မြန်မာနိုင်ငံမှာ ဧပြီလတစ်ရက်နေ့ကျရင် ကျင်းပမယ့်
ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့် ဖို့အတွက် အခုဆိုရင် နိုင်ငံတကာ
အဖွဲ့တွေ ရန်ကုန်မြို့မှာ ရောက်နေကြပါပြီ။ ဖိတ်ကြားထားတဲ့ အတိုင်းပဲ
နိုင်ငံတကာ သံတမန်တွေနဲ့အတူ သက်ဆိုင်ရာ သတင်းမီဒီယာတွေလည်း ပါဝင်လာကြပါတယ်။
အမေရိကန်ပြည်ထောင်စုဘက်ကတော့ နိုင်ငံတကာ ရွေးကောက်ပွဲတွေကို
စောင့်ကြည့်နေတဲ့ အဖွဲ့နှစ်ခုက ကိုယ်စားလှယ်နှစ်ဦး မြန်မာနိုင်ငံကို
ရောက်နေပါပြီ။
Thursday, March 29, 2012
အနုပညာရှင်များ၏ စည်းရုံးရေးနှင့်မဲသရုပ်ဖော် ခရီးစဉ်
ကြားဖြတ်တွင် ဓာတ်ပုံနှင့်သတင်း ကိုက်ငါးရာအကွာမှသာ ယူခွင့်ရမည်
တိုင်းပြည်တည်ဆောက်ရေးအတွက်အမှန်တကယ်မဟုတ်သောလုပ်ငန်းများ(သို့) ကြွေးမြီပြဿနာများကြောင့် ပြည်သူများသုံးစွဲနိုင်ခြင်းမရှိသည့်စီမံကိန်းများ။
၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်းမြန်မာမှ တရုပ်ထံချေးငွေ အမေရိကန်ဒေါ်လာသန်း သုံးထောင်ကျော်နှင့် တရုတ်ယွမ်ငွေသန်း နှစ်ထောင်နီးပါး ချေးငွေရရှိခဲ့ပြီး လျပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက် ချေးငွေပမာဏမှာ အများဆုံးဖြစ်ကြောင်း သိရ
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ထုတ်ပြန်ချက်စာရင်း |
Wednesday, 28 March 2012 12:25 |
|
တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား
ရခိုင်ပြည်နယ်ရှိ မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းခွင်တစ်နေရာကို ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်
Wednesday, 28 March 2012 10:54 |
တရုတ်နှင့် ပူးပေါင်းဆောင်ရွက်သည့် သဘာဝဓာတ်ငွေ့
ပိုက်လိုင်းစီမံကိန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ
ကန့်သတ်ထားသည့် ကန့်သတ်ချက်များကို တရုတ်ဘက်မှ လက်တစ်လုံးခြားလုပ်ကာ
စည်းကမ်း ဖောက်ဖျက်မှုများကြောင့် အရေးယူရမှုများ ရှိခဲ့ကြောင်း
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မတ်လ ၂၂ ရက်နေ့တွင်
ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ''ရေဖြူ မဲဆန္ဒနယ်က ဦးဝင်းဦး ဆွေးနွေးသွားတဲ့ နိုင်ငံတော်ဘက် စဉ်းစားပြီးတော့ အခုလုပ်တဲ့ Project တွေမှာ နိုင်ငံခြားသားတွေ သူတို့ရဲ့ အချိုးဟာ ဘယ်လောက် များတယ်၊ ပြည်တွင်းက လုပ်ငန်းရှင်တွေ၊ ပြည်တွင်းက လုပ်သားတွေ အင်အားကတော့ နည်းတယ်စသည်ဖြင့် ထောက်ပြ ဝေဖန်သွားတာ ရှိပါတယ်။ |
အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီးတစ်ဦးအား ခေါ်ယူစစ်ဆေး မေးမြန်းနေသည့် ကာလအတွင်း ယင်းအမျိုးသမီး ငါးလွှာမှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွား ဖြစ်စဉ်နှင့် ပတ်သက်၍ မိသားစုဝင်များက ရှင်းလင်းပွဲပြုလုပ်
Wednesday, March 28, 2012
ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်နိုင်ရေး ပြည်သူသာအဓိကလို့ ဒေါ်အောင်ဆန်းစုကြည်ပြော
၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင် သူရဦးတင်ဦး စကားပြောကြားနေစဉ်။( သတင်း-အာအက်ဖ်အေ)
မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ ပြည်သူအများ လိုလားနေတဲ့
ဒီမိုကရေစီပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် အဓိက
ဆောင်ရွက်ပေးနိုင်မယ့် အင်အားစုတွေဟာ ပြည်သူတွေသာ ဖြစ်တယ်လို့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ကျင်းပတဲ့ ၆၇ နှစ်မြောက်
ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က
သ၀ဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။
နိုင်ငံရေးမှာ တပ်မတော် ဆက်လက်ပါဝင်သွားမည်
ဓာတ်ပုံ ASSOCIATED PRESS
သတင်း-ကိုကျော်ကျော်သိန်း
မြန်မာနိုင်ငံမှာ တပ်မတော်က ဦးဆောင်မှုကဏ္ဍမှာရှိနေတာကို သဘောတူပေမဲ့
အဲဒီအချက်ကြောင့် တပ်မတော် က နိုင်ငံကို အုပ်ချုပ်မယ် ဆိုတာမျိုးကိုတော့
သဘောမတူဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူတဦးက ပြောပါ
တယ်။ တပ်မတော်ဟာ တိုင်းပြည် ကာကွယ်ရေး တာဝန်ကိုပဲ ယူသင့် တယ်လို့
တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသလို ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့
ခေါင်းဆောင် တဦးကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မျှော်ကိုးပြီး
ပုံစံတကျမဟုတ်သေး တဲ့ နိုင်ငံရေး ဖြစ်စဉ်တခု ကို ဖြတ်သန်းနေရတာဖြစ်တယ်လို့
ပြောပါတယ်။
၆၇ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ပြောသွားတဲ့ မိန့်ခွန်းပါ အချက်တချို့ အပေါ် အခုလို တုံ့ပြန်ချက် အသီးသီးကိုတော့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ စုစည်းပြီး တင်ပြ ထားပါတယ်။
၆၇ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းအဖြစ် ကာကွယ်ရေးဦးစီးချုပ်ပြောသွားတဲ့ မိန့်ခွန်းပါ အချက်တချို့ အပေါ် အခုလို တုံ့ပြန်ချက် အသီးသီးကိုတော့ ကိုကျော်ကျော်သိန်းက ဘန်ကောက်ကနေ စုစည်းပြီး တင်ပြ ထားပါတယ်။
ကုလကိုယ်စားလှယ်အဖွဲ့ ရွေးကောက်ပွဲစောင့်ကြည့်ဖို့ စေလွှတ်မည်
မြန်မာနိုင်ငံမှာ ရှေ့တပတ်ထဲ ကျင်းပမယ့် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် အကဲခတ်ဖို့အတွက် ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်မယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ ကုလသမဂ္ဂရုံးချုပ်ရှိရာ နယူးယောက်က ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး လေ့လာတွေ့ရှိချက်တွေကိုတော့ ခရီးစဉ်အပြီး အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အစီရင်ခံသွားမှာ ဖြစ်တယ်လို့လည်း Inner City Press သတင်းဌာနကို အတွင်းရေးမှူးချုပ်ရုံး တာဝန်ရှိသူတွေက အင်္ဂါနေ့မှာ ပြောလိုက်တာပါ။ (By ဗွီအိုအေ)
ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်း
၂၀၁၂ခုနှစ်
မတ်လ ၂၆ရက်နေ့တွင် ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှ အန်အယ်လ်ဒီပါတီ
ရွေးကောက်ပွဲအောင်နိုင်ရေး အတွင်ရေးမှူး ဦးဥာဏ်ဝင်းအား တရားစွဲဆိုခြင်းကို
ဗဟန်းမြို့နယ် တရားရုံးမှ တရားသူကြီး ဦးသန်းထွန်းမှ လက်ခံခဲ့ကြောင်း
သိရှိရသည်။
“
ကျွန်တော်တို့ အမှုဖွင့် တရားစွဲဆိုတာကို ဗဟန်းမြို့နယ် တရားရုံးက
တရားသူကြီး ဦးသန်းထွန်းက လက်ခံခဲ့တယ် အဲ့တော့ ဧပြီလ ၅ရက်နေ့ကို
ပြန်ချိန်းထားတယ် အမှုတင်သင့် မတင်သင့်ကို အဲ့ရောက်မှ ဆုံးဖြတ်ဖို့ပေါ့ “ ဟု
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးအုန်းလွင်က ပြောသည်။
ကော့မှူးမှာ ၀န်ကြီးဟောင်းတွေကိုယ်တိုင် မဲဆွယ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေကြေးပစ္စည်းတွေနဲ့မဲဆွယ်နေသလို၊
ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတဲ့
စာရွက်စာတမ်း ဖြန့်တဲ့လုပ်ရပ်တွေ ရှိနေပြီး၊ စစ်အစိုးရလက်ထက်က
ဝန်ကြီးဟောင်းတချို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကနေ
ပါဝင်မဲဆွယ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ရွေးကောက်ပွဲ သတင်းယူမယ့်သူတွေ လိုက်နာရန် အချက်များ ပြန်ကြားရေးက စတင်ဖြန့်ဝေ
![]() |
ဓါတ်ပုံ (ရိုက်တာ) |
ပြည်တွင်း သတင်းသမားတွေအတွက် စာပေစိစစ်ရေး ဌာနက သတင်းထောက် ကတ် ထုတ်ပေးရင်း ဖြန့်ဝေသွား မှာ ဖြစ်ပြီး၊ ပြည်ပ သတင်းထောက်တွေ ကိုတော့ ရန်ကုန်လေဆိပ်က လူဝင်မှု ကြီးကြပ်ရေး ကောင် တာနောက်မှာ ပြန်ကြားရေးကောင် တာ ဖွင့်ပြီး ထုတ်ပေးမှာဖြစ်ပါတယ်။
Tuesday, March 27, 2012
မြန်မာဒုက္ခသည် ဂျပန် တိုးမြှင့်ခေါ်ယူမည်
စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့်
တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည်
အမျိုးသမီးနှင့် ကလေးများကို တောတွင်းတနေရာ မိုးရေထဲတွင် တွေ့ရပုံ
ဖြစ်ပါသည်။
သမ္မတကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများသို့  ရဲတပ်ဖွဲ့ ဝင်တဦး၏(ပေးစာ)
ကျွန်တော်ဟာရဲတပ်ဖွဲ.ဝင်တစ်ယောက်ပါ။ကျွန်တော်တို့ရဲတပ်ဖွဲ.ကိုဝင်ေ၇ာက်စဉ်က
ရဲတပ်ဖွဲ.မှာအနည်းဆုံး(၅)နှစ်တာဝန်ထမ်းဆောင်ရမယ်။လုပ်သက်(၅)နှစ်ပြည့်လို့မှ
ဆက်မလုပ်ချင်ဘူးဆို၇င်ရဲတပ်ဖွဲ.မှနှုတ်ထွက်နိုင်တယ်ဆိုပြီးဝန်ခံလက်မှတ်ရေးထိုး
ရပါတယ်။
ဒါပေမယ့်အခုရဲတပ်ဖွဲ.မှာကျင့်သုံးနေတာကလုပ်သက်(၅)နှစ်ပြည့်ရုံမပြောနဲ့ ၊ လုပ်သက်(၃၀)ပြည့်တာတောင်လုံးဝထွက်လို့မ၇ပါဘူး။လုပ်ချင်သည်ဖြစ်စေ၊
မလုပ်ချင်သည်ဖြစ်စေဆက်လက်တာဝန်ထမ်းဆောင်ရပါတယ်။
လွတ်လပ်တဲ့ နိုင်ငံသား အခွင့်အရေး ပိုင်ဆိုင်ခွင့် ရှိသည်ဟု ကိုမင်းကိုနိုင် ဆို
မိန့်ခွန်း ပြောကြားနေသော ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်
လက်ကမ်းနေတဲ့ အချိန်မှာ မြို့နယ်အဆင့် ဒေသဆိုင်ရာ အဆင့်လောက်ကနေပြီးတော့ ပြည်သူ့ ခေါင်းကို ပြည်သူ့ လည်ပင်းကို အမိန့် အာဏာတွေနဲ့ တက်နင်းထားတဲ့ အပြု အမူမျိုးကိုတော့ လုံးဝ လက်မခံပါနဲ့လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က နာဂစ်ဒဏ်ခံ ဧရာဝတီတိုင်း
လပွတ္တာမြို့နယ် အမှတ် ၉ ရပ်ကွက် ကိုးနဝင်း ပရိယတ္တိ စာသင်တိုက်မှာ ပြုလုပ်တဲ့ မဇ္ဈိမအလင်း ပညာဒါန အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်လှစ်ပွဲ အခမ်းအနားတွင် တိုက်တွန်း ပြောကြား လိုက်ပါတယ်။
ဗီဒီယိုဖိုင်ကိုဆက်ကြည့်ရန်-
နာမည်ကျော်များ NLD ကို မဲပေးကြမယ်
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာလိုပါတော့တယ်။ ဒီလိုအချိန်မှာ လူသိရှင်ကြား ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေက NLD ပါတီကို မဲပေးကြမယ်ဆိုတာ အတိအလင်းပြောနေကြပါတယ်။
ဒီအထဲမှာ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ လူမင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမပေးပါဘူး။
ဘာကြောင့် ၂၀၁၀ တုန်းက ဆန္ဒမဲ မပေးခဲ့ရတာကိုလည်း The Ladies ဂျာနယ်မှာ လူမင်းက “မဲမပေးဘူးဆိုတာက သိပ်လည်း စိတ်မ၀င်စားဘူး။ ပြီးရင် ဒီလိုဘဲ ဖြစ်မယ်ဆိုတာ ကြိုသိနေတော့ မဲပေးခြင်း၊ မပေးခြင်းအပေါ် စိတ်လည်း မ၀င်စားဘူး။ ထင်ထဲအတိုင်းဘဲ ဖြစ်သွားတာဘဲ”လို့ ဖြေကြားထားတယ်။
ကလေးငယ်ကို လစ်လျူရှူကြတဲ့ တာဝန်မဲ့တဲ့ ဗဟန်းရဲစခန်းက ရဲတွေကို အရေးယူပေးပါ။

ယနေ့  (၂၅.၃.၂၀၁၂) ရက်နေ့  တနင်္ဂနွေ နေ့ တွင် ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်းအနီး၌ အသက် (၈) နှစ်ခန့် ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို့  ပို့ အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိမှ ၄င်းတို့ တာဝန်မယူနိုင်ကြောင်းနှင့် မဆောင်ရွက်ပေးနိုင်ကြောင်း ပြောလွှတ်သဖြင့် ကိုသံချောင်းမှ ကလေးငယ်အား လမ်းဘေးတွင် ပြန်လည်စွန့် ပစ်ထားရစဉ် ဥပေက္ခာ မပြုနိုင်သော လမ်းသွားလမ်းလာများမှ ငွေကြေး စုဖွဲ့  ကောက်ခံကာ ရန်ကုန်ဆေးရုံကြီးသို့  အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။
မြန်မာပြည်မြေပေါ်က အဖိုးတန် သဘာဝပစ္စည်းတွေ ဘယ်ရောက်ကုန်ကြပြီလည်း။
မြန်မာပြည်ရဲ့  သဘာဝသစ်ပင်ကြီးတွေထဲက ၀က်သစ်ချပင်အကြောင်း အကျဉ်းချူပ်ပြောရရင် ၀က်သစ်ချပင်(oak tree) ဟာ နွေဦးမှာ အထူးသဖြင့် မေလမှာ သစ်ရွက်တွေ စိမ်းစိမ်းစိုစိုနဲ့ ဆောင်းဦးမှာ အရွက်တွေခြောက်သွားရင်တောင် ကြွေမကျဘဲ အင်မတန်ခိုင်န့် တဲ့ သစ်ပင်ကြီးမျိုး ဖြစ်ပါတယ်။ ၀က်သစ်ချပင် အခက်လေးတွေကို အိမ်တွေမှာ ကျန်းမာစေတယ် လာဘ်ရွှင်စေတယ်ဆိုတဲ့ ယုံကြည်မှုနဲ့  ဆောင်ထားလေ့ရှ်ိကြပါတယ်။
မြန်မာပြည်ရဲ့  တန်ဖိုးမဖြတ်နိုင်တဲ့ သစ်ပင်ကြီးမျိုးတစ်ခုဖြစ်တဲ့ ၀က်သစ်ချပင်ကြီးတပင်ရဲ့  အင်မတန်ကြီးမားလှတဲ့ ပင်စည်အမြစ်ကြီးကို ဒီလဆန်းပိုင်းမှာ တူးဖေါ်ရရှိခဲ့ပါတယ်။
Subscribe to:
Posts (Atom)