နိုင်ငံသားစစ်မှန်လျှင်ကိုယ့်တိုင်းပြည်ကိုယ့်အမျိုးသားအရေးကို ကာကွယ်စောက်ရှောက်ရမည်။
Pages
မူလစာမျက်နှာ
ပြည်တွင်းသတင်းမှတ်တမ်း
ဖတ်စရာမှတ်စရာ
သုတဆောင်းပါး
နိုင်/ဆောင်းပါး
နည်းပညာ
ကဗျာစာမျက်နှာ
ဗီဒီယိုမှတ်တမ်း
ဓါတ်ပုံမှတ်စု
ခံယူချက်
Monday, April 16, 2012
သင်္ကြန်မိုးသီချင်းနားဆင်ချင်သူများအတွက်
သီချင်းနားဆင်ယင်းမြန်မာပြည်အလွမ်း
သင်္ကြန်အလွမ်းပြေနိုင်ကြပါစေ။
မိခင်မြန်မာပြည်နဲ့ဝေးကွာနေတဲ့
မိမိအပါအဝင်မြန်မာများအတွက်ရည်ရွယ်ပါတယ်။
၈၈လူငယ်များမြောက်ဥက္ကလာပတွင်ဖြေဖျော်နေစဉ်
၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်
ကျောင်းသားလူငယ်များ စီစဉ်သည့် ပွင့်လင်းသင်္ကြန် မဏ္ဍပ်သို့ ၈၈ မျိုးဆက်
ကျောင်းသားလူငယ်များ၏ မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့ လာရောက်
ဖျော်ဖြေခဲ့ကြပါသည်။ ၄င်းဖျော်ဖြေရေးအဖွဲ့သို့ မြောက်ဥက္ကလာပမြို့ခံများက
ဂုဏ်ပြု အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။
Sunday, April 15, 2012
မဟာသင်္ကြန်ကိုပြည်သူများနှင့်ဆင်နွဲပျော်ရွှင်နေသည့်အမေစု
၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ BG သွေးကူညီရေးအဖွဲ့ သင်္ကြန်ဖျော်ဖြေရေးယာဉ်ဖြင့် လာရောက်ဖျော်ဖြေ။ ဒေါ်အောင်ဆန်းစုကြည်မှ သင်္ကြန်ရေပက်ကစားသော ပြည်သူများအား စတုဒီသာ အလှူဖြင့် ပြန်လည် ဧည့်ခံ။
ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
AFP
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို အခုလို မေတ္တာရပ်ခံ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖါးကန့်မြို့နဲ့ မကွေးတိုင်း ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံ လိုက်တာ ဖြစ်တယ်လို့ NLDပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ် တည်ထောင်မယ့် အချိန်အခါမျိုးမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ဟာတွေ အငြင်းပွားနေမယ့်အစားကို တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိကြပါလို့ သူက အဲဒီလို ပြောပါတယ်။
ဆက်ဖတ်ရန် »
Saturday, April 14, 2012
၈၈မျိုးဆက်သစ်ကျောင်းသားများ၏သံချပ်ဗီဒီယို(ကြည့်လိုက်ပါလို့တိုက်တွန်းပါရစေ)
Saturday, April 14, 2012
88 မျိုးဆက်ကျောင်းသားများ၏ သံချပ် ဖျော်ဖြေမှု့အား ၁၄ ရက်နေ့ ညနေပိုင်းက မင်္ဂလာ ဈေးမဏ္ဏပ် တွင် ဖျော်ဖြေနေစဉ်..
ဒေါ်အောင်ဆန်း စုကြည် မကြာမှီ အင်္ဂလန် သို့  အလည်သွားရောက်နိုင်
by FNG on April 14, 2012
ယမန်နေ့  က ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် နှင့် တွေ့ ဆုံ ပြီး နောက် ပညာသွား ရောက်
သင်ခဲ့ သည့် အင်္ဂလန် မြေ အား အလည် တစ်ခေါက် လာရောက် ပါရန် ဒေးဗစ် ကင်မရွန် ၏ ဖိတ်
ကြား ချက် အရ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်သည် လာမည့် ဇွန်
လတွင် အင်္ဂလန် နိုင်ငံ သို့  လာရောက် လည် ပတ် ဖွယ် ရှိ သည် ဟု ယနေ့ ထုတ် ဗြိတိသျှ သတင်း
စာ တစ်စောင် ဖြစ်သည့် The Telegraph က ရေးသား ထား သည်။
ဆက်ဖတ်ရန် »
ကိုမင်းကိုနိုင်ရေးစပ်သော၈၈မျိုးဆက်ကျောင်းသားများ၏သင်္ကြန်သံချပ်
ကိုမင်းကိုနိုင်ရေးစပ်သော၈၈မျို
းဆက်ကျောင်းသားများ၏သင်္ကြန်သံချပ်
်
ပရိသတ်ပြည်သူ သိစေချင် ......... ၈၈ ဟာ ဘာအဓိပ္ပာယ်လဲ
(၈၈ ဟာ မျိုးဆက်တစ်ခု ......... ကျောင်းသားကိုယ်စားပြု)၂
ကျောင်းသားသမိုင်းဟာ မြဲရှင်သန် ......... စီးဆင်းမြစ်ရေ ဘယ်တော့မခမ်း
တွန်လိုက်စမ်းပါ့ ဒေါင်းပျိုတွေ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့
(ပြည်သူချစ်တဲ့ ကိုအောင်ဆန်း ......... မြစ်ရေဘယ်မခမ်း)၂
ဆက်ဖတ်ရန် »
ပိတ်ဆို့ အရေးယူမှု လျှော့ချမယ်လို့ G8 အစည်းအဝေးမှ ထုတ်ပြန်
Photo courtesy of State Department
၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်က ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံအစည်းအဝေး၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်နေစဉ်။
2012-04-13
အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံ အစည်းအဝေးက မြန်မာအစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ချက်တွေကို ကြိုဆိုလိုက်ပါတယ်။
G8 လို့ခေါ်ကြတဲ့ စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးမှာ ထိပ်တန်းကိစ္စအဖြစ် ဆီးရီးယားနိုင်ငံက သမ္မတ အာဆတ်အစိုးရကို ဖိအားပေးရေး၊ မြောက်ကိုရီးယား ဒုံးပျံပစ်လွှတ်မှု နောက်ဆက်တွဲ အခြေအနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဆက်ဖတ်ရန် »
ပိတ်ဆို့မှု ရုပ်သိမ်းဖို့ထက် ဆိုင်းငံ့သင့်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော
ဓာတ်ပုံ Khin Maung Win
သောကြာ, 13 ဧပြီ 2012
မြန်မာနိုင်ငံပေါ် ချမှတ်ဆက်ခံထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းတာထက် ဆိုင်းငံ့ထားသင့်တယ်လို့ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ ဒီလိုဆိုင်းငံ့လုပ်ထားခြင်းဟာလည်း မြန်မာနိုင်ငံဒီမိုကရေစီရေးနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နေသူတွေကို အသိအမှတ်ပြုရာ ရောက်တယ်လို့လည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို သူတို့ရဲ့သဘောထားတွေကို ပြောလိုက်တာလည်း ဖြစ်ပါတယ်။
ဆက်ဖတ်ရန် »
Friday, April 13, 2012
ပြည်ပမှညီအကိုမောင်နှမများမြန်မာသင်္ကြန်ကိုတိုက်ရိုက်ခံစားလို့ရပြီ
ezeey ray
ညီအကိုတစ်ဦးက မော်ဆရာဂရုမေးလ်ကို ပေးပို့လာပါတယ်။၁၃ရက်နေ့ဖြစ်ပါတယ်။မြန်မာပြည်သင်္ကြန်ကိုအွန်လိုင်းမှတိုက်ရိုက်ကြည့်နိုင်သော
အစီအစဉ်လေးတခုဖြစ်ပါတယ်။ဒေါင်းလုပ်လုပ်ပြီးအစီစဉ်အတိုင်းသွားလိုက်ပါ။
သူပေးပို့ထားတဲ့မေးလ်ဖြစ်ပါတယ်။
ezeey ray
ezeeyray@gmail.com
Apr 13 (2 days ago)
to
mrsorcerer
အဝေးရောက်ဘော်ဒါတို့ရေ
ဒို့မြန်မာရဲ့သင်္ကြန်တိုက်ရိုက်
ခံချင်တယ်ဆိုရင်တော့
http://pages.tvunetworks.com/
downloads/player.html
TV U ကို ဒေါင်းလုပ်ချပါ...Serch အကွက်မှာ 99221 ရိုက်ထည့်ပါ..
Sky Net ချန်နယ်ကို ရောက်ပါတယ်...မြန်မာပြည်တွင်း ထုတ်လွှင့်နေတဲ့ Sky Net က သင်္ကြန် နှင့် မြန်မာ့သတင်းများ ကြည့်ရှုရနိုင်ပါတယ်...
မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအား ဘန်ကီမွန်း ဝမ်းမြောက်စွာ ဂုဏ်ယူ
ကြားဖြတ်ရွေးကောက်ပွဲသည် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အထူးပင် စနစ်တကျ ရှိလှသည့်အတွက် မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများအား ဝမ်းမြောက်စွာဂုဏ်ယူပါကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ဧပြီလ ၂ ရက်နေ့က ကြေညာသည်။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်စွာပူးပေါင်းပါဝင်ခဲ့ကြတဲ့ NLD အပါအဝင် နိုင်ငံရေး ပါတီအမျိုးမျိုးက ကိုယ်စားလှယ်လောင်းတွေ အတွက်လည်း ဂုဏ်ယူပါကြောင်း၊ မြန်မာနိုင်ငံရဲ့ အနာဂတ်ရေး အတွက် သိသာထင်ရှားတဲ့ တက်လှမ်းမှု တစ်ရပ်လည်းဖြစ်တယ်လို့ ယုံကြည်ကြောင်း မစ္စတာဘန်ကီမွန်း ကပြောပါတယ်”ဟု သူ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ဆက်ဖတ်ရန် »
Thursday, April 12, 2012
ဦးခင်ညွန့် အင်တာဗျူးမပေးဘူးဆိုသည့် ပြောကြားချက် ဘန်ကောက်ပို့စ်မှပြန်လည် ငြင်းဆို
သတင်း(DVB)
ဦးခင်ညွန့် ကို အင်တာဗျူးခဲ့တဲ့ ဦးမြင့်ရွှေ (ဓါတ်ပုံ-မြင့်ရွှေ Facebook)
၂၀၀၃ ခု ဒီပဲယင်းအကြမ်းဖက်မှုဖြစ်စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ဖို့ လူလွှတ်ခဲ့တယ်လို့ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း
ဦးခင်ညွန့်က ပြောဆိုခဲ့တယ်ဆိုတဲ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ ရေးသားချက်ဟာ မှားယွင်းတယ်လို့ မြန်မာအစိုးရက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆက်ဖတ်ရန် »
၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်ရေး NLD အငြင်းပွား
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေး သို့ သွားရောက် လေ့လာစဉ်၊ မတ်လ ၁၂၊ ၂၀၁၂။
ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ရှိတဲ့ လွတ်တော်အစည်းဝေးတွေကို NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် တက်ရောက်ဖို့ မသေချာဘူးလို့ NLD ပါတီက ပြောပါတယ်။ ဒါကလည်း ရွေးကောက်ခံ ကိုယ်စားလှယ် တွေ ကျမ်းသစ္စာ ကျိန်ဆိုစဉ်တွင်း ရွတ်ဆိုရတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရမယ် ဆိုတဲ့စကားလုံးအစား ဖွဲ့စည်းပုံ အခြေခံကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံးပြင်နိုင်ဖို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးစားနေတာကြောင့် ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ဆက်ဖတ်ရန် »
ဘန်ကောက်ပို့စ် ဖော်ပြချက် မှားယွင်းကြောင်း ဦးခင်ညွန့် ကိုယ်စားလှယ် ငြင်းဆို
RFA
သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ၂ဝ၁၂ ခု ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် သတင်းထောက်များနှင့် စကားပြောနေစဉ်။
2012-04-11၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုကြီးအတွင်း မိမိရဲ့လူတွေလွှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်ဆယ်ခဲ့တယ်လို့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ပြောဆိုခဲ့ကြောင်း ဧပြီလ ၉ ရက်နေ့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားတာဟာ မဟုတ်မှန်ကြောင်း မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
ဆက်ဖတ်ရန် »
NLD အမတ်တွေ လွှတ်တော်မှာ ကျမ်းသစ္စာဆိုရခက်
သမ္မတဦးသိန်းစိန်နဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဧပြီ (၁၁) ရက်၊ ဗုဒ္ဓဟူးနေ့မနက်က နေပြည်တော်က သမ္မတအိမ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
ဆက်ဖတ်ရန် »
Tuesday, April 10, 2012
မြန်မာပြည်တောင်သူလယ်သမားများအတွက် ရွှေရောင်အိပ်မက်(ဆောင်းပါး)
by Aye Aye Khin on Friday, February 3, 2012 at 6:13am ·
ဒီနေ့ နည်းနည်းလောက် Share လုပ်ချင်လို့ စာလေးနည်းနည်းလောက်ရေးလိုက်ပါတယ်။ ကြိုးစားပြီးဖတ်ပေးရင် လည်းကျေးဇူးပါဘဲ။ ညကတော်တော်နဲ့မအိပ်ဖြစ်တာနဲ့ မြန်မာပြည်သတင်းတွေ ဖတ်နေရာကနေ ............
ထိုင်းနိုင်ငံမှာ မနှစ်က ရေကြီးတဲ့အတွက် ဒီနှစ်ပြည်တွင်းအတွက် ဆန်စပါးဖူလုံအောင်တောင် မနည်းလုပ်ယူရမယ်။ ဒါကြောင့် ဒီနှစ်ဆန်ကို မြန်မာပြည်ကနေ ၀ယ်မယ်ဆိုတဲ့အကြောင်း၊ နောက်ပြီး သတင်းတစ်ပုဒ်က .........
မြန်မာ့ဆန် တန်ချိန် နှစ်သိန်း အင်ဒိုနီးရှားကို ရောင်းရန် သဘောတူ
နှင့် မြန်မာနိုင်ငံသည် နောက်လာမည့်အနာဂတ်မှာ World Wide ဆန်စပါးတင်ပို့မှု အများဆုံးနိုင်ငံဖြစ် လာနိုင်တယ်ပေါ့လေ................
ဆက်ဖတ်ရန် »
Monday, April 9, 2012
ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့
ရန်ကုန်ရောက်ရှိနေသည့်ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(အေအယ်လ်ပီ)ကိုယ်စားလှယ်အဖွဲ့နှင့်
အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့ လာမယ့် ဧပြီ၁၁ရက်နေ့မှာတွေ့ဆုံမယ်လို့သိရပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်တဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့သောအပတ်ကစစ်တွေမှာပြည်နယ်အစိုးရအဖွဲ့ နဲ့တွေ့ဆုံခဲ့ပြီးအပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ထိုးနိုင်ခဲ့ပါတယ်။
ဆက်ဖတ်ရန် »
ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၂၃ လွှတ်တော်တက်မည်
လင်းဘိုဘို
|
တနင်္လာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၁၂ နာရီ ၃၅ မိနစ်
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြော (ဓါတ်ပုံ မဇ္ဈိမ)
ရန်ကုန် (မဇ္ဈိမ) ။ ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
ဆက်ဖတ်ရန် »
ပဲခူးက အိမ်ဖော်မိန်းကလေးအမှု အာဏာပိုင်တွေ ဆက်လက်စုံစမ်းနေ
2012-04-08
အိမ်ရှင်က မီးပူနဲ့အထိုးခံရပြီး ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ ပဲခူးမြို့က အိမ်အကူ မိန်းကလေးငယ်အမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက လာရောက် စစ်ဆေးသလို အမှုကို သတင်းမထုတ်ဖော်ဖို့ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေကို တားဆီးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဆက်ဖတ်ရန် »
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို
2012-04-07
ဝန်ကြီးချုပ်ဟောင်း ဥိးခင်ညွန့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပြီး တွေ့ရပုံ။
မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်းဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာ
ဆက်ဖတ်ရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)