Sunday, July 22, 2012
Friday, July 13, 2012
မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက်သွားပြီလား (၂)
(8/6/2012)နေ့မွန်းလွဲ မောင်တောမြို့ အကြမ်းဖက်ရန် ကုလားများစတင်စဉ်
ခိုင်လင်း (မေဃ၀တီ) | ဇွန်လ ၂၀ ရက်၊ ၂၀၁၂ သစ္စာဖောက်မှု ‘ စံ ‘
သစ္စာဖောက်မီဒီယာတွေဟာ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေလိုဘဲ မြန်မာနိုင်ငံအတွက် အဆိပ်အတောက် တွေဖြစ်တယ်ဆိုတာ ကျနော်ပြောခဲ့တယ်။ ဆိုတော့ မြန်မာတွေမရှိတဲ့ အနောက်တိုင်းမီဒီယာတွေကို ခြွင်းချက်အဖြစ် နားလည်ပေးလို့ရတယ်။ ဥပမာ CNN သတင်းဌာနက ရရှိခဲ့တဲ့ သတင်းရင်းမြစ်ဟာ မြန်မာသတင်းဌာနက ဖြစ်နိုင်သလို လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေဆီကလည်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဆီကလည်း ဖြစ်နိုင်ပါတယ်။
Tuesday, July 10, 2012
အဆိုတော် ဂျေညီညီ၏ကား နှင့် ဆယ်ဘီးကား မျက်နှာချင်းဆိုင်တိုက်ပြီး ဒဏ်ရာအပြင်းအထန်ရ

ဇူလိုင် ၉၊ ၂၀၁၂
ကားတိုက်ခံရပြီး ဘ၀ပျက်သလောက် ဒဏ်ရာ ဒဏ်ချက် များနဲ့ အဆိုတော်ဂျေညီညီရဲ့ ရင်ဖွင့် စကားသံများ
အနုပညာ သမားအဖြစ် ရိုးသားသန့်ရှင်းစွာ ရပ်တည်ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ ထိခိုက် အနုပညာသမားအဖြစ် ရိုးသား သန့်ရှင်းစွာ ရပ်တည် ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ ထိခိုက် နစ်နာဆုံးရှုံးမှုများအတွက် စာနယ် ဇင်းရှင်းလင်းပွဲကို ဒဏ်ရာ ဒဏ်ချက် ပေါင်းများစွာ နဲ့ ရောက်ရှိလာ တဲ့ ဂျေညီညီရဲ့ရင်ဖွင့်စကားသံတွေက...
ယနေ့ (ဇူလိုင်၉) ကျင်းပသော လွှတ်တော်အစည်းအဝေးသို့တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချ
လွှတ်တော်အဆောက်အဦသို့ရောက်ရှိလာပြီ
Sunday, July 8, 2012
အစိုးရ၏ မယောင်ရာ ဆီလူးခြင်း
ပြည်ပရောက်ကျွန်တော် ပဲခူးသားလေးအမြင်ပါ။
တောင်းဆိုမှု့တွေ ကနေညှိနှိုင်းဆောင်ရွက်မှု့တွေ၊ ပြုပြင်ပြောင်းလဲမှု့တွေ၊ အစိုးရနှင့်ပြည်သူနားလည်မှု့တွေ
ရလာတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေ ဟာ ၇ ဇူလိုင် နေ့ကျောင်းသားခေါင်းဆောင်တချို့ကို ထိမ်းသိမ်းလိုက်ခြင်း နှင့် ပြန်လည်လွတ်မြောက်လာခြင်း သတင်းကိုဖတ်လိုက် ရသည့်အချိန် မှာ တိုင်းပြည်အတွက် ကောင်းသောမျှော်လင့်ချက်များ ၊ယုံကြည်ချက်များ လျှော့ကြသွားခဲ့ရပါတယ်။
အစိုးရသည် ကျောင်းသား ပြည်သူများအပေါ် ယုံကြည်မှု့မရှိသေးသည်မှာ ထင်ရှားသိသာနေခြင်းကြောင့်ပါ။
တောင်းဆိုမှု့တွေ ကနေညှိနှိုင်းဆောင်ရွက်မှု့တွေ၊ ပြုပြင်ပြောင်းလဲမှု့တွေ၊ အစိုးရနှင့်ပြည်သူနားလည်မှု့တွေ
ရလာတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေ ဟာ ၇ ဇူလိုင် နေ့ကျောင်းသားခေါင်းဆောင်တချို့ကို ထိမ်းသိမ်းလိုက်ခြင်း နှင့် ပြန်လည်လွတ်မြောက်လာခြင်း သတင်းကိုဖတ်လိုက် ရသည့်အချိန် မှာ တိုင်းပြည်အတွက် ကောင်းသောမျှော်လင့်ချက်များ ၊ယုံကြည်ချက်များ လျှော့ကြသွားခဲ့ရပါတယ်။
အစိုးရသည် ကျောင်းသား ပြည်သူများအပေါ် ယုံကြည်မှု့မရှိသေးသည်မှာ ထင်ရှားသိသာနေခြင်းကြောင့်ပါ။
ပြန်လည်လွတ်မြောက်လာတဲ့ ဗကသကျောင်းသားများရဲ့ (၇)ရက်နေ့ည သတင်းစာရှင်းလင်းပွဲ..

7 July အဖမ်းခံရသူတွေ ပြန်လွတ်
ဓာတ်ပုံ ABFSU FAC
ရန်ကုန်တက္ကသိုလ် ပင်မဝင်းထဲမှာ ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ သမဂ္ဂအဆောက်အဦး ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းနေကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုဒီငြိမ်းလင်း၊ မဖြိုးဖြိုးအောင်၊ ကိုရဲမြတ်ဟိန်း၊ ကိုစည်သူမောင်တို့ ဒီနေ့ ညပိုင်းကပဲ ပြန်လည် လွတ်မြောက်လာကြပါတယ်။ သူတို့ဟာ ဒီကနေ့ အနှစ် (၅၀) ပြည်တဲ့ 7 July အခမ်းအနားကို ရန်ကုန်မှာ လုပ်ဖို့ စီစဉ်နေရင်း မနေ့ညက အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့ကို ဘာကြောင့်ဖမ်းခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာတဲ့ မဖြိုးဖြိုးအောင်နဲ့ ဆက်သွယ်ထားတဲ့ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အဖွဲ့ ဘူးသီးတောင်၊ မောင်တောဘက် သွားရောက်
AFP
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော လွှတ်တော်ကော်မရှင် အခန်းအနားတရပ်တွင် ဦးရွှေမန်း စကားပြောနေစဉ်။
2012-07-07
ဘူးသီးတောင်၊ မောင်တော ဒေသခံတွေကို အားပေးစကား ပြောကြားဖို့နဲ့
လှူဒါန်းဖို့ သွားရောက်တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့
သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောပါ တယ်။
"လွှတ်တော်က လူမျိုးရေးရာကော်မတီဆိုလားမသိဘူး။ အဲဒီအဖွဲ့ကလည်းပါတယ်။ ဖြစ်ခဲ့တဲ့ နေရာတွေကို သွားမယ်လို့ သိရတယ်။ သွားကြည့်မယ်။ အားပေးစကားပြောမယ်။ လှူဖို့တန်းဖို့ ရှိရင်လည်း လှူမယ်ပေါ့။ အစကတော့ ညအိပ်မယ်ပြောတယ်။ အခြေအနေကတော့ မသိသေးဘူး။"
"လွှတ်တော်က လူမျိုးရေးရာကော်မတီဆိုလားမသိဘူး။ အဲဒီအဖွဲ့ကလည်းပါတယ်။ ဖြစ်ခဲ့တဲ့ နေရာတွေကို သွားမယ်လို့ သိရတယ်။ သွားကြည့်မယ်။ အားပေးစကားပြောမယ်။ လှူဖို့တန်းဖို့ ရှိရင်လည်း လှူမယ်ပေါ့။ အစကတော့ ညအိပ်မယ်ပြောတယ်။ အခြေအနေကတော့ မသိသေးဘူး။"
၈၈ မျိုးဆက်ကျောင်းသားများရုံးခန်း ဝင်ရောက်ရှာဖွေခံရ
“ကျွန်တော်တို့ ရုံးခန်းကို ဝင်ရှာတာက ၁၅ ဦးလောက်ရှိပါတယ်။ အပြင်မှ အရပ်ဝတ်နဲ့ လည်း ပတ်လည်စောင့်နေပါသေးတယ်။ ” ဟု ကိုပြုံးချိုကပြောသည်။
ပူးပေါင်းဆောင်ရွက်မှုတွေ ကျွန်တော်တို့ တောက်လျောက်ကြိုးစားနေပါတယ်။ ကျွန်တော်တို့ ကြိုးစားမှုတွေကလည်း အားရဖို့ကောင်းပါတယ်။ ကျွန်တော်တို့နဲ့ ဆက်ဆံတဲ့လူကြီးတွေအားလုံးကလည်း လှိုက်လှိုက်လှဲလှဲရှိကြပါတယ်၊ အဲဒီလိုအခြေအနေမျိုးမှာတားဆီးပိတ်ပင် ဖမ်းဆီးမှုများကြားမှ နှစ်ငါးဆယ်ပြည့် 7 July
နှစ်ငါးဆယ်ပြည့် 7 July အခမ်းအနားကို တားဆီးပိတ်ပင် ဖမ်းဆီးမှုများကြားမှပင် ယနေ့ ( ၂၀၁၂ ခုနှစ် ဇူလိုင်လ ၇ ရက် ) နံနက် ၉း၀၀ နာရီ၌ ရန်ကုန်မြို့ သင်္ယန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူးများ အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီမှ အတွင်းရေးမှူးများဖြစ်ကြသော ကိုအောင်ကျော်နှင့် မဟန်နီဦး တို့က ဆောင်ရွက်ခဲ့ကြပြီး ဟံသာဝတီ ဦးဝင်းတင်၊ ဦးလှရွှေ ၊ မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကျော်ကိုကို တို့က အသီးသီး အမှတ်တရ စကားများ ပြောကြားခဲ့ကြသည်။
အခမ်းအနား မကျင်းပမီ အချိန်များတွင် နှစ် (၅၀)ပြည့် 7 July အခမ်းအနားသို့ တက်ရောက်လာကြသူများက မတရားဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများဖြစ်ကြသော ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်း နှင့် မဖြိုးဖြိုးအောင်တို့အတွက် ချီးကျူးဂုဏ်ပြုသည့် အမှတ်တရ လက်မှတ်များကိုလည်း ရေးထိုး ဂုဏ်ပြုခဲ့ကြသည်။
Friday, July 6, 2012
တပ်မတော်သား၂၅ရာခိုင်နှုန်းက ရွေးချယ်ပေးမည့် ဒုတိယသမ္မတဘယ်သူလဲ
ဂျက်ကီချန်း၊ ဟမ်ပါဒင့်နဲ့ နေရာမပေးနိုင်တဲ့ ဂီတအစည်းအရုံး
မြန်မာပရိသတ်အများအပြားရဲ့ အသည်းစွဲ ဖြစ်နေတာ ဆယ်စုနှစ် ၃ ခု နီးပါးရှိပြီဖြစ်တဲ့ ကမ္ဘာကျော် ကွန်ဖူးမင်းသား ဂျက်ကီချန်း မြန်မာ နိုင် ငံကို ရောက်ရှိခိုက် ရုပ်ရှင်အစည်းအရုံးအဖွဲ့သားများက သွားတွေ့ဖို့ ပြင်နေကြပါတယ်။
“မိတ်ဆုံစားပွဲတခုလို တွေ့ဆုံဖို့ပါပဲ။ လုပ်ငန်းကိစ္စတွေ ဆွေးနွေးဖို့ တိုင်ပင်ဖို့ ရည်ရွယ်ချက်တွေတော့ မပါပါဘူး။ ကျနော်တို့ အစည်းရုံးကတော့ မင်းသား၊ မင်းသမီး ၁၀ ယောက်လောက် သွားတွေ့ဖို့တော့ စီစဉ်ထားပါတယ်” လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ လူမင်းက ဧရာဝတီကို ပြောပါတယ်။
Wednesday, July 4, 2012
ဥရောပခရီးစဉ် အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း

ဥရောပခရီးစဉ် အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရှင်းလင်း
မြန်မာ ဗမာ အသုံးအပေါ် မှတ်ချက်ပေးပြောကြား ဇူလိုင်လ ၃ ရက် ၂၀၁၂
မြန်မာ ဗမာ အသုံးအပေါ် မှတ်ချက်ပေးပြောကြား ဇူလိုင်လ ၃ ရက် ၂၀၁၂
(၁၇) ရက်ကြာသွားရောက်ခဲ့သော ဥရောပ ခရီးစဉ်နှင့် ပတ်သက်၍
သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့ ဇူလိုင်လ ၃ ရက် နံနက် ၉ နာရီခွဲက
အမျိုးသားဒီမိုကရေစီအဖွဲ...့ချုပ်ရုံးမှာပြုလုပ်ခဲ့သည်။
Tuesday, July 3, 2012
သူရ ဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ပထမဆုံးအကြိမ် တွေ့ဆုံ
Photo:၈၈ မျိုးဆက်ကျောင်းသားများ (ပြန်ကြားရေး)
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံစဉ်။
မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ အချင်းချင်း ယုံကြည်မှုတွေ ရရှိကြပြီး အထွေထွေ သဟဇာတ ဖြစ်မြောက်ရေးအတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြ ပါတယ်။
ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် မြန်မာဘင်္ဂလီများကို လက်ခံရန် အတည်ပြု
ဘင်္ဂလာမှ နိုင်ငံခြားရေးဝန်ကြီး Mijarul Quaves ဦးဆောင်သော အဖွဲ့တို့ ယမန်နေ့က အစည်းအဝေးတွင် မြန်မာ့ဘင်္ဂလီများကို လက်ခံရန် တင်ပြချက်အား ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့က လက်ခံအတည်ပြုလိုက်ကြောင်းဖြစ်သည်ဟု Mijarul Quaves ၏ ပြောရဲဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
Monday, July 2, 2012
ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၉ ရက် လွှတ်တော်တက်မယ်
ဇူလိုင် (၄) ရက်နေ့မှာ စတင်ကျင်းပမဲ့ လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးမှာ ခွင့် (၃) ရက်ယူထားပေမဲ့ ဒေါ်အောင်ဆန်း စုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း NLD ပြောခွင့် ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
Sunday, July 1, 2012
ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
တူမောင်ညို။ ဇွန် ၃၀၊ ၂၀၁၂
မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်
ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။ နောက်တစ်နေရာ
တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊
မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊ မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ
ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။ အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”
“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။
လူထုခေါင်းဆောင် ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်မှ ပြန်လည် ရောက်ရှိ (ရုပ်/သံ)
အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ နာရီခွဲ အချိန်တွင် TG 303 ထိုင်းအဲယားဝေးလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူ လူထုများမှ လေဆိပ် ဝဲယာ လမ်းမတလျှောက် လှိုက်လှဲစွာ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါသည်။
အလားတူပင် ဒေါ်အောင်ဆန်းစုကြည် ၏
တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှေ့တွင်လည်း ပြည်သူ လူထုမှ လာရောက် စောင့်ဆိုင်း
ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ လူထုအား ပြန်လည်
နှုတ်ဆက် ခဲ့ပါသည်။
ပါရီမြို့ စားကြီး Bertrand delanoë ဆုမွန်လွှာ
(ပြင်သစ်နိုင်ငံမှ ကိုမောင်မောင်ထွေး၏ ဇနီး မမို့ မို့ မြင့်အောင်(လှိုင်မြို့ ) တိုက်ရိုက်ဘာသာပြန်ဆိုပြီး
နယ်သာလန်နိုင်ငံမှ ကိုဌေးတင့်က ပြန်လည်တည်းဖြတ်ပြီး ကွန်ပြူတာ ဖြင့် မှတ်တမ်းတင်ပါသည် ။)
ပါရီမြို့ ကြီးသူဖြစ်လာမဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီနေရာကို ကြွရောက်လာခြင်းသည်
အသင်တို့ အားလုံးနှင့် တွေ့ ဆုံရန်ဖြစ်ပါတယ် ။ အသင်တဦးတည်းအတွက် လာရောက်ခြင်းမဟုတ်ပါ ။
ကျေးဇူးပြုပြီး လာရောက်ဂါဝရပြုသူအားလုံး မြင်တွေ့ စေရန် အတွက်
သင်တို့ မေတ္တာကို အခြားသူများကို ဝေမျှ ပြသရန် အချိန်ဖြစ်ပါတယ် ။
အသင်တို့ အားလုံးနှင့် တွေ့ ဆုံရန်ဖြစ်ပါတယ် ။ အသင်တဦးတည်းအတွက် လာရောက်ခြင်းမဟုတ်ပါ ။
ကျေးဇူးပြုပြီး လာရောက်ဂါဝရပြုသူအားလုံး မြင်တွေ့ စေရန် အတွက်
သင်တို့ မေတ္တာကို အခြားသူများကို ဝေမျှ ပြသရန် အချိန်ဖြစ်ပါတယ် ။
Subscribe to:
Posts (Atom)