Thursday, October 27, 2011

ဒဏ်ရိုက်သည်ကို မကျေနပ်၍ စကားများရာမှ ဓားထိုးသည် အထိ ဖြစ်ပွားခဲ့သော လူသတ်မှု နေပြည်တော် ပျဉ်းမနားတွင် ဖြစ်ပွား



မိမိထိုးလိုက်သည့် ဓားချက်ကြောင့် ဦးနီ လဲကျသွားသည့် နေရာကို တရားခံက ပြသနေစဉ်
အောက်တိုဘာလ ၁၁ ရက် နေ့က နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးအုပ်စု၊ မအူပင်ကျေးရွာနေ ရာအိမ်မှူး တစ်ဦးကို တစ်ရွာတည်းနေသူ တစ်ဦးက အသွား ခြောက်လက်မ ခန့်ရှိသော ဓားဦးချွန်ဖြင့် ထိုးခဲ့ရာ ဆေးရုံအသွား လမ်း၌ပင် သေဆုံးသွားခဲ့သည်ဟု သတင်း ရရှိသည်။
ညပိုင်း ၇း၃ဝ နာရီအချိန်တွင် ဖြစ်ပွားခဲ့သော အဆိုပါ လူသတ်မှု၏ အဓိက တရားခံမှာ အသက် ၅ဝ အရွယ်ရှိသော ကျပန်းလုပ်ကိုင်သူ တစ်ဦးဖြစ်သည်။ ၄င်းသည် အခင်း ဖြစ်ပွားချိန်၌ အရက်သေစာ သောက်စားထားပြီး သေဆုံးသူ ရာအိမ်မှူး ဦးနီ၏နေအိမ်သို့ လာရောက်ရမ်းကား သူလည်းဖြစ်သည်။ တရားခံ လာရောက် ရမ်းကား ချိန်၌ အသတ်ခံရသူ ရာအိမ်မှူးက သူ၏ နေအိမ်တွင် အရပ်အတွင်း မှကလေးများကို ဗီဒီယို ပြသနေချိန် ဖြစ်ကြောင်း၊ ထိုအချိန် ကလေးများအပြင် အရပ်အတွင်းမှ မိတ်ဆွေ နှစ်ဦးလည်း ဦးနီ၏ အိမ်တွင် ရောက်ရှိ နေကြောင်း၊ တရားခံ လာရောက် ရမ်းကားစဉ် အိမ်အတွင်း တစ်ဦး နှင့် တစ်ဦး တစ်ခဏတာ လုံးထွေးသတ်ပုတ် ကြသဖြင့် နေအိမ်သို့ ရောက်ရှိနေသော တစ်ရပ်တည်းနေ မိတ်ဆွေနှစ်ဦးက ဝိုင်းဝန်း ဖျန်ဖြေခဲ့ရကြောင်း သတင်းရရှိသည်။
ဖျန်ဖြေမှုအပြီး တရားခံမှာ နေအိမ်ခြံဝင်း အပြင်သို့ ထွက်သွားကာ လမ်းပေါ်မှ အော်ဟစ် စိန်ခေါ်သဖြင့် ဦးနီက ၄င်းရှိရာသို့ သွားရောက်စဉ် အသင့် ယူဆောင်လာသော အသွား ခြောက်လက်မရှိ ဓားဦးချွန်ဖြင့် ဝဲဘက်ချိုင်းအောက်မှ တစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ထိုးခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေတို့က နေပြည်တော် ပျဉ်းမနား ရဲစခန်းတွင် တိုင်ကြားခဲ့သည်။ တရားခံ ထိုးလိုက်သည့်ဓားသည် ဦးနီ၏ နှလုံးသို့ တိုက်ရိုက် စူးနစ်ခဲ့သဖြင့် ဦးနီမှာ နေရာ၌ ပင်လဲကျကာ စကားမပြောနိုင်သည့် အခြေ အနေ ရှိနေစဉ် မိသားစုဝင်များ နှင့် မိတ်ဆွေ နှစ်ဦးက မြင်းလှည်း ငှားရမ်းကာ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ထိုသို့ ပို့ဆောင်စဉ် ဆေးရုံအသွားလမ်း မြို့ဦးရပ်ကွက် အရောက်တွင် ဦးနီ သေဆုံးခဲ့သည် ဟု သိရသည်။
တရားခံ ဖြစ်သူသည် ၄င်း၏ သမီးဖြစ်သူအား ရာအိမ်မှူး ဦးနီက ကျပ်ငွေငါးထောင် ဒဏ်ရိုက်သည်ကို မကျေနပ်သဖြင့် ဦးနီအိမ်သို့ သွားရောက် ရမ်းကားရာမှ လုံးထွေး သတ်ပုတ်ကြပြီး မကျေနပ်သေး၍ စိန်ခေါ်ရင်း လူသတ်မှု ဖြစ်သည် အထိ ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်သည် ဟု မျက်မြင်သက်သေ တို့က ဆိုသည်။
၎င်းအမှုကို နေပြည်တော် ပျဉ်းမနား ရဲစခန်းက ပြစ်မှုပုဒ်မ-၃ဝ၂၊ (ပ)၆၃၃/၁၁ ဖြင့် အမှု ဖွင့်ထားပြီး အမှုကို စခန်းမှူး ရဲအုပ် ကျော်ဝင်း  က တာဝန်ယူ စစ်ဆေးခဲ့သည် ဟု သိရသည်။
စွမ်းရဲထွဋ်

ဒဂုံဆိပ်ကမ်း တောင်သူလယ်သမား ၄ဝကျော် အိုးအိမ်ဦးစီးဌာနရှေ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်

လယ်သမား ဆန္ဒပြပွဲ

ဒဂုံဆိပ်ကမ်း တောင်သူများ အောက်တိုဘာလ ၂၇ ရက်(ယခု မနက်ပိုင်း) နံနက် ၉ နာရီခွဲခန့်က အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်မှုကို ၁ဝ မိနစ် ခန့်ကြာ ပြုလုပ်ခဲ့သည်။ တောင်သူလယ်သမား အခွင့် အရေး၊ လန-၃၉ အမိန့်ဖျက်သိမ်း ပေးရေး၊ ကမ္ဘာ့စားနပ်ရိက္ခာပြည့်စုံ ရေး စသည့်ဆန္ဒထုတ်ဖော်မှု ဆိုင်းဘုတ် များကို ကိုင်ဆောင်ကာ လယ် သမား ၄ဝ ကျော်ခန့်သည် အိုး အိမ်ဦးစီးဌာနရုံးရှေ့ရှိ ဗိုလ်ချုပ်အောင် ဆန်းလမ်း၊ ပလက်ဖောင်းပေါ်ထိုင်ကာ ဆန္ဒထုတ်ဖော်ပြ ခဲ့ခြင်းဖြစ် သည်။ ”သူတို့က ဘာမှ အော်ဟစ် ဆူညံတာမလုပ်ပါဘူး။ ကိုဖိုးဖြူ ကတော့ မီဒီယာကို သူတို့လာရောက် ဆန္ဒထုတ်ဖော်ပြသခြင်း နဲ့ပတ်သက်ပြီး ရှင်းပြနေတယ်။ နောက် သိပ်မကြဘူး၊ ထွေအုပ်ရုံးနဲ့ ရဲမှူးတွေရယ်၊ လုံခြုံရေးရဲကား ၇ စီးလောက်ရောက်လာပြီး လူစုခွဲ လိုက်တယ်။ ကိုဖိုးဖြူက တောင်သူ တွေအားလုံးကို စီးလာတဲ့ကားပေါ် ပြန်လွှတ်ပြီး သူတို့ထဲက ၁၁ ဦးက အိုးအိမ်မှတွေ့ပြီး တောင်းဆိုစရာရှိ လို့ နေခဲ့မယ်ပြောတယ်။ ရဲတွေ ဘက်က လက်မခံဘူး အတင်းပြန် လွှတ်လိုက်တယ်”ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့သူတစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောကြားသည်။ ဒဂုံဆိပ်ကမ်း လယ်ယာမြေများ အား ယခင်တပ်မတော် အစိုးရ လက်ထက်ကတည်းက အထူးစီးပွား ရေးဇုန် ပြုလုပ်ရန် နိုင်ငံပိုင်အဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ၄င်းလယ် သမားတို့က လျော်ကြေးမလို လယ်သမားစိုက်ပျိုးခွင့် သာလိုသည်။ ဓာတုမြေသြဇာ ဆန့်ကျင်ရေး၊ တောင် သူလယ်သမားနှင့် လယ်ယာမြေ ခွဲဝေပေးလျှင် ဓာတုကင်းလွတ် စိုက် ပျိုးရေးဇုတ်လုပ်မည် အပါအဝင် လယ်စိုက်ဧကမလျော့ပါးရေး လန-၃၉ အမိန့် ဖျက် သိမ်းပေး စသည့် ဆန္ဒပြုဆိုင်းဘုတ်များကိုင်ဆောင်၍ ယခုကဲ့သို့ လာရောက်ဆန္ဒဖော်ထုတ် ခြင်းဖြစ်သည်။
မိုးမြင့်မြတ်၊ ထက်ထက်မိုးမြင့်
သတင်း သစ်ထူးလွင် မှ ဖေါ်ပြသည်။

နှစ် ၁ဝဝကျော် သက်တမ်းရှိ ဝန်ကြီးများရုံး ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲအပ်


နှစ် ၁ဝဝ ကျော်သက်တမ်းရှိ ဝန်ကြီးများရုံးအား နိုင်ငံတော်သမ္မ တမှ ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အပြီး အပိုင်လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ် အဖွဲ့ မှ သိရသည်။

”ဒီရက်ပိုင်းအတွင်းလွှဲပြောင်းပေးလိုက်တာပါ။ဆိုလိုတာက ဟိုတယ်မလုပ်တော့ ဘူးပေါ့”ဟု မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၄ ရက်တွင် ပြောသည်။

ယင်းအဆောက်အအုံကို နိုင်ငံတော်သမ္မတ ကိုယ်တိုင်လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ပြီး ထိုသို့ပေးအပ်မှုကို ကြည့်ခြင်းဖြင့်ယင်းဝန်ကြီးများရုံးကိုအလေးထားသည်မှာပေါ်လွင်နေကြောင်း၊ သမိုင်းအစဉ်အလာအရ ပြယုဂ်အနေဖြင့်သာ ထားရှိသင့်သည်ကို လက်ခံသည့် သဘောရှိနေကြောင်းကို ခရီးသွားလုပ်ငန်းရှင်၊ ဗိသုကာပညာရှင်နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့တို့မှ သဘောထားမှတ်ချက်ပြုသည်။

မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်း၏နာယကဦးသန်းတင်အောင်က”ဗိသုကာပညာရှင် တစ်ယောက်အနေနဲ့ ပြောရရင် မြန်မာပြည်က လူတွေရယ်၊ နိုင်ငံခြားခရီး သွားတွေ လေ့လာကြည့်ရှုဖို့ ဝန်ကြီးများရုံးကိုပြတိုက်အနေနဲ့ထားသင့်တာပါ၊သမိုင်းမှတ်တမ်းအနေနဲ့နိုင်ငံတော်ကထိန်းသိမ်း ထားတယ်ဆိုတာကို ပြယုဂ်အနေနဲ့ ပြသထားသင့်ပါတယ်”ဟု ပြောသည်။

ရန်ကုန်မြို့၌ ပြုပြင်ထိန်းသိမ်းသင့်သည့် ရှေးဟောင်းအဆောက် အအုံ ၁၈၉ လုံးရှိသည့် အနက် ထိုဝန်ကြီးများရုံးမှာအဆောက်အအုံကြီးမားခြင်း၊ပတ်ဝန်းကျင်ကျယ်ပြန့်ခြင်းနှင့် သမိုင်းအစဉ်အလာကြီးမားခြင်းတို့ ရှိသည့်အတွက်ထိပ်ဆုံး၌ ရပ်တည်နေသည်ဟု ပြောဆို၍ရကြောင်း၊ ၂ဝ၁၁ခုနှစ်အတွင်းပိုင်းက ရှေးဟောင်း အဆောက်အအုံ ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီးလေ့လာစဉ် အခါကလည်းမူလယဉ်ကျေးမှုလက်ရာများအတိုင်းရှိနေသည်ကိုအထင်အရှားတွေ့ရှိခဲ့ရသည့် မှတ်တမ်းများလည်းရှိခဲ့ကြောင်းရှေးဟောင်းအဆောက်အအုံပြုပြင်ထိန်းသိမ်းရေးအဖွဲ့တွင် ပါဆောင်ရွက်ခဲ့သူလည်း ဖြစ်သည့်၎င်းက ထပ်မံပြောသည်။

ထိုအဖွဲ့တွင်ကိုယ်တိုင်ဆောင်ရွက်ခဲ့သူတစ်ဦးကလည်း နှစ်ကာလကြာမြင့်သည့်အတွက် ပျက်စီးယိုယွင်း မှုရှိသည်မှာ မှန်သော်လည်း ရာခိုင်နှုန်းအနေဖြင့် တိတိကျကျပြောဆို၍ မဖြစ်နိုင်ကြောင်း၊ မိမိတို့ အဖွဲ့အနေဖြင့်ထိုစဉ်ကပြုပြင်ထိန်းသိမ်းခဲ့စဉ်အမိုးအားပထမဦးစားပေးခဲ့ကြောင်း၊ တံခါးနှင့်ပြတင်းပေါက်များကိုဒုတိယထားပြီးနောက်မှကြမ်းခင်းနှင့် အုတ်တိုင်များကို ဆောင်ရွက်ခဲ့ရသည်ဟုပြောသည်။

ထိုကဲ့သို့ သုတေသနပြုလုပ်ခြင်းကို ယမန်နှစ်က ပြုလုပ်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် အစပိုင်း၌ ပြီးစီးခဲ့ကြောင်း ၄င်းတို့ထံမှသိရသည်။

လက်ရှိ၌အလျင်အမြန်ထိန်းသိမ်းသင့်သည့်ဝန်ကြီးများရုံးနှင့်ပဲခူးကလပ်အပါ အဝင်ရှေးဟောင်းအဆောက်အအုံ ၁၈၉ လုံးရှိရာအများစုမှာမြို့လယ်အဓိကဇုန်အဖြစ် သတ်မှတ်ထားသည့် ဆူးလေဘုရားလမ်း၊ ကုန်သည်လမ်းမှစ၍ ကမ်းနားလမ်းအထိ၊ ထို့နောက်ကမ်းနားလမ်းမှသည် လမ်း ၄ဝ စာတိုက်ကြီး အထိတို့တွင်ရှိနေကြောင်း နိုင်ငံပိုင်စာရင်းများအရ သိရသည်။

သတင်းရင်းမြစ်..Popular News Journal

အသတ်ခံရသောဂျပန်အမျိုးသမီးနှင့် ပတ်သက်၍ တရားခံအား သေဒဏ်ချမှတ်

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် အသတ်ခံရသူ ဂျပန်အမျိုးသမီး Ms.Shiramatsu Chiharu နှင့် ပတ်သက်၍ ၂၀၁၁ခုနှစ်အောက်တိုဘာ ၁၈ရက်က တရားခံအား သေဒဏ် ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အသတ်ခံရသူ ဂျပန်မလေးနှင့် ပတ်သက်၍ တရားခံမင်းသိုက် အား ကျောက်ပန်းတောင်းရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဥပဒေအကြံပြုချက်အရ ပုဒ်မ ၃၆၆၊ ၃၇၆၊ ၃၇၇၊ ၃၀၂တို့ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ရာ ၂၀၁၁ခုနှစ် အောက်တိုဘာ ၁၈ရက် မွန်းလွဲ ၁ နာရီက ပြစ်ဒဏ်ချမှတ်လိုက ကြောင်း သိရသည်။
"ကျွန်တော်တို့ တရားခံကို တရားစီရင်ချက်အမိန့်ချမှတ်ရင် ဂျပန်သံရုံးကို အကြောင်းကြားပေး လို့ ပြောထားတော့ ကျွန်တော်တို့ ကို လှမ်းအကြောင်းတာပါ။ ကျန် တာတော့ဘာမှမရှိပါဘူး"ဟု ၄င်းက ဆိုသည်။ မြန်မာနိုင်ငံ ဂျပန်သံရုံးမှ ဂျပန် အမျိုးသမီးအသတ်ခံရမှုနှင့်ပတ်သက် ၍ မြန်မာအစိုးရကို အကူအညီ နှစ်ချက်တောင်းဆိုခဲ့ရာ ယင်း တောင်းဆိုချက်အတိုင်း ရုပ်အ လောင်းကို ဂျပန်နိုင်ငံသို့ ပြန်ပို့ပေး ရန်နှင့် တရားခံအား အမှုစစ်၍ တရားစီရင်ချက် အမိန့်ချပါက အကြောင်းကြားရန်ဖြစ်ကြောင်း ၄င်း အချက်နှစ်ချက်လုံးအားဂျပန် သံရုံး သို့ အကြောင်းကြားပေးသည်။

သတင်းရင်းမြစ်....ENVOY NEWS JOURNAL

ဒီကနေ့ ရန်ကုန်မြို့လယ် မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် လယ်သမား များဆိုင်းဘုတ်ကိုင်ဆန္ဒပြ








ဒီကနေ့ မနက် ၉နာရီ က ဗိုလ်အောင်ကျော်လမ်းနှင့် သိမ်ဖြူလမ်းကြား၊ဗိုလ်ချုပ်လမ်းမပေါ်ရှိ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့၌ လယ်သမား(၁၀၀)ခန့်က လန ၃၉ ကို ဖျက်သိမ်းပေးရန် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခဲ့ပါသည်။ဆန္ဒပြရာနေရာကို ရဲမှူးတစ်ဦးနဲ့ လုံထိန်းတွေ ရောက်လာပြီး ဒီကိစ္စကို နေပြည်တော်ရှိ လွှတ်တော်ရုံးမှ အကြောင်းပြန်မကြားသေးဘူးလို့ ပြောပြီး ဆန္ဒပြသူတွေကို မောင်းထုတ်လိုက်ပါတယ်။အခု ဆန္ဒပြလယ်သမားတွေက သိမ်ဖြူမီးပွိုင့်ဘက်သို့ ဆက်လက်ချီတက်သွားတယ်လို့ သိရပါတယ်။

သတင်း...Burma VJ Media Network

မြန်မာနိုင်ငံတွင် လေလွင့်ကလေးသူငယ်များအား ပညာရေး၊ လူမှုရေးကူညီထောက်ပံ့ပေးမည့် အဖွဲ့အစည်းများစွာ လိုအပ်လျက်ရှိ




မြန်မာနိုင်ငံတွင်း လေလွင့်ကလေးသူငယ်များ၏ ပညာရေး၊လူမှုရေးဆိုင်ရာအားပေး ကူညီပေးမည့် အဖွဲ့အစည်းများစွာလိုအပ်နေပြီး၎င်းတို့အားအသက်မွေးဝမ်းကြောင်းပညာအပြင် အတန်းကျောင်းပညာရေး ကိုပါ တွဲဖက်သင်ကြား ပေးသင့် ကြောင်း လူမှုရေးကူညီမှုအဖွဲ့အစည်း အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။


မိဘနှစ်ပါးလုံးမရှိသူ၊မိဘနှစ်ပါးမှတစ်ဦးတစ်ယောက်မရှိသောသူ၊မိစုံဖစုံရှိသော်လည်း ဆင်းရဲနွမ်းပါးလွန်းသောကလေးငယ်များမှာ ကျောင်းပညာရေးနှင့်ဝေးကာ လေလွင့်ကလေးငယ်များ ဖြစ်လာ
ကြကြောင်း သိရသည်။


လေလွင့်ကလေးငယ်အများစုသည်လက္ဘက်ရည်ဆိုင်များ၊ နေအိမ်များမှ အမှိုက်များအညစ်အကြေးများအား အမှိုက်ပုံသို့ သွားရောက်ပစ်ပေးခြင်းဖြင့်လည်းကောင်း၊ ခရီးသည်တင်ဘက်စ်ကားများ၊ သင်္ဘောများ၊ မြို့ပတ်ရထားများပေါ်၌ လက်ကမ်းစာစောင်များ အသုံးပြုတောင်ရမ်း၍လည်းကောင်း၊ ပလက်စတစ်ပစ္စည်း အစုတ်များ၊ဘီယာဘူးခွံများ၊သံတိုသံစများလိုက်လံကောက်ကာပြန်ရောင်း၍လည်းကောင်း ဘဝအားခက်ခဲစွာ ရပ်တည်ရလျက်ရှိကြောင်း သိရှိရသည်။


“ကျွန်တော်တို့ကူညီပေးနေတဲ့ ကလေးငယ်အများစုက စည်ပင်အောက်ခြေဝန်ထမ်းတွေကို ယာယီနေ ခွင့် ပေးထားတဲ့ တောင်ဒဂုံအမှတ်(၂၁) ရပ်ကွက် စည်ပင်ဝင်းထဲက ကလေးတွေပါ။ ကလေးအများစုက စာမသင်ခဲ့ရဘူး။အကူအညီပေးနေတဲ့ကျွန်တော်တို့ကျောင်းမှာတစ်ပတ်နှစ်ရက် ကလေးတွေကို ခေါ်ပြီးစာသင်ပေးတယ်၊ ထမင်းကျွေးတယ်၊ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်လှုတယ်။ ဒါတောင် ကလေးတွေ ပုံမှန်မလာနိုင်ကြဘူး။ သူတို့နေ့တွက်ရမှ စာလာသင်နိုင်တယ်။ ခုကျွန်တော်တို့ဆီ စာလာသင်တဲ့ကလေးကငါးဆယ်လောက်ရှိတယ်။ ဒီဝင်းထဲမှာတင်ကို နောက်ထပ်ကလေးငါးဆယ်လောက် ရှိနေသေးတယ်”ဟု လေလွင့်ကလေးငယ်များအား ကူညီနေသူ BG (NLD)(Blood Group) မှ တာဝန်ခံ ကိုညီညီက ပြောသည်။


လေလွင့်ကလေးငယ်များအနေဖြင့်အဝတ်အထည်ပြည့်စုံစွာမရှိခြင်း၊နေပူမိုးရွာမရှောင် အလုပ်လုပ်ကိုင်ရခြင်း၊ ညအိပ်ရာတွင် ခြင်ထောင်၊ စောင်လုံလောက်စွာမရှိခြင်း(အချို့လေလွင့်ကလေးများဆှိုလျှင် တွေ့ရာလမ်းဘေး အိပ်စက်ရခြင်း)အာဟာရပြည့်မီစွာစားသောက်ရမှုမရှိခြင်းတို့ကြောင့်ကျန်းမာရေးချို့ယွင်းပြီး အရွယ်မတိုင်မီ သေဆုံးမှုများရှိနေကြောင်းလည်း သိရှိရသည်။


“သားကျောင်းမနေဖူးပါဘူး။နောက်လည်းတက်ဖြစ်မယ်မထင်ဘူး။သားကြီးလာရင်ဟစ်ဟော့ပ် အဆိုတော်လုပ်မယ်”ဟု အသက် ၁၂ နှစ် အရွယ် တောင်ဒဂုံစည်ပင်ဝင်း၌ နေထိုင်ပြီး အမှိုက်ပစ်၊ ပလက်စတစ်ကောက်၍ ရှင်သန်နေရသူ မောင်သံချောင်းက ပြောသည်။


မိဘများမှာ ပညာသင်ကြားရန်အတွက်ထောက်ပံမှုမပေးနိုင်ခြင်း၊ အလုပ်အကိုင်အတည်တကျ မရှိခြင်း၊ ဝင်ငွေနည်းပါးလွန်းခြင်းတို့ကြောင့်အုပ်ထိမ်းသူများကိုယ်တိုင်ကပင်ကလေးငယ်များအား ခိုင်စေကြခြင်းဖြစ်ကြောင်း သိရသည်။


“လက္ဘက်ရည်ဆိုင်မှာအမှိုက်ပစ်ဖို့၊ပလက်စတစ်ကောက်ဖို့၊အုပ်ထိမ်းသူတွေကကလေးတွေကို လွှတ်လိုက်တာပြီးမှပလက်စတစ်ဝယ်တဲ့ဒိုင်တွေမှာ သူတို့ကိုယ်တိုင်စောင့်ပြီးငွေသိမ်းတာ၊ဈေးဖြတ်တာတွေ လုပ်ကြတယ်”ဟုတွံတေးမြို့၌လူမှုကူညီရေးလုပ်ကိုင်သူCareForChildrenအဖွဲ့မှ ကိုညီညီသစ္စာက ပြောသည်။


မည်မျှပင် ဆင်းရဲကြပ်တည်းသော်လည်း၊ ယခုကဲ့သို့မိမိ၏သားသမီး၊ တူ၊ တူမ၊ ကလေးများအားပညာ သင်ကြားပေးခြင်းမရှိပဲဝင်ငွေရရန်ခိုင်းစေခြင်းမှာမည်သို့မျှလက်မခံနိုင်ကြောင်းခိုင်းစေခံရသော ကလေးများမှာ အုပ်ထိမ်သူအား ကြောက်ရွံ့ရ၍ ဝင်ငွေပြည့်မီစွာ မရသည့်နေ့များတွင် သူတပါးပစ္စည်းအား ခိုးယူမှုများရှိလာနိုင်ပြီး စာရိတ္တများပျက်ပြားသွားနိုင်ကြောင်းလည်း ၄င်းကသုံးသပ်သည်။


မြန်မာနိုင်ငံတွင်အရေးကြီးဆုံးလိုအပ်ချက်တခုအနေဖြင့်လေလွင့်ကလေးငယ်များအရေးကိုလည်း ထည့်သွင်းစဉ်းစားပေးသင့်ပြီး၎င်းတို့ကိုကူညီထောက်ပံ့ပေးမည့်အဖွဲ့အစည်းများလည်း လိုအပ်လျက်ရှိကြောင်း လူမှုရေးအသင်းအဖွဲ့များက ပြောဆို သုံးသပ်လျက်ရှိသည်။


သတင်း....မြစ်မခမီဒီယာ

အရှင်ဂမ္ဘီရ ကျန်းမာရေး စောင့်ရှောက်မှုရရန် လိုအပ်နေ

စိုင်းဇွမ်ဆိုင်း on October 26, 2011

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ဦးဆောင်ပါဝင်ခဲ့သည့် အတွက် စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်၌ ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသောဆရာတော် ဦးဂမ္ဘီရ၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ဦးဂမ္ဘီရ၏ မိခင် ဒေါ်ရေး၏ ပြောဆိုမှုအရ လက်ရှိထောင်တွင်းကျန်းမာရေး အခြေအနေမှာ ဆောင်းရာသီအစ အအေးဒဏ်ကြောင့် ဆိုးရွားနေခြင်းကြောင့် ဖြစ်သည်ဟု ကြားသိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစု အဖွဲ့ဝင် ဦးနန္ဒမာလာကလည်း ဆိုသည်။

“စစ်ကြောရေးတုန်းက ခေါင်းနဲ့ ကျောမှာ အရိုက်ခံရတယ်လေ။ အဲဒီတုန်းက ဆေးကောင်းကောင်း မကုရဘူး။ အဲဒီဒဏ်တွေက အခုပြန် ပေါ်တာ” ဟု ဦးနန္ဒမာလာက ပြောသည်။

အရှင် ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် နိုဝင် ဘာလ ၄ ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်နှင့်အတူ မန္တလေးတိုင်း စဥ့်ကူမြို့နယ်တွင် ဖမ်းဆီး ခံခဲ့ရပြီး နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င်အသင်းနှင့် ဆက်သွယ်မှုအပါအ၀င် ပုဒ်မ ၁၃ ခုတို့ဖြင့် ထောင်ဒဏ် ၆၃ နှစ် ကျခံနေရသည်။
ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ – မြန်မာနိုင်ငံ (AAPP) ၏ စာရင်းများအရ မြန်မာနိုင်ငံတ၀န်းရှိ အကျဉ်းထောင်များနှင့် ရဲဘက်စခန်းများ အသီးသီးတွင် သံဃာနှင့် သီလရင် ၂၀၀ ခန့် ရှိကြောင်း သိရသည်။

ဟောင်ကောင် အခြေစိုက် အာရှလူ့အခွင့်အရေး ကော်မရှင်ကလည်း ဆရာတော် ဦးဂမ္ဘီရ၏ လက်ရှိဖြစ်ပေါ်နေသည့် ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း၊ လူသားချင်း စာနာသည့် အနေဖြင့် ချက်ချင်းလွှတ်ပေးရန်နှင့် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့များနှင့် တွေဆုံခွင့်ပေးစေလိုကြောင်း အိတ်ဖွင့်စာတစောင်ကို ယမန်နေ့က သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့လိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့( အဘိဓမ္မာ အခါတော်နေ့)တွင် သမ္မတဦးသိန်းစိန်က အကျဉ်းသား ၆၃၉၅ ဦးကို လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့ရာတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကနေသည့် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာပါဝင်ခဲ့သည်။

ယနေ့တွင်လည်း အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုညီညီထွန်း၊ ကိုစိုးမိုးထွန်း၊ ဦးစန္ဒိမာ၊ ဦးဝိသုဒ္ဓိ အပါအ၀င် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးက လျှော့ရက်ခံစားခွင့် မရှိသော သီးသန့်နှင့် သာမန်သီးသန့် အကျဉ်းသားများအား လျှော့ရက် ခံစားခွင့် ပေးရေးအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြကြောင်း ပြည်တွင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်၏ ထုတ်ပြန်ချက်အရ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လူမှုရေးလုပ်ငန်းဖြစ်သည့် သွေးလှူအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည့်အတွက် အင်းစိန် ထောင်တွင် အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ပုဒ်မ ၃၃ (က) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသည့် ဗိုလ်ကြီး ဟောင်း နေမျိုးဇင်မှာလည်း ကျန်မာရေးဆိုးရွားနေကြောင်း အမှုကို လိုက်ပါဆောင်ရွက်သည့် ရှေ့နေ ဦးလှမျိုးမြင့်က ဧရာဝတီသို့ပြောသည်။

ဗိုလ်ကြီးနေမျိုးဇင်၏ အမှုကို ရန်ကုန်တိုင်း တရားရုံးတွင် အယူခံဝင်ထားကြောင်း၊ ယခုအခါ အဆိုပါ အမှုတွဲကို တောင်းယူပြီး နေပြည်တော်ရှိ တရားရုံးချုပ်က ပြန်လည် စိစစ်နေကြောင်းလည်း သိရသည်။

Wednesday, October 26, 2011

ဘန်​ကောက်တမြို့​လုံး​ ​ရေလွှမ်း​မိုး​နိုင်​ကြောင်း​ ထိုင်း​ဝန်ကြီး​ချုပ် အ​ရေး​ပေါ်​ကြေညာ

  October 26, 2011 by မန်းစိုင်းမွန်   
ဘန် ​ကောက်တမြို့​လုံး​ကို ​ရေလွှမ်း​မိုး​နိုင်​ကြောင်း​ ထိုင်း​ဝန်ကြီး​ချုပ် မစ္စစ်ယင်လတ်ရှင်နာဝပ်က ထိုင်း​ရုပ်မြင်သံကြား​ဌာနအား​လုံး​က​နေ မ​နေ့​ညက ​ကြေညာသွား​ပါတယ်။
ယင်လတ်က “အဆိုး​ဆုံး​ အ​ခြေအ​နေက​တော့​ တကယ်လို့​ရေကာတာ​ပေါက်မယ်၊​ ​ရေတား​နံရံ​တွေ ကျိုး​ပျက်မယ်၊​ ပင်လယ်​ရေတက်တာကလည်း​ ခန့်​မှန်း​ထား​တာထက် ပိုမြင့်​မယ်ဆိုရင် ​ရေလမ်း​ကြောင်း​ ၃ ခုက တခုခုကိုဖြစ်ဖြစ် ၃ခု လုံး​ကိုဖြစ်ဖြစ် ကျမတို့​မကာကွယ်နိုင်တာ၊​ ဒါမှမဟုတ် အင်အား​ကြီး​မား​တဲ့​ ​ရေထုကြီး​ရဲ့​အရှိန်ကို ​နှေး​သွား​အောင် မလုပ်နိုင်တာ​တွေ ဖြစ်လာမယ်။ အဲဒီအခါ ဘန်​ကောက်မြို့​တွင်း​မှာ ​ရေ ၁၀ စင်တီမီတာက​နေ ၁ မီတာခွဲအထိ ဖြစ်လာပါမယ်” လို့​ ​ကြေညာသွား​ပါတယ်။
သူမရဲ့​ ထုတ်ပြန်ချက်ထဲမှာ ဘန်​ကောက်မြို့​မှာ ​နေထိုင်သူအား​လုံး​ မိမိတို့​ရဲ့​ ပစ္စည်း​တွေကို ပိုမြင့်​တဲ့​ ​နေရာ​တွေဆီ ​ရွှေ့​ပြောင်း​ထား​ဖို့​၊​ လျှပ်စစ်မီး​အား​စက်ရုံနဲ့​ အများ​ပြည်သူသုံး​ ​ရေဖြန့်​ချိ​ရေး​ပိုက်လိုင်း​တွေကို ထိခိုက်မှု အနည်း​ဆုံး​ဖြစ်​အောင် လုပ်ဖို့​ ပါဝင်ပါတယ်။
ဒါ့​အပြင် ဒွန်​မောင်း​လေဆိပ်ထဲက ဒုက္ခသည်စခန်း​ကို ​ရေ​ဘေး​လွတ်ရာ ​ရွှေ့​ပြောင်း​ဖို့​နဲ ဆိုင်ရာဌာန​တွေက ဘုရင့်​နန်း​တော်ဝင်း​နဲ့​ ဘုရင်ကြီး​ ​ဆေး​ဝါး​ကုသ မှုခံယူရာ စီရီရာ့​ ​ဆေး​ရုံကို ​ရေမလွှမ်း​အောင်ကာကွယ်ဖို့​ကိုလည်း​ အ​လေး​ပေး​ထည့်​သွင်း​ပြောဆိုသွား​ပါတယ်။
ရေလွှမ်း​မိုး​ နေတဲ့​ ခရိုင်အား​လုံး​မှာ ​ရေလွှမ်း​မိုး​မှုတား​ဆီး​ရေး​၊​ ​ရေ​ဘေး​ဒုက္ခသည် ကူညီကယ်ဆယ်​ရေး​နဲ့​ ဆက်နွှယ်​နေတဲ့​ ဌာန​တွေကလွဲပြီး​ အစိုး​ရရုံး​အား​လုံး​ကို ​အောက်တိုဘာ ၂၇ ရက်က​နေ ၃၁ ရက်​နေ့​အထိ ပိတ်ထား​ဖို့​လည်း​ ​ကြေညာလိုက်ပါတယ်။
ဝန်ကြီး​ချုပ် ​ကြေညာချက် ထုတ်ပြန်ပြီး​နောက်မှာ ကုန်​ဈေး​နှုန်း​တွေ တက်ကုန်တယ်လို့​ ဘန်​ကောက်မှာ ​နေထိုင်တဲ့​ မြန်မာတဦး​က ​ပြောပါတယ်။
“ဝန်ကြီး​ ချုပ်က ​ရေကြီး​မယ်ဆိုတဲ့​အ​ကြောင်း​ကို တရား​ဝင်​ကြေညာတယ်။ ပစ္စည်း​ရှိတဲ့​ လူ​တွေကလည်း​ ထုတ်မ​ရောင်း​တော့​ဘူး​။ အသီး​အရွက်ကအစ အစစအရာရာ ​ဈေး​တွေအကုန်ခုန်တက်သွား​တယ်။ ဒီ​နေ့​မှပိုပြီး​တက်သွား​တာ။ မ​နေ့​ကထိ ကြက်ဥတလုံး​က ၄ ဘတ်ခွဲ၊​ ၅ ဘတ်ပဲ။ ဒီမနက်မှာ ကြက်ဥတလုံး​ ၆ ဘတ်ဖြစ်သွား​တယ်။ အ​ခြေခံကြက်ဥကအစ ​ဈေး​တက်​တော့​ ကျန်တဲ့​ဟာ​တွေပါ တက်ကုန်တယ်။”
အ​ရေး​ပေါ် အစား​အ​သောက်ရိက္ခာ​တွေသွား​ဝယ်ဖို့​လှေ​စောင့်​နေတဲ့​ ဘန်​ကောက်​မြောက်ပိုင်း​ ရပ်ကွက်ဇုန်တခုက မြန်မာအမျိုး​သမီး​တဦး​ကလည်း​ သူတို့​ဆီမှာ ​ခေါက်ဆွဲ​ခြောက်ကအစ ဝယ်မရ​တော့​ဘူး​လို့​ပြောပြပါတယ်။
ဘန်​ ကောက်မှာရှိတဲ့​ကျောင်း​အား​လုံး​နဲ့​ ပြည်တွင်း​လေဆိပ်ဖြစ်တဲ့​ ဒွန်​မောင်း​လေဆိပ်ကိုလည်း​ ပိတ်လိုက်ပြီး​ မပိတ်ရ​သေး​တဲ့​ ပြည်တွင်း​လေယဉ်လိုင်း​တွေဟာ စူဝမ်နဖုန် နိုင်ငံတကာ​လေယဉ်ကွင်း​သစ်ကို ​ရွှေ့​ပြောင်း​ကြ​ကြောင်း​ ဆိုင်ရာ​လေ​ကြောင်း​ ကုမ္ပဏီ​တွေက ထုတ်ပြန်ထား​ပါတယ်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှ တရုတ်နိုင်ငံသားဝန်ထမ်းအများစု နေရပ်သို့ပြန်


မြစ်ဆုံ စီမံကိန်းမှ တရုတ်ဝန်ထမ်းများ (ဓါတ်ပုံ-Google Images)
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှ တရုတ်နိုင်ငံသား ၀န်ထမ်းအများစုသည် တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့ရှိ ဒေသခံအချို့ထံမှ သတင်းရရှိပါသည်။
မစ်ဆုံရေအားလျှပ်စစ်စီမံကိန်း သည် မြစ်ကြီးနားမြို့နှင့် မြစ်ဆုံဒေသအကြားတွင် တည်ရှိပြီး အဆိုပါစီမံကိန်းကို အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံမှ China Power Investment Corporation (CPI) တို့ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လောလောဆယ်မှာတော့ ၀န်ထမ်းတော်တော်များများ ပြန်သွားကြပြီ။ အကုန်လုံးတော့ မဟုတ်သေးဘူးထင်တယ်။ နည်းနည်း လောက်တော့ ကျန်ဦးမှာပေါ့။ လုပ်ငန်းခွင်လည်း လုံးဝရပ်သွားပြီ။
အဆိုပါစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးသက်ရောက်မှု များစွာဖြစ်ပေါ်နိုင်သည့်အတွက် ယခုနှစ်အတွင်းမီဒီယာများ၊ အဖွဲ့အစည်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များနှင့် ပြည်သူလူထုတို့ကကန့်ကွက်မှုများ၊ အကြံပြုချက်များ ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။   ထို့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။
''လောလောဆယ်မှာတော့ ၀န်ထမ်းတော်တော်များများ ပြန်သွားကြပြီ။ အကုန်လုံးတော့ မဟုတ်သေးဘူး ထင်တယ်။ နည်းနည်းလောက်တော့ ကျန်ဦးမှာပေါ့။ လုပ်ငန်းခွင်လည်း လုံးဝ ရပ်သွားပြီ။ ရုံးတွေဘာတွေကိုတော့ ဘယ်လိုလုပ်မလဲမပြောတတ်ဘူး''ဟု မြစ်ကြီးနား မြို့ခံတစ်ဦးက ၂၀၁၁ ခုနှစ် အောက် တိုဘာလ ၂၄ ရက်နေ့က ပြောပြခဲ့သည်။
ဧရာဝတီမြစ်အထက်ပိုင်း မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၏ စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသော ရွာငါးရွာကို ပြောင်းရွှေ့နေရာချထားခဲ့ကာ ယင်းရွာများမှာ တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ ခပ္ပါး/အောင်ဂျာယန်၊ ဒေါင်ပန်ရွာတို့ဖြစ်ပြီး လက်ရှိတွင် ဒေသခံတိုင်းရင်းသားတို့သည်ပြောင်း ရွှေ့ပေးထားသော စံပြကျေးရွာသစ်များတွင် နေထိုင်လျက်ရှိကြသည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံသားဝန်ထမ်းများ အဓိကပါဝင်လျှက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံဒေသမှ အစပြုစီးဆင်းလာသော ဧရာဝတီမြစ်သည် ကီလိုမီတာ ၂၁၇၀ (၁၃၄၈ မိုင်) ရှည်လျားပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့ကို အဆင့်ဆင့် ဖြတ်သန်းစီးဆင်းကာ ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်နေသည်။ မြစ်ဖြတ်သန်းရာတစ်လျှောက်တွင် လူနေထူထပ်သော၊ စီးပွားရေးဖွံ့ဖြိုးသော မြို့ကြီးများစွာ တည်ရှိနေကြသည်။

သတင်း--- Eleven Media Group

ကျေးလက်ဒေသများမှ အရွယ်မရောက်သေးသော ကလေးငယ်များ နေရပ်စွန့်ခွာမှု များပြားလာ

ထိုင်း လ၀က မှ ဖမ်းထားတဲ့ မြန်မာအလုပ်သမားများ
ကျေးလက်ဒေသများမှ အရွယ် မရောက်သေးသော ကလေးငယ်များ နေရပ်စွန့်ခွာမှု များပြားလာကြောင်း သိရှိရသည်။ “မန္တလေးမြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာဆိုရင် လမ်းတစ်ပြမှာ ကို လက်ဖက်ရည်ဆိုင်တွေ အများကြီး ရှိတယ်။ ဆိုင်တိုင်းမှာကြည့်လိုက်ရင် စားပွဲထိုးလေးတွေဟာ နယ်ကတက်လာတဲ့ အရွယ်မရောက်သေးတဲ့ ကလေး တွေများတယ်။ တကယ်တော့ လက်ဖက်ရည်ဆိုင်တင် မကဘူး၊ စားသောက် ဆိုင်၊ ထမင်းဆိုင်တွေမှာလည်း ဒီလို ပါပဲ။ ပြီးတော့ ငွေကြေးချမ်းသာတဲ့ အိမ်တွေမှာလည်း ကျေးလက်ဒေသ က အရွယ်မရောက်တဲ့ ကလေးတွေ အိမ်ဖော်အဖြစ်နဲ့ ရောက်နေကြတယ်။ ဒါကို ကြည့်ရင် ကျေးလက်ဒေသက အရွယ်မရောက်သေးတဲ့ ကလေးငယ် တွေ နေရပ်စွန့်ခွာမှုများတယ် ဆိုတာ သိသာတယ်”ဟု မန္တလေးမြို့ခံတစ်ဦး က ပြောသည်။ လက်ဖက်ရည်ဆိုင်များ၊ ထမင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ မြို့ပေါ်ရှိအိမ်များတွင် ကျေးလက်ဒေသ များမှ ကလေးငယ်များအား အလုပ်ပေးစေခိုင်းမှု များပြားလာရခြင်းမှာ လုပ်အားခသက်သာပြီး ထိန်းသိမ်းရ လွယ်ကူသောကြောင့် ဖြစ်ကြောင်း သိရသည်။ “ကလေးတွေကို စားပွဲထိုးအဖြစ် ခေါ်ရတာက လုပ်အားခသက်သာတာ ရယ် ထိန်းသိမ်းရ လွယ်ကူတာရယ်ကြောင့်ပါ။ နည်းနည်းလေးကြီးလာရင် ထိန်းသိမ်းရလည်း ခက်တယ်။ ပြောလို့ဆိုလို့လည်း မကောင်းဘူး” ဟု မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းရှိ လက်ဖက်ရည်ဆိုင်ရှင် တစ်ဦးက ပြောသည်။ အရွယ်မရောက်ခင် မြို့ကြီးများသို့ သွားရောက်လုပ်ကိုင်ရင်း အရွယ်ရောက်ပြီးနောက် အချို့မှာ နေရပ်သို့ ပြန်ကြသော်လည်း အများစုမှာ နေရပ်သို့ မပြန်ချင်တော့ကြောင်း . . . အရွယ်မရောက်သေးသော ကလေးငယ်များ နေရပ်စွန့်ခွာ၍ အလုပ်လုပ်ကိုင် ကြရာတွင် နီးစပ်ရာမြို့များအပြင် မြို့ကြီးများသို့ သွားရောက်လုပ်ကိုင် ကြကြောင်း သိရသည်။ “မြစ်သားမြို့က လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လာလုပ်တဲ့ ကလေးအများစုဟာ အနီးဝန်းကျင်ရွာတွေကနေ လာကြတာ များပါတယ်။ အရွယ်အားဖြင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေးတွေများပါတယ်။ ဒီကလေးတွေကို အုပ်စုခွဲကြည့်ရင် နှစ်မျိုးတွေ့ရပါတယ်။ တချို့က ကျန်းမာရေးနဲ့ ပတ်သက်တယ်။ မျိုးဆက်ပွား ကျန်းမာရေးအသိ မရှိလို့ အိမ်ထောင်စုများတာ၊ မိသားစု ၀င်တွေ ကျန်းမာရေးမကောင်းလို့ ဆေးဖိုးဝါးခ အကုန်အကျများတာ။ နောက်တစ်မျိုးက လယ်ယာလုပ်ငန်း ခွင် မကောင်းတာ။ ကျွန်တော်တို့ ဒေသမှာ နှစ်တိုင်းရေလွှမ်းမိုးတာ ခံနေရတယ်။ လယ်ပိုင်ရှင်က ဆင်ပိန် ကျွဲလောက်ရှိပေမယ့် တစ်နေ့လုပ်တစ်နေ့ စား သူရင်းငှားက နေ့စဉ်ဝင်ငွေမရှိတော့ ကိုယ့်သားသမီးကို ခိုင်းစားရတဲ့ ဘ၀ရောက်သွားတော့တယ်”ဟု မြစ်သားမြို့မှ ကိုစံသော်ထွန်းက ပြောသည်။ တန့်ဆည်မြို့မှ အလှပြင်ဆိုင် ဖွင့်ထားသူတစ်ဦးကလည်း “ကျွန်မတို့ ဆိုင်နဲ့ကပ်လျက် လက်ဖက်ရည်ဆိုင် မှာ ရေဦးကလာအလုပ်လုပ်တဲ့ ကလေး တစ်ယောက်ရှိတယ်။ သူ့အမေ လာရင် ပြန်လိုက်ချင်လို့ ကလေးကငိုတယ်။ လစာကလည်း ကြိုထုတ်ထားတော့ မထားချင်လည်း ထားခဲ့ရတယ်။ မိသားစုက ရှစ်ယောက်လောက် ရှိတော့ မကျွေးနိုင်တာလည်း ပါမယ်။ ကလေးခမျာ မနေချင်လည်း နေနေရတယ်။ ကျွန်မတို့ကလည်း သနားတော့ မုန့်ခေါ်ခေါ်ကျွေးတယ်။ ဒီလို ကျွေးတာက သူ့ဆိုင်ရှင်က သဘော မကျဘူး။ သူတို့မကျွေးတာ လူသိမှာ စိုးပုံရတယ်” ဟု ဆိုသည်။ အရွယ်မရောက်ခင် မြို့ကြီးများသို့ သွားရောက်လုပ်ကိုင်ရင်း အရွယ်ရောက်ပြီးနောက် အချို့မှာ နေရပ်သို့ ပြန်ကြသော်လည်း အများစုမှာ နေရပ် သို့ မပြန်ချင်တော့ကြောင်း သိရသည်။ “ကျွန်တော်က မန္တလေးကို ၁၄ နှစ်သားက စရောက်တယ်။ အရင်တုန်းက ရွာဘုရားပွဲဆိုပြန်ပေမယ့် အခု မပြန်တော့ဘူး။ ရွာကခေါင်တယ်။ ရေကရှား၊ မီးကမရှိနဲ့။ ငယ်ငယ်တုန်း က ရွာမှာသစ်ခုတ်နဲ့ လယ်အလုပ်ပဲ လုပ်ခဲ့ရတယ်။ လက်ဖက်ရည်ဆိုင်မှာ ပင်ပန်းတယ်ဆိုတာ ရွာမှာထက်တော့ သက်သာပါတယ်။ ဒီမြို့မှာ ကျွန်တော် တို့နယ်ကနေ လာအလုပ်လုပ်တဲ့သူတွေ အများကြီးပဲ။ အများစုက မိဘတွေ အဆင်မပြေလို့ မြို့တက်လာကြတာ များတယ်”ဟု မြိုင်မြို့နယ်မှ မြို့တက် အလုပ်လုပ်သော လူငယ်တစ်ဦးက ပြောသည်။ ကျေးလက်ဒေသများမှ အရွယ် မရောက်သေးသော ကလေးငယ်များ နေရပ်စွန့်ခွာ အလုပ်လုပ်လာခြင်းနှင့် အတူ အလုပ်သမား ပွဲစားများမှာလည်း တွင်ကျယ်လာကြောင်း သိရသည်။ “အလုပ်သမား ပွဲစားတွေက နယ်ကနေ အလုပ်လိုချင်တဲ့ကလေးတွေကို သူ့အိမ်မှာခေါ်ထားတယ်။ သူ့အိမ်ကနေ အလုပ်သမားလိုအပ်တဲ့ ဆိုင်တွေကို ပို့ပေးတယ်။ သူက ကလေးရဲ့ လုပ်ခတစ်လစာကို ပွဲခ အဖြစ်ယူတယ်။ တချို့ပွဲစားတွေက မှန်မှန်ကန်ကန်လုပ်ပေမယ့် တချို့ကျတော့ ခေါင်းပုံဖြတ်တာတွေ ရှိတယ်။ ကလေးတစ်ယောက်ကို ဆိုင်တစ်ဆိုင် မှာ သွင်းပေးပြီး ပွဲခတစ်လစာယူ၊ တစ်လပြည့်တော့ ကလေးကို ခဏခေါ် သွားဦးမယ်ဆိုပြီး တခြားဆိုင် ပြောင်းထားတာတွေ ရှိတယ်။ ဒီလိုခဏခဏ ပြောင်းရတော့ ကလေးရဲ့ လုပ်အားခ က သူ့ကိုပွဲခတွေချည်းပဲ ပေးနေရသလို ဖြစ်နေတယ်”ဟု မန္တလေးမြို့မှ လက်ဖက်ရည် ဆိုင်ရှင်တစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံလူဦးရေ၏ ရာခိုင်နှုန်းအများစုမှာ ကျေးလက်ဒေသနေ လူတန်းစားဖြစ်ပြီး အရွယ်မရောက် ခင်မှစ၍ နေရပ်စွန့်ခွာမှု များပြားလာခြင်းသည် ရေရှည်တွင် နိုင်ငံအတွက် ဆိုးကျိုးများဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများ ရှိကြောင်းလည်း သိရသည်။ “မြို့နေလူတန်းစားက ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ကိုယ့်သားသမီးကို အတတ်နိုင်ဆုံး ပညာသင်ပေး ကြတယ်။ ကျောင်းစာမဟုတ်တောင် ၀ပ်ရှော့၊ ပန်းရံ၊ လက်သမား စတဲ့ အသက်မွေးဝမ်းကျောင်း ပညာသင်ပေး ကြတယ်။ ပညာသင်ဖို့ အခွင့်အလမ်း လည်းများတယ်။ ကျေးလက်ဒေသမှာ တော့ လယ်ယာလုပ်ငန်းခွင် မကောင်းလို့၊ ပညာသင်ယူဖို့ အခွင့်အရေးနည်း လို့ နီးစပ်ရာမြို့တွေနဲ့ မြို့ကြီးတွေမှာ စားပွဲထိုး၊ အိမ်ဖော်အဖြစ်နဲ့ ရောက်နေကြရတော့ သူတို့တွေရဲ့အဆင့်ဟာ နိမ့်ပြီးရင်း နိမ့်ကျသွားတယ်။ ကျောင်း တက်ရမယ့်အချိန်တွေမှာ လုပ်ငန်းခွင် ထဲ ရောက်နေရတယ်။ ဒီလိုအဖြစ်တွေ များလာမယ်ဆိုရင် နိုင်ငံသား အရည်အသွေးတွေ နိမ့်ကျပြီး နိုင်ငံကလည်း နိမ့်ပါးသွားနိုင်ပါတယ်”ဟု မန္တလေးမြို့ခံ အယ်ဒီတာတစ်ဦးက သုံးသပ်သည်။ သတင်း---Eleven Media Group

မလေးရှားနိုင်ငံ မြန်မာသံရုံးမှ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးနေ

ကျလွန်းထော - မလေးရှားနိုင်ငံတွင် 6P မှတ်ပုံတင် ထားသည့် မြန်မာအလုပ်သမားများ အတွက် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် နိုင်ငံကူးလက် မှတ် ပြုလုပ်ပေးနေပြီဖြစ်ကြောင်း ပတ်စပို့ရရှိပြီး သူများထံမှ သိရသည်။


Passport-Malay
6P အစီအစဉ်ဖြင့်ထုတ်ပေးနေသော မြန်မာနိုင်ငံကူးလက်မှတ် (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )


မလေးရှားအစိုးရ၏ 6P ဟုခေါ်သည့် လွတ်ငြိမ်းချမ်းသာခွင့်အစီအစဉ်တွင် မှတ်ပုံတင်ထားပြီး စာရွက်ရရှိ ထားသူ မြန်မာနိုင်ငံသား အလုပ်သမားများကို အောက်တိုဘာလ ပထမအပါတ်မှစတင်၍မြန်မာနိုင်ငံ အသိမှတ်ပြု ပတ်စပို့ ထုတ်ပေးနေခြင်းဖြစ်သည်။

“တစ်နေ့ကို အယောက် ၁၀၀ လောက်တန်းစီလုပ်နေကြပါတယ်၊ ကိုယ့်နိုင်ငံကပတ်စပို့ရဖို့ သွားလျှောက် ရတာပါ၊ မလေးရှားအစိုးရဘက်ကျတော့ အလုပ်လုပ်ခွင့်ပါမစ်တွေ ထုတ်မပေးသေးဘူး၊ လုပ်ပေးမယ် လို့လည်း သူတို့ကြေငြာထားပြီးသားပါ၊ အခုလောလောဆယ်တော့ ဒီနိုင်ငံမှာတရားမဝင်အလုပ်လုပ်နေတဲ့ နိုင်ငံသားခြားသားတိုင်းကို သက်ဆိုင်တဲ့သံရုံးတွေမှာ ပတ်စပို့သွားလုပ်လို့ရနေပြီ” ဟု မလေးရှားရောက် မွန်တိုင်းရင်းသားကူညီစောင့်ရှောက်ရေးအသင်းမှ နိုင်ကျဲထောက ပြောသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားလိုပါက မိမိဇာတိမြေမှ ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်း၊မှတ်ပုံ တင်မိတ္တူနှင့် ပတ်စပို့ဓါတ်ပုံ ၄ ပုံကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး ပတ်စပို့ (၃) နှစ်သက်တမ်း(၄၈၀) ရင်းဂစ်၊ (၅) နှစ်(၉၀၀) ရင်းဂစ်ခန့် ကုန်ကျသည်ဟု မြန်မာသံရုံးမှပတ်စပို့ရရှိပြီးသူ မင်းခိုင်ဝင်းထံမှသိရသ ည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ ကာလအတွင်းမှာ ပတ်စပို့လုပ်ချင်ရင်လုပ်၊ ဒါမှမဟုတ်နေရပ်ကိုပြန်မယ်ဆို ရင်လည်း ပြန်လို့ရတယ်၊ လွတ်ငြိမ်းချမ်းသာခွင့် သက်တမ်းကုန်သွားလို့ ဘာမှလည်း မလုပ်ရသေးဘူးဆိုရင် အကုန်ဖမ်းမယ်လို့တော့ ကြေငြာထားတယ်” ဟု နိုင်ကျဲထောက ဆက်ပြောသည်။

မလေးရှားအစိုးရဘက်မှ အလုပ်လုပ်ကိုင်ခွင့်ပါမစ် မထုတ်ပေးသေးသော်လည်း 6P လွတ်ငြိမ်းချမ်းသာခွင့် မှတ်ပုံတင်ထားသည့် တရားမဝင်အလုပ်သမား ၁. ၃ သန်းကို ကဏ္ဍ(၅)ခုပါ ထုတ်လုပ်ရေး၊ ခြံလုပ်ငန်း၊ စိုတ်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် လုပ်ငန်း ၁၅ မျိုးခန့်ပါဝင်သည့် လုပ်ငန်းများတွင် တရားမဝင်လုပ်သား များအား ၄င်းလုပ်ငန်းကဏ္ဍများ၌ လုပ်ကိုင်စေမည်ဟု မလေးရှား ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein ၏ပြောကြားချက်ကို မလေးရှားအခြေစိုက်သူရိယသတင်းဂျာနယ်အင်တာနက်သတင်းစာမျက်နှာ တွင် ရေးသားထားသည်။

တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ အတွက် တရားဝင်မှတ်ပုံတင်နိုင်မည့် “6P” အစီအစဉ်ကို ပြည်ထဲရေး ၀န်ကြီးဌာနက ပြီးခဲ့သည့်သြဂုတ်လတစ်လတိတိအတောအတွင်း အကောင်ထည်ဖော်ဆောင်ခဲ့ရာတွင် မှတ်ပုံတင်ခြင်း၊ တရားဝင် အလုပ်လုပ်ခွင့်ပြုခြင်း၊ ခွင့်လွှတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ ဥပဒေစည်းကမ်း အတိုင်း လိုက်နာစေခြင်းနှင့် လျှောက်ထားမှု မပြုလုပ်သော တရားမ၀င် အလုပ်သမားများကိုနေရပ်ရင်းပြန်ပို့ ခြင်း လုပ်ငန်းများပါဝင်သည်။

မလေးရှားနိုင်ငံ မွန်ကယ်ဆယ်ရေးအသင်း၏ စာရင်းကောက်နှတ်ချက်အရ မလေးရှားနိုင်ငံအတွင်းမြန်မာ အလုပ်သမား ၂ သိန်းနီးပါးရှိပြီး ၄င်းတွင် ဒုက္ခသည်စာရင်းဝင် ၈၆၀၀၀ ဦး ရှိသည်ဟု မွန်ကယ်ဆယ်ရေး အသင်း မှ အတွင်းရေးမှု နိုင်ဥက္ကာက ပြောသည်။

မြင်သာ ကညန ရုံးအနီး တက္ကစီ တစ်စီး ပေါက်ကွဲမှုဖြစ်ပွား၊ လူတစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ




ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(မြင်သာ) အနီးတွင်အောက်တိုဘာ၂၅ရက်နေ့ယနေ့ည၇နာရီ၁၀ မိနစ်ဝန်းကျင်ကတောင်ဥက္ကလာဘေလီတံတားဘက်မှသင်္ဃန်းကျွန်း စံပြဈေးဘက်သို့ မောင်းနှင်လာသော တိုယိုတာ ကိုရိုလာ အမျိုးအစား အငှားယာဉ် တက္ကစီတစ်စီး၏ ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံ အောက်မှ အမျိုးအမည် မသိရှိရသေးသော ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ အသက် ၂၅ ဝန်းကျင် အမျိုးသားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခေါင်းခန်းတွင် လိုက်ပါလာသူ အသက် ၄၀ ဝန်းကျင် ခရီးသည် အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားချိန်တွင်ကျယ်လောင်သောပေါက်ကွဲသံကြီးကိုကြားလိုက်ရကြောင်း၊ ကားမှာပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ရှေ့သို့ ပေနှစ်ရာခန့် ဆက်လိမ့်ပြီးမှ စက်ရပ်သွားကြောင်း၊ ထို့နောက် ကားနောက်ခန်းမှ အမျိုးသမီး တစ်ဦးထွက်လာပြီး " လာကြပါဦး၊ ဒါရိုင်ဘာကို ကယ်ကြပါဦး " ဟုအော်ဟစ် အကူအညီ တောင်းခံကြောင်း၊ သို့ဖြစ်၍ အကူအညီ ပေးရန် သွားရောက်ရာတွင် ယာဉ်မောင်းဖြစ်သူမှာ ထိုင်လျက်အနေအထားဖြင့်ပင်ပွဲချင်းပြီးသေဆုံးနေကြောင်း၊ယာဉ်မောင်း၏ဘေး ကပ်လျက်ခုံတွင်ထိုင်နေသူခရီးသည် အမျိုးသားမှာ မျက်နှာတစ်ခုလုံး သွေးများ ပေကျံလျက် မေ့မျောနေပြီး ၎င်းဝတ်ဆင်ထားသော လုံချည်မှာ ဇကာပေါက်သဖွယ်ဖြစ်၍နေသည်ကိုတွေ့ရှိရကြောင်း၊ပေါက်ကွဲမှုဖြစ်ပွားပြီးချိန်တွင်ကားမှာ အချက်ပြမီးများ ပွင့်လျက်ရှိပြီး နောက်ခန်းတွင် တပ်ဆင်ထားသည့် CNG ဓာတ်ငွေ့အိုးမှာလည်း အကောင်းပကတိ အနေအထားအတိုင်းတွေ့ရှိရကြောင်းအဆိုပါဖြစ်စဉ်ကိုမျက်မြင်တွေ့ကြုံခဲ့ရပြီးသွားရောက် အကူအညီပေးခဲ့သူအသက်၃၅နှစ်ဝန်းကျင်ရှိအမျိုးသားတစ်ဦးကThe Voice Weekly သို့ ပြောကြားသည်။

အဆိုပါပေါက်ကွဲမှုဖြစ်စဉ်မှာဗုံးပေါက်ကွဲမှုဖြစ်သည်ဟုမှန်းဆပြောဆိုမှုများ ရှိနေပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မော်တော်ယာဉ်ကို ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သက်ဆိုင်ရာမှ ကရိန်းကားဖြင့်လာရောက်တင်ဆောင်သွားခဲ့သည်။အခင်းဖြစ်ပွားရာနေရာသို့မြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီး၍ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly အကြီးတန်း သတင်းထောက် တစ်ဦးက သတင်းပေးပို့သည်။

အတည်မပြုနိုင်သောသတင်းတစ်ရပ်အရ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ခရီးသည် အမျိုးသားမှာလည်း ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ထပ်မံသိရှိရသည်။
သတင်း...The Voice Weekly

တရုတ်အာဏာရှင်အစိုးရ ဒေါ်အောင်ဆန်းစုကြည် အကြောင်းရိုက်ကူးထားတဲ့ “The Lady” ရုပ်ရှင်ကို ဘာကြောင့်မပြတာလဲ...


ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ “The Lady” ရုပ်ရှင်နဲ့  ပတ်သက်တဲ့ သတင်းတွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင် နမူနာပြကွက်တွေ မှန်သမျှနဲ့  ရုပ်ရှင်ကို တရုတ်နိုင်ငံမှာ လုံးဝ တားမြစ်ပိတ်ပင်ကြောင်း သိရှိရပါတယ်။

တရုတ်နိုင်ငံသား နာမည်ကျော် ဘလော့တစ်ဦးဖြစ်သူ “Koara” ပြောပြတာကတော့ - The Lady ရုပ်ရှင်နဲ့  ပတ်သက်တဲ့ သတင်းတွေ၊ ကြော်ငြာတွေ၊ ရုပ်ရှင် နမူနာပြကွက်တွေ မှန်သမျှ တရုတ်နိုင်ငံမှာ လုံးဝ ခွင့်မပြုကြောင်း၊ တရုတ်နိုင်ငံက တားမြစ်ထားတဲ့ စည်းမျဉ်းစည်ကမ်းတွေနဲ့  မညီသောချိုးဖောက်မှုတွေပါလို့  တရုတ်အစိုးရကနေ တားမြစ်ပိတ်ပင်ထားကြောင်း သိရှိရပါတယ်။တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ က ရှေ့ နေတစ်ဦးဖြစ်သူ “Li Tiantian” က သုံးသပ်တာကတော့ တရုတ်အာဏာရှင်အစိုးရဟာ အမြဲတမ်း ဒီလိုမျိုးဟာတွေကို ကြောက်ရွံ့ နေတတ်ပါတယ်တဲ့၊ သူတို့ မှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဖူး၊ ကြောက်ရွံ့ နေတာဘဲ ဖြစ်တယ်၊ ဒီ ရုပ်ရှင်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဖြစ်တယ် ဒီလို ဖြစ်ရပ်မှန်အကြောင်းအရာမျိုးကို တရုတ်အာဏာရှင်အစိုးရက ကြောက်ရွံ့ တာ ဖြစ်တယ်လို့  ပြောဆိုပါတယ်။ ထပ်မံပြီး အဆိုပါ တရုတ်ရှေ့ နေက ပြောတာကတော့ တရုတ်အာဏာရှင်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကို ကြောက်ရွံ့ နေတာ ဖြစ်တယ်လို့  သူ့ အနေနဲ့  ယုံကြည်ကြောင်း ပြောပြသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်တောင် ကြောက်တတ်နေကြတယ် ဆိုရင် မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ လူချင်းတွေ့ ရမယ်ဆိုရင် တရုတ်အာဏာရှင်အစိုးရ ကြောက်လွန်းအားကြီးလို့  ချက်ချင်း လဲသေသွားနိုင်လောက်ပါတယ်။

တရုတ်အာဏာရှင်အစိုးရကတော့ ကြောက်လို့  တရုတ်နိုင်ငံတွင်းမှာ “The Lady” ရုပ်ရှင်ကို ပြဖို့ နေနေသာ သတင်း ကြော်ငြာ နမူနာတောင် တားမြစ်ပိတ်ပင်တယ်၊ မြန်မာပြည်မှာရော ပြရဲပါ့မလားဆိုတာ သိချင်ပါတယ်။

ပြန်လည်ဝေမျှပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

တောင်ကိုရီးယား နှင့်မဲခေါင်ဒေသ စီးပွားရေးပိုမိုပူးပေါင်းဆောင်ရွက်မည်



                                                                                                    ကီလိုမီတာ၄၈၀၀ရှည်လျှားသောမဲခေါင်မြစ်


တောင်ကိုရီးယားနိုင်ငံခြားရေးဌာနအနေဖြင့်မဲခေါင်ဒေသ၅နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက် ရန်အတွက်နိုင်ငံခြားရေးဝန်ကြီးများအဆင့်ဆွေးနွေးပွဲတစ်ရပ်ကိုကျင်းပမယ်လို. တရားဝင်ကြေငြာချက်ထုတ်ပြန်ပါတယ်။မြန်မာ၊ကမ္ဘောဒီယား၊ထိုင်း၊ဗီယမ်နမ်နဲ. လာအိုနိုင်ငံတွေပါဝင်မှာဖြစ်ပြီးစီးပွားရေးနဲ.ဖွံ.ဖြိုးရေးကိစ္စများအဓိက ထားဆွေးနွေးမယ်လို.သတင်းမှာဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းကဟနွိုင်မှာကျင်းပတဲ့ခေါင်းဆောင်များအဆင့် အရှေ.တောင်အာရှနိုင်ငံများအစည်းအဝေးမှာသမ္မတလီမြောင်ဘက်ကအဆိုပြု တင်ပြခဲ့တာဖြစ်တယ်လို.ဆိုပါတယ်။တောင်ကိုရီးယားဟာမဲခေါင်ဒေသနဲ. စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို. နိုင်ငံခြားရေး ၀န်ကြီးများအ ဆင့်အစည်းဝေးမှာ တင်ပြသွားမှာဖြစ်ပါတယ်။

မဲခေါင်မြစ်ဟာကီလိုမီတာ၄၈၀၀ကျော်ရှည်လျှားပြီးတရုတ်နိုင်ငံတွင်းကစတင်မြစ်ဖျားခံစီးဆင်းတာဖြစ်ပါ တယ်။ ရေအားလျှပ်စစ် ထုပ်လုပ်မှု နဲ. အခြား ရေအရင်းအမြစ်များ အတွက် အရေးပါတဲ့ မြစ်တစ်ခုဖြစ်ပြီး မဲခေါင်ဒေသဟာလည်းတစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာနေတဲ့အတွက်နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကို ရရှိနေ တာဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ.မဲခေါင်ဒေသ၅နိုင်ငံတို.ဟာပြီးခဲ့တဲ့နှစ်မှာကုန်သွယ်မှု၂၅ဘီလီယံအထိရှိခဲ့ပြီး ၁၉၉၀ခုနှစ်ကကုန်သွယ်မှု၁.၅ဘီလီယံထက်စာရင်အဆများစွာ တိုးတက်လာတယ်လို. တောင်ကိုရီးယား နိုင်ငံခြားနေရေးဌာနမှ ထုတ်ပြန်ပါတယ်။

မဲခေါင်မြစ်အတွင်းမှာမြန်မာအပါအ၀င်နိုင်ငံအားလုံးတို.က ရေအားလျှပ်စစ် ထုတ်ယူဖို့အတွက် လုပ်ဆောင် လျှက်ရှိပြီး မြစ်ရဲ့ အထက်ပိုင်းမှာ မီဂါဝပ် ၂၈၉၃၀ ထုပ်လုပ်နိုင်မယ်လို.ခန်.မှန်းပြီး မြစ်အောက် ပိုင်းမှာတော့ မီဂါဝပ် ၃၀ ၀၀၀ လျှပ်စစ်ဓါတ်အားထုတ်ယူနိုင်မယ်လို.ခန်.မှန်းထားပါတယ်

(မြန်မာ နဲ. လာအို နိုင်ငံတို.ရဲ့နယ်နမိတ်အဖြစ် မဲခေါင်မြစ်ကိုတွေ.မြင်ရမှာဖြစ်ပါတယ်)

လူသားတဦးမှန်လျှင်

မှစာသားမလိုဘူးလို့နာမည်တတ်ထားတဲ့ emailထဲကဓါတ်ပုံဖြစ်ပါတယ်။ လောကမှလူသားတိုင်း၊အကြင်နာတရား၊
ကြင်နာသနားတတ်တဲ့စိတ် ရှိတယ်ဆိုယင်ပေါ့၊
မြန်မာပြည်ထဲက တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့သူတွေရဲ့လက်အောက်မှာ
လူသားပေါင်းများစွာရဲ့ဘဝတွေပေးဆပ်ထားရပါတယ်။လွတ်လပ်မှု့နဲ့ အသက်ရှင်ရပ်တည်ခွင့်ကို မှန်ကန်စွာမရရှိပါဘူး။တိုင်းပြည်ထဲမှာ လူတွေရဲ့ဘဝပေါင်းများစွာဟာဓါတ်ပုံထဲက ခွေးလေးတစ်ကောင်
လိုကိုယ့်အသက်ရှင်ရေးအတွက် ကယ်မယ့်သူတွေ့ရှိရေးအတွက်ကူးခတ်နေရသလို ..
  သို့သော်လည်း ခွေးလေးဘဝဟာ အသက်ရှင်လျှက်သခင်ထံပြန်ရောက်ခဲ့တယ်။
ကြင်နာတတ်တဲ့ အသက်စွန့် ကယ်တင်ခဲ့သူကြောင့် ဘဝကိုဆက်ခွင့်ရခဲ့တယ်။
                          မြန်မာပြည်ကြီးကို ကယ်တင်မဲ့သူမိမိအသက်ဘဝကို အနစ်နာခံပေးဆပ်မဲ့သူ
ရှိနေပါတယ်။ အင်အားနှစ်ဖက်ကိုပေါင်းစပ်ပြီးကယ်မဲ့သူကလည်းသူအားရှိသရွေ့ အားစိုက်နေချိန်၊ကိုယ်
ကလည်း အားရှိသရွေ့ ကယ်သူ ထံရောက်အောင်ကူးခတ်ဖို့လိုပါတယ်။
                       ဒါမှလည်း အပေးအယူမျှတတဲ့ အားစိုက်ထုတ်ကြိုးစားမှု့ ရလဒ်ဟာ
အောင်မြင်မှု့ပါ။ ဖေါ်ပြပါဓါတ်ပုံကို အစဉ်အတိုင်းလေးကြည့်ပြီးမိမိကိုယ်တိုင်နားလည်သလို
အဓိပ္ပါယ်ဖေါ်ထုတ်နိုင်ပါတယ်။အင်မတန် သဘာဝကျပြီး လူသားရဲ့အကြင်နာနှလုံးသား-မှန်ကန်တဲ့
ဆုံးဖြတ်ချက်နဲ့လေးစားစရာပါပဲ။(ပြည်သူ့အော်သံ)



told_in_pics_02.jpg

told_in_pics_03.jpg

told_in_pics_04.jpg

told_in_pics_05.jpg

told_in_pics_06.jpg

told_in_pics_07.jpg

told_in_pics_08.jpg

told_in_pics_09.jpg

told_in_pics_10.jpg

told_in_pics_11.jpg

told_in_pics_12.jpg

told_in_pics_13.jpg

told_in_pics_14.jpg

told_in_pics_15.jpg

Tuesday, October 25, 2011

ရခိုင်တွင် မုန်တိုင်းကြောင့် ထောင်ချီသော စိုက်ခင်းများ ပျက်စီးကာ လူသေဆုံးမူလည်း ရှိခဲ့

ရခိုင်ပြည်နယ်အတွင်း အောက်တိုဘာလ ၁၉ ရက် နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် မိုးကြီးပြီး ရေလျှံသဖြင့် ထောင်ချီသော စပါး စိုက်ခင်းများ ပျက်စီးကာ လူအသေအပျောက်များ လည်းရှိ ကြောင်း သတင်း ရရှိသည်။
မုန်တိုင်း တိုက်ခတ် အပြီး အောက်တိုဘာလ ၂၀ ရက်နေ့က လေးမြို့မြစ်ရေ လျှံတက်လာပြီး မှည့်စပြုနေပြီ ဖြစ်သော ထောင်ချီသော စပါးစိုက်ခင်းများကို ဖုံးလွှမ်း သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

" မင်းပြားမြို့နယ်က ပန်းမြောင်းကြီးချောင်း တလျှောက်နဲ့ ဖုံသာချောင်း တလျှောက် စပါး စိုက်ခင်းတွေ အကြီးအကျယ် ပျက်စီးသွားခဲ့ပါတယ်။ ဖုံသာချောင်းနဲ့ အနီးတ၀ိုက်မှာ ဆိုရင် ဧက ၅၀၀၀ လောက် ရေနစ် ခံခဲ့ရတဲ့ အတွက် စပါး စိုက်တွေ အကုန်လုံး ပျက်စီး ကုန်ပါတယ်" ဟု ဒေသခံ ရွာသား တစ်ဦး ကပြောသည်။

တခြား လေးမြို့ မြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းတွင် တည်ရှိသော စပါးစိုက်ခင်း အများ အပြားလည်းပျက်စီး သွားကြောင်း သိရသည်။

ပန်းမြောင်းမြို့ အထက် လေးမြို့မြစ် ချောင်းဖျားတွင် အနည်းဆုံး လူပေါင်း ၁၀ ကျော် သေဆုံးခဲ့သည်ဟု ပန်းမြောင်းဈေးမှ ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

" ရေတွေ ပေါက်ကျလာတဲ့ အတွက် လေးမြို့မြစ် အထက်ပိုင်း လူးချောင်း၊ ၀က်ချောင်း၊ ရွှေလောင်ချောင်း ဘက်မှာ လူပေါင်း ၁၀ ကျော် သေဆုံးတယ်လို့ ကြားရပါတယ်။ အဲဒီနေ့က မိုးက အရမ်းရွာပြီး ရေတွေ လျှံတက်လာတဲ့ အတွက် ရေတွေထဲ ပါသွားပြီ လူတွေသေသွားတာ ဖြစ်ပါတယ်။ အလောင်း နှစ်လောင်း သုံးလောင်းတောင် အောက်ဘက်ထိ မျှောပါလာတာကို တွေ့ရပါတယ်" ဟု ပြောသည်။

ပန်းမြောင်းဘက်တွင် စပါးစိုက်ခင်းများ အကြီးအကျယ် မပျက်စီးသော်လည်း ကိုင်းခင်းများ ပျက်စီးသွားသဖြင့် တောင်သူများ အထူး အခက်အခဲ ဖြစ်နေကြရသည်ဟု သူက ဆက်ပြောသည်။

" ကျွန်တော်တို့ဘက်မှာတော့ မြစ်ရေ ပေါက်ကျလာတဲ့ ကိုင်းခင်းတွေ တော်တော် ပျက်စီး သွားပါတယ်။ စိုက်ထားတဲ့ မြေပဲ၊ ငရုတ်၊ နှမ်း၊ ၀ါစတဲ့ စိုက်ခင်းတွေ အကုန်လုံး ရွှံ့နွံတွေ နစ်သွားခဲ့ပါတယ်။ လုံးဝပျက်စီး သွားတဲ့ အတွက် ကိုင်းသမားများ အထူးနစ်နာသွားပါတယ်" ဟု သူက ပြောသည်။

အလားတူ မင်းပြားမြို့နယ် တောင်ပိုင်းတွင် တည်ရှိသော မင်းတပ်၊ ညောင်ခြုံ၊ ကွမ်းချောင်းနှင့် ဥသတောင် စသည့် ကျေးရွာများတွင်လည်း မှည့်စပြုသော စပါး စိုက် ဧက ၁၀၀ ကျော်ခန့်ကို ရွှံ့နွံ များဖုံးလွှမ်းသွား သဖြင့် ပျက်စီးသွားကြောင်း ကျောင်းထိုင်ဆရာတော် တစ်ပါးက မိန့်ကြားသည်။

" မုန်တိုင်းနဲ့ မိုးရွာတော့ တောင်က မြေတွေပါ ပြိုကျပြီး စပါး စိုက်ခင်းတွေကို ဖုံးလွှမ်းသွားတာ။တချို့နေရာ တွေမှာ ဆိုရင် စပါးသီးတွေ အကုန်လုံး ကြွေကျသွားခဲ့တယ်။ လူတွေက အကုန်လုံး ဒုက္ခ ဖြစ်နေတယ်။ အစိုးရပိုင်းက ကူညီတာ ဘာမှ မရှိသေးဘူး။ ရွာသားတွေတော့ ရခိုင်ပါတီဆီ စာတင်ထားပါတယ်" ဟု ဆရာတော် မိန်းကြားသည်။

ယခုကဲ့သို့ ရေကြီးပြီး စိုက်ခင်းများ ပျက်စီးသွားသော်လည်း အာဏာပိုင်များက တစုံတရာ လာရောက် စစ်ဆေးခြင်း၊ မေးမြန်းခြင်းးများ မရှိသေးကြောင်း သိရသည်။ မုန်တိုင်းငယ်သညည် ရခိုင်ပြည်နယ် မြောက်ပိုင်း ကို အောက်တိုဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ၀င်ရောက် ဖြတ်ကျော်စဉ် မိုးသည်းထန်စွာ ရွာသွန်းပြီး လေးမြို့ မြစ်ရေ မကြုံစဖူး လျှံတက်ခဲ့ကြောင်း သိရသည်။

ဒေါ်စုနှင့် အမေရိကန် ကိုယ်စားလှယ် တွေ့

 မြန်မာနိုင်ငံသို့နှစ်ရက် ကြာ ရောက်ရှိနေသော အမေရိကန်အစိုးရ အထူး ကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အင်္ဂါနေ့ နေ့လည်က တွေ့ဆုံ ခဲ့ကြသည်။
ရန်ကုန်မြို့ရှိ အမေရိကန် ဒုသံအမတ်ကြီးနေအိမ်တွင် မွန်းလွဲ နှစ်နာရီမှစတင်ကာ မိနစ် ၉ဝ ကြာ ဆွေးနွေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

“ဟုတ်ပါတယ်။ ကျနော့်အနေနဲ့ကတော့ တွေ့ဆုံတာမှန်ကြောင်း ထုတ်ပြန်ဖို့ပါပဲ။ တခြားထုတ်ပြန်စရာကျနော့် မှာ မရှိပါဘူး” ဟု ပြောသည်။

dasskanddelmischel
အမေရိကန် အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပထမအကြိမ်တွေ့ဆုံစဉ် (ဓါတ်ပုံ မဇ္ဈိမ)
ဤဆွေးနွေးမှုနဲ့ပါတ်သက်၍ သတင်းရယူရန် ပြည်တွင်း၊ ပြည်ပ သတင်းသမားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် သွားရောက် စောင့်ဆိုင်းခဲ့သော်လည်း တွေ့ဆုံမှုနှင့် ပတ်သတ်၍ ထုတ်ပြန်ချက်၊ မှတ်ချက် ပေးခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့တားမြစ်မှုများ ရုတ်သိမ်းရန် အချိန် မကျသေးကြောင်း
ဒေါ်အောင်ဆန်းစုကြည် က Wall Street Journal အား ပြောကြားလိုက်ပြီး နောက်တရက်အကြာတွင် မစ္စတာမစ်ချဲလ် မြန်မာနိုင်ငံသို့ တိုက်ဆိုင်စွာ ရောက်ရှိလာခြင်းဖြစ်သည်။

အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူးအဖြစ် မစ္စတာ ဒဲရက်ခ် ဂျေ မစ်ချဲလ် Derek J. Mitchell စက်တင်္ဘာလအတွင်းက ပထမအကြိမ် လာရောက်ခဲ့စဉ်က NLD ခေါင်းဆောင်များအပြင် အခြား နိုင်ငံရေး အင်အားစုများနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ယခုကသုတ် ကရက် ခရီးစဉ်တွင်တွေ့ဆုံ နိုင်ခြင်းမရှိခဲ့ပေ။

မကြာမီက လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများကလည်း မစ္စတာ ဒဲရစ်မစ်ချဲလ်ထံ လိပ်မူ၍ အမေရိကန် သံရုံးမှတဆင့် စာတစောင် ရေးသားပေးပို့ခဲ့သေးသည်။

အင်္ဂါနေ့ နံနက်က ပေးပို့လိုက်သောစာတွင် အဓိကအားဖြင့် တောင်းဆိုချက် သုံးချက် ပါဝင်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်သည့် စမ်းချောင်းကိုကိုကြီးက မဇ္ဈိမကို ပြောသည်။

“ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံး ပြန်လည် လွတ်မြောက်စေရန်၊ တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင်နေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကြေညာပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအပြင် တိုင်းရင်းသားကိုယ်စားလှယ်များ အားလုံး၊ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်ဆိုတဲ့ အချက်သုံးချက်” ဟု ပြောသည်။

အောက်တိုဘာ ၁၂ ရက်နေ့က လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၂၃၄ ယောက် အနက် အချိန် အခက်အခဲကြောင့် ၅၅ ယောက်သာ ပါဝင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။

ဤတောင်းဆိုချက်များအား အမေရိကန် ကိုယ်စားလှယ်ထံသို့ ပေးပို့ရသည့် အကြောင်းနှင့် ပတ်သက်၍ ကိုကိုကြီး က “လက်ရှိတိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းချင်တယ်၊ နိုင်ငံတကာအသိုင်း အဝိုင်းကို ဝင်ဆံ့ချင် တယ် ဆိုရင် ခုနပြောတဲ့ အချက် သုံးချက်က မဖြစ်မနေ ဖြေရှင်းရမှာပါ။ အဲဒီထဲကမှ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆိုတဲ့အချက်ကို မပြေလည်ဘဲနဲ့ နိုင်ငံရေးပြဿနာ ပြေလည်မယ်လို့ ကျနော်တို့က မယူဆပါဘူး။ အဲဒီအတွက် ဒီအစိုးရကိုရော၊ ဒီအစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်နေတဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ကိုရော တိုက်တွန်းတောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

ဒဲရစ်မစ်ချဲလ်သည် ၎င်း၏ နှစ်ရက်ကြာ ဒုတိယ ခရီးစဉ်အတွင်း နေပြည်တော်ရှိ အစိုးရ အရာရှိများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ခရီးစဉ်အတွင်း ဆွေးနွေးမည့် အကြောင်းအရာများ အနက် နိုင်ငံရေးအကျဉ်းသား များ ထပ်မံ လွှတ်ပေးရေး ဖိအားပေးသွားရန်နှင့် လူမျိုးစု ဒေသများအတွင်း စစ်မက်ဖြစ်ပွားမှု ကိစ္စများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးတွင် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသား ၃၇ ယောက်အနက် ၎င်းအပါအဝင် ခုနှစ်ယောက်သာ လွတ်မြောက်လာသေးကြောင်း ကိုကိုကြီးက ပြောဆိုသည်။

ထို့ပြင် နိုင်ငံရေး အကျဉ်းသား ၁၈ဝဝ ခန့် ကျန်ရှိနေသေးပြီး ၎င်းအနက် ၁၂၂ ဦးမှာ ကျန်းမာရေး အခြေအနေ ဆိုးရွား လျက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရောက်ရေးအသင်း AAPP မှတ်တမ်းများတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်မှ လျှက်တပျက်ဂျာနယ် နဲ့ ဦးအောင်ဆန်းဦး ကို တရားစွဲဆိုပြီ


တရားစွဲဆိုရခြင်း၏ အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏အစ်ကို ဦးအောင်ဆန်းဦးတို့ ရင်ဆိုင်လျှက်ရှိသော တရားမအမှုကို မော်နီတာဂျာနယ်တွင် မမှန်မကန် ရေးသား ဖော်ပြခဲ့သောကြောင့်ဟု သိရှိရပြီး၊ (၆၄)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားသို့  တက်ရောက်ရန် မြန်မာပြည်သို့ ရောက်ရှိနေသော လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သားကြီးဦးအောင်ဆန်းဦးအား မော်နီတာဂျာနယ်၊ လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ်မြတ်ခိုင်မှ အင်တာဗျူးမေးမြန်းရာတွင် လက်ရှိ ရင်ဆိုင်လျှက်ရှိသော တရားမအမှုမှာ ဦးအောင်ဆန်းဦးဘက်မှ အနိုင်ရဖွယ်ရှိသည်ဟု အဓိပ္ပါယ်ရသော အဖြေကို ဦးအောင်ဆန်းဦးမှ ဖြေကြားခဲ့ပြီး၊မော်နီတာဂျာနယ်တာဝန်ခံ အယ်ဒီတာဖြစ်သော မြတ်ခိုင်မှဂျာနယ်တွင် ထည့်သွင်းရေးသား ဖော်ပြခဲ့ပါသည်...။
သို့ရာတွင် တာဝန်ခံအယ်ဒီတာ ဖြစ်သောမြတ်ခိုင်မှ ယင်းကိစ္စမှာ မိမိနှင့်လုံးဝ မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့ပြီး ၊ဒေါ်အောင်ဆန်းစုကြည်အား သူမ၏နေအိမ်တွင် သွားရောက် တောင်းပန်ခဲ့ကြောင်း သိရှိရပါသည်။ တရားရုံး၏ အဆုံးအဖြတ် အမိန့်ချမှတ်ခြင်း မရှိသေးသော အမှုကို ကြိုတင်ခန့်မှန်း ရေးသားပြောဆိုခဲ့ကြသော ဦးအောင်ဆန်းဦး၊ မော်နီတာဂျာနယ် ထုတ်ဝေသူ ပန်းချီလှမြင့်ဆွေ(ခ) ဗိုလ်ကြီးလှမြင့်ဆွေ(စည်ပင်)နှင့် မော်နီတာဂျာနယ် ၊လျှပ်တပြက်ဂျာနယ် အယ်ဒီတာမြတ်ခိုင်တို့အား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ကြောင်း သိရှိရပါသည်။ ယင်းအမှုကို ၂၀၁၁ခု ၊ အောက်တိုဘာလ(၂၇)ရက်နေ့၊ နံနက်(၁၀)နာရီတွင် လက်ခံရန်သင့်၊ မသင့်ကြားနာမည်ဟု သိရှိရပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်မည်ဟု  သိရှိရပါသည်။

ပြည်သူ့သတင်းထောက်... 
သတင်း---ဒီမိုဝေယံ

ပဲခူးတိုင်းအတွင်းရှိထောင်များသို့ ဇာဂနာ သွားရောက်

ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၄၊ ၂၀၁၁
သာယာဝတီထောင်ရောက် ဇာဂနာနှင့်မိတ်ဆွေများ


ဇာဂနာနှင့် မိတ်ဆွေများက ပဲခူးတိုင်းအတွင်းရှိထောင်များသို့ ယမန်နေ့က သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားတို့အတွက် အလှူအတန်းများ ပြုလုပ်ခဲ့ကြကြောင်း ဇာဂနာfacebook တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။


"သာယာဝတီ.ထောင်ပိုင်ကြီး နဲ့ တွေ့ ပြီး.ပါဆယ်၊ ပိုက်ဆံ နဲ့ ဂျာနယ်တွေ..အပ်တာပါ..။အရမ်အဆင်ပြေပြီး..အရမ်းဖော်ရွေလို့ ..အထူးကျေးဇူးတင်ပါတယ်..။နိုင်ငံရေးအကျဉ်းသား (၃၄)ယောက်အတွက်..ပိုက်ဆံ ၃သိန်း ၄သောင်း နှင့် ဂျာနယ်(၈၁)စောင်၊ အထွေထွေ စာအုပ်(၃၄)အုပ်လှူခဲ့ပါတယ်..။သာဓုခေါ်ကြပါခင်မျာ.." ဟု ဇာဂနာက ရေးထားသည်။

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် စောသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ဧရာဝတီ on October 25, 2011

အမေရိကန် နိုင်ငံ အပါ အဝင် အနောက် နိုင်ငံ များ၏ ဒဏ် ခတ်ပိတ်ဆို့ မှုများ မရုပ် သိမ်းမီ မြန်မာ အစိုးရ အနေဖြင့် အပြောင်း အလဲ များစွာ လုပ်ရန် လိုသေးကြောင်း မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က The Wall Street Journal သတင်းစာနှင့် တွေ့ဆုံ မေးမြန်း ခန်းတွင် ပြောဆို လိုက်သည်။

ယနေ့ထုတ် အဆိုပါ သတင်းစာတွင် ပါရှိသည့် တွေ့ဆုံမေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက် ဆီလင်း ဖာနန်ဒတ်ဇ်အား မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် စောသေးသည်ဟု ပြောရသည့် အချက်နှစ်ချက် ရှိကြောင်း ပြောသည်။