Saturday, June 16, 2012
Friday, June 15, 2012
စစ်တွေမြို့ ကုန်းတန်းရပ်ကွက်မှာ လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိ
![]() |
ဓာတ်ပုံ ဂျေမောင်မောင်(အမရပူရ) |
လူမျိုးစုံဒေသခံများကိုဖမ်းမိခြင်းဖြစ်ပြီး ၄င်းတို့လက်ထဲတွင်လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိကြောင်းသတင်းရရှိသည်။ ယနေ့ ဇွန် ၁၄ ရက်တွင် စစ်တွေမြို့တွင်း ဆူပူအုံကြွမှုများမတွေ့ရကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။
ဒေါ်အောင်ဆန်းစုကြည် ရဲ့  ရိုဟင်ရျာ ပြသနာပေါ် ဖြေကြားချက်
ရခိုင်အရေးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ကြောင်း၊ ပြန်လည် ငြိမ်းချမ်းဖို့အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား နယ်စပ်အရေး ကိစ္စများတွင် နှစ်ဖက်လုံး၏ အားနည်းချက်များ ရှိခဲ့သည့်အတွက် (တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊ နိုင်ငံသား တယောက် ဖြစ်ရန်အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်ဆိုင်သည့်ဥပဒေများ အမှန်တကယ် အသက်ဝင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။
Thursday, June 14, 2012
စစ်တွေမှာ လေးခွများနှင့် ဒုတ်များကို ကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိ
စစ်တွေတွင် တုတ်၊ဓါး လက်နက် မကိုင်ရ အမိန့်ထုတ်
ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားနေသော စစ်တွေတွင် တုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်၍ လမ်းများပေါ်တွင် မသွားလာရဟု ယနေ့ နံနက်က အာဏာပိုင်များက အမိန့်ထုတ်ကြောင်း သိရသည်။
၎င်းအမိန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်ပြီး ယနေ့နံနက်က အသံချဲ့စက်ဖြင့် မြို့ကို ပတ်ကာ ကျေညာ သွား သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် ကုလ ကိုယ်စားလှယ် ရခိုင်ပြည်နယ်အရေး ဆွေးနွေး

Wednesday, June 13, 2012
အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်း မသင်္ကာမှုဖြင့် ဖမ်းဆီးထားသည့် UNHCR မှ ဒေါ်မြနန္ဒာအောင် ကို ပြန်လွှတ်ပေးလိုက်ပြီ
UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင် |
UNHCR မောင်းတောရုံးမှ အကြီးတန်းလက်ထောက် ဒေါ်မြနန္ဒာအောင် ကို
အယ်ခိုင်ဒါနှင့်ဆက်သွယ်မှုရှိကြောင်းမသင်္ကာမှုဖြင့် စစ်တွေမြို့၌ သက်ဆိုင်ရာမှထိန်းသိမ်းခဲ့ရာမှ
ယနေ့နေ့လည်၁နာရီခန့်တွင် ပြန်လည်လွတ်ပေးလိုက်ကြောင်း မိသားစုဝင်တဦးထံမှသိရှိရပါသည်။
Sunday, June 10, 2012
မုဒိန်းကျင့် လုယက်ပနာ အသတ်ခံလိုက်ရရေ မသီတာထွေးအမှုနိန့်ပတ်သတ်ပြီး ထိမ်းသိမ်းခံထားရရေ သုံးယောက်ထဲက ထက်ထက်ဆိုသူ မိမိကိုယ်ကို အဆုံးစီရင်
သတင်း- မြထွန်းအောင်(ကျောက်ဖြူ)
မုဒိန်းကျင့် လုယက် အသတ်ခံလိုက်ရသော သီတာထွေး အမှုနှင့် ပတ်သတ်ပြီး ထိမ်းသိမ်း ခံထား ရသော သုံးယောက် ထဲက ထက်ထက်(ခ) ရော်ချီး ဆိုသူကို (9/6/2012) နေ့ ညနေ မြန်မာ (၅) နာရီ အချိန်မှာ မိမိဝတ်ထားတဲ့ (လုံချည်) ကို ကြိုးကျစ်ကာ ဆွဲကြိုးချ သေဆုံး သွားပြီ ဖြစ်ကြောင်း ကျောက်ဖြူ အကျဉ်း ဦးစီး ဌာနက နာမည် မဖေါ်လိုသော တာဝန်ရှိ တယောက်က လေးဝတီကို ပြောကြား ပါသည်။
လူမဆန်စွာ လုယက် မုဒိန်းကျင့် နေစဉ် အတွင်း ဗွီဒီယို mp4 နှင့် သူရို့ အချင်းချင်း မှတ်တမ်းတင် ထားချက် တခုကိုလည်း စစ်ဆေး တွေ့ရှိထား ကြောင်းလည်း အတည် မပြုနိုင်သေးသော သီးခြား သ တင်း အချက် အလက် တခုအရ သိရှိရသည်။
အကြမ်းဖက်မှု ချက်ချင်းရပ်ဆိုင်းဖို့ NLD မေတ္တာရပ်ခံ
2012-06-09 ရခိုင်ပြည်နယ်မှာ လောလောဆယ်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လှုံ့ဆော်မှုတွေ ချက်ချင်းရပ်ဆိုင်းဖို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။
NLD နဲ့ မဟာမိတ် တိုင်းရင်းသားခေါင်းဆောင်တွေ ဒီနေ့ မွန်းတည့် ၁၂
နာရီမှာ လုပ်တဲ့ အစည်းအဝေးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အကြမ်းဖက်
တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေနဲ့ လှုံ့ဆော်သူအားလုံးကို အဲဒီလို
မေတ္တာရပ်ခံလိုက်တာပါ။
မောင်တောတွင် ရဟတ်ယာဉ်များဖြင် အစိုးရ တာဝန်ရှိသူများ ရောက်ရှိလာ
ကာကွယ်ရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးလှမင်း ဦးဆောင်တဲ့အဖွဲ့ မောင်တောမြို့ သို့  ရောက်ရှိကွပ်ကဲလျက်ရှိ
ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း (၃) ခုဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိ ဆေးဝန်ထမ်းများ ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်
နေပြည်တော် ဇွန် ၉
ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့်
ဆူပူအကြမ်းဖက်မှုများအပေါ်စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည်
ဖြစ်သည့်အတွက် ယနေ့ နံနက်ပိုင်းမှစ၍ အခြေအနေများ မူလအတိုင်း
ပြန်လည်တည်ငြိမ် အေးချမ်းလျက် ရှိပြီဖြစ်သည်။
မြန်မာပြည်ခြံစည်းရိုး အိန္ဒိယ နိုင်ငံ ကဲ့သို့ လုပ်သင့်သည်
အွန်လိုင်းမှပြန်လည်ဖေါ်ပြပါသည်။ | ![]() | ||
အိန္ဒိယနိုင်ငံသည် အာရှတိုက်၏ လူဦးရေအထူထပ်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး တောင်အာရှဒေသအတွင်း ဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ အိမ်နီးချင်းအင်အားကြီးနိုင်ငံ ဖြစ်သည်။ ၄င်းနိုင်ငံသည် အခြားသော နိုင်ငံများနှင့် ကုန်းပိုင်းတွင် ၁၅၁၀၆ ကီလိုမီတာခန့် ထိစပ်လျက်ရှိပြီး ကမ်းရိုးတန်းပိုင်းတွင် ၇၅၁၇ ကီလိုမီတာခန့် ဆက်စပ်နေပါသည်။
ရခိုင်ပြည် စီးရိုးကို ကာကွယ်ပါ။
မြန်မာနိုင်ငံတိုင်းဒေသကြီးတခုဖြစ်သည့်ရခိုင်ပြည်တွင် အကြမ်းဖက်မှု့များဖြစ်ပေါ်နေသည်။လက်ရှိ ဖြစ်ပေါ်နေသော သတင်းများအပေါ်အခြေခံပြီး ခံစားမှု့များ၊ဒေါသဖြစ်မှု့များ၊ တုန့်ပြန်ချင်စိတ်များ ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးစုများအပေါ်စာနာ ကိုယ်ချင်းစာစိတ် များဖြစ်ပေါ်ပေမည်။ ရခိုင် တိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားညီအကိုများ၊
ဓမ္မဒိဌာန်ကြကြ စဉ်းစားလျှင် မည်သူမဆို မတရားမှု့ စော်ကားမှု့ အနိုင်ကျင့်မှု့ကို လက်ခံနိုင်မည်မဟုတ်ပါ။
မသီတာထွေး သတ်ဖြတ်မှု ကျူးလွန်သူများ အများရှေ့မှောက် စစ်ဆေးမည်
2012-06-09
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမှော် ဒေသက မသီတာထွေး အမည်ရှိ အမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့် သတ်ဖြတ်မှုနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူထောင်မှာ ထိန်းသိမ်းထားသူ သုံးဦးထဲက ထက်ထက် (ခေါ်) ရော်ရှီး ဟာ မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ကျောက်ဖြူ အကျဉ်းထောင်ကို
အာအက်ဖ်အေက ဆက်သွယ် ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျောက်ဖြူမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသား တိုးတက်ရေး ပါတီက ဦးဘရှင်ကို
ဆက်သွယ်မေးမြန်းရာမှာ -
ရိုဟင်ဂျာပြဿနာကို အမျိုးသားရေးပြဿနာအဖြစ် ၈၈မျိုးဆက်ကျောင်းသားတို့က သဘောထား မိုးမခသတင်းကောက်နုတ်ချက်၊ ဇွန် ၉ ၊ ၂၀၁၂

ရခိုင်ပြည်နယ်၏ လတ်တလော အခြေအနေများ (ရုပ်သံ- ဗွီဒီယိုမှတ်တမ်း)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများမှာ စစ်တွေမြို့သို ကူးစက်လာခဲ့ပြီး ဘုမေ ကျေးရွာမှ ဘင်္ဂါလီလူမျိုးများက ယနေ့ညနေပိုင်းတွင် ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် အကြမ်းဖက် ဖျက်ဆီးရန် ကြိုးစားခဲ့ရာမှ လုံခြုံရေး အခြေအနေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။ စစ်တွေမြို့ အခြေစိုက်
တပ်မတော်သား ခြောက်ရာခန့်ကို ယမန်နေ့က ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသော မောင်တော မြို့နယ်သို့ စေလွှတ်ထားသဖြင့် မြို့ပေါ်၌ လုံခြုံရေး အခြေအနေ အားနည်းမှုကို အခွင့်ကောင်း ယူကာ ယင်းကဲ့သို့ အကြမ်းဖက်မှုများ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။
Saturday, June 9, 2012
မောင်တောမြို့တွင် ပစ်ခတ်မိန့်ပေးလိုက်ပြီ
ညနေ ၅နာရီ ၁၅ မိနစ်၊ ဇွန်လ ၈ ရက်၊ ၂၀၁၂၊ YPI
ယနေ့နေ့လည်ပိုင်းက စတင်သည့် မောင်တောမြို့ ရပ်ကွက်နှင့် ကျေးရွာများတွင် ဖြစ်ပွားသည့် မငြိမ်မသက်မှုများကို ထိန်းသိန်းရန် ရဲတပ်ဖွဲဝင်များ ပြီးခဲ့သည့် မိနစ်ပိုင်းက စတင်ပစ်ခတ်နေကြပြီဟု မြို့ခံတဦးက YPI သို့ပြောသည်။
ရဲနှင့် ဘေးကင်းရာသို့ရွှေ့ပြောင်းသည့် လူအုပ်ကို ဒေါ်လာရောင်းဝယ်သူ ဇော်ဟိန်း ဆိုသူ၏ တိုက်အိမ် ၃ ထပ်မှ စတင်ပစ်ခတ်သည့်နောက် ရဲများက ၎င်းတို့အားပြန်လည်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Subscribe to:
Posts (Atom)