Tuesday, April 3, 2012
တောင်အဖရိကနိုင်ငံမှ လေယာဉ်ဟောင်း၂စီး မြန်မာ့လေကြောင်းမှဝယ်ယူ။
လူရာသွင်းပြီး အသိပေးပြောကြားရင်ပဲ ကျေနပ်ပါတယ်(လူထုစိန်ဝင်း)
Posted: 02 Apr 2012 03:58 AM PDT အဆုံးထိဖတ်လိုက်ပါ။
အခုတလော ရာသီဥတုက ပူသလားမပြောနဲ့ လူဟာကုန်းပေါ် ပစ်တင်ခံရတဲ့ငါးလို ဟောဟဲလိုက်နေတယ်။ ဒီထဲမှာ မီးကလည်း နေ့ပျက်လိုက် ညပျက်လိုက် ဖြစ်နေပြန် လေတော့ အောက်ဆီဂျင်ဘူးအသေးနဲ့တင် မလောက်တော့လို့ ယောက်ျား ကြီးနှစ်ယောက် မနည်းမရတဲ့ ဧရာမဘူးအကြီးပါ မှာထားရတယ်။
လာလိုက်ပျက်လိုက်ကြာလာတော့
ဒေါ်စု ငြိမ်းချမ်းရေးကိစ္စ ဦးစားပေးသင့်ကြောင်း တိုင်းရင်းသားများပြော
ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်သူ့လွှတ်တော် အမတ်တဦး ဖြစ်လာတော့မည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသားဒေသများရှိ ငြိမ်းချမ်းရေး ပြဿနာများကို ဦးစားပေး ဖြေရှင်းသင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင် များက တိုက်တွန်းလိုက်သည်။
အရေးပါသည့် လွှတ်တော်အမတ်တဦး အနေဖြင့် လွှတ်တော်တွင်း လုပ်ကိုင်စရာ ကိစ္စများစွာ ရှိမည်ဖြစ်သော်လည်း
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအရေးကို မေ့ထားမည် မထင်ကြောင်း၊ သို့သော် ယင်းကိစ္စကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်လာစေရန်အတွက် တိုက်တွန်းသွားမည်ဟု ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး က ပြောသည်။
မြန်မာအပေါ် ဖိအားတွေ ရုပ်သိမ်းချိန် မတန်သေး
senate (photo)
အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန် အထက်လွှတ်တော်တွင်
မြန်မာနိုင်ငံအကြောင်း ဆွေးနွေး တင်ပြစဉ်။
2012-04-02
မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ရာမှာ အဓိကနေရာက
ပါဝင်ခဲ့တဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေက ဒီဖိအားတွေကို
ရုပ်သိမ်းဖို့ရာ အချိန်မကျသေးကြောင်း တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က ရီပတ်ဗလီကင် အမတ် Mitch McConnell က
ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အမတ်တွေ ရွေးကောက် တင်မြှောက်ခံရတာဟာ
တိုင်းပြည်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပေမဲ့
မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်လို့ ပြောဆိုပါတယ်။
ရွေးကောက်ပွဲ မသမာမှုကို အရေးယူပေးရန် ကလင်တန်မှ မြန်မာ အစိုးရသို့ ပန်ကြား
တနင်္လာနေ့၊ ဧပြီလ 02 ရက် 2012 ခုနှစ်
ရွှေဟင်္သာ သတင်းဌာန
“လွန်ခဲ့တဲ့ လတွေတုန်းက ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲတွေကို ကောက်ချက်ချဖို့ အလွန်စောနေသေးပါတယ်။ ဒီတိုးတက် ဖြစ်ထွန်းမှုတွေ ရေရှည် အနေနဲ့ ဆက်လက် တည်တံ့သွားဖို့ ကျွန်မမျှော်လင့်ပါတယ်။ မြန်မာပြည် ကြီး ဘယ်လို အစီအစဉ်တွေ ချမှတ်ပြီး ရှေ့ဆက် သွားနေလဲဆိုတာ တိကျခိုင်မာတဲ့ အာမခံချက် မရှိ သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အောက် လွှတ်တော်မှာ အမတ်တစ်နေရာ ရခဲ့တာကို ကျွန်မတို့ အမေရိ ကန်အနေနဲ့ ကြိုဆို ထောက်ခံပါတယ်။ ရွေးကောက်ပွဲ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မသမာမှုတွေကိုလည်း အစိုးရက နေပြီး ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ အရေးယူ ဆောင်ရွက်ပေးမယ်လို့လည်း ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု သတင်းထောက် များအားပြောကြားသွားပါသည်။
ပဲခူးမြို့ဒုတိယမြို့နယ်တရားသူကြီးကတော်မှ အိမ်ဖော်မိန်းကလေးကိုရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုကို အမှုမဖွင့်ရဲ။
Monday, 2 April 2012
ဖခင်မဲ့သူရဲ့(အမှန်တရားအတွက်ရင်ဆိုင်နိုင်ရန်ကူညီပေးစေလိုပါတယ်။)
(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ
လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊
ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု သမ္မတ အိုဘားမား မြန်မာနိုင်ငံသားတွေကို ချီးကျူး
တနင်္လာ, 02 ဧပြီ 2012
မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ့ ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲ အထမြောက်အောင် ၀ိုင်းဝန်း ကူညီ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ အောင်မြင်မှုကိုလည်း ချီးကျူး ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲ အထမြောက်အောင် ၀ိုင်းဝန်း ကူညီ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ အောင်မြင်မှုကိုလည်း ချီးကျူး ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို ကျေးဇူးတင်စကားပြောကြား
ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်ကို လိုက်နာပေးရန် မန္တလေး NLD ကြေညာ
တနင်္ဂနွေနေ့ ကြားဖြတ်
ရွေးကောက်ပွဲမှာ အန်အယ်အယ်လ်ဒီပါတီ အနိုင်ရပြီးနောက်
မြို့ခံအန်အယ်လ်ဒီပါတီထောက်ခံသူ လူငယ်တွေက ညလုံးပေါက်
အောင်ပွဲခံခဲ့ကြပြီးနောက်မှာ ခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့
တဖက် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို စိတ်ထိခိုက် စိတ်မကောင်းဖြစ်စေမည့်
အပြောအဆို အပြုအမူများ လုံးဝရှောင်ရှားပါရန်နှင့် ပြည်သူတို့ရဲ့
အောင်နိုင်မှုဟာ သိက္ခာရှိတဲ့ အောင်နိုင်မှုဖြစ်စေဖို့ မနေ့ကတည်းက ထုတ်ပြန်
ကြေညာထားခဲ့တာပါ။
Monday, April 2, 2012
NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း
၁။ ၀ါးခယ်မ ဧရာဝတီတိုင်း
၂။ မြန်အောင် ဧရာဝတီတိုင်း
၃။ မအူပင် ဧရာဝတီတိုင်း
၎။မြောင်းမြ ဧရာဝတီတိုင်း
၅။ဖျာပုံ၊ဒေးဒရဲ(အမျိုးသားလွှတ်တော်) ဧရာဝတီတိုင်း
၆။ ရေကြည် ဧရာဝတီတိုင်း
၇။ ပခုက္ကူ မကွေးတိုင်း
၈။ ရေစကြို မကွေးတိုင်း
၉။ မကွေး မကွေးတိုင်း
၁၀ ။ မြိုင် မကွေးတိုင်း
၁၁။ ပွင့်ဖြူ မကွေးတိုင်း
၁၂။ ကျောက်ပန်းတောင်း မန္တလေးတိုင်း
၁၃။ တံတားဦး မန္တလေးတိုင်း
၁၄။ ပြင်ဦးလွင် မန္တလေးတိုင်း
၁၅။ မဟာအောင်မြေ မန္တလေးတိုင်း
၁၆။ မထ္တီလာ မန္တလေးတိုင်း
၁၇။ ဒက္ခိဏသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၈။ ဥတ္တရသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၉။ တောင်ငူ ပဲခူးတိုင်း
၂၀။ ထန်းတပင် ပဲခူးတိုင်း
၂၁။ လက်ပံတန်း ပဲခူးတိုင်း
၂၂။ က၀ ပဲခူးတိုင်း
၂၃။ ကော့မှူး ရန်ကုန်တိုင်း
၂၄။ ဒဂုံဆိပ်ကမ်း ရန်ကုန်တိုင်း
၂၅။ လှည်းကူး ရန်ကုန်တိုင်း
၂၆။ မရမ်းကုန်း ရန်ကုန်တိုင်း
၂၇။ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်း
၂၈။ စစ်ကိုင်း စစ်ကိုင်းတိုင်း
၂၉။ ပုလဲ စစ်ကိုင်းတိုင်း
၃၀။ မင်းကင်း စစ်ကိုင်းတိုင်း
၃၁။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် စစ်ကိုင်းတိုင်း
(အမျိုးသားလွှတ်တော်)
၃၂။ ကျွန်းစု တနင်္သာရီတိုင်း
၃၃။ လောင်းလုံ တနင်္သာရီတိုင်း
၃၄။ ပုသိမ် ဧရာဝတီတိုင်း
၃၅။ တောင်တွင်းကြီး မကွေးတိုင်း
၃၆။ နွားထိုးကြီး မန္တလေးတိုင်း
၃၇။ ပုဗ္ဗသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၈။ ဇဗ္ဗူသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၉။ မော်လမြိုင် မွန်ပြည်နယ်
၄၀။ သုံးခွ ရန်ကုန်တိုင်း
၄၁။ လားရှိုး ရှမ်းပြည်နယ်
D-Wave
မြန်မာရွေးကောက်ပွဲ အမေရိကန် ကြိုဆို
တနင်္ဂနွေ, 01 ဧပြီ 2012(သတင်း-ဗီအိုအေ)
အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီကနေ့ ကျင်းပသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ကြေညာချက် မလုပ်သေးပေမဲ့ အာဆီယံနဲ့ ဥရောပသမဂ္ဂတို့က ဒီကနေ့ ပြောသွားခဲ့ကြသလိုပဲ ရွေးကောက်ပွဲ အေးအေးချမ်းချမ်း ပြီးစီးသွားတာကို ကြိုဆိုကြောင်း ဒဲရက်မစ်ချဲလ်က ပြောပါတယ်။
ဒီကနေ့ ကျင်းပသွားတဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ချီးကျူးစကား ပြောကြားလိုက်ပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောကြားလိုက်တာပါ။
အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီကနေ့ ကျင်းပသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ကြေညာချက် မလုပ်သေးပေမဲ့ အာဆီယံနဲ့ ဥရောပသမဂ္ဂတို့က ဒီကနေ့ ပြောသွားခဲ့ကြသလိုပဲ ရွေးကောက်ပွဲ အေးအေးချမ်းချမ်း ပြီးစီးသွားတာကို ကြိုဆိုကြောင်း ဒဲရက်မစ်ချဲလ်က ပြောပါတယ်။
Sunday, April 1, 2012
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းတိုများ

မဲပေးချိန်ကုန်ဆုံးချိန်
ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့တွင်
မဲရလာဒ်တင်ဆက်မှုများကို လာရောက်ကြည့်ရှု အားပေး သူ များကို ဧပြီလ ၁ ရက် ၂ဝ၁၂
ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)

ရွှေဂုံတိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ရှိ မဲရလာဒ်တင်ဆက်မှုကို
လာရောက်ကြည့်ရှုအားပေးသည့် ပါတီထောက်ခံသူတဦးကို ဧပြီလ ၁ ရက် ၂ဝ၁၂ ခုနှစ်
ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)

နိုင်ငံခြားသား ဧည့်သည်များကို ဧပြီလ ၁ ရက် ၂ဝ၁၂ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။
ရွေးကောက်ပွဲဆိုင်ရာနောက်ဆုံးသတင်းများ
ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ နှင့်ပတ်သက်သောနောက်ဆုံးရသတင်းများကို အောက်ပါလင့်တွင်ကြည့်နိုင်ပါသည်။
(ရွေးကောက်ပွဲဆိုင်ရာ သတင်းများ) စာသားပေါ်ကလစ်နှိပ်ပါ။
(ရွေးကောက်ပွဲဆိုင်ရာ သတင်းများ) စာသားပေါ်ကလစ်နှိပ်ပါ။
ရွေးကောက်ပွဲဆိုင်ရာအထူးသတင်းများ
အဖွဲ့ချုပ် ခွပ်ဒေါင်း အမှတ်အသားနေရာမှာ
ဖယောင်းသုတ်ထားမှုများ တပြည်လုံး အတိုင်းအတာမှာ ဖြစ်ပေါ်နေကြောင်း
ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်း
မှပြောဆိုသွားပြီး မကြာခင် ရွေးကောက်ပွဲ ကော်မရှင်အား ဖက်စ်ဖြင့်ပေးပို့ကာအများသိရှိနိုင်ရန် ကြေငြာချက်ထုတ်ပြန်မည်ဖြစ်ကြောင်း
ပြောဆိုသွားပါတယ်..။
စစ်ထောက်လှမ်းရေးဟောင်းဗိုလ်ချုပ်ကြီးဦးခင်ညွှန်(ငြိမ်း)၏သားဦးရဲနိုင်ဝင်းကမရမ်းကုန်မြို့နယ် NLDပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါ်မေ၀င်းမြင့်အားဆန္ဒမဲပေးခဲ့ကြောင်း
မရမ်းကုန်းမဲဆန္ဒနယ်တွင်သတင်းရယူ နေသော Messenger
သတင်းထောက်အားပြောသည်။
ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်အနိုင်ရပြီ။
ကော့မှူးမဲဆန္ဒနယ်မြေတွင် မဲရေတွက်မှု၇၀ရာခိုင်နှုန်းပြီးစီးမှုတွင်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်မဲအပြတ်အနိုင်ရရှိကြောင်းနှင့် မဲဆန္ဒနယ်မြေ (၃၀)ကျော်ခန့်
အနိုင်ရနေပြီဟု ခန့်မှန်းကြောင်း NLD မှထုတ်ဖေါ်ပြောဆိုလိုက်သည်။ နေရာအနှံ့တွင် ညစ်ပါတ်မှုများ၊မဲမသမာမှုများကို
ဆက်လက်အရေးယူသွားနိုင်ရန်အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ရွေးကောက်ပွဲအကြို ရန်ကုန်တိုင်းတွင်းမြင်ကွင်း (ဗီဒီယို)
စနေ, 31 မတ် 2012(သတင်း-ဗီအိုအေ)
မတ်လ ၃၁၊ ၂၀၁၂။ ရွေးကေက်ပွဲအကြို လူထုသဘောထားအသီးသီးကို ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားတာပါ။
မတ်လ ၃၁၊ ၂၀၁၂။ ရွေးကေက်ပွဲအကြို လူထုသဘောထားအသီးသီးကို ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားတာပါ။
ဒေါ်စု ကော့မှုးမြို့နယ် ရောက်ရှိ (ဗွီဒီယို)သတင်းဗီအိုအေ
ကောမှုးမြို့နယ် ပြည်သူလွှတ်တော်မဲဆန္ဒနယ်ကနေ ၀င်ရောက် အရွေးခြယ်ခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှုးမြို့နယ် ၀ါးသင်္ခံကျေးရွာကို မတ်လ ၃၁ ရက်နေ့ ညပိုင်းမှာ ရောက်ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့ လာရောက်စဉ်မှာပဲ ကော့မှုးမှာ NLD ပါတီ မဲဆွယ်ရေးအဖွဲ့တွေကို အနှောက်အယှက်တွေ ရှိခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် စိုးရိမ်ခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကတော့ ဒီလို နှောက်ယှက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ယူဆပြီး၊ ဒေါ်အာင်ဆန်းစုကြည် ခရီးစဉ်အတွက် စိုးရိမ်ခဲ့တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ ၀ါးသင်္ခံကျေးရွာကို ငြိမ်းငြိမ်းချမ်းချမ်းရောက်ရှိ အနားယူနေပြီး၊ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ အဲဒီက မဲရုံတွေကို လှည့်လည်ကြည့်မယ်လို့ သိရပါတယ်။
Subscribe to:
Posts (Atom)