Tuesday, September 4, 2012

ရခိုင်အရေး မန္တလေးလူထု အင်အားတစ်သောင်းကျော်..ဆန္ဒပြ


လူသေဆုံးမှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ် အဓိကရုဏ်းအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ကန့်ကွက်တဲ့ အနေနဲ့ မန္တလေးမြို့မှာ ရဟန်းရှင်လူပြည်သူတွေ ဒီကနေ့ စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။ ကုလသမဂ္ဂ အရာရှိကြီးတွေ မြန်မာနိုင်ငံကို လာရောက်စဉ် ဘင်္ဂါလီ မူစလင်တွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် ရဲ့ ပြောကြားချက်တွေ အတိုင်း အကောင်အထည်ဖော် ဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ အင်အား ၁၀၀ လောက်သာ ဆန္ဒပြဖို့ အာဏာပိုင်တွေက ခွင့်ပြုထားပေမဲ့ သံဃာတွေရော လူတွေပါ ထောင်နဲ့ချီ ပါဝင်လာတာကြောင့် လုံခြုံရေးကိုလည်း အပြည့်ယူခဲ့ရတဲ့ မန္တလေးမြို့က ဆန္ဒပြပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

Sunday, September 2, 2012

နိုင်ငံတော်သမ္မတထောက်ခံပွဲသို့ အစ္စလာမ်ဘာသာဝင်များအား ဖိတ်ကြား


မင်းမင်းလတ်-မန္တလေး(မြစ်မခ)
by Myit Makha Mediagroup on 1 Sep, 2012
မန္တလေးမြို့တွင်ကျင်းပပြုလုပ်မည့် နိုင်ငံတော်သမ္မတကြီးအား ထောက်ခံပွဲ ပြုလုပ်ရခြင်းမှာ အစ္စလာမ်ဘာသာဝင်များကို ဆန့်ကျင်လို၍  မဟုတ်ကြောင်း သက်သေပြသည့်အနေဖြင့် မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဝီရသူက အစ္စလာမ်ဘာသာဝင်များအား ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်လိုက်သည်။

စေတနာဝသန် ဂီတဖျော်ဖြေပွဲ(ဓါတ်ပုံသတင်း)



၈၈ မျိုးဆက် ကျောင်းသားများ၏ စေတနာဝသန် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၄း၃၀ နာရီတွင် MCC (Myanmar Convention Centre) ခန်းမတွင် ကျင်းပပြုလုပ်နေပါသည်။
တီးဝိုင်းများ