထဲကို ရောက်လာတာပဲဗျ။ ၆၂ ဆဲဗင်း ဇူလိုင် ကျောင်းသား လှုပ်ရှား မှုတွေက စပြီး ၇၄၊ ၇၅၊ ၇၆ ကျောင်းသားလှုပ်ရှားမှုတွေဟာ ကျနော်တို့ ရင်ထဲကိုဝင်လာပြီးတော့ သွေးထဲကို မြစ်တစင်းလို စီးဆင်း လာတယ်။ အခုထိ ဒေါင်းအလံကို လက်ဆင့်ကမ်း သယ်လာလိုက်ကြတာ”ဟု ပြောသည်။
၈၈ မျိုးဆက် ခေါင်းဆောင် ကိုကိုကြီး၊ ၇၄ မျိုးဆက် ဦးလှစောတို့ကလည်း ကျောင်းသားသမိုင်း ဆိုင်ရာများကို အသီးသီးပြော ဆိုခဲ့ကြပြီး မျိုးဆက်သစ်တို့၏ ကြိုးစားလှုပ်ရှားမှုများ အတွက် ဂုဏ်ပြု ပြောဆိုခဲ့ကြသည်ဟုလည်း သိရသည်။

မြန်မာပုဂ္ဂလိကဘဏ် ၁၁ ခု နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရ

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေအထုတ်အသွင်း လုပ်ခွင့်ရှိတဲ့ အစိုးရဘဏ်တွေက တဆင့်ဝင်လာတဲ့ ကိုယ့်ရဲ့ နိုင်ငံခြားငွေကို မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲချင်သူတွေ၊ အဲဒီဘဏ်တွေကတဆင့် နိုင်ငံခြားငွေ အလွှဲ အပြောင်း လုပ်ချင်သူတွေအနေနဲ့ ဒီနေ့စလို့ ပုဂ္ဂလိကဘဏ် ၁၁ ခုမှာ ဘဏ်စာရင်း ပြောင်းနည်းနဲ့ ရောင်း ဝယ်နိုင်ပြီဖြစ်ပါတယ်၊ ပြည်တွင်းက ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ဖို့ ပထမအဆင့် အနေနဲ့ အစိုးရက ခုလိုခွင့်ပြုလိုက်တာနဲ့ ပါတ်သက်လို့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထား ပါတယ်။
အစိုးရဘဏ်တွေဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်း ရောင်း ၀ယ်ရေးဘဏ် MICB တို့ မှာရှိတဲ့ ကိုယ့်ရဲ့ နိုင်ငံခြားငွေတွေကို အစိုးရခွင့်ပြုထားတဲ့ ပုဂ္ဂလိကဘဏ် ၁၁ ခုဆီ ကို ဒီနေ့ ကစလို့ လွှဲပြောင်း အရောင်းအဝယ်လုပ်လို့ ရသွားတာဖြစ်ပါတယ်၊ အလားတူပဲ ဒီဘဏ် တွေကနေ နိုင်ငံခြားငွေကို ဝယ်ယူလွှဲပြောင်းလို့ ရပြီ ဆိုတဲ့အကြောင်းကို မြန်မာ့ရှေ့ဆောင်ဘဏ်လိမိတက် ရဲ့ တာဝန်ရှိ သူတယောက်က ခုလို ရှင်းပြပါတယ်၊
“ကျနော်တို့ဆီမှာ နိုင်ငံခြားငွေကို အများဆုံးဝင်လာတဲ့ကိစ္စကိုပြောတာပေါ့နော်။ ၀င်လာတဲ့ကိစ္စတွေမှာဆို သံရုံးတွေရှိမယ်၊ နောက်တခါ International INGO တွေရှိမယ်။ Foreign Investment နဲ့ လာပြီးလုပ်တဲ့ ဟာတွေရှိမယ်။ ဆိုတော့ သူတို့ဝင်လာတဲ့ စာရင်းတွေတော်တော်များများဟာ MFTB, MICB မှာရှိတယ်ခင်ဗျ။  MFTB, MICB မှာရှိတဲ့ ငွေစာရင်းကို ပြည်တွင်းမှာသုံးဖို့ Domestic currency ကျပ်ကိုသုံးချင်တဲ့အခါ ပြောင်းချင်တဲ့အခါ ကျနော်တို့ဘဏ်တွေမှာ တရားဝင် ရောင်းချလို့ရပြီခင်ဗျ။ အဲဒါအ၀င်ပေါ့နော်၊ နိုင်ငံခြားငွေ ကို ကျနော်တို့ဆီမှာ ရောင်းတဲ့ကိစ္စပေါ့နော်။ နောက်တခါ ကျနော်တို့ Import လုပ်ချင်တဲ့ပုဂ္ဂိုလ်တွေပေါ့၊ နိုင်ငံခြားက ပစ္စည်းကိုသွင်းချင်တဲ့ပုဂ္ဂိုလ်တွေကျတော့သူ့ဆီမှာ နိုင်ငံခြားငွေမရှိဘူးခင်ဗျ။ မရှိတဲ့အခါကျတော့ ကျနော်ဘဏ်တွေမှာ နိုင်ငံခြားငွေကိုဝယ်ချင်ရင်ဝယ်လို့ရပြီ။”
အရင်ကဆိုရင် MFTB, MICB တို့ကတဆင့် ဝင်လာတဲ့ ကိုယ့်ရဲ့ နိုင်ငံခြားငွေတွေကို မြန်မာကျပ်ငွေအဖြစ် ပြောင်းချင်သူ အများစုက နိုင်ငံခြားငွေ မှောင်ခိုဈေးကွက်တွေမှာ ရောင်းချ ပြောင်းလဲကြရတာဖြစ်ပါတယ်၊ အခုတော့ ပုဂ္ဂလိက ဘဏ် တွေဆီကို ရွှေ့ပြောင်းပြီး နိင်ငံခြားငွေလဲ သိမ်ဖြူကောင်တာက သတ်မှတ်ပေးတဲ့ ဈေးနဲ့ မြန်မာငွေ ထုတ်နိုင်တော့မှာ ဖြစ်ပါတယ်၊ အဲဒီလို ဘဏ်စာရင်းပြောင်းနည်းနဲ့ အရောင်းအဝယ်လုပ်ဖို့ ဝန်ဆောင်ခကိုရော ပုဂ္ဂလိက ဘဏ်တွေက ဘယ်လိုယူပါသလဲ။
“လောလောဆယ် ကျနော်တို့ဆီမှာ ငွေဝယ်တာနဲ့ပတ်သက်ပြီးသော်၎င်း၊ ရောင်းတာနဲ့ ပတ်သက်ပြီးသော်၎င်း၊ ကျနော်တို့သတ်မှတ်တဲ့ နှုံးအတိုင်းဘဲဝယ်ပြီးတော့ တခြားဝန်ဆောင်ခဘာညာမရှိသေးပါဘူး။ အရင်တုံးက တော့ သိမ်ဖြူကောင်တာကနေပြီးတော့မှ ဒေါ်လညဆိုရင် ဘယ်လောက်ဝယ်၊ ဘယ်လောက်ရောင်းဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။ ဒါပေမဲ့ ဒီနေ့ ၉ ရက်နေ့ကစပြီးတော့မှ အဲလိုမျိုးမသတ်မှတ်တော့ဘဲ သိမ်ဖြူ ကောင်တာကနေ ကြားနှုံးတခုသတ်မှတ်ပေးလိုက်ပါတယ်။ ဆိုကြပါစို့ ကျနော်တို့ ငွေပမာဏ ဘယ်လောက် ဆိုတာသတ်မှတ်ပေးတယ်။ အဲဒီမှာ အပေါင်းဖြစ်ဖြစ်၊ အနှုတ်ဖြစ်ဖြစ် ၀.၈% ဈေးကစားလို့ ရအောင် တွက် ပေးထားပါတယ်။ ဒီနေ့တော့ ၈၁၈ ကျပ်ဈေးသတ်မှတ်ပါတယ်။”
နိုင်ငံခြားငွေကို ရောင်းဝယ်ဖေါက်ကားခွင့် လိုင်စင်ရထားတဲ့ ပုဂ္ဂလိကဘဏ် ၁၁ ခုမှာ ခုလို နိုင်ငံခြား ငွေတွေ ကို ဘဏ်စာရင်းပြောင်းပြီး အရောင်းအဝယ် လုပ်နိုင်ပြီဆိုပေမဲ့ ပြည်တွင်းမှာ ရှိတဲ့ ဘဏ်တွေကြားမှာပဲ ငွေကို အရွှေ့ အပြောင်းလုပ်လို့ ရပါသေးတယ်၊ ဒီဘဏ်တွေကနေ တိုက်ရိုက်  နိုင်ငံခြားဘဏ်တွေဆီကို ငွေ အပြောင်းအရွှေ့တော့ လုပ်လို့ မရသေးပါဘူး၊
“ကျနော်ဘဏ်မှာရှိတဲ့ စာရင်းပိုင်ရှင်တယောက်က နိုင်ငံခြားကိုငွေလွှဲချင်တယ်ဆိုရင် ကျနော်တို့ဆီ မှာလာ ၀ယ်၊ လာဝယ်ပြီးတော့ MFTB, MICB ကတဆင့်ဘဲ လွှဲလို့ရအုံးမယ်ထင်တယ်။ တခြားပုဂ္ဂလိက ဘဏ်တွေ လည်း ဒီအတိုင်းပါဘဲခင်ဗျ၊ လောလောဆယ်ကျနော်တို့က ငွေလွှဲဖို့ Corresponding Banking ဘာညာ လုပ်ဖို့အတွက်က ကျနော်တို့က swift တွေဘာတွေ အခုမှ စပြီး လျှောက်နေဆဲကာလဖြစ်ပါတယ်။ နိုင်ငံခြားကို ကျနော်တို့ဘဏ်ကနေ တိုက်ရိုက်လွှဲဖို့ကိစ္စနဲ့ ပတ်သက်လို့ ပြင်ဆင်ဆဲကာလဖြစ်တဲ့အတွက် ဆောင်ရွက်လို့မရသေးတဲ့ကြားကာလမှာတော့ MFTB, MICB ကတဆင့်ဘဲဆောင်ရွက်ရမှာဖြစ်ပါတယ်။”
မေလဆန်းလောက်မှာတော့ မြန်မာ့ရှေ့ဆောင်ဘဏ်အနေနဲ့ နိုင်ငံခြားဘဏ်တွေနဲ့ တိုက်ရိုက် ချိတ်ဆက် ငွေအပြောင်း အရွှေ့လုပ်နိုင်မယ်လို့ မျှော်လင့်တယ်လို့လဲ ဆိုပါတယ်၊ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ ကြိုးစားနေတဲ့ အစိုးရက နိုင်ငံခြားငွေကို ပြည်တွင်းမှာ တရားဝင်ကိုင်ဆောင်ခွင့် ပြုလိုက်တဲ့သဘောမျိုး တနေ့ ဒေါ်လာ ၁ သောင်းအထိ ဘယ်သူမဆို ငွေလဲကောင်တာတွေမှာ လဲခွင့်ပြု လိုက်ပြီးနောက်မှာ ခုလို နိုင်ငံခြားငွေတွေကို ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေမှာ ဘဏ်စာရင်းပြောင်း ရောင်းဝယ်ခွင့်ကို ပြုလိုက်တာလည်းဖြစ်ပါတယ်၊ ဒါဟာ ပုဂ္ဂလိကဘဏ် တွေကို နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ဖို့ ပထမဆုံးအဆင့် အဖြစ်နဲ့ ခွင့်ပြုလိုက်တာဖြစ်တယ်လို့ မြန်မာ့ရှေ့ဆောင် ဘဏ်လိမိတက်  တာဝန်ရှိသူက မြင်ပါတယ်၊
“အရင်တုံးကတော့ဒီလိုမျိုးနိုင်ငံခြားငွေ ကိုင်ဆောင်ရောင်းဝယ်ခွင့်ပြုပေးထားခြင်းမရှိခဲ့ဘူးပေါ့၊ နိုင်ငံခြားဘဏ် လုပ်ငန်းအတွက် ပထမဆုံးအနေနဲ့ ခွင့်ပြုပေးတာပေါ့ခင်ဗျ။ ဘဏ်တွေကို ဒီလိုမျိုး ရောင်းဝယ်ခြင်း လုပ်ငန်း တွေ တဖြည်းဖြည်းခွင့်ပြုပေးတယ်ဆိုတော့ တဖြည်းဖြည်းတရားဝင်ပိုဖြစ်လာပြီး ဘဏ်လုပ်ငန်းတွေ တိုးတက် လာမယ်လို့တော့ ကျနော်တို့မျှော်လင့်ပါတယ်။”
နိုင်ငံခြားငွေတွေကို လောလောဆယ် ပြည်တွင်းမှာပဲ ဘဏ်စာရင်း အပြောင်းအရွှေ့လုပ် ရောင်းဝယ်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တွေကတော့ မြဝတီဘဏ်၊ အင်းဝဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှစိမ်းလမ်းမှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ် စတဲ့ နိုင်ငံခြားငွေလဲခွင့် လိုင်စင်ရထားတဲ့ ပုဂ္ဂလိကဘဏ် ၁၁ ခု ဖြစ်ပါတယ်။

နတ်မြစ်တွင် လူသေအလောင်းများ ပေါလောပေါ်နေ

မောင်တောမြို့နယ်၊ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး နှင့် ကွက်ကဲမှု ဌာန (နစက) နယ်မြေ အမှတ် ၈ အတွင်း မြင်းလွှတ်ကျေးရွာ အုပ်စုအနီးရှိ နတ်မြတ် တလျှောက်တွင် ၁၀ ဦးထက်များ သော လူသေ အလောင်းများ ပေါလောပေါ်နေသည့်ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မှ စ၍ တွေ့နေရကြောင်း မြင်းလွှတ် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦး၏ ပြောပြချက်အရ သိရသည်။
၎င်းလူသေအလောင်းများ ကို သယ်ယူခြင်းနှင့် သင်ဂြိုတ်ခြင်းမပြုရန် နစက နယ်မြေ ၈ ၏ နယ်မြေမှူးမှ တားမြစ် ထားကြောင်းသိရသည်။

၎င်း လူသေ အလောင်းများ မှာ လွန်ခဲ့သော လေးရက်နေ့တွင် နယ်မြေ ၈ နစက များမှ လူတဦးလျှင် ငွေ ၅၀၀၀၀ ယူ၍ ခွင့်ပြုထားသော မလေးရှာသွား ရိုဟင်ဂျာ စက်လှေစီးသမားများဖြစ်နိုင်ကြောင်း၊ ၎င်းစက် လှေမှာ ဘင်္ဂါလာ ပင်လယ်အော် တွင် ပျက်စီးနှစ်မြှုပ်သွားသည့်အတွက် သေဆုံးသူများဖြစ်နိုင်ကြောင်း ၎င်းကပင် ပြောပြသည်။

နစကများသည် လှေလူကုန်ကူးမှု တွင် ပါဝင် ပတ်သက် နေသည့်ကို ဖုံးကွယ်ရန် အတွက် နတ်မြစ်ထဲမှ လူသေ အလောင်းများကို သယ်ယူ၊ သင်ဂြိုတ်ခွင့် မပေးခြင်းဖြစ်သည့်ဟု ၎င်း ကျေးရွာနေ ကျောင်းဆရာ တဦး၏ ပြောပြချက်အရ သိရသည်။

လူသေ အလောင်းများ မြစ်ကမ်းနားသို့ကပ်လာပါက မြစ်အတွင်းသို့ တွန်းချပေးရန် နစက မှ ရွာသားများကို ညွန့်ကြား ထားကြောင်း သိရသည်။

နစကများသည် လူသေ အလောင်းများကို  ပျက်စီး ပျောက်ကွယ်ချင်သောလည်း လွန်ခဲ့သောနှစ် နိုဝင်ဘောလ ၂၃ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သော နယ်မြေ ၇ နစကများမှ ငွေယူပြီး မလေးရှာ သွားရန် ခွင့်ပြုမှု၊ လူ ၁၃၈ ပျောက်သွားမှု၊ အလောင်း ပျောက်မှု စသည့်တို့ကို စစ်ဆေးရန် လူကုန်ကူးမှု အဖွဲ့ လာရောက် ခဲ့သည်များကို ကြောက် ၍ မလုပ်ကြောင်း နစက အကျိုးတော်ဆောင် တဦး မှ ပြောပြသည်။

ဘင်္ဂါလာဒေးရှ် နှင့် မြန်မာနိုင်ငံ မှ မလေးရှာသို့သွားသည် ပင်လယ်ခရီးသည် ကြမ်းတမ်း၍ အန္တရာယ်အများ ဆုံး ခရီးဖြစ်ကြောင်း၊ ၎င်းခရီးတွင် စက်လှေ မှောက်ပြီး လူ အမြောက်အများ သေဆုံးသည့် အပြင် ထိုင်း နှင့် မြန်မာ အစိုးရ များ၏ ဖမ်းဆီးခြင်းလည်း ခံရကို မကြောက်၍ ယနေတိုင် ၎င်းခရီးကို ဆက်လက် သွားလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးတို့သည် ယခင်နည်းတူ ဖိနှိပ်ချုပ်ချယ်မှုများသော ခရီးသွား လာမှု၊ ထိမ်းမြားမှု၊ ပညာရေး၊ ကျန်းမာရေး နှင့် အလုပ်အကိုင် ရရှိရေးများ ဆက်လက်ခံနေရကြောင်း သိရသည်။

နစကများသည် ရိုဟင်ဂျာ လူမျိုးများ ထံမှ ငွေယူပြီး နိုင်ငံခြားသို့ ထွက်ခွါ ခွင့်ပြု ခြင်းသည် ခဲတလုံးဖြင့် ငှက် နှစ်ကောင် ပစ်နည်းကို သုံးနေခြင်းဖြစ်ကြောင်း၊ နစက စီမံကိန်းတွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ လူဦးရေး လျှော့ချရေး အတွက် အသုံးဝင်သလို ငွေ လည်း ရနေသည်ဟု ဆိုလိုသည်။

Wednesday, February 8, 2012

မြန်မာအပေါ် ဒဏ်ခတ်မှုအချို့ အမေရိကန် ရုပ်သိမ်း

နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို နည်းပညာအကူအညီတွေ ပြန်လည်ပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှုအချို့ကို မနေ့က ပယ်ဖျက်လိုက်ပါပြီ။ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေအောက်မှာထားတဲ့ မြန်မာအပေါ် အရေးယူမှုအချို့ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ လက်မှတ်နဲ့ ကင်းလွတ်ခွင့်ပေးလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ဒီအရေးယူဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငံအတွက် ဘာတွေများ အကျိုးရှိစေနိုင်သလဲ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

ရန်ကုန်လေဆိပ်ခြိမ်းခြောက်စာ ဘန်ကောက်သံရုံးရရှိ

ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နဲ့ မနက်ဖြန် ၉ ရက်နေ့တွေမှာ ရန်ကုန်လေဆိပ်ကို တိုက်ခိုက်မှုလုပ်မယ် ဆိုတဲ့ ခြိမ်းခြောက်စာတစောင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အကြမ်းဖက်မှု တန်ပြန်ရေး ကျွမ်းကျင်သူတွေက အလာရဲ့သားတော်များလို့ဆိုတဲ့ဆီက စာဟာ ခြိမ်းခြောက်စာ အစစ်အမှန်မဟုတ်ဘူးလို့ ပြောပါတယ်။

လှိုင်သာယာ ဆန္ဒပြအလုပ်သမား​များ​ကို အလုပ်ဖြုတ်မည်ဟု သတိ​ပေး

  February 8, 2012 by နေသွင်
လစာတိုး ​ပေး​ရေး​ ​တောင်း​ဆိုဆန္ဒပြ​နေတဲ့​ အလုပ်သမား​တွေကို ဆက်ပြီး​ ဆန္ဒပြမယ်ဆိုရင် အလုပ်က ဖြုတ်ပစ်မယ်လို့​ အလုပ်ရှင်က သတိ​ပေး​လိုက်တဲ့​အတွက် မ​ကျေမနပ်ဖြစ်​နေကြပါတယ်။
ရန်ကုန်၊​ လှိုင်သာယာစက်မှုဇုန်ထဲက တရုတ်လူမျိုး​တဦး​ပိုင်တဲ့​ တိုင်ရီ ဖိနပ်စက်ရုံက အလုပ်သမား​ ၂ ​ထောင်​ကျော်ဟာ လစာတိုး​ပေး​ဖို့​အပါအဝင်၊​ သူတို့​ရဲ့​ နစ်နာချက်​တွေရရှိ​ရေး​အတွက် ​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့​ကစလို့​ သုံး​ရက်ဆက်တိုက် ဆန္ဒပြု​နေကြတာပါ။
ဒီ​နေ့​မှာ အလုပ်ရှင်ရဲ့​ ကိုယ်စား​လှယ်​ရောက်လာပြီး​ အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုချက်ကို မလိုက်​လျောနိုင်တဲ့​အ​ကြောင်း​၊​ ​နောက်ထပ် ၃ ရက် အလုပ်မရှင်း​ဘဲ ဆက်ဆန္ဒပြမယ်ဆိုရင် အလုပ်ဖြုတ်မယ်လို့​ သတိ​ပေး​သွား​တဲ့​အတွက် မ​ကျေမနပ်ဖြစ်​နေကြတာပါ။
ဆန္ဒပြပွဲကို သွား​ကြည့်​ခဲ့​တဲ့​ လူ့​အခွင့်​အ​ရေး​လှုပ်ရှား​သူ မစုစု​နွေး​က “အလုပ်ရှင်က ​နောက်ထပ် ၃ ရက်ထက်ပိုပြီး​ အလုပ်မဆင်း​ရင် အလုပ်ကထုတ်ခံရမယ်။ ​ကျွေး​တဲ့​လက်ကို ပြန်ကိုက်တယ်ဆိုပြီး​ ​ခွေး​နဲ့​နှိုင်း​ပြီး​ ​ပြောတယ်။ အလုပ်ရှင်က ခြိမ်း​ခြောက်တယ်ဆိုပြီး​တော့​ မခံမရပ်နိုင်ဖြစ်ပြီး​ အလုပ်ရှင်နဲ့​ အလုပ်သမား​ဦး​စီး​တွေ ရှင်း​ပေး​တာကို လက်မခံဘူး​ဆိုပြီး​ ​ဝေး​ဆိုပြီး​ ​အော်ပြီး​ အလုပ်ရုံအပြင်ကို ထွက်သွား​ကြတယ်။ အပြင်မှာ ဝိုင်း​အော်ကြပြီး​ အလုပ်ရှင်ကို ​ရေသန့်​ဘူး​တွေနဲ့​ ​ပေါက်တယ်။ အလုပ်ရုံကို ပိတ်​ပေး​ဖို့​၊​ မပိတ်​ပေး​ခဲ့​ရင် သူတို့​တောင်း​ဆိုတာ ​ပေး​ဖို့​ဆိုပြီး​ အလုပ်ရုံထဲမှာ စီတန်း​ပြီး​အော်​နေကြတယ်” လို့​ ​ပြောပါတယ်။
အလုပ်သမား​ တွေက လခတိုး​ပေး​ရေး​နဲ့​ အလုပ်ချိန်​လျှော့​ပေး​ဖို့​၊​ အလုပ်သမား​တွေအချင်း​ချင်း​ကြား​မှာ အခွင့်​အ​ရေး​ တန်း​တူမ​ပေး​ဘဲ ခွဲခြား​ဆက်ဆံတာ၊​ အလုပ်စည်း​ကမ်း​တွေ တင်း​ကျပ် လွန်း​တာ​တွေကို ​လျှော့​ပေး​ဖို့​အပါအဝင် အချက် ၁၁ ချက်ကို ​တောင်း​ဆိုခဲ့​ကြပါတယ်။
မ​နေ့​ကစလို့​ စက်ရုံအဝင်အထွက် လမ်း​မ​တွေကို ရဲ​တွေက ပိတ်ထား​လိုက်ပါတယ်။ အလုပ်သမား​တွေက​တော့​ ​တောင်း​ဆိုချက်​တွေရတဲ့​အထိ ဆန္ဒပြသွား​မယ်လို့​ ​ပြောပါတယ်။
ဆန္ဒပြအလုပ်သမတဦး ​က “ပုံမှန်လစာ ဆု​ကြေး​ပါတယ်။ အချိန်ပို​ကြေး​ပါတယ်။ တာဝန်​ကျေ​ကြေး​၊​ ရက်မှန်​ကြေး​၊​ အား​လုံး​ပေါင်း​မှ ​ခြောက်​သောင်း​ခွဲ​လောက် ရတယ်။ ပြီး​ခဲ့​တဲ့​ ဇန်နဝါရီလက ပိတ်ရက်က အမျိုး​မျိုး​ ၈- ၉ – ၁၀ ရက်ရှိတယ်။ အဲဒီပိတ်ရက်​တွေကို ဖြတ်ချလိုက်တယ်။ အဲဒါ​ကြောင့်​ အများ​ကြီး​ကွာသွား​တာ။ ၈ ​ထောင်၊​ ၉ ​ထောင်၊​ ၁ ​သောင်း​ အဲဒါမျိုး​ ဖြတ်ချသွား​တယ်” လို့​ ​ပြောပါတယ်။
ဒီစက်ရုံမှာ တ​နေ့​ အလုပ်ချိန် ၈ နာရီထက်ပိုခိုင်း​ရုံသာမက၊​ တနင်္ဂ​နွေနဲ့​ အစိုး​ရ ရုံး​ပိတ်ရက်​တွေအတွက်ပါ လခထဲက ဖြတ်တဲ့​အ​ပေါ်မှာ အလုပ်သမား​တွေက မ​ကျေမနပ်ဖြစ်​နေကြတာပါ။
ဆန္ဒပြ​ခေါင်း​ဆောင်တဦး​ကလည်း​ စက်ရုံထဲက အလုပ်သမား​တွေဟာ နှစ်​ပေါင်း​များ​စွာ ဥပ​ဒေချိုး​ဖောက်တာကို ခံ​နေရတယ်လို့​ ​ပြောပါတယ်။
“အဓိကကျတဲ့​ သူတို့​ရဲ့​ချိုး​ဖောက်မှုက ဒီစက်ရုံက ၁၅ နှစ်နီး​ပါး​ရှိပြီ။ ၁၅ နှစ်လုံး​မှာ ပိတ်ရက်​တွေကို အလုပ်သမား​ကို လုပ်ခလုံး​ဝမ​ပေး​bဲနဲ့​ ပစ်ထား​တယ်။ ၆ ရက်လုပ်မယ်၊​ တပတ်တရက် ပိတ်တယ်။. အဲဒီတရက်က အလုပ်လုပ်တယ်လို့​ သတ်မှတ်တယ်။ ဥပ​ဒေအရ၊​ ဒါ​ပေမယ့်​ အဲဒါကို မ​ပေး​ဘူး​၊​ နာရီ​ကြေး​နဲ့​ပေး​တယ်။ တနာရီ​ကြေး​နဲ့​ပဲ ​ပေး​သွား​တယ်။ တပတ်မှာ ၄၈ နာရီဆိုရင် ၄၈ နာရီခပဲ​ပေး​တယ်။ တနင်္ဂ​နွေခ လုံး​ဝမ​ပေး​ဘူး​။”
စက်ရုံမှာ မနှစ်တုန်း​ကလည်း​ အလား​တူ ဆန္ဒပြမှုဖြစ်ခဲ့​ပြီး​ သက်ဆိုင်ရာက ဝင်​ရောက် ​ဖြေရှင်း​ပေး​ခဲ့​ဖူး​ပါတယ်။
လူ့​အခွင့်​အ​ ရေး​လှုပ်ရှား​သူ မစုစု​နွေး​က​တော့​ အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​တွေကို အကာအကာ​ပေး​နိုင်တဲ့​ အဖွဲ့​အစည်း​လိုအပ်​နေတဲ့​အ​ကြောင်း​ ​ပြောသွား​ပါတယ်။
“အစိုး​ရက မြို့​နယ်တိုင်း​ကို အလုပ်သမား​အဖွဲ့​တွေ ဖွဲ့​ထား​ပေး​တာ အလကား​ဖွဲ့​ပေး​ထား​တာ မဟုတ်ဘူး​။ အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​တွေကို ချိုး​ဖောက်ခံရတာကို ကာကွယ်​ပေး​ဖို့​ ဖွဲ့​စည်း​ပေး​ထား​တာ။ အခုလိုမျိုး​ စက်ရုံအလုပ်ရုံမှာ ဖြစ်ပျက်​နေတဲ့​ ပြဿနာအရပ်ရပ်ကို သူတို့​က စုံစမ်း​ရမယ်။ လဘ်​ပေး​လဘ်ယူ လုပ်ပြီး​ အလုပ်ရှင်​တွေဘက်က ကာကွယ်တာမျိုး​ မလုပ်ရဘူး​။ အလုပ်သမား​တွေအတွက်ကို တကယ့်​ သား​သမီး​အရင်း​လို၊​ မိသား​စု အရင်း​အချာလို သ​ဘောထား​ပြီး​တော့​ ကာကွယ်​ပေး​ဖို့​ လိုအပ်ပါတယ်။ အလုပ်သမား​တွေက သူတို့​မှာ မချိမဆံ့​ခံစား​ရလို့​ ရင်ထဲက​နေ ​ပေါက်ကွဲပြီး​ထွက်လာတာပါ။ အလုပ်ပြုတ်မှာတို့​၊​ ဒုက္ခ​ရောက်မှာတို့​ကို တအား​စိုး​ရိမ်ပါတယ်။ အခုလို ဆန္ဒပြ​တောင်း​ဆိုတာကလည်း​ သူတို့​ရင်ထဲမှာ နှစ်နဲ့​ချီပြီး​ ခံစား​ရတာ​တွေ ရင်ထဲမှာ မဆန့်​တော့​လို့​ ​ပေါက်ကွဲတာမျိုး​ ​ပေါ်လွင်​နေတယ်။”

ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုစာ။

ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုစာ

သို့
KIC
ဒေါ်အောင်ဆန်းစုကြည်သို့ အကြံပြုစာ။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ် ရွေးကောက်ပွဲဝင်ရန်အတွက် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ ကရင်မိသားစုဝင်တစ်ဦးအဖြစ် စာရင်းသွင်းထားသည်ဟု သိရပါသည်။ တိုင်းရင်းသားများ၏ ကောင်းကျိုးကို ဆောင်ရွက်လိုသောကြောင့် ကရင်တိုင်းရင်းသား မိသားစုဝင်တစ်ဦးအဖြစ် စာရင်းသွင်းခြင်းဟု မှတ်ထင်ပါသည်။ ကရင်တိုင်းရင်းသားများ၏ လိုအပ်ချက်၊ ခံစားချက်၊ နစ်နာချက်များကို အသေးစိတ် သိရှိမှသာလျှင် ၎င်းတို့၏ အကျိုးကို မည်ကဲ့သို့ စီမံဆောင်ရွက်ပေးရမည်ကို သိရှိနိုင်မည်ဟု ထင်မှတ်ပါသည်။
မြန်မာ့တပ်မတော်မှ လူ့အခွင့်ရေးချိုးဖေါက်မှုကို ခံစားရသော ကရင်တိုင်းရင်းသူအချို့၏ မှတ် တမ်းမှတ်ရာများကို ဖတ်ရှုခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ စီမံဆောင်ရွက်ချက်များအား အနည်းငယ် အထောက်အကူပြုမည်ဟု ထင်မှတ်ပါသည်။
အထူးသဖြင့် ကရင်အမျိုးသမီးအစည်းအရုံးနှင့် အခြားလူမျိုးစုများမှ ပြုစုရေးသားထားသော မှတ်တမ်းစာအုပ်များကို ဖတ်ရှုလေ့လာစေလိုကြောင်းကို KIC မှတဆင့် အကြံပြုပေးလိုက်ပါသည်။
စောအယ်ယား (မယ်လဒုက္ခသည်စခန်း)

ဒီမိုကရက်တစ်မဟာမိတ်ပါတီ နှင့် ၈၈-ပြည်သူ့ အင်အားစုပါတီ နိုင်ငံရေးပါတီအဖြစ်မှပယ်ဖျက်ခြင်း

ပယ်ဖျက်ခံရတဲ့ ပါတီနှစ်ခုကတော့ ဒီမိုကရက်တစ်မဟာမိတ်ပါတီ နှင့် ၈၈-ပြည်သူ့ အင်အားစုပါတီ ဖြစ်ပါတယ်။

အ​မေရိကန် စီအိုင်​အေ ညွှန်ကြား​ရေး​မှူး​ မြန်မာပြည်သွား​မည်


   February 8, 2012 by ဒီဗွီဘီ   
အ ​မေရိကန် ဗဟို​ထောက်လှမ်း​ရေး​အေဂျင်စီ (စီအိုင်​အေ) ညွှန်ကြား​ရေး​မှူး​ အကြီး​အကဲ ​ဒေး​ဗစ်အိပ်ခ်ျ ပီထရပ်စ်ဟာ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွား​ရောက်လည်ပတ်မယ်လို့​ ထိုင်း​နဲ့​အ​မေရိကန်အရာရှိ​တွေရဲ့​ပြောဆိုချက်ကို ကိုး​ကား​ပြီး​ အ​မေရိကန် အ​ခြေစိုက် နယူး​ယောက် တိုင်မ်း​သတင်း​စာမှာ ​ဖော်ပြပါတယ်။
စီအိုင်​အေ ညွှန်ကြား​ရေး​မှူး​ အကြီး​အကဲက မြန်မာနိုင်ငံကို သွား​ရောက်လည်ပတ်နိုင်ဖွယ်ရှိတဲ့​ အ​ကြောင်း​ကို တနင်္လာ​နေ့​က ​တွေ့​ဆုံရာမှာ ​ဆွေး​နွေး​ခဲ့​တယ်လို့​ ထိုင်း​နိုင်ငံခြား​ရေး​ဝန်ကြီး​ ဆူရာ​ပေါင် တိုဝီချပ်ချိုင်း​ကူး​က ထိုင်း​သတင်း​ဌာန​တွေကို ​ပြောပါတယ်။
စီအိုင်​အေ အကြီး​အကဲ မစ္စတာပီထရပ်စ်ကလည်း​ မြန်မာနိုင်ငံ သွား​မှာ​သေချာတဲ့​အ​ကြောင်း​ ​ပြောကြား​ခဲ့​တယ်လို့​လည်း​ သူက ဆိုပါတယ်။
အလား​တူ ဘန်​ကောက်မှာရှိတဲ့​ အ​မေရိကန် အရာရှိ​တွေကလည်း​ မစ္စတာ ပီထရပ်စ်ကို နိုင်ငံခြား​ရေး​ ဝန်ကြီး​ ဟီလာရီကလင်တန်က ယခုနှစ် ​နှောင်း​ပိုင်း​မှာ မြန်မာပြည်ကို သွား​ရောက်လည်ပတ်ဖို့​ ​ပြောဆိုခဲ့​တယ်လို့​လည်း​ သတင်း​မှာ အတည်ပြု ​ပြောကြား​ခဲ့​ပါတယ်။

၈၈ ​ကျောင်း​သား​ခေါင်း​ဆောင် ကိုမိုး​သီး​ဇွန်နှင့်​ ဦး​အောင်မင်း​တွေ့​ဆုံ

မင်းလွင်

ပြည်ပ ​ရောက် ထင်ရှား​တဲ့​ ၈၈ ​ကျောင်း​သား ​ခေါင်း​ဆောင် ကိုမိုး​ သီး​ဇွန်နဲ့​ ပြည်​ထောင်စု အစိုး​ရ ငြိမ်း​ချမ်း​ရေး ​ဖော်​ဆောင်​ရေး​ အဖွဲ့​မှ မီး​ရထား ​ဝန်ကြီး​ ဦး​အောင်မင်း​တို့​ မ​နေ့​က ထိုင်း​နိုင်ငံ ဘန်​ကောက်မှာ ​တွေ့​ဆုံ ခဲ့​ကြ ပါတယ်။

ပြည်​ထောင်စု အစိုး​ရ မီး​ရထား​ ဝန်ကြီး​နဲ့​ ​တွေ့​ဆုံ ခဲ့​မှု အ​ပေါ်ကို ကိုမိုး​သီး​ဇွန်က “ဇန်နဝါရီလ ၁၄ ရက်​ နေ့​မှာ ပြည်ထဲ​ရေး ​ဝန်ကြီး ​ဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး​ ကိုကို က​နေပြီး​ ကျ​နော် တို့​ကို ပြန်လာ နိုင်ပါ တယ်လို့​ သတင်း​ထောက် တ​ယောက်ကို ​ဖြေသွား​ တယ်။ အဲဒီ အ​ပေါ် မှာ ကျ​နော်က အဲဒီ ငြိမ်း​ချမ်း​ရေး​ အကျိုး​ ဆောင်လုပ်​ နေတဲ့​ အဖွဲ့​ ထဲက တ​ယောက်ကို ဆက်သွယ်ပြီး​ မေး​ပါတယ်။ အဲဒီ အခါ ကျ​တော့​ ဝန်ကြီး​ ဦး​အောင်မင်း​နဲ့​ ဘန်​ကောက်မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ဖို့​ ကျ​နော်တို့​ ချိန်း​လိုက်တယ်။ မ​နေ့​က ကျ​နော်တို့​ စပြီး​ တွေ့​ကြတယ်။ သူတို့​ ပြန်​ဖြေ တာ​တော့​ အဓိ က​တော့​ အမျိုး​သား​ ပြန်လည် သင့်​မြတ်​ရေး​ အတွက် အစိုး​ရ အဖွဲ့​က ကြိုး​ပမ်း​ ဆောင်ရွက်​ နေပုံ​တွေ အခက် အခဲ အ​နေ အထား​ တွေကို ကျ​နော် တို့​ကို ရှင်း​ပြ ပါတယ်” လို့​ ​ပြောပါ တယ်။

ဦး ​အောင်မင်း​နဲ့​ ​တွေ့​ဆုံရာမှာ ကိုမိုး​သီး​ဇွန်နဲ့​ လိုက်ပါသွား​တဲ့​ ကို​ဇော်မင်း​က “အခုက ပထမဆုံး​တွေ့​တဲ့​ အကြိမ် ဖြစ်တဲ့​အခါကျ​တော့​ စပြီး​ထိ​တွေ့​ ဆက်ဆံတဲ့​ အပြန်အလှန် ဆက်ဆံ​ရေး​လမ်း​ကြောင်း​ ဖွင့်​နိုင်မယ်လို့​ ​မျှော်လင့်​တယ်။ စကား​ပြောရတာ​တော့​ ​တော်​တော်အဆင်​ပြေပါတယ်။ နှစ်ဖက်လည်း​ နား​လည်မှုရှိတယ်။ ဘာ​ခေါင်း​စဉ်မှ ထူး​ထူး​ထွေ​ထွေ မ​ဆွေး​နွေး​ဖြစ်ပါဘူး​။ တဦး​နဲ့​တဦး​ ရင်း​နှီး​အောင် မိတ် ဆက် တယ်ဆိုတဲ့​ အခါကျ​တော့​ ဒီလိုပဲ ​ရှေး​ကဖြစ်ခဲ့​တဲ့​ နိုင်ငံ​ရေး​ ဖြစ်စဉ်​လေး​တွေကို ကျ​နော်တို့​ပြောကြ၊​ ဖြစ်လာတဲ့​ အ​ပြောင်း​အလဲနဲ့​ ပတ်သက်လို့​ ​ပြောကြဆိုကြ​ပေါ့​။ ​ပြောင်း​လဲလာတဲ့​ အ​ပြောင်း​အလဲ တချို့​နဲ့​ပတ်သက်ပြီး​တော့​ တချို့​ဟာလည်း​ ​ပြောင်း​လဲတာ​တွေက ​ကောင်း​သော ​ပြောင်း​လဲခြင်း​ ဖြစ်တယ်​ပေါ့​။ ဒါ​တွေလည်း​ မြင်တဲ့​အ​ကြောင်း​ ​ဆွေး​နွေး​ပြီး​တော့​ ​ပြောကြတာပါ” လို့​ ​ဆိုပါတယ်။

ကို ​ဇော်မင်း​ဟာ ဖွံဖြိုး​ရေး​ဆိုင်ရာ ​ဆောင်း​ပါး​တွေကို ​ရေး​သား​သူ တဦး​ဖြစ်ပြီး​တော့​ လူ့​ဘောင်သစ်ပါတီနဲ့​ မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​မှာ တာဝန်​တွေ ထမ်း​ဆောင်ခဲ့​ဖူး​ပါတယ်။

ပြည်ပ​ရောက် မြန်မာလူမျိုး​တွေကို မြန်မာနိုင်ငံ ပြန်လာ​စေချင်ရင်​တော့​ ပြည်​ထောင်စု အစိုး​ရက​နေ အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​ပြီး​မှသာ ပြန်လာနိုင်မယ်လို့​ ကိုမိုး​သီး​ဇွန်က ​ပြောပါတယ်။

“ကျ​နော်တို့​က ​ပြောထား​သလိုပဲ တပြည်လုံး​ အတိုင်း​အတာနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​တွေ လုပ်​ပေး​ဖို့​၊​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွှတ်​ပေး​ဖို့​၊​ ပြည်ပ​ရောက်တဲ့​ မြန်မာ​တွေ၊​ ပညာရှင်​တွေ၊​ နိုင်ငံသား​တွေကို လွတ်လပ်စွာ ပြန်ခွင့်​ပြုနိုင်တဲ့​ အ​ခြေအ​နေ အ​ထွေ​ထွေ လွတ်ငြိမ်း​ချမ်း​သာခွင့်​ကို အမြန်ဆုံး​ ပြုလုပ်​ပေး​မှသာလျှင် ကျ​နော်တို့​ ပြန်လို့​ရမယ်။”

ကိုမိုး​သီး​ ဇွန်ဟာ ၁၉၈၈ ခုနှစ် ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​ အဖွဲ့​ချုပ်မှာ အ​ထွေ​ထွေအတွင်း​ရေး​မှူး​၊​ နဝတ စစ်အစိုး​ရ လက် ထက် လူ့​ဘောင်သစ် ပါတီမှာ ဥက္ကဋ္ဌနဲ့​ ​ကျောင်း​သား​တပ်မ​တော် ​အေဘီအက်စ်ဒီအက်ဖ်မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့​ဖူး​သူလည်း​ ဖြစ်ပါ တယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝန်ခံမှုများ တိုက်တွန်းမှုများ ပြုလုပ်

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၈ ရက် ၂၀၁၂


တပ်မတော်တွင် နှစ် ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း တယောက် ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေ မန်းက အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တိုင်းပြည် အခြေအနေနှင့် ပတ်သက်၍ ဝန်ခံမှုတချို့ ပြုလုပ်ခဲ့ပြီး အမှန် တကယ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ကြရန် လွှတ်တော် အမတ်များကို တိုက်တွန်း ပြောဆိုသွားသည်။

"အမှန်အတိုင်း ဝန်ခံပြောဆိုရမည်ဆိုလျှင် ယနေ့ တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိ ရရှိနေသော လုပ်ခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေမရှိကြပါ။ အခြေခံစားဝတ်နေရေး၊ လူမှုရေးအတွက် လောက်ငစွာ မရရှိပါ" ဟု နိုင်ငံ့ဝန်ထမ်းများ လုပ်ခ လစာများ တိုးမြှင့်ပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

“လုပ်ခ၊ လစာနည်းတာကို အကြာင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာတမ်းကြေးများ တောင်းယူခြင်းနင့် အခြား မလျော် ကန် သော လာဘ်ပေးလာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့ ဌာနအများစုလိုလိုပင် တခုမဟုတ်တခု ပုံစံအမျိုးမျိုး ဖြစ်ပေါ် နေတာကို ဝမ်းနည်းစွာ ကြားသိနေရပါတယ်” ဟုလည်း ပြောသွားသည်။

နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခြေခံထုတ်ကုန် ထုတ်လုပ်သူများမှာလည်း အရှုံးပေါ်နေပြီး “အရှုံးပေါ်နေမှုဟာ နိုင်ငံ အတွက် ကောင်း တဲ့ လက္ခဏာ မဟုတ်ပါ၊ တောင်သူ လယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများကို များစွာ ထိခိုက်နေရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေကို လေးစား လိုက်နာပြီး တာဝန်ရှိသူများက ဆောင်ရွက်မပေးရာလည်း ရောက်ပါတယ်။ ဒီအခြေအနေများကို ဝမ်းနည်း စိတ်မကောင်း စွာဖြင့် လက်ခံနေရမည့် အချိန်မဟုတ်တော့ပါဘူး” ဟုလည်း သူရဦးရွှေမန်း က ထည့်သွင်း ပြောသွားသည်။

မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် အမိန့်ညွှန်ကြားချက်ဖြင့် နွေစပါး၊ မိုးစပါး စိုက်ပျိုးစေခြင်းသည်လည်း ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး၊ အသေးစိတ် လေ့လာခြင်းမရှိသည့် ဆည်စီမံကိန်းများကြောင့် အချို့ဒေသများတွင် လယ်မြေများ ရေကြီးကာ စိုက်ပျိုးနိုင်ခြင်း မရှိဟုလည်း ထောက်ပြ ပြောဆိုသွားသည်။

မြန်မာနိုင်ငံရှိ စက်ရုံ အလုပ်ရုံများ၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ အခြေအနေနှင့် ပတ်သက်၍လည်း “စက်ရုံသာ ပြီးစီးပြီး ကျွမ်း ကျင်လုပ်သားမရှိ၊ လုပ်သားမလုံလောက်၊ စက်ရုံသာပြီးစီးပြီး လျှပ်စစ်ဓာတ်အား မလုံလောက်၊ လျှပ်စစ်ဓာတ်အားမရ၊ စက်ရုံသာပြီးစီးပြီး စွမ်းအင်(Energy) ခေါ် Gas မလုံလောက်၊ Gas မရ၊ အခြားလိုအပ်သောလောင်စာစွမ်းအင်များမရ၊ ကုန်ကြမ်းများ မလုံလောက်၊ ကုန် ကြမ်း များမရ" ဟုလည်း ထည့်သွင်းပြောသွားသေးသည်။

အတိတ်မှ မှားယွင်းမှုများကို သင်ခန်းစာယူကာ ပြုပြင်ပြောင်းလဲမှုများ ရဲဝံ့စွာ ဆောင်ရွက်သွားကြရန်လည်း သူ၏ လွှတ်တော်တွင်း ဆွေး နွေး မှုတွင် ဦးရွှေမန်းက ထည့်သွင်း ပြောကြားသွားသေးသည်။

“အတိတ်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စများကို ပြစ်တင်ဝေဖန်မှုပြုနေလျှင်လည်း ဘာမှအကျိုးမထူးပါ။ အတိတ်အပေါ် သင်ခန်းစာများယူပြီး ရဲဝံ့စွာ ပြုပြင်ဆောင်ရွက်သွားဖို့ပဲ လိုပါတယ်။ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ကြရပါ မယ်။ ခံယူချက်(Concept)တွေ၊ စိတ်ထား(Mind set)တွေ ခေတ်မီဖို့ ခေတ်နှင့်လျော်ညီဖို့ လိုပါတယ်။ ကောင်းတာ ဖြစ်ဖို့ ပြောင်းလဲကြရအောင်ပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံသားကို တကယ် ချစ်လျှင် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် ဘာသာအယူအစွဲမထားဘဲ စီမံဆောင်ရွက် ကြရအောင်ပါ။ သန်း ၆ဝ သော ပြည်သူလူထုကြီး၏ မျက်နှာနှင့် အကျိုးစီးပွားကိုကြည့်ကြရအောင်ပါ” ဟု ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များကို ပြောဆိုသွား သည်။

ဦးရွှေမန်းက သူ၏ လွှတ်တော်အတွင်း တင်ပြမှုများနှင့်ပတ်သက်၍ “ကျနော်တင်ပြနေတာက ပြည်သူများရဲ့ အသံ တွေပါ၊ ပြည်သူများ ထဲမှ ဝန်ထမ်း များ၏ အသံတွေပါ၊ ပြည်သူ့ရဲ့ ဆန္ဒတွေပါ။ ပြည်သူများ၏ မျှော်လင့်ချက်တွေပါ။ ပြည်သူ များ၏ မျှော်လင့်ချက် တွေကို ဤပြည်ထောင် စုလွှတ် တော်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံမှာ အမြင့်ဆုံးသော သြဇာ အကြီးမား ဆုံးသော ဤလွှတ်တော် ကြီးက အတည်ပြု ပေးပါ” ဟုလည်း ထည့်သွင်းပြောသွား သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးရွှေမန်းသည် ဇန်နဝါရီလ ၂၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပါ တီ၏ အထူးအစည်းအဝေးတွင်လည်း သူ၏ ပါတီဝင်များကို “အမြီးရ အမြီးစား၊ ခေါင်းရ ခေါင်းစား မလုပ်ကြနဲ့တဲ့။ စစ်ဆေးလို့ရှိရင်တော့ အကုန်ပြုတ်မှာ" သတိပေးသွားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီမှ ဗဟိုဦးစီး အဖွဲ့ဝင် တဦးက မဇ္ဈိမကိုပြောသည်။

ဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်တပ်တပ်မှ ၂ဝ၁ဝ ခုနှစ်တွင် အနားယူကာ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ဦးရွှေမန်းသည် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်းက နေပြည်တော်တွင်ပြုလုပ်သည့် “ကမ္ဘာ့ ဒီမိုကရေစီနေ့” တွင် မိမိကိုယ်ကိုယ် “ဒီမိုကရေစီ ဘက်တော်သား” ဟု သုံးနှုန်းပြောဆိုခဲ့သူလည်းဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် (Defence Services Academy) အမှတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးရွှေမန်းသည် တပ်မတော်တွင် ၁၉၆၉ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ တွင် တပ်မှ အနားယူကာနေပြည်တော် ဇေယျာသီရိမြို့နယ်မှ ကြံ့ခိုင်ရေးပါတီပြည်သူ့လွှတ်တော် အမတ်အဖြစ် ဝင်ရောက်အရွေးခံကာ အနိုင်ရခဲ့သူဖြစ်သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သည့် ဦးရွှေမန်းသည် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

နှစ် ၅၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျောင်းသားခေါင်းဆောင်မျိုးဆက်များ မိတ်ဆက်လက်ဖက်ရည်ပွဲပြုလုပ်




By ဇာဏီ ၊ ဖေဖော်ဝါရီလ ၈ ၊ ၂၀၁၂။
နှစ်ပေါင်း ၅၀ အတွင်းမှာ ဖြတ်သန်း ခဲ့ကြတဲ့ ကျောင်းသား ခေါင်းဆောင် မျိုးဆက်တွေ တွေ့ဆုံပြီးတော့ မြန်မာ့ သမိုင်းနဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေအတွင်း ကျောင်းသားတွေ ပါဝင် လှုပ်ရှားခဲ့မှုတွေကို ပြန်ပြီးတော့ ပြောဆိုခဲ့ကြတဲ့ မိတ်ဆက် လက်ဖက်ရည်ပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။
တောင်ဥက္ကလာပ မြို့နယ်မှာ ရှိတဲ့ စိတ်တိုင်းကျ စားရိပ်မြုံ၏ အပေါ်ထပ်မှာ နေ့လည် ၁၂း၀၀ နာရီမှ ၂း၀၀ နာရီအချိန်အထိ ကျင်းပခဲ့ပြီး အဆိုပါပွဲကို ၆၂ မျိုးဆက်မှ စ၍ ၂၀၀၇ မျိုးဆက် အထိ အယောက် ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
“၆၂ မျိုးဆက် ဖြစ်တဲ့ အန်ကယ် ဦးလှရွှေတို့ မျိုးဆက်က စလို့ ၂၀၀၇ မျိုးဆက်က ဒီငြိမ်းလင်း၊ ကိုစည်သူမောင်၊ ၈၈ မျိုးဆက်က ဆိုရင် ကိုမြအေး၊ ကိုပြုံးချို၊ ၉၆ ကဆို မနှင်းမေအောင်(ခ)နိုဘယ်အေး၊ မဇင်မာအောင်၊ ကိုမျိုးမင်းထိုက်တို့ မျိုးဆက်အစုံ လာကြပါတယ်” လို့ မိတ်ဆက်လက်ဖက်ရည်ပွဲကို တက်ရောက်ခဲ့သူ ၉၆ မျိုးဆက် ကျောင်းသားခေါင်းဆောင် မဇင်မာအောင်က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
“ကျမတို့ လူငယ်မျိုးဆက်တွေနဲ့ ဥပမာ ၆၂ က မျိုးဆက်တွေနဲ့ ဆိုရင် တော်တော်အဆက်ပြတ်တယ်လေ။ ၂၀၀၇ မျိုးဆက်တွေဆိုရင် မကြာသေးမှီက ကျောင်းသားသမဂ္ဂကို ပြန်လည်ဖွဲ့စည်းတယ်၊ အသက်သွင်းတယ်။ ဒီမျိုးဆက်တွေဆိုရင် အလတ်ဆတ်ဆုံး မျိုးဆက်လို့ ကျမက ပြောချင်တယ်။ အဲတော့ ဒီမျိုးဆက်တွေနဲ့ ဟိုးအရင့်အရင်က လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြန်လည်တွေ့ဆုံရတာက ဒါဟာ သမိုင်းမှာ တော်တော် အရေးကြီးတဲ့ လက္ခဏာလေးပါ။”
“ဒီပွဲလေးက ပထမဦးဆုံးအကြိမ်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ပိုပြီးတော့ ထိစပ်မှု ဆက်စပ်မှု ရှိသွားတယ်လို့ ခံစားရပါတယ်” လို့ မဇင်မာအောင်ကပဲ ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
မိတ်ဆက်ပွဲအစမှာ ခေတ်အဆက်ဆက် ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ ကျောင်းသားတွေကို ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။ အဖွင့်အမှာစကားကိုတော့ ၁၉၆၂ ခုနှစ် ဗကသ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလှရွှေက ပြောကြားခဲ့ပြီး မျိုးဆက်တွေအလိုက် ကျောင်းသားခေါင်းဆောင်တွေက နှုတ်ခွန်းဆက်စကားတွေ ပြောခဲ့ပါတယ်။ အဲဒီနောက်မှာ လက်ဖက်ရည်ဝိုင်းနဲ့ ဧည့်ခံပြီး ရှေးဟောင်းနှောင်းဖြစ်အကြောင်းတွေကို ရင်းနှီးစွာ ပြောဆိုခဲ့ကြပါတယ်။ နေ့လယ် ၂ နာရီမှာတော့ အခမ်းအနား ပြီးဆုံးခဲ့ပြီး နှုတ်ဆက် အပိတ်စကားကိုတော့ ၆၂ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးလှရွှေက ပြောကြားခဲ့ပါတယ်။
၉၆ မျိုးဆက် ကျောင်းသားခေါင်းဆောင် မဇင်မာအောင်က “ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်တွေဟာ သူ့ခေတ်သူ့အခါမှာ နိုင်ငံရေးသမိုင်းအစဉ်အလာတွေကို တာဝန်သိသိ သယ်ဆောင်ခဲ့ကြတဲ့လူတွေဖြစ်တဲ့အတွက် အခုလို တွေ့ဆုံမှုတွေဟာ နိုင်ငံရေးအရရော သမိုင်းကြောင်းအရပါ အင်မတန် အနှစ်သာရရှိတဲ့ ပွဲလေး တပွဲဖြစ်ပါတယ်”လို့ မိတ်ဆက် လက်ဖက်ရည်ပွဲအပေါ် သူ့ရဲ့အမြင်ကို ဘားမားဗီဂျေ မီဒီယာကို ပြောကြားလိုက်ပါတယ်။

ရခိုင် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှု ကုလ အထူး ကိုယ်စားလှယ်ကို တင်ပြ

ရခိုင်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မူများ ဆက်လက် ရှိနေသေးကြောင်းကို မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ ရောက်ရှိလာခဲ့သာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်းတားနားကို ရခိုင် ခေါင်းဆောင် ဦးအေးသာအောင်က တင်ပြခဲ့သည်ဟု သိရသည်။
U-Aye-Tha-Aung--Tomas-Ojea
ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းက တိုင်းရင်းသား ကိုယ် စားလှယ်များနှင့် တွေ့ဆုံစဉ် ထိုသို့ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖေါက်မှု ဆက်လက်ရှိနေသေးကြောင်းကို ဦးအေးသာအောင်က တင်ပြခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်က သူတင်ပြခဲ့သည့် အပေါ် နိရဉ္စရာကို ယခုလို ပြောပြသည်။

" ဘကြီးအနေနဲ့ ရခိုင်ပြည်မှာ န၀တ၊ နအဖ လက်ထက်ကတည်းကနေ အခုအချိန်ထိ လူ့အခွင့် အရေး ချိုးဖေါက်မှုတွေဟာ နည်းမျိုးစုံနဲ့ ဆက်တိုက် ဖြစ်ပေါ်နေတဲ့အကြောင်းတွေကို သူ့ကို ပြောပြတယ်။ အထူးသဖြင့် လယ်ယာမြေတွေ အသိမ်းခံနေရတာတွေဟာ အဆိုးရွားဆုံး ဖြစ်တယ်။ အခုလို လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ အတွက် ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ လူမူရေး၊ စီးပွားရေး၊ ပညာရေးပိုင်းမှာ အဆိုးရွားဆုံး ထိခိုက်နေတယ် ဆိုတဲ့အကြောင်းကို တင်ပြ ပြောဆို ခဲ့ပါတယ်။"

မစ္စတာကင်တားနားနှင့် ဖေဖေါ်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံစဉ် ဦးအေးသာအောင် အပါအ၀င် တိုင်းရင်း သား ခေါင်းဆောင်များ ဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဇိုမီး အမျိုး သားကွန်ဂရက် ဥက္ကဋ္ဌ ဦးပုကျင်ရှင်းထန်တို့လည်း ပါဝင်သည်။

အဓိက တိုင်းရင်းသား ခေါင်းဆောင်များက တိုင်းရင်းသား ဒေသများတွင် လူ့အခွင့်အရေး ချိုးဖေါက် ခံနေရမှုများကို အသီးသီး ဆွေးနွေး တင်ပြခဲ့ကြသည်ဟု သိရသည်။

၎င်းအပြင် မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် ပင်လုံ သဘောတူညီချက် အပေါ် အခြေခံ ဆွေးနွေးရန် လိုအပ်ကြောင်း တင်ပြခဲ့သည်ဟု ဦးအေးသာအောင်က ပြောသည်။

" အခု လတ်တလော ပြည်တွင်းစစ်ရပ်စဲဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့အတွက် ဆွေးနွေးနေ ကြတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အပစ်အခတ် ရပ်စဲရုံနဲ့ မပြီးတဲ့ အကြောင်း ။ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည် ဆောက်နိုင်ဖို့ဆိုရင် နိုင်ငံရေးအရ ဆွေးနွေးဖို့လိုတယ်။ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါမှာလည်း တိုင်းရင်းသား တွေရဲ့ အစဉ်အဆက် တင်ပြနေတဲ့ ပင်လုံညီလာခံ၊ ပင်လုံသဘောတူညီချက် အခြေခံအပေါ်မှာ ဆွေးနွေးဖို့ လို အပ်တဲ့အကြောင်းကို ဆွေးနွေး ပြခဲ့ပါတယ်" ဟု ပြောသည်။

မစ္စတာကင်တားနားသည် သူ၏ မြန်မာ ခရီးစဉ်အတွင်း တွေ့ရှိချက်များကို လာမည့် မတ်လအတွင်း လူ့အခွင့်အရေး ကောင်စီတွင် တင်ပြမည်ဖြစ်ပြီး အောက်တိုဘာလ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အစီရင် ခံစာ တင်သွင်းသွားမည်ဟု သိရသည်။

မစ္စတာကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် အချိန်မှ စ၍ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် မြန်မာနိုင်ငံကို ၅ ကြိမ်မြောက် လာရောက်ခဲ့ပြီ ဖြစ်သည်။