Saturday, November 19, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်သမ္မတ အိုဘားမား တယ်လီဖုန်း တိုက်ရိုက်စကားပြော

ဓါတ်ပုံ(Myanmar News Now)
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံဘာလီ သို့ရောက်ရှိနေခိုက် နိုဝင်ဘာ ၁၈ရက်နေ့နံနက် ၉နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်ထံသို့ တယ်လီဖုန်းဆက်သွယ်စကားပြောဆိုခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က The Messenger ဂျာနယ်သို့အတည်ပြုပြောကြားသည်။ အစိုးရသစ်လက်ထက်တွင် ပွင့်လင်းမြင်သာမှုရှိသည့်အပြောင်းအလဲများကိုစတင်လုပ်ဆောင်နေသည့် ကာလအတွင်းအမေရိကန်အစိုးရ၏ထိပ်တန်းအဆင့်တာဝန်ရှိသူများ  မြန်မာနိုင်ငံ ကိုမကြာခဏဆိုသလိုလာရောက်ခဲ့ခြင်းမှာနှစ်နိုင်ငံဆက်ဆံရေးအတွက် အနာဂတ်အလားအလာကောင်းများဖြစ်လာနိုင်ဖွယ်ရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာစောင့်ကြည့် သူတစ်ဦးသုံးသပ်ပြောကြားသည်။ထို့ပြင် သမ္မတအိုဘားမား၏ ယခုကဲ့သို့တယ်လီဖုန်း ဆက်သွယ်ခြင်းမှာ၎င်း၏သမ္မတသက်တမ်းအတွင်းပထမဆုံးအကြိမ်ဖြစ်သလို အမေရိကန်အစိုးရ၏အဆင့်အမြင့်ဆုံးတာဝန်ရှိသူတစ်ဦး၏  မြန်မာ့အမျိုးသားနိုင်ငံရေးခေါင်းဆောင် တစ်ဦးကိုပထမဆုံးအကြိမ်တိုက်ရိုက်တယ်လီဖုန်းဆက်သွယ်မှုလည်းဖြစ်သည်။

သမ္မတဦးသိန်းစိန် နဲ့ ဘန်ကီမွန် ဘာလီ မှာတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်တို့သည် နိုဝင်ဘာလ ၁၉ရက်နေ့ အင်ဒိုနီးရှား ဒေသစံတော်ချိန်
နံနက် ၇နာရီအချိန်က ဘာလီရှိ Nikko ဟိုတယ်တွင် တွေ့ဆုံခဲ့ကြပြီး Breakfast Meeting ပြုလုပ်ခဲ့ကြပါသည်။

တွေ့ဆုံမှုတွင် မြန်မာနှင့် ကုလသမဂ္ဂအကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စများနှင့် နှစ်ဦးနှစ်ဖက်အဆင်ပြေသည့် နေ့ရက်တစ်ခုတွင် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် သွားရောက်မည့်ကိစ္စရပ်များကိ
ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း အစရှိသည့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ၄၅မိနစ်ကြာ တွေ့ဆုံခဲ့ကြခြင်းဖြစ်ပါသည်

မြန်မာနိုင်ငံနှင့်ပတ်သက်၍ သမ္မတအိုဘားမား၏ မိန့်ခွန်း

US-Association of Southeast Asian Nations (ASEAN) meeting in Nusa Dua on Indonesia's resort island of Bali on November 18
Than Htut (photo)
 

President Obama Speaks on Burma-(video)


အားလုံး မင်္ဂလာနေ့လယ်ခင်းပါ။ ကျွန်တော့်အစိုးရသက်တမ်းတစ်လျှောက်နဲ့ ဒီခရီးစဉ်တစ်လျှောက် လုံးမှာ အာရှ-ပစိဖိတ်ဒေသအပေါ် အမေရိကရဲ့ ယုံကြည်ချက်ကို အလေးအနက်ထား စဉ်းစားခဲ့ပါ တယ်။ ဒါ့အပြင် ဒီဒေသအတွင်း လူ့အခွင့်အရေးကိစ္စတွေရဲ့ အနာဂတ်ကိုရော အမေရိကန်ရဲ့ ယုံကြည်ရပ်တည်မှုအပေါ်ကိုပါ ကျွန်တော် အလေးအနက်ထား စဉ်းစားခဲ့ပါတယ်။ ကနေ့မှာတော့ ကျွန် တော်ဟာ အဲဒီ့မျက်နှာစာနှစ်ဖက်စလုံးမှာ ရှေ့ကို တိုးတက်စေဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှု တွေထဲက အရေးပါ တဲ့ခြေလှမ်းတစ်ရပ်ကို ကြေညာပါတော့မယ်။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင်ပဲ အမေရိကန်တွေဟာ မြန်မာပြည်သူတွေအတွက် အခြေခံလူ့ အခွင့်အရေး ကိစ္စတွေ ငြင်းပယ်ထားတာအပေါ် နက်ရှိုင်းစွာပူပန်ခဲ့ပါတယ်။ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးသမားတွေကို ဖိနှိပ်ထားမှု၊ လူနည်းစု တိုင်းရင်းသားမျိုးနွယ်တွေအပေါ် ဦးတည်ပြသခဲ့တဲ့ရက် စက်မှုနဲ့ စစ်ခေါင်းဆောင်အနည်းငယ်ရဲ့ လက်ထဲမှာပဲ အာဏာကို ဆုပ်ကိုင်ထားမှုတွေဟာ (မြန်မာနိုင်ငံအပေါ်) ကျွန်တော်တို့ရဲ့ စဉ်းစားပုံကို စိန်ခေါ်ခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ကမ္ဘာနဲ့ အမေရိကရဲ့ (အဝေးမှာ)အထီးကျန်စေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အမြဲပဲ မြန်မာပြည်သူတွေအပေါ် လေးစားမှုထားရှိခဲ့ပါတယ်။ ပြီးတော့ သူတို့ တိုင်းပြည်ရဲ့အနာဂတ်ကို ပါ လေးစားမှုထားခဲ့ပါတယ်။ (ဒီတိုင်းပြည်က) အရှေ့နဲ့ အနောက် ဆုံစည်းရာမှာတည်ရှိတဲ့ကြွယ်ဝတဲ့သမိုင်းနဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး၊ ပြည်သူလူထုကလည်း တည်ငြိမ်တဲ့ဂုဏ်သိက္ခာ နဲ့ ထူးခြားပြီး အလားအလာကောင်းတွေရှိ တဲ့ ပြည်သူတစ်ရပ်ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာအောင် ကိုပဲ မြန်မာပြည်သူတွေရဲ့ ဖိနှိပ်ခံရမှုနဲ့ ကတိစကားကို အောင်ဆန်းစုကြည်ဆိုတဲ့(နာမည်နဲ့) သင်္ကေတ ပြုခဲ့ကြတယ်။ (ခေတ်သစ်) မြန်မာနိုင်ငံကို တည်ထောင်သူရဲ့ သမီးရင်းတစ်ဦးအနေနဲ့၊ သူမ ပြည်သူတွေအတွက် ခွန်အားကြီးမားစွာရပ်တည်ခဲ့သူတစ်ဦးအနေနဲ့ သူမဟာ အခြားသောဖိနှိပ်ခံရတဲ့ မြန်မာလူမျိုးများလိုပဲ နေအိမ်အကျယ်ချုပ်နဲ့ ထောင်ဒဏ်တွေကို ကြံ့ကြံ့ခံခဲ့ရတယ်။ ဒါပေမဲ့ မှောင်အတိနှစ်များစွာပြီးတဲ့နောက်မှာတော့ ဟောဒီရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ တိုးတက်မှုအရိပ်အယောင်တွေကိုမြင်ခဲ့ရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့လမ်းကြောင်းမှာ အရေးပါတဲ့ခြေလှမ်းတွေ စတင်ခဲ့ပါတယ်။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားအချို့ကို အစိုးရက လွှတ်ပေးခဲ့တယ်။ ပြီးတော့ ဥပဒေပြုရေးကဏ္ဍကလည်း နိုင်ငံရေးပတ်ဝန်းကျင်ကိုပွင့်လင်းဖို့ အတည်ပြုပေးခဲ့တယ်။ ဒါ့ကြောင့် ဒါတွေအားလုံးကို ခြုံကြည့်ရင် ဒါတွေဟာ နှစ်များစွာအတွင်း ကျွန်တော်တို့မြင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆီ ဦးတည်တဲ့ အရေးကြီးဆုံးခြေလှမ်းတွေ ဖြစ်ပါတော့တယ်။ တကယ်တမ်းတော့ လုပ်စရာတွေ အများကြီးရှိပါသေးတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ပိတ် ထားတဲ့နိုင်ငံရေးစနစ်၊ ၄င်းရဲ့ လူနည်းစု(တိုင်းရင်းသား)တွေအပေါ် ဆက်ဆံပုံနဲ့ နိုင်ငံရေးအကျဉ်းသား တွေကို ဆက်လက်ထိန်းသိမ်းထားတာတွေ၊ ၄င်းရဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတွေအပေါ် စိုးရိမ် ပူပန်ဆဲရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တိုးတက်မှုအတွက် သမိုင်းဝင်အခွင့်အရေးတစ်ရပ်ဖြစ် လာနိုင်တဲ့အရာကို ဆုပ်ကိုင်ချင်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရက်စီပြုပြင်ပြောင်းလဲရေး လမ်း ကြောင်းပေါ် ဆက်လက်လျှောက်သွားမယ်ဆိုရင် ဒီတိုင်းပြည်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးအသစ်တစ်ရပ် ပုံသွင်းနိုင်မယ်ဆိုတာလည်း ရှင်းလင်းစွာဖော်ပြချင်ပါတယ်။ မနေ့ညက ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်စကားပြောခဲ့ပြီး သူမကလည်း ဒီဖြစ်စဉ် ရှေ့ဆက်တိုးတက်ရေးအတွက် အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုကိုထောက်ခံကြောင်း အတည်ပြုခဲ့ ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကျွန်တော်ဟာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာနိုင်ငံ သွားရောက်ဖို့ပြောခဲ့ပါတယ်။ သူမဟာ ရာစုနှစ်တစ်ဝက်ခန့်ကာလအတွင်း ဒီတိုင်းပြည်ကို သွားရောက် တဲ့ ပထမဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပါလိမ့်မယ်။ သူမဟာ အမေရိကန်ပြည်ထောင်စု က မြန်မာပြည်မှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကာလတစ်ရပ်ဖြစ်ဖို့ လုပ်နိုင်၊ မလုပ်နိုင်ဆိုတာကို နည်းလမ်းရှာဖွေပြီး ကျွန်တော်တို့နှစ်နိုင်ငံ အကြား စာမျက်နှာသစ် စတင်ဖွင့်လှစ်ပါလိမ့်မယ်။ အဲဒီဖြစ်နိုင်ခြေဟာ မြန်မာအစိုးရက ပိုပြီးလက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ လုပ်တဲ့အပေါ် မူတည်ပါလိမ့်မယ်။ တကယ်လို့ မြန်မာပြည်ဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဆက်လျှောက်ဖို့ ပျက်ကွက်ခဲ့ရင် ပိတ်ဆို့မှုတွေနဲ့ အထီးကျန်မှုတွေကို ဆက်လက်ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်ဟာ ဒီအချိန်မှာ (အပြောင်းအလဲကို) ဖမ်းဆုပ်နိုင်ရန် အဲဒီနောက်မှာ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးကို အားကောင်းစေနိုင်ပြီး ပြည်သူသန်းပေါင်းများစွာဟာလည်း ဂုဏ်သိက္ခာရှိမှု၊ ကြွယ်ဝမှုနဲ့ လွတ်လပ်မှုတွေကို ပိုမိုကြီးမားတဲ့ အတိုင်းအတာနဲ့ ရရှိပြီး၊ ရှင်သန်နေထိုင်ဖို့ အခွင့်အရေးရရှိပါလိမ့်မယ်။ ဒါကြောင့် ဒီဖြစ်နိုင်ခြေဟာ မသိကျိုးကျွံပြုလို့ မရအောင် သိပ်အရေးပါလှပါတယ်။ ဒီနေ့ ညနေပိုင်းမှာတော့ ကျွန်တော်ဟာ သမ္မတဦးသိန်းစိန်အပါအ၀င် အာဆီယံနဲ့ အမေရိကန်ရဲ့ တွေ့ဆုံမှုမှာ ဒီသတင်းစကားတွေကို ထပ်မံပြောကြားသွားပါဦးမယ်။ ဒီအတောအတွင်း မစ္စဟီလာရီကလင်တန်ဟာ နေပြည်တော်နဲ့ ရန်ကုန်ကို ခရီးထွက်ရင် သူမဟာလည်း ဒီသတင်း စကားကို ဒေါ်အောင်ဆန်းစုကြည်လို ဒီမိုကရေစီ လှုပ်ရှားသူတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ (မြန်မာ) အစိုးရကိုပါ ပေးအပ် ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။ ထပ်ပြောချင်တာကတော့ မြန်မာပြည်သူတွေနဲ့ ထိုက်တန်တဲ့ ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ အသစ် တစ်ဖန် ပြန်လည်စတင်ရေး အနာဂတ်ကိုရရှိဖို့ ဆက်လက်လုပ်ဆောင်စရာတွေရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံတွင်း အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ထွန်းမှု များကို တုံ့ပြန်သောအားဖြင့် ဒီခြေလှမ်းကိုစတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ပြီးတော့ အားလုံးလွှမ်းခြုံ နိုင်တဲ့ ယူနီဗာဆယ်တန်ဖိုးတွေနဲ့ သတ္တိရှိတဲ့ပြည်သူတစ်ရပ်၊ တစ်မူ ထူးခြားတဲ့တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်အတွက် အမေရိကန်ရဲ့ ယုံကြည်ခံယူချက်ကို ရှင်းလင်းစွာသရုပ်ဖော်ဖို့ ကျွန်တော်ဆုံးဖြတ် ချက်ချခဲ့ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်က ပြောကြားခဲ့သော အမေရိကန်သမ္မတ၏မိန့်ခွန်းကို 7Day News International Desk မှ ဘာသာပြန်ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာပြည်လာမည်။

၁၈-၁၁-၂၀၁၁
အနှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ခရီးစဉ်
အဖြစ် ဟီလာရီ ကလင်တန် မြန်မာပြည်လာမည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ပြော
ဆိုအပြီးတွင် ဟီလာရီ ကလင်တန်ကိုစေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အိုဘားမားကပြော
ကြားသွားသည်။
သြစတြေးလျနိုင်ငံ ဒါဝင်မြို့မှ အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့အသွား သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဆက်ပြီး မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများ
ကို အမေရိကန်၏ ထိတွေ့ ဆက်ဆံမှု အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုရရေး
မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန်ရောက် မြန်မာများ ဘီဘီစီ ဌာနချုပ်ရှေ့တွင် ဆန္ဒပြ



မင်းဆက်ခိုင်(Source: နိရဉ္စရာnews)
------------
ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ရေးသား ဖော်ပြခဲ့သည့် သတင်းနှင့် ဓါတ်ပုံအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ်ရှေ့တွင် ယူကေရောက် မြန်မာများက ပြန်လည် ဖြေရှင်း တောင်းပန်ရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

demonstration-in-UK
ဆန္ဒပြရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဆောင် ပါဝင်သူ တဦးဖြစ်သူ ကိုလူမောင်က ယခုကဲ့သို့ နိရဉ္စရာ သို့ပြောသည်။

"အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမြေပုံက ရခိုင်ဒေသမှာ ရခိုင်လူမျိုးကို ဖော်ပြခြင်းမရှိပဲနဲ့ ဒီ ရိုဟင်ဂျာလို့ ဆိုတဲ့ ဘင်္ဂလီလူမျိုးတွေရဲ့ ဓာတ်ပုံကို ဖော်ပြတာက ဒီလူမျိုးတွေ နေထိုင်တယ်ဆိုတာကို ပြောတာနဲ့ အတူတူဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေပဲရှိတယ်။ ဒီ ရိုဟင်ဂျာဆိုတဲ့ လူမျိုးဆိုတာ မရှိဘူး။ မှားနေတဲ့ ကိစ္စ တခုကို မှားနေ တယ်လို့ ကျနော်တို့က ထောက်ပြတာပါ။ သူတို့က အမှန်တရားကို လက်ခံ တယ်ဆိုရင် အမှန်အတရား အတွက် သူတို့ ဖြေရှင်းရပါလိမ့်မယ်။ ဒီကိစ္စက မြန်မာလူထု တရပ်လုံးကို စော်ကားတာနဲ့ အတူတူပါပဲ။ ဒီအတွက် ဒါကို ဘီဘီစီ အနေနဲ့ ပြန်လည် တောင်းပန်ရမယ်ဆိုပြီးတော့ ဘီဘီစီ ဌာနချုပ် ရုံးရှေ့မှာ ကျနော်တို့ တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ ဆန္ဒပြရခြင်းဖြစ်ပါတယ်။"

ဆန္ဒပြပွဲကို နိုဝင်္ဘာလ ၁၆ရက်နေ့ နံနက် ၁၀း၃၀ မှ နံနက် ၁၁း၃၀ (လန်ဒန်စံတော်ချိန်)ထိ ဘီဘီစီ ဌာနချုပ်ရုံးရှေ့တွင် ရခိုင်အပါအဝင် တခြား မြန်မာတိုင်းရင်းသားများက စုပေါင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဘီဘီစီဌာနမှ တာဝန်ရှိသူတဦးမှလည်း ဆန္ဒပြသူများအား လာရောက် တွေ့ဆုံခဲ့ကြောင်း သူက ဆက်ပြောသည်။

"ဘီဘီစီ အာရှ ပစိဖိတ်ရေးရာ မန်နေဂျာလို့ ပြောတဲ့ သူတယောက် ရုံထဲက ထွက်လာခဲ့ပါတယ်။ ကျနော်တို့ ကလည်း ဒီက ရဲအကူအညီနဲ့ အဲဒီလူဆီကို Arakanese Community UK ကိုယ်စား အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်စာတမ်းတွေကို ပေးခဲ့ပါတယ်။ အဲဒီ စာရွက်စာတမ်းတွေ ဆိုတာ ကလည်း ရခိုင်ပြည်နယ်ဟာ ရခိုင်လူမျိုး နဲ့သာ သက်ဆိုင်တယ်ဆိုတဲ့အကြောင်း၊ အဲဒါနဲ့ ပတ်သက်လို့ သမိုင်း အထောက်အထားတွေ ရေးသားထားတဲ့ စာရွက်စာတမ်းတွေ ပေးခဲ့ပါတယ်။ မြန်မာ နိုင်ငံက လူမျိုးစု ၁၃၅မျိုးထဲမှာလည်း ဒီ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိဘူး ဆိုတာကိုလည်း သူတို့ကို ပြောခဲ့ပါတယ်။ ပြီးတော့ ဒီသတင်းအမှားကိုရေးတဲ့ ဘီဘီစီက Anna Jone ဆိုတဲ့ အမျိုးသမီးနဲ့ ဘီဘီစီက မြန်မာလူထုကို တောင်းပန်ဖို့အတွက်လည်း စာရေးသားပေးခဲ့ပါတယ်။ ဒီအတွက် မန်နေဂျာဆိုတဲ့သူက ဒီကိစ္စကို အမြန်ဆုံးသူတို့ လုပ်ပေးမယ်၊ ဖြေရှင်းပေးမယ်ဆိုပြီးတော့ ကတိ ပေးခဲ့ပါတယ်။"

အဆိုပါ ဆန္ဒပြပွဲတွင် 1( Burma ) ( Burma )---- ( Not for Sale )( Not for Sale ) 2( Arakan State ) ( Arakan State ) ---( Not for Sale ) ( Not for Sale ) 3( Anna Jones )---- ( Out ) ( Out ) 4 ( Anna Jone stop giving wrong information about Rohingya ) ---- ( Now ) ( Now ) 5(BBC stop giving wrong information about Rohingya ) ---- ( Now ) ( Now ) 6( Anna Jones stop creating conflict in Burma ) ----- ( Now ) ( Now ) 7(BBC stop creating conflict in Burma ) ----- ( Now ) ( Now ) စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။

ယခုကဲ့သို့ ဆန္ဒပြရခြင်းကြောင့် ဘီဘီစီအနေဖြင့် တစုံတရာ တန့်ပြန်လာလိမ့်မည်ဟု သူတို့ အနေဖြင့် မျှော်လင့် ကြောင်း၊ အကယ်၍ တုန့်ပြန်မှုများ မရှိခဲ့သော်လည်း Anna Jones အပါအဝင် ဘီဘီစီဌာနမှ ရခိုင်လူထုနှင့် မြန်မာ လူထုကို တရားဝင် တောင်းပန် ဖြေရှင်းသည့် အထိ တိုက်ပွဲဝင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak Outlook for Burma's ethnic Groups ဆောင်းပါးတွင် သတင်းနှင့် အတူ ပူးတွဲ ဖော်ပြခဲ့သည်။

ထိုအတွက်ကြောင့် နောက်ပိုင်းတွင် ရခိုင်အမျိုးသားများ အပါအဝင် မြန်မာတိုင်းရင်းသားများကလည်း ကန့်ကွက် ရှုပ်ချ လာကြခဲ့သည့်နောက် ယခုနှစ် အောက်တိုဘာလ အတွင်းတွင် အဆိုပါ ဓါတ်ပုံ ကိစ္စနှင့် ပတ်သက်ပြီး ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိ လာခဲ့သည်။

ထို့နောက်ပိုင်း ဘီဘီစီ သတင်းဌာနမှ အဆိုပါ ဓာတ်ပုံနေရာတွင် ရခိုင်အမျိုးသမီးငယ်များ ဓါတ်ပုံ တစ်ပုံကို ထည့်ပြီး အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ရိုဟင်ဂျာဆိုသူများ၏ ဓါတ်ပုံကိုမူ ထပ်မံ ထည့်သွင်း ဖော်ပြထားဆဲဖြစ်သည်။

Friday, November 18, 2011

ပါတီ မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်မည်ဟု NLD ဆုံးဖြတ်



ယနေ့ NLD ရုံးသို့ ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)


မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီ NLD က ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရန် ပါတီ မှတ်ပုံတင်မည်ဟု ယနေ့ ဆုံးဖြတ်လိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန် မြန်မာပြည်သို့ သွားရောက်မည်ဟု ကြေညာချိန်တွင် ယင်းသို့ ဆုံးဖြတ်ခြင်း ဖြစ်သည်။

အစိုးရက အပြောင်းအလဲတချို့ ပြုလုပ်ပြီးနောက်ပိုင်း NLD က ပြုလုပ်သည့် ယနေ့ဆွေးနွေးပွဲသို့ ရောက်လာသည့် ကိုယ်စားလှယ် အများစုက ပါတီ ပြန်လည် မှတ်ပုံတင်ရန် သဘောထားပေးခဲ့ကြသည်။

အစိုးရပြုလုပ်သည့် ပြောင်းလဲမှုတွင် နိုင်ငံရေးအကျဉ်းသားတချို့ အောက်တိုဘာလက လွှတ်ပေးခြင်း၊ ပါတီမှတ်ပုံတင်မှုစည်းမျဉ်းများ ပြင်ဆင်ခြင်း တို့ ပါဝင်သည်ဟု သိရသည်။

'အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ဖို့၊ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ၄၈ နေရာမှာ ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအပြီးတွင် ပြောလိုက်သည်။

NLD အနာဂတ်အတွက် ဆုံးဖြတ်ရန် ပါတီ ကိုယ်စားလှယ် ၁၀၃ ဦး ရန်ကုန်တွင် စုဝေးခဲ့ကြသည်။ NLD သည် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

NLD က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပြီးပါက ရှေ့နှစ်ဆန်းပိုင်း ပြုလုပ်မည်ဟု ယူဆနေကြသည့် ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ခွင့်ရမည် ဖြစ်သည်။

အစိုးရအဖွဲ့ဝင် ၀န်ကြီးနေရာများတွင် တာဝန်ယူရန် ဧပြီလက လွှတ်တော်ကိုယ်စားလှယ်အဖြစ် နုတ်ထွက်သွားသူတို့၏ မဲဆန္ဒနယ်မြေများတွင် ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်မည် ဖြစ်သည်။

၁၉၉၁ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲ ၀င်ဖွယ်ရှိသည်ဟု အရိပ်အမြွက် ပြောဆိုထားပြီး ဖြစ်သည်။

ဤအတောအတွင်း အမေရိကန် သမ္မတ အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား မကြာမီ မြန်မာပြည်သို့ စေလွှတ်မည်ဟု ကြေညာလိုက်သည်။

(မျိုးဇော် ဘာသာပြန်သည်)

ဟာဂျီမ ဝေနှင်းပွင့်သုန်

 မြန်မာပြည်ဒီမိုကရေစီအရေခြုံပြီး အကြောင်းပြပြီး..မြန်မာပြည်မှာပညာသင်မြန်မာဆန်ကိုစားမြန်မာရေကိုသောက်ပြီးလူဖြစ်လာ..
ပြီးတော့ကိုယ့်အမျိုးကိုယ်လွမ်း ..မြန်မာပြည်မှာကြီးပြင်းလာသောကုလားမူစလင်များပြည်ပ မူစလင်တိုင်းပြည်များကိုမျော်ကိုးအားကိုး မြန်မာပြည်ကို မူစလင်တိုင်းပြည်ဖြစ်ရေး
ကြိုးပမ်းနေသူများသတင်းအပြည့်အစုံကိုဖတ်မည်ဆိုလျှင်
ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာများထံ  အာရပ်ယူရိုငွေ သန်း "   " ဖြင့်ရာသက်ပန် ရောင်းစားကြောင်း နာလည်မှု စာချွန်တော် ရေးထိုးပွဲ။
ဒီကိုနှိပ်လိုက်ပါ

လူ့​အခွင့်​ရေး​ချိုး​ဖောက်​နေဆဲဟု မြန်မာကို အိုဘား​မား​ဝေဖန်

မြန်မာနိုင်ငံမှာ နိုင်ငံ​ရေး​အကျဉ်း​သား​တချို့​ကို လွှတ်​ပေး​နေ​ပေမယ့်​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ ဆက်ရှိ​နေတုန်း​ပဲလို့​ အ​မေရိကန်သမ္မတ ဘား​ရက်အိုဘား​မား​က ​ဝေဖန်​ပြောကြား​လိုက်ပါတယ်။
ဩစ​တြေး​ လျနိုင်ငံကို ​ရောက်ရှိ​နေတဲ့​ သမ္မတ အိုဘား​မား​က ကင်ဘာရာမြို့​ ဩစ​တြေး​လျလွှတ်​တော်မှာ မ​နေ့​က မိန့်​ခွန်း​ပြောကြား​ရာမှာ မြန်မာနိုင်ငံနဲ့​ ပတ်သက်လို့​ ဒီလို​ပြောကြား​သွား​တာပါ။
“ဒီက​နေ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ​နေအိမ်အကျယ်ချုပ်က လွတ်​မြောက်​နေပါ ပြီ။ နိုင်ငံ​ရေး​အကျဉ်း​သား​တချို့​လည်း​ လွတ်​မြောက်ခဲ့​ပါပြီ။ ပြီး​တော့​ အစိုး​ရက ​ဆွေး​နွေး​ စကား​ပြောတာ​တွေလည်း​ စ​နေပါပြီ်။ ဒါ​ပေမယ့်​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေက​တော့​ ဆက်လက်ရှိ​နေတုန်း​ပါပဲ။ ဒါ​ကြောင့်​ အ​မေရိကန်ပြည်​ထောင်စုနဲ့​ ဆက်ဆံ​ရေး​ ပိုမို ​ကောင်း​မွန်​အောင် မြန်မာအစိုး​ရအ​နေနဲ့​ ​ရှေ့​ဆက်​ဆောင်ရွက်ရမယ့်​ ကိစ္စ​တွေကို ကျ​နော်တို့​ ရှင်း​ရှင်း​လင်း​လင်း​ ဆက်​ပြောရပါလိမ့်​မယ်” လို့​အ​မေရိကန်သမ္မတက ​ပြောကြား​သွား​ပါတယ်။

Thursday, November 17, 2011

ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမည့် အစိုးရသည် ပြည်သူတွေ၏ သြဇာအာဏာအောက်တွင်ရှိသည့် အစိုးရပဲဖြစ်ကြောင်း ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည် ပြော ကြား



b33_24_1
ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမည့် အစိုးရသည် ပြည်သူတွေ၏ သြဇာအာဏာအောက်တွင်ရှိသည့် အစိုးရပဲဖြစ်ကြောင်း ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီကျော်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်ပညာရေး အခမဲ့ပညာဒါနကျောင်းသို့ ရောက်ရှိလာစဉ် ပြည်သူလူထုနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဆိုသည့် သတင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးချင်၍ အမေ့အိမ် ပညာရေး အခမဲ့ပညာဒါန ကျောင်းအနီးဝန်းကျင်ရှိ ပြည်သူများ နံနက်အစောပိုင်း ကတည်းက ရောက်ရှိနေကြပြီး လာရောက်ကြည့်ရှုကြသည့် ပြည်သူလူထုမှာ ထောင်ကျော်သည်ကို တွေ့ရသည်။ ပြည်သူလူထုမှာ များပြားလှ၍  သတင်းထောက်များသည် အနီးကပ်ဓာတ်ပုံရိုက် သတင်းရယူရန်အတွက် လူအုပ်ကြီးကို မနည်းတိုးဝှေ့ကာ ရှေ့သို့ရောက်အောင် သွားခဲ့ရကြောင်း သတင်းတက်ရောက်ရယူသည့် သတင်းထောက်များက ပြောကြားခဲ့သည်။
ပြည်သူလူထုသို့ ဒေါ်အောင်ဆန်းစုကြည် စကားပြောမည်ဆိုသောကြောင့် ထောင်ကျော်ရှိသော ပြည်သူလူထုမှာ နေပူဒဏ်ကို ကြံ့ကြံ့ခံ၍ ထိုင်၍တစ်မျိုး၊ မတ်တပ်ရပ် တစ်ဖုံဖြင့် စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။ထို့နောက် ပြည်သူလူထုသို့ စကားပြောရန် အမေ့အိမ် ပညာရေး အခမဲ့ပညာဒါနကျောင်းမှ ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့သည်နှင့် နေပူထဲတွင် စောင့်ဆိုင်းနေကြသည့် ပြည်သူလူထုက လက်အုပ်တီးသြဘာပေး ကြိုဆိုခဲ့ကြသည်။
b33_24_2
ထို့နောက် ပြည်သူလူထုသို့ စကားပြောရန် အမေ့အိမ် ပညာရေး အခမဲ့ပညာဒါနကျောင်းမှ ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို မြင်တွေ့သည်နှင့် နေပူထဲတွင် စောင့်ဆိုင်းနေကြသည့် ပြည်သူလူထုက လက်အုပ် တီးသြဘာပေး ကြိုဆိုခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ''နေပူထဲမှာ အကြာကြီး စောင့်နေရတဲ့အတွက် အားနာပါတယ်။ တောင်းပန်ပါတယ်။ အထဲမှာ ပြောစရာတွေက မပြီးသေးလို့ပါ။ ပထမဆုံးအားဖြင့် ကျွန်မတို့ကို ဒီလိုလာပြီးတော့ အားပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်မတို့လုပ် ရတဲ့ အလုပ်တွေက ပြည်သူတွေကို အားကိုးပြီး လုပ်နေရတဲ့အလုပ်ပါ။ အခုဒီမှာ အမေ့အိမ်ကျောင်းဆောက်တယ်ဆိုတာ ဒီကျောင်းဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ် အတွက် ဖြစ်ပါတယ်။ ကလေးတွေ ပညာတတ်မှ နိုင်ငံရဲ့ အနာဂတ် ကောင်းမွန်လာမှာပါ။ ကျွန်မတို့ ကလေးတွေကို ပညာသင်ပေးတယ်။ ပညာသင်ပေးတဲ့အခါကျရင် ကလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့ ပညာသင်ပေးစေချင် တယ်။ ဒါမှ ပညာသင်ရတာပျော်မှ သူတို့ ပညာရမှာ။ ကျွန်မတို့ အမေ့အိမ်ကလေးကို ဖြစ်မြောက်အောင်လို့ ကူညီပေးတဲ့ ရပ်သူရပ်သားအားလုံးကို ကျွန်မတို့ အင်မတန်မှ ကျေးဇူးတင် ပါတယ်။ ကလေးတွေကိုယ်စား သာမက ကျွန်မတို့နိုင်ငံကိုယ်စား ကျေးဇူးတင်ပါတယ်။ အရင်တုန်းကတော့ ဒီဖက်ကို လာမယ်လာမယ်နဲ့ မရောက်ခဲ့ပါဘူး။ ဒီကို မရောက်တာ တော်တော်ကြာသွားပြီ။ ၁၀ နှစ် လောက်ကတော့ တစ်ခါရောက်ဖူးပါတယ်။ ဒီ ၁၀ နှစ်အတွင်းမှာ လူတွေလည်း အတော်များလာသလိုပဲ။
နောက် ၁၀ နှစ်မှာ ဘယ်လောက်တောင် များလာမလဲမသိဘူး။ ကျွန်မတို့ ပြည်သူတွေကို အရေအတွက်ထက် အရည်အချင်းပါ တိုးတက်စေ ချင်တယ်။   
အရည်အချင်းပါ တိုးတက်ဖို့ဟာ ပညာရေးနဲ့ စရမှာပဲဆိုပြီးတော့ ကျွန်မတို့ စလာတာပဲဖြစ်ပါတယ်။ တခြားကိစ္စတွေအတွက်လည်း ကျွန်မတို့ အများကြီး စဉ်းစားနေပါတယ်။ အခု ကျွန်မတို့နိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက် ရေးအတွက် ဘယ်လို ကြိုးစားရမလဲ။ အထူးသဖြင့် လက်လုပ်လက်စားလုပ်နေတဲ့ ပြည်သူတွေရဲ့ဘ၀ကို တိုးတက်အောင်လို့ ဘယ်လိုလုပ်ပေးမလဲလို့ ကျွန်မတို့ လက်တွေ့ကျကျ စဉ်းစားပြီးတော့ ကူညီနိုင်မယ့် အဖွဲ့ အစည်းများ၊ ကူညီနိုင်မယ့်  အလှူရှင်များကို ကျွန်မတို့ တိုင်ပင်ဆွေးနွေးနေပါတယ်။ ကျွန်မတို့ကို အကြံဉာဏ်ပေးစရာ များရှိရင် ပေးနိုင်ပါတယ်။ တစ်ယောက်ချင်း တစ်ယောက်ချင်းလာပြီးတော့ ပြောဖို့ခက်တယ် ဆိုပြီးတော့ ကျွန်မနားလည်ပါတယ်။ စုပြီးတော့ ကျွန်မတို့ကို ပေးချင်တဲ့အကြံဥာဏ်များကို ရေးပြီးတော့ ကျွန်မတို့ရုံးကတစ်ဆင့် ပေးလည်းရပါတယ်။ ဒါမှမဟုတ် ဒီကျောင်းဆရာတွေက တစ်ဆင့် ရေးပို့ရင် ရပါတယ်။  ကျွန်မတို့အနေနဲ့ ပြည်သူလူထုရဲ့စိတ်ထဲမှာ ဘာရှိသလဲဆိုတာကို ပြောမှပဲ တစ်ခါတစ်လေ သိတဲ့အဆင့်မှာ ရှိပါတယ်။ တချို့ကိစ္စတွေ မှာ မျက်ဝါးထင်ထင် မြင်တွေ့ရတော့ ဘယ်သူမှ ပြောပြဖို့ မလိုဘူးပေါ့။ တချို့ကိစ္စတွေကျတော့ ထင်ထင်ရှားရှား မရှိတဲ့အခါကျတော့  ကျွန်မတို့တွေအတွက် အသိပေးမှ သိမှာပါ။
b33_24_4
(ယင်းအချိန်တွင် ပြည်သူလူထုက သူတို့ဖက်ဆီသို့လှည့်၍ စကားပြောရန် ပြောဆိုသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားမှု ခေတ္တရပ်သွားသည်။)
ကျွန်မတို့တွေ နောက်ကြလို့ရှိရင်လည်း သက်သက်ပြန်ပြီး လာဖို့ အစီအစဉ် ရှိပါတယ်။ တကယ်ကတော့ အမှန်ပြောရရင် ဒီနေ့က ပြည်သူတွေကို တွေ့ဖို့လာတာ မဟုတ်ပါဘူး။ ကျောင်းကိုလာပြီးတော့ ဗြိတိန်နိုင်ငံက လာတဲ့ ၀န်ကြီးကို ကျောင်းကို ပြဖို့လာတာပါ။ ၀န်ကြီးက ဖွံ့ဖြိုးရေးနဲ့ ဆိုင်တဲ့ဝန်ကြီးဆိုတော့ ကျွန်မတို့နိုင်ငံမှာ ဘယ်လိုဖွံ့ဖြိုးမှု အကူအညီတွေ လိုနေလဲလို့ ဆိုတာကို မြင်အောင်လို့ တွေ့အောင်လို့။ နောက်ပြီးတော့ ကျွန်မတို့ရဲ့ ကျောင်းတွေဟာ ပြည်သူလူထုရဲ့ လိုအပ်ချက်အရ တည်ထောင်ထားတဲ့ ကျောင်းတွေ ဖြစ်တယ်ဆိုတာကို လည်း မြင်အောင်လို့ ၊တွေ့အောင်လို့ ကျွန်မတို့ ခေါ်လာတာပါ။
ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ရဲ့နိုင်ငံမှာ ဆိုလို့ရှိရင် ပြည်သူတွေအားလုံးအတွက် ကောင်းမွန်တဲ့ပညာရေးစနစ်တစ်ခု ရှိစေချင်တယ်။ မိဘတွေရော၊ ကျောင်းသားတွေရော စိတ်ချမ်းသာစေမယ့် ပညာရေးစနစ် တစ်ခုကို ကျွန်မတို့ ထူထောင်ချင်တာ ဖြစ်ပါတယ်။  အခုအချိန်မှာ တစ်တိုင်းပြည်လုံးအတွက် မလုပ်နိုင်သေးပေမယ့် ကျွန်မတို့ တစ်နိုင်တစ်ပိုင် လုပ်နေတာပါ။ ဒါကြောင့်မို့လို့ ဒီလိုတစ်နိုင်တစ်ပိုင် လုပ်နေတဲ့နေရာမှာ အားတင်းဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ တစ်ကယ့်အင်အားတွေ ဖြစ်ပါတယ်ဆိုပြီး ကျေးဇူးတင်ကြောင်း ပြောတာ ဖြစ်ပါတယ်။
အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသား၊ လူငယ်တွေကို အားပေးစကားလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။  ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဟာ ဒီကျောင်းသူကျောင်းသား၊ လူငယ်လေးတွေရဲ့ လက်ထဲမှာ ဖြစ်ပါတယ်။ ခုနက ကလေးလေးတွေနဲ့ စကားပြောကြည့်တယ်။ ဘာလုပ်ချင်တာလည်းဆိုတော့ ဆရာဝန်ဖြစ်ချင်တဲ့သူနဲ့။ သင်္ဘောသားဖြစ်ချင်တဲ့သူနဲ့။ ဆရာမကြီး လုပ်ချင်တဲ့သူနဲ့။ နိုင်ငံရေးလုပ်ချင်တဲ့သူနဲ့။ အမျိုးမျိုး ပေါ့နော်။ ကျွန်မက ပြောတယ်။ ဘာပဲလုပ်လုပ် ဆရာဝန်ပဲလုပ်လုပ်၊ သင်္ဘောသားပဲလုပ်လုပ်၊ နောက်ဆုံးကျတော့ နိုင်ငံရေးကို အခြေခံအားဖြင့် နားလည်ဖို့ လိုတယ်။  နိုင်ငံရေးနဲ့ ပြည်သူပြည်သားရေးဟာ နားလည်မှ ဒီနိုင်ငံရဲ့ အနာဂတ်ကို ကိုယ်ဖြစ်ချင်သလို ကိုယ်တည်ဆောက်လို့ရမှာ။ ကိုယ်က နိုင်ငံရေးကို နားမလည်သလို ရှိလို့ရှိရင် ကိုယ်လိုချင်တဲ့နိုင်ငံရေးကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို နားလည်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့ ကျောင်းသူကျောင်းသားတွေကို အားလုံးကို ပညာသင်ပေးတဲ့တစ်ချိန်တည်းမှာပဲ နိုင်ငံရေးဆိုတာ ဘာလဲ၊ နိုင်ငံဆိုတာ ဘာလဲ၊ နိုင်ငံသူနိုင်ငံ သားများရဲ့တာဝန် ဘာလဲဆိုတာကို တစ်ခါတည်း ကျွန်မတို့ သင်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံသူ နိုင်ငံသားများမှာ တာဝန်ရှိတယ်ဆိုတာ ကို မမေ့စေချင်ပါဘူး။  အစိုးရမှာလည်း တာဝန်ရှိသလို နိုင်ငံသူနိုင်ငံသားများမှာလည်း တာဝန်ရှိတယ်။ ကျွန်မတို့ ဒီမိုကရေစီစနစ် လိုချင်တယ်လို့ ပြောနေတာဟာ အဲဒီစနစ်အောက်မှာဆိုရင် နိုင်ငံသူ နိုင်ငံသားတွေဟာ အစိုးရကို ထိန်းချုပ်ထားနိုင်တယ်။  ကိုယ်လိုချင်တဲ့အစိုးရကို ပြည်သူတွေက ရွေးချယ်နိုင်ရမယ်။ ဒါကို ကျွန်မတို့ ဦးတည်တာပါ။ အားလုံး စဉ်းစားရင် သိမှာပါ။ လူတိုင်းကတော့   ကိုယ့်အတွက် ကိုယ်လုပ်ချင်ကြတာပဲ။ ပြီးတော့ ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ပေးမယ့် အစိုးရဆိုတာ ပြည်သူတွေရဲ့ သြဇာအာဏာအောက်မှာရှိတဲ့ အစိုးရပဲ ဖြစ်နိုင်တယ် ဆိုတာကို အားလုံးကို နားလည်စေချင်တယ်။
b33_24_5
အဲဒါကြောင့်မို့လို့ အခြေခံ နိုင်ငံရေး အသိစိတ်ဓာတ်ကို မွေးမြူကြပါ။ ကျွန်မတို့ ဒီနိုင်ငံကို ပြန်လည်ထူထောင်ရေးအတွက် ဒီနိုင်ငံက ပြည်သူပြည်သားများ ဆင်းရဲခြင်းမှ လွတ်မြောက်ရေးအတွက်  လုပ်တဲ့အခါမှာ ၀ိုင်းဝန်း ကူညီကြပါလို့ ကျွန်မအနေနဲ့ ဆုတောင်းမေတ္တာရပ်ခံပါ တယ်။ ဆုတောင်းပါတယ်''ဟု ပြည်သူလူထုသို့ ပြောကြားခဲ့သည်။
အမေ့အိမ် ပညာရေးကွန်ရက် အခမဲ့ပညာဒါနကျောင်းများ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆ ကျောင်း ဖွင့်လှစ်ထားပြီး အခြေခံပညာမူလတန်းနှင့် အလယ်တန်းကျောင်းသားများကို သင်ကြားပေးနေသည်ဟု သိရှိရပါသည်။အမေ့အိမ် (လှိုင်သာယာမြို့နယ်)တွင် လက်ရှိသင်ကြားနေသည့် ကျောင်းသားဦးရေမှာ ငါးရာကျော်ရှိပြီး အခြေခံပညာ ကျောင်းချိန်ပြင်ပတွင် ကျူရှင်သဘောမျိုးဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်ဟု အမေ့အိမ် (လှိုင်သာယာ)ကျောင်းမှ ကိုငယ်က ရှင်းပြခဲ့ပါသည်။
''ကျွန်မတို့ ကလေးတွေ အကုန်လုံး ဒီကျောင်းမှာ ထားထားတယ်။ ပိုက်ဆံလည်း တစ်ပြားမှ မပေးရဘူး'' ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပါသည်။
အမေ့အိမ်ပညာရေး ကွန်ရက်တွင် ရန်ကုန်မြို့အစွန်အဖျား၌ နေထိုင်လျှက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ပညာရည်နိမ့်ကျနေသော ကလေးငယ်များ ပညာသင်ကြားနိုင်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များ ဦးဆောင်၍ တည် ထောင် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမေ့အိမ်ပညာရေး အခမဲ့ပညာဒါနကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၏ အတွင်းဝန်(၀န်ကြီး) H.E.Mr. Andrew John Bower Mitchell လည်း လာရောက်ကြည့်ရှု လေ့လာ ခြင်းဖြစ်သည်။
b33_24_3
ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး၏ အတွင်းဝန် (၀န်ကြီး)H.E.Mr. Andrew John Bower Mitchell ကလည်း ပြည်သူလူထုသို့ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သေးသည်။

ဦးသန်းရွှေ အိမ်မှာ စာဖတ်နေသည်

ခင်ဦးသာ on November 17, 2011


ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး ဟောင်း သန်းရွှေသည် ၎င်း၏ နေအိမ်၌ စာဖတ်ခြင်းဖြင့် အေးချမ်းစွာ နေထိုင်လျက် ရှိကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက အင်္ဂါနေ့တွင် ပြောလိုက်သည်။

“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု ဦးကျော်ဆန်းက ပြောဆိုကြောင်း Wall Street Journal တွင် ယနေ့ ဖော်ပြထားသည်။

ဦးသန်းရွှေသည် သူ၏ လူရင်းများ ဦးဆောင်သည့် လက်ရှိအရပ်သား အစိုးရအား နောက်ကွယ်မှ လမ်းညွန်နေသည်ဟူသော သုံးသပ်ချက်များ ထွက်ပေါ် နေခြင်းနှင့်ပတ်သက်၍ Wall Street Journal က မေးမြန်းခြင်းကို ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၈ လခန့်က စစ်အစိုးရမှ အရပ်သားအစိုးရသို့ အပြောင်းအလဲ ပြုလုပ်သည့်ကာလတွင် ဦးသန်းရွှေ အနားယူသွားသည်ဟု ဆိုသော်လည်း စစ်ဝတ်စုံဖြင့် ရိုက်ကူးထားသည့် သူ၏ဓာတ်ပုံများကို မကြာသေးမီ ကာလကအထိ အစိုးရရုံးများတွင် ချိတ်ဆွဲထားဆဲဖြစ်သည်ကို တွေ့ရသည်။

အစိုးရနှင့် ဦးသန်းရွှေ၏ လက်ရှိ ဆက်စပ်မှုအခြေအနေအကြောင်း မေးမြန်းသည့် မေးခွန်းကို ဦးကျော်ဆန်းက ရှင်းရှင်းလင်းလင်း ဖြေဆိုထားခြင်း မရှိပေ။

Wall Street Journal အရှေ့တောင်အာရှ ဌာနခွဲ အကြီးအကဲ Mr. Jon Patrick Barta သည် အင်္ဂါနေ့က နေပြည်တော်တွင် ၀န်ကြီး ဦးကျော်ဆန်းနှင့် ၃ နာရီကြာ တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

အစိုးရအဖွဲ့တွင် ပြုပြင်ပြောင်းလဲရေး လိုလားသူနှင့် သဘောထား တင်းမာသူ ဟူ၍ အုပ်စု နှစ်စု ကွဲပြားမှု ရှိမရှိဟူသော မေးမြန်းချက်ကို ဦးကျော်ဆန်းက အမြင်မတူသည့်အခြေအနေများကြားမှ တိုင်းပြည်နှင့် လူမျိုး အကျိုး အတွက် အကောင်းဆုံးဖြစ်မည့် မူဝါဒများကို ညှိနှိုင်းချမှတ်နိုင်ခြင်းသည်ပင်လျှင် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်ဟု ပြောလိုက်သည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍လည်း မြန်မာအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် တာဝန် ယူထားသူ ၀န်ကြီး ဦးကျော်ဆန်းက ရှင်းချက် ထုတ်ထားသည်။

ကချင် လွတ်လပ်ရေး တပ်မတော် (KIA)သည် တံတားများဖျက်ဆီးခြင်း၊ ဖောက်ခွဲခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို လုပ် ဆောင်နေကြောင်း၊ အစိုးရ စစ်တပ် အနေဖြင့် စတင် တိုက်ခိုက်ခြင်းမရှိကြောင်း၊ လက်ရှိဖြစ်ပွားနေသော စစ်ပွဲများမှာလည်း လမ်းကြောင်းရှင်းရာ တွင် ဖြစ်ပေါ် နေသော တိုက်ပွဲများသာဖြစ်ကြောင်း ဦးကျော်ဆန်းက ပြောသည်။

“KIA ကို တိုက်မယ် ဆိုရင် တရက်တည်းနဲ့ အပြတ်အသတ် ချေမှုန်းပစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့က မတိုက်ခိုက်ပါဘူး” ဟု ဆိုသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်း မကြာသေးခင်က ဆိုင်းငံ့လိုက်ခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်မှု မရှိကြောင်း၊ တရုတ်ကုမ္ပဏီ အများ အပြား မြန်မာနိုင်ငံ၌ လုပ်ကိုင်နေသကဲ့သို့ တခြားနိုင်ငံ၊ တခြားလူမျိုးများ လာရောက် လုပ်ကိုင်လျှင်လည်း ယခုကဲ့သို့ ၀ိရောဓိမျိုး ဖြစ်ပေါ်နိုင်သည်ဟု ၀န်ကြီးက ဆိုသည်။

“တရုတ်ဆိုပြီး အခွင့်အရေးပေးတာ မရှိပါဘူး၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးပဲ လာလုပ်လုပ် တူညီတဲ့ အခွင့်အရေး ပေးမှာပါ” ဟု ၀န်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။

နတ်မြစ်အတွင်းမှ ဆယ်ယူရရှိခဲ့သော ရဟန်းတော် အသတ်ခံခဲ့ရဖွယ်ရှိ

နိရဉ္စရာ(သတင်း)


မြန်မာ-ဘင်္ဂလာ နယ်စပ် နတ်မြစ်အတွင်းမှ ယမန်နေ့က အလောင်း ဆယ်ယူရရှိခဲ့သော ရဟန်းတော်မှာ အသတ် ခံခဲ့ရဖွယ်ရှိကြောင်း ရဲစစ်ချက်က ဖေါ်ပြသည်ဟု သိရသည်။

ကော့ဘဇားမြို့ရှိ ရင်ခွဲရုံတွင် ထားသော ရဟန်းတော် အလောင်းကို ကိုယ်တိုင် သွားရောက်ကြည့်ရှု့ပြီး ဓါတ်ပုံရိုက်ခဲ့သူ နိရဉ္စရာ ကော့ဘဇား သတင်းထောက် ကိုထွန်းထွန်းမှ သူမြင်တွေ့ရသော အခြေအနေကို ယခုလို ပြောသည်။

" လည်ပင်းကို သင်္ကန်းနဲ့ ချည်ထားတယ်။ နောက်ကျောမှာလည်း ဒဏ်ရာတွေ တွေ့ရတယ်။ လက်မှာလည်း တွေ့ရတယ်။ လည်ပင်းကို သင်္ကန်းနဲ့ ရစ်သတ်ပြီး ရေထဲကို ပစ်ချလိုက်တာ ဖြစ်ပုံရတယ်။ ရဲကလည်း အသတ်ခံရတယ်ဆိုပြီး သံသယ ဖြစ်နေပါတယ်" ဟု ပြောသည်။

ဘင်္ဂလာရဲ အဖွဲ့မှ အဆိုပါ ရဟန်းတော်မှာ ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်း နတ်ကျောက်ဆရီ မြို့နယ်တွင် ကျောင်းထိုင်နေသော ဆရာတော် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံက ဖြစ်ပုံရကြောင်း ပြောဆိုသည်ဟု ကိုထွန်းထွန်းက ပြောသည်။

" လက်မောင်းတွေမှာ မင်ထိုးထားတဲ့ အတွက် မြန်မာနိုင်ငံဘက်က ဖြစ်ဖို့များတယ်။ ရဲကတော့ အခု နတ်ကျောက်ဆရီကို စုံစမ်း နေတယ် လို့ သိရပါတယ်။ မြန်မာဘက်က လာရောက် ကျောင်းထိုင်တဲ့ ဆရာတော်လို့ ပြောနေကြပါတယ်။ အလောင်းကို ခွဲဖို့ လုပ်နေတယ်။ ဒါကြောင့် တိကျတဲ့ ဆရာဝန် ရဲ့ အစီရင်ခံစာ ထွက်မလာသေးပါဘူး" ဟု သူက ပြောသည်။

အလောင်းကို ယခုအချိန်ထိ ဆေးစစ်ခြင်း မရှိသေးကြောင်းနှင့် များမကြာမှီ ခွဲစိတ်ပြီး စစ်ဆေး သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ဒေသခံ ဗုဒ္ဓဘာသာများမှ အဆိုပါ ဆရာတော် အလောင်းအား ဆေးစစ်ပြီးပါက သဂြိင်္ုလ်ရန် အတွက် စီစဉ်နေကြောင်း သိရသည်။

ကချင်ပြည်နယ်ကပြည်သူလူထုရဲ့ရင်ဖွင့်သံများ


ချီဖွေမြို့ကဈေးသည်တွေကတော့ အရင်တုန်းက ကုန်ပစ္စည်းပေါ်မူတည်ပြီး တစ်နေ့ကို သောင်းဂဏန်းဝန်းကျင်ရောင်းချခဲ့ရပြီး အခုချိန်တွင် တစ်နေ့ ၅ထောင်ဖိုးမရောင်းရတော့လို့ မိသားစုစားဝတ်နေရေးခက်ခဲလာကြောင်း တခြားစီးပွားရေးလုပ်ငန်းလုပ်ဖို့ငွေအရင်းအနှီး မရှိလို့အခက်အခဲများဖြစ်နေတဲ့အကြောင်း ရင်ဖွင့်ပြောဆိုနေကြပါတယ်။
ကာမိုင်းမြို့က မြို့ခံတွေကတော့ ကေအိုင်အေအဖွဲ့ဟာ လူမျိုးရေးအကြောင်းပြပြီး
စစ်ပွဲဖြစ်အောင်လုပ်နေကြောင်း ကချင်းတိုင်းရင်းသားမျိုးနွယ်စုတွေကိုလည်း တအိမ်ထောင် ၁ ယောက် ကေအိုင်အေ တပ်ဖွဲ့အတွင်းသို့ အတင်းဝင်ခိုင်းနေလို့ မိသားစုအသက်အန္တရာယ် ခြိမ်းခြောက်နေလို့ စိတ်မပါပေမဲ့ ကေအိုင်အေ ခိုင်းတဲ့အတိုင်းလုပ်နေရကြောင်း စစ်ပွဲများအား ကာလရှည်ကြာမဖြစ်စေလိုဘဲ အချိန်ကြာလာတာနဲ့ ဒေသခံလူထုရဲ့ လူမှုရေး စီးပွားရေး တဖြည်းဖြည်းကျပ်တည်းလာကြောင်း ရင်ဖွင့်သံကိုကြားခဲ့ရပါတယ်။
မိုးကောင်းကမြို့လူထုကတော့ ကေအိုင်အေမှာ စစ်ရေးကျွမ်းကျင်သူ မရှိသလောက်ရှားပါးကြောင်း လက်ရှိမှာကေအိုင်အေ တပ်ဖွဲ့ဝင်တွေကျဆုံးတာများနေကြကြောင်း မြို့ပေါ်မှာမိုင်းခွဲဖို့ လာတဲ့ ကေအိုင်အေစစ်သားတွေမှာလည်း မကျွမ်းကျင်လို့ ကိုယ့်မိုင်းနှင့်ကို ပေါက်ကွဲသေဆုံးနေကြကြောင်း ပြောနေကြပါပြီ။
တနိုင်းက စက်လှေသမားတွေကတော့ စက်လှေဂိတ်မှာ စက်လှေအစီး ၇၀၀ လောက်ရှိလို့ အလှည့်ကျထွက် စနစ်လုပ်ထားတာကြောင့် စက်လှေတစ်စီးသာပိုင်တဲ့ ပိုင်ရှင်များဟာ နှစ်လလျှင်တစ်ကြိမ်သာ ထွက်ဖို့အလှည့်ကျပြီး ပိုက်ဆံတတ်နိုင်သူများမှာ အင်ဂျင်မပါတဲ့ စက်လှေ ၇ စီးကနေ ၁၀ စီးထိ စာရင်းသွင်းပြီး လိုင်းပြေးနေကြကြောင်း  သတ်မှတ်ချက်နှင့်ကိုက်ညီတဲ့ စက်လှေ၂ စီးလောက်နဲ့အစားထိုးပြေးဆွဲနေကြောင်း ကျန်တဲ့စက်လှေများဟာဟန်ပြသာ လိုင်းပြေးဆွဲနေတာကို မကျေမနပ်ပြောနေကြပါတယ်။

အကျဉ်းသားများ မလွှတ်ပေးခြင်းသည် အစိုးရ မိမိကိုယ်မိမိ ယုံကြည်မှုနည်းခြင်းကိုပြ- SNLD ဆို

သျှမ်းခေါင်းဆောင်အပါအဝင်နိုင်ငံရေးအကျဉ်းသား တချို့အား လွတ်ငြိမ်းချမ်းသာခွင့်မပေးသေးဘဲ ထောင် ပြောင်းရွှေ့ ခဲ့ခြင်းနှင့် ပတ်သက်၍ အစိုးရ သည် မိမိစွမ်း ဆောင်မှု အားကိုယုံကြည်စိတ်ချမှုမရှိ ၍ ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်  SNLD ကပြောသည်။
KTO_UATA__and_ZNC_GS_with_USA_Abas
အမေရိကန်သံအမတ် ၂ ဦးနှင့်တွဲရိုက်ထားသည့် CRPP မှ ဦးအေးသာအောင်၊ ZNC အထွေထွေအတွင်း ရေးမှူးနှင့် SNLD ဥက္ကဌ ခွန်ထွန်းဦး (ဓါတ်ပုံ- Free Hkun Htun Oo, Free Shan State Leaders and Political Prisoners in Burma Facebook)

“ ဦးသိန်းစိန်အစိုးရဟာ သူ့အရည်အချင်းကို သူယုံကြည်စိတ်ချလို့မရသေးတဲ့အခြေအနေမှာရှိတယ်လို့ မြင်ပါ တယ်။  တိုင်း ရင်းသားခေါင်းဆောင် ၊ ကျောင်းသားခေါင်းဆောင်၊ သံဃာ့ခေါင်းဆောင် တွေလွတ်မြောက် လာပြီး  တရားမျှတမှုမရှိ၊ ဥပဒေနဲ့မကိုက်ညီတဲ့ အစိုးရရဲ့လုပ်ရပ်တွေကို ထောက်ပြခဲ့ရင် လူထုအုံကြွမှု ထပ်မံဖြစ်ပွါးမှာ စိုးလို့။ အဲ့အချိန်မှာ လူထုကို ထိန်းချုပ်နိုင်စွမ်း မရှိမှာစိုးလို့  နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်မပေးရဲတာဖြစ်တယ် ” ဟု SNLD ၏ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကသျှမ်းသံတော်ဆင့် အား ပြောသည်။

KTOသျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးအား ကချင်ပြည်နယ် ပူတာအိုအကျဉ်း ထောင်မှ နိုဝင်ဘာ ၁၆ ရက်က မြစ်ကြီးနားအကျဉ်းထောင်သို့ပြောင်းရွှေ့လိုက်၏။ ထိုမှတဆင့်ရန်ကုန်မှ ၁၇၅ မိုင်သာဝေး သည့် တောင်ငူထောင် သို့ပြောင်း ရွှေ့မည်ဖြစ်ကြောင်း SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ပြော၏။  ကလေး ထောင်၌ အရှင်ဂမ္ဘီရ အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ အပြောင်းအရွှေ့ရှိခဲ့သော် လည်း SNLD အထွေ ထွေအတွင်းရေးမှူး စိုင်းညွှန့်လွင် ကိုတော့ ထောင်ပြောင်းသည့်သတင်းမကြားရဟု ဆို၏။

၈၈ ကျောင်းသားခေါင်းဆောင် မနီလာသိန်းကိုလည်း သရက်ထောင်မှ သာယာဝတီထောင်သို့ ပြောင်းရွှေ့ လိုက်ပြီး ကျိုင်တုံထောင်ရှိ ကိုမင်းကိုနိုင်ကိုမူ ယနေ့ နေ့ခင်းပိုင်းက ရန်ကုန် အင်းစိန်ထောင်သို့ ပို့ဆောင် လိုက်ပြီဖြစ်ကြောင်း ရန်ကုန်မှလာသော သတင်းများအရသိရသည်။

“တကယ်တော့ လူထုတရပ်လုံးနဲ့ တကမ္ဘာလုံး သူ့အပေါ် ယုံကြည်စိတ်ချစေချင်တယ်ဆိုရင် ဦးသိန်းစိန်အစိုးရ ဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့်တော့ပေးသင့်တယ်။ ဒီဟာကိုတောင်မှ မလုပ်ပေး နိုင် ဘူးဆိုရင်၊ တိုင်းရင်းသားတွေနဲ့  ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေ  အစိုးရအပေါ်ထားတဲ့ယုံကြည်မှုနဲ့ အမျိုးသား ရင်းကြားစေ့ရေးဆိုတာတွေဟာ လုံးဝလမ်းစမမြင်ဘူး” - စိုင်းလိတ်ကပြောသည်။

ယခုကဲ့သို့ ဦးခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့အား မိသားစုနှင့်သိပ်မဝေးသည့်နေရာသို့ ပြောင်းရွှေ့ထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးစားတိုက်တွန်းပေး မှုကြောင့်ဟုလည်း ပြောနိုင်ကြောင်း စိုင်းလိတ် ကပြောသည်။

၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကအဖြစ် မြန်မာနိုင်ငံ တာဝန်ယူရန် အာဆီယံခေါင်းဆောင်များ သဘောတူ

asean_banner





KTTAsean-Myanmar1711111-1 ၂၀၁၄ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုကို အာဆီယံခေါင်းဆောင်များ သဘောတူညီ လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ဘာလီ၌ Eleven Media Group သို့ပြောကြားခဲ့သည်
မြန်မာနိုင်ငံအား ၂၀၁၄ခုနှစ် အာဆီယံဥက္ကဌ အလှည့်ကျတာဝန်အတွက် အာဆီယံ ခေါင်းဆောင်များက သဘောတူလိုက်ခြင်းကို  ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်များကို ပြောဆိုခဲ့ပြီး ထိုသို့ရရှိလိုက်ခြင်းအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့်
လုပ်ငန်းများတွင် ပိုမိုကျယ်ပြန့်စွာ ပါဝင်လုပ်ကိုဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

"အခု ၂၀၁၄မှာ အာဆီယံဥက္ကဋ္ဌရာထူးအတွက် အားလုံးက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ အခုလို အာဆီယံဥက္ကဋ္ဌရာထူးကို ထမ်းဆောင် တယ်ဆိုတာဟာ မြန်မာနိုင်ငံဟာလည်းပဲ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်ခုဖြစ်ပြီးတော့ မိမိတို့မှာလည်း
တာဝန်ရှိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံက တာဝန်သိတတ်တဲ့ အနေနဲ့ ဒီတာဝန်ကို
ထမ်းဆောင်ခွင့်ရတာဟာ ၀မ်းသာစရာပါ။ ဒါ့အပြင် ဒီလိုထမ်းဆောင်ခွင့် ရတာဟာ ဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာရော၊ နိုင်ငံတကာမှာ ပူးပေါင်း ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာပါ မြန်မာနိုင်ငံက ပိုမိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လုပ်ကိုင်ဆောင်ရွက်လို့ ရမှာပါ"ဟု ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေပြီဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောပါသည်။

"ဒီနေ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ  အသွင်သဏ္ဍာန်ရော အနှစ်သာရပါ အများကြီး ပြောင်းနေတယ်။ အသွင်သဏ္ဍာန်အရ ကြည့်ရင် တပ်မတော်အစိုးရကနေပြီးတော့မှ ဒီမိုကရေစီအစိုးရ ဖြစ်ခဲ့တယ်။ အနှစ်သာရ အားဖြင့် ကြည့်ရင် ဟိုးအရင်တုန်းက အမိန့်အာဏာနဲ့ အုပ်ချုပ်ခဲ့တယ်။ ယနေ့အခါမှာ အခြေခံဥပဒေနဲ့ အုပ်ချုပ်တယ်။ အခြေခံဥပဒေနဲ့ အညီ ပေါ်ပေါက် တည်ဆောက်ပြီးဖြစ်တဲ့ လွှတ်တော်တွေ အစိုးရအဖွဲ့တွေ၊တရားစီရင်ရေး အဖွဲ့တွေကို ဖွဲ့စည်း ပေးပြီးတော့ ကနေ့အခါမှာ ဒီမိုကရေစီဖောင်ဆောင်ရေး၊ လူ့အခွင့်အရေး၊  အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အားလုံးကို ကျယ်ကျယ်ပြန့်ပြန့်ကို ပြုပြင်ပြောင်းလဲ ပြီးတော့ ဆောင်ရွက်နေတယ်"ဟု ဦးကျော်ဆန်းက သတင်းထောက်များကို ပြောခဲ့ပါသည်။

အာဆီယံဥက္ကဋ္ဌရာထူးကို ထမ်းဆောင်ရင်း ဒီမိုကရေစီစနစ်၊ ဈေးကွက်စီးပွားရေးစနစ်များနှင့် အညီ ဆောင်ရွက်ပါက မကြာမီအချိန်တွင်
မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပနှင့် သဟဇာတဖြစ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဟု ဦးကျော်ဆန်းက ဆက်လက်ပြောကြားခဲ့သည်။

"အာဆီယံဥက္ကဋ္ဌ ရာထူးလည်း တစ်ဖက်က ဆောင်ရွက်မယ်။ တစ်ဖက်ကလည်း တိုင်းပြည်ကို ဒီမိုကရေစီ စနစ်နဲ့အညီ ဈေးကွက်စီးပွားရေးစနစ်နဲ့အညီ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲပြီးတော့ ဆောင်ရွက်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ မကြာတဲ့ကာလအတွင်းမှာ ပွင့်ပွင့်လင်းလင်းရှိတဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတကာနဲ့ရော ကိုယ့်ပြည်တွင်းမှာပါ သဟဇာတဖြစ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာပါ"ဟု ဦးကျော်ဆန်းက ပြောကြားခဲ့ပါသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံအား အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရန်အတွက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက သဘောတူ ထောက်ခံခဲ့ပြီး ဖြစ်သော်လည်း ယနေ့ နံနက်ပိုင်းအချိန်က ဖီလစ်ပိုင်သမ္မတ အကွီနို အာဆီယံထိပ်သီးဆွေးနွေးပွဲသို့  တက်ရောက်ရန် နောက်ကျခဲ့ခြင်း၊  ဩစတြေးလျပါလီမန်တွင် အမေရိကန်သမ္မတ အိုဘားမား ပြောကြားခဲ့သည့် စကားများကြောင့် မြန်မာနိုင်ငံအား အာဆီယံ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ပေးရေးကိစ္စရပ်မှာ နှောင့်နှေးစရာများ ဖြစ်လာနိုင်ကြောင်း သတင်းထောက်များအကြား သုံးသပ်မှုထွက်ပေါ်ခဲ့ပါသည်။
အဆိုပါ သဘောတူညီချက်ကို နိုဝင်ဘာလ ၁၇ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပြုလုပ်ခဲ့ သော အာဆီယံထိပ်သီးမျက်နှာစုံညီ အစည်းအဝေးတွင် အာဆီယံနိုင်ငံ (၁၀)နိုင်ငံမှ
ခေါင်းဆောင်များက သဘောတူခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။
DSC_0903
သမ္မတအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်

" ၂၀၁၄မှာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ ဖြစ်ပါပြီ။ အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ကျွန်တော့်ကို ပြောပါတယ်။  တရားဝင်ကြေညာမှုကိုတော့ အာဆီယံခေါင်းဆောင်တွေက ပြောပါလိမ့်မယ်"ဟု နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

ထို့အပြင် ယခုကဲ့သို့ အာဆီယံဥက္ကဋ္ဌ တာဝန် ရရှိခဲ့ခြင်းသည် အစိုးရအဖွဲ့က ရရှိလိုက်ခြင်းမဟုတ်ဘဲ  မြန်မာပြည်သူလူထုနှင့် မြန်မာနိုင်ငံကြီးတစ်ခုလုံးက ရရှိလိုက်ခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

"တကယ်တန်း မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌရာထူးကို ရလိုက်တယ်ဆိုတာ မြန်မာ အစိုးရက ရတာမဟုတ်ပါဘူး။ မြန်မာပြည်သူလူထုနဲ့ မြန်မာအစိုးရနဲ့ မြန်မာနိုင်ငံကြီး တစ်ခုလုံးက ရလိုက်တာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အများကြီးပဲ ဂုဏ်ယူပါတယ်"ဟု ဦးကိုကိုလှိုင်က ဆက်လက်ပြောကြားခဲ့သည်။

အာဆီယံဥက္ကဋ္ဌ တာဝန်ရရှိရှိခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က  အာလုံးဝိုင်းဝန်ကြိုးစားရန် ပြောဆိုကြောင်းလည်း ဦးကိုကိုလှိုင်က ပြောပါသည်။

"သမ္မတကြီးကတော့ ဒီဥစ္စာ တာဝန်တွေပိုကြီးလာပြီပေါ့။ အားလုံးပိုပြီး ကြိုးစားလုပ်ကြဖို့ လိုတယ်လို့ ပြောပါတယ်"ဟု ဦးကိုကိုလှိုင်က ပြောပါသည်။

Tuesday, November 15, 2011

အခွန်ကောက်ခြင်းသည် သစ်ခုတ်ခွင့်ပေးခြင်းဖြစ်နေဟု KNG ပြောကြား

ကရင်နီပြည်ရှိ သစ်တောများအား အမှန်တကယ် ထိန်းသိမ်းလိုလျှင် အစိုးရအနေဖြင့် သစ်ခွန် များကောက်ခံနေခြင်းထက် တင်းကြပ်သည့် စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်သွားရန် လည်း လိုအပ်သည်ဟု ကရင်နီ သဘာဝပတ် ၀င်းကျင်အဖွဲ့က ဆိုသည်။
ကရင်နီပြည် ဒီးမောဆိုမြို့နယ် အတွင်းရှိ ဒေါငံခါးကျေးရွာ၊ လမ်းခွရပ်ကွက်တွင် သစ်တောရုံးမှအကောက်ခွန် များ ကောက်ခံရန် သစ်တောဂိတ်တခု အောက်တိုဘာလ ၈ ရက်နေ့မှစတင်၍ ထပ်မှန်ဆောက်လုပ်လိုက် ပြီးနောက် ကရင်နီအမြဲစိမ်းတောအဖွဲ့ KNG မှ ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

“အကောက်ခွန်ကောက်တာက တကယ့် ဒီ…သစ် ခုတ် တဲ့လူကို သစ်ခုတ်ခွင့်ပေးလိုက်တာနဲ့အတူတူပဲ” ဟု KNG တာဝန်ခံ လိလီက ပြောသည်။

ယခင်က လမ်းခွရပ်ကွက်အပြင်ဘက်ရှိ ဂိတ်တွင် ရဲ၊ စစ်သား၊ ယဉ်ထိန်းနှင့် သစ်တောဦးစီးဌာနမှတာဝန်ရှိသူ များပူးပေါင်း၍ သစ်တင်သည့် ခြောက်ဘီးကားတစီးအား၂၅၀၀၀ ကျပ်နှင့် သစ်တင်သည့် ထော်လော်ဂျီစက် တစီးအား ၁၂၀၀၀ ကျပ်ဖြင့် အခွန်များ စုပေါင်းကောက်ခံခဲ့ကြသည်။
teak_industry_zone
ကရင်နီပြည်တွင်းမှ ထုတ်သည့် စီးပွားဖြစ်သစ်များ

ယခုအခါ သစ်ခွန်များကောက်ခံရန်အတွက် လမ်းခွရပ်ကွက်အလယ်တွင် ဂိတ်သစ်တလုံးထပ်မှန်ဆောက်လုပ် လိုက်သည့်အပေါ် သစ်ခုတ်သူများ သစ်ခွန်အတွက် ဂိတ်ကျေးများ နှစ်ဆပေးဆောင်ရမည်ကိုစဉ်းစားလာ ကြရသည်။

“သူတို့က အဝေမတည့်တဲ့အတွက် ခွဲပြီး ဂိတ်ထပ်ဆောက်တယ်လို့ထင်တယ်” ဟု ဒေသခံတစ်ဦးက မိမိ၏ ထင်မြင်ချက်ကို ပြောသည်။

ကရင်နီပြည်တွင် သစ်အများဆုံးထုတ်သော ဒေသများမှာ ဘောလခဲဒေသနှင့် အရှေ့သံလွင်ဒေသတို့ ဖြစ်သည်။ ၎င်းသစ်ထုတ်လုပ်မှုများကြောင့် ကရင်နီပြည်တွင်းတွင် သစ်များပြုန်းတီးမှုများဖြစ်ပေါ်နေသည်မှာ ကာလအတော်ကြာကတည်းကပင်ဖြစ်၍ သစ်ထုတ်လုပ်သူများသည် ကျွန်းသစ်များနှင့် သစ်ရာများ စသည့် သစ်မာအမျိုးအစားကို အဓိကထား ထုတ်ယူနေကြသည်။

ယခုလို သစ်ထုတ်လုပ်တာ ကအစိုးရအပေါ်တွင် အများကြီးမူတည်နေကြောင်း သစ်ထုတ်လုပ်မှုများကြောင့် ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှုများဖြစ်ပေါ်လျက်ရှိပြီး အစိုးရမှခွင့်ပြုချက်ပေး၍သာသစ်ခုတ်လုပ်ငန်း များကို ဒေသခံရွာသားများကပါ ခုတ်ယူလာကြပြီး သစ်တောပြုန်းတီးမှုများလာကြောင်း KNG ဆိုသည်။

“အကောက်ခွန်တွေပဲ ကောက်ခါကြတော့ သူတို့ကလည်း ပေးနိုင်တဲ့ခါကျတော့ သူတို့လည်းပေးတယ်။ သူတို့အမြတ်လည်း ကျန်တယ်ဆိုတဲ့ခါကျတော့ ဒီတိုင်းပဲ သူတို့…သစ်ထုတ်မှုတွေ အမြဲတမ်းပဲဆက်လက် ပြီးတော့ ရှိနေမှာပဲပေါ့နော” ဟု ပြောပါသည်။

KEG အဖွဲ့သည် ကရင်နီပြည်တွင်း၌ သစ်တောပြုန်းတီးမှု လျော့ကျရေးအတွက် သစ်တောဆိုင်ရာပညာပေး အစီအစဉ်များနှင့် သစ်ပင်ပြန်လည် စိုက်ပျိုးရေးအစီအစဉ်များကို ဒီးမောဆို၊ ဖရူဆိုနှင့်လွိုင်ကော်မြို့နယ်များ တွင် လုပ်ဆောင်လျက်ရှိသည်။

“သစ်ပင်တပင် ခုတ်လိုက်ရင်တော့ ဒီသစ်ပင်ပြုန်းတီးသွားပေမယ့် ဥပမာ တခြားဟာတွေ တခြားဟာဆိုတာ တခြား…အကောင်ပလောင်တွေ ဥပမာ… သစ်တောကိုမှီခိုနေတဲ့… တိရိစ္ဆာန်တွေလည်း… သူတို့ရဲ့စားကျက် မြေတွေ ပျောက်ဆုံးတယ်ပေါ့” ဟု KEG တာဝန်ခံလိလီက သစ်ခုတ်ခြင်း၏ အကျိုးဆက်ကို ရှင်းပြသွားသည်။

လောဘအိုကြီးခင်ရွှေ အတွင်းဝန်ရုံး ဟော်တယ်မလုပ်ရလို့ မီဒီယာများကို ရှုံချ

အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဝန်ကြီးများရုံးအား ဟိုတယ်အဖြစ် ငှားရမ်းမည်ကို ကန့်ကွက် ရေးသားခဲ့ကြသည့် ပြည်တွင်းမီဒီယာများအား အဆိုးမြင်ရေးသားကြသည်ဟု မြန်မာ့ခရီးသွား လုပ်ငန်း အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေမှ  ပြစ်တင် ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်တွင် အင်္ဂါနေ့က ပြုလုပ်သည့် မြန်မာ့ခရီးသွား လုပ်ငန်းအကြောင်း သတင်းစာ ရှင်းလင်းပွဲ အဖွင့်အမှာစကား၌ ပြည်တွင်း မီဒီယာများသည် ပြည်ပမီဒီယာများကဲ့သို့ပင် မကောင်းသည့်ဘက်မှ ရှု့မြင်ရေးသားကြသည်ဟု ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေမှ ပြစ်တင်ပြောသွားခြင်း ဖြစ်သည်။

“မဟုတ်က ဟုတ်ကတွေ ရေးတယ်ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျဖို့ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့သဘော ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ လမ်းကြောင်း ကောင်းနေတာကိုလဲ အသိအမှတ်မပြုတဲ့ သဘောမျိုး ဖြစ်နေတယ်။”ဟု ဦးခင်ရွှေက ပြောသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသား လွှတ်တော်အမတ် တဦးလည်းဖြစ်သည့် ဦးခင်ရွှေက ဝန်ကြီးများ ရုံးကိစ္စအပေါ် ကာကွယ်ပြောဆိုသူများကိုပါ သတင်းစာ ရှင်းလင်းပွဲတွင် တုန့်ပြန်ပြောဆို သွားခဲ့သေးသည်။

“တချို့ပြောတာလဲ ကြားတယ်။ ဒါကြီးကို အသက်ပေးပြီး ကာကွယ်မယ်တဲ့။ အသက်ပေးစရာ မလိုပါဘူး တယောက် တသိန်းထည့်ပြီး ဒါကြီးကို ထိန်းသိမ်းမယ်ဆိုရင် အဲ့လူတွေ ထည့်မှာမဟုတ်ဘူး။ အသက်သာ ပေးကြမှာ။” ဟု သူက ဆိုသည်။

“ပြည်တွင်းဂျာနယ်တွေက နုပါတယ်။” ဟု သုံးနှုန်းပြောဆိုခဲ့သည့် ဦးခင်ရွှေက အဆိုပါ ဝန်ကြီးကြီးများရုံးနှင့် ပတ်သက်သည့် မော်နီတာ ဂျာနယ်တွင် ပါရှိသော “ဘယ်ပေတံနဲ့ တိုင်းမှာလဲ” အမည်ရှိ ဆောင်းပါး တပုဒ်ကိုမူ ကွဲလွဲသည့် အမြင်ရှိသည်ဟု ချီးကျူးပြောဆိုခဲ့ပြီး ယင်းဆောင်းပါးကို သတင်းစာ ရှင်းလင်းပွဲတွင် ဝေငှခဲ့သည်။

ဆောင်းပါးတွင် “ ဝန်ကြီးများရုံးသည် အင်္ဂလိပ် အမွေအနှစ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း လပိုင်းသာ ရုံးထိုင်ခဲ့ကြောင်းနှင့်  မြန်မာလူမျိုးများထက် မြန်မာနိုင်ငံအား ကျွန်အဖြစ် ပြုလုပ်ခဲ့သည့် အင်္ဂလိပ်လူမျိုးများသာ ထိန်းသိမ်းသင့်ကြောင်း၊ နိုင်ငံတော်မှ ထိန်းသိမ်းပါက စာရိတ်များစွာ ကုန်ကျမည် ဖြစ်ကြောင်း” ရေးသား ထားသည်။

ဦးခင်ရွှေက မိမိအနေဖြင့် စင်ကာပူ၊ အမေရိကား စသောနိုင်ငံများတွင် ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်းနိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။

သူ့နည်းတူ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှာ ခြောက်လအတွင်း ကိုယ်ပိုင်ငွေ ကျပ်သိန်းတသောင်းကျော် အကုန်အကျခံ သုံးစွဲခဲ့ကြောင်း ပြောဆိုသွားခဲ့သည်။

သတင်း--- မျိုးသိဏ်း

ရန်ကုန် (မဇ္ဈိမ)

မန္တလေးဆန္ဒပြ သံဃာတော်များ နေရာပြောင်း၊ ဟောပြောမှု ဆက်လုပ်မည်ဆို

 ချင်းမိုင် (မဇ္ဈိမ) ။       ။ မစိုးရိမ်တိုက်ဟောင်း အတွင်းသို့ ညနေပိုင်းတွင် ပြောင်းရွှေ့သွားခဲ့သော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေး ဆန္ဒပြတောင်းဆိုသော သံဃာတော်ငါးပါးက ဗုဒ္ဓဟူးနေ့ တွင် ဟောပြောမှု ဆက်လက် လုပ်ဆောင်မည်ဟု ပရိတ်သတ်ကို ကြေညာသွားခဲ့သည်။

ဆန္ဒပြသံဃာများဖြစ်သည့် ဦးသောပါက၊ ဦးမာဃ၊ ဦးစန္ဒိမာ၊ ဦးဘိန္ဓောလ၊ ဦးဇောတိပါလ တို့နှင့် မန္တလေးတိုင်း သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး၊ မြို့နယ်/တိုင်း အာဏာပိုင်များအကြား ညှိနှိုင်းပြီးနောက် မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားဝင်းအတွင်းရှိ မဟာဗုဒ္ဓဝင်ဗိမ္မာန်မှ မစိုးရိမ်ကျောင်းတိုက်ဟောင်းသို့ ပြောင်းရွှေ့ဟောပြောခွင့် ရသွားသည်။


တောင်းဆိုချက်များကို နိုင်ငံတော်သံဃာ့ မဟာနာယကashinsopaka
အထိ အဆင့်ဆင့် တင်ပြသွားမည်ဟု ဥက္ကဋ္ဌဆရာတော်
ထံမှ ကတိရ ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“မနက်ဖြန်ကို တနာရီကိုစမယ်လို့ ချိန်းထားတယ်။
ကျောင်းထဲ မှာပဲ ပြောစရာရှိတာကို ပြည်သူကိုပြောပါ။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ကိုတော့ ဆရာတော်ကြီးတွေက အထူးမေတ္တာရပ်ခံတယ်။” ဟု မြို့ခံတဦးက ပြောသည်။

ဆန္ဒပြသံဃာများက မဟာအောင်မြေမြို့နယ်ထဲတွင်ပင် ရှိသော နေရာသစ်တွင် ရွှေ့ပြောင်း ဟောကြားမည်
ဆိုသဖြင့် လူပရိသတ် ၃၀၀ ကျော်က ကား၊ ဆိုင်ကယ်
များဖြင့် လိုက်ပါသွားခဲ့သေးသည်။ သို့သော် အာဏာပိုင်များနှင့် ဆက်လက် ညှိနှိုင်းကြပြီးနောက် ဟောပြောမှုကို မနက်ဖြန်တွင် ပြုလုပ်ရန် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

အင်္ဂါနေ့နံနက် ငါးနာရီကျော်က စတင်ပြီး မဟာဗုဒ္ဓဝင်ဗိမာန်တော် အပြင်ဘက်နံရံတွင် “နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်”၊ “ပြည်တွင်းစစ် ချက်ချင်းရပ်”၊ “လွတ်လပ်မှုကို ပေးပါ” ဆိုသော စာတမ်းများ ချိတ်ဆွဲကာ ဗိမာန်တော်အတွင်း ဝင်ရောက် ဆန္ဒပြခဲ့သည်။ လက်ကိုင် အသံချဲ့စက်မှလည်း ဆန္ဒပြရခြင်းနှင့် တောင်းဆိုချက်များ ကို ဟောပြောမှုပြုလုပ်ရာ လာရောက်နားထောင်သူ ငါးရာနီးပါးပင် ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆန္ဒပြသံဃာတော်တို့က ရန်ကုန်ရှိ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းမှတဆင့် စကားပြောလိုသည်ဟု တောင်းခံခဲ့သော်လည်း ယခုသတင်းပေးပို့ချိန်အထိ အဆက်အသွယ် မရကြောင်း သိရသည်။

မန္တလေးရှိ သံဃာတော်များ အဆိုအရ ဦးသောပါကမှာ ဂျာမဏီနိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ဖြင့် သီတင်းသုံးခဲ့သော ရဟန်းတပါးဖြစ်ပြီး ၂၀၀၇ ခုနှစ် မတ်လအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ နယ်စပ်မြို့ မဲဆောက်အထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့သူ ဖြစ်သည်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင်လည်း အစာငတ်ခံ ဆန္ဒပြရာ ထိုင်းရဲများက တားဆီးခြင်း ခံရဖူးသည့် ဆရာတော်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်က မေလအတွင်း ထောင်ဒဏ် လျှော့ပေးရာတွင် သံဃာသုံးပါး၊ အောက်တိုဘာလ လွတ်ငြိမ်း ချမ်းသာခွင့်တွင် ၂၉ ပါး လွတ်မြောက်လာသော်လည်း မြန်မာနိုင်ငံအနှံ့ ထောင်များတွင် သံဃာတော် ၁၇၆ ပါး ဆက်လျက် အကျဉ်းကျနေသေးသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ပြောသည်။

NLD ပါတီကို ၈၉ရာခိုင်နှုန်းက ပြန်လည်မှတ်ပုံတင်စေလိုကြောင်း လူထုသဘောထားစစ်တမ်းကောက်ယူရာမှာဖော်ပြ

7Day News ဂျာနယ်က သာမန် ပြည်သူ ၁၀၀ ဦးအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အင်န် အယ်လ် ဒီ)ပါတီကိုပြန်လည်မှတ်ပုံတင်စေ လိုခြင်း၊ မတင်စေလိုခြင်းအပေါ် ယင်းတို့၏ သဘောထားဆနကို ကျပန်းတွေ့ဆုံမေးမြန်းခဲ့ရာ ဖြေဆိုသူအားလုံး၏ ၈၉ရာခိုင်နှုန်းက ပြန်လည်မှတ်ပုံတင်စေလိုကြောင်းဖြေဆိုခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ မုံရွာမြို့များ နေထိုင်သူများ နှင့် ပြည်ပနှင့်ကျေးလက်ဒေသ များတွင် နေထိုင်သူစုစုပေါင်း၁၀၀ ဦးကို ကျပန်းလူတွေ့မေးမြန်းခြင်း၊ တယ်လီဖုန်းနှင့် အွန်လိုင်းမှတစ် ဆင့် မေးမြန်းခြင်းပြုခဲ့ပါသည်။ ဖြေဆိုသူများမှာ အလွှာပေါင်းစုံမှ အလုပ်အကိုင်မျိုးစုံ လုပ်ကိုင်နေသူများဖြစ်သည်။ လူ ၁၀၀ တွင် ၈၄ ဦး က အင်န်အယ်လ်ဒီပါတီကို ပြန် လည်မှတ်ပုံတင်စေလိုသည်ဟု ဖြေ ပြီး၊ ၈ဦးက မှတ်ပုံမတင်စေလို ပါဟုဖြေသည်။  ၃ဦးကမူ မည် သည့်မှတ်ချက်မျှ မပေးပေ။

လူ ၁၀၀ ဦးအားကျပန်းတွေ့ ဆုံမေးမြန်းရာ-
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်လည်မှတ်ပုံတင်စေလိုသည်ဟု ဖြေဆိုသူများကို ဘာကြောင့်ပါလဲဟု အမေးတွင် ““တရားဝင်ပါတီအနေ နဲ့ လှုပ်ရှားစေချင်လို့ပါ”” ဟု အ သက် ၃၀ နှစ်အရွယ် ဈေးဆိုင်ပိုင် ရှင်တစ်ဦးက ပြောသည်။

အသက်  ၅၃ နှစ်အရွယ် အရောင်းအ၀ယ် နှင့် ဗေဒင်ဆရာလုပ်ကိုင်သူ တစ် ဦးက အင်န်အယ်လ်ဒီပါတီ မှတ် ပုံတင်စေလိုခြင်း၏ အကြောင်း ရင်းကို ““ပူးပေါင်းလုပ်တာ အ ကောင်းဆုံးပါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့မ တည့်လို့ ဆူဆူပူပူဖြစ်ရင် နောက် ဆုံးပြည်သူလူထုပဲ ထိတာလေ”” ဟု ဖြေသည်။

အသက် ၂၄ နှစ်အရွယ် စာ ရင်းကိုင် အမျိုးသမီးတစ်ဦးက ““မှတ်ပုံတင်မှသာ ရွေးကောက်ပွဲမှာ တရားဝင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး အနိုင်ရရှိဖို့ အလားအလာရှိလာလို့ပါ”” ဟု ဖြေသည်။

(စတုတ္ထတန်းအောင် ပညာအရည်အချင်းရှိသော) အသက် ၇၅ နှစ်အရွယ် အဘွားတစ်ဦးက ““မှတ်ပုံတင်ထားရင် ရွေးကောက်
ပွဲဝင်သင့်တဲ့အချိန် ၀င်နိုင်ရန်ဖြစ်ပါတယ်””ဟုဖြေသည်။

““တိုင်းပြည်ကောင်းအောင်လုပ်မယ်ဆိုတာ ကိုယုံကြည်လို့ပါ””ဟု  အသက် ၅၂ နှစ်အရွယ် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော အမျိုးသား တစ်ဦးကဖြေသည်။

အသက် ၂၅ နှစ်အရွယ် အိုင်တီလုပ်ငန်းများလုပ်ကိုင်နေသူ တစ်ဦးက ““တင်မှ တရားဝင်ရပ် တည်နိုင်မယ်ထင်လို့ပါ။ အပြောင်း အလဲတစ်ခုဖြစ်လာမယ်လို့ မြင်ပါ တယ်”” ဟု ပြောသည်။

 အသက် ၃၂ နှစ်အရွယ် ရှေ့နေတစ်ဦးက ““အင်န်အယ်လ်  ဒီပါတီ မှတ်ပုံတင်လိုက်ခြင်းအား ဖြင့် ပါတီတရားဝင်ပြီဖြစ်ကြောင်း ပြည်သူမှသိရှိလာ၍ ပါတီနှင့်ဒေါ် အောင်ဆန်းစုကြည်အား ယုံကြည် ကြသဖြင့် မိမိတို့၏အမှန်တကယ် ဆနအား ထုတ်ဖော်ရဲကြမည်ဖြစ် ပါသည်”” ဟု ဖြေသည်။

အသက် ၆၅ နှစ်အရွယ် အထက်တန်းအောင် ဈေးသည်တစ် ဦးက ““လက်ရှိအစိုးရသည်အတိုက်  အခံအင်အားစု အလွန်နည်းပါးပါ သည်။ အင်န်အယ်လ်ဒီပါတီ ရွေး ကောက်ပွဲဝင်ခြင်းဖြင့် ထိုက်သင့် သော အတိုက်အခံအင်အားစုရရှိ လာမည်ထင်ပါသည်။ လက်ရှိ အ စိုးရနှင့်အတိုက်အခံ အပြန်အလှန် ထိန်းကျောင်းမှုရှိမှ ပိုမိုကောင်းမွန် သော ဆုံးဖြတ်ချက်များဖြစ်ပေါ် လာနိုင်ပါသည်”” ဟု ဖြေသည်။
နေပြည်တော် ပျဉ်းမနားမြို့မှ အသက်၄၆နှစ်အရွယ် ယာဉ်မောင်းတစ်ဦးက ““လွှတ်တော်အရပ်ရပ် တွင် ကိုယ်တိုင်ပါဝင်ပြီး အမှန်တ ရားများအတွက် ရပ်တည်မှုပေးနိုင် ရန်””ဟု ဖြေသည်။

အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသားတစ်ဦးက အင်န်အယ်လ်ဒီပါတီမှတ် ပုံတင်စေလိုခြင်း၏အကြောင်းရင်းကို အောက်ပါအတိုင်းဖြေသည်။
““အမေစု ပါတဲ့အတွက်ကြောင့်ပါ””

       အင်န်အယ်လ်ဒီပါတီကိုမှတ် ပုံမတင်စေလိုပါဟု ဖြေဆိုသူများ က မှတ်ပုံမတင်စေလိုသော အ ကြောင်းရင်းကို ““ဖွဲ့စည်းပုံအခြေခံ ဥပဒေ အားနည်းချက်ရှိသည်ဟု ထင်ပါသည်”” ဟု အသက် ၃၂နှစ် အရွယ် အိုင်တီလုပ်ငန်းလုပ်ကိုင် သူတစ်ဦးကဖြေပြီး  အသက် ၃၄
နှစ်အရွယ်   အမျိုးသားတစ်ဦးကလည်း ““၀င်ပြိုင်လည်း အလွန်ဆုံးရနိုင်တာ    ၀န်ကြီးတစ်နေရာစာ လောက်ပဲ။ ဒီအတိုင်းပဲနေတာက အကောင်းဆုံးပါ””ဟုဖြေသည်။

““အင်န်အယ်လ်ဒီပါတီ ပြန် လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ပါက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လိုသက်ရောက်မယ်လို့ ထင် ပါသလဲ”” ဟု အမေးကို  ပါတီပြန် လည် မှတ်ပုံတင်စေလိုသည်ဟု ဖြေဆိုသူများက ““အဘက်ဘက်က ကောင်းမွန်ပြည့်စုံလာမယ်လို့ ထင် ပါတယ်””၊ ““နိုင်ငံတကာ ဆက်ဆံ ရေး၊ ပြည်တွင်းစီးပွားရေး၊ တရား စီရင်ရေး၊ လူမှုရေး အစစအရာရာ တွင် ပြောင်းလဲတိုးတက်မှုရှိမည် ဟု ယုံကြည်၍””၊ ““အများကြီး ကောင်းလာနိုင်ပါတယ်””၊ ““သိပ် တော့နားမလည်ဘူး၊ဒေါ်စုကို အားကိုးတယ်”” ဟူ၍ ဖြေကြသည်။

အသက် ၃၂ နှစ်အရွယ်ရှေ့ နေက ““အင်န်အယ်လ်ဒီပါတီ မှတ် ပုံတင်ပြီး ရွေးကောက်ပွဲဝင်ပါက မြန်မာ့နိုင်ငံရေးသည် နိုင်ငံတကာ မှ အာရုံပိုမိုစိုက်လာပြီး အာဏာ ပိုင်များဘက်မှ အတတ်နိုင်ဆုံး တရားမျှတသော ရွေးကောက်ပွဲ များ ကျင်းပပေးလာနိုင်ကာ ထိုသို့ ကျင်းပခြင်းဖြင့် အနာဂတ်ဒီမိုက ရေစီရေးရာသည်တိုးတက်စေလာ  နိုင်ပါသည်”” ဟု ဖြေသည်။

အသက် ၃၄ နှစ်အရွယ် အင်တာနက်ဆိုင်တွင်  အလုပ်လုပ်ကိုင်နေသူတစ်ဦးက ““အနောက်
နိုင်ငံများနဲ့ ဆက်ဆံရေးပိုမို ကောင်းမွန် လာပြီး စီးပွားရေးတိုးတက်လာ မည်ဟုထင်ပါသည်””ဟုဖြေသည်။

အင်န်အယ်လ်ဒီပါတီကို ရွေး ကောက်ပွဲဝင်စေလိုပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲ (သို့မဟုတ်)  ၂၀၁၅ ရွေးကောက်ပွဲတို့
ထဲမှ  မည်သည့်ရွေးကောက်ပွဲတွင် ၀င်ပြိုင်စေလိုပါသလဲဟု အမေးကို ၅၅ ဦးက လာမည့်ကြားဖြတ်ရွေး ကောက်ပွဲကို ၀င်ပြိုင်စေလိုသည် ဟုဖြေသည်။ ၂၆ ဦးက ၂၀၁၅ ရွေး ကောက်ပွဲတွင်မှယှဉ်ပြိုင်သင့်သည်ဟု ဖြေသည်။ ရှစ်ဦးက မည် သည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် စေလိုသည်ဟု  မဖော်ပြဘဲ၊ ရွေး ကောက်ပွဲနှစ်ခုစလုံးတွင် ၀င်ပြိုင် စေလိုသူ ခြောက်ဦးရှိသည်။

လူ ၁၀၀ ကို မေးမြန်းခဲ့သော အဓိကမေးခွန်းတစ်ခုဖြစ်သည့်
““ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်း ဆောင်မှုအပေါ် သင်ယုံကြည်မှု ရှိပါသလား (သို့မဟုတ်)ယုံကြည်မှု မရှိဘူးလား”” ဟု အမေးကို ၈၅ ရာခိုင်နှုန်းဖြစ်သော ၈၅ဦးက ““ယုံ ကြည်မှုရှိသည်”” ဟုဖြေကြသည်။  သုံးဦးကမူ ““ယုံကြည်မှုမရှိပါ”” ဟု  ဖြေပြီး၊ ၁၂ဦးကမူ ထိုအဖြေကိုဖြေ ရန် စောသေးသည်၊ စောင့်ကြည့် လိုသေးသည်ဟုဖြေသည်။
ယုံကြည်သည်ဟု ဖြေသူများ ကို ဘာကြောင့်လဲဟု အမေးတွင် ““ယုံကြည်အားကိုးထိုက်သော ခေါင်းဆောင်ကောင်းတစ်ယောက်
ရဲ့အရည်အချင်းနဲ့ပြည့်စုံနေလို့ပါ””၊   ““အန်တီစုရဲ့ ခိုင်မာသောယုံကြည်ချက်ကို  လေးစားသော ကြောင့်ဖြစ်သည်””၊ ““အများကြီး
စွန့်လွှတ်ပြီးလုပ်ခဲ့တာ၊ နိုင်ငံခြားမှာ အေးအေးဆေးဆေးနေရင်ရ တယ်။ ဒါပေမဲ့ ဒီကိုပြန်လာတယ်။ မိသားစုနဲ့  တကွဲတပြားနေပြီး သူယုံကြည်ရာကို   လုပ်တယ်။ ဒါကြောင့် ယုံကြည်ပါတယ်၊ အားလည်းကိုးပါတယ်”” ဟု ဖြေကြ သည်။

အသက် ၃၅ နှစ်အရွယ် သာသနာ့ဝန်ထမ်းတစ်ဦးက လည်း
““ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ယုံကြည်ပါတယ်။ သူမဟာ စိတ်ဓာတ်ခိုင်မာပြီး ရဲရင့် တဲ့နှလုံးသားပိုင်ရှင်တစ်ယောက်မို့
ယုံကြည်ပါတယ်”” ဟု ဖြေသည်။ အသက် ၆၆ နှစ်အရွယ် အငြိမ်း စားဝန်ထမ်းတစ်ဦးက ““ယုံကြည်မှု ရှိပါသည်။ ကမ္ဘာ့နိုင်ငံရေးခေါင်း ဆောင်ကြီးများမှာရှိတဲ့ အရည်အ ချင်း၊ အကျင့်စာရိတ္တ ဒေါ်အောင် ဆန်းစုကြည်မှာရှိလို့ဖြစ်ပါသည်”” ဟု ဖြေသည်။
မုံရွာမြို့မှ အသက် ၂၅နှစ်အ
ရွယ်ရှိ တက္ကသိုလ်ကျောင်းသား တစ်ဦးကလည်း ““နိုင်ငံရဲ့ ပြောင်း လဲတိုးတက်မှုကို ဖော်ဆောင်နိုင် မယ့်သူအဖြစ် ယုံကြည်ပါတယ်”” ဟု ဖြေသည်။
ယုံကြည်မှုမရှိပါဟု ဖြေဆို သူတစ်ဦးက ““ဒေါ်အောင်ဆန်းစု ကြည်သည် ၈၈ အရေးအခင်းမ တိုင်မီ ကာလထိ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုပ်ဆောင်မှုတစ်စုံ တစ်ရာမရှိသေး၍ပါ”” ဟု ဖြေ သည်။
လက်ရှိမြန်မာနိုင်ငံ၏ အခြေ အနေမှာ ပြုပြင်ပြောင်းလဲမှုများ ဖြစ်နေသည်ဟု ထင်ပါသလားဟု အမေးကို ဖြေဆိုသူအားလုံး၏ ၇၈ ရာခိုင်နှုန်းကျော်က ပြုပြင်ပြောင်း လဲမှုများဖြစ်ပေါ်နေသည်ဟု ဖြေ ပြီး အများစုက အနည်းငယ်သာ ပြောင်းလဲသေးသည်ဟုဆိုသည်။
၁၃ ရာခိုင်နှုန်းက မထင်ဟုဖြေပြီး  ၉ ရာခိုင်နှုန်းက မည်သည့်မှတ်ချက် မျှ မပေးပေ။
မှတ်ချက်-လူ၁၀၀ဦးကို ကျပန်းတွေ့ဆုံ မေးမြန်း၍ ရေးသားမှုဖြစ်ပြီး ပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံအောင် လူဦးရေထောင်ချီ၍ မေး
မြန်းစစ်တမ်းကောက်ယူခြင်း မဟုတ် သည့်အတွက်  လူထုတစ်ရပ်လုံး ကိုယ်စားပြု၊မပြု မသေချာသည်ကို သတိချပ်စေလိုပါသည်။

သတင်း---- 7Day News

ကာချုပ်ရဲ့ ပထမဆုံးပြည်ပခရီးစဉ် ဗီယက်နမ်ကို ဘာလို့သွားတာလဲ

ရန်ပိုင် on November 15, 2011


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံသို့ ယမန်နေ့ နံနက်က ထွက်ခွာသွားကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးသွားရောက်သည့် ပြည်ပခရီးစဉ်ဖြစ်ပြီး ကာ ကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒု ဗိုလ်ချုပ်ကြီး သောင်းအေး၊ ဒု ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ အရှေ့အလယ်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြထွန်းဦး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အရာရှိကြီးများ လိုက်ပါသွားသည်ဟုလည်း သိရသည်။

လေ့လာသူများက စစ်အစိုးရလက်ထက်တွင် ကာကွယ်ရေးဦးစီးချုပ်များ အနေဖြင့် အိမ်နီးချင်း တရုတ်နိုင်ငံသို့သာ အရင်ဆုံး သွား ရောက်သော်လည်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် လက်ထက်တွင်မူ အာဆီယံနိုင်ငံများထဲမှ ဗီယက်နမ်သို့ သွားရောက်ခြင်းသည် ထူးခြားသော ဖြစ်စဉ် တရပ်ဖြစ်ပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတရပ်ဖြစ်နိုင်သည်ဟု ပြောဆိုနေကြသည်။

မြန်မာ့ တပ်မတော်တွင် ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူခဲ့ဖူးသည့် ဗိုလ်ချုပ်ကြီဟောင်း ဦးတင်ဦးက ကချင်ပြည်နယ်၌ တည်ဆောက်နေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းပြီးနောက် တရုတ်- မြန်မာ ဆက်ဆံရေး အနည်းငယ် ယိုယွင်းသွား သည်ဟု ထင်မြင်ကြောင်း၊ ထိုကြောင့် ဗီယက်နမ် အပါအ၀င် အမေရိကန် စသည့်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်အောင် ကြိုးစားလာခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

“အရင်ကတော့ တရုတ်ကို သွားကြတယ်၊ အခုတော့ ဗီယက်နမ် စစ်တပ်က နယ်စပ်တလျောက်မှာ တရုတ်နဲ့ ဘယ်လိုဆက်ဆံ သလဲဆိုတာကို ချိန်ထိုးကြည်ဖို့ သွားလေ့လာတာလို့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

ကွန်မြူနစ် ဗီယက်နမ်နိုင်ငံသည် တောင်တရုတ် ပင်လယ်အတွင်းရှိ စပါတလီကျွန်းစုများ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် တင်းမာမှုများ ဖြစ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံခဲ့ပြီး အမေရိကန်လေယာဉ်တင် သင်္ဘောကြီးများနှင့် စစ်သင်္ဘောများမှာ ဗီယက်နမ်ဆိပ်ကမ်းများတွင် လာရောက်လည်ပတ် ဆိုက်ကပ်သည်အထိ တိုးတက်လာသည်။

ဝါရှင်တန် အခြေစိုက် ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကမူ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ဗီယက်နမ် ကာကွယ်ရေး ၀န်ကြီး၏ ဖိတ်ကြားချက် အရ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း စစ်လက်နက် ပစ္စည်းနှင့် နည်းပညာပိုင်းတွင် အပြန်အလှန် ဖလှယ်ရန် သွားရောက်ခြင်းလည်း ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“လိုက်သွားတဲ့သူတွေကို ကြည့်ရင် စစ်ရေးကိစ္စ၊ လက်နက်ကိစ္စ ဖြစ်ဖို့များတယ်။ တရုတ်ဒေသတွင်း အားကြီးလာတာကို တန်ပြန် ဖို့လည်း ဖြစ်နိုင်ပါတယ်။ စစ်ရေးမဟာမိတ် မဟုတ်တောင် အကြံဉာဏ်ယူတဲ့ သဘောပဲ” ဟု ၎င်းက ဆိုသည်။

မြန်မာနှင့် ဗီယက်နမ်နှစ်နိုင်ငံ တပ်မတော်များသည် အင်ဒိုချိုင်းနား စစ်ပွဲကာလ နယ်ချဲ့ဆန့်ကျင်ရေး၌ သဘောထားခြင်း တူညီခဲ့ပြီး ယခင်ကတည်းကပင် အပြန်အလှန်လေးစားစွာ ဆက်ဆံမှုရှိခဲ့ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

တရုတ် – မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း “အာဆီယံထဲမှာ ဗီယက်နမ်က တရုတ်နဲ့ နယ်စပ်ခြင်း ကပ်နေပေမယ့် အဲဒီနှစ်နိုင်ငံက အဆင်မပြေဘူးလေ။ ဒါကြောင့် နိုင်ငံခြားရေး ပေါ်လစီအရ တရုတ်ကို ကစားဖို့ ဗီယက်နမ်ကို သွားတာပါ” ဟု သုံးသပ်သည်။

ဗီယက်နမ်နှင့် မြန်မာသည် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်လာပြီး လေကြောင်းလိုင်း ပြေးဆွဲခြင်း၊ အထည်ချုပ်စက်ရုံများနှင့် ဘဏ်ခွဲများကို ရန်ကုန်မြို့၌ လာရောက်ရင်းနှီးမြုပ်နှံခြင်းများ ပိုမိုတိုးမြင့်လုပ်ဆောင်လာသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရက ဦးချစ်လှိုင် (စာရေးဆရာ ကိုကိုမောင်ကြီး)၊ ကိုသန်း (ကြည်မြင်တိုင်)၊ ဗိုလ်ဘုန်းအောင်၊ ဦးဘသိန်းဇံတို့ကို ဗီယက်နမ်သို့ စေလွှတ်ကာ နယ်ချဲ့တော်လှန်ရေးကို ကူညီခဲ့ဖူးသည်။

ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဗီယက်နမ်နိုင်ငံသို့ ယမန်နေ့က သွားရောက်ခဲ့ပြီး တိုက်ဆိုင်စွာပင် ယနေ့၌ မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌရာထူး ပေးအပ်ရန် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများက ထောက်ခံလိုက်ကြောင်း ကြားသိရသည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း စစ်အစိုးရလက်ထက် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး မပြေလည်ကြသော်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဆက်ဆံရေး ကောင်းမွန်အောင်ကြိုးစားလာရာ အမေရိကန်အစိုးရ၏ ကိုယ်စားလှယ်များ မကြာခ ဏလာရောက်သကဲ့သို့ မြန်မာအစိုးရ အဖွဲဝင်များလည်း အမေရိကန်သို့ သွားရောက်လည်ပတ်နေသည်။

ပြီးခဲ့သည် အောက်တိုဘာလက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အမေရိကန်အစိုးရ၏ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိ နှိုင်းရေးမှူး ဒဲရက်မစ်ချယ်နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကာ နှစ်နိုင်ငံတပ်မတော်များ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ် များကို ဆွေးနွေးခဲကြောင်း အစိုးရသတင်း စာများ၏ ဖော်ပြချက်များအရသိရသည်။

အာဆီယံဥက္ကဋ္ဌရာထူး မြန်မာကို ပေးမည်

ခင်ဦးသာ on November 15, 2011


မြန်မာ နိုင်ငံအား ၂၀၁၄ ခုနှစ် အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန် ပေးရန် သဘော တူကြောင်း အာဆီယံ နိုင်ငံ ခြားရေးဝန်ကြီး များက ယနေ့ ပြော လိုက်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ ယနေ့ စတင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ချမှတ်ထားသော ဒီမိုကရေစီလမ်းပြမြေပုံအား အပြောမဟုတ် လက်တွေ့ လုပ်ဆောင်နေကြောင်း၊ တိုးတက်မှုများကို တွေ့မြင်နေရပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်နေမှုများကို နိုင်ငံတကာက အသိအမှတ်ပြုကြရန် လိုအပ်ကြောင်း လက်ရှိအာဆီယံ ဥက္ကဋ္ဌ နိုင်ငံ ဖြစ်သော အင်ဒိုနီးရှား၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာတီနာ တာလီ ဂါဝါက သတင်းထောက်များကို ပြောသည်။

၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ ရာထူး မြန်မာပြည် ရရှိရေးအတွက် သမ္မတ ဦးသိန်းစိန်အစိုးရက ပြီးခဲ့သော လအနည်းငယ်က ကမ်းလှမ်းခဲ့သည်။

အစိုးရက အာဆီယံဥက္ကဋ္ဌနေရာအတွက် ကြိုးပမ်းနေခြင်းမှာ နိုင်ငံတကာ၏ အသိအမှတ်ပြုခံရရေးအတွက် ဖြစ်သည်ဟု အတိုက်အခံ နိုင်ငံရေးသမားတချို့က ပြောဆိုနေကြသည်။

အာဆီယံ ဥက္ကဋ္ဌ တာဝန် မြန်မာပြည်သို့ ပေးအပ်ရေးအတွက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများအား လေ့လာရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ သွားရောက်ကာ ဦးသိန်းစိန်အပါအ၀င် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ နိုင်ငံရေး အင်အာစုများနှင့် တွေ့ဆုံခဲ့သည်။

အာဆီယံ ဥက္ကဋ္ဌ နိုင်ငံသည် အာဆီယံ ထိပ်သီး အစည်းအဝေးများကို တာဝန်ယူ ကျင်းပနိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်က အာဆီယံဥက္ကဋ္ဌရာထူးအတွက် အလှည့်ကျခဲ့သော်လည်း အနောက်နိုင်ငံတို့၏ ဖိအားပေးမှုကြောင့် ထိုအခွင့်အရေးကို လက်လွှတ်ခဲ့သည်။

ထိုစဉ်က မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း၊ ဒီမိုကရေစီဖော်ဆောင်ရေး နှေးကွေးမှုတို့ကြောင့် ထိုသို့ ဖိအားပေးခဲ့ကြခြင်း ဖြစ်သည်။

အာဆီယံ ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းကို ဒေသတွင်း ၁၀ နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနိးရှား၊ လော၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။