Wednesday, October 5, 2011



Wednesday, October 5, 2011

ကမ္ဘာ့လူရမ်းကားကြီး တရုတ်ရဲ့ ၂၁ ရာစု ကျုးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာ ပထမ ပစ်မှတ်က မြန်မာပြည်


ပကတိဖြစ်ပျက်နေတာတွေအပေါ် အခြေခံထားတဲ့ အနာဂတ် ခန့်မှန်းချက်တခုကို လေ့လာ မှတ်သားမိသလောက် ဖော်ပြလိုက်ပါတယ်။ ဒီအကြောင်းကို အနောက်အုပ်စုနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကလည်း ကြိုတင် တွက်ဆ ထားပြီးဖြစ်သလို မြန်မာ အတော်များများကလည်း သိထားပြီး ဖြစ်ပါလိမ့်မယ်။
၂ဝ၁၃ မှာ မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်ဘက်ကို ပို့လွှတ်မယ့် ရေနံနဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်းက ပြီးပါမယ်။ ပိုက်လိုင်းတလျှောက် အမြန်မီးရထားလမ်း ဖောက်လုပ်ဖို့ကလည်း ပိုက်လိုင်းစီမံကိန်းထဲမှာ ကုန်သွယ်ရေးကိစ္စလို့ နာမည်ပေးထားတာ ရှိပါတယ်။

မြစ်ဆုံဆည်ကိစ္စ ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဟု တရုတ်ကုမ္ပဏီပြော

ကိုဝိုင်း | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ သမ္မတ ဦးသိန်းစိန်မှ ကချင်ပြည်နယ် မြစ်ဆုံဆည် လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းလိုက်သည့် အပေါ် ဥပဒေ ကြောင်းအရ ရင်ဆိုင်ဖြေရှင်းရမည်ဟု စီမံကိန်းတွင် အဓိက ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI က တနင်္လာနေ့က သတိပေး ပြောကြားထားသည်။

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့လာရောက်မည်။

အင်္ဂါနေ့၊ အောက်တိုဘာလ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၈ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် ယင်လပ် ရှင်နာဝပ်သည် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် မကြာခင် ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်မည်ဟု တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

သြဂုတ်လ ၅ ရက်နေ့တွင် ထိုင်း ဝန်ကြီးချုပ်ဖြစ်လာသည့် ယင်လပ် ရှင်နာဝပ်၏ ခရီးစဉ်သည် အိမ်နီးချင်းနှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် စီးပွါးရေး ကုန်သွယ်မှုများ မြှင့်တင်ရန် အားထုတ်မှု ဖြစ်သည်ဟု သိရသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ ယခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် စာရင်းအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။ ၂ဝ၁၁-၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံဖြင့် မြန်မာနိုင်ငံအတွင်းတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ ၂.၄၉ ဘီလီယံဖြင့် ဒုတိယ လိုက်ခြင်းဖြစ်သည်။


ထိုင်းနိုင်ငံသည် စွမ်းအင်ကဏ္ဍ အထူးသဖြင့် သဘာဝဓာတ်ငွေ့ စွမ်းအင်အတွက် မြန်မာနိုင်ငံကို မှီခိုနေရခြင်းကြောင့် မကြာသေးမီ နှစ်များအတွင်း ထိုင်းနိုင်ငံသည် မြန်မာအစိုးရနှင့် ပိုမိုနီးစပ်သော စီးပွါးရေး ဆက်ဆံမှုများပြုလုပ်ခဲ့သည်။

သံလွင်မြစ်ပေါ်ရှိ ရေကာတာများကိစ္စ စိတ်ဝင်စားကြရန် တိုက်တွန်းလျှက်ရှိနေ

အင်္ဂါနေ့၊ အောက်တိုဘာလ 04 ရက် 2011 ခုနှစ် နော်ဆဲကလယ် သတင်း - ကေအိုင်စီ

မြစ်ဆုံဆည်စီမံကိန်းနည်းတူ သံလွင်မြစ်ရိုးတလျှောက် တည်ဆောက်နေသော ရေကာတာများ အရေးကိုလည်း စိတ်ဝင်စားကြ ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာနှင့်မြစ်ချောင်း လေ့လာစောင့်ကြည့်ဖွဲ့ များက ယနေ့ ပြောသည်။

မြစ်ဆုံဆည်ကြောင့် လူပေါင်းတစ်သောင်းခန့် ပြောင်းရွှေ့ရနိုင်ပြီး ဆည်ကျိုးပါက မြစ်ကြီးနားမြို့ကိုပင် ရေလွှမ်းခံရမည် ဖြစ်သ လို သံလွင်မြစ်တွင်းရှိ အငယ်ဆုံးဖြစ်သည့် ဟတ်ကြီးရေကာတာကြောင့်ပင် ဒါဇင်ပေါင်း များစွာသော ကျေးရွာများ ရွှေ့ပြောင်းရ မည်ဖြစ်ကြောင်း၊ ဆည်များကြောင့် မြစ်အောက်ပိုင်းနေ သန်းတစ်ဝက်ကျော်ပြည်သူများ၏ လူနေမှုဘ၀များ ပြောင်းလဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံမြစ်ချောင်း များဆိုင်ရာကွန်ယက်(Burma River Network-BRN)က ပြောသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဆည်များအားလုံးသည် မြစ်ကြောင်းဂေဟစနစ်ကို ပျက်စီးစေပြီး ရေလွှမ်းမိုးမှုနှင့် ကြုံ တွေ့နိုင်သကဲ့သို့ မြစ်ကြောင်းတစ်လျှောက် နေထိုင်ကြသော ပြည်သူများ၏ လယ်မြေများစွာ ဆုံးရှုံးပြီး အသက်မွေးဝမ်း ကျောင်းမှုလုပ်ငန်းများ ပျက်စီးနိုင်သည်ဟု BRN က ပြောသည်။

BRN ညှိနှိုင်းရေးမှူး ကိုစိုင်းစိုင်းက “၁၉၉၈ ကတည်းက ရှမ်းပြည်ဘက်က ရေကာတာနဲ့ပတ်သက်ပြီး လုပ်ခဲ့ကြတာပါ။ စီမံကိန်း က ရလာမယ့် လျှပ်စစ်ဓာတ်အားကလည်း ထိုင်းကို ရောင်းမှာပဲ။ဆည်ဆောက်တဲ့ နေရာတွေက အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေ ပဋိပက္ခဖြစ်နေတဲ့နေရာတွေဖြစ် တော့ ဒေသခံလူထုက မပါဝင်နိုင်ဘူးလေ။ ဒေသခံတွေ ကိုယ့်နေရာကိုယ် ပြန်လို့ မရသလို ဘာအကျိုးမှ မခံစားရပါဘူး။”ဟု ပြောသည်။

တရုတ် ရေကာတာသစ်များ ရပ်ဆိုင်းရန် KDRG တောင်းဆို

သန်းထိုက်ဦး Tuesday, 04 October 2011 16:21
ကယားပြည်နယ် အတွင်း တည်ဆောက်ရန် စီစဉ်ထားသည့် ရေအားလျှပ်စစ် စီမံကိန်း ၃ ခုကို ရပ်ဆိုင်းပေးရန် ကရင်နီ ဖွံ့ဖြိုးရေး သုတေသန အဖွဲ့(KDRG )က ယနေ့ တောင်းဆို လိုက်သည်။

ကယားပြည်နယ်တွင် တရုတ်နိုင်ငံ ဒါးတန်းကော်ပိုရေးရှင်း(Datang Corporation)နှင့် မြန်မာအစိုးရတို့ ပူးပေါင်းတည်ဆောက် မည့် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၆၀၀ ထုတ်လုပ်ပေးနိုင်သော ရွာသစ် ရေကာတာ၊ မဂ္ဂါဝပ် ၁၃၀ ထုတ်လုပ်ပေးမည့် ပွန်ချောင်းနှင့် မဂ္ဂါဝပ် ၁၁၀ ထုတ်လုပ်ပေးနိုင်သော သဘက်ချောင်း ရေကာတာစီမံကိန်းများကို ရပ်ဆိုင်းပေးရန်ဖြစ်ကြောင်း KDRG တာဝန် ခံ ခူးတော်ရယ်က ပြောပြသည်။

Tuesday, October 4, 2011

အမျိုးသားပြန်လည်သင့်မြတ်ရေးအချိန်မဆွဲတော့သင့်ပြီ- စာရေးသူ-ဗိုလ်မှူးအောင်လင်းထွဋ်
0 Comments - 04 Oct 2011
ယနေ့မြန်မာနိုင်ငံ၏ကံကြမ္မာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး အား သမ္မတဦးသိန်းစိန် ခေါင်းဆောင် သော လက်ရှိအစိုးရအသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံလွှတ်တော် အတွင်း၊ အပြင်ပုဂ္ဂိုလ်များအချိန်မှီ မဆောင်ရွက်နိုင်လျှင် မကြာသောကာလတွင် တရုပ်နိုင်ငံ၏ ကိုလိုနီ ဖြစ်လာ လိမ့်မည့် အရေးကြိုတင်ဟောကိန်းထုတ်လိုပါသည်။ နေပြည်တော် အခြေအမြစ်မှလာသော သတင်းများအရ ရက်ပိုင်းအတွင်းကဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင်ဦးတရုပ်နိုင်ငံသို့ လျှို့ဝှက်ခရီးထွက်ခွါသွားကြောင်း သိရပါ...

More Link

အင်္ဂါနေ့၊ အောက်တိုဘာလ ၄၊ ၂၀၁၁


  နလံထဧရာဝတီကို ဒေါသပွားနေသူများ - (ဆောင်းပါးရှင်-မောင်မောင်ဝမ်း)

မြန်မာပြည်ရဲ့သဘာဝ အလှများနှင့် ဧရာဝတီ-မေခ-မလိခ

မြန်မာလူထုရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့ ဧရာဝတီကို အဖတ်ဆယ်ဘို့ လူထုရဲ့ဆန္ဒတွေ ပွင့်အန်ထွက်လာကြတာ အားလုံးအသိပါပဲ။ ပြည်တင်းလျှင် မင်းမခံနိုင်ဆိုသလို…. လူထုဆန္ဒကို အထိုက်အား လျှော်စွာမျက်ခြေမပြတ်ဘူးလို့ ဆိုနိုင်တဲ့လက်ရှိ အစိုးရသစ် သမ္မတဦးသိန်းစိန်ကတော့… ဒီကိစ္စအပေါ် ရပ်ဆိုင်းလိုက်ဆိုင်းလိုက်ခြင်းကို.. အားလုံးနီးပါးသော ပြည်သူလူထုကြီးကလည်း ကြိုဆိုခဲ့ကြတယ်။ တတိုင်းပြည်လုံးနီးပါး ဝမ်းမြောက်ခဲ့ကြရတယ်။

သို့သော် ၀မ်းမြောက်မှု့တွေက သိပ်မကြာလိုက်ဘူး…။ စိတ်ပျက်စရာ၊ ၀မ်းနည်းစရာ၊ ဒေါသထွက်စရာ တွေက နောက်ဆက်တွဲ ပါလာတော့တယ်….။ ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ တိုက်ပွဲတွေက.. စိတ်အစဉ်ကို ခါးသီးစေခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်သေးတာက.. မချင့်မရဲဖြစ်စေခဲ့တယ်…။ တရုတ်အစိုးရရဲ့ ဒေါသနဲ့တုန့်ပြန်သံတွေဟာ… တမျိုးသားလုံးကို သတိရှိဘို့ လှုံ့ဆော်နေတယ်။ ဒါတွေကို ဦးသိန်းစိန်အစိုးရအနေနဲ့ ကိုင်တွယ်တတ်ဘို့လိုပါတယ်…။ မိမိနိုင်ငံတွင်း ပြသနာတွေက အရေးကြီးသလို.. ပြည်ပရန်ကလည်း အထူးကို သတိကြီးကြီး ထားရမှာပါ။

ဦးစွာပထမ.. ပြည်တွင်းမှာ အဓိကကျတဲ့ ပြသနာတွေကို အမြန်ဆုံး ဖြေရှင်းနိုင်ဘို့ လိုပါလိမ့်မယ်။

- နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွှတ်ပေးလိုက်ရင်...

- ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးကို အမြန်ဆုံး ငြိမ်းသတ်နိုင်မယ်ဆိုရင်….

- အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစွမ်းကုန် ဆောင်ရွက်မယ်ဆိုရင်

- လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အမြန်ဆုံးရပ်တန့်လိုက်မယ်ဆိုရင်…..

တမျိုးသားလုံးရဲ့သွေးစည်းညီညွတ်မှု အားဟာ…တော်တော် ခိုင်မာလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါတွေဟာ လုံးဝကိုအချိန်ဆွဲလို့ မရတဲ့ အကြောင်းအရာတွေ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လတ်တလောမှာ… ပြည်ပရန်က အရေးကြီးနေပြီ မဟုတ်ပါလား…။ ယခုဆိုလျှင်… တရုတ်အစိုးရရဲ့ တုန့်ပြန်ချက်မှာ မြန်မာကို မှတ်လောက်အောင် သင်ခန်းစာပေးရမယ်ဆိုတာ.. ဘာကိုဆိုလိုပါသလည်း… ဘယ်လိုတွေနဲ့ သင်ခန်းစာ ပေးချင်တာပါလည်း…. သင်တို့သင်ခန်းစာပေးတိုင်း မြန်မာတွေက ခေါင်းငုံ့ခံမယ်လူမျိုးတွေလို့ ယုံကြည်နေပါသလား….။ မြန်မာတွေဟာ အမျိုးသားရေးနဲ့ ပတ်သက်လာရင်… ဆတ်ဆတ်ထိ မခံတတ်တဲ့ လူမျိုးတွေဆိုတာ သင်တို့သိပါလေစွ….။

သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် ယင်းကိစ္စအပေါ်… တရုတ်အား အလျှော့ပေး ဆက်ဆံနေမည်ဆိုပါ လျှင် ရရှိပြီးသား လူထုထံမှ အမှတ်များ လျှောကျသွားမည် ဖြစ်ယုံမက… မယုံမကြည်မှု့များသည်။ ယခင်ကထက် ပိုမိုဆိုးဝါးသွားနိုင်ပါသည်။ လက်ရှိအခြေနေတွင် အစိုးရအနေဖြင့် လမ်းကြောင်းနှစ်ကြောင်း အနက်တခုခုကို ရွေးချယ်ရပေတော့မည်။ မြန်မာလူထုအကျိုးစီးပွားနဲ့ ထောက်ခံမှု့ကိုယူမလား……။ တရုတ်အစိုးရ၏ အပြုံးစတချက်ကို ရင်ဝယ်ပိုက်မည်လား။ နှစ်ခုစလုံးပြိုင်ရွေးလို့ မရစကောင်းပါ။ ကမ္ဘာပေါ်တွင် တရုတ်အစိုးရ၏ အထောက်အပံ့ကြောင့် တိုင်းပြည်ထူထောင်လာသော နိုင်ငံမတွေ့ဘူးသေးပါ။

တခြားတဘက်တွင် သတိထားသင့်သည်မှာ… ယခုကိစ္စသည်.. တရုတ်အစိုးရ၏ မနှစ်မြို့စရာသော နိုင်ငံတကာ ဆက်ဆံရေး ပေါ်လစီကို ကန့်ကွက်ခြင်းဖြစ်သည်…။ လူမျိုးရေးဆန့်ကျင်မှု့မဟုတ်ပါ… ဒါကိုသဲသဲကွဲကွဲ ခွဲမြင်စေလိုပါတယ်…။ တရုတ်အစိုးရနဲ့ တရုတ်လူထုကို ခွဲမြင်တတ်ဘို့ လိုပါလိမ့်မယ်။ တကယ်တန်းက တရုတ်နိုင်ငံကြီးသည် တိုးတက်ပါသည်လို့ဆိုပေမဲ့… သန်းပေါင်းများစွာသော လူထုကြီးက… ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရဆဲပါ…။ ခါးသီးလှတဲ့ ကွန်မြူနစ်အစိုးရရဲ့ရက်စက်မှုတွေကို နေ့တဓူဝ ကြုံနေဆဲပါ။ ယခုကိစ္စသည် တရုတ်လူမျိုး ဆန့်ကျင့်ရေးမဟုတ်…။ တရုတ်ကွန်မြူနစ်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသား အကျိုးစီးပွားကို ထိခိုက်စေသော လုပ်ရပ်အား မနှစ်မြို့ခြင်းသာဖြစ်သည်။ ထို့အပြင်တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရင်းနှီးမြှုတ်နှံမှုများကို ဆန့်ကျင်ခြင်းလည်းမဟုတ်။ နိုင်ငံတနိုင်ငံအနေဖြင့် ဈေးကွက်စီးပွားရေးကို အကောင်ထည် ဖော်ရာတွင် ပြည်ပရင်းနှီးမြုပ်နှံမှု့များသည် လွန်စွာမှအရေးပါ…ပါသည်။ ဈေးကွက်စီးပွားရေးစံနစ်ကို အကောင်ထည်ဖော် ဆောင်ရွက်နေသောကြောင့် ပြည်ပရင်းနှီးမှု့များကို လက်ခံရမည် ဆိုသော်ငြားလည်း….. မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမွေအနှစ်များကို ထိပါးလာမည်ဆိုလျှင် မည်မျှပင်အကျိုးမြတ်ရှိနေပါစေ……လက်မခံသင့်ပါ။

တရုတ်မို့ ဆန့်ကျင်ခြင်းလည်းမဟုတ်၊ အကယ်၍ .အမေရိကန်နိုင်ငံမှ…. ပုဂံရှေးဟောင်း အမွေအနှစ်နေရာများကို ဟော်တည်တွေ ကစားကွင်းတွေ တည်ဆောက်မည်ဟု ကြံရွယ်ခဲ့လျှင်လည်း လက်ခံလိမ့်မည်မဟုတ်ပါ။ (ပြင်သစ် ရေနံကုမ္ပဏီကြီးကို ဆန့်ကျင်ခဲ့ခြင်းက သက်သေရှိပါသည်)။ မိမိတို့လူထုသာလျှင်မက အစိုးရကိုယ်တိုင်က မူအရဆန့်ကျင်ခြင်းအပေါ်….. တရုတ်အစိုးရမှ မြန်မာအားကောင်းကောင်း သင်ခန်းစာပေးရ မည်ဟု မျက်မာန်ရှခြင်းသည်…. လက်ခံနိုင်စရာ အကြောင်းမရှိပါ……။ အမျိုးသားရေး ဂုဏ်သိက္ခာအရ တွန်းလှန် သွားမည်ဖြစ်သည်။

အားလုံးကိုလေးစားစွာဖြင့်

(မောင်မောင်ဝမ်း )

ကချင် ထိုးစစ်မှာ တိုက်ပွဲအတွင်း လက်ရအဖမ်းခံထားရတဲ့ ဗိုလ်ကြီးတွေ ဗိုလ်ကလေးတွေ အကြပ်တပ်သားတွေ

by Thar Swe on Monday, 03 October 2011 at 13:08
ပြီးခဲ့တဲ့ တပတ်လောက်က ကချင်ပြည်နယ်ထိုးစစ်မှာ စစ်သား ၂၀၀ လောက် ကျကုန်ပြီ။ ကျဆုံးသွားတဲ့ တပ်မတော်သားတွေအတွက် အဓိက တာဝန်အရှိဆုံးဟာ လက်ရှိအစိုးရဖြစ်တယ်လို့ ကျနော်ရေးခဲ့ဖူးပါတယ်။
 အခု KIA ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တိုက်ပွဲမှတ်တမ်း ဗွီဒီယို ထုတ်ပြန်ထားတာပါတယ်။မှတ်တမ်းမှာ စစ်တပ်က ကျဆုံးသွားတဲ့ အလောင်းတွေ၊ သိမ်းဆည်းရမိတဲ့ လက်နက် ခဲယမ်းမီးကျောက်တွေ၊ ရာထူးရာခံတံဆိပ်တွေ အပွင့်တွေ အခက်တွေ၊ စစ်အသုံးဆောင်ပစ္စည်းတွေ၊ လက်ရဖမ်းဆီးရမိထားတဲ့ ဗိုလ်ကြီး၊ ဗိုလ်ကလေးတွေကအစ အကြပ်တပ်သားတွေကို အမေးအဖြေလုပ်ထားတာတွေ၊ ၄င်း ဗိုလ်ကြီး ဗိုလ်ကလေးတွေ တပ်သားတွေကြောက်လန့်နေတာတွေ၊ ကြောက်လန့်ပြီး အသံတောင်မထွက်နိုင်တာတွေ ဖော်ပြထားပါတယ်။
 အောက်ဖော်ပြပါ အင်တာနက်စာမျက်နှာမှာ ၀င်ရောက် ကြည့်ရှူနိုင်ပါတယ်။
http://vimeo.com/29891714


စီးပွားရေးဦးမော့လာအောင် အစိုးရ ဆောင်ရွက်နေကြောင်း စီးပွားရေးဝန်ကြီးပြော

2011-10-02  RFA(သတင်း)

ဦးသိန်းစိန် အစိုးရအနေနဲ့ လယ်သမားတွေ၊ အခြေခံ လူတန်းစားတွေရဲ့ ဘဝတိုးတက်ရေး လုပ်ငန်းတွေကို မူဝါဒ ချမှတ်ဆောင်ရွက်နေပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ပြည်ထောင်စု စီးပွားရေးဝန်ကြီးက ဒီကနေ့ ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံ စီးပွားရေး နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ RFA က သီးသန့် ဆက်သွယ်မေးမြန်းရာမှာ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြည်မြန်မာကုန်တိုက် ကိစ္စ ဆန္ဒပြသူများအနေဖြင့်တောင်းဆိုမှုမရမခြင်း နောက်ဆုတ်မည်မဟုတ်ပဲ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောဆို

ကျော်ဇင်မန်း(မြစ်မခ)   အောက်တိုဘာ ၃၊ ရန်ကုန်မြို့။

ရန်ကုန်မြို့၊ လှည်းတန်းပြည်မြန်မာကုန်တိုက်အတွင်း ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်သော စာနာထောက်ထားစွာဖြင့် ဆောင်ရွက်ပေးရန် ဆန္ဒပြသူများအနေဖြင့် ၎င်းတို့တောင်းဆိုသောအရာမရမခြင်း နောက်ဆုတ်မည်မဟုတ်ပဲ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်မြန်မာ ကုန်တိုက်ဆိုင်ခန်းရှင် များထံမှသိရသည်။

̏ ကျွန်တော်တို့အနေတောင်ဆိုထားတာတွေမရမခြင်း ဆက်ပြီးတော့ကြိုးစားသွားမှာပါ။ အခုလဲ ဆိုင်ခန်းပိုင်ရှင်အားလုံးကို အကြောင်းကြားထာပြီးပါပြီ ̋ ဟု ပြည်မြန်မာကုန်တိုက်အတွင်း နာရီပြင်ဆိုင်ဖွင့်ခဲ့သူ တစ်ဦးကပြောသည်။


မြန်မာနိုင်ငံ၏ ဒုတိယအဆိုးဝါးဆုံး ၀န်ကြီးဌာန၏ ဆောင်ရွက်ချက်များ

စစ်အစိုးရ အာဏာသိမ်းပြီးကတည်းကအမိမြန်မာနိုင်ငံတော်ကြီးသည်  နိုင်ငံပိုင်သတင်းစာတွင် ဘယ်လောက်တိုးတက်နေပါပြီ… ဘာတွေဆောက်ပြီးပါပြီ ဟု ကြေငြာနေသောငြား နိုင်ငံတကာ နှင့် မဆို အိမ်နီးချင်းနိုင်ငံအသေးလေးများ နှင့်ပင် ယှဉ်၍ မရအောင် နိမ့်ကျ ကျန်ခဲ့လေသည်။  ထိုသို့ ဘာကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခတွေများပြီး နိုင်ငံ အဲလောက်ထိ အဆင့်နိမ့်ကျ သွားရခြင်း ၏ အဓိက တရားခံသည် ကဏ္ဍအသီးသီးတွင် အကောင်အထည်ဖော်နေသော ၀န်ကြီးဌာနများ ၏ လာဘ်စားမူနှင့် ကိုယ်ပိုင်ပိုက်ဆံအဖြစ် အိတ်ထဲထည့်ခြင်းကြောင့်သာ ဖြစ်လေသည်...

Monday, October 3, 2011

သမ္မတဦးသိန်းစိန် အပေါ် လူထုခေါင်းဆောင်များသဘောထား

နိုင်ငံတော် သမ္မတကြီး၏ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ချက်အား NLD ပါတီ ထိပ်တန်း ခေါင်းဆောင်များ ကြိုဆို
Sunday, 02 October 2011 17:55
we7110a
ဒေါ်အောင်ဆန်းစုကြည်


နိုင်ငံတော် သမ္မတကြီး၏ မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ချက်အား ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီ ထိပ်တန်း ခေါင်းဆောင်များက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကိုပြန်လည် ဖြေကြားရာတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “သမ္မတကြီးက ပြည်သူ လူထုရဲ့စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေ ထောက်ထားပြီးတော့ ဒီမြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလို မှာကြားလိုက်တယ်လို့  နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာ တော့ ပြည်သူရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှကောင်းပါတယ်။ ဒီဟာဟာ အစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲဒါကြောင့်မို့ ကျွန်မဒါကို ကြိုဆိုပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။
we7110b
ဦးတင်ဦး (ဒုတိယဥက္ကဌ၊ NLD) ထို့အပြင် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကလည်း “အခုလို သမ္မတကြီး ကိုယ်တိုင်ကနေပြီး တော့

တရုပ်၏တောင်းဆိုမှု့အပေါ် မြန်မာလူထုရဲ့သဘောထားအချို့

မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးရန် တရုတ်နိုင်ငံ၏ တောင်းဆိုမှုအပေါ် အမြင်များ

Sunday, 02 October 2011 20:52
ဆရာလူထုစိန်ဝင်း - တရုတ်ပြည်နဲ့ မြန်မာပြည်ဆိုတာ မော်စီတုန်း ၊ ချူအင်လိုင်း လက်ထက်ကတည်းက ရင်းနှီးစွာ ဆက်ဆံခဲ့ကြတဲ့ နိုင်ငံတွေဖြစ်ကြတယ်။ ဒီချစ်ခင်ရင်းနှီးမှု အစဉ်အာလာကို ရသမျှယူမယ်ဆိုတဲ့ လောဘဇောကြောင့် ပျက်စီးမသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ နိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပိုပြီးတော့ တာဝန်ရှိတယ်။

ရင်နာစရာတွေကို နေ့စဉ်ကြုံတွေ့နေရတယ်..မြန်မာပြည်ရယ်

ပြည်သူတဦးရင်ဖွင့်သံပါ။  ကျနော်တို့မြန်မာပြည်မှာ နှစ်ပေါင်းများစွာ ထဲကနေ ဒီလိုအဖြစ်တွေပေါင်းများစွာကြုံနေရတာ ကို မြန်မာပြည်ရဲ့ မြို့ကြီးတွေမှာနေထိုင်ကြတဲ့ ညီအကိုမောင်နှမတွေမသိရရှာပါဘူး။ ဘာလို့လည်းဆို ဟိုး..အရင် ဦးနေဝင်းလက်ထက်ထဲ က သတင်းတွေကို ထိမ်ချန်ရေးသားထုတ်ပြန်နေလို့ပါ။ အကြောင်းအရာအမှန်ကို အဓိပ္ပါယ်ပြောင်းအောင်
လည်းရေးသားမဲ့ သူတွေကို လက်သပ်မွေးထားလို့ပါ။ ရန်ကုန်မော်လမြိုင်-ဖားအံ စတဲ့ မြို့နဲ့လှမ်းဝေးသွားပြီဆို လုံခြုံမှု့မရှိတော့ပါဘူး။ ဗုံးခဏခဏပေါက်ရင်၊ လွယ်
ကူစွာသောင်းကျန်းသူတွေလို့ပဲ စွတ်စွဲလိုက်ပါတယ်။ ဘယ်နေရာ ဘာဖြစ်ဖြစ် တိုင်းပြည်မှာ အိမ်ကြက်ခြင်း
အိုးမဲသုတ် ခွတ်ခိုင်းနေသလိုပါပဲ။
 ငရဲသား 2011-10-03 01:17

ကေအိုင်အေနဲ့ တိုက်တဲ့ တိုက်ပွဲမှာ.. သေဆုံး/သို့မဟုတ် ဖမ်းဆီးခံထားရတဲ့ တပ်မတော်သားတစ်ဦးရဲ့ ကျန်ခဲ့တဲ့ ပစ္စည်းပါ..။ ဒီပုံက www.moemakha.com မှာ ဖော်ပြထားတာပါ..။


ဒီပုံကတော့ ကေအိုင်အေကို တပ်မတော်က ထိုးစစ်ဆင်လို့ ထွက်ပြေးကြတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေပါ..။
ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ ( Written by လူထုစိန်ဝင်း )
0 Comments - 03 Oct 2011
လူထုစိန်ဝင်းအား ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါဝရပြုစဉ်တွေ့ရပုံ(အနှစ်သက်ဆုံးဓာတ်ပုံရိုက်ကွက်တခုပါ)အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊ ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င် လူပေါင်းများစွာကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ တိုင်...

More Link

တနင်္လာနေ့၊ အောက်တိုဘာလ ၃၊ ၂၀၁၁

  ခဏကြီးမဟုတ်ပါဘူး၊ ခဏလေးပါ ( Written by လူထုစိန်ဝင်း )


လူထုစိန်ဝင်းအား ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လာရောက် ဂါဝရပြုစဉ်တွေ့ရပုံ(အနှစ်သက်ဆုံးဓာတ်ပုံရိုက်ကွက်တခုပါ)

အကောင်းဘက်ကို ရောက်သွားတာတော့ မဟုတ်သေးဘူး။ 
မဖယ်ရှားသေးတဲ့ အနှုတ်လက္ခဏာဆောင်တာတွေ ရှိနေသေးတယ်။ 
တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ကိစ္စ၊
 ၈၈ လူငယ် တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအပါအ၀င်
 လူပေါင်းများစွာကို ပြန်မလွှတ်ပေးသေးတဲ့ကိစ္စ၊
 တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးလယ်ယာမြေတွေကို 
အကြောင်းအမျိုးမျိုးနဲ့ သိမ်းယူကြတဲ့ကိစ္စ၊ 
တိုင်းပြည်ရဲ့ အဖိုးတန်သယံဇာတတွေကို ပုံစံ အမျိုးမျိုးနဲ့ 'အေးဓားပြ'
 တိုက်ယူနေတာတွေကို ကာကွယ်တားဆီး မလုပ်နိုင်သေးတဲ့ကိစ္စ စတဲ့
 ကိစ္စတွေအတော်များများ ကျန်ရှိနေသေးတယ်။

ဦးသိန်းစိန်အစိုးရသစ် တာဝန်ယူချိန်ကစပြီး ထောက်ခံသလား၊ မထောက်ခံဘူးလားဆိုတဲ့ မေးခွန်းက လူတိုင်းကမေးကြတယ်။ သတင်းမီ ဒီယာသမားများကလည်း မေးကြတယ်။ အထူးသဖြင့် ပြည်ပမီဒီယာတွေက ပိုမေးကြတယ်။

မူကိုင်စွဲသူဖြစ်လို့
ကိုယ်တိုင်က ဒီနယ်ပယ်သား ဖြစ်တဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ မေးသမျှဖြေပါတယ်။ မူတစ်ခု အခိုင်အမာ ကိုင်စွဲရပ်တည်တဲ့ စာနယ်ဇင်းသမားတစ်ယောက်ဖြစ်တာကြောင့် ပိုပြီး သိချင်ကြတဲ့သဘော ဖြစ်လိမ့်မယ် ယူဆတယ်။ ဘာစာရေးရေး ကိုင်စွဲထားတဲ့ မူအတိုင်းပဲရေးတယ်။ သတင်းသမားမို့ သတင်းရေးသလို 'လိုတိုရှင်း' ရေးတယ်။ စကားပြောတဲ့ အခါမှာလည်း ရှင်းရှင်းပြတ်ပြတ်ပဲ ပြောတယ်။ ဝေ့လည်ချောင်ပတ် ဘယ်တော့မှ မလုပ်ဘူး။ ဘယ်သူ့ မျက်နှာမှလည်း ကြည့်မနေဘူး။ နိုင်ငံရေးသမားတွေလို အလိမ္မာ ဖက်မပြောတတ်လို့ စိုးရိမ်တဲ့ စာဖတ်ပရိသတ်များကတောင် မကြာခဏလှမ်းပြီး သတိပေးကြတယ်။
ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် အောက်တိုဘာလ ၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်။
Sunday, 02 October 2011 08:54
ထိုင်းဝန်ကြီးချုပ်ယင်လက်ခ်
ထိုင်း ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ယင်လက်ခ်ရှင်နာဝပ်ထရာ သည် အာဆီယံနိုင်ငံများသို့ ခရီးစဉ် ထွက်ခွာနေရာ အောက်တိုဘာလ ၅ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း

Sunday, October 2, 2011

ထုတ်လုပ်မှု့များ ရပ်ဆိုင်းထားသောမြန်မာနိုင်ငံဆေးဝါးလုပ်ငန်း စက်ရုံ(MPF) နှင့်ပြည်ကနိုင်ငံများပူးပေါင်းကာဆေးဝါးနှင့်ဆေးဝါးပစ္စည်းများပြန်လည်ထုတ်လုပ်မည်။


သတင်း( အလဲဗင်းမီဒီယာ)
မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်း စက်ရုံ(ပြင်ဦးလွင်)မှတာဝန်ရှိသူတစ်ဦးက “ဒီစက်ရုံကိုအမှတ်(၁) စက်မှုဝန်ကြီးဌာနကနေ ၂၀၀၇ ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး ဆေးဝါးထုတ်လုပ် ဖြန့်ဖြူးမှုတွေကို ဆောင်ရွက်ခဲ့ 
ပါတယ်။
we717
၂၀၀၉ ခုနှစ်မှာ မြန်မာစီးပွားရေးဦးပိုင်က ဆက်လက်လွှဲပြောင်း ရယူခဲ့ပြီး ဆေးပြား၊ ဆေးထောင့်တွေ မျက်စဉ်း၊ထိုးဆေးနဲ့ သွေးကြောသွင်း ဆေးရည်စတာတွေ ဆက်လက် ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အရည်အသွေး မြှင့်တင်မှုတွေ ဆောင်ရွက်ဖို့အတွက် ဆေးဝါးထုတ်လုပ်မှုတွေကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလကနေ စတင်ပြီး ယာယီရပ်ဆိုင်းခဲ့ကြပါတယ်။ စက်ရုံပိုင်း၊ နည်းပညာပိုင်း ပြင်ဆင်မှုတွေကို ပြည်တွင်းကုမ္ပဏီတွေ၊ ဂျပန်အခြေစိုက် ဆေးဝါးကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လေးလခန့်ပြု လုပ်ခဲ့ကြပါတယ်။ စက်ရုံတွင်း ပြင်ဆင်မှုတွေ ဆောင်ရွက်ပြီးနောက် ထုတ်လုပ်ရေး လုပ်ငန်းများကို အပိုင်းလိုက် ပြန်လည်ဆောင်ရွက်ခဲ့ပြီး တိုးတက်လာတဲ့ ဆေးဝါးဖော်စပ်မှု နည်းပညာတွေနဲ့အညီ အမျိုးအစား သစ်ဆေးတွေကို စတင် ထုတ်လုပ်သွားဖို့ ရှိပါတယ်”ဟုပြောကြားသည်။
ထို့ပြင် အမှတ်(၁)စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံ ဆေးဝါးလုပ်ငန်းစက်ရုံ ကျောက်ဆည်မှ တာဝန်ရှိသူတစ်ဦးက “စက်ရုံကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပြီး ဆေးတွေအပြင် ဆေးထိုးအပ်တွေကိုပါ ထုတ်လုပ်ဖြန့်ချိမှုတွေ ပြုလုပ်နေပါတယ်။ ဒီလို ထုတ်လုပ်မှုတွေကို ဒီနှစ်နှစ်လယ်ပိုင်းကစပြီး ထုတ်လုပ် ခဲ့တာဖြစ်ပါတယ်။ ပြည်ပနိုင်ငံက နည်းပညာတွေကိုလည်း သုံးထားပါတယ်။ နှစ်စဉ် ပြည်သူတွေ သုံးစွဲမှု ရှိသလောက် ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ယနေ့ နေ့လည်၁၂ ခွဲ ၀န်းကျင်တွင် ပြည်မြန်မာကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွား၊၂ဦးဖမ်းဆီးထား

  October 2, 2011 at 5:51pm
ကျော်ဇင်မန်း(မြစ်မခ)
အောက်တိုဘာလ ၂၊ ရန်ကုန်မြို့။

၂၀၁၁ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ နေ့လည် ၁၂ ခွဲ ၀န်းကျင်တွင် လှည်းတန်းပြည်မြန်မာ ကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
လှည်းတန်းလမ်ဆုံးရှိ ပြည်မြန်မာကုန်တိုက်

ပြည်မြန်မာအဆောက်အအုံအား  လေလံအောင်ပြီးနောက် ပြည်မြန်မာကုန်တိုက် အတွင်းနှင့်ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများအား နစ်နာကြေးတစုံတရာမှ ပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခဲ့သောကြောင့်၊ ဖယ်ရှားပေးရသူများမှာ ဆိုင်ခန်းများအစား သင့်တော်သော နေရာတစ်နေရာတွင် ဆိုင်ခန်းပြန်ဖွင့်နိုင်ရန် စီစဉ်ပေးနိုင်ရေးအတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

တရုပ်က မြန်မာကို စိန်ခေါ်နေပြီ


မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်ပြီး တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာန က တရုပ်အမျိုးသားပိုင်
ကုမ္ပဏီတွေရဲ့အကျိုးစီးပွားနဲ့ ဥပဒေရပိုင်ခွင့် ကိုလေးစားဖို့၊အကာအကွယ်ပေးဖို့ မြန်မာနိုင်ငံ ဘက်ကိုပြောဆိုလိုက်ပါတယ်။ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ပြဿနာတွေကိုနှစ်နိုင်ငံကြားမှာဆွေးနွေးတိုင်ပင်ဖို့လိုအပ်တယ်လို့ တရုပ်နိုင်ငံခြားရေး
ဝန်ကြီးဌာနက စနေနေ့ ကထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်။
ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ ဒီမြစ်ဆုံစီမံကိန်းကိုနှစ်နိုင်ငံလုံး အသေအချာ ဆန်းစစ်ပြီးမှ သဘောတူညီခဲ့တာဖြစ်လို့် ဒီကိစ္စကိုဆက်မလုပ် ဘူးဆိုယင်တောင်နှစ်ဖက်စလုံးရဲ့သဘောနဲ့တိုင်ပင်ဆုံးဖြတ်ရ
မယ်ဆိုတဲ့သဘော တရုပ်က တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ထို့အပြင် တရုပ်အမျိုးသားပိုင်ကုမ္ပဏီ
တွေရဲ့ အကျိုးစီးပွားနဲ့ရပိုင်ခွင့် ကိုလေးစားဖို့လိုအပ်ကြောင်း ကိုလည်းတရုပ်နိုင်ငံခြားရေး မှပြောဆိုခွင့်ရသူက
မြန်မာပြည်တွင်ဆည်များတည်ဆောက်ထားရန်နေရာများ
မြန်မာအစိုးရအပေါ်ပြောဆိုတိုက်တွန်းလိုက်ကြောင်းကို သိရှိရပါတယ်။
ထိုအကြောင်းအရာအချက်အလက်များကိုများကိုကြည့်ခြင်းအားဖြင့် တိုင်းပြည်မှ အကျိုးအမြတ်မည်မျှ လက်ခံရှိမည် ၊တရုပ်ပြည်က ဘယ်လောက်အကျိုးအမြတ်ရရှိမည် ခန့်မှန်းလို့ရနေပေသည်။  ယခင်မြန်မာပြည်စွမ်းအင်ဝန်ကြီးဇော်မင်း က free power 10% ကိုအလားကားရမယ်။ free share ကလည်း15% ရတယ်။ဒီလျှပ်စစ်က Both Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့ ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈% Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။ တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို perception period တစ်ခုပေးလိုက် ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့ ဒါကြီးထားခဲ့တော့။ ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။ လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။  ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီ neighboring country မှတစ်ပါး လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး"ဟု အားပါး
တရပြောဆိုခဲ့တာဟာ တိုင်းပြည်မှ ပြည်သူလူထုကို လိမ်ခြင်းသာ ဖြစ်သည်။
တရုပ် သည်မြန်မာနိုင်ငံမှ ဧရာဝတီ မြစ်ဆုံစည်မံကိန်းကို ရပ်တန့်မည်ကို သိလျှင်သိခြင်း ဘာကြောင့်မြန်မာအစိုးရအပေါ် မကြေချမ်းသော တုန့်ပြန်မှု့မျိုးကို စောလျှင်စွာကြေငြာလိုက်သနည်း။
တရုပ်သည် သူ့တိုင်းပြည်အကျိုးစီးပွားအတွက်သာ ကြည့်ရှု့နေကြောင်းသိသာထင်ရှားနေသည်။တရုပ်ကုမ္ပဏီ
များ၏အကျိုးစီးပွားထိခိုက်နစ်နာ မည်ကိုစိုးရိမ်နေပြီး ၊ မြန်မာပြည်သူပြည်သားများ မြန်မာပြည်၏ သဘာဝ
ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှု့များအပေါ် ထည့်သွင်းစဉ်းစားပြောဆိုခြင်းကိုမူ လုံးဝ မတွေ့ရှိ ရပေ။
ထိုသည်မှာ တရုပ်သည် မြန်မာနိုင်ငံအပေါ် ကူညီစောင့်ရှောင့်သော အိမ်နီးချင်းတိုင်းပြည်ကောင်းမဟုတ်
သည်မှာ ထင်ရှားလှပေသည်။
             မြန်မာနိုင်ငံသည် နိုင်ငံရေး အကြပ်အတည်းပြဿနာများကို ရင်ဆိုင်နေရချိန် ပြည်ပတိုင်းပြည်များမှ စီးပွားရေးပိတ်ဆို့မှု့ ဒဏ်ကိုခံနေရချိန်တွင် တရုပ်သည် ထိုအခြေအနေများကို အသုံးချလျှက် မြန်မာပြည်မှ တန်ဖိုးထိုက်တန်လှသော အခွင့်အရေးများကို များစွာ
ပိုင်ဆိုင်ခွင့်ရရန် ကြိုးစားခဲ့ခြင်းသာဖြစ်ပြီး လက်ရှိ ဦးသိန်းစိန် သမ္မတမှ တိုင်းပြည်လူထုတောင်းဆိုမှု့ အတိုင်း ဧရာဝတီမြစ်ဆုံးစီမံကိန်းကို ရပ်ဆိုင်းခြင်း ကြေငြာချက်နဲ့အညီ ပြည်သူလုထုမှလည်း တိုင်းပြည်၏
အမျိုးသားရေးစိတ်ဓါတ်ဖြင့် တရုပ်ကို ဝိုင်းဝန်းရင်ဆိုင်ရန်လိုပေသည်။
          တရုပ်အစိုးရက သူ့တိုင်းပြည်ကုမ္ပဏီအကျိုးစီးပွားကိုကာကွယ်သလို- မြန်မာပြည်မှလည်း မြန်မာ့
သမိုင်းနှင့်မြန်မာ့ ပိုင်သယံဇာတ များကို လက်ဝါးကြီးမအုပ်နိုင်ရန် တရုပ်က မြန်မာအပေါ် အချဉ်မဖမ်းနိုင်
ရန် ကာကွယ်ရပေလိမ့်မည်။( post by ပြည်သူ့အော်သံ)

ဒီဗွီဘီ သတင်းဌာန ငွေအလွဲသုံးစားမှု ရှိသည်ဟု သတင်းထွက်

တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့ အေးချမ်းနိုင်
2011-10-01
နော်ဝေနိုင်ငံ အခြေစိုက် ‘ဒီဗွီဘီ’ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဌာနရဲ့ ပြည်တွင်းသတင်း လုပ်ငန်းမှာ ငွေကြေး အလွဲသုံးစားမှု ရှိကောင်းရှိနိုင်တယ် ဆိုပြီး ဒီဗွီဘီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

၂ဝ၁ဝ ခုနှစ်အတွင်း ဒီဗွီဘီ ပြည်တွင်း အသုံးစရိတ်တွေမှာ အမေရိကန်ဒေါ်လာ ၃ သိန်း၊ မြန်မာကျပ်ငွေနဲ့ ဆိုရင် သိန်း ၃ ထောင်ခန့် အလွဲသုံးစားမှု ရှိနိုင်တဲ့အချက်ကို အုပ်ချုပ်ရေးဘုတ်အဖွဲ့က သိရှိပြီး စတင်စစ်ဆေးနေပြီလို့ ဆိုပါတယ်။

ငွေကြေး အလွဲသုံးစားမှုမှာ ပါဝင်ပတ်သက်မှု မရှိပေမယ့် အမှုဆောင် ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင် နဲ့ ဒုတိယ အမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့ နှစ်ဦးစလုံးဟာ ဒီကိစ္စအပေါ် တာဝန်ခံတဲ့ အနေနဲ့ တာဝန်ကနေ နှုတ်ထွက်ပေးလိုက်ကြတယ်လို့ သိရပါတယ်။
 တာဝန်မှ ယာယီရပ်ဆိုင်းခံရတဲ့  ခင်မောင်ဝင်း

ပြည်တွင်း သတင်းမီဒီယာလုပ်ငန်းဟာ ဒီဗွီဘီရဲ့ အဓိက လုပ်ငန်းဖြစ်ပြီး ဒီလို ငွေကြေး အလွဲသုံးစားမှုကြောင့် ပြည်တွင်းအလုပ်တွေအပေါ် အနည်းအကျဉ်း ထိခိုက်မှုတွေ ရှိတယ်လို့ အုပ်ချုပ်ရေးဘုတ်အဖွဲ့ အကြီးအကဲ Mr. Harald Bockman က ပြောပါတယ်။

နိုင်ငံခြားငွေ တရားဝင် လဲလှယ်ရေးကောင်တာ စတင်ဖွင့်လှစ်

By သင်းသီရိ  စနေ, 01 အောက်တိုဘာ 2011


မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်တွေပါဝင်တဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ကောင်တာတွေကို ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဒီလို နိုင်ငံခြားငွေလဲကောင်တာတွေ ဖွင့်လိုက်တဲ့ အတွက် မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေးကို လူတိုင်း တရားဝင်ကိုင်ဆောင်နိုင်ပြီ ဆိုတဲ့သဘောပါလား။ ဒီလို တရားဝင်ငွေလွှဲနိုင်မယ့် နေရာတွေရှိလာပြီဆိုတော့ ဒေါ်လာမှောင်ခိုဈေးကွက်တွေကရော ပပျောက်သွားမှာလား ဆိုတာကို စုံစမ်းထားတဲ့ မသင်းသီရိက အပြည့်စုံ တင်ပြထားပါတယ်။
နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ချခွင့် လိုင်စင်တွေရထားတဲ့ မြ၀တီဘဏ်၊ အင်းဝဘဏ်နဲ့ ကမ္ဘောဇဘဏ် အပါအ၀င် သမ၀ါယမဘဏ်၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်နဲ့အတူ မြန်မာ့အရှေ့တိုင်းဘဏ်တွေက ဒီကနေ့မှာ နိုင်ငံခြားငွေလဲလှယ်တဲ့ ကောင်တာတွေ စဖွင့်တာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားငွေလဲ ကောင်တာတွေ စဖွင့်တာဖြစ်ပါတယ်။