Tuesday, March 20, 2012

ရခိုင်နိုင်ငံပိုင် ရှင်မဖြူကျွန်းဟာ ဗမာပိုင်ခဲ့ တယ်-ပြီးတော့



မြန်မာနိုင်ငံသက္ကရာဇ် ၁၁၈၅ ခုနှစ်တွင် ဗြိတိသျှတို့နှင့် မြန်မာတို့ ရခိုင်နှင့် စစ်တကောင်းနယ်စပ်၊ နတ်မြစ်ဝရှိ ရှင်မဖြူကျွန်း သူပိုင် ငါပိုင် ပဋိပက္ခ ဖြစ်ပွားရာမှ ဗြိတိသျှတို့က ၁၈၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် မြန်မာဘုရင်အား စစ်ကြေညာခဲ့သည်။ ထိုအချိန်တွင် စစ်သူကြီး သတိုးသုဓမ္မ မဟာဗန္ဓုလနှင့်အတူ မြန်မာစစ်တပ် အတော်များများသည် ရခိုင် ဓညဝတီသို့ ပို့ထားပြီး ဖြစ်သည်။ မဟာဗန္ဓုလသည် ဓညဝတီမှ စစ်တကောင်းဘက်သို့ စစ်ချီခဲ့ပြီး၊ ဂေါတော့ပလ္လင်နှင့် ပန်းဝါ (ရာမူး) အရပ်တို့တွင် လည်းကောင်း၊ ပင်လယ်ဝ နတ်မြစ် (Naaf River) တွင် လည်းကောင်း ဗြိတိသျှ တပ်များနှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာတွင် ဗြိတိသျှတပ်များအား ချေမှုန်းနိုင်ခဲ့သည်။ရှင်မဖြူကျွန်းကိုတိုက်ခိုက်သိမ်းယူခဲ့တယ်။
 ကိုးကားမြန်မာ့ စွမ်စုံကျမ်း အတွဲ - ၈ (ဘ - မဟောဂနီ)၊ အပိုင်း-ခ၊ ပဌမနှိပ်ခြင်း၊ ၁၉၆၃၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း။

Monday, March 19, 2012

စစ်တပ်နင့် နိုင်ငံရေးပါတီများ

by Than Saw
ကျမက ဟားဗတ်က နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံဘာသာရပ်နဲ့ ဘွဲ့ရလာတဲ့သူ၊ သင်တန်းတက်လာခဲ့သူမဟုတ်ပါ။ ဒါပေမဲ့ လူဗြိန်းအမြင်နဲ့ဘဲ ဝင်ပြောပါရစေ။

ပိုမို ပီပြင်တဲ့ ဒီမိုကရေစီ ထွန်းကားထဲ့ နိုင်ငံတိုင်းမှာ စစ်တပ်များဟာ ဘယ်ပါတီတစ်ခုဘက်ကိုမျှ တိမ်းစောင်း ထောက်ခံခြင်း မရှိတာတွေ့ရပါတယ်။ ပါတီအားလုံး အပေါ်မှာ တူညီသော သဘောထားတာလည်း တွေ့ရပါတယ်။ 
နိုင်ငံရေး ပါတီအားလုံးကလည်း စစ်တပ်ကို ကိုယ့်နိုင်ငံကာကွယ်ရေး အတွက်၊ သဘာဝဘေးအန္တာရယ် ဒုက္ခသည်များအတွက်  အရေးပေါ် ကယ်ဆယ်ရေး အလုပ်များအတွက် အားကိုးကြပါတယ်။ လေးစားကြပါတယ်။  ရန်သူသဖွယ် ပြောဆို ဆက်ဆံမှုမျိုး မရှိပါ။ မတွေ့ရပါ။ အင်္ဂလန်နိုင်ငံတွင် အာဂျင်တီးနားလို တခြားနိုင်ငံနှင့် စစ်ဖြစ်တဲ့အခါမှာ ရွေးကောက်ထားတဲ့ အစိုးရဖြစ်တဲ့ ပါတီရော တခြားအတိုက်အခံပါတီများကပါ ထောက်ခံကြပါတယ်။ စစ်မလိုလားတဲ့ နိုင်ငံရေးသမားတချို့နဲ့ ပြည်သူအချို့ကတော့ မထောက်ခံပါ။ ဒါပေမဲ့ အများစုက အရေးပေါ်အခြေအနေမှာ စစ်ဖြစ်တာကို ထောက်ခံကြပါတယ်။
 
ဒီတော့ အမေစုနှင့် စစ်တပ်ကို ပေါင်းပါလို့ ဆော်အောခြင်းထက် စစ်တပ်ကို ကြားနေပါ။ နိုင်ငံရေးပါတီတိုင်းကို လေးစားပါ။ နိုင်ငံရေးပါတီတိုင်းကလည်း စစ်တပ်ကို လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ နိုင်ငံတော် စစ်တပ်ဖြစ်တယ်။ နိုင်ငံတော်အတွက် ဒေသအသီးသီးမှာ နိုင်ငံတော် ပြန်လည်ထူထောင်တဲ့ လုပ်ငန်းတွေမှဖြစ်ဖြစ် သဘာဝဘေးအန္တရယ်ဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာဘဲ ဖြစ်ဖြစ် နိုင်ငံလုံခြုံရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်တဲ့ ပါတီအားလုံး အရေးပေါ်အခြေအနေတွေမှာ အားကိုးရမဲ့ အဖွဲ့အစည်းအနေနှင့် လေးစားစွာ ဆက်ဆံသင့်တယ်လို့ဘဲ မြင်ပါတယ်။
 
နောက်တခု ပြောခြင်တဲ့ အချက် တစ်ခုရှိပါတယ်။ အမေရိကန်လိုနိုင်ငံတွေရဲ့ ပါတီအသီးသီးအတွင်းမှာ စစ်ဝန်ထမ်းဟောင်းတွေ တော်တော်များများ ပါပါတယ်။ အမေရိကန် သမတတွေကိုကြည့်ပါ။ သမတအတော်များများဟာ စစ်အတွင်းမှာ ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတွေ ဗိုလ်မှုးဟောင်းတွေ ဖြစ်ကြပါတယ်။ သာမန် စစ်သားဟောင်း တစ်ယောက်တောင် သမတဖြစ်ခဲ့တာရှိပါတယ်။ ပြောခြင်တာက စစ်ဝန်ထမ်းဟောင်းတွေ လွှတ်တော်အမတ်မဖြစ်ရဘူး နိုင်ငံရေးမလုပ်ရဘူးဆိုတာ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ မသတ်မှတ်ထားပါဘူး။ ရာဇဝတ်မှုကျူးလွန်ထားလို့ ထောင်ကျခဲ့တဲ့သူတွေသာ အမတ်လောင်းအဖြစ် ဘယ်ပါတီကမျှ လက်ခံခြင်းမရှိပါ။ ထောင်ထွက် ရာဇဝတ်သား အဟောင်း ကလွဲလို့၊ဘုန်းကြီးဟောင်း၊ စစ်သားဟောင်း၊ ဆရာဝန်ဟောင်း၊ အင်ဂျင်နီယာဟောင်း၊ ကျောင်းဆရာဟောင်း၊ ရှေ့နေ့ဟောင်း၊ ပျံကျဈေးသည်ဟောင်းများ သာမက အီတလီလိုနိုင်ငံမျိုး တူရကီလိုနိုင်ငံတွေမှာ ပြည့်တန်စာအဟောင်းတွေ လွှတ်တော်အမတ် ဝင်အရွေးခံတာရှိခဲ့ပါတယ်။ ဒီမိုကရေစီ ပီပီပြင်ပြင် ထွန်းကားတဲ့နိုင်ငံမှာ ထောင်ထွက်ရာဇဝတ်သားကလွဲလို့ အရည်အချင်းပြည့်ဝသူတိုင်း နိုင်ငံရေးလုပ်ခွင့် လွှတ်တော်အမတ် ဝင်ရွေးခွင့် သမတလုပ်ခွင့် ဝန်ကြီးများလုပ်ခွင့် ရှိကြပါတယ်။ စစ်တပ်ကို ပါတီတခုခုနှင့် ပူးပေါင်းပါလို့ မပြောသင့်ပါလို့ ထင်ပါတယ်။ အချင်းချင်း ရန်သူလို မဆက်ဆံကြဘဲ၊ သင့်မြတ်လေးစားကြပါလို့ဘဲ ပြောသင့်ပါတယ်။

ဆရာ/ဆရာမတွေကို အကျပ်ကိုင်ပြီး ကြိုတင်မဲထည့်ခိုင်း

ကိုယ်တိုင်အကျပ်ကိုင်မဲထည့်ခိုင်းခြင်းခံရတဲ့ ဆရာမတဦးရဲ့ ပြောပြချက်အသံဖိုင်ကို နားထောင်နိုင်ပါတယ်။ မတ်လ ၁၇ ရက်နေ့ ၂၀၁၂
၂၀၁၀ ခုနှစ်က ကြိုတင်မဲများ
မတ်လ ၁၇ ရက်နေ့ က တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ ပညာရေးမှုးရုံးကို
ထားဝယ်သင်တန်းတဲ့ရမယ့် ဆရာ-ဆရာမ(၇၀) လောက်ကို သင်တန်းကိစ္စဆိုပြီး ခေါ်ယူ

ကာ ကြိုတင်မဲ အတင်းအဓမ္မထည့်ခိုင်းကြောင်းသိရပါတယ်။ 

ကြိုတင်မဲစာအိပ်ပေါ်မှာ မဲစာရင်းအမှတ်စဉ်၊ မဲရုံအမှတ်၊ လိပ်စာအပြည့်အစုံရေးခိုင်းပါတယ်။
ပြီးမှကြိုက်တဲ့နေရာထည့်ဆိုပြီး ခြစ်ခိုင်းတော့သူတို့ထည့်တဲ့မဲဘယ်သူကိုထည့်တယ်ဆိုတာ

သိနေတော့ တယောက်မျက်နှာတယောက်ကြည့်ပြီး ပြည်ခိုင်ဖြိုးကိုပဲ မဲထည့်လိုက်ကြရ

တယ်လို့ ကိုယ်တိုင် မဲထည့်ခဲ့ရတဲ့ ဆရာမ တဦးက ပြောပါတယ်။

သစ်ထူးလွင် ၀က်ဆိုဒ်အား မြန်မာအစိုးရမှပိတ်ဆို့ လိုက်ပြီ

ကိုသစ်ထူးလွင် ဆိုဒ်ကိုမြန်မာအစိုးရမှပိတ်ဆို့လိုက်ပြီဆိုသော သတင်းကိုကြားသိရခြင်းချိန်မှာ
လက်ရှိပြည်ပမှနေ၍ ကိုသစ်ထူးလွင်ဆိုဒ်ကို ပုံမှန်အတိုင်းဝင်ရောက်ကြည့်ရှု့လို့ရနေကြောင်းနှင့် အခြားဆက်လက် မည်သို့ထူးခြားလာမည်ကို မသိရသေးကြောင်း။

မြန်မာပြည်တွင်းမှာယနေ့ မြင်တွေ့ ရတဲ့ www.thithtoolwin.com
www.thithtoolwin.com Myanmar News Now မှ မြန်မာပြည်သူ့ တွေ၏ မတရားပြုကျင့်
ခံနေရမှုတွေ၊  ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီထိပ်ပိုင်ခေါင်းဆောင်များ၏ သတင်းများ၊ ကာကွယ်
ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစရင်းစစ်ချုပ်ရုံး ၊ သတ္တုတွင်းဝန်ကြီး
ဌာန စတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ၏ ထိပ်တန်း
လျှိုဝှက်ချက်သတင်းများကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ထုတ်တင်ပြပေးခဲ့ပါတယ်။

ဒန်းမောင်ရှင်လောက်ကိုတော့ ဘုရားမတင်ချင်ဘူး


 မိမိဖတ်ရှု့လိုက်ရတာလေးပြန်လည်ဝေငှလိုက်ပါတယ်။ ထိုဝေငှမှု့အတွက် ကောင်းကင်းကိုဘလောက်မှရယူပါတယ်။စာဖတ်သူအနေနဲ့အတွေးတခုကျန်ခဲ့မယ်မျှော်လင့်ပါတယ်။
(ပြည်သူ့အော်သံ)
ယခုဖတ်နေသောပို့စ်အဆုံးတွင်ဗီဒီယို ဖိုင်ပါဖွင့်ရှု့ကြည့်စေချင်ပါတယ်။
(၁)

You Tube ကနေ Video တခု ကြည့်မိတယ်။ တရုတ်နိုင်ငံထဲက Dai (သို့မဟုတ်) Tai Lue (သို့မဟုတ်) Tai လူမျိုးတွေရဲ့ alphabet သီချင်းပါ။ မြန်မာ alphabet တွေနဲ့ တော်တော် တူတယ်ဗျာ။ Video ထဲမှာ စစချင်း ပါတဲ့ “ဘာသာ” ဆိုတဲ့ဟာရော (ဘာသာကို ဘာဆာလို့ သူတို့ အသံထွက်ထားတာ သတိထားမိတယ်။ language ကို ဆိုလိုတာလို့ ကျနော်တွေးလိုက်တယ်) အက္ခရာ ဆိုတဲ့ဟာရော (သူတို့ "အ" က မြန်မာ ဘကုန်းနဲ့တော့ ပိုတူတယ်) ၊ ကကြီးကနေ ညအထိ ကလည်း တော်တော်တူတယ်။ လာအိုတယောက်ကလည်း ကွန်မန့် ရေးထားသေးတယ်။ သူလည်း အဲဒီ့ စကားလုံးတွေကို အများကြီး နားလည်တယ်တဲ့။ ထိုင်းအသံထွက်တွေနဲ့လည်း တော်တော်ဆင်တယ်။

လယ်ယာမြေသိမ်းဆည်းခံရမှု လျှော်ကြေးငွေရရှိရေး တောင်သူများ မေတ္တာရပ်ခံ

နေပြည်တော်၊ ဥတ္တရသီရိမြို့ နယ်၊ ရွှေနံ့သာရပ်ကွက်နေထိုင် လျက်ရှိသော ယခင်တောင်သူ ကြီးများက ၄င်းတို့နေထိုင်ခဲ့ရာ ဘူးကွဲကျေးရွာဟောင်းမှ လယ် ယာမြေများကိုအပန်းဖြေဥယျာဉ် တည်ဆောက်မည့် စီမံကိန်းနှင့်မ လွတ်ကင်းသည့် အတွက်သိမ်း ဆည်းရယူသွားပြီးမြေယာထောက် ပံ့ကြေးနှင့် လျော်ကြေးများချ ထားပေးခဲ့သည်ဟု သိရသည်။
အဆိုပါ လျော်ကြေးငွေအ တွက်ချက်မှုစာရင်းတွင်လယ်ယာ မြေဧကနှင့် ထောက်ပံ့ကြေးငွေ များကို တွက်ချက်ပေးထားပြီး တောင်သူ(၈၆)ဦးရှိသည့်အနက်မှ (၉)ဦးကိုသာလျှင်ထောက်ပံ့ကြေး (၉.၂.၂၀၁၂)ရက်နေ့ကထောက်ပံ့ ကြေးငွေထုတ်ပြီး ကျန်တောင် သူ (၇၇)ဦးမှာ ထောက်ပံ့ကြေးငွေ လုံးဝမရှိ သေးကြောင်း ရွှေနံသာ ရပ်ကွက်နေ တောင်သူဦးလှမြင့် ကပြော ကြားသည်။

အသိမ်းခံ လယ်မြေပေါ်က လယ်သမားတွေရဲ့ဘဝ(ဗီဒီယိုသတင်း)




အတွင်းပဒန် ကျေးရွာမှ လယ်များအား သောင်ကြီး ရဲစခန်းမှ ရဲများ လာရောက် ဖျက်ဆီး
လှိုင်သာယာမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကြား လယ်မြေဧက ၃၀၀ ကျော်ကို ဝါဝါဝင်း ကုမ္ပဏီက သိမ်းယူထားတာ ဖြစ်ပါတယ်။ အတွင်းပဒန် ကျေးရွာသားတွေ အနေနဲ့လဲ ဓားမဦးချ လုပ်ကိုင်နေတဲ့
လယ်မြေတွေ ဖြစ်တာကြောင့် အဲ့ဒီ အသိမ်းခံ လယ်မြေတွေပေါ်မှာ မိုးစပါး စိုက်ပျိုးဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

မဲဘယ်လိုခိုး၊ ဘယ်လိုလိမ်ကြသလဲ (၁)

ယောမင်းလေး

(March, 2012)
ဓါတ်ပုံအထောက်အထားများနှင့်ဖေါ်ပြထားသည်။

အသည်းကြားက မဲတစ်ပြားဟု ဆိုကြ၏။ ဆိုလိုသည်မှာ မဲတစ်ပြား၏ တန်ဖိုးကြီးပုံ၊ အရေးကြီးပုံကို တင်စားပြောဆိုခြင်းဖြစ်ပေသည်။ မှန်ပါသည်။ ကျွန်ုပ်တို့၏ ကောင်းကျိုးဆိုးပြစ်ကို ပြုပြင်ဖန်တီးမည့် ပုဂ္ဂိုလ်တစ်ယောက်ကို ရွေးချယ်တင်မြှောက်ရာ၌ မဲတစ်ပြားသည် လွန်စွာမှ တန်ဖိုးကြီး၏။ အရွေးမှားက ခွေးများဖြစ်သွားနိုင်၏။

ကျွန်ုပ်တို့ကို ဖိနှိပ်လိုသူများကလည်း နည်းမျိုးစုံဖြင့် ခိုးကြလိမ်ကြ၏။ တစ်တိုင်းပြည်လုံး ဖက်ဆစ်စနစ်ကို အလိုမရှိသဖြင့် တွန်းလှန်ဖြိုဖျက်နေသည့်ကြားမှ ထိုလူများနှင့် ထမင်းဝနေသော (သို့မဟုတ်) အရိုးအရင်းအရင်းစုတ်ရသူများက ထိုစနစ်၊ ထိုလူတို့ကို ပံ့ပိုးကူညီ လိမ်လည်ခိုးဝှက်ပေးကြ၏။

ထိုသည်လည်း အပြစ်မဆိုသာပါပေ။ ဂျပန်ခေတ်၌ ဂျပန်အလိုတော်ရိ၊ အင်္ဂလိပ်ခေတ်မှ အင်္ဂလိပ်အလိုတော်ရိတို့ကို မသိအောင်ရှောင်ရှား၍ ဗိုလ်ချုပ်အောင်ဆန်းတို့သည်ပင် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ရသေးသည် မဟုတ်ပါလော။

ယခု မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် လစ်လပ်သော လွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးချယ်ရာ၌ ရွေးကောက်ပွဲကော်မရှင်သည် နည်းမျိုးစုံနှင့် မဲလိမ်မဲခိုးပြုလုပ်၏။ သူတို့ မဲခိုးမဲလိမ်နည်းတစ်ခုမှာ ဤသို့ဖြစ်၏။ သူတို့ကြံ့ခိုင်ရေးသို့ သေချာပေါက် မဲထည့်မည့်ပုဂ္ဂိုလ်ကို အကွက် (၂၈၉)၌လည်း မဲစာရင်းထည့်ထား၏။ ထိုနှင့်မျက်နှာချင်းဆိုင် အကွက် (၂၉၄)၌လည်း မဲစာရင်းထည့်ထား၏။ ဤသို့ထည့်ခြင်းဖြင့် တစ်နေရာ မဲအတွက် ကြိုတင်မဲယူ၍ တစ်နေရာ၌ လူကိုယ်တိုင်သွားရောက်ထည့်၏။ ဤသို့ဖြင့် ကြံ့ခိုင်ရေးမဲရအောင် ကြံစည်ကြ၏။ အတိုက်အခံဘက် ထည့်မည်ဟု သေချာသော မဲဆန္ဒရှင်များကိုတော့ မေ့တာလိုလို၊ အသက်မပြည့်တာလိုလိုနှင့် မဲစာရင်း၌ ချန်ခဲ့၏။ သွားရောက်ပြောသောအခါ သေချာစိစစ်ပါဦးမည်။ လေးရက်လောက်စောင့်ပါဟု ပြော၏။ သူတို့ချန်ခဲ့သော ပုဂ္ဂိုလ်မှာ အသက်မပြည့်သေးပြောရအောင်ကလည်း ကလေး နှစ်ယောက်ပင်ရ၍ သားသမီးသည်ပင် အမှတ် ၁၄ ကျောင်း၌ ကျောင်းတက်နေပေပြီ။

ကျွန်ုပ်တို့သည် အရမ်းစွပ်စွဲ အပုပ်ချသည်မဟုတ်။ ကျွန်ုပ်တို့၏ စူးရှထက်မြက်လှသော သတင်းထောက်များမှ တစ်ဆင့် ခိုင်လုံသော သတင်းအချက်အလက်တို့ကို ရှာဖွေတွေ့ရှိခဲ့ရပေပြီ။

ဥပမာ- မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်မှ ဆန္ဒမဲအမှတ်စဉ် (၅၃၉၆) ဦးရဲကျော်သူ (၉/မဟမ(နိုင်)၀၀၁၅၂၇ သည် အကွက် ၂၈၉ ၌လည်း မဲဆန္ဒစာရင်းပါ၏။ အကွက် ၂၉၄ ၌လည်း ကိုရဲကျော်သူ (၉/မဟမ(နိုင်)၀၀၁၅၂၇) အမှတ်စဉ် (၅၉၂၀)ဟု ပါပြန်၏။ ထို၌ မွေးသက္ကရာဇ် ၃-၂-၁၉၇၄ အစား ၉-၀၈-၁၉၇၃ ဟု ပြောင်းထားသည်သာ ကွာ၏။


ပုံကြီးချဲ့ကြည့်လိုပါကဓါတ်ပုံပေါ်ကလစ်နှိပ်လိုက်ပါ။
ပုံ ၁


ပုံ ၂


ထိုကဲ့သို့ပင် အမှတ်စဉ် (၅၈၇၉) ကိုသိန်းထိုက်၊ (၅၈၈၀) မယဉ်ယဉ်ဝင်း၊ (၅၈၈၁) မောင်စိုင်းဝဏ္ဏတို့သည် အကွက် ၂၉၄ ၌ မဲဆန္ဒစာရင်းဖော်ပြထားသလို အမှတ်စဉ် (၅၄၄၈)၊ (၅၄၄၉)၊ (၅၄၅၀) ၌လည်း အကွက် ၂၈၉ အတွက် မဲစာရင်းဖော်ပြထားပြန်၏။ မှတ်ပုံတင် နံပတ်များမှာ မပြောင်းလဲ။ ဖွားသက္ကရာဇ်များကိုမူ ယခင် ရဲကျော်သူ ကဲ့သို့ပင် ပြောင်းလဲထား၏။

ပုံ ၃


ပုံ ၎


ကိုသိန်းထိုက်သည် တစ်နေရာ၌ ၉-၃-၁၉၇၂ ဖြစ်၍ အကွက် ၂၉၄ ၌ ၉-၁၀-၁၉၇၂ ဖြစ်၏။ မယဉ်ယဉ်ဝင်းသည် အကွက် ၂၈၉ ၌ ၁၂-၁-၁၉၇၄ မွေးဖြစ်၍ အကွက် ၂၉၄ ၌ ၇-၀၄-၁၉၇၄ မွေးဖြစ်၏။ သူတို့၏သား မောင်စိုင်းဝဏ္ဏမှာ အကွက် ၂၈၉ ၌ ၁၀-၉-၁၉၉၂ ဖြစ်၍ အကွက် ၂၉၄ ၌ ၂၈-၄-၁၉၉၂ ဖြစ်၏။ ဆက်လက်စုံစမ်းသိရှိရသည်မှာ သူတို့မိသားစုသည် မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက် မဲဆန္ဒကော်မရှင်ဥက္ကဌ၏ တူများဖြစ်ကြောင်း သိရှိရ၏။

ထို့အတူ ဆန္ဒမဲအမှတ်စဉ် (၅၇၅၈) ကိုမိုးဇော်ဦး၊ အမှတ်စဉ် (၅၇၅၉) မခင်မျိုးဝင်းတို့သည်လည်း အကွက် ၂၉၄ ၌ တစ်ခါပါ၏။ အကွက် ၂၉၄ ၌ပင် အမှတ်စဉ် (၅၉၁၈)၊ အမှတ်စဉ် (၅၉၁၉) တို့တွင်လည်း ကိုမိုးဇော်ဦး၊ မခင်မျိုးဝင်းတို့ ထပ်ပါပြန်၏။

ပုံ ၅


ပုံ ၆


ဤသည်မှာ ကျွန်ုပ်တို့ ဖော်ထုတ်နိုင်သေးသော လတ်တလော စာရင်းသာဖြစ်၏။ သူတို့ဆွေမျိုးများကို အသက်မပြည့်သေးဘဲ ထည့်ထားသည်မှာ ဘယ်မျှ ကျွန်ုပ်တို့ မသိနိုင်သေး။ အတွင်းရေးမှူးဆိုသူများ၏ ဆွေတော်အပေါင်း၊ မျိုးတော်ရှစ်သောင်းကိုလည်း မဖော်ထုတ်နိုင်သေး။

မဲတစ်ပြား၏ တန်ဖိုး မည်မျှရှိသည်ကို မဲရေတွက်ရာ၌ သိနိုင်၏။ ယခုပင် ၁၂ မဲမျှတွေ့ရပေပြီ။ ၁၂ မဲ နှစ်ပြန်ဆိုလျှင် ၂၄ မဲ။ ဤသို့ ပြန်ကြည့်လျှင် ခေါက်ချိုးတက်၍ သွားပေမည်။ ကင်းဝန်မင်းကြီး ဆန်ကို နှစ်ပြန်စားသလို ဖြစ်မည်ကို ပြည်သူအပေါင်း သတိကောင်းကောင်းထား၍ စောင့်ကြည့်ဖော်ထုတ်သင့်ပေကြောင်း တင်ပြအပ်ပေသည်။

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ်တွင် တရုတ်-မြန်မာဆက်ဆံရေးအကြောင်း​​ ​ပြောဆို

မနေ့က စတင်ခဲ့တဲ့ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း စည်းရုံးရေး ခရီးစဉ်မှာ​ ​ဒေသခံတွေ ထောင်သောင်းချီပြီး ကြိုဆိုခဲ့ပါတယ်။
လာမယ့် ဧပြီလမှာ ကျင်းပမယ့်​ ​ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွက် စည်းရုံးရေး ခရီးစဉ် ဖြစ်ပါတယ်။
မနေ့က လားရှိုးမြို့ကို သွားရောက်ခဲ့ပြီး လမ်းတလျှောက်က ဒေသခံတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံတွေကို ဝှေ့ရမ်းပြီး ရှမ်းရိုးရာ အတီးအမှုတ် အကတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တခမ်းအနား ကြိုဆိုကြပါတယ်။

ဒဂုံ ဝန်ထမ်း​မြေကွက်များ​ဖယ်ရှား​ခိုင်း​မှု လွှတ်​တော် ပြန်သုံး​သပ်


ဝန်ထမ်း ​တွေကို ချ​ပေး​ထား​တဲ့​ ​မြေကွက်​ပေါင်း​ (၈) ​ထောင်​ကျော်ကို အိုး​အိမ်ဦး​စီး​ဌာနက ဒီလကုန်အပြီး​ ဖယ်ရှား​ခိုင်း​နေတဲ့​အ​ကြောင်း​ မတ်လ ၁၅ ရက်က ကျင်း​ပတဲ့​လွှတ်​တော်မှာ အမျိုး​သား​ဒီမိုက​ရေစီအင် အား​စုပါတီက အလုံမြို့​နယ် ပြည်သူ့​လွှတ် ​တော်ကိုယ်စား​လှယ် ဦး​ခိုင်​မောင်ရီက ​မေး​ခွန်း​ ထုတ်ခဲ့​ပါတယ်။

ဒဂုံမြို့ ​သစ် အ​ရှေ့​ပိုင်း​က ဝန်ထမ်း​တွေအတွက် ​နေရာချထား​ပေး​တဲ့​ အိမ်ယာ​တွေ ဖယ်ရှား​ခိုင်း​နေတဲ့​ကိစ္စနဲ့​ ပတ်သက်ပြီး​ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌက ပြန်လည်သုံး​သပ် ​ဆောင်ရွက်​တော့​မယ်လို့​သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ် ရှေ့မေတ္တာရပ်ခံသဘောထား ဖော်ထုတ်မှုဖြစ်ပွား




Popular News Journal,16March2012 —-
အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ယနေ့ နံနက် ၁၁ နာရီ ကျော်ခန့်က မအူပင်မြို့ခံ လူငယ် ၄၀ နီးပါးက မေတ္တာရပ်ခံသဘောထားဖော်ထုတ် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ ကြ ကြောင်းသိရသည်။
မအူပင်မြို့ခံပြည်သူအများ၏ ဆန္ဒသဘောထားအား ကိုယ်စားပြု၍ ယင်းလူငယ် ၄၀ ခန့်သည် မအူပင် မြို့မှရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ ကားသုံးစီးဖြင့် လာရောက် ခဲ့ခြင်းဖြစ်ပြီး မိမိတို့မေတ္တာရပ်ခံလိုသည့်ကိစ္စရပ်ကိုပြောကြားခဲ့ခြင်း

Sunday, March 18, 2012

နိုင်ငံခြားသားများ တိုက်ရိုက် ရင်းနှီးမြှုပ်နှံနိုင်တော့မည်

မိုးသီးဇွန်-ဘလောက်မှဖေါ်ပြသည်။


ရန်ကုန်မှ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ရိုက်တာ)
ဧပြီလ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာကျပ်ငွေ နှုန်းရှင်အဖြစ် တရားဝင်ကျင့်သုံးတော့မည်ဟု

တိုင်းပြည်အတွက် မှန်ကန်သော ရွေးချယ်မှု့ဖြင့်သင့်ဆန္ဒကိုဖေါ်ထုတ်ပါ

မြန်မာပြည်သူနိုင်ငံသားများ လာမည့် ဧပြီလတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်
ထိရောက်မှန်ကန်သော ဆန္ဒပြုမဲပေးနိုင်ရေးနှင့် မှန်ကန်သောရွေးချယ်တင်မြှောက်မှု့ကို ပြုလုပ်နိုင်ရန်(သို့)
မိမိတို့ထည့်လိုက်သည့်ဆန္ဒမဲ တပြားသည် တိုင်းပြည်ပြောင်းလဲရေးတွင် မည်မျှအရေးကြီးကြောင်း
အနုပညာရှင်များသရုပ်ဖေါ်ထားသည့် NLD ပါတီမှစည်းရုံးရေး ဇတ်လမ်းတို တပုဒ်ဖြစ်သည်။
    မိမိဆန္ဒ ကိုမိမိလွတ်လပ်မှန်ကန်စွာ ထုတ်ဖေါ်ခွင့်ရှိသည်။

Saturday, March 17, 2012

ITLOS ဆုံးဖြတ်ချက် မြန်မာ့ရေနံ လုပ်ကွက်ကို မထိခိုက်ဟုဆို

ITLOS ဆုံးဖြတ်ချက် မြန်မာ့ရေနံ လုပ်ကွက်ကို မထိခိုက်ဟုအစိုးရသတင်းစာတွင်ဖေါ်ပြ။

***ဖြည့်စွက်ရေးသားချက်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်၎င်းသတင်းကိုချက်ချင်းမိမိတိုင်းပြည်ကိုထုတ်ပြန်ကြေငြာခဲ့သော်လည်း

မြန်မာအစိုးရသည်သောကြာနေ့(၁၆) ရက်နေ့မှတရက်နောက်ကျ၍ပြည်သူလူထုအားသတင်းထုတ်ပြန်ကြေငြာခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမြန်မာ့ပင်လယ်ပြင်နယ်နိမိတ်အတွင်း

ရှင်မဖြူကျွန်း(ခ)စိန့်မာတင်ကျွန်းဟာ မြန်မာ ရေပိုင်နက် အတွင်းမှာပါဝင်ပါသလား။

ယခု စိန့်မာတင်ကျွန်းမှာလည်း ITLOS သတ်မှတ်ပေးသည့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ၆၈,၉၇၂ မိုင်တွင်း ပါဝင်သွားခဲ့ပြီဖြစ်သည်။

လက်ရှိတရုတ်ကိုရောင်းချရန် ဂတိကဝတ်ပြုထားသောရေနံလုပ်ကွက်များမထိခိုက်လျှင်ကျန်တာဘာဖြစ်ဖြစ်သဘော

sea
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပင်လယ်နယ်နိမိတ် အငြင်းပွားမှုကို ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ နိုင်ငံတကာခုံရုံး ITLOS ၏ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်သည် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံလုပ်ကွက်များကို ထိခိုက် မည် မဟုတ်ဘဲ တရားမျှတစွာ ဆောင်ရွက်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု သောကြာနေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် အချပ်ပိုဖြင့် ဖေါ်ပြပါရှိသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် အခြေခံဥပဒေနဲ့မညီ

အခုသမ္မတကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်ဟာ ဥပဒေနဲ့မကိုက်ညီလို့ တရားမဝင်အဖွဲ့အစည်းအဖြစ် ဒီကနေ့မနက်ပိုင်း ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအရ အမျိုးသားအဆင့် တနည်းအားဖြင့် ဗဟိုအဆင့် လူ့အခွင့်အရေးကော်မရှင်ကို သမ္မတက ဖွဲ့ခွင့်မရှိတဲ့အတွက် ပြည်တောင်စု လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ရှေ့နေ ဦးသိန်းညွှန့်ကပြောပါတယ်။

နယ်စပ်တွင် မြန်မာတပ်များ တိုးချနေကြောင်း သတင်းများ ပျံ့နှံ့

ရေပြင်ပိုင်နက် အငြင်းပွားမူ စီရင်ချက် ထွက်လာပြီး နောက်ပိုင်း မြန်ဘက်က နယ်စပ် တလျှောက်တွင် စစ်တပ်များ တိုးချဲ့ ချထားနေကြောင်း နယ်စပ် တလျှောက်၌ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု သတင်းများ ရရှိသည်။
မြန်မာနယ်စပ် ခြံစည်းရိုးများနှင့်တွေ့ရစဉ် (ဓါတ်ပုံ- Star)
မြန်မာနယ်စပ် ခြံစည်းရိုးများနှင့်တွေ့ရစဉ် (ဓါတ်ပုံ- Star)

" အခု ကျွန်တော်တို့ သိရသလောက် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း၊ တောင်ပြို၊ တမန်းသားဘက်မှာ စစ်တပ်တွေ တိုးချထားတယ်ဆိုပြီး သတင်းတွေ ရပါတယ်။

Thursday, March 15, 2012

ရေပိုင်နက် အငြင်းပွားမှု ဆုံးဖြတ်ချက် မြန်မာ ရှုံးနိမ့်


ခင်ဦးသာ on March 15, 2012


မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုတွင် မြန်မာနိုင်ငံ ရှုံးနိမ့်ကြောင်း ဂျာမနီနိုင်ငံ အခြေစိုက် နိုင်ငံတကာ ပင်လယ် ရေကြောင်း ဆိုင်ရာ တရားရုံးမှယမန်နေ့က ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြားရှိ စိန့်မာတင်ကျွန်းခေါ် အုန်းကျွန်း အနီး ဘင်္ဂလားပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့သိုက် အများ အပြားရှိကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင် ထိုနေရာအား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားခဲ့ရာမှ အပြည်ပြည်ဆိုင်ရာ တရားရုံး International Tribunal for Law of the Sea (ITLOS)မှ ဖြေရှင်းပေးရန်၂၀၀၉ ခုနှစ်က တင်ပြခဲ့ခြင်းဖြစ်သည်။

ရခိုင်ဒေသကျောက်ဖြူ ရေနံပိုက်လိုင်းစီမံကိန်း(ဗီဒီယို)သတင်းနှင့် တိုင်းပြည်ကိုကိုယ့်အားကိုယ်ကိုးစေချင်ပါတယ်။


တရုပ်သတင်းဌာနတခုဖြစ်တဲ့ CCTV ကနေမြန်မာနိုင်ငံရခိုင်ဒေသကျောက်ဖြူဆိပ်ကမ်းကိုပြုပြင်နေခြင်းသည်..
 ဂက်စ် တင်ပို့နိုင်ရန်အတွက်ရေနံတင်ပို့နိုင်ရေးအတွက်လိုအပ်ချက်အရ
ပြုပြင်ဆောင်ရွက်နေခြင်းမျိုးသာမက တရုတ်မှမိမိတို့ ထုတ်ယူသောဂက်စ် (ရေနံ)ကိုတင်ပို့နိုင်ရေးအတွက်သာမက မြန်မာအစိုးရအနေဖြင့် တိုင်းပြည်မနစ်နာစေရန်
 မြန်မာ့ရေကြာင်းကုန်သွယ်ရေးစနစ်ပိုမိုကောင်းမွန်

အင်တာနက်အမြန်နှုံးနှင့် ပြည်သူအတွက်အဓိကလိုအပ်ချက်

အင်တာနက် မြန်နှုန်းအတွက် ကန်ဒေါ်လာ သန်း ၄ဝ သုံးမည်။
အသစ်ချိတ်ဆက်မည့် ရေအောက်ဖိုင်ဘာ ဆက်ကြောင်း SE-ME-WE-5 အတွက် ကန်ဒေါ်လာ သန်း ၄ဝအထိ သုံးစွဲရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်းအရာရှိ တစ်ဦးကပြောသည်။

မီဒီယာတွေမှာ တွေ့ လာရတဲ့ ဦးခင်ညွန့် 

မိုးသီးဇွန်ဘလောက်မှ
 ဒီရက်ပိုင်းဗိုလ်ခင်ညွှန်တယောက် မီဒီယာစာမျက်နှာမှပြန်တွေ့နေရပြီ။ လွတ်ငြိမ်းချမ်းသာခွင့်နှင့်လွတ်လာစက အဆိပ်မရှိတော့သလိုလို၊ နိင်ငံရေးကိုစိတ်ကုန်သွားသလိုလို ။

 နောက်သိပ်မကြာပါဘူးနာမည်ကျော်ကိုသူရ(ဇာဂနာ)ကိုခေါ်တွေ့၊တပည့်ကျော်လွှတ်တော်ကိုစားလှယ် ဇေကမ္ဘာခင်ရွှေ (ဒေါက်တာတု) ကဘဲ ကူညီသလိုလို နဲ့ ရွှေမော်ဝန်းဖောင်ဒေးရှင်းတခုထောင်၊ အခုလည်း ၂၄သိန်းတန်ဆေးကုသဆောင်ကို ဗိုလ်မှုးချုပ်တင့်ဆွေ( ငြိမ်း)နှင့်အတူ အလှူတွေလုပ်ပြပြီး မီဒီယာ ကနေ ပြည်သူမြင်ကွင်းကို တဖြည်းဖြည်းတိုးလာနေပါပြီ။
ဗိုလ်ခင်ညွှန်နဲ့သားများရဲ့ ခြေလှမ်းတွေကိုအထူးစောင့်ကြည့်ကြဖို့ လိုအပ်နေပါပြီ။
အကျိုးလိုလို ညောင်ရေးလောင်းလုပ်ရပ်တွေလား  တကယ်လား။