
ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတနှင့် ရခိုင်တိုင်းရင်းသားပါတီ နှစ်ခုတို့ သြဂုတ် ၈ ရက် ညနေပိုင်းတွင် နေပြည်တော်၌ သီးသန့်တွေ့ဆုံခဲ့ကြကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။
''ရခိုင်အရေးကိစ္စမှာ ရခိုင်အချင်းချင်းပြောရင် အဆင်ပြေမယ်ဆိုပြီး ခေါ်တွေ့တာပါ'' ဟု ၎င်းကဆိုသည်။
အဆိုပါ တွေ့ဆုံပွဲသို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ၆ ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အဖွဲ့ဝင် လေးဦးတို့ တက်ရောက်ခဲ့ကြသည်။