ယခုနှစ် မေလ ၂၇ ရက်နေ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်
ကျင်းပမည့် ပြည်သူ့ဂုဏ်ရည်အသင်း၏ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု
ချီးမြှင့်ပွဲအခမ်းအနားသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌ ဦးကျော်သူ
နှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ တက်ရောက်မည်ဖြစ်သည်။
အခမ်းအနားသို့ တက်ရောက်ရန် ပြည်သူ့ဂုဏ်ရည်အသင်းက ဖိတ်ကြားခြင်းဖြစ်ပြီး
အမေရိကန်ပြည်ထောင်စုရှိ ပြည်သူ့ဂုဏ်ရည်မိသားစုများနှင့်လည်း တွေ့ဆုံရန်
စီစဉ်လျက်ရှိသည်။ ဦးကျော်သူ သည် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်ဖြစ်ပြီး
၂၀၁၀ ပြည့်နှစ် ဧပြီလ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌
ကျင်းပသော ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံပေါင်း ၅၄ နိုင်ငံမှ
အင်တာနက်ဆန္ဒမဲဖြင့် ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ။
Friday, April 6, 2012
ALP နှင့် ရခိုင်ပြည်နယ် အစိုးရ သဘောတူညီချက် (၅) ခုကို လက်မှတ်ရေးထိုး
ရခိုင်ပြည်နယ် စစ်တွေမြို့၌ မနေ့ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနှင့် ရခိုင်ပြည်နယ် အစိုးရ အကြား ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် ပဏာမ သ ဘော တူညီချက် (၅) ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
လက်မှတ်ရေးထိုးနိုင်ခဲ့သည့် သဘောတူညီချက် (၅) ခုကို ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှ ငြိမ်းချမ်းရေး ဒုခေါင်းဆောင် ခိုင်သုခက ယခုကဲ့သို့ပြောသည်။
တရုတ်အရေးကျွမ်းကျင်သူ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်လ်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ခန့်အပ်မည်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခံရသော သံအမတ်ကြီးအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စတာဒဲရစ်မစ်ချဲလ်ကို ခန့်အပ်တော့ မည်ဖြစ်ကြောင်း သံတမန်အသိုင်းအ၀န်းမှ သိရှိရသည်။
ဧပြီ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က မြန်မာနိုင်ငံအတွက် အမေရိကန်သံအမတ်ကြီး နာမည်ပေးခန့်အပ်တော့မည်ဟု ပြောဆိုကြေငြာအပြီး ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုင်းကားများ နယ်စပ်မှ တဆင့်မြန်မာဘက်တရားဝင် တင်သွင်း
ဧပြီ (၅)၊ ရွှေသိုက်တော (ကေအိုင်စီ)
မြန်မာနိုင်ငံမုံရွာကြေးနီသတ္တုတူးဖော်ရေးစီမံကိန်းတွင်အသုံးပြုရန်အတွက် Central Marketing Co.Ltd မှတင်သွင်းသည့် ဆွီဒင်နည်းပညာဖြင့်ထိုင်းနိုင်ငံတွင်ပြုလုပ်သည့်ကားများကို ၁၀ နှစ်နီးပါးကာလအတွင်း မြန်မာဘက်ကတရားဝင်တင်သွင်းခွင့်ပြုခြင်းဖြစ်သည်။
ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲသို့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ တက်ရောက်မည်
Thursday, April 5, 2012
ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးပိတ်ဆို့မှုတချို့အမေရိကန်လျှော့မည်
နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဗုဒ္ဒဟူးနေ့မှာ အထူး ကြေညာချက်
ထုတ်ပြန်တဲ့ဗီဒီယိုသတင်း မူယင်းမှဖေါ်ပြထားပြီး-နောက်ဆက်တွဲမြန်မာသတင်း ဌာနVOA သတင်းအားဆက်လက်ပူးတွဲဖေါ်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးခေတ်မီတိုးတက်ဖို့နဲ့
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရစေဖို့ရည်ရွယ်ပြီး အမေရိကန်က
ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ပေါ့ ပေးမယ်လို့ ပြောလိုက်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် လတ်တလော လတွေထဲမှာဖြစ်ခဲ့တဲ့ တိုးတက်မှုတွေကို
အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ အခုလို အရေးယူမှုတချို့ကို လျှော့ပေါ့ပေးတာ
အပါအဝင် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးမယ့်အချက်တွေကို
နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဗုဒ္ဒဟူးနေ့မှာ အထူး ကြေညာချက်
ထုတ်ပြန်ပြီး အသိပေးလိုက်တာဖြစ်ပါတယ်။
Wednesday, April 4, 2012
ဝင်ငွေကောင်းပြီး ချမ်းသာ လွန်းသူများ အခွန် တိုးပေး ရတော့မည်

မြန်မာ နိုင်ငံမှာ အခု ဘဏ္ဍာရေးနှစ်ကစပြီး တစ်ဦးချင်း ဝင်ငွေ ၁လ ကျပ်ငွေ ၁သိန်း ၂ သောင်းရှိ သူတွေ အခွန် စတင် ဆောင်ရ တော့မှာ ဖြစ်ပါ တယ်။ ဒီသတ်မှတ် ချက်မှာ အစိုးရ၊ ပုဂ္ဂလိက အားလုံး အကျုံး ဝင်တယ် တယ်လို့ သတ်မှတ် ထားပါ တယ်။
အရင် ကတော့ တဦး ချင်း ၁ လ ကျပ် ၃ သောင်း အထက်ကို အခွန် ဆောင်ဖို့ သတ်မှတ် ထားရာ ကနေ ဘဏ္ဍာရေး နဲ့ အခွန် ဝန်ကြီးဌာ နက ပြီးခဲ့တဲ့ သီတင်း ပတ်က ပြောင်းလဲ သတ်မှတ်ခဲ့ တာပါ။
Tuesday, April 3, 2012
အမောင်တို့တိုင်းပြည်(အမောင်စာမရေးတတ်ပါ)ဟိုရောက်ဒီရောက်အမောင့်စာ
တောင်အဖရိကနိုင်ငံမှ လေယာဉ်ဟောင်း၂စီး မြန်မာ့လေကြောင်းမှဝယ်ယူ။
လူရာသွင်းပြီး အသိပေးပြောကြားရင်ပဲ ကျေနပ်ပါတယ်(လူထုစိန်ဝင်း)
Posted: 02 Apr 2012 03:58 AM PDT အဆုံးထိဖတ်လိုက်ပါ။
အခုတလော ရာသီဥတုက ပူသလားမပြောနဲ့ လူဟာကုန်းပေါ် ပစ်တင်ခံရတဲ့ငါးလို ဟောဟဲလိုက်နေတယ်။ ဒီထဲမှာ မီးကလည်း နေ့ပျက်လိုက် ညပျက်လိုက် ဖြစ်နေပြန် လေတော့ အောက်ဆီဂျင်ဘူးအသေးနဲ့တင် မလောက်တော့လို့ ယောက်ျား ကြီးနှစ်ယောက် မနည်းမရတဲ့ ဧရာမဘူးအကြီးပါ မှာထားရတယ်။
လာလိုက်ပျက်လိုက်ကြာလာတော့
ဒေါ်စု ငြိမ်းချမ်းရေးကိစ္စ ဦးစားပေးသင့်ကြောင်း တိုင်းရင်းသားများပြော
ချင်းမိုင်(မဇ္စျိမ) ။ ။ ပြည်သူ့လွှတ်တော် အမတ်တဦး ဖြစ်လာတော့မည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသားဒေသများရှိ ငြိမ်းချမ်းရေး ပြဿနာများကို ဦးစားပေး ဖြေရှင်းသင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင် များက တိုက်တွန်းလိုက်သည်။
အရေးပါသည့် လွှတ်တော်အမတ်တဦး အနေဖြင့် လွှတ်တော်တွင်း လုပ်ကိုင်စရာ ကိစ္စများစွာ ရှိမည်ဖြစ်သော်လည်း
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအရေးကို မေ့ထားမည် မထင်ကြောင်း၊ သို့သော် ယင်းကိစ္စကို ပထမ ဦးစားပေးအဖြစ် ဆောင်ရွက်လာစေရန်အတွက် တိုက်တွန်းသွားမည်ဟု ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး က ပြောသည်။
မြန်မာအပေါ် ဖိအားတွေ ရုပ်သိမ်းချိန် မတန်သေး
senate (photo)
အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန် အထက်လွှတ်တော်တွင်
မြန်မာနိုင်ငံအကြောင်း ဆွေးနွေး တင်ပြစဉ်။
2012-04-02
မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ရာမှာ အဓိကနေရာက
ပါဝင်ခဲ့တဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေက ဒီဖိအားတွေကို
ရုပ်သိမ်းဖို့ရာ အချိန်မကျသေးကြောင်း တနင်္ဂနွေနေ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော်က ရီပတ်ဗလီကင် အမတ် Mitch McConnell က
ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အမတ်တွေ ရွေးကောက် တင်မြှောက်ခံရတာဟာ
တိုင်းပြည်အတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပေမဲ့
မြန်မာနိုင်ငံမှာ လုပ်စရာတွေ အများကြီး ကျန်သေးတယ်လို့ ပြောဆိုပါတယ်။
ရွေးကောက်ပွဲ မသမာမှုကို အရေးယူပေးရန် ကလင်တန်မှ မြန်မာ အစိုးရသို့ ပန်ကြား
တနင်္လာနေ့၊ ဧပြီလ 02 ရက် 2012 ခုနှစ်
ရွှေဟင်္သာ သတင်းဌာန
“လွန်ခဲ့တဲ့ လတွေတုန်းက ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲတွေကို ကောက်ချက်ချဖို့ အလွန်စောနေသေးပါတယ်။ ဒီတိုးတက် ဖြစ်ထွန်းမှုတွေ ရေရှည် အနေနဲ့ ဆက်လက် တည်တံ့သွားဖို့ ကျွန်မမျှော်လင့်ပါတယ်။ မြန်မာပြည် ကြီး ဘယ်လို အစီအစဉ်တွေ ချမှတ်ပြီး ရှေ့ဆက် သွားနေလဲဆိုတာ တိကျခိုင်မာတဲ့ အာမခံချက် မရှိ သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အောက် လွှတ်တော်မှာ အမတ်တစ်နေရာ ရခဲ့တာကို ကျွန်မတို့ အမေရိ ကန်အနေနဲ့ ကြိုဆို ထောက်ခံပါတယ်။ ရွေးကောက်ပွဲ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မသမာမှုတွေကိုလည်း အစိုးရက နေပြီး ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ အရေးယူ ဆောင်ရွက်ပေးမယ်လို့လည်း ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု သတင်းထောက် များအားပြောကြားသွားပါသည်။
ပဲခူးမြို့ဒုတိယမြို့နယ်တရားသူကြီးကတော်မှ အိမ်ဖော်မိန်းကလေးကိုရက်စက်စွာ မီးပူဖြင့် ကပ်နှိပ်စက်မှုကို အမှုမဖွင့်ရဲ။
Monday, 2 April 2012
ဖခင်မဲ့သူရဲ့(အမှန်တရားအတွက်ရင်ဆိုင်နိုင်ရန်ကူညီပေးစေလိုပါတယ်။)
(၂၅၊ ၃၊ ၂၀၁၂)ရက်နေ့ ည (၁၂)နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့  ဥဿာမြို့ သစ်၊ အမှတ်(၇)ရပ်ကွက်၊ ဗိုလ်တေဇ
လမ်း၊ ပဲခူးတိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၏အိမ်တွင်ငှားနေသော ပဲခူးမြို့  ဒုတိယမြို့ နယ်တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှ အိမ်ဖော်မလေး မအေးယုအောင် အသက်(၁၅)နှစ်အား မီးပူတိုတ်
တာကြာလို့ဆိုပြီး မီးပူဖြင့်ထိုးကပ်တာခံခဲ့ရကြောင်းသိရှိခဲ့ရပါသည်၊
ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှု သမ္မတ အိုဘားမား မြန်မာနိုင်ငံသားတွေကို ချီးကျူး
တနင်္လာ, 02 ဧပြီ 2012
မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်ကနေ့ ကြေငြာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲ အထမြောက်အောင် ၀ိုင်းဝန်း ကူညီ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ အောင်မြင်မှုကိုလည်း ချီးကျူး ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲ အထမြောက်အောင် ၀ိုင်းဝန်း ကူညီ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။
ဒါ့အပြင် မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ အောင်မြင်မှုကိုလည်း ချီးကျူး ဂုဏ်ယူပါကြောင်း ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို ကျေးဇူးတင်စကားပြောကြား
ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံချက်ကို လိုက်နာပေးရန် မန္တလေး NLD ကြေညာ
တနင်္ဂနွေနေ့ ကြားဖြတ်
ရွေးကောက်ပွဲမှာ အန်အယ်အယ်လ်ဒီပါတီ အနိုင်ရပြီးနောက်
မြို့ခံအန်အယ်လ်ဒီပါတီထောက်ခံသူ လူငယ်တွေက ညလုံးပေါက်
အောင်ပွဲခံခဲ့ကြပြီးနောက်မှာ ခုလို ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကတော့
တဖက် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များကို စိတ်ထိခိုက် စိတ်မကောင်းဖြစ်စေမည့်
အပြောအဆို အပြုအမူများ လုံးဝရှောင်ရှားပါရန်နှင့် ပြည်သူတို့ရဲ့
အောင်နိုင်မှုဟာ သိက္ခာရှိတဲ့ အောင်နိုင်မှုဖြစ်စေဖို့ မနေ့ကတည်းက ထုတ်ပြန်
ကြေညာထားခဲ့တာပါ။
Monday, April 2, 2012
NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း
၁။ ၀ါးခယ်မ ဧရာဝတီတိုင်း
၂။ မြန်အောင် ဧရာဝတီတိုင်း
၃။ မအူပင် ဧရာဝတီတိုင်း
၎။မြောင်းမြ ဧရာဝတီတိုင်း
၅။ဖျာပုံ၊ဒေးဒရဲ(အမျိုးသားလွှတ်တော်) ဧရာဝတီတိုင်း
၆။ ရေကြည် ဧရာဝတီတိုင်း
၇။ ပခုက္ကူ မကွေးတိုင်း
၈။ ရေစကြို မကွေးတိုင်း
၉။ မကွေး မကွေးတိုင်း
၁၀ ။ မြိုင် မကွေးတိုင်း
၁၁။ ပွင့်ဖြူ မကွေးတိုင်း
၁၂။ ကျောက်ပန်းတောင်း မန္တလေးတိုင်း
၁၃။ တံတားဦး မန္တလေးတိုင်း
၁၄။ ပြင်ဦးလွင် မန္တလေးတိုင်း
၁၅။ မဟာအောင်မြေ မန္တလေးတိုင်း
၁၆။ မထ္တီလာ မန္တလေးတိုင်း
၁၇။ ဒက္ခိဏသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၈။ ဥတ္တရသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၉။ တောင်ငူ ပဲခူးတိုင်း
၂၀။ ထန်းတပင် ပဲခူးတိုင်း
၂၁။ လက်ပံတန်း ပဲခူးတိုင်း
၂၂။ က၀ ပဲခူးတိုင်း
၂၃။ ကော့မှူး ရန်ကုန်တိုင်း
၂၄။ ဒဂုံဆိပ်ကမ်း ရန်ကုန်တိုင်း
၂၅။ လှည်းကူး ရန်ကုန်တိုင်း
၂၆။ မရမ်းကုန်း ရန်ကုန်တိုင်း
၂၇။ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်း
၂၈။ စစ်ကိုင်း စစ်ကိုင်းတိုင်း
၂၉။ ပုလဲ စစ်ကိုင်းတိုင်း
၃၀။ မင်းကင်း စစ်ကိုင်းတိုင်း
၃၁။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် စစ်ကိုင်းတိုင်း
(အမျိုးသားလွှတ်တော်)
၃၂။ ကျွန်းစု တနင်္သာရီတိုင်း
၃၃။ လောင်းလုံ တနင်္သာရီတိုင်း
၃၄။ ပုသိမ် ဧရာဝတီတိုင်း
၃၅။ တောင်တွင်းကြီး မကွေးတိုင်း
၃၆။ နွားထိုးကြီး မန္တလေးတိုင်း
၃၇။ ပုဗ္ဗသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၈။ ဇဗ္ဗူသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၉။ မော်လမြိုင် မွန်ပြည်နယ်
၄၀။ သုံးခွ ရန်ကုန်တိုင်း
၄၁။ လားရှိုး ရှမ်းပြည်နယ်
D-Wave
မြန်မာရွေးကောက်ပွဲ အမေရိကန် ကြိုဆို
တနင်္ဂနွေ, 01 ဧပြီ 2012(သတင်း-ဗီအိုအေ)
အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီကနေ့ ကျင်းပသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ကြေညာချက် မလုပ်သေးပေမဲ့ အာဆီယံနဲ့ ဥရောပသမဂ္ဂတို့က ဒီကနေ့ ပြောသွားခဲ့ကြသလိုပဲ ရွေးကောက်ပွဲ အေးအေးချမ်းချမ်း ပြီးစီးသွားတာကို ကြိုဆိုကြောင်း ဒဲရက်မစ်ချဲလ်က ပြောပါတယ်။
ဒီကနေ့ ကျင်းပသွားတဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုက ချီးကျူးစကား ပြောကြားလိုက်ပါတယ်။ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောကြားလိုက်တာပါ။
အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီကနေ့ ကျင်းပသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားဝင် ထုတ်ပြန်ကြေညာချက် မလုပ်သေးပေမဲ့ အာဆီယံနဲ့ ဥရောပသမဂ္ဂတို့က ဒီကနေ့ ပြောသွားခဲ့ကြသလိုပဲ ရွေးကောက်ပွဲ အေးအေးချမ်းချမ်း ပြီးစီးသွားတာကို ကြိုဆိုကြောင်း ဒဲရက်မစ်ချဲလ်က ပြောပါတယ်။
Subscribe to:
Posts (Atom)