Wednesday, November 2, 2011

ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်ခြင်း​ တနှစ်ပြည့်​ မီဒီယာ​တွေ့​ဆုံပွဲလုပ်မည်

  November 1, 2011 by ရွှေအောင်   ·
ဒေါ် ​အောင်ဆန်း​စုကြည် လွတ်​မြောက်တာ တနှစ်ပြည့်​အထိမ်း​အမှတ်အ​နေနဲ့​ ပြည်တွင်း​ပြည်ပမီဒီယာ​တွေကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဖိတ်ကြား​လိုက်ပါတယ်။
အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က “တနှစ်ပြည့်​တဲ့​ အထိမ်း​အမှတ်နဲ့​ ပြည်တွင်း​ပြည်ပ သတင်း​စာဆရာများ​ အား​လုံး​ကို သတင်း​စာရှင်း​လင်း​ပွဲတခု ပြုလုပ်ပါ့​မယ်။ ပြည်တွင်း​ဂျာနယ်အသီး​သီး​က သတင်း​ထောက်များ​အာလုံး​၊​ ထို့​အတူပဲ မြန်မာနိုင်ငံအ​ခြေစိုက် ပြည်ပမီဒီယာများ​က သတင်း​ထောက်များ​အား​လုံး​ကို ဖိတ်ကြား​ပါတယ်။ ဖိတ်ကြား​မှုလည်း​ လုပ်ပါ့​မယ်။ အခုကတည်း​က တခါတည်း​ ဖိတ်လိုက်ပါရ​စေ။ အဲဒီ​နောက်ပိုင်း​ အလွန်အလုပ်များ​တဲ့​အတွက်​ကြောင့်​ အခြား​အ​ရေး​ကြီး​တဲ့​ လုပ်ငန်း​တာဝန်​တွေလည်း​ ထမ်း​ဆောင်ရမှာ ဖြစ်တဲ့​အတွက်​ကြောင့်​ ​ပြောရမယ်ဆိုရင် ၂၀၁၁ ခုနှစ် အတွင်း​မှာ​တော့​ဖြစ်ရင် ​နောက်ထပ် သတင်း​စာရှင်း​လင်း​ပွဲ​တွေ လုပ်နိုင်မှာမဟုတ်ပါဘူး​။ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ အ​နေနဲ့​ လုပ်နိုင်ဖို့​အခွင့်​အလမ်း​ အချိန်သိပ်​ပေး​နိုင်မှာ မဟုတ်​တော့​ပါဘူး​။ ဒါ​ကြောင့်​မို့​လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​တွေ့​ဆုံ​မေး​မြန်း​ချင်တယ်ဆိုတဲ့​ ပြည်တွင်း​ပြည်ပ သတင်း​ထောက်များ​အား​လုံး​လည်း​ အဲဒီ​နေ့​ တ​ပေါင်း​တည်း​ ကြွကြပါလို့​ ဖိတ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
လာမယ့်​ နိုဝင်ဘာ ၁၄ ရက်​နေ့​ ရန်ကုန် ​ရွှေဂုံတိုင် အဖွဲ့​ချုပ်ရုံး​မှာ မီဒီယာ​တွေ့​ဆုံပွဲ လုပ်မှာဖြစ်ပြီး​ အန်အယ်လ်ဒီ မှတ်ပုံတင်မတင် ​ကြေညာမယ့်​ပွဲလို့​ ​ပြောဆို​နေတာ​တွေဟာ မမှန်ဘူး​လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ရိုဟင်ဂျာများမြန်မာပြည်မြေနေရာရဖို့ ဘယ်လိုလုပ်ဆောင်နေသနည်း


  ဒေါ်အောင်ဆန်းစုကြည်ထံ လီဆယ်ပြီးကုလားအသနားခံနည်းနဲ့ရိုဟင်ဂျာအမည်တပ် ဘင်္ဂလီများ ရခိုင်ဒေသအား နေထိုင်ခွင့်၊အခွင့်ရရန်တောင်းဆိုမှု့များနှင့်

မြှေက်ပင့်ပေးထားသောအိတ်ဖွင့်ပေးစာ။ခွတ်ဒေါင်းအလံ

အားလခြမ်းကုလားအမှတ်အသားနှင့်တွဲပြီးရိုဟင်ဂျာအဖွဲ့

အမှတ်အသားအလံပြုလုပ်။

 

  အောက်တွင် ရိုဟင်ဂျာဟုအမည်နာမ တတ်ထားသော ဘင်္ဂလီများမှဒေါ်အောင်ဆန်းစုကြည်ထံပေးပို့ထားသောစာဖြစ်ပါတယ်။

လွတ်လပ်သော ရိုဟင်ဂျာ လှုပ်ရှားမှုအဖွဲ့ မှဒေါ်အောင်ဆန်းစုကြည် သို့ အိတ်ဖွင့်ပေးစာ







သို့/-
ဒေါ်အောင်ဆန်းစုကြည်
အထွေထွေ အတွင်းရေးမှူးချုပ်၊
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊
ရန်ကုန်မြို့။
ရက်စွဲ့။         ။အောက်တိုဘာ (၁)၊ ၂၀၁၁ ခုနှစ်။
စာအမှတ်။      ။ Ref : frc‐rec 04/03/2011


ဒီမိုကရေစီ သူရဲကောင်း၊ အမျိုးသား ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား… မင်္ဂလာအပေါင်းနဲ့ ခညောင်းနိုင်ပါစေဟု နုတ်ခွန်းဆက်သလိုက်ပါသည်။

ကျွန်တော်များ လွတ်လပ်သော ရိုဟင်ဂျာ လှုပ်ရှားမှုအဖွဲ့မှ အောက်ပါအတိုင်း စာရေး တောင်းဆိုလိုက်ပါသည်။


မြန်မာနိုင်ငံတွင် ပြည်သူများဖက်မှ မားမားမတ်မတ် ရပ်တည်ကာ စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရေးနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ကာလကြာရှည်စွာ အနစ်နာခံ တိုက်ပွဲဝင်လျက် ရှိသည့် ဒေါ်အောင်ဆန်း စုကြည် ကဲ့သို့ ခေါင်းဆောင်ကောင်း၊ သူရဲကောင်းတစ်ဦး ရှိနေသည့်အတွက် မိမိတို့ အလွန်ကံကောင်းသည်ဟု ခံယူပါသည်။ ထို့အပြင် ထိုကဲ့သို့ ထူးချွန် ပြောင်မြောက် သည့် ခေါင်းဆောင် ရှိသော မြန်မာ့မြေပေါ်တွင် ရိုဟင်ဂျာ အမျိုးသားများ ဖြစ်ရသည် အတွက်လည်း ၀မ်းမြောက်၊ ဂုဏ်ယူမဆုံး ဖြစ်နေပါသည်။


ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တိုက်ပွဲတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ကျွန်တော်များ အဖွဲ့ အစည်းမှ လုံးဝထောက်ခံပြီး၊ ဤတိုက်ပွဲတွင် ရိုဟင်ဂျာ တစ်မျိုးသား လုံးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တသွေး တသားတည်း ဖြစ်ပါကြောင်း၊ ထို့အပြင်၊ မိမိတို့ အနေဖြင့် ဤဒီမိုကရေစီ တိုက်ပွဲတွင် ကျရာတာဝန်နှင့် ၀တ္တရားများကို ကျေပြွန်စွာ ထမ်းဆောင်ရင်း ကျွန်ုပ်တို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ရှေ့ဆက်၍ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း အသိပေးလိုက်ပါသည်။


ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လျက် တိုင်းရင်းသား လူမျိုးစုများ အရေးကို ဖြေရှင်းရေးနှင့် ဒုတိယအ ကြိမ် ပင်လုံညီလာခံ ဖြစ်မြောက်ရေးကို ရိုဟင်ဂျာ အမျိုးသားထု တစ်ရပ်လုံး ကိုယ်စား ထောက်ခံ ကြိုဆို ပါကြောင်းနှင့် ရှေ့ဆက် ဆောင်ရွက်သွားပါရန် ဆန္ဒပြုပါကြောင်း အသိပေးလိုပါသည်။

နိုင်ငံတ၀ှန်းလုံး ယခုကဲ့သို့ နိုင်ငံရေး၊ စီးပွါးရေး ကိစ္စရပ်များ၊ တရားဥပဒေရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ စသည့် အကျပ်အတည်းများ ရင်ဆိုင်နေရသည့်အချိန်တွင်၊ ယခုကဲ့သို့ စာမျိုး ရေးရ သည်မှာ မလွှဲရှောင်နိုင်၍သာ ဖြစ်ပြီး၊ နိုင်ငံ့အရေး အရာကို လစ်လျူရှုခြင်း၊ အချိန်အခါ မဟုတ်ဘဲ ကိုယ့်ကိစ္စရပ်များကို အတ္တဆန်ဆန် နိုင်ငံရေးစင်ပေါ် ဆွဲတင် ခြင်း… အစ ရှိသည့် ရည်ရွယ်ချက်များ ရှိသည်ဟု မယူဆပါရန် အထူး တောင်းပန်လို ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး အား အောက်တိုဘာ (၂) ရက်နေ့ က  RFA မြန်မာပိုင်း အသံလွှင့် ဌာနမှ အင်တာဗျူးလုပ်ရာ၊ ဦးတင်ဦးမှ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော ရိုဟင်ဂျာများအား တဖက်နိုင်ငံမှ ခိုးဝင် နေထိုင်သူများဟု ပြောဆိုပြီး၊ ယင်းအာဏာရှိတုန်းက တဖက်နိုင်ငံမှ ခိုးဝင်လာသူ ဘင်္ဂါလီးများ၏ရန်မှ တိုင်းရင်းသား ညီအစ်ကို ရခိုင်အမျိုးသားများအား အကာအကွယ်ပေးသည်ဟု ပြောဆိုဖြေကြားသွားသည်ကို နား ထောင်လိုက်ရပါသည်။

အမှန်မှာ ရခိုင်ပြည်နယ်အတွင်းနေ ရိုဟင်ဂျာများသည် ထိုဒေသတွင် ပင်မ တိုင်းရင်းသားတစ်ရပ်အဖြစ် အခြေတကျ နေထိုင်လာခဲ့သည်မှာ နှစ်ရာစုချီနေပြီဖြစ်၍ ပါလီမန် ဒီမိုကရေစီခေတ်တွင် အစိုးရအသီးသီး၏ အသိအမှတ်ပြုမှုများ ရှိခဲ့သည့်အပြင်၊ န၀တ-နအဖ အစိုးရလက်ထက် ကျင်းပခဲ့သော ရွေးကောက်ပွဲ အသီးသီးများတွင်လည်း မဲပေးပိုင်ခွင့် နှင့် ၀င်ရောက်ရွေးချယ်ခံပိုင်ခွင့်များ အခြားတိုင်းရင်းသားများနည်းတူ ရရှိခဲ့သူများဖြစ်ပါသည်။ ဗြိတိသျှခေတ် ဒိုင်အာခီ အုပ်ချုပ်ရေးကာလ ရွေးကောက်ပွဲမှ သည် ၂၀၁၁ ရွေးကောက်ပွဲအထိ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း များအရ ရိုဟင်ဂျာတို့၏ အခန်းကဏ္ဍကို လေ့လာသော်၊ နိုင်ငံခြားသားများနည်းတူမဟုတ်ဘဲ၊ တိုင်းရင်းသားနည်းတူ အခွင့်အရေးများ ပေးခြင်းခံရသည်ကို တွေ့ရှိနိုင်ပါသည်။

မြန်မာပြည် လွတ်လပ်ရေး ရခါနီးအချိန်အတွင်း ရိုဟင်ဂျာခေါင်းဆောင်အချို့က မိမိတို့၏ပိုင်နက်ကို ပါကိစ္စတန်နှင့် တွဲပေးရန် လှုပ်ရှားမှုများ အနည်းငယ်ရှိခဲ့သောအခါ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က ”အောင်ဆန်း-အက်တလီ စာချုပ်” လက်မှတ်ရေးထိုးရန် လန်ဒန်သွားနေခိုက်၊ လမ်းခရီးတွင် ထိုရိုဟင်ဂျာခေါင်းဆောင် များအပါအ၀င် ပါကိစ္စတန် အမျိုးသားခေါင်းဆောင် မိုဟာမတ် အာလီ ဂျိန္နား နှင့် တွေ့ဆုံ၍ ထိုကိစ္စရပ်များအတွက် ပြေလည်မှုများ ရယူခဲ့သည့်အပြင်၊ ရိုဟင်ဂျာခေါင်းဆောင်များအား နောင်ကျင်းပမည့် ပင်လုံညီလာခံသို့ တက်ရောက် ရန် ဖိတ်စာတစ်စောင်ကိုလည်း သူကိုယ်တိုင် ရေးသား၍ လက်မှတ်ရေးထိုး ပေးခဲ့လေသည်။

ဦးတင်ဦး၏ ယင်းကဲ့ ထုတ်ဖော်ပြောဆိုချက်များသည် ရိုဟင်ဂျာတို့၏ သမိုင်းနောက်ခံနှင့် မျက်မှောက်အနေအထားကို လစ်လျူရှုခြင်း ဟု ခံယူရမည်ဖြစ်ပြီး၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေသူ လူတစ်ဦးချင်း (သို့) လူမျိုးစုတစ်ခု၏ ဒီမို ကရေစီ လူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ငြင်းပယ်ရာ ရောက်ပါသည်။

ထို့အပြင် စစ်အစိုးရအသီးသီးတို့၏ ရခိုင်ပြည်နယ်အပေါ် ထားရှိသည့် သွေးခွဲပေါ်လစီနှင့် အစွန်းရောက် ရခိုင်အမျိုးသား တစ်ချို့၏ လုပ်ကြံဖန်တီး ပြောဆိုမှုများ ကြောင့်၊ မြန်မာ တိုင်းရင်းသား ပြည် သူ အများအပြားက ရိုဟင်ဂျာတို့အ ပေါ် မိမိတို့နိုင်ငံသား ဟုတ်လေ သလားဟု သံသယများ ရှိနေသည့် အချိန်အခါမျိုးတွင် အများကြည်ညိုခြင်း၊ ယုံကြည် ကိုးစားခြင်း၊ ထောက်ခံအားပေးခြင်း ခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်ပိုင်းမှ ဦးတင်ဦး ကဲ့သို့ အထင်ကရ ခေါင်းဆောင်တစ်ဦး အနေဖြင့် ယင်းကဲ့သို့ ထုတ်ဖော် ပြောဆိုမှုများသည် လူမျိုး၊ ဘာသာ ခွဲခြား ဆက်ဆံရေးကို အရှိန်၊ အဟုန် မြင့်မားရာ ရောက်သည့်အပြင် အများ၏ သံသယကိုလည်း ယုံကြည်မှုသို့ တိုးမြှင့်ရာ ရောက်နေပါသည်။

ဦးတင်ဦးမှ ပြောဆိုခဲ့သည့်အတိုင်း ယင်းအာဏာရှိစဉ်က ရိုဟင်ဂျာတို့၏ ဌာနေတွင် ကျူးလွန်ခဲ့သည့် ပြစ်မှုများမှတ် တမ်းကို လေ့လာသော်…

-      ကျေးရွာပေါင်း (၂၆) ခုကို မီးရှို့ မောင်းထုတ်ခြင်း၊
-      ရာနှင့်ချီ ရိုဟင်ဂျာ အမျိုးသားများအား သတ်ဖြတ်ခြင်း၊
-      အမျိုးသမီးထုအား မတရားပြုကျင့်ခြင်း၊
-      သိန်း၊ သန်းချီ ရိုဟင်ဂျာတို့၏ ဥစ္စာဓနများကို သိမ်းပိုက်ခဲ့ခြင်း …စသည့်တို့ကို တွေ့ရှိရပါသည်။


အထက်ပါ ပြစ်မှုများကို ဦးတင်ဦး ကိုယ်တိုင် ပါဝင်၍၄င်း၊ ယင်း၏ လက်ထောက် ဗိုလ်အောင်ဒင် အားဖြင့်၎င်း၊ လက် အောက်ခံ စစ်တပ်သားများ အားဖြင့်၎င်း ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တင်ပြလိုပါသည်။

ဦးတင်ဦးအား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရခိုင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်အတွင်း ယင်းကျူးလွန်ခဲ့သော ပြစ်မှုများနှင့် စပ်လျဉ်း၍ ရိုဟင်ဂျာအမျိုးသားများက မေးမြန်ခဲ့ရာ၊ ယင်းက ”ထိုအချိန်တွင် ကျွန်ုပ်အနေဖြင့် ဦးနေ၀င်း ခိုင်းရာ လုပ်ရသည် ရခိုင်တိုင်း တိုင်းမှု ဦးတင်ဦးသာ ဖြစ်ခဲ့ပါကြောင်း၊ သို့သော် ယခုမူကား ဒီမိုကရေစီဘက်တော်သား ဖြစ်ကြောင်း” အစရှိသည်အတိုင်း ဖြေကြားခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

မည်သို့ပင်ဆိုစေကာမူ ရိုဟင်ဂျာလူထုသည် ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ စစ်တွေ ခရီးစဉ်တွင် မိန့်မှာ ခဲ့သည့် ”လူမျိုးနှစ်မျိုး သင့်တင့်အောင် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး နေကြရန်” ဆိုဆုံးမမှုအပေါ် ယနေ့တိုင် အားရ ကျေနပ်လျက် ရှိနေပါသည်။ တနည်းအားဖြင့် ၁၉၆၂-ခုနှစ် နေ၀င်းအုပ်စိုးသည့် ကာလမှစ၍ လူသားမဆန်သော၊ လူလူ ချင်း စာနာမှုကင်းမဲ့သော နှိက်ကွပ်မှုဒဏ်များ အဆက်အပြတ် အလူးအလဲ ခံနေကြရသော ရိုဟင်ဂျာတို့မှာ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် ယင်းတို့ခံစားနေရမှုများ နိဂုံးချုပ်မည်ဟု ကြီးမားသည့် မျှော်လင့်ချက်များ ရှိနေပါသည်။ AFK Jilani (NLD-မောင်းတော ရွေးကောက်ပွဲ ကိုယ်စားလှယ်-၂၀၀၁) ၏ ”Aung San Suu Kyi, The lady of Destiny”  စာအုပ်ကို လေ့လာပါက ရိုဟင်ဂျာတို့ ဒေါ်အောင်ဆန်းစုကြည် အားမည်မျှ ထောက်ခံသည်ကို သုံးသပ်နိုင်ပါသည်။

စက်တင်ဘာ အစောပိုင်းက ဦးသန်းစိန် အစိုးရ ပါလီမန်အတွင်း၊ ရိုဟင်ဂျာနဲ့ပတ်သက်၍ တာဝန်မဲ့ လိမ်လည်ဖြေကြား မှုများ မရှေ့မနှောင်းမှာပင် ရခိုင် ရွေးကောက်ပွဲ အနိုင်ရပါတီ တစ်ခုမှ ဦးဆောင်ပြီး ရန်ကုန်တွင် ရိုဟင်ဂျာဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်လာသကဲ့သို့၊ ပြည်ပရောက် အစွန်းရောက် ရခိုင်အမျိုးသား အချို့ကလည်း အမျိုးမျိုး၊ နည်းပေါင်း စုံသုံး တိုက်ခိုက်လျက်ရှိနေပါသည်။ ဤကဲ့သို့ကာလမျိုးတွင် NLD ဒု-ဥက္ကဋ္ဌ ဖြစ်သူမှ ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်း သည် ရိုဟင်ဂျာလူမျိုးစုအား စိတ်အားငယ်စေခြင်း၊ ၀မ်းနဲစေခြင်း စသည့် ရသပါသည့် ခံစားမှုဝေဒနာများ များစွာဖွား ပေးလျက်ရှိနေပါသည်။

နကိုယ်ကပင် စစ်အစိုးရ၏ ပဟေဠိဆန်သော လူမျိုးဆိတ်သုဉ်းရေးဒဏ်ကြောင့်  အိုးအိမ်းစွန့်ကာ ကမ္ဘာ့အနှံ့ မိတကွဲ၊ ဖတကွဲ လှည့်လည်နေရသည့် ရိုဟင်ဂျာတို့၏ လူသားတစ်ပိုင်းဘ၀အပေါ် ဘ၀တူနီးပါးခံစားခဲ့ရသူ ဒေါ်အောင်ဆန်း စုကြည်ကလွှဲ၍ မည်သူမျှ အကောင်းဆုံး နားလည်ပေးနိုင်မည်မဟုတ်ဟု ရိုဟင်ဂျာများ  ယုံကြည်ပါသည်။ ထို့အတွက် ကြောင်း ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များက ယင်းတို့အနေဖြင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက်ခေါ်ယူမှ နေရပ်သို့ ပြန်ပါ့မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းမိပါသည်။

သို့ရာတွင် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးမှ ယခုကဲ့သို့ ဒီမိုကရေစီနှင့် စံနှုန်းနှင့် ဆန့်ကျင်သည့် ထုတ်ဖော်ပြောဆိုမှုကြောင့် ထိုကဲ့ သို့ အကြောင်းအရာသည် NLD ၏ အတွင်းပေါ်လစီဟူ၍ ယူဆမှုများရှိနေပါသည်။

သို့ဖြစ်ပါ၍ ဦးတင်ဦး၏ တာဝန်မှုပြောဆိုမှုများအပေါ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ အထွေထွေ အတွင်းရေးမှူး၊ ပြည်သူ့အချစ်တော် ဒေါ်အောင်ဆန်းစုကြည်မှ လိုအပ်သည့်အတိုင်းအတာဖြင့် ရိုဟင်ဂျာတို့အား ကျေနပ်စေလိမ့်မည် ဟု ကျွန်တော်များ လုံးဝဥဿုံ ယုံကြည်ပါကြောင်း တင်ပြလိုက်ပါသည်။
အမှုဆောင်အဖွဲ့ကိုယ်စား-




(ကိုကိုလင်း)
တွဲဖက် တည်ထောင်သူ
လွတ်လပ်သော ရိုဟင်ဂျာ လှုပ်ရှားမှုအဖွဲ့

အမျိုးဖျက်မယ့်အာဏာရူးတွေ

ရခိုင်သား
( ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ရခိုင်သားရဲ့ အမြင် ဖြစ်ပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး ပိတောက်မြေ အနေနဲ့ နောက်ထပ် လေ့လာစုဆောင်းလို့ ရတာတွေလည်း တင်ပြပါဦးမယ်။ လောလော ဆယ်ဆယ်တော့ ရိုဟင်ဂျာကို မွေးစားနေသူ တွေအပေါ် ရခိုင်သားရဲ့ သဘောထားကို နားထောင်ကြည့် ရအောင် )
ပြီးခဲ့တဲ့ လဆန်းတုံးက ရိုဟင်ဂျာကို ဘယ်သူ မွေးစားခဲ့သလဲ ဆိုတဲ့ ပို့စ်တစ်ခု ပိတောက်မြေမှာ ရေးတင်ခဲ့တယ်။ ပါလီမန်ခေတ်က အာဏာရူးခဲ့တဲ့ နိုင်ငံရေးသမားတွေ၊ နအဖကို တိုက်ကွက်ရရင် ပြီးရောဆိုပြီး လုပ်နေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူဆိုတဲ့ သူတွေကြောင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ မုတ်ဆိတ်နဲ့ လူမျိုးစုတစ်စု အပိုင်ရတော့မယ်။ ဒါဟာ နအဖကို တိုက်ဖို့နဲ့သာ ဆိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ အမျိုးသားရေး၊ ပြည်ထောင်စုအရေး ဖြစ်တယ် ဆိုတာကို မမေ့ဖို့ လိုပါတယ်လို့ မီးမောင်းထိုးပြ ခဲ့တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ကျွန်တော်တို့ ရာသက်ပန် စင်ပြိုင်အစိုးရ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း တို့က ရိုဟင်ဂျာ ကိုယ်စားလှယ်ကို စင်ပေါ် တင်ပေးပြီး ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ တောင်းဆိုနေတာ တွေ့ရတော့ ဒီလူတွေ လုပ်ပုံကို သြချမိတယ်။ ဒီလောက်တောင် ရိုဟင်ဂျာကို သနားစရာ လူမျိုးစုလေး အဖြစ် ပုံဖော်နေတဲ့ သူတော်ကောင်း ကြီးများအတွက် ရိုဟင်ဂျာအကြောင်း ဖောက်သည် ချလိုက်ဦးမယ်။
ရိုဟင်ဂျာကို ထောက်ခံမယ်လို့ စဉ်းစားရင် အလယ်သံကျော် ကွန်ဖရင့်ဆိုတာကို အရင်သိဖို့ လိုတယ်။ အလယ် သံကျော်ရွာ ဆိုတာ မောင်တောမြို့နယ်မှာ ရှိတယ်။ အရင်က ရခိုင်ရွာ၊ ကုလား မရှိဘူး။ ၁၉၄၂ အင်္ဂလိပ် အဆုတ်၊ အုပ်ချုပ်ရေးမဲ့ နေချိန်မှာ ဖြစ်တဲ့ ကုလား-ရခိုင် အဓိကရုဏ်းမှာ အိမ်ခြေ နှစ်ရာကျော်ရှိတဲ့ အလယ်သံကျော် တစ်ရွာလုံး ပျက်သွားတယ်။ အဲဒီတုံးက ရခိုင်တွေက တောင်ကိုကျော်ပြီး ဘူးသီးတောင်၊ ရသေ့တောင်ဘက်ကို ပြေးဖို့ ကြိုးစားတယ်။ အင်္ဂလိပ်က V force ဆိုပြီး ကာကွယ်ရေး တပ်ဖွဲ့ပေးခဲ့တဲ့ ကုလားတွေက ရွာတွေကို ဖျက်တယ်။ ထွက်ပြေးဖို့ ကြိုးစားတဲ့ ရခိုင်တွေကို တောင်ကျော်လမ်းတွေက စောင့်သတ်တယ်။ ဒါ့ကြောင့် ရခိုင်တွေက စစ်တွေဘက်ကို မပြေးနိုင်ဘဲ ကုလားပြည်က ဒိန္နာပူရ် ဘက်ကို ထွက်ပြေးရတယ်။ အဲဒီမှာ ရခိုင် လေးထောင် လောက်ကို အင်္ဂလိပ်က ဒုက္ခသည်စခန်း ထားတည်ပေး ခဲ့ရတယ်။ အဲဒီ သတ်မှုကြီးမှာ ရခိုင် သုံးသောင်းလောက် သေခဲ့တယ်။ အဲဒီ အချိန်က စပြီး အလယ်သံကျော်ဟာ ကုလားရွာ ဖြစ်သွားခဲ့တယ်။ အခုသွားကြည့် တစ်ရွာလုံး ကုလားတွေဖြစ်၊ ရခိုင် လယ်တွေက ကုလားပိုင် လယ်တွေ ဖြစ်ကုန်ပြီ။ အဲဒီ အလယ်သံကျော်မှာ ၁၉၅၁ခုနှစ် ဇွန်လမှာ မွတ်ဆလင် ညီလာခံ ကျင်းပတယ်။ အဲဒီ ညီလာခံကို ဦးနုမွေးထားတဲ့ ကုလားအမတ် စူလတန် မာမွတ် ခေါင်းဆောင်တဲ့ ကုလား ပါလီမန် အမတ်တွေက စီစဉ်ပေးတာ ဖြစ်တယ်။ အဲဒီ ညီလာခံမှာ ကုလားတွေက ဒါတွေကို တောင်းဆိုခဲ့တယ်။
၁။ ရခိုင် မြောက်ပိုင်းကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းတောင်တန်း၊ ကချင်ဒေသ တွေလို လွတ်လပ်သော မူဆလင် ပြည်နယ်အဖြစ် အမြန်ဆုံး ဖွဲ့စည်းပေးရန်။ ပြည်နယ် စစ်တပ်၊ ပြည်နယ်ရဲ တပ်ဖွဲ့၊ ပြည်နယ် လုံခြုံရေးတပ်ဖွဲ့များ ထားရှိရန်။
၂။ စစ်တွေမြို့ကို ရခိုင် တောင်ပိုင်းနှင့် မြောက်ပိုင်း ပူးပေါင်းမြို့တော် အဖြစ် သတ်မှတ်ကာ မြို့နှင့် ဆိပ်ကမ်း ကွပ်ကဲမှုကို ရခိုင်နှင့် မူဆလင် ငါးဆယ် ရာခိုင်နှုန်းစီ အုပ်ချုပ်ခွင့် ပြုရန်၊ ပထမဆုံး မြို့တော် ၀န်နှင့် တိုင်းမင်းကြီးကို မူဆလင် လူမျိုးအထဲမှ ခန့်ထားရန်။
၃။ ရခိုင်ပြည်နယ် လက်နက်ကိုင် တပ်ဖွဲ့တွင် မူဆလင် ငါးဆယ် ရာခိုင်နှုန်း ပါဝင်ရန်။
၎။ ဗဟို အစိုးရတွင် မူဆလင်ဆိုင်ရာ ၀န်ကြီး ခန့်ထားရန်။
၅။ လူမျိုးစု လွှတ်တော်သို့ အခြားပြည်နယ်များ နည်းတူ ကိုယ်စားလှယ် အညီအမျှ စေလွှတ် ခွင့်ပြုရန်။
၆။ မူဆလင်ကောင်စီထားရှိခွင့်ပြုရန်။
၇။ မူဆလင်အထက်တန်းကျောင်းနှင့် ကောလိပ်များတည်ထောင်ခွင့်ပြုရန်။
အဲဒါတွေက ကျွန်တော် မှတ်သားထားတဲ့ အချက်မျှသာ ဖြစ်တယ်။ မှတ်မိ သလောက်တော့ အားလုံး ၁၄ ချက် ပါတယ်လို့ ဆိုတယ်။ သိသူများရှိရင် အပြည့်အစုံ ရေးပေး စေချင်တယ်။ ဒီ ၇ ချက်ကို ကြည့်ရင် ဘင်္ဂါလီ ကုလားများဟာ ဘယ်လောက် ရည်မှန်းချက် ကြီးခဲ့တယ် ဆိုတာ သိနိုင်တယ်။ အဲဒီ အစည်းအဝေးမှာ ဘင်္ဂါလီ ကုလားများက သူတို့ကိုယ် သူတို့ ရခိုင်မူဆလင် ဆိုတဲ့ စကားလုံးကို စပြီး သုံးခဲ့တယ်။ ဒါပေမယ့် ဒါကို ရခိုင် ပြည်သူတွေက လုံးဝ လက်မခံ ခဲ့ဘူး၊ ရခိုင်လူမျိုးဟာ ဘယ်တုံးကမှ မူဆလင် မဖြစ်ခဲ့ဘူးလို့ အကြီးအကျယ် ကန့်ကွက်ခဲ့တယ်။ ဒါ့ကြောင့် မူဂျာဟစ်၊ ရခိုင် မူဆလင် ဆိုတဲ့ နံမည်တွေ အလုပ် မဖြစ်တော့တဲ့ နောက်မှာ ရိုဟင်ဂျာ ဆိုတဲ့ နံမည်ကို ဘင်္ဂါလီ တွေက တီထွင်ခဲ့တာ ဖြစ်တယ်။
နောက်ပြီး ရခိုင်ကို ရောက်နေတဲ့ ဘင်္ဂါလီ ကုလားတွေနဲ့ ဘင်္ဂလားဒေ့ရှ် ဘက်မှာ ရှိနေတဲ့ မူဆလင် ဘာသာရေး ခေါင်းဆောင်တွေ ဘယ်လောက် ယုတ်မာတယ် ဆိုတဲ့ သာဓကလေး တစ်ခု ပြောပြ ချင်တယ်။ ၁၉၈၅ ခုနှစ် တုံးက ရိုဟင်ဂျာ လွတ်မြောက်ရေး အဖွဲ့ (RLO) ဥက္ကဌ အာမက်ရှားရဲ့ မိန့်ခွန်းကို အသံသွင်း ထားတဲ့ ကက်ဆက်ခွေတွေ ဘူးသီးတောင်၊ မောင်တောနယ် ထဲမှာ ပြန့်ခဲ့ဖူးတယ်။ လှုံ့ဆော်စာ တွေလည်း ထွက်ခဲ့တယ်။ ကက်ဆက်ခွေ ထဲမှာ မူဆလင် ဘာသာရေး ခေါင်းဆောင်က မေယု နယ်မြေမှာ ရှိတဲ့ မူဆလင် ဘာသာဝင် မဟုတ်တဲ့ သူတွေကို သည်ဒေသက ထွက်သွားအောင် နည်းမျိုးစုံ သုံးဖို့၊ သူတို့ နေရာတွေမှာ မူဆလင်တွေနဲ့ အစားထိုးဖို့၊ နောက်တစ်ကြိမ် ရခိုင်-ဗမာ တွေက နှိပ်စက်ရင် ထွက်မပြေးဘဲ ရင်ဆိုင်ဖို့နဲ့ အလ္လာက ရိုဟင်ဂျာတွေ ဘက်မှာ ရှိကြောင်း ဟောပြော ထားတာတွေ ပါတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ် ဘက်မှာ ဖြန့်တဲ့စာတွေ ထဲမှာတော့ ရခိုင် အမျိုးသမီး လေးတွေပုံနဲ့
သင်တို့နေထိုင်ရာ ဒေသတွင် အစားအစာ ရှားပါးသည်။ သင်တို့ နေရာ၏ တစ်ဘက်ကမ်း မြန်မာ ဘက်တွင် ဆန်နှင့် အစားအစာ ပေါများလှသည်။ လမ်းဘေးတွင် လုံချည် ရင်လျားနှင့် ရေခပ်နေသော မိန်းမလှလေး များကို တွေ့နိုင်သည်။ သင်တို့ အစာဝအောင် စားဖို့ အဲဒီနေရာကို သွားကြ၊ အမျိုးသမီလေး များကို အိမ်ထောင်ပြု၍ အစ္စလမ်ဘာသာ ပြန့်ပွားအောင် လုပ်ကြ လို့ ရေးထားပါတယ်။ အဲဒီစာ တွေနဲ့ ကက်ဆက် တွေကြောင့် စစ်တွေ၊ ရသေ့တောင် ဘက်မှာ အဓိကရုဏ်း ဖြစ်လုနီးပါး ဖြစ်ခဲ့ရတယ်။ ပါတီကောင်စီက ၀င်ထိန်းလို့ ပြီးသွားတာ ဖြစ်တယ်။
နောက်ထပ် ကုလားတွေ ယုတ်မာတဲ့ အဖြစ်က ၈၈ မှာဖြစ်ခဲ့တဲ့ မောင်တော အရေးအခင်း ပါပဲ။ ၈၈ မေ ၁၃ရက် နေ့မှာ မောင်တောမြို့ ၀န်းကျင် ကုလားရွာတွေက ကုလားတွေနဲ့ မြို့ထဲက ကုလားတွေ ပေါင်း အင်းအား ငါးသောင်းလောက်နဲ့ မြို့ကို စီးဖို့လုပ်ခဲ့တယ်။ (၄) ရပ်ကွက်က ဘုန်းကြီးကျောင်း အဖျက်ခံရတယ်။ ရခိုင် ရပ်ကွက်တွေကို ၀ိုင်းပြီး မီးရှို့ဖို့ သတ်ဖို့ လုပ်တယ်။ ရဲစခန်းနဲ့ ဘူးသီးတောင်- မောင်တောလမ်းမှာ ရှိတဲ့ လုံထိန်းတပ်က အတင်း ၀င်ပစ်ပြီး ကာကွယ်လို့ မြို့မကျ ခဲ့တာဖြစ်တယ်။ မဟုတ်ရင် မောင်တောက ရခိုင်တွေဟာ ၄၂ ခုနှစ် တုံးကလို အပြတ်ရှင်း ခံရမှာ ဖြစ်ပါတယ်။ ဒီ အဖြစ်အပျက်ကို မောင်တော ဒေသခံ ရခိုင်တွေကို မေးရင် သိနိုင်ပါတယ်။ မေ ၁၃ ဟာ ၄၂ ခုနှစ် ကုလား - ရခိုင် အဓိကရုဏ်း စဖြစ်တဲ့နေ့ ဖြစ်တယ်။ ၈၈ မှာ ပြည်၊ တောင်ကြီး တို့မှာ ကုလား- ဗမာ ပြဿနာ ဖြစ်ခဲ့တာကို အခွင့်ကောင်း ယူပြီး အဲဒီနေ့မှာ ကုလား-ရခိုင် အဓိကရုဏ်း ဖန်တီးဖို့ အကြံကြီး ကြံခဲ့တာပါ။
အဲဒီအဖြစ်အပျက် သုံးခုကတော့ ရိုဟင်ဂျာ ဒုက္ခသည်များ ဆိုပြီး နိုင်ငံတကာက သနားအောင် ကုလားမူ၊ ကုလားချွဲ လုပ်နေတဲ့ ဘင်္ဂါလီများရဲ့ စရိုက်အမှန်ကို ပြနေတာပါပဲ။ သမိုင်းလည်း မသိ၊ သိအောင်လည်း မလေ့လာ၊ ကိုယ်အာဏာ ရဖို့ အတွက်ပဲ သိပြီး ရိုဟင်ဂျာကို စင်ပေါ်တင် ပေးနေတဲ့ သူတွေကို အမျိုးဖျက်မယ့် အာဏာရူး တွေလို့ ပြောရင် လွန်မယ် မထင်ပါဘူး။
ရခိုင်သား

ပြည်ထောင်စုကြီးအတွင်းလောက်ကောင်များထိုးဖောက်နေ


အခုpost သည်သီးသန့်ဖော်ပြခြင်း ဖြစ်ပါတယ်။ မြန်မာပြည်အရေးကိုပေါ့ပေါ့တွေးပေါ့ပေါ့နေလျှင် နောက် သက်တမ်းတခုမကြာခင် ရင်နာစရာများဖြစ်လာရတော့မည်။ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုဖျက်တာသည်
ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးများပင်ဖြစ်တယ်။ ဒီထဲမှာ ပညာမတတ်တဲ့သူဖျက်တာတိုင်းပြည်မပျက်နိုင်ဘူး။ပညာတတ်တွေဖျက်တာ တိုင်းပြည်ပျက်စီးသွားနိုင်တယ်။ပြည်ပရောက်အသားထဲကလောက်တွေ တစ်ကောင်ချင်းဆွဲထုတ်ပစ်ဘို့လိုတယ်။ အသက်ကောပညာကောကြီးပြီးလူ့အလေးချိန်မစီးသူတွေ အပြင်မှာရောအတွင်းမှာပါနှစ်ဖက်ခွစားနေကြတယ်။

အခုဖော်ပြမယ့်အကြောင်းအရာတွေကို ရိုဟင်ဂျာဆန့်ကျင်ရေးကို လက်ခံသူကော လက်မခံသူအားလုံးကော သေသေချာချာ လေ့လာဝေဖန်သုံးသပ်စေလိုပါတယ်..။ ရိုဟင်ဂျာအမည်ခံ တစ်ဖက်နိုင်ငံက ဘင်္ဂလီနွယ်တွေနဲ့ နည်းအမျိုးမျိုးနဲ့ ခေါင်းစဉ်မျိုးစုံတတ်ပြီး ပိုက်ဆံယူနေတဲ့ ဒီမိုလုပ်စားအဖွဲ့အစည်းတွေရဲ့  2010 ရွေးကောက်ပွဲ မတိုင်ခင် ပိပိယိယိ ကြိုတင်ကြံစည်ထားတဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်..။ အဲဒီကိစ္စတွေမှာ မီဒီယာတွေလည်း ပါဝင်ပတ်သတ်နေကြပါတယ်..။ အဲဒါတွေကို စုဆောင်းတင်ပြထားပါတယ်..။

ပထမဆုံ  လေ့လာတွေ့ရှိချက်ကို ပြောချင်ပါတယ်..။ bbc သတင်းထောက် Anna Jones ရဲ့ မြေပုံပါတဲ့ ဆောင်းပါးကို သေသေချာချာဖတ်ကြည့်တော့ .. Mark Farmaner of UK-based charity Burma Campaign, describes failure to grant ethnic groups greater autonomy as "the root cause of the instability in Burma".  လို့ သွားတွေ့ပါတယ်…။ အဲဒီတော့ Burma Capmaign UK အဖွဲ့က ပါဝင်ပတ်သက်နေတာ သေချာနေပါပြီ..။

မူရင်းစာသားပါတဲ့ လင့်ကို အောက်မှာ ကြည့်ပါ..။


http://www.bbc.co.uk/news/world-asia-pacific-11595983

အဲဒီတော့ online မှာ ဟိုရှာဒီရှာလုပ်ကြည့်တော့ ဒီပုံကို သွားတွေ့ပါတယ်..။



နောက်တွပ်ရပ်နေသူမှာ Mark Farmaner (Director of Burma Campaign UK) ဖြစ်ပြီး ရှေ့တွင် အမျိုးသမီးများနှင့် တွဲရပ်နေသူမှာ Burmese Rohingya Organisation UK  ရဲ့ ခေါင်းဆောင်ဖြစ်သူ ထွန်းခင် ဖြစ်ပါတယ်..။

အဲဒီပုံကို ကြည့်ခြင်းအားဖြင့် Anna Jones ရဲ့ နောက်ကွယ်က လက်သည်ဟာ ဘယ်သူဆိုတာ .အလွယ်တကူ မှန်းလို့ရပါတယ်..။

Burma Campaign website မှာ လေ့လာရင်းနဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းတစ်ခုကို သွားတွေ့ပါတယ်.. ။ သတင်းက ဘူးသီးတောင် မောင်တောမှာ 2010 ရွေးကောက်ပွဲဝင်နေတဲ့ အမျိုးသားဖွံဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ (NDPD) ရဲ့ ပံ့ပိုးသူတွေကို မဲဆွယ်ကာလမှာ မြန်မာ နယ်စပ်ဒေသလုံခြုံရေး နစက မှ ဖမ်းဆီးပြီး ရိုက်နှက်တဲ့ သတင်းပါ…။ နစက ဖမ်းတာ မထူးခြားပါဘူး.။ ထူးခြားတာက အဲဒီသတင်းမှာ NDPD ပါတီကို Burma Campaign website မှာ Rohingya Party လို့ သုံးနှုန်းထားပါတယ်..။



မူရင်း စာသားပါတဲ့ လင့်ကို အောက်မှာ လေ့လာကြည့်ပါ..။

http://www.burmacampaign.org.uk/index.php/news-and-reports/news-stories/rohingya-party-supporters-arrested-and-beaten/8

အဲဒီတော့ အဲဒီပါတီဟာ ရိုဟင်ဂျာတွေ  မျက်နှာဖုံးစွပ်ပြီး ၀င်ပြိုင်တဲ့ပါတီဖြစ်တယ်လို့ နားလည်လိုက်ပါတယ်..။
ထူးခြားမှု နောက်တစ်ခုက အဲဒီ ပါတီနဲ့ပတ်သက်သူတွေ အဖမ်းခံရတဲ့  သတင်းကို DVB RFA နဲ့ နိုင်ငံတကာအခြေစိုက် မြန်မာဘာသာလွှင့်တဲ့ မီဒီယာတော်တော်များများက မြိုင်ဆိုင်စွာ ထုတ်လွှင့်သွားတာကို နားထောင်ခဲ့ဖူးလို့ပါပဲ..။ ဒါပေမယ့် လွှင့်သွားတဲ့အချိန်မှာ အဲဒီပါတီဟာ ရိုဟင်ဂျာပါတီဖြစ်ကြောင်း မပါဝင်ပါဘူး..။ အဲဒီပါတီဟာ ဒီမိုကကရေစီ အရေခြုံဝင်လာတဲ့ ရိုဟင်ဂျာပါတီမှန်း မသိပဲ ကျွန်တော်တို့ Blogger တော်တော်များများကလည်း အဲဒီသတင်းကို share လိုက်ကြပါသေးတယ်..။ ဒီမိုနံမည်ပါတော့ ဒီမိုပါတီလို့ ထင်တာကိုး..။
ကံဆိုးစွာနဲ့ အဲဒီပါတီ (NDPD) ဟာ မောင်တောမှာ ကြံ့ဖွတ်ကို အပြတ်အသတ် ရှုံးသွားခဲ့ပါတယ်..။ ကြံ့ဖွတ်က ရခိုင်မှာ အဲဒီပါတီကို ပါဝါသုံး၊ မဲခိုးပြီး နည်းမျိုးစုံသုံးပြီး အနိုင်ယူလိုက်ပါတယ်..။ မဲဆွယ်စည်းရုံးနေတုန်းကလည်း အဲဒီ  ရိုဟင်ဂျာပါတီ (NDPD) နဲ့ ကြံ့ဖွတ်နဲ့ ခဏခဏ ပဋိပက္ခ ဖြစ်တယ်လို့ သိရပါတယ်..။



http://burmese.bnionline.net/index.php/news/narinjara/5468-2010-10-18-06-32-50.html

အဲဒီတော့ ဆရာချိုတူးဇော်ကို ဝေဖန်တိုက်ခိုက်ခဲ့တဲ့ ခင်ရတနာပြောသလို ကြံ့ဖွတ်ထဲမှာ ရိုဟင်ဂျာရှိလို့ ကြံ့ဖွတ်နိုင်သွားတာလား၊ ကြံ့ဖွတ်ကြောင့်ပဲ ရိုဟင်ဂျာပါတီ ရှုံးသွားတာလား သက်သေပါပဲ..။ အောက်က မဲစာရင်းတွေ.. နဲ့ ပုံတွေကို ကြည်ပါ..။



http://aungmeeain.blogspot.com/2010/11/blog-post_7075.html

အဲဒီတော့  အမျိုးသားဖွံဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) ဆိုတာ ရိုဟင်ဂျာအရေခြုံထားတဲ ပါတီဆိုတာ သေချာနေပါပြီ..။ အဲဒီတော့ သူတို့ရဲ့ ရည်မှန်းချက်က တော်တော် ရင်လေးစရာပါ..။ Facebook မှာ ရိုဟင်ဂျာဘက်က အမြဲတမ်း ပြန်လည်တိုက်ခိုက်တဲ့ Soe Myat ညွန်းတဲ့ Document တစ်ခုကို ဖတ်မိတာကို သတိရပါတယ်..။ အဲဒါက ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ အမျိုးသားပါတီ (ရခိုင်အခြေစိုက်) က ရိုဟင်ဂျာဆိုတာကို လူမျိုးအဖြစ် အသိအမှတ်ပြုထားတဲ့ စည်းရုံးရေးစာအုပ်ပါ..။
အဲဒီစာအုပ်ထဲမှာ ရိုဟင်ဂျာလူမျိုးဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက ရခိုင်နဲ့ အတူတူ ဆင်းသက်လာတယ်လို့ ဖော်ပြထားပြီး ၁၇ ရာစုရောက်မှ ရိုဟင်ဂျာလို့ အမည်တွင်ကြောင်း ဖော်ပြထားပါတယ်..။
အောက်မှဖော်ပြထားတဲ့ လင့်ကို ဖတ်ကြည့်ပါ..။



https://docs.google.com/viewer?a=v&pid=explorer&chrome=true&srcid=0B4kfEI3k1N5aZDhmMzlmMjMtNjdiNi00MzRjLThiM2UtMGVmMmQyMzc3NjIz&hl=en_US


RFA က အင်တာဗျူးတဲ့ ရိုဟင်ဂျာ ပါမောက္ခ ဒေါက်တာဝါကာအူဒင်ကတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်က အာရပ်တွေ သင်္ဘောပျက်လို့ ဒီမှာသောင်တင်ပြီး ရိုဟင်ဂျာအဖြစ် အသွင်ပြောင်းသွားတယ်လို့ ပြောသွားပါတယ်..။ (အာရပ်ဆီက ပိုက်ဆံတောင်းလို့ကောင်းအောင်ဖြစ်မှာပါ)။ အဲဒီသမိုင်းကြောင်းနှစ်ခုတောင် မတူပါဘူး..။ ကြုံသလို ပြောနေကြတာပါ..။
အဲဒီစာတွေကို ဖတ်မိရင်  ၁၉၉၀ အမျိုးသားပါတီဆိုတာလည်း  ရိုဟင်ဂျာပါတီတစ်ခုဆိုတာ ငြင်းမရပါဘူး..။ အခု ၂၀၁၀ ရွေးကောက်ပွဲဝင်ပြီး Burma Campaign UK က ရိုဟင်ဂျာပါတီလို့ ပြောတဲ့ အမျိုးသားဖွံဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ (NDPD) နဲ့ အဲဒီ အမျိုးသားပါတီဟောင်းနဲ့ ပတ်သတ်ဆက်စပ်မှုရှိမယ်လို့ ယူဆပါတယ်..။ အဲဒါဆိုရင် သူတို့ရဲ့ အဓိက ဦးတည်ချက်က .. ဘာလဲ… ????
ဘယ်အစိုးရတက်တက်၊ ဘာမူဝါဒ ပေါ်လစီပြောင်းပြောင်း.. ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲဝင်၊ အစိုးရအဖွဲ့ရယူ၊ တိုင်းရင်းသား/ ကိုယ်ပိုင်အုပ်ချုပ်ဖို့ အခွင့်အရေးတောင်း၊ အစရှိသဖြင့် ရသမျှအကုန်ယူဖို့၊ ရခိုင်လူမျိုးတွေ၊ ရခိုင်နယ်မြေတွေကို ၀ါးမျိုးဖို့ ပိပိယိယိ ကြံစည်ထားတဲ့ အစီအစဉ်ပါ..။

အဲဒီ ရိုဟင်ဂျာတွေအတွက် အာရပ်နိုင်ငံတွေအပါအ၀င် (၅၇) နိုင်ငံပါဝင်တဲ့ Organization of International Islamic Cooperation OIC အပြည်ပြည်ဆိုင်ရာ အစ္စလာမ် အဖွဲ့ချုပ်က ဦးဟန်ညောင်ဝေရဲ့ EBU ကို ငွေပေးပြီး ကြိုးစားနေတယ်ဆိုတာလည်း သိသင့်သလောက် သိပြီးကြပါပြီ..။

https://www.facebook.com/note.php?note_id=293347000684323

အဲဒီတော့ ဒီကိစ္စရဲ့ နောက်ကွယ်မှာ ဘယ်သူရှိရှိ တိတိကျကျ အထောက်အထားအခိုင်အမာ ဖော်ထုတ်ဖို့က ကျွန်တော်တို့တာဝန်ပဲဖြစ်ပါတယ်.။ ရိုဟင်ဂျာကို လူ့အခွင့်အရေးလက်နက်အဖြစ်အသုံးချပြီး အမေစုနဲ့ NLD ကို ပစ်နိုင်အောင် ဒီမိုလုပ်စားတော်တော်များများက ဖန်တီးနေကြပါတယ်..။ တချို့ကလည်း အမေရိကန်ကြောင့်လို့ ပြောကြသလို၊ တချို့လည်း အစိုးရ အကွက်ရွှေ့နေတာ လို့ပြောကြပါတယ်..။
ခုအချိန်မှာ ဘယ်သူ့ကိုပဲ လက်ညိုးထိုးနေပါစေ လက်ရှိ ဖော်ညွှန်းနေတဲ့ အထောက်အထားတွေကတော့ သစ္စာဖောက်လောက်ကောင် ဒီမိုလုပ်စားတွေ၊ ကျွန်တော်တို့အားကိုးခဲ့တဲ့ ပြည်ပအခြေစိုက် မီဒီယာတွေ ဖြစ်နေတာက ရင်အနာဆုံးပါ..။  အဲဒီ နောက်ကွယ်က ဘယ်သူပါဝင်လဲဆိုတာကိုလည်း လေ့လာဖော်ထုတ်ဖို့ ကြိုးစားပါဦးမယ်..။ သူငယ်ချင်းများလည်း လေ့လာဖော်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားကြဖို့ မေတ္တာ ရပ်ခံချင်ပါတယ်..။
(စုစည်းတင်ပြသူ - ရန်အောင်)

Tuesday, November 1, 2011

မိုက်ကယ်ပိုစနာ လူထုခေါင်းဆောင် နှင့် တွေ့ဆုံမည်


အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပိုစနာသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်မှာ နိုဝင်ဘာလ ၂ရက်နေ့တွင် မြန်မာနိုင်ငံသို့ တတိယအကြိမ် ရောက်ရှိလာမည်ဟု သိရှိရပါသည်။ 

မိုက်ကယ်ပိုစနာနှင့် ဒဲရက်မစ်ချဲလ်တို့ လာရောက်သည့် သတင်းကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၊ ပြန်ကြားဌာနမှ အတည်ပြုပြောဆိုခဲ့ပါသည်။ 

မိုက်ကယ်ပိုစနာနှင့် ဒဲရက်မစ်ချဲလ်တို့သည် နေပြည်တော်သို့ သွားရောက်ပြီး အစိုးရအဖွဲ့ဝင် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ကာ ရန်ကုန်မြို့တွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ  လူ့အခွင့်အရေးနှင့် ဆက်နွှယ်သော ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြောင်းလဲမှုများအကြောင်းကို ဆွေးနွေးကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအရာရှိ နှစ်ဦးမှာ ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ တွေ့ဆုံမည့်နေ့ရက်ကို မသိရှိရသေးကြောင်း ဦးခွန်သာမြင့်က ပြောဆိုခဲ့ပါသည်။ ထို့အပြင် အရာရှိနှစ်ဦးသည် အမျိုးသားဒီမိုကရေစီအင်အားစု (NDFနှင့်လည်း တွေ့ဆုံဖွယ်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။ ထိုသို့ တွေ့ဆုံဖြစ်ပါက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရေးနှောင့်နှေးနေမှုနှင့် ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သော ဦးခင်မောင်ဆွေက ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်သည် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ထားပြီး အောက်တိုဘာလ ၂၅ရက်နေ့တွင် နှစ်လအတွင်း ဒုတိယအ ကြိမ် လာရောက်ခဲ့ပြီးနောက် ရက်သတ္တပတ်အတွင်း တတိယအကြိမ် ထပ်မံလာရောက်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်လာရောက်စဉ်က အချိန်နှစ်ရက်ကြာမြင့်ခဲ့ပြီး အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည့်နှင့် တွေ့ဆုံခဲ့ကာ   ခရီးစဉ်နှင့် ပတ်သက်သော အကြောင်းအရာများကို သတင်းထုတ်ပြန်မှု မပြုလုပ်ခဲ့ပေ။ 

အမေရိကန် အရာရှိနှစ်ဦးသည် နိုဝင်ဘာလ ၄ရက်နေ့တွင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်သို့ ပြန်လည်ထွက်ခွာမည် ဖြစ်ပါသည်။     

အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် မြန်မာနိုင်ငံသို့ ငါးရက်ကြာခရီးစဉ်အဖြစ် တတိယအကြိမ်လာရောက်ခဲ့ပြီး အဆိုပါနေ့မှာပင် နေပြည်တော်သို့ သွား ရောက်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့နှင့် တွေ့ဆုံ ခဲ့ပါသည်။ 

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  အောက်တိုဘာလ နောက်ဆုံးပတ် အတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးနှင့် ပတ်သက်၍ အချက်အလက် ရှာဖွေလေ့လာမှု ပြုလုပ်ရန် လာရောက်ခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးကိစ္စရပ်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၉ရက် နေ့အထိ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ အဖြေထွက်နိုင်ဖွယ် ရှိနေပါသည်။

သတင်း ---Eleven Media Group

နိုင်ငံရေး ပါတီမှတ်ပုံတင်ဥပဒေကို အချက်သုံးချက် ပြင်ဆင်


ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး
လက်ရှိအချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မကြာမီ ကျင်းပနိုင်ဖွယ်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲအမှီ ပါတီမှတ်ပုံတင်နိုင်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါကိစ္စရပ်ကို  နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကို အတည်ပြုပြီးနောက် ထွက်ရှိလာမှသာ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားခဲ့ပါသည်။ 

မူလက ပြဌာန်းထားသော နိုင်ငံရေး ပါတီမှတ်ပုံတင်ဥပဒေကို အချက်သုံးချက် ပြင်ဆင်ထားပါသည်။ ထိုပြင်ဆင်ချက်များမှာ ပါတီဝင်များသည် ထောင်ဒဏ်ကျခံရသူများ မဟုတ်ရဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ပါတီတစ်ခုသည် ရွေးကောက်ပွဲများတွင် အနည်းဆုံး သုံးနေရာ ၀င်ပြိုင်ရမည် ဟူသော ကန့်သတ်ချက်ကို ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော ပါတီအသစ်များနှင့် သက်ဆိုင်မှုမရှိဟု ပြင်ဆင်လိုက်သည့် နည်းတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ''ထိန်းသိမ်း စောင့်ရှောက်ရမည်''ဟူသော စကားရပ်အား ''လေးစားလိုက်နာရမည်'' ဟု ပြင်ဆင်လိုက်ခြင်းဖြစ်ပါသည်။ 

ထိုသို့ ပြင်ဆင်မှုအား လွှတ်တော်နှစ်ရပ်တွင် ဆွေးနွေးအတည်ပြုခဲ့ပြီး ဥပဒေမူကြမ်းကို သမ္မတရုံးသို့ ပေးပို့ထားကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြီးသည်နှင့် ဥပဒေအတည်ဖြစ်လာမည် ဖြစ်ပါသည်။


သတင်း----Eleven Media Group

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲသို့ ဒုတိယအကြိမ် ဖိတ်ကြားခံရ


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေပြည်တော် 
ရောက်ရှိစဉ်က နယ်စပ်ဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး ၊ သမ္မတအကြံပေး ဦးမြင့် 

တို့နဲ့ အတူတွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်တွင် ကျင်းပမည့် ဆွေးနွေးပွဲတစ်ရပ်သို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကြည်နှင့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ပြီးနောက် ယင်းကဲ့သို့ ဖိတ်ကြားခံခဲ့ရခြင်းဖြစ်သည်။ ယခု သီတင်းပတ် အစောပိုင်းတွင် နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ ကျင်းပမည့် နိုင်ငံပေါင်း ရှစ်နိုင်ငံပါဝင်သော Myanmar First Forum on Green Economy and Green Growth အမည်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လိမ့်မည်ဟု မျှော်လင့်ထားသည်။ ပြည်သူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သည့် Green Economy Green Growth အဖွဲ့က ကြီးမှူးသော အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လည်း တက်ရောက်လိမ့်မည်ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များသာမက အခြား အရှေ့တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်မျာလည်း တက်ရောက်လိမ့်မည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အောက်တိုဘာလ ၂၇ ရက်တွင် နိုင်ငံတော်က ဥပဒေပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း ၄င်းတို့၏ ပါတီကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရေးကိစ္စကို ဆုံးဖြတ်မည်ဟု ၂၈.၁၀.၂၀၁၁ ရက်က ပြောကြားခဲ့သည်။ NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက NLD ပါတီ ပြန်လည်မှတ်ပုံတင်ဖြစ်ပါက ယခုနှစ်ကုန်ပိုင်းတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပါလီမန်ကို ကိုယ်စားပြုကောင်း ပြုလိမ့်မည်ဟု ပြောကြားခဲ့သည်။ သူက “သူလုပ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်အနေနဲ့ ပြောရရင် သူ့ကို အဲဒီလို လုပ်စေချင်ပါတယ်” ဟု ပြောပြခဲ့ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

အမေရိကန် ဝန်ကြီး မိုက်ကယ် ပို့စနာ တောင်ဒဂုံမှာ HIV လူနာများနဲ့ စောင့်ရှောက်ပေးနေသူ ဒေါ်ဖြူဖြူသင်း တို့ကို သွားရောက်တွေ့ဆုံ


 အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပို့စနာ (Michael Posner) နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ အရာရှိများသည် နိုဝင်ဘာ ၁ ရက်နေ့ (ယနေ့) ညနေ ၃ နာရီ မိနစ် ၄၀ ခန့်က တောင်ဒဂုံမြို့နယ် ၁၈ ရပ်ကွက် ကမ္ဘောဇ၂ လမ်းရှိ HIV လူနာများနှင့် တာဝန်ယူ စောင့်ရှောက်နေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဖြူဖြူသင်းထံ သွားရောက်တွေ့ဆုံခဲ့စဉ်
 

တရုတ်နယ်စပ်တွင် သျှမ်းပြည်နယ် အစိုးရ အခွန်ကောက်ခံမှု စတင်

သျှမ်းပြည်နယ်အစိုးရ အတွက် တရားဝင်အခွန် ကောက် ခံခြင်းကို တရုတ် - မြန်မာ နှစ်နိုင်ငံနယ်စပ် မူစယ် - ကျယ်ဂေါင်အဝင်အထွက်ဂိတ်တစ်ခုဖြစ် သည့် ဆင်ဖြူ ဂိတ်တွင်နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ကစတင် လိုက် ကြောင်း သိရသည်။
ရဲ ၊ စည်ပင်သာယာ ၊ စိုက်ပျိုးရေး ၊ အကောက်အခွန်နှင့် လဝက စသည့် ဋ္ဌာနစုံပါဝင်သည့် ၀န်ထမ်းများက ကုန် ပစ္စည်း တန်ဖိုး၏ ၃ ရာခိုင်နှုန်းကို ပြည်နယ်အစိုးရ အခွန်ငွေအဖြစ် ကောက်ယူကြောင်း မူစယ်မြို့ အုပ်ချုပ်ရေး ဝန်ထမ်း အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
MM-Chiina_Border
“ဒီနေ့မနက်ပိုင်းမှာ စကောက်နေပြီ အခွန်ကတော့ ပစ္စည်းတန်ဖိုးရဲ့ ၃ ရာခိုင်နှုန်း ကောက်မယ် ” ဟု မူစယ်မြို့ အုပ်ချုပ် ရေးဝန်ထမ်းတစ်ဦးကဆိုသည်။

ယခင်မူစယ်မြို့နယ် ဋ္ဌာနဆိုင်ရာဝန်ထမ်းများ ရံပုံငွေအတွက် အခွန်ကောက်ခံနေသော ဆင်ဖြူဂိတ်တာဝန်ကျ ဝန်ထမ်း များနှင့် ပြည်နယ်အစိုးရအတွက် အခွန်ကောက်ယူမည့်ဝန်ထမ်းများအကြားယနေ့နံနက်ပိုင်းက ပြဿနာ ဖြစ်ပွားခဲ့ သေး ကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်တွင်း၌ တတိယအကြိမ်မြောက် အစာငတ်ခံဆန္ဒပြမှု့


သမ္မတဦးသိန်းစိန် အစိုးရအာဏာရယူပြီးနောက် အင်းစိန်အကျဉ်းထောင်တွင်း၌ တတိယအကြိမ်မြောက် အစာငတ်ခံဆန္ဒပြမှုနဲ့ အချက်အလက်များ
မြန်မာနှိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် ထုတ်ပြန်ချက်
မိုးမခ၊ နိုဝင်ဘာ ၁၊ ၂၀၁၁
(အစာငတ်ခံဆန္ဒပြမှု ၃ ကြိမ်)
      အင်စိန်အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ ၂၆.၁၀.၂၀၁၁နေ့ မှစတင်သည့် အစာငတ်ခံဆန္ဒ ပြမှုသည် သမ္မတဦးသိန်းစိန်အစိုးရ အာဏာရယူပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်နိုင်ဖွယ်ကိစ္စ တုံ့ပြန်ချက်များ

NLD ပါတီ ပြန်လည် မှတ်ပုံတင်ခဲ့မယ်ဆိုရင် နိုင်ငံရေးအရ ပိုပြီး လုပ်ဆောင်လာနိုင် လိမ့်မယ်လို့ ယူဆနေကြသလို တဘက်ကလည်း ဒီအချိန်မှာ ပြန်ပြီး မှတ်ပုံတင်လိုက်ရင် မြန်မာ့ဒီမိုကရေစီပန်းတိုင်က ပိုပြီးများ ဝေးကွာသွားလေမလား ဆိုပြီး စိုးရိမ်မှုတချို့ ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော်က ပြင်ဆင်လိုက်တဲ့ ပါတီမှတ်ပုံတင် ဥပဒေ ထွက်လာရင် ပါတီ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာကို ယတိပြတ် ဆုံးဖြတ်မယ်ဆိုပြီး အောက်တိုဘာလ ၃၀ ရက်နေ့က ပြောဆိုလိုက်တာပါ။ ဒီအပေါ်မှာ မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းရဲ့ သဘောထား အမြင်က ဘယ်လိုရှိသလဲ ဆိုတာကိုတော့ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။

တရုတ်-မြန်မာ ပြန်ကြားရေးကဏ္ဍပူးပေါင်းဆောင်ရွက်မည်

နိုင်ငံပိုင်ရုပ်သံလိုင်းများအဖြစ် ထုတ်လွှင့်ပြသလျက်ရှိသာ MRTV-4၊ Sky Net ရုပ်သံလိုင်းများနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ရုပ်သံလိုင်း တစ်ခုဖြစ်သည့် CCTV ရုပ်မြင်သံကြားတို့မှ ပူးပေါင်း၍ CCTV International ရုပ်သံလိုင်းကို အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်၍ မြန်မာ့ ရုပ်မြင်သံကြားတွင် စတင် ပြသနေပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့ မြန်မာ-တရုတ် ပူးပေါင်း၍ ပြန်ကြားရေးလုပ်ငန်း ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရာတွင် အောင်မြင်မှု ရရှိခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မပာာဗျူပာာမြောက် ဆက်ဆံရေးအခြေအနေသို့ ရောက်ရှိနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နောင်အနာဂါတ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ပြန်ကြားရေးကဏ္ဍတွင် ပိုမို၍ ပူးပေါင်းဆောင်ရွက်နိုင်တော့မည်ဖြစ်ပြီး ယခုထက် ပိုမို၍ ရင်းနှီးပွင့်လင်းမှုရှိသည့် ဆက်ဆံရေးကို တိုးပွားလာနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ပြည်ပနှင့် ပူးပေါင်း၍ ရုပ်သံလိုင်းများ ထပ်မံတိုးချဲ့လိုက်သည့်အတွက် ကမ္ဘာနှင့်အဝန်း ဖြစ်ပျက်လျက်ရှိသည့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်တော့မည်ဖြစ်ကြောင်း Sky Net ရုပ်သံလိုင်းဝယ်ယူထားသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ပူးပေါင်း၍ ထုတ်လွှင့်သည့် CCTV International ရုပ်သံလိုင်းတွင် CCTV-4၊ CCTV-News၊ CCTV-9 Documentary ရုပ်သံလိုင်းတို့ ပါဝင်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အခပေး၊ အခမဲ့ ကြည့်ရှုခွင့်ရသော ရုပ်သံလိုင်းပေါင်း ၁၀၀ ကျော်ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ တရားဝင် စာရင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သတင်း.. yangonchronicle

ရန်ကုန်မြို့တော်ခန်းမအတွင်း ဗုံးတွေ့ရှိသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် အနီးပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာမှုများကို သုံးနာရီကျော်ကြာကန့်သတ်ခဲ့




  w75_25 အောက်တိုဘာလ ၃၀ ရက် နေ့ ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမအတွင်းရှိ စင်ဝင်အောက်တွင် ဗုံးတွေ့ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် မြို့တော်ခန်းမရှေ့ အနီးပတ်ဝန်းကျင်တွင် ဖြတ်သန်းသွားလာမှုများကို သုံးနာရီကျော်ကြာ ကန့်သတ်ခဲ့ကြောင်း သိရှိရသည်။ မြို့တော်ခန်းမရှေ့မျက်နှာစာရှိ မဟာဗန္ဓုလလမ်းပေါ်နှင့် ဆူးလေဘုရားလမ်းထောင့်တွင် ညနေ ၆ နာရီအချိန်ခန့်မှ စတင်၍ ယာဉ်ထိန်းနှင့် ရဲတပ်ဖွဲ့ဝင်များကာရံ၍ လူများ၊ ယာဉ်များဖြတ်သန်းသွားလာမှုများကို တားမြစ်ကန့်သတ်ခဲ့ကြောင်း အနီးပတ်ဝန်းကျင်ရှိ မျက်မြင်တွေ့ရှိ သူများက ဆိုသည်။
''ညနေ ၆ နာရီကျော်လောက်ကတည်းက မြို့တော်ခန်းမရှေ့နဲ့ ဘေးနေရာအချို့မှာ ရဲတွေကာရံထားပြီး လမ်းပိတ်လိုက်တာကို တွေ့ရ တယ်။ ပထမဘာဖြစ်လို့ လမ်းပိတ်လိုက်တာမှန်း မသိဘူး။ ဈေးရောင်းတဲ့ ဘက်ကိုပဲ အာရုံရောက်နေတယ်။ အဲဒါနဲ့ မေးကြည့်လိုက်တော့ မြို့တော်ခန်းမထဲက စင်ဝင်အောက်မှာ ဗုံးတွေ့လို့ လမ်းတွေပိတ်ထားပြီး  မြို့တော်ခန်းမခြံဝန်းထဲမှာလည်း လူတွေအများကြီးပဲ ရှာဖွေမှုတွေလုပ်နေတာကို လှမ်းတွေ့နေရတယ်။ ၇ နာရီ ၅ မိနစ်လောက်မှာတော့ မြို့တော်ခန်းမထဲက ပေါက်ကွဲသံတစ်ခုကြားလိုက်ရတယ်။ ကြားရ တဲ့အသံလောက်က ကားဘီးပေါက်တဲ့ အသံလိုပါပဲ၊ အရမ်းအပြင်းကြီး မဟုတ်ပါဘူး'' ဟု မြို့တော်ခန်းအနီးတွင် ဈေးရောင်းချသူတစ်ဦးက သူ၏တွေ့ကြုံမှုများကို ပြောပြခဲ့သည်။
ထို့နောက် ည ၈ နာရီ ၂၅ မိ နစ်အချိန်ခန့်တွင် မြို့တော်ခန်းရှေ့အနီးသို့ မီးသတ်ကားနှစ်စီးရောက်ရှိလာပြီး ည ၈ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် သဲများတင်ဆောင်လာသည့် ကားတစ်စီးလည်း ရောက်ရှိလာခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောကြားခဲ့သည်။
''၈ နာရီ ၂၅ မိနစ်လောက်မှာ မီးသတ်ကားနှစ်စီး လာတယ်။ မီးသတ်တပ်ဖွဲ့ဝင်အချို့ မီးသတ်ရင်ဝတ်တဲ့ ၀တ်စုံတွေ ၀တ်ထားပါတယ်။  နောက် ၁၀ မိနစ်လောက်အကြာမှာ  သဲတွေတင်လာတဲ့ ကားတစ်စီး ခန်းမနားထဲကို ၀င်သွားတယ်။ပြီးတော့အထဲမှာ သဲအိတ်တွေချပြီး ဖို့နေတာကို အပြင်က လှမ်းမြင်လိုက်ရတယ်။ ည ၉နာရီနဲ့ ၅ မိနစ်လောက်မှာတော့ မြို့တော်ခန်းမထဲကနေ နောက်ထပ်ပေါက်ကွဲသံတစ်ခု ထပ်ကြားလိုက်ရတယ်။
ပေါက်ကွဲသံကတော့ နည်းနည်းတော့ပြင်းတယ်။ ကျွန်တော်ဆူးလေဘုရားလမ်းပေါ်မှာ ရပ်နေတဲ့သူတောင် နည်းနည်းခါသွားသလို ခံစားလိုက်ရတယ်။ ပေါက်ကွဲသံ ကြားလို့ လူတွေအများကြီး အုံဝိုင်းလာတယ်'' ဟု ကိုယ်တိုင်တွေ့ကြုံခဲ့ ရသူတစ်ဦးလည်း ပြောပြခဲ့သည်။
''မြို့တော်ခန်းမထဲမှာ ဗုံးကိုမပေါက်ကွဲခင် တွေ့ခဲ့တာလို့ ပြောတယ်။ ဒါနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရှာဖွေမှုတွေလုပ်ပြီး ဗုံးတွေကို အန္တရာယ်မရှိအောင် ဖောက်ကွဲခဲ့တယ်လို့ သိရတယ်''ဟု မြို့တော်ခန်းမအနီးတွင် နေထိုင်သူတစ်ဦးက ပြောပြခဲ့သည်။
ည ၉ နာရီခွဲအချိန်ခန့်တွင်မူ ပေါက်ကွဲစေနိုင်မှုနှင့်ပတ်သက်၍ အန္တရာယ်ကင်းရှင်းသည်ဟု သတ်မှတ်လိုက်ပြီးနောက် အနီးပတ်ဝန်းကျင်တွင် လူနှင့်ယာဉ်များ ဖြတ်သန်းသွားလာမှုများကို ပြန်လည်ခွင့်ပြုပေးခဲ့ကြောင်းလည်း အနီးပတ်ဝန်းကျင်တွင် သွားလာနေသူများက ပြောကြားခဲ့သည်။

ဗေဒါစာဖတ်ခန်းဖွင့်ပွဲ

Daw Aung San Suu Kyi and large crowd attend opening of Bayda Institute Library. (photo: mizzima)

သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသမီးတဦးက လုံခြုံရေး လူငယ်များကြားမှ ပန်းပေးနေသည်ကို တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည်သည် မိန့်ခွန်းများတွင် ပညာရေးနှင့် ပက်သက်ပြောဆိုလေ့ရှိပြီး စာဖတ်ခန်းနှင့် စာကြည့်တိုက်ဖွင့်ပွဲ အချို့ကို ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်း ဖွင့်ပွဲသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်အား လာရောက် ကြိုဆိုနေသူများကြားတွင် တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။ ဗေဒါကျောင်းသည် စွယ်စုံရ လေ့ကျင့်ရေးစင်တာ တခုဖြစ်ပြီး ဒေသအာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ကျောင်းနေရာ မကြာခဏ ရွှေ့ပြောင်းခဲ့ရသည်။
သင်္ကန်းကျွန်းမြို့နယ် ဗေဒါကျောင်းရှိ ဗေဒါစာဖတ်ခန်းဖွင့်ပွဲသို့ တက်ရောက်လာသော NLD ဥက္ကဌ ဦးတင်ဦးကို တနင်္လာနေ့ အောက်တိုဘာလ ၃၁ ရက် နံနက်ပိုင်းက တွေ့ရစဉ်။
သတင်း/ဓါတ်ပုံ -- Facebook မဇ္ဈိမ

နိုဝင်ဘာ ၁၄ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ခွင့်ရရှိရန် ၇၅ရာခိုင်နှုန်းမျှော်လင့်ထားကြောင်း ကိုဇာဂနာပြောဆို


၂၀၁၁ခုနှစ် နိုဝင်ဘာလ ၁၄ရက်နေ့တွင် အကျဉ်းထောင်အသီးသီးတွင် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရန် ၇၅ ရာခိုင်နှုန်းခန့် မျှော်လင့်ထားကြောင်း မောင်သူရ (ခေါ်) ဇာဂနာမှ ပြောဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေလွတ်မှာပါ ၇၅ ရာခိုင်နှုန်းလောက်တော့ ကျွန်တော်မျှော်လင့်ထားပါတယ် တကယ်လွတ်လာရင် ၁၀၀ ရာခိုင်နှုန်းပေါ့လေ လာမယ့် နိုဝင်ဘာ၁၄ရက်နေ့ ပြန်လည်လွတ်လာလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”

ဒါရိုက်တာ မောင်သူရ (ခေါ်) ဇာဂနာသည် မြစ်ကြီးနားထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာပြီး ဆယ့်လေးရက် အကြာတွင် နိုင်ငံရေးသည် အနုပညာနှင့် ဆက်နွယ်နေခြင်းကို ပေါ်လွင်စေရန်အတွက် လွတ်လပ်ခြင်းအနုပညာပွဲတော်ကို ကျင်းပရခြင်းဖြစ်ပြီး အဆိုပါရုပ်ရှင်ကားများရုံတင်သောနေ့တွင်လည်း အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လာရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ကိုဇာဂနာမှ ဆက်လက်ပြောပြသည်။

“ကျွန်တော်တို့အခု လွတ်လပ်ခြင်းအနုပညာရုပ်ရှင်ပွဲတော်မှာ ၀င်ပြိုင်တဲ့လူတွရဲ့ ကားတွကိုရုံတင်တဲ့အခါမှာ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေအားလုံး အဲ့ရုံထဲမှာလာကြည့်ကြမှာလေ။ တစ်ယောက်မှ ထောင်ထဲမှာ ရှိတော့မှာမဟုတ်ဘူး။ အကုန်လွတ်လာပြီ အဲ့အချိန်လောက်ဆို ကျွန်တော်ပြောတာက ဒီပွဲမတိုင်ခင်မှာ ကျွန်တော့်သူငယ်ချင်းတွေ အကုန်လွတ်လာပြီး လာကြည့်ကြမှာပါ” ဟု ဒါရိုက်တာ မောင်သူရ(ခေါ်) ဇာဂနာက ပြောသည်။

ဒါရိုက်တာ မောင်သူရ(ခေါ်) ဇာဂနာသည် ပေါင်းတည်ထောင်၊  နတ်တလင်း  နှင့် ပြည်ထောင် များသို့ သွားရောက်ကာ ယုံကြည်ချက်ဖြင့် ကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအား သွားရောက်၍ အလှူငွေပေးအပ်ခြင်းနှင့် အနုပညာရှင်များမှ ၀ိုင်းဝန်းကူညီသော ထောက်ပံ့သော စာစောင်များနှင့် အ၀တ်အထည်များကို လှူဒါန်းပေးခဲ့ပြီး နိုဝင်ဘာလ တစ်ရက်နေ့တွင်လည်း အခြားသော ထောင်များသို့ သွားရောက် ကူညီထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
အောက်တိုဘာ ၃၁၊ ရန်ကုန်မြို့။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာ မြန်မာနိုင်ငံသို့ ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်တို့အား မေလ ၁၂ ရက်နေ့က ရန်ကုန်မြို့၌ တွေ့ရစဉ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယာသည် အောက်တိုဘာလ ၃၁ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံသို့ မစ္စတာ ဗီဂျေးနမ်ဘီယာ ရောက်ရှိလာခြင်းကို ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့ပါသည်။
ထိုသို့ပြောကြားခဲ့ရာတွင် ဗီ ဂျေးနမ်ဘီယာ၏ မြန်မာနိုင်ငံခရီးစဉ် သည်ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း နှင့် အသေးစိတ်အချက်အလက်များ ကို ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။
၂၀၁၀ပြည့်နှစ်မှ စတင်ပြီး  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သော ဗီဂျေးနမ်ဘီယာသည် ၂၀၁၀ပြည့်နှစ် နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်ခဲ့ပြီး ၂၀၁၁ခုနှစ် မေလတွင် ဒုတိယအကြိမ် လာရောက်ခဲ့ပါသည်။ ထိုသို့လာရောက်စဉ်က နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ သုံးရက်ကြာ လာရောက်ခဲ့ခြင်းဖြစ်ပါသည်။
အိန္ဒိယ နွယ်ဖွားဖြစ်သူ မစ္စတာဗီဂျေးနမ်ဘီယာသည် ၂၀၀၇ခုနှစ် ဇန်န၀ါရီလမှစတင်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူးအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ၂၀၁၀ ခု၊ ဇန်န၀ါရီလတွင် ကုလသမဂ္ဂ အရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဘရာဟင်မ်ဂမ်ဘာရီ ရာထူးက နှုတ်ထွက်ခဲ့ပြီး နောက်မစ္စတာဂမ်ဘာရီ၏ နေရာကို ဆက်လက်တာဝန်ယူခဲ့ခြင်း ဖြစ်ပါသည်။
ကုလသမဂ္ဂ အရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် မစ္စတာရာဇာလီအစ္စမေးလ်နှင့် မစ္စတာအီဘရာဟင်မ်ဂမ်ဘာရီတို့က တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မစ္စတာဗီဂျေးနမ်ဘီယာက် တတိယမြောက် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။
အောက်တိုဘာလ နောက်ဆုံး ပတ်အတွင်းက မြန်မာနိုင်ငံသို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး  Mr.Marty Natalegawa  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် မြန်မာနိုင်ငံ တာဝန်ထမ်းဆောင်ရေးနှင့်ပတ်သက်ပြီး အချက်အလက် ရှာဖွေလေ့လာမှုပြုလုပ်ရန် လာရောက်ခဲ့ပါသည်။
အောက်တိုဘာလ ၂၄ရက်နှင့် ၂၅ရက်နေ့တွင်လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Mr.Derek Mitchell က  မြန်မာနိုင်ငံသို့ အချိန်နှစ်လအတွင်း ဒုတိယအကြိမ် လာရောက်ခဲ့ပါသည်။
ထို့ပြင် Mr.Derek Mitchell သည် နိုဝင်ဘာလ ၁ရက်နေ့တွင် မြန်မာနိုင်ငံသို့ တတိမြောက်ခရီးစဉ် လာရောက်မည်ဟု သတင်းထွက်ပေါ်လျှက်ရှိပြီး အတည်ပြုချက် မရရှိသေးပေ။ မြန်မာနိုင်ငံသို့ တတိယအကြိမ် လာရောက်မည့် Mr.Derek Mitchell  ၏ ခရီးစဉ်သည် လေး ရက်ကြာမြင့်နိုင်ကြောင်း သိရှိရကာ Mr.Mitchell နှင့်အတူ အမေရိကန်လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Michael Posner လည်း လိုက်ပါလာမည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိနေပါသည်။

သတင်း---Eleven Media Group

အမေရိကန် ကိုယ်စားလှယ် အဖွဲ့ မြန်မာပြည် လည်ပတ်မည်

နယူးဒေလီ (မဇ္ဈိမ) ။        ။ အမေရိကန်၏ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ်မစ်ချဲလ် နှင့်လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး Michael Posner မိုက်ကယ်ပေါ့စနာတို့ မြန်မာပြည်သို့ နိုဝင်ဘာလ ၁ ရက်နေ့တွင်အလည် အပတ်ရောက်ရှိမှာ ဖြစ်သည်။
dasskanddelmischel1
အမေရိကန်၏ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရစ်မစ်ချဲလ် (ဓါတ်ပုံ မဇ္ဈိမ)


ယခုခရီးစဉ်မှာ မစ္စတာ ဒဲရစ်မစ်ချဲလ်၏ နှစ်လအတွင်း တတိယမြောက် ခရီးစဉ် ဖြစ်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဒုတိယဝန်ကြီးလည်းဖြစ်သော မိုက်ကယ်ပေါ့စနာ၏ ပထမဆုံး မြန်မာပြည် ခရီးစဉ် ဖြစ် သည်။

“မနက်ဖြန် ၁၁ နာရီမှာ သံရုံးမှာ တွေ့ဖို့ ချိန်းထားပါတယ်” ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ -  NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

ကန်အဆင့်မြင့် အရာရှိများ၏ လေးရက်ကြာ ခရီးစဉ်အတွင်း နေပြည်တော်ရှိ အစိုးရအရာရှိများ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမှာဖြစ်သည်။  တွေ့ဆုံမှုတွင် NDF ပါတီနှင့်အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ - တစည၊ ဒီမိုကရက်တစ်ပါတီ -DPM တို့နှင့်လည်း ပါဝင်မည်ဟု သိရသည်။

NDF အနေဖြင့် တွေ့ဆုံမှုအတွင်း တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန်အစိုးရ၏ သဘောထားအား မေးမြန်းသွားမည်ဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကို ကျနော်တို့လည်း ပြောမှာပါ။ ငြိမ်းချမ်းရေးက အရေးကြီးတာကို။ငြိမ်းချမ်း ရေးရမှပဲ စီးပွားရေး ကိစ္စက လုပ်လို့ရမှာကိုး” ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့ အရေးယူမှုများနှင့် ပတ်သက်၍လည်း ထည့်သွင်း မေးမြန်း သွားမည်ဟု NDF က ဆိုသည်။

အမေရိကန်အစိုးရမှာ မြန်မာနိုင်ငံအား တဖက်တွင် စီးပွားရေး ပိတ်ဆို့မှုဆက်ထားကာ တဖက်တွင် တွေ့ဆုံ ဆွေးနွေးရေး ဟူသော မူဝါဒဖြင့် ဆက်ဆံနေခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး၊ သုံးပွင့်ဆိုင် ဆွေးနွေးရေးနှင့် ပြည်တွင်းစစ်ကြောင့် ဒုက္ခ ရောက်နေသူ များအား နိုင်ငံတကာ အကူအညီများ ထိရောက်စွာပေးပိုင်ခွင့် ပြုလုပ်ရန်တို့ကို ကန့်သတ် ချက်များအဖြစ် အမေရိကန် က ချမှတ်ထားသည်။

 “အမေရိကန်နိုင်ငံက ကိုယ်စားလှယ်တွေ လာပြီးတော့ ထိတွေ့၊ ပြောဆို၊ ဆွေးနွေးသည်နှင့်အမျှ ကျနော်တို့ နိုင်ငံရဲ့ အနေအထား၊ အခြေအနေကို သဘောပေါက်လို့ရှိရင် ဒီဆန်ရှင်ဆိုတဲ့ လမ်းကြောင်းကလည်း တစတစ ပပျောက် သွားလိမ့်မယ်လို့  ယူဆထားပါတယ်” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြောခွင့်ရ ဦးဟန်ရွှေက ပြော သည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီပြောင်းလဲမှုများ ဖြစ်ပေးနေပြီဖြစ်ကြောင်း တစညအနေဖြင့် လက်ခံထားကာ တွေ့ဆုံမှု အတွင်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာများကို တင်ပြသွားမည်ဟု သိရသည်။

သို့သော် ဒီမိုကရက်တစ်ပါတီ (မြန်မာ) - DPM အနေဖြင့်မူ အစိုးရအနေဖြင့် ဒီမိုကရေစီ ပြောင်းလဲမှုလုပ်နေ သည်မှာ မှန်ကန်သော်လည်း ကြန့်ကြာမှုများ ရှိနေသေးကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ရှိနေသေးကြောင်းထောက်ပြပြောဆိုသည်။

ကန်အရာရှိများနှင့် တွေ့ဆုံပွဲသို့ ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေ တက်ရောက်မည် ဖြစ်ကာ မည်သည့် ကိစ္စရပ်များ ဆွေးနွေး မည်ကို မသိရသေးပေ။

“အပြောင်းအလဲတခုတော့ လုပ်တော့ လုပ်နေတာပဲ။ လုပ်နေပေမယ့် တချို့ကိစ္စတွေမှာလည်း ကြန့်ကြာတယ်။ တချို့ ကိစ္စတွေမှာလည်း ပီပြင်မှု မရှိသေးဘူးပေါ့နော်။ အရင်တုန်းက နိုင်ငံရေးပါတီတွေကလည်း ကိုယ့် အလုပ်သမား သမဂ္ဂနဲ့ ကိုယ် ဖွဲ့နိုင်တယ်ပေါ့နော်။ လယ်သမားအစည်းအရုံးတွေ ဖွဲ့နိုင်တယ်။ အခုက အဲဒီမျိုးတွေ မရှိသေးဘူး။ မရှိသေးဘူး ဆိုတော့ ဒီမိုကရေစီပီပီပြင်ပြင်ကြီးတော့ မရှိသေးဘူး” ဟု DPM ပါတီအတွင်းရေးမှူး ဒေါ်သန်းသန်းနုက ပြောဆိုသည်။

ကန်အဆင်မြင့်အရာရှိများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားပြီး မည်သည့်နေ့ရက်တွင် တွေ့ဆုံမည်ဆိုသည်ကိုမူ မသိရသေးကြောင်း “ကျနော်တို့ကို တွေ့မယ်လို့တော့ ပြောထားပြီးပြီ။ ရက်ကတော့ မသတ်မှတ်ရသေးပါဘူး” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

တွေ့ဆုံစဉ်အတွင်း ဒီမိုကရေစီပြောင်းလဲရေး၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးနှင့်လူ့အခွင့်အရေးကိစ္စ များကို ထည့်သွင်းပြောဆိုသွားမည်ဟု သိရသည်။

မစ္စတာ ဒဲရစ်မစ်ချဲလ်၏ မြန်မာနိုင်ငံသို့ နောက်ဆုံးအလည်အပတ်ရောက်ခဲ့သည်က အောက်တိုဘာလ ၂၄ရက် နေ့ တွင် ဖြစ်သည်။

Monday, October 31, 2011

ကန့်ကွက်မူများကြောင့် ဘီဘီစီမှ တင်ထားသော မြန်မာ မြေပုံကို အပြောင်းအလဲ လုပ်

ယခုလိုပြောင်းလည်းတာမျိုးကိုလည်းလက်ခံနိုင်စရာအကြောင်းမရှိပါ။

ဘာကြောင့်ရိုဟင်ဂျာလူမျိုးထည့်သွင်းဖေါ်ပြရသနည်း။

မြန်မာပြည်လူမျိုးရေးကိုရှုပ်ထွေးအောင်တမင်သက်သက်

လုပ်ကြံခြင်းဖြစ်သည်။

ဘီဘီစီ (အင်္ဂလိပ်ပိုင်း) သတင်း ၀က်ဆိုက်ဘ်ဆိုက် တွင် အန်နာဂျုံး ( Anna Jones) ဆိုသူ သတင်း သမား တစ်ယောက်ရေးသားသော သတင်းတပုဒ် ကို မြန်မာ နိုင်ငံ မြေပုံနှင့် တကွ ပူးတွဲဖေါ်ပြရာ တွင် ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သော ရခိုင် လူမျိုးကို ထည့်သွင်း ဖေါ်ပြခြင်း မရှိဘဲရိုဟင်ဂျာပုံ ကို ထည့်သွင်း ဖေါ်ပြထားသဖြင့် မြန်မာနိုင်ငံသား အများအပြားက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့် ကွက်ခဲ့ကြသည်။
အဆိုပါ ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ အဆိုပါ မြေပုံကို ဖြုတ်ချလိုက်ပြီး အသစ်တဖန် ရခိုင်လူမျိုး ဓါတ်ပုံ တစ်ပုံကို ထည့်သွင်းကာ ယခင် မြေပုံ အတိုင်း ပြန်လည် ဖေါ်ပြခဲ့သည်။

၎င်းပြင် ဖြေရှင်းချက် တစ်ခုကိုလည်း Facebook မှ တဆင့် ယခုလို ရေးသားဖေါ်ပြသည်။

BBC-Inaccuate
ဘီဘီစီ အင်္ဂလိပ်ဆိုက်တွင် ယခင်ဖော်ပြခဲ့သည့် ပုံ
"မြန်မာနိုင်ငံနယ်စပ်များတွင် နေထိုင်ကြပြီး အစိုးရနှင့် ပဋိပက္ခဖြစ်နေကြသော လူနည်းစုများမှလူသိများ သော အုပ်စုများကို ဖော်ပြလိုရင်းသာ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်နေရာကို မျဉ်းကြောင်းနှင့် ရိုဟင်ဂျာပုံ ပူးတွဲ ဖော်ပြခဲ့ခြင်းမှာလည်း ပြည်နယ်ကို မည်သူမည်ဝါ ပိုင်ဆိုင်သည်ဟု ဖော်ပြလိုရင်း မဟုတ်သလို၊ ရခိုင် တိုင်းရင်းသားများကို ဖယ်ရှားချန် ထားလိုသော ရည်ရွယ်ချက်လည်း မရှိပါ" ဟု ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) အား နိရဉ္စရာမှ ဖုံးမှ တဆင့် မေးမြန်းရာ ဘီဘီစီ ၀ိုင်းတော်သား တစ်ဦးက ယခုလို ပြန်လည် ဖြေကြားသည်။

" အဲဒါကလေ ကျွန်တော်တို့ ဘီဘီစီ Facebook မှာလည်း ရေးထားပြီးပါပြီခင်ဗျာ။ ဒီကိစ္စက ကျွန် တော်တို့ ဒီလို သီးခြားဖြေရှင်းလို့ မရပါဘူး ခင်ဗျာ။ ကျွန်တော်တို့ ဘီဘီစီ Facebook မှာ အထက် အရာရှိတွေရဲ့ ဖြေရှင်းချက်ကို ရေးထားပြီးပါပြီ ခင်ဗျာ။"

အဆိုပါ ကိစ္စမှာ Asia-Pacific ဌာနမှ တင်ထားသည့် ကိစ္စဖြစ်သည့်အတွက် ဘီဘီစီ မြန်မာပိုင်းအစီ အစဉ်နှင့် သက်ဆိုင်မှုမရှိကြောင်း သူကဆက်ပြောသည်။

" ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူးခင်ဗျာ။ ဒီဥစ္စာက ဒီသူတို့ Asia-Pacific ဌာနက တင်ထားတဲ့ ဥစ္စာပါ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘီဘီစီ Asia-Pacific ဌာကို ဆက်သွယ်ရင် ပိုကောင်းပါလိမ့်မယ် ခင်ဗျာ"ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အဓိက နေထိုင်သူ ရခိုင်လူမျိုးကို မြေပုံထဲမှ ဖယ်ထုတ်ပြီး ရိုဟင်ဂျာပုံကို ရခိုင်ပြည်နယ် နေရာတွင် ဖေါ်ပြထားမူမှာ မတရား အနိုင်ကျင့်မူ တစ်ခု အဖြစ် သူထင်မြင် သဖြင့် ယခုကဲ့သို့ ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ယခု ကမ်းပိန်းကို ဦးဆောင်လူပ်ရှားရာတွင် ပါဝင်သူ အမေရိကားမှ ကိုကျော်ထူးအောင်က ပြောသည်။

၎င်းပြင် ယခု လုပ်ရပ်ကို တမင်ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ကိုင်ခြင်း အဖြစ် သူထင်မြင်ကြောင်း ယခုလို ပြောသည်။



BBC-Inaccuate-Map
ဘီဘီစီ အင်္ဂလိပ် သတင်းစာမျက်နာတွင် ယခုဖော်ပြထားသည့် ပုံ
" သူတို့က ရည်ရွယ်ချက်ရှိရှိ ဘက်လိုက် လူပ်ရှားမှုလို့ မြင်တယ်။ ရည်ရွယ်ချက်မရှိဘူး ဘက်မလိုက်ဘူး ဆိုရင် ဘာလို့ တရားဝင် မတောင်းပန်သေးတာလဲ။ လူတိုင်းဟာ အမှား လုပ်တတ်ပါတယ်။ မှားတာကို ၀န်ခံပြီး တောင်းပန်ဖို့ လိုပါတယ်" ဟု သူက ပြောသည်။

ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ မြန်မာနိုင်ငံ မြေပုံကို ဆက်လက် ဖေါ်ပြရာတွင် ရခိုင်လူမျိုးများအား ရခိုင်ပြည်နယ် အလယ်နေရာတွင် ဖေါ်ပြထားပြီး မွတ်ဆလင် ကလေးငယ်များ ဘုရားဝတ်ပြုနေသည့် ဓါတ်ပုံအထက်တွင် ရိုဟင်ဂျာဟု စာလုံးကို ရေးသားကာ ဘင်္ဂလာဒေခ်ျ့- မြန်မာ နယ်စပ် အနီး အထက်နားသို့ ရွှေ့ကာ ဖေါ်ပြထားသည်။

ထိုသို့ ရခိုင် လူမျိုးဓါတ်ပုံနှင့် တကွ ရခိုင်ပြည်နယ် နေရာတွင် ပြင်ဆင် ဖေါ်ပြထားသော်လည်း ဘီဘီစီ မြန်မာပိုင်း အစီအစဉ်၏ Facebook စာမျက်နာတွင် ယခင်က ဖေါ်ခြခဲ့မူ အပေါ် မကျေနပ်သူများက ဝေဖန် ရေးသားမူများ တိုးပွားနေပြီး အများစု စာများမှာ အဆိုပါ သတင်းနှင့် တိုက်ရိုက် ပတ်သက်မူ မရှိသော ဘီဘီစီ (မြန်မာပိုင်း)ကို ဝေဖန် တိုက်ခိုက် ထားသော စာများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ် နေရာတွင် ရိုဟင်ဂျာကို ဖေါ်ပြထားမူ အပေါ် မကျေနပ်မူနှင့် အတူ ရင်ဖွင့်လာရာတွင်စာရေး ဆရာ၊ ကဗျာဆရာနဲ့ ဒါရိုက်တာ ကိုချိုတူးဇော်လည်း ပါဝင်ပြီးသူက မိုးမခ သတင်းဌာနမှ တဆင့် ယခုလို ပြောသည်။ "ဒီသတင်းကို တွေ့တွေ့ချင်း စိတ်အင်မတန်မှ ဆိုးမိပါတယ်။ အဲဒါကြောင့် ကျနော်ဒီလိုလုပ်နေ တာပေါ့။ စော်ကားခံရတယ် လို့သဘောထားပါတယ်" ဟု ပြောသည်။

အလားတူ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ရခိုင်အမျိုးသမီးငယ်တစ်ဦးကလည်း “ သတင်းဌာနကြီး တစ်ခုဖြစ်ပြီး ဒီလို ခွင့်လွတ်ဖို့ မဖြစ်နိုင်တဲ့ သမိုင်းအမှားတွေ၊ ဓါတ်ပုံအမှားတွေတင်ထားပြီး လူမျိုးရေးကို စော်ကားတာ အသည်း တစ်စက်စက် နာတယ် ” ဟု သူမအမြင်ကို ရင်ဖွင့်သွားခဲ့သည်။

အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak outlook for Burma's ethnic groups ဆောင်းပါးတွင် သတင်းနှင့် အတူ ပူးတွဲ ဖော်ပြခဲ့သည်။

Sunday, October 30, 2011

တိုက်ပွဲဝင်သူရဲကောင်း နိုင်ငံရေးအကျဉ်းသားတွေကို တာမွေ ဒီချုပ်ရုံးမှ ကြိုဆို

 သတင်း-နေ့သစ်
ဒီနေ့ တာမွေမြို့နယ် ဒီချုပ်ရုံးမှာ တာမွေမြို့နယ်မှ ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုပွဲလုပ် တယ်။ ကိုနေကျော်၊ ကိုကြည်လွင်၊ ကိုမင်းဟန်၊ ကိုသက်ဦး၊ ကိုမိုးထက်လျှံ၊ ကိုမျိုးလှိုင်၊ ကိုစောသက်ထွန်း၊ ကိုဇော်ရဲဝင်း တို့ကို ဂုဏ်ပြုကြိုဆိုခဲ့တယ်။ ကိုမျိုးလှိုင်က မအားလို့ သူက လွဲလို့ ကျန်တဲ့လူတွေအကုန်လာတယ်။ အခမ်းအနားကို ၉ နာရီမှာ စတယ် ၁၁ နာရီမှာပြီးတယ် ခေါက်ဆွဲကြော်နဲ့ ဧည့်ခံတယ် အအေးတိုက်တယ် တာမွေမြို့နယ်မှ ဒီချုပ်ပါတီဝင် တွေနဲ့ ကျောင်းသားလူငယ်တွေ တက်ရောက်တယ်။