Saturday, November 26, 2011

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုကို တရားထပ်မံစွဲဆိုသော်လည်းမြန်မာပြည်တွင်လက်ရှိအုပ်ချုပ်ရေးတာဝန်ယူနေသူများကတကယ်ပင်သန်းရွှေအာဏာအောက်မှလွတ်မြောက်ပါပြီလား

အခြားနိုင်ငံတိုင်းပြည်များတွင်ပြည်သူလူထုဖက်မှရပ်တည်သောဥပဒေများစိုးမိုးပေါ်ပေါက်နေသော်လည်း-
မြန်မာပြည်တွင် ပြည်သူများဖက်မှရပ်တည်သောဥပဒေမပေါ်ပေါက်သေးခြင်း။
မြန်မာနိုင်ငံတွင်းစစ်အာဏာကိုဆုပ်ကိုင်ပြီးတဦးတည်းဆန္ဒဖြင့်ထင်ရာစိုင်းခဲ့တဦးတည်းအမြင်ဒေါသများနှင့်
ပြည်သူများအပေါ်အစုလိုက်အပြုံလိုက်သော်သတ်ဖြတ်၍သော်လည်းကောင်း၊ လူမဆန်စွာ ဥပဒေမဲ့ ပြစ်ဒဏ်ပေးမှု့များ၊ညှင်းပမ်းနှိပ်စက်မှု့များ၊ ကျူးလွန်ခဲ့သော စစ်ခေါင်းဆောင်များအားယနေ့အရေးယူဆောင်ရွက်ပေးနိုင်ခြင်းမရှိသေး၊
ထို့အပြင် မကြာခင်အချိန်ကပင်ပြည်သူများအပေါ်နှင့်တိုင်းပြည်တခုလုံးအပေါ်အာဏာအကြီးဆုံးအုပ်ချုပ်ရက်စက်ခဲ့သူ
သန်းရွှေ၊အာဏာချုပ်ကိုင်မှု့များရှိနေစဉ် အကျယ်တဝင့်သတင်းများထုတ်ပြန်ကြေငြာချက်များရှိသော်လည်း၊
၎င်းတာဝန်ယူချိန်မှ ရပ်နားလိုက်ချိန်တွင် တိုင်းပြည်လူထုအပေါ်တရားဝင်လူသိရှင်ကြားအသိမပေးမှု့သည်
လက်ရှိတာဝန်ယူနေသော အုပ်ချုပ်မှု့အဖွဲ့အစည်းများအားလုံးသမ္မတဦးသိန်းစိန်အပါအဝင် သည် သန်းရွှေအပေါ်မလွန်ဆန်နိုင်သေးခြင်း၊သန်းရွှေ၏ အုပ်ချုပ်မှု့အောက်၊နောက်ကွယ်အာဏာစက်အောက်မှမလွတ်မြောက်သေးသည်မှသေချာလှသည်။
ထိုလုပ်များနှင့် လူသတ်တရားခံစစ်ခေါင်းဆောင်သန်းရွှေ တရုပ်ပြည်မှစွယ်တော်ကို ဖူးမြှော်သည့်သတင်းကိုမသိမသာလေးထုတ်ပြန်ကြေငြာချိန်တွင် အငြိမ်းစားယူသွားပြီဟုမသိမသာလေး(ငြိမ်း)ဆိုသောစားလုံးလေးဖြင့်ဖေါ်ပြခဲ့သည်။
တိုင်းပြည်အပေါ်တွင်သြဇာအာဏာကြီးခဲ့သောလူသတ်တရားခံ တိုင်းပြည်မှအငြိမ်းစားစယူသည့်နေ့ရက်
အချိန်တွင်ပြည်သူလူထုအပေါ်တရားဝင်လူသိရှင်ကြားထုတ်ပြန်မကြေငြာခြင်းသည်
သန်းရွှေအာဏာစက်အောက်မှမလွတ်မြောက်သေးခြင်းနှင့်သူ၏ညွန်ကြားချက်များအတိုင်းဆက်လက်လုပ်ဆောင်
နေရခြင်းသာဖြစ်သည်။"အရပ်စကားနှင့်ပြောရလျှင်သန်းရွှေကိုကြောက်နေရသေးသောကြောင့်ဖြစ်သည်။"
ဘုရားသားတော်၊သံဃာတော်များပါမချန်သတ်ဖြတ်ရန်တာဝန်ပေးမှု့များကိုဦးဆောင်ခဲ့သော သန်းရွှေသည်တနေ့ပြည်သူများ၏ တုန့်ပြန်ခြင်း(သို့)သဘာဝတရား၏တုန့်ပြန်ခြင်းကိုခံရမည်သာဖြစ်သည်။(ပြည်သူ့အော်သံ)
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဖိလစ်ပိုင်သမ္မတဟောင်း အာရိုယိုကို တရားထပ်မံစွဲဆိုမည်

Thursday, 24 November 2011 13:26

b34_21   လွန်ခဲ့သည့် ၂နှစ်ခန့်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မဂူအင်ဒန်အိုခရိုင်တွင် ဖြစ်ပွားခဲ့သည့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် သေဆုံးခဲ့သူများ၏ဆွေမျိုးများက အဆိုပါလုပ်ရပ်ကို သမ္မတဟောင်း အာရိုယိုက  လက်နက်များ ကူညီပေးခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း ၎င်းတို့၏ရှေ့နေက ပြောကြားလိုက်သည်။
၂၀၀၇ ခုနှစ်၊ အထက်လွှတ်တော် ရွေးကောက်ပွဲများတွင် မဲလိမ်ခဲ့မှုဖြင့်  ဖိလစ်ပိုင်ရဲများက အာရိုယိုအား နိုဝင်ဘာလလယ်ပိုင်းအတွင်း ဖမ်းဆီးထားခဲ့ရာ ၎င်းအနေဖြင့် ယခုအမှုကို ထပ်မံ ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ဒေသတွင်း ရွေးကောက်ပွဲများတွင် နိုင်ငံရေးပြိုင်ဘက်များ၏ လှုပ်ရှားမှုများကို ရပ်တန့်ရန်အတွက် နိုင်ငံတောင်ပိုင်း မဂူအင်ဒန်အိုခရိုင်မှ အမ်ပက်တူ ယန်ဆွေမျိုးစု ခေါင်းဆောင်များသည် အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
အာရိုယို၏ အစိုးရသည် အမ်ပက်တူယန်များအား စစ်လက်နက်အကူအညီများ ပေးခြင်း၊ နိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင်များကို တိုက်ခိုက်ရာတွင် ဖိလစ်ပိုင်တပ်ဖွဲ့၏ ကိုယ်ပွားအဖြစ် အမ်ပက်တူယန်တပ် များကို လှုပ်ရှားခွင့်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။  အမ်ပက်တူယန်ဆွေ မျိုးစုခေါင်းဆောင်ကိုလည်း ၎င်း၏သားဖြစ်သူနှင့်အတူ ယခုအခါ ဖမ်းဆီးထားပြီး ၂၀၀၇ ခုနှစ်၊ အထက်လွတ်တော် ရွေးကောက်ပွဲများတွင် အာရိုယိုအားကူညီခဲ့မှုဖြင့် နို ၀င်ဘာလလယ်အတွင်းက ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။
Ref:AFP

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာပြီးနောက် မြန်မာအား ဂျပန်နိုင်ငံ၏ တရားဝင်ဖွံ့ဖြိုးရေး အကူအညီ(ODA) အပြည့်အ၀ ပြန်လည်ပေးနိုင်ရေးအတွက် ဆွေးနွေးပွဲများ မြန်မြန်စချင်ကြောင်း ဂျပန်ပြောကြား



Wednesday, 23 November 2011 13:17

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာပြီးနောက် မြန်မာနိုင်ငံအား ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးရေးအကူအညီ(ODA) အပြည့်အ၀ ပြန်လည်ပေးနိုင်ရေး အတွက် ဆွေးနွေးပွဲများ မြန်မြန်စချင်ကြောင်း မြန်မာနိုင်ငံအား ဂျပန်နိုင်ငံက နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်များ အရ သိရသည်။
သို့ရာတွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေးအတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဆက်လက်လွှတ်ပေးရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ အားလူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသော်လည်း တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) ကို ၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ သည်။
ထို့ပြင် ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ဇွန်လတွင် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) အသစ်ပေးမှုအား တားမြစ်ထားမှုကို ဖယ်ရှားခဲ့သော်လည်း အခြေခံ အဆောက်အအုံ စီမံကိန်းများအတွက် အကူအညီ အပြည့်အ၀ မပေးနိုင်သေးကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် Yoshihiko Noda တို့ နှစ်နိုင်ငံတွေ့ဆုံမှုတွင် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်က ဒီမိုကရေစီသို့ ဦးတည်သည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ အတွက် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ထောက်ပံ့မှုကို ပေးခဲ့ရာတွင် ချေးငွေ၊ ထောက်ပံ့ငွေ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစသည့် နည်းလမ်းများဖြင့် ပေးခဲ့ကြောင်း သိရသည်။
မြန်မာ-ဂျပန်နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၅၄ ခုနှစ် နိုဝင် ဘာလတွင် စတင် တည်ထောင်ခဲ့သည်။

NLD ပထမဆုံးအသုတ် ပါတီဝင် ၁၀ သိန်း လက်ခံမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ် ပြန်လည် ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင် ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူ များက ပြောသည်။
ချင်းမိုင် (မဇ္ဈိမ)။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို အသစ်ပြန်လည်ဖွဲ့စည်းတော့မည်ဖြစ်ရာ ပထမဆုံး အသုတ်အဖြစ် ပါတီဝင် ၁၀ သိန်း လက်ခံရန် ပြင်ဆင်ထားသည်ဟု NLD ဖွဲ့စည်းထူထောင်သူများက ပြောသည်။

ပါတီဝင် လျှောက်လွှာပုံစံများကို ပုံနှိပ်ရန် ပြင်ဆင်နေပြီဖြစ်ကာ လာမည့်အပတ်အတွင်း တိုင်းနှင့် ပြည်နယ် အားလုံးသို့ ဖြန့်ဝေသွားရန်ရှိသည်ဟု ပါတီထူထောင်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ဒေါ်မေဝင်းမြင့်က ပြောသည်။ လက်ရှိ ပါတီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်မှအစ ပါတီဝင်လိုသူများအားလုံး လျှောက်လွှာတင်ရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ဒေါ်မေဝင်းမြင့်က ပြောသည်။

"လျှောက်လွှာတင်တယ်ဆိုတာ အန်တီတို့က အဟောင်းကို လုပ်တာမဟုတ်ဘူး၊ အန်တီတို့ကအစ ဒေါ်စုတို့က အစ ပါတီ လျှောက်လွှာအသစ်ကို ပြန်တင်ပြီးတော့ အန်တီတို့လျှောက်ရမှာ။" ဟုမဇ္ဈိမ ကိုပြောသည်။


ပါတီဝင်လျှောက်လွှာပုံစံတွင် အသက်၊ ပညာအရည်အချင်း လူမျိုး၊ ဘာသာနှင့် နေရပ်လိပ်စာတို့ပါဝင် မည်ဟုလည်း ပါတီထူထောင်သူတဦးဖြစ်သည့် ဒေါ်ခင်မိုးမိုးက ပြောသည်။ NLD ၏ လူမှုရေးလုပ်ငန်းများ တွင် ပါဝင်ကူညီနေသူ တဦးဖြစ်သည့် ကဗျာဆရာ ကိုငြိမ်းသစ်က ပါတီဝင်များ၏ အရည်အချင်းသည် ဒီမိုကရေစီအရေးတွင် တက်ကြွစွာ ပါဝင်ခြင်းဖြင့်ပင် လုံလောက်သည်ဟု သုံးသပ်သည်။
dhome4
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတတေးသံရှင် ၅၀ ကျော်တို့ NLD ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သီချင်းများ ရေးစပ် သီကုံးသွားနိုင်ရေး တိုင်ပင်ဆွေးနွေးနေသည်ကို တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

"သတ်မှတ်ထားတဲ့ အရည်အချင်းတော့ မရှိပါဘူး၊ တက်ကြွစွာ ရိုးသားစွာ ဒီမိုကရေစီအရေးမှပူးပေါင်း ပါဝင်မယ် ဆိုရင်ပဲ လုံလောက်ပါပြီ။ အဲဒီလောက်ဆိုရင်တော့ မည်သူမဆို ဝင်ခွင့်ရမှာပါပဲ။" ဟု ကိုငြိမ်းသစ်က မဇ္ဈိမကိုပြောသည်။

ပါတီဝင်လိုသူများအနေဖြင့် လျှောက်လွှာပြန်တင်ရမည် ဖြစ်သော်လည်း ပါတီဝင်ဟောင်းနှင့် ပါတီဝင်သစ် ခွဲခြားမည် မဟုတ်ဘဲ ပါတီဝင်အသစ်များသည်လည်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းဖြစ်ခွင့်ရှိသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။

ကိုယ်စားလှယ်လောင်းများကို ဒေသံခံ၊ တိုင်းရင်းသား၊ အမျိုးသမီးနှင့် ပညာအရည်အချင်းတို့ကိုကြည့်ကာ ဦးစားပေးရွေးချယ်မည်ဖြစ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောသည်။

NLD အနေဖြင့် လက်ရှိအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေပြီဖြစ်ကာပြည်နယ်နှင့် တိုင်းရွေးကောက်ပွဲအောင်နိုင်ရေး ကော်မရှင်များ ဖွဲ့စည်းရန်ပြင်ဆင်နေပြီဟု NLD တည်ထောင်သူများက ပြောသည်။

သောကြာနေ့တွင်လည်း NLD ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သီချင်းများစပ်ဆိုရေးသားသွားနိုင်ရန် အနုပညာရှင် ၅ဝ ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသေးသည်။

တေးရေးဆရာတဦးဖြစ်သည့်ကိုရဲလွင်က NLD အတွက် အကူအညီပေးသွားမည်ဟုလည်းမဇ္ဈိမကို ပြောသည်။

"ကျနော်ကတော့ NLD ပါတီဝင်မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်ကတော့ အမေစုကို ကူညီမှာပဲလေ၊ သူ့ကိုတော့ ကျနော်က ယုံကြည်တာပဲ၊ သူကိုယ်တိုင်က လုပ်ပေးပါဆိုရင်တော့ ကျနော်ကတော့ ဖြစ်အောင်လုပ်ပေးမှာပဲ။" ဟု ကိုရဲလွင်က ပြောသည်။

ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများကို အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်သွားရမှာဖြစ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း
နိုဝင်ဘာ ၂၅ - ပြည်ထောင်စုလွှတ်တော် နောက်ဆုံးနေ့အစည်းအဝေးအပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းက နိုဝင်ဘာ ၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် မီဒီယာများနှင့်တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် ပြောကြားချက်များမှ ကောက်နှုတ်ချက်များကို ဖေါ်ပြလိုက်ပါသည်။
-       NLD ကြားဖြတ်ရွေးကောက်ပွဲဝင်လာလျှင် ၀မ်းမြောက်ဝမ်းသာကြိုဆိုရမှာဖြစ်
-       ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများတွင် ဆူပူမှုတွင်မပါဝင်ဘဲ အမှန်တကယ် နိုင်ငံရေးကိစ္စသာ ဆောင်ရွက်ခဲ့သူများကို အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်သွားရမှာဖြစ်
-       ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(အငြိမ်းစား)မှာ အမှန်တကယ်အနားယူသွားပြီဖြစ်။
တပ်မတော်ကရော ပြည်ထောင်စုကြံ့ခိုင်ရေးနာယကအဖြစ်ကပါ အနားယူသွားပြီဖြစ်။
-       အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ အရေးပါအရာရောက်တဲ့သူ လာရောက်မှာဖြစ်တဲ့အတွက် ၀မ်းမြောက်ဝမ်းသာကြိုဆို
-       မြန်မာ-အမေရိကန်ဆက်ဆံရေးသည် ယခင်က ပုံမှန်ဆက်ဆံရေးပင်မရှိခဲ့။ အခုဆိုရင် ပုံမှန်ဆက်ဆံရေးမှာ အလွန့်အလွန်ကောင်းသွားပြီဖြစ်။ အရင်ကဆို နှစ်နိုင်ငံသံအမတ်ပင် မရှိခဲ့။ အခု ဟီလာရီကလင်တန်လာမယ်ဆိုရင် မြန်မာ-အမေရိကန်ဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ လမ်းပွင့်သွားခဲ့။ နှစ်နိုင်ငံပူးပေါင်းဆက်ဆံရေးတိုးမြှင့်မယ်လို့ ထင်မြင်ယူဆ။
-       Sanction ကိစ္စကတော့ သူတို့(အမေရိကန်)ပြောလာရင်တော့ ပြောဖို့အစီအစဉ်ရှိ
ဒီSanction က မြန်မာပြည်သူတွေကို ထိခိုက်တဲ့အရာဖြစ်တယ်လို့ ပြောရမှာဖြစ်
-       ပုဂ္ဂလိကသတင်းစာများ မကြာမီပေါ်လာဖို့ရှိ
-       ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်လျှင် (၃) လကြိုတင်ထုတ်ပြန်ရ။ ယခုအချိန်ထိ မထုတ်ပြန်ရသေး၍ နောက် (၃)လအတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် မဖြစ်နိုင်သေး။
-       မြန်မာ-အမေရိကန်ဆက်ဆံရေးကြောင့် တရုတ်နှင့်ဆက်ဆံရေးမှာ ကျဆင်းသွားမည်မဟုတ်ဘဲ ပုံမှန်အတိုင်းဆက်ရှိနေမှာဖြစ်
ရန်ကုန်မီဒီယာအုပ်စု
Myanmar News Now

Thursday, November 24, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၉၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနား (သတင်း၊ ဓာတ်ပုံ)

ဒီမိုဝေယံဘလောက်မှ-ဖေါ်ပြချက်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၉၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့အခမ်းအနား (သတင်း၊ ဓာတ်ပုံ)


ခရစ်နှစ် ၂၀၁၁ ခု ၊ နိုဝင်ဘာလ (၂၀) ရက် ၊ မြန်မာသက္ကရာဇ် ၁၃၇၃ ခု တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက် တနင်္ဂနွေနေ့တွင် ကျရောက်သော (၉၁)နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားအား ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ပါတီဝင်ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများ တက်ရောက် ခဲ့ကြပါသည်။ အခမ်းအနားကို နံနက် (၁၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် ကဗျာဆရာကြီးကိုလေး (အင်းဝဂုဏ်ရည်)နှင့်ဒါရိုက်တာ၊ စာရေးဆရာကြီး ဆရာမောင်မိုးသူတို့မှ အမျိုးသားနေ့အထိမ်းအမှတ် စာပေများအား ဟောပြောသွားခဲ့ပါသည်။

သတင်း၊ ဓာတ်ပုံ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်။

ပြည်တွင်းစစ် ရပ် မန္တလေး လှုပ်ရှားမှု

ဖိုးရှုပ်လေးဘလောက်မှရယူပါတယ်။

မန္တလေး၊ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှ ငြိမ်းချမ်းရေးတောင်းဆိုပွဲ

နိုဝင်ဘာ ၂၄၊ ၂၀၁၁ (ကြာသပတေးနေ့)

ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီထိ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၅၅ လမ်း၊ ၄၀ နှင့် ၄၁ လမ်းကြား၊ ရဲမွန်တောင်ရပ်ရှိ ကံတက်ကုန်းမစိုးရိမ် ဘုန်းကြီးပညာသင်ကျောင်းမှာ ငြိမ်းချမ်းရေးဟောပြောပွဲနှ
င့် တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များ၏ ငြိမ်းချမ်းရေးတောင်းဆိုပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

စာရေးဆရာများဖြစ်ကြသော
၁။ ညီပုလေး
၂။ ဆူးငှက်
၃။ ညီစေမင်း
တို့က တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်ရပ်စဲရေးအကြောင်းများ ဟောပြောခဲ့ပါတယ်။

အခမ်းအနားအပြီးမှာ ကံတက်ကုန်းမစိုးရိမ်ဘုန်းကြီးပညာသင်ကျောင်းမှ တိုင်းရင်းသားပေါင်းစုံ ကလေးငယ်များက

၁။ သွေးချင်းညီအကိုများအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို ပေးပါ
၂။ ပြည်တွင်းစစ်ကို ရပ်ပေးပါ
၃။ ဗမာ = ကချင်

ဟူသော စာတမ်းများကိုင်ဆောင်ကာ

"စစ်ဟူသည် နိုင်သူလည်း ဒုက္ခရောက်၏။ ရှုံးသူလည်း ဒုက္ခရောက်၏။ အမြန်ဆုံး ရပ်ပေးပါ။"

ဟူသော ငြိမ်းချမ်းရေးတောင်းဆိုကြွေးကြော်သံများရွတ်ဆိုခဲ့ပါတယ်။

ညိုကြီး

(မနက်ဖြန် (၂၅၊ နိုဝင်ဘာ၊ ၂၀၁၁)၊ နေ့ ၂ နာရီမှ ညနေ ၄ နာရီအထိလည်း အထက်ပါ ကံတက်ကုန်း(မစိုးရိမ်)ကျောင်းတိုက်မှာပင် ကလေးချစ်သူများကွန်ယက်မှ ကြီးမှူး၍ "နယ်မြေလုံခြံမှုမရှိသော ဒေသများရှိ ကလေးသူငယ်များသို့ ထောက်ပံ့ကူညီလှူဒါန်းရန် အလှူငွေလက်ခံခြင်းနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ" ကျင်းပဦးမည်ဖြစ်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။)

ပုံများကို ဧရာဝတီဘလာ့မှ ရယြူုပီး
သတင်း ကို ကိုညိုကြီးဖေ့ဘုခ်မှ ရယူပါတယ် ဖေ့ဘုခ်တွင်လဲ Video ဖိုင် ကြည့် ရှုနိုင်ပါတယ်။
http://www.facebook.com/nyogyi

ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည်...


၂၀၀၈ခုနှစ်က ၁၁လပိုင်းက ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း ရုံးခန်းထဲမှာ ရိုက်ထားတဲ့ ပုံဆိုပြီး ပေးပို့လာပါတယ်...။ ဘယ်သူတွေ ဘာအတွက် တွေ့ဆုံကြတယ် ဆိုတာ မပါရှိပေမယ့် ထိုစဉ်က တိုင်းပြည်ကို အနှစ်(၂၀ကျော်)အတွင်း ဖွတ်ဖွတ်၊ ညက်ညက် ကြေအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အာဏာရှင် ဗိုလ်သန်းရွှေရဲ့ ဓာတ်ပုံအောက်မှာတော့ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် ဆိုတဲ့ စာတန်းကို ရေးထိုးထားတာပါပဲ။

အာဏာရှင်ကြီး ဗိုလ်သန်းရွှေရဲ့ အဆိုအမိန့်လား ယခုတောင်ဥက္ကလာပမြို့နယ် ကြံ့ဖွတ်အမတ်ကြီး ဦးအောင်သိန်းလင်းရဲ့  အဆိုအမိန့်လား ဆိုတာတော့ မပြောနိုင်ပါ...။ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာစွာ အရိုးမနင်အောင် စားပါမည် ဟုဆိုလေသလား။ ဒါမှမဟုတ် သခင်၏ အမိန့်တော်အတိုင်း ဦးထိပ်ထား၍ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည်ဟု မေ့မှာစိုး၍ ဆောင်ပုဒ်ကို ကပ်ထားလေသလား... ။ ဒါမှမဟုတ် သခင်၏ ကျေးဇူးတော်ကို စောင့်သိစွာဖြင့် လာဘ်ယူရာ၌ ကျွန်ုပ်သည် အမြဲတမ်း စေ့စပ်သေချာပါမည် ဟု စာတတန်ပေတတန်နဲ့ မေ့မှာစိုး၍ ကပ်ထားလေသလား။ လာဘ်စားသည့်နေရာ၊ မိုက်ကန်းသည့် နေရာ၌ ကျွန်ုပ်သည် အရှင်နှင့် တသွေမသိမ်း အမြဲတမ်း စေ့စပ်သေချာပါမည်ဟု ဆိုလေသလား..ဆိုတာကတော့ စဉ်းစားစရာပါပဲ...။

ကျွန်တော့်အမြင်ကတော့ ကြွက်တွေ သောင်းကျန်းတဲ့ အိမ်တွေ၊ ဆိုင်တွေမှာ ရေးထားတဲ့ သတိ ကြွက်ရောင်းရန်ရှိသည် ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ စာသားကိုပဲ.. ပြေးပြီး မြင်ယောင်မိပါတော့တယ်....။

ဒီမိုဝေယံ...

ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားဟု ဦးသိန်းစိန် အစိုးရက ပထမဆုံးအကြိမ် မထင်မရှား ယနေ့ ထုတ်သတင်းစာမှာဖော်ပြ

ယခင်စစ်အစိုးရများအဆက်ဆက်အပြောင်းအလည်းများတွင် ပြည်သူများအပေါ်မသိမသာ

ခိုးကြောင်ခိုးဝှက် လုပ်ရိုးလုပ်စဉ်အတိုင်း သန်းရွှေကိုယ်လည်းတဖြေးဖြေးချင်းမေ့ပျောက်အောင်လုပ်တဲ့

လုပ်ရပ်များဖြစ်ပါတယ်။ယခင်ပြည်သူများအပေါ်မထီမဲ့မြင်စော်ကားခဲ့သမျှ

ဘာမှမဟုတ်ချင်ဟန်ဆောင်၊မေ့လေဟန်ဆောင် သိန်းစိန်အစိုးရကလည်း သန်းရွှေကျွေးသောထမင်းကျေးဇူးကမကင်းလေတော့ မသိမသာလေးဖေါ်ပြခြင်းပါ။

့ပြည်သူများကို မတရားသတ်ဖြတ်အနိုင်ယူခဲ့သူသန်းရွှေ၊ သံဃာတော်များကို သတ်ဖြတ်ပြီး သံဃာတုများဟု မတရားလိမ်လည်ပြောဆိုခဲ့သော သန်းရွှေ ကို ပြည်သူများဘယ်တော့မှမမေ့ပါ။ဤအလှုသည် သန်းရွှေချွေးနဲစာ ဖြစ်ပါ့မလား။

ယခင် နအဖစစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား အငြိမ်းစားဟူသည့် သုံးနှုန်းဖော်ပြချက်ကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မထင်မရှား တွေ့ရသည်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစုက အမေရိကန်ဒေါ်လာ ၁၃၀၀၊ ပတ္တမြားတာ ၁၁ ပွင့်၊ မြိတ်ပုလဲ တစ်ပွင့်၊ ကာလ တန်ဖိုးကျပ် ၄၈၈၀၀၀ရှိ ရွှေလက်စွပ်တကွင်း လာရောက်လှူဒါန်းခဲ့”ဟု ဗုဒ္ဓစွယ်တော်အတွက် လှူဒါန်းခဲ့ခြင်း အား သတင်းစာများ၏ အတွင်းစာမျက်နှာ၌ ရေးသားထားသည်ကို တွေ့ရခြင်းဖြစ်သည်။

ဗုဒ္ဓစွယ်တော်သည် တရုတ်နိုင်ငံမှ ယခုလဆန်းပိုင်းတွင်ပင့်ဆောင်ခဲ့ပြီး အများပြည်သူ ဖူးမြော်နိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့၌ တလှည့်စီ အပူဇော်ခံယူလျက်ရှိသည်။

မြန်မာနိုင်ငံအား စစ်အာဏာရှင် တဦးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့သော အသက် ၇၈ နှစ်အရွယ် ဦးသန်းရွှေ သည် စစ်တပ်မှ အငြိမ်းစားယူသွားကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရက စတင်ကြေညာခြင်းဖြစ်သည်။

စစ်တပ်အစိုးရမှ အရပ်သားအစိုးရ တရပ်ပေါ်ပေါက်လာရေး၊ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်တရပ်” ထူ ထောင်မည်ဟု ကြွေးကြော်ကာ လမ်းပြမြေပုံ ၇ ဆင့်ရေးဆွဲခြင်း၊ အမျိုးသားညီလာခံ ကျင်းပခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်းတို့ကို ကန့်ကွက်မှုများကြားမှ အောင်မြင်စွာ ဖော်ဆောင်ထားခဲ့သည်။

၎င်းဦးဆောင်သော နအဖ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးရာထူးဖြင့် ၀န်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့သူ လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်း စသည့် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များသည် အစိုးရသစ်လက်ထက်တွင် လည်း ထိပ်တန်းခေါင်းဆောင်များအဖြစ် ပြန်လည်တာဝန်ယူထားသည့်အတွက် အစိုးရသစ်အား ဦးသန်းရွှေက နောက်ကွယ်မှ ကြိုး ကိုင်ထားဆဲဖြစ်သည်ဟု အများက ယူဆနေကြသည်။

ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံ၏ အာဏာအရှိဆုံး အဖွဲ့ဖြစ်သော အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီ အား ဦးသန်းရွှေ က ကြိုးကိုင် လမ်းညွန်မှု ပေးနေသည်ဟုလည်း လူအများက ပြောဆိုနေကြသည်။

အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီသည် သမ္မတ၊ ဒု-သမ္မတများ၊ ကာကွယ်ရေး ဦးစီချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒု-ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေး ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး စသည့် အဖွဲ့ဝင် ၁၁ ဦး ဖြင့် ဖွဲ့စည်းထားကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပါရှိသည်။

ဦးသန်းရွှေနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား Wall Street Journal က အင်တာဗျူးရာ ၎င်း၏ နေအိမ်၌ စာဖတ်၍ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ဖြေဆိုခဲ့သော်လည်း အစိုးရသစ်အပေါ် သြဇာလွှမ်းမိုးမှု ရှိမရှိဆိုသည်ကို တိကျစွာ ဖြေဆိုခြင်း မရှိပေ။

“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု ဦးကျော်ဆန်းက ပြော ဆိုကြောင်း Wall Street Journal ၌ နိုဝင်ဘာလ ၁၅ ရက်က ဖော်ပြခဲ့သည်။

ခင်ဦးသာ (ဧရာဝတီ)

NLD ပါတီသစ်ကို အမျိုးသမီး ထက်ဝက်ကျော်ဦးဆောင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင်သလို ကယားပြည်နယ်မှလွဲ၍ နယ်စုံမှပါဝင်သည်ကို တွေ့ရသည်။

၂ဝ၁ဝ ခု မတ်လ ၈ ရက် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၃ (က) အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမည်နှင့်ပင် ပါတည်ထူထောင်လိုသူ အနည်းဆုံး ၁၅ ဦးရှိရမည်ဖြစ်သော်လည်း ၂၁ ဦးရွေးထားသည့် NLD စာရင်းတွင် အမျိုးသမီး ၁၁ ဦး၊ အမျိုးသား ၁ဝ ဦးပါဝင်ပြီး လူငယ်နှင့် သက်လတ်ပိုင်းများဖြင့် ပြောင်းလဲအားဖြည့် ထားကြောင်း ပါတီတွင်း သတင်းရပ်ကွက်က ပြောသည်။
nend1
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ဥပဒေအရ တင်သွင်းမည့် ပါတီတည်ထောင်သူ ၂၁ ဦး တွင် အမျိုးသမီး ထက်ဝက်ကျော် ပါဝင် (ဓါတ်ပုံ မဇ္ဈိမ)

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် စသည့် NLD ပါတီကို စတည်ထောင်သူ သုံး ဦး၊ နောက်တိုး ဗဟို အလုပ်အမှုဆောင်ထဲမှ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ အပါအဝင် ပြည်နယ်/ တိုင်း ၁၃ ခုမှ ကိုယ်စားလှယ်များဖြင့် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ကရင်နီဟုလည်း ခေါ်ဝေါ်လေ့ရှိသော ကယားပြည်နယ် တွင် NLD ရုံးခွဲမရှိပေ။

“ကယားမရှိတဲ့အတွက် ရှမ်းကို နှစ်ယောက်လုပ်တယ်။ ရန်ကုန်အတွက်ကို ညီနောင်ပါတီက ဦးစိုးဝင်းကို ထည့်တယ်။” ဟု NLD အဖွဲ့ဝင်တဦးက ပြောသည်။ ဦးစိုးဝင်းသည် ဖျက်သိမ်းခံထားရသော အမျိုးသား ဒီမိုကရေစီ ပါတီမှဖြစ်ပြီး ညီနောင်ပါတီအဖြစ် နိုင်ငံရေးသဘောတူညီချက် ရှိကြသည်။

နိုဝင်ဘာ ၂၃ ရက်နေ့က NLD ဗဟိုအလုပ်အမှုဆောင်နှင့် တိုင်း/ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်များ တွေ့ဆုံကြပြီး သင့်တော်သူများအဖြစ် အပြီးသတ် ဆုံးဖြတ်ခဲ့သည့် အဆိုပါစာရင်းနှင့်အတူ ကိုယ်စားလှယ်အဖြစ် ဦးဉာဏ်ဝင်းနှင့် ဦးဝင်းမြင့်တို့က ပါတီတည်ထောင်နိုင်ရေး လျှောက်ထားရန် နေပြည်တော်သို့ သွားရောက်နေသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၂) အရ ပုဒ်မ ၃ (ခ) အရ တည်ထောင်ခွင့်ရလျှင် ယခု ၂၁ ဦး ထဲမှ ရွေးချယ်ရမည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က မှတ်ပုံတင်ကြေး ကျပ် သုံးသိန်း ပေးသွင်း၍ ပါတီအမည်၊ အလံနှင့် တံဆိပ်၊ နိုင်ငံရေးသဘောတရားနှင့် လုပ်ငန်းစဉ်၊ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ ပါတီ တည်ထောင်လိုသူများ၏ ကိုယ်ရေးအချက်များ၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည့် အကြောင်း ဝန်ခံချက်နှင့် အတူ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထား ရမည်ဖြစ်
သည်။

ထို့အပြင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို စည်းရုံးရမည် ဖြစ်သည်။

လက်ရှိ ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီးအဖွဲ့ အပြောင်းအလဲ၊ အလံ၊ တံဆိပ်တို့ကိုမူ နေပြည်တော်မှ မှတ်ပုံတင် ခွင့်ပြုပြီးနောက်မှ ပြန်လည် ရွေးချယ်ကြမည်ဟု ပါတီအကြီးတန်းတာဝန်ရှိသူတဦးက ပြောသည်။

နိုဝင်ဘာ ၂၃ ရက်နေ့က ပါတီဌာနချုပ်တွင် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ်မှ ကိုယ်စား လှယ်များက တာဝန်ယူသွားကြရန်လည်း ဆွေးနွေးခဲ့ကြသည်။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်လိုသူ ၂၁ ဦးစာရင်း (ကြယ်ပွင့်ပြထားသူများမှာ ၁၉၉၀ ခု ရွေးကောက်ခံ အမတ်များ ဖြစ်သည်။)


nldelectionamoun ကိုဝိုင်း ချင်းမိုင် (မဇ္ဈိမ)

ရွေးကောက်ပွဲ အောင်နိုင်ရေး လှုံ့ဆော်တေးများ ဖန်တီးရန်အတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု နှင့် ဂီတအနုပညာရှင် ၅၀ ကျော်တို့ တွေ့ ဆုံမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင် ၅၀ ကျော်သည် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုံ့ဆော်တေးများ ဖန်တီးရန်အတွက် မနက်ဖြန် ညနေ ၃ နာရီခန့်၌ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံမည်ဟု သတင်း ရသည်။

ပညာရေးကွန်ရက် ၁ နှစ်ပြည့်ပွဲနေ့က အဆိုရှင်တချို့နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါတွေ့ဆုံပွဲကို ဂီတပညာရှင်များဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ သားထွေး၊ ကိုးတိုးလွင်နှင့် ဆောင်ဦးလှိုင်တို့က စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဖိတ်ကြားခြင်းခံရသည့် အနုပညာရှင်များမှာ တေးရေးနောင်နောင် (ဆန်းဖလားဝါး)၊ စံလင်း၊ ရင်ဂို၊ မာရဇ္ဇ၊ ဆောင်းဦးလှိုင်၊ ဇေယျာသော်၊ အနဂ္ဂ၊ ကျားပေါက်၊ ချောစုခင်၊ ကဗျာဘွဲ့မှူး၊ ချစ်သုဝေ၊ သံသာဝင်း၊ ချမ်းချမ်း စသည်တို့ အပါဝင် အနုပညာရှင် ၅၀ ကျော်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုတော် ဇေယျာသော်က “ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ဂီတအနုပညာနဲ့ ပတ်သက်ပြီး ဘယ်သူ ဘယ်အပိုင်းက တာဝန် ယူမယ်ဆိုတာ ကော်မတီဖွဲ့ဖို့ လူစုတဲ့သဘောပါ” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ပြုလုပ်သည့် အခမ်းအနားများတွင် စာပေဂီတ၊ပန်းချီ အနုပညာရှင် အများအပြား လာရောက်ပူးပေါင်းကာ ဖျော်ဖြေမှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။
မကြာသေးမီက ပြည်လမ်း ရန်ကုန်တက္ကသိုလ်ရှေ့ ယုဒဿန်ရိပ်သာတွင် ကျင်းပသည့် ပညာရေးကွန်ယက် တနှစ်ပြည့် ဈေးရောင်း ပွဲ အခမ်းအနားတွင်လည်း ကိုရဲလွင်၊ ဆောင်းဦးလှိုင် ဦးဆောင်သည့် ဂီတပညာရှင် အများအပြား လာရောက်ဖျော်ဖြေ ခဲ့သေးသည်။
၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စတင်တည်ထောင် ကာစကလည်း ရုပ်ရှင်၊ ဂီတနှင့် စာပေအသိုင်းအ၀န်းမှ စာရေးဆရာ မောင်ဝံသ၊ ကဗျာဆရာကြီး ဦးတင်မိုး၊  ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်၊ ဒါရိုက်တာ မောင်မိုးသူ၊ အဆိုတော် စိုင်းထီးဆိုင် စသည့် အနုပညာရှင်များ လာရောက် ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီခေါင်းဆောင်များက ပါတီကို ပြန်လည် မှတ်ပုံတင်ကာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ယနေ့တွင်မူ ပါတီဦးဆောင် ၂၁ ဦးပါ စာရင်းကို နေပြည်တော် ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် တင်ပြမည်ဟုသိရသည်။

ရန်ပိုင် (ဧရာဝတီ)

Wednesday, November 23, 2011

ဆင်းရဲချို့တဲ့သူများအတွက်အခမဲ့ဆေးခန်းတစ်ခုဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ကျီစုကျေးရွာအတွင်း အနောက်ကျောင်း သဇ္ဇနရာမ ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေး ကွန်ယက် အမည်ရှိ အခမဲ့ဆေးခန်းတစ်ခုကို  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

အဆိုပါဆေးခန်းအား နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ဆင်းရဲနွမ်းပါး သူများ အတွက် အဓိကရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

ဆေးခန်းဖွင့်လှစ်ထားသော ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ကျီစု ကျေးရွာတွင် အိမ်ခြေ တစ်ထောင်(၁၀၀၀) ကျော်ရှိပြီး သွားရေးလာရေးခက်ခဲခြင်း၊ အနီးတဝိုက်တွင် ဆေးရုံ၊ ဆေးခန်းများမရှိခြင်း၊ လက်လုပ်လက်စား အခြေခံ လူတန်းစားများ များပြားခြင်းအစရှိသည့် လိုအပ်ချက်များကြောင့် ယခုကဲ့သို့ အခမဲ့ဆေးခန်း လာရောက် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေး ကွန်ယက် တာဝန်ခံ ကိုမျိုးသန့်ကျော် ကပြောသည်။

“ဒီနေရာက အခြေခံလူတန်းစားတွေများတယ်။ ပြီတော့ လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့အတွက် နာမကျမ်းဖြစ်ရင် ကားဝင်လို့မရဘူး။ အထမ်းနဲ့ထုတ်ရတယ်။ အဲလိုမျိုးလေးတွေရှိတာပေါ့၊ နွမ်းပါးသူတွေ အတွက် တကယ်လိုအပ်နေလို့ ဖွင့်တာပါ ” ဟု တာဝန်ခံ ကိုမျိုးသန့်ကျော်ကပြောသည်။

ဆေးခန်းစတင်ဖွင့်လှစ်ခဲ့သည့်နေ့မှာပင် လာရောက်ဆေးကုသသူ လူနာဦးရေ (၁၁၆) ဦးရှိပြီး လက်ရှိအချိန်တွင် ဆေးခန်းအား ဆရာဝန်အခက်အခဲကြောင့် တစ်ပတ်လျှင် ကြာသပတေး နှင့် တနင်္ဂနွေ (၂) ရက်သာ ဖွင့်လှစ်၍ ကုသနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကြာသပတေးနေ့တွင် အင်္ဂလိပ်ဆေး ဆရာဝန်နှင့် ကုသပေးမည်ဖြစ်ပြီး၊ တနင်္ဂနွေနေ့တွင် လေဖြတ်သူများ၊
အညောင်းအညာမိနေသူများအတွက် တိုင်းရင်းဆေးဆရာဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုက စဖွင့်ခါစဆိုတော့ ဆရာဝန်တွေက မစုံသေးဘူး။ အဲဒါကြောင့် တစ်ပတ် (၂) ရက်ပဲဖွင့်နိုင်သေးတာပါ။ နောက်ပိုင်း ဆရာဝန်တွေရောက်လာရင်တော့ တစ်ပတ်လုံးဖွင့်ပေးသွားမှာပါ။ တိုင်းရင်းဆေးဆရာထားတာက တစ်ချို့ကျတော့ တိုင်းရင်းဆေးနဲ့ပဲ ကုချင်တဲ့သူတွေရှိတယ်လေ။ ”ဟု အဖွဲ့ဝင်လူငယ်တစ်ဦးကပြောသည်။

ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေးကွန်ယက်ကို လူဦးရေ (၄၀) ခန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူငယ်များအများဆုံးပါဝင်ကြောင်း သိရသည်။ ဆေးခန်းဖွင့်လှစ်နိုင်ရန် အဖွဲ့အတွင်းရှိ လူငယ်များနှင့် ပြင်ပ အလှူရှင်များမှ လာရောက်လှူဒ္ဒါန်းသော အလှူငွေများဖြင့် ယခုကဲ့သို့ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇင်မန်း(မြစ်မခ)
နိုဝင်ဘာလ ၂၃၊ ရန်ကုန်မြို့။

လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ဆက်ဆံရေးများ

အခုတလော မြန်မာ့နိုင်ငံရေးသတင်းတွေကထူခြားမှု့ရှိနေသလို   မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲ အစပိုင်းလို့
ပြောလို့ရသော အခြေအနေများဖြစ်ပေါ်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက် ပွဲပြန်လည်ပါဝင်မယ်လို့ဆုံးဖြတ်ချက်ချပြီးနောက်ပိုင်း၊
အတိုက်အခံအဖွဲ့အစည်းများကြားတွင် သဘောထားကွဲလွဲမှု့တွေဖြစ်နေတဲ့အသံတွေကြားနေရပါတယ်။
၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ဆုပ်ကိုင်ထားတဲ့ အမျိုးသားဒီမိုကရေစီပါတီ၊ ရွှေဂုံတိုင်ကြေငြာစာတမ်းကို
လက်ကိုင်ထားတဲ့အမျိုးသားဒီမိုကရေစီပါတီ၊ ၂၀၀၈ အခြေခံဥပဒေကိုလက်မခံခဲ့လို့ ၂၀၁၀ ရွေးကောက်ပွဲကိုမပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအပေါ်ယခုလိုရွေးကောက်ပွဲကိုပြန်လည်ပါဝင်ခြင်းသည်
ယခင်၎င်းတို့ကြေငြာထားချက်များကိုရုတ်သိမ်းခြင်းလားလို့မေးစရာမေးခွန်းပေါင်းများစွာထွက်ပေါ်လာခဲ့ပါတယ်။
ထို့အပြင်လက်ရှိ ပြန်လည်လွတ်မြောက်လာသောနိုင်ငံရေးအကျဉ်းသားများတွင်၈၈ကျောင်းသားခေါင်းဆောင်အချို့နှင့် ၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးဟုနံမည်တွင်ခဲ့သော သံဃာတော်များကံဆောင်သပိတ်ပွဲတွင်ဦးဆောင်ဆရာတော်များ၊သံဃာတော်များပြန်လည်လွတ်မြောက်လာခြင်းတွင်
ပါဝင်ခြင်းမရှိသည့်အပေါ် အစိုးရ၏သဘောထားမှာ မှန်ကန်ပွင့်လင်းသောနိုင်ငံရေးပြောင်းလဲမှု့တရပ်မဟုတ်ဟု သုံးသပ်နေကြပါတယ်။ထိုသို့သော်အခြေအနေမှန်အစိုးရ၏သဘောထားမှန်မဟုတ်သေးချိန်မှာ NLD ပါတီမှတ်ပုံမတင်သင့်ကြောင်းဝေဖန်ပြောဆိုနေကြပါတယ်။
တိုင်းရင်းသားနယ်စပ်ဒေသများတွင်လည်း ယခုလို အချိန်အခါတွင် ယခင်ကများထက်ပင်ပိုလို့စစ်ဆင်ရေးများပြုလုပ်နေခြင်း၊ တိုက်ပွဲများအပစ်အခတ်များပိုမိုဆောင်ရွက်နေခြင်းသည် အစိုးရ၏သဘောထားမည်သို့ဆိုတာပြောရခက်နေခြင်းဖြစ်နေပါတယ်။
ဒီ့အခြေအနေတွင် NLD ၏လက်ရှိ နိုင်ငံရေး ပါတီကိုနံမည်ပြောင်းလည်းခြင်းနှင့်အဖွဲ့ တံဆိပ်(ခမောက်)ကိုပြောင်းလည်းသုံးစွဲကာ ပါတီသစ်တခုအနေဖြင့် ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်ခြင်းများအပေါ် အငြင်းအခုံဖြစ်လျှက်ရှိပါတယ်။
အခြေအနေများကို လွယ်ကူစွာပင်သုံးသပ်ကြည့်လိုက်ပါ။
ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် တွင် ဧရာဝတီ ဆည်စီမံကိန်းကို သူ၏အစိုးရသက်တမ်းတွင်ရပ်ဆိုင်းလိုက်တယ်လို့ပြောဆိုလိုက်ပါတယ်။
ဒီအချိန်မှာပြည်သူများရဲ့သဘောထားဟာစစ်အစိုးရအပေါ်များစွာပျော့ပြောင်းသွားပါတယ်။
ဦးသိန်းစိန်အစိုးရအသစ်တရပ်တက်လာပြီးနောက်
အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ပေးခဲ့ပါတယ်။ အကျဉ်းသားများပြန်လည်လွတ်မြောက်လာခြင်းတွင်နိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လည်လွတ်မြောက်လာခြင်း
မရှိသော်လည်း အဓိကထိုနှစ်ချက်ဖြင့်၊ဆည်စီမံကိန်းကို ရပ်တန့်လိုက်ခြင်း၊နိုင်ငံရေးအကျဉ်းသားအချို့ပြန်လည်လွတ်မြောက်လာခြင်းနှင့်ပင်၊
ဦးသိန်းစိန်အစိုးရသည် အာဆီယံဥက္ကဌ ဖြစ်ခွင့်နှင့် အနောက်နိုင်ငံကြီးများမှပြန်လည်ဆက်ဆံကြိုဆိုခြင်းကိုအောင်မြင်စွာရရှိလိုက်ပါတယ်။နိုင်ငံတကာကပြန်လည်
စီးပွားရင်းနှီးမြှုပ်နှံမှု့များပြန်လည်လုပ်ဆောင်လာပါတယ်။
တဖက်မှာလည်းအမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးများကို လက်ရှိသမ္မတဦးသိန်းစိန်နှင့် အမြင်မတူတာတွေဖယ်ရှားညှိနိုင်းဆောင်ရွက်ပေးလိုက်ခြင်းကြောင့်ထိုအခွင့်အရေးများကိုစစ်အစိုးရအနေနှင့်ပြန်လည်
ရရှိတာဖြစ်တယ်ဆိုယင်မှားမည်မဟုတ်ဟုထင်ပါတယ်။ထိုအခွင့်အရေးများကိုပြန်လည်လိုအပ်နေသောစစ်အစိုးရကလည်း
ဒေါ်အောင်ဆန်းစုကြည်အပေါ်သဘောထားတွေပျော့ပြောင်းခဲ့ခြင်းပါပဲ။
ထိုသို့ အမျိုးသားပြန်လည်စီးရုံးသင့်တင့်လာရေးအတွက်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူများဘဝကောင်းစားလာ
အကျိုးကိုမျှော်ကိုးရင်းနှီးခါ တွေ့ဆုံဆွေးနွေးရေးတွေလုပ်ကိုင်ပြီးနောက် ၂၀၀၈အခြေခံဥပဒေကိုပြည်သူများကစိုးမိုးတဲ့ဥပဒေဖြစ်လာရေးအတွက်ကိုင်တိုင်ဝင်ရောက်ပြင်ဆင်နိုင်ရန် လွှတ်တော်ကိုပါဝင်ရခြင်းလို့မြင်ပါတယ်။လွတ်တော်ကိုကိုယ်တိုင်ပါဝင်လာမှ
တောင်းဆိုမှု့တွေကိုထိရောက်စွာတောင်းဆိုလာနိုင်မှာပါ။အကောင်းမြင်တွေးလိုက်ခြင်းပါ။
လက်ရှိလွှတ်တော်တွင်းအမတ်များစွာရှိနေသော်လည်း ပြောင်းလည်းရေးတောင်းဆိုငြင်းခုံနေမှု့များသည်မြန်မာပြည်
နိုင်ငံရေးစိတ်ဝင်စားမှု့ကိုဦးဆောင်မှု့များကိုလက်ရှိအခြေအနေတွင်ဒေါ်အောင်ဆန်းစုကြည်လောက်မည်သူမျှဦးဆောင်နိုင်
ခြင်းမရှိသေးပေ။ဒေါ်အောင်ဆန်းစုကြည်၏နိုင်ငံရေးဦးဆောင်နေမှု့အပေါ်မြန်မာနိုင်ငံတွင်းသာမကကမ္ဘာ့နိုင်ငံ
များမှခေါင်းဆောင်များနှင့်ကမ္ဘာ့နိုင်ငံအသီးသီးမှနိုင်ငံရေးသမားများကပါစိတ်ဝင်စားမှု့ဖြစ်သည်အထိဦးဆောင်နိုင်နေပေသည်။

လွှတ်တော်မှာပါဝင်ယှဉ်ပြိုင်လို့ တရားဝင်ပြည်သူများကထပ်မံရွေးချယ်လိုက်လို့သိသာစွာအနိုင်ရခဲ့ယင် အာဏာရပါတီဖြစ်လာမယ်ဆိုယင်ပြည်သူများလိုချင်နေသောအရာများကိုတောင်းဆိုနိုင်လိမ့်မယ်လိုမျှော်လင့်နိုင်
ပါတယ်။ပြောင်းလည်းရေးတွေ၊လိုအပ်ချက်တွေ၊အပစ်အခတ်ရပ်ဆိုင်းရေးတွေတောင်းဆိုလာတာကြာပါပြီ။မရခဲ့ပါဘူး
အခုတော့ ဥပဒေကိုပြောင်းလဲချင်ရင် ကိုယ်တိုင်အာဏာရှိမှ လုပ်ပိုင်နိုင်ခွင့်ရှိမှာပါ။လိုချင်တာတွေလုပ်ချင်တာတွေအာဏာရှိမှလုပ်ခွင့်ရမှာပါ။
စစ်မရောက်ခင်မျှားကုန်လို့တော့မရပါဘူး။တကြိမ်မရယင်အကြိမ်ကြိမ်ကြိုးစားရမှာ က လိုချင်နေသူများရဲ့ဝတ္တရားနဲ့တာဝန်ပါပဲ။
ဒီလိုအချိန်အခါမှာ သဘောထားကွဲလွှဲနေသူများက ဒေါ်အောင်ဆန်းစုကြည်အပေါ်သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်။
NLD ရဲ့ ၁၉၉၀ ရလာဒ်ကို လက်လွှတ်လိုက်လို့ပဲပြောပြော၊မှတ်ပုံပြန်တင်လို့၊ရွေးကောက်ပွဲပါဝင်တာကို လက်မခံနိုင်ဘူး။ဆိုယင်တရားဝင်ထိုရွေးကောက်ပွဲမှာ ထိုပါတီကို မဲမထည့်ကန့်ကွက်နိုင်ပါတယ်။
ဒါဟာလွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့်နဲ့လုပ်ပိုင်နိုင်ခွင့်ပါ။
ဒါထက်မကလို့ မိမိပါတီတည်ထောင်ရပ်တည်ချင်တယ်ဆိုလည်း လုပ်ကိုင်နိုင်ပါတယ်။
တခုကတော့ နိုင်ငံရေးအပြောင်းအလည်းကို သိမ်မွေ့စွာပြောင်းလည်းခြင်းသည် အာဏာရှင်များလက်မှပြည်သူများလက်ကိုအာဏာကျရောက်လာအောင် ငြိမ်းချမ်းစွာ ပြောင်းလည်းနေတာ၊အညင်သာ
ဆုံးပြောင်းလည်းနေတာကမ္ဘာမှာ မြန်မာအစလို့ပင်ပြောရမလိုပါ။
ဘယ်လိုပင်သဘောထားတွေကွဲလွဲနေပါစေ မြန်မာပြည်သားတိုင်းရင်းသားများဟာ ရန်သူတွေမဟုတ်ပါ။အမုန်းတရားတွေလက်ကိုင်ထားစရာမလိုအပ်ဘူးဆိုတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ဆုံးဖြတ်ချက်(သို့)သူမ၏အဖွဲ့အစည်း၏ဆုံးဖြတ်ချက်များကို လက်မခံနိုင်လို့ရပါတယ်။အမြင်မတူတာတွေ ဆွေးနွေးနိုင်ပါတယ်။သဘောထားတွေထုတ်ဖေါ်ပြောဆိုနိုင်ပါတယ်။
လူသားတိုင်းပြောပိုင်ခွင့်တွေ ရှိနေတဲ့အတွက်ပါ။ဆန့်ကျင်ကွဲလွဲမှု့တွေကြောင့်တိုက်ခိုက်တာ၊ပျက်စီးရာပျက်စီးကြောင်းလုပ်ခြင်းများသည်ကြားတွင်
ပြည်သူများလူထုကနောက်ဆုံးဒုက္ခခံစားရပါတယ်။
ထို့ကြောင့်လွတ်လပ်စွာကွဲလွဲနေသောမိမိတို့သဘောထားများအမြင်များကို အများသိအောင်အကောင်အထည်ဖေါ်ဆောင်ရွက်ပါ။ပိုမိုကောင်းမွန်သောနည်းလမ်းများရှိလျှင် ဦးဆောင်ဆောင်ရွက်မှု့များလုပ်ဆောင်ပါ။နှစ်ပေါင်းနှစ်ဆယ်ကျော် ၁၉၈၈မှ စလို့တွက်လျှင်ဘာမှလုပ်ပိုင်နိုင်ခွင့်မရပဲ အနင်းခံလာရပြီးမှ အခုအပြောင်းအလဲလေးနောက်ငါးနှစ်လောက်သည်းခံစောင့်
ကြည့်လိုက်ရင်တော့ သိသာတဲ့ပြောင်းလည်းမှု့ဖြစ်လာနိုင်မည်လို့ယုံကြည်ပါတယ်။
(ပြည်သူ့အော်သံ)
  

ရွှေဝါရောင်သံဃာတွေ အလိုမရှိတော့ ဟု မေးစရာဖြစ်

Saffron Monks not welcome in Burma




ရွှေဝါရောင်သံဃာတွေ အလိုမရှိတော့ ဟု မေးစရာဖြစ်

မိုးမခအထောက်တော် ၀၀၂၊ နိုဝင်ဘာ ၂၃၊ ၂၀၁၁

နိုဝင်ဘာ ၁၉  မှာ အာဆီယံက မြန်မာကို သူတို့အသင်းရဲ့ ဥက္ကဋ္ဌအဖြစ် အလှည့်ကျ ၂၀၁၄မှာ ဆောင်ရွက်ဖို့ ရွေးချယ်လိုက်တယ်။ ဒေါ်စုခေါင်းဆောင်တဲ့ အင်န်အယ်ဒီပါတီကလည်း လက်ရှိအစိုးရပြင်ဆင်ပြဋ္ဌာန်းမှုအတိုင်း လက်ခံပြီး ပါတီမှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ချက်ထွက်လာခဲ့ပြီးဖြစ်ပါတယ်။ အဲသည်အချိန်မှာ မြန်မာသမ္မတ သိန်းစိန်နဲ့ မြန်မာသတင်းထောက်တွေ တွေ့ဆုံမေးမြန်းခွင့်ရတဲ့ဆီမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ (ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ) မရှိဘူး၊ ဥပဒေတွေကျူးလွန်လို့ ပြစ်ဒဏ်ကျခံနေရတာတွေပဲ ရှိတယ်။ အဲသည်အဖွဲ့တွေကို ခွဲခြားပြီး ပြောနေရင် အခြားသူတွေကို ကိုယ်ချင်းမစာရာကျတယ်လို့ သမ္မတသိန်းစိန်က ဖြေကြားသွားပါတယ်။
အဲသည်အချက်နဲ့ ပတ်သက်ပြီး လက်ရှိမန္တလေးနဲ့ အခြားမြို့ကြီးတွေမှာ အဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများနဲ့ ရွှေဝါရောင် သပိတ်မှောက်သံဃာတော်တွေ လွတ်မြောက်ရေးလှုပ်ရှားနေသူ သံဃာတော်များအနက် ဦးကောသလကို မိုးမခက သဘောထားမေးမြန်းခဲ့ပါတယ်။ ဆရာတော်က သူ့သဘောထားကို ပြောကြားရာမှာ
ဖြေ။     ။ “ဦးသိန်းစိန်ပြောကြားချက်က လက်ရှိထောင်ထဲက သံဃာတော်တွေ၊ ဘုရားသားတွေကို ရာဇ၀တ်သားတွေလို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။ ပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကိုလည်း အပြစ်ရှိတဲ့ လူဆိုး လူမိုက်တွေလို့ ဆိုလိုရာ ရောက်ပါတယ်။ တပည့်တော်တို့ကတော့ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့၊ သံဃာတော်တွေ လွတ်မြောက်ဖို့ကို အစွမ်းကို တောင်းဆိုမှုတွေ လုပ်သွားမယ်။ ဦးသိန်းစိန်ကလည်း သံဃာတော်တွေရဲ့ ပကတိဆန္ဒအစစ်အမှန်ကို သံဃာတော် ဆရာတော်ကြီးများနဲ့ တာဝန်ယူ ဆွေးနွေးသင့်ပါတယ်”
မေး။     ။ ဟုတ်ပါပြီ။ ဒါပေမယ့် ယမန်နေ့ကပဲ သံဃာ့မဟာနာယကအဖွဲ့ကြီးကတောင် ဒယ်အိုးဆရာတော်ဦးသုမင်္ဂလကို တရားဟောကြားတာတွေမှာ နိုင်ငံရေးတွေ ဘာတွေ မပါဖို့ ခေါ်ပြီး သတိပေးတယ်လို့ သတင်းတွေ ထွက်လာတော့ အရှင်ဘုရားတို့အထက်က မဟနတွေကိုယ်တိုင်က အဲသည်လို ဆွေးနွေးတာနဲ့ အဆင်ပြေဖို့ ဖြစ်ပါ့မလား ဘုရား”
ဖြေ။     ။ “တပည့်တော်တို့ကတော့ ဆရာတော်ကြီးတွေအနေနဲ့ လည်း သံဃာထုတရပ်လုံးကို ထောက်ရှု့ပြီးတော့ သာသနာကောင်းမွန်ရေး၊ သန့်ရှင်းစေရေးကို လုပ်ဆောင်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဘုရားရှင်ရဲ့ သာသနာတော် ပြန့်ပွားအောင် လုပ်ကြစေချင်ပါတယ်။ အာဏာရှင်ရဲ့ သာသနာကို စောင့်ရှောက်တာမျိုးကို မလိုလားပါဘူး”
လက်ရှိအခြေအနေမှာတော့ သံဃာ့မဟာနာယကအဖွဲ့အစည်း အဆင့်ဆင့်က ဆရာတော်တွေကိုယ်တိုင်က ရဟန်း သံဃာငယ်များ၊ စာသင်သားသံဃာတော်များရဲ့ သဘောထားတွေ ဆန္ဒသဘောထားတွေကို ကန့်သတ်ထားတဲ့ အခြေအနေတွေရှိနေတာကြောင့် ၂၀၀၇ တုန်းက အများပြည်သူတွေအကျိုးအတွက် လမ်းပေါ်မှာ မေတ္တာသုတ်ရွတ်ဆိုပြီး ငြိမ်းချမ်းရေးကို တောင်းဆိုသူ ရွှေဝါရောင်သံဃာတော်တွေအတွက် နေရာ မရှိတော့ပြီလားလို့ မေးစရာဖြစ်နေပြီလို့ သတင်းပို့လိုက်ပါတယ်။
ဦးသိန်းစိန်နဲ့ ဒုသမ္မတတွေကိုယ်တိုင်ကလည်း မဟနအဖွဲ့ကြီးရဲ့ ဗန်းမော်ဆရာတော်ကြီးကို လျောက်ထားတဲ့ဆီမှာ ၂၀၀၇ တုန်းက သံဃာတော်တွေကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး နှိမ်နင်းတာတွေဟာ အတုအယောင် လုပ်ကြံဖန်တီးထားတဲ့ မီဒီယာတွေသာဖြစ်တယ်လို့ လျောက်ထားဖူးပါတယ်။ အထက်ပါ သတင်းစာရှင်းလင်းပွဲမှာလည်း တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းရာမှာ စာမတတ် ပေမတတ်တွေ ပါနေလို့ အချိန်ယူနေရတယ်လို့ ပြောလိုက်ပါသေးတယ်။

ကျနော် ဆည်းပူးခဲ့ရသော ပညာရေးနှင့် စံလွဲနေသော လူ့အဖွဲ့အစည်း



ထိုင်းနိုင်ငံက The Nation သတင်းစာကြီးထဲမှာ ပညာရေးနှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေကို ပညာရှင်တွေ ဝေဖန် တင်ပြနိုင်အောင် Chalk Talk ဆိုတဲ့ ကဏ္ဍ လေးထည့်ပေး ထားတယ်။

သူ့တို့ နိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ဆက်စပ်ပြီး ပညာရှင်တွေက ဝေဖန်တင်ပြမှုနှင့် အကြံပြုတာတွေကို ရေးသားကြတာ တွေ့ရတယ်။ ဘန်ကောက် နေပြည်တော် ရေးဘေးဆိုက်တော့ အနာဂတ်မှာ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာကြမယ့် လူငယ်လေးတွေကို သဘာဝဘေးအန္တရာယ်အကြောင်း ဘယ်လိုပညာပေးရမယ်ဆိုတာ ပညာရှင်တွေ ဝေေ၀ဆာဆာ တင်ပြတာ တွေ့ရတော့ သူတို့နိုင်ငံက ပညာရှင်တွေနှင့် သတင်းလောကသားတွေကို တော်တော်လေးစားမိတယ်။ ပညာရှင်ဆိုတာ မှားတာကို မြင်ရင် မိမိအသက်ကို ပဓန မထားဘဲ ပြောရဲတာ ပညာရှင် ဖြစ်ပါတယ်။

နိုင်ဝင်္ဘာလ ၁၆ ရက်နေ့က မြ၀တီရုပ်သံလှိုင်းက ပညာရေးဝန်ကြီး ဒေါက်တာမြအေး မန္တလေး တက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေနဲ့တွေ့ဆုံပွဲ လုပ်တော့ ကျောင်းသား ဗဟိုပြုသင်ကြားရေးစနစ် ကိုပြောင်းလဲ သင်ကြားဖို့ မိန့်မှာတာတွေ့ရတော့ တော်တော်လေး ၀မ်းပန်းတသာ ဖြစ်မိတယ်။

ဝမ်းသာလို့မဆုံးမှီမှာ ပြောသွားတဲ့စကားက ၂၁ ရာစုမှာ နိုင်ငံခြားတိုင်းပြည်တွေနှင့် ရင်ဘောင်တန်းနိုင်အောင် ကျောင်းသားတွေကို သင်္ချာနှင့် အင်္ဂလိပ်စာမှာထူးချွန်ထက်မြက်အောင် သင်ကြးဖို့ မိန့်မှာတာကို တွေ့ရတော့ ရင်ထဲမှာ တမျိုးခံစားမိပါတယ်။ တပြိုင်နက်ထဲမှာဘဲ တက္ကသိုလ် ကျောင်းသားဘ၀ကိုပြန်လည် သတိရမိတယ်။



ကျနော်ဟာ ၁၉၉၀ ခုနှစ်မှာ ဆယ်တန်းအောင်တော့ ၁၉၉၂ မှာ သမိုင်းအဓိကနှင့် စစ်တွေဒီဂရီ ကော လိပ်ကို တက်ရောက်ခွင့် ရခဲ့တယ်။ ဆယ်တန်းအောင်ရင် နိုင်ငံရေးသိပ္ပံဘာသာရပ်ကို "မေဂျာ" အနေနဲ့ သင်ကြားလိုပေမဲ့ မြန်မာ့ပညာရေးစနစ်ထဲမှာ ဒီဘာသာရပ်မရှိတော့ အနီးစပ်ဆုံး သမိုင်းဘာသာကို ယူဖို့ဆုံးဖြတ်ခဲ့တယ်။

ကောလိပ်ကျောင်းကိုရောက်တော့ တခြားမြို့နယ်တွေကလာတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ စကားစမြည်ပြောဖြစ်ကြတယ်။ ကျနော်ယူတဲ့ဘာသာရပ်ကို သိတော့ မိတ်ဆွေကျောင်းသား အချို့က တအံ့တသြပြောတယ်။ သမိုင်းဆိုတာ အဝေးသင်ယူရင် ရတာပဲ၊ ငွေကုန်ခံပြီး ဘာလို့ "ဒေး" တက်မှာလဲတဲ့။

ကျောင်းသားအများစုက ဒီလိုအတွေးအခေါ် လွမ်းမိုးနေတာကို တွေ့ခဲ့ရတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအောက်က ကြီးပြင်းခဲ့ရတဲ့ လူငယ်တွေရဲ့ အတွေးအခေါ်တွေလို့ ပြောလို့ရမယ် ထင်တယ်။ လူငယ်တွေရဲ့ အန္တိမရည်မှန်းချက်က ဘွဲ့ရပြီးရင် စာရေးစာချီ လုပ်မယ်၊ ဌာန တစ်ခုခုမှာ ၀န်ထမ်းနေရာလေး တစ်ခုရဖို့က တက္ကသိုလ်ကျောင်းတော်သားအများစုရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေ။ အဲဒီလိုကြီးမားတဲ့ ရည်မှန်းချက်မှာ သမိုင်းဘာသာ ရပ်ကိုယူတဲ့ ကျောင်းသားကို အထင်သေးလိုက်သေးတယ်။



နိုဝင်္ဘာ ၁၆ ရက်နေ့က ပညာရေးဝန်ကြီး ပြောသွားတဲ့ စကားကလည်း ကျနော် ကောလိပ်ကျောင်းသား ဘ၀တုန်းက သိပ္ပံဘာသာရပ်ကို ယူတဲ့ကျောင်းသားက သမိုင်းလို ၀ိဇ္ဖာဘာသာရပ်ကို လေ့လာနေတဲ့ ကျောင်းသားကို အထင်သေးသလိုမျိုး ဖြစ်နေ ပြန်တယ်။ သင်္ချာနှင့် အင်္ဂလိပ်ဘာသာမှာ ထူးချွန်တဲ့ ကျောင်းသားပဲ လိုချင်တဲ့ မြန်မာ့ပညာရေး ၀န်ကြီး။ တချိန်က ၀န်ကြီးသည်လည်း ပါမောက္ခတစ်ဦး မဟုတ်ပါလော။ နောင်တချိန် နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြမယ့် လူငယ်တွေ သင်္ချာနှင့် အင်္ဂလိပ် ဘာသာ တတ်ရင်ပြီးရော့လား။

ကျနော့်ခေတ်တုန်းက ရခိုင်သီချင်းတစ်ပုဒ် ရှိခဲ့တယ်။ " ဆေးကျောင်းသားဆို ယူလိုက်၊ စက်မှုကဆိုယူ လိုက်" တဲ့။ စံလွဲနေတဲ့ လူ့အဖွဲ့အစည်းကို စပ်ဆိုထားတာ ဖြစ်တယ်။


ဆေးကျောင်းသား၊ စက်မှု ကျောင်းသားကိုပဲ အလေးထားတဲ့ လူ့အဖွဲ့အစည်း။
ဟုတ်လည်း ဟုတ်ပါလေစ။ ဆယ်တန်းအောင်လို့ အမှတ်ကောင်းရင် ဆေးကျောင်း၊ စက်မှုကျောင်း တက်မယ်။ ၀ါသနာပါတာ မပါတာ အပထား။ လူ့အဖွဲ့အစည်းက လက်ခံတဲ့ သဘောကျတဲ့ ဘာသာရပ်သာ လူငယ်တွေရဲ့ အကြိုက်ဖြစ်ခဲ့တယ်။



ကျနော်ငယ်ငယ်က အကြိုက်ဖြစ်ခဲ့တဲ့ စာအုပ်တအုပ်ရှိတယ်။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ "ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်" ဆိုတဲ့စာအုပ်ကို ရှာဖွေဖတ်ရှုစေချင်တယ်။ ပညာသင်ကြားခြင်းရဲ့ အခြေခံသဘောတရားက ဧကရာဇ် ဖြစ်ဖို့မဟုတ်ဘူး၊ သံပန်းတံခါး၊ ကျွန်းတံခါး တပ်ထားတဲ့ အိမ်မှာ နေဖို့မဟုတ်ဘူး။ တိုရှင်းလိုရင်း ပြောရရင် တာန်ဝန်သိတတ်တဲ့ နိုင်ငံသားကေင်း ဖြစ်ရေး ဖြစ်ပါတယ်။

ဆယ်တန်းအောင်တဲ့အခါ အမှတ်ကောင်းရင် ဆေးကျောင်းတက်မယ်။ ဆရာဝန် လုပ်တာမလုပ်တာ အပထား ဂုဏ်ရှိဖို့လိုတယ်။ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် ဒါရိုက်တာ၊ ဆရာဝန် ရုပ်ရှင်မင်းသား ဆိုတဲ့ မဖြစ်စလောက် ဂုဏ်အတွက် လူငယ်တွေဟာ တာဝန်သိစိတ် ကင်းမဲ့သွားကြတယ်။ မြန်မာနိုင်ငံ အနေထားနှင့်ပြောရင် ဆေးကျောင်းဆိုတာ ကန့်သတ်ချက်နဲ့ တက်ရတဲ့ ကျောင်းတွေ။ တကယ် ဆရာဝန် လုပ်ချင်တဲ့သူတွေ အခွင့်အရေး ဆုံးရှုံးသွားရတာ တိုင်းပြည်အတွက်၊ ပြည်သူအတွက် ဘယ်လောက်ထိ ဆုံးရှုံးနိုင်တယ်ဆိုတာ ကျောင်းသားတွေ မစဉ်းစားတတ်တော့ဘူး။

ဒီလိုမျိုးစဉ်းစား နိုင်အောင် ကျနော်တို့ပညာရေးက ပြင်ဆင်မပေးခဲ့ဘူး။ နိုင်ငံတစ်ခုရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုဟာ အဲဒီနိုင်ငံရဲ့ ပညာရေးအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ ပညာရေး ညံ့ရင် တိုင်းပြည်ညံ့မယ်။ ဖျင်းရင် ပျက်မယ်။ စံလွဲရင် လူ့အဖွဲ့အစည်းရဲ့ "စံ" လွဲသွားနိုင်တယ်။

၁၉၈၈ နောက်ပိုင်းမှာ ကျနော်တို့နိုင်ငံသားတွေရဲ့ ပညာရေးစံ လွဲမှားမှုကြောင့် လူ့အဖွဲ့အစည်းရဲ့ "စံ" အလွဲကြီး လွဲခဲ့ရပါတယ်။ သားသမီး ကျောင်းပြီးရင် အောက်ဆိုဒ် ကောင်းတဲ့ အလုပ်ကို သိန်းရာချီ လာဘ်ထိုးပြီးရအောင် ယူကြမယ်။ ခြစားတဲ့ မကောင်းတဲ့ အကျင့်စရိတ်ကို မိဘတွေကိုယ်တိုင်အားပေး အားမြောက် ပြုနေကြပါတယ်။ "လူမျိုးနဲ့ တိုင်းပြည်ကိုချစ်သော၊ ပြည်သူ့နီတိ ပြည့်ဝ၍ တာဝန်သိသော နိုင်ငံကြီးသား၏ အပြုအမူ အလေ့အကျင့် ပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်"။

စံလွဲနေတာ လူငယ်တွေ၊ ဆရာ၊ မိဘတွေသာ မဟုတ်ပါဘူး။ ကျနော်တို့ဆရာ ပညာရှင်တွေ ကိုယ်တိုင် စံလွဲနေတာပါ။

ဥပမာ အနေနဲ့ တင်ပြရရင် ကျနော်တို့ရဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဖြစ်ခဲ့တဲ့ ဒေါက်တာတင်အောင်အေး ဆိုရင် စစ်အုပ်ချုပ်ရေး လက်အောက်မှာ တရားရုံးချုပ် တရားသူကြီး ဖြစ်လာပြီး အပြစ်မရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနှင့် နိုင်ငံရေး ခေါင်းဆောင်တွေကို ကြီးမားတဲ့ ပြစ်ဒဏ်တွေချမှတ်တဲ့အခါ ပါဝင်ပတ်သတ်တာကို တွေ့ရတယ်။
၂၀၁၀၊ ဧပြီလ ၂ ရက်နေ့က အီးယူကနေ နာမည်ပျက်စာရင်း အသွင်းခံရတဲ့ ပညာရှင်ပါ။

ပညာရှင်တွေ ကိုယ်တိုင် စံလွဲနေတဲ့ ကျနော်တို့ရဲ့ လူ့အဖွဲ့အစည်းဖြစ်ပါတယ်။




နိုင်ငံတခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ရက် ၆၀ ၊ ၁၅၀ မှာ ပြုပြင်လို့ ရပေမယ့် အကျင့်စရိတ် ပျက်ပြီး စံလွဲနေတဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်တဲ့အခါ ဆယ်စုနှစ်ချီကြာ ညောင်းနိုင်တယ်။ မျိုးဆက် "နှစ်" ဆက် အနည်းဆုံး ပြုပြင်ကြရမှာပါ။ ဟိုစပ်စပ် ဒီစပ်စပ် ဆေးမြီးတိုနဲ့ ကုလို့ရနိုင်မှာမဟုတ်ဘူး။

စံလွဲနေတဲ့ နာတာရှည် ရောဂါကြီးကို ဘယ်လိုဆေးမျိုးနဲ့ ကုစားမှာလဲ။ တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအ တွက် ခေါင်းဆောင်သစ်တွေ၊ ပညာရှင်လက်သစ်တွေ စဉ်းစားရမယ့် အထဲမှာ အရေးကြီးတဲ့ အချက်လို့ မြင်မိပါတယ်။
 လှရွှေ
Sunday, 20 November 2011 00:25

ဟီလာရီ ခရီးစဉ် ပိတ်ဆို့မှုရုပ်သိမ်းရေးမဟုတ်

ဟီလာရီ ကလင်တန်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာပြည် ခရီးစဉ်တွင် စီးပွားရေး ပိတ်ဆို့ အရေးယူထားမှု ပြန်လည်ရုပ်သိမ်းရေး အစီအစဉ် မပါဝင်ကြောင်း သိရသည်။ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး Ben Rhodes က အမေရိကန် သမ္မတအိမ်ဖြူတော်၌ နိုင်ငံခြားသတင်းထောက်များနှင့် ယနေ့တွေ့ဆုံရာတွင် ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။ ပြီးခဲ့သည့် သောကြာ နေ့ကလည်း ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ထားမှုကို အဆုံးသတ်ရန်မရှိသေးကြောင်း Fox news သို့ ပြောဆိုထားသည်။ မစ္စ ဟီလာရီသည် လာမည့် ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ ယင်း ခရီးစဉ်နှင့် ပတ်သက်ပြီး သမ္မတ အိုဘားမားက ၎င်း၏ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခု ခရီးစဉ် သည် နှစ်ပေါင်း ၅၀ ကျော် ကြာပြီးနောက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တဦး၏ ပထမဆုံးအကြိမ် ခရီးစဉ်လည်း ဖြစ်သည်။

တရုတ်ကျွမ်းကျင်သူများ လိုက်ပါခွင့်မရ၍ လုပ်ငန်းရပ်ဆိုင်းထားသဖြင့် မြန်မာရေလုပ်သားများ အလုပ်လက်မဲ့ဖြစ်နေပြီဟု အကြောင်းပြကာ ဘုံကျောင်းငါးဖမ်းရေယာဉ်များတွင် တရုတ်ကျွမ်းကျင်သူများ ပြန်လည်လိုက်ပါခွင့်ပြုရန် ကုမ္ပဏီအချို့က တင်ပြ



Wednesday, 23 November 2011 11:09

b34_01
မြိတ်မြို့ဆိပ်ကမ်းတွင် ရပ်နားထားသော ငါးဖမ်းလှေများကို တွေ့ရစဉ်
တရုတ်ကျွမ်းကျင်သူများ လိုက်ပါခွင့်မရ၍ ငါးဖမ်းလုပ်ငန်းများ ရပ်ဆိုင်းထားသဖြင့် မြန်မာရေလုပ်သားများ အလုပ်လက်မဲ့ဖြစ်နေပြီဟု အကြောင်းပြကာ ဘုံကျောင်း(ကျားပိုက်) ငါးဖမ်းရေယာဉ်များပေါ်တွင် တရုတ် ကျွမ်းကျင်သူများ ပြန်လည်လိုက်ပါခွင့်ပြုရန် ကုမ္ပဏီ ၁၁ ခုက တင်ပြထားကြောင်းနှင့် နိုင်ငံခြားသားက နိုင်ငံသားအမည်ခံ လုပ်ဆောင်မှုများ ရှိနေခြင်း၊ တရုတ်ကျွမ်းကျင်ပညာရှင်/ရေလုပ်သားများနှင့် ပတ်သက်၍ အမှုအခင်းများ ရှိခဲ့ဖူး၍ တင်ပြမှုအပေါ် စဉ်းစားရန်လိုအပ်ကြောင်း တာဝန်ရှိသူများ၊ ရေလုပ်ငန်းပညာ ရှင်များက သုံးသပ်ပြောကြားခဲ့သည်။
''တရုတ်နိုင်ငံက ၀ယ်ယူတင်သွင်းတဲ့ နိုင်ငံသားပိုင် ငါးဖမ်းရေယာဉ်တွေမှာ တရုတ်ကျွမ်းကျင်သူတွေကို နှစ်နိုင်ငံနည်းပညာပူးပေါင်းဆောင်ရွက်မှုအနေနဲ့ ၁၉၉၈ ကတည်းက ငါးဖမ်းရေယာဉ်တွေပေါ်မှာ လိုက်ပါခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လကုန်မှာ လိုက်ပါခွင့် မပြုခဲ့တော့ပါဘူး။ ဒါပေမယ့် ကုမ္ပဏီအချို့ရဲ့တင်ပြချက်အရ နှစ်လထပ်တိုးပေးခဲ့တဲ့အတွက် စက်တင်ဘာလကုန်အထိ တရုတ်ကျွမ်းကျင်သူတွေ လိုက်ပါခွင့် ရခဲ့ပါတယ်။ အောက်တိုဘာကစပြီး တရုတ်ကျွမ်းကျင်သူတွေ လိုက်ပါခွင့် ရပ်ဆိုင်းခဲ့ပြီး ဖြစ်ပါတယ်။ တရုတ်ကျွမ်းကျင်သူတွေ လိုက်ပါခွင့် ရပ်ဆိုင်းတာဖြစ်ပြီး ငါးဖမ်းရေယာဉ် ငါးဖမ်းခွင့်ကို ရပ်ဆိုင်းတာမဟုတ်ပါဘူး။ဆက်လက် ဖမ်းဆီးခွင့်ပြုထားပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ၁၁ ခုကနေ တရုတ်ကျွမ်းကျင်သူတွေ လိုက်ပါခွင့်မရတဲ့အတွက် လုပ်ငန်းများ ရပ်ဆိုင်းသွားကြောင်း၊ ဒီလိုရပ်ဆိုင်းတဲ့အတွက် နိုင်ငံတော်ရဲ့ ရေလုပ်ငန်းကဏ္ဍ ကျဆင်းကြောင်း ပြည်ပတင်ပို့မှု ကျဆင်းသဖြင့် နိုင်ငံခြားဝင်ငွေကျဆင်းကြောင်း စတဲ့အကြောင်းပြချက်အပြင် မြန်မာရေလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်ခြင်း၊ စားဝတ်နေရေး အခက်အခဲ ကြုံနေရပါတယ်ဆိုပြီး နိုင်ငံခြား သားပညာရှင်တွေကို အတိုင်းအတာတစ်ခုအထိ လိုက်ပါခွင့်ပြုပေးဖို့ တင်ပြလာခြင်းဖြစ်ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောကြားခဲ့သည်။
''ဒီကိစ္စမှာ ၁၉၉၈ ကတည်းက ခွင့်ပြုလာတာ အခုဆို ၂၀၁၁ ရောက် တဲ့အထိ ၁၂ နှစ်ကျော်ကာလမှာ တရုတ်ကျွမ်းကျင် ပညာရှင်တွေဆီကနေ နည်းပညာလွှဲပြောင်းယူဖို့ လုံလောက်တဲ့ အနေအထားပါ။ ဒီလိုနိုင်ငံခြားသား လိုက်ပါခွင့်မပြုရခြင်းဟာလည်း ဌာနက ကိုယ့်ဘာသာလုပ်ဆောင်ခြင်းမဟုတ်ဘဲနဲ့ ရေလုပ်ငန်း နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပြီး အဲဒီကထွက်လာတဲ့ ရလဒ်တွေအရရော ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်အချို့ရဲ့ တင်ပြမှုအရရော စဉ်းစားသုံးသပ်ပြီး လိုက်ပါ ခွင့်မပြုခဲ့တာပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နိုင်ငံခြားသားက နိုင်ငံသားအမည်ခံ လုပ်ဆောင်နေမှုကြောင့် မိမိတို့တိုင်းရင်းသားများ အကျိုးခံစားရမှုထက် ဘေးပတ်ဝန်းကျင်နိုင်ငံမှ အကျိုးပိုမိုခံစားရခြင်းများလည်း ရှိနေကြောင်း သိရသည်။
''အခုကိစ္စဖြစ်တဲ့ တရုတ်ငါးဖမ်းလှေတွေက ဘုံကျောင်းလို့ ခေါ်ပါတယ်။ ဘုံကျောင်းငါးဖမ်းစနစ်က မြန်မာမှာရှိခဲ့တဲ့ ငါးဖမ်းစနစ်မဟုတ်ပါဘူး။ တရုတ်ပြည်က၀င်လာတဲ့ စနစ်ပါ။ တရုတ်မှာတောင် ဒီလိုပုံစံနဲ့ မဖမ်းရဘူးလို့ တားမြစ်ထားတဲ့စနစ်ဆိုတာ သိရပါတယ်။ အဲဒါကြောင့် ဒီမှာစပြီးဖမ်းကတည်းက ပင်လယ်ငါးဖမ်းအသင်းက ကန့်ကွက်ပါတယ်။ ဒီစနစ်နဲ့ဖမ်းရင် ငါးမျိုးပြုန်းတီးနိုင်လို့ ဖြစ်ပါတယ်။ အခုကိစ္စမှာ ဒီငါးဖမ်းလှေတွေဟာ တိုင်းရင်းသားပိုင်ဆိုရင် သူသည် ဒီလုပ်ငန်းကို ဆက်လုပ်ရမှာဖြစ်ပါတယ်။ ပြည်ပကျွမ်းကျင်ပညာရှင် လိုက်ခွင့်မရှိတော့လို့ လုပ်ငန်းရပ်တယ်ဆိုတာကတော့ စဉ်းစားရမှာပါ။သူသည်သူရဲ့လူယုံ မျက်နှာလွှဲမလိုက်ရလို့ ငါးဖမ်းလှေမထွက်တာလို့ ယူဆပါတယ်'' ဟု ရန်ကုန်တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ငါးလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် စာရင်းအရ တိုင်းရင်းသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်  ၂၀၄၇ စင်းနှင့် နိုင်ငံခြားကမ်းဝေး ငါးဖမ်းလှေ ၃၉၆ စင်းရှိကြောင်း သိရှိရပါသည်။

ဘက်စုံစီမံကိန်း လုပ်ဆောင်နေသည့် ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံများ၏ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် သက်ရောက်မှုဆိုင်ရာ အမြင်များနှင့်ပတ်သက်၍ လေ့လာဆန်းစစ်မှု ပြုလုပ်

သတင်း(အလဲဗင်းမီဒီယာမှ)
b34_02
ကုလားတန်ဘက်စုံစီမံကိန်းတွင် ပါဝင်သည့် စစ်တွေဆိပ်ကမ်းအား အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ်



Wednesday, 23 November 2011 11:09
  ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်း(Kaladan Multi-Modal Transit Transport Project - KMMTTP)
ကို လုပ်ဆောင်နေသော ကုလားတန်မြစ်တစ်လျှောက်တွင် အမှီပြုနေထိုင်ကြသည့် ဒေသခံများ၏
လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ်သက်ရောက်မှု စသည်တို့နှင့် ဆက်စပ်သော အမြင်များအား
လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ လေ့လာဆန်းစစ်မှုက Gender and Development Initiative-Myanmar နှင့် ရခိုင်ကမ်းရိုးတန်း
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းတို့မှ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ကာ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊
ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်များ၊ ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့မှ မြို့မိမြို့ဖများ၊ ဒေသတွင်း
အတွေ့အကြုံ ဗဟုသုတရှိသူများ၊ စီးပွားရေးလုပ်ကိုင်သူများ၊ ရှေ့မီနောက်မီ လူကြီးများ၊ အငြိမ်းစားဝန်ထမ်းများ၊ ကျောင်းသူကျောင်းသားများ၊ တောင်သူလယ်သမားများ၊ ကျေးရွာသူ၊
ကျေးရွာသားများအား ဒေသခံများအားလုံးအပေါ် ခြုံငုံနိုင်သော အနေအထားဖြင့် ရွေးချယ်ကာ တွေ့ဆုံမှု၊ ဆန်းစစ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။
''ကုလားတန်မြစ်စီမံကိန်းမှာ နှစ်ပိုင်းရှိတယ်။ ပထမတစ်ပိုင်းက စစ်တွေဆိပ်ကမ်းကို အဆင့်မြှင့်မယ်ဆိုတာရယ်၊ ဒုတိယအပိုင်းက ကုလားတန်မြစ်တစ်လျှောက်လုံးကို မြစ်ကြောင်းချဲ့မယ်။ ပြီးတော့ သင်္ဘောကြီးတွေ သွားလာနိုင်အောင် နက်အောင်တူး မယ်ဆိုတဲ့ စီမံကိန်းနှစ်ခုကို ၂၀၀၉ ခုနှစ်မှာစပြီးတော့ အကောင်အထည်ဖော်ကြမယ်ဆိုပြီးတော့ သိခဲ့ရတယ်။ ပြည်နယ်တွင်းမှာ ဒေသခံတွေကို မေးကြည့်တဲ့အခါမသိကြဘူး'' ဟု ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်သိန်းဖေက ပြောပါသည်။
''ကျွန်တော်တို့က ကုလားတန်မြစ်စီမံကိန်းကို ဒေသခံပြည်သူတွေအားလုံး သိအောင်၊ ပြီးတော့ မြန်မာနိုင်ငံသားတွေအားလုံး သိအောင်တင်ပြချင်တဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။  အရင်တုန်းက မလုပ်နိုင်ခဲ့ပေမယ့် ခုတော့တို့တွေ လုပ်နိုင်ပြီဆိုပြီးတော့ GDI နဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့ ကုလားတန်မြစ်တစ်လျှောက်မှာရှိတဲ့ မြို့တွေ၊ ရွာတွေမှာ ဒေသခံတွေရဲ့ ဒီစီမံကိန်းပေါ်မှာ ဘယ်လောက်ထိသိသလဲ၊ သူတို့အကျိုးရရှိနိုင်သလဲ၊ အပြစ်တွေရှိမလဲဆိုတာကို သွားပြီးတော့ မေးမြန်းစုံစမ်းခဲ့ပါတယ်'' ဟု ဦးမောင်မောင်သိန်းဖေက ဆိုပါသည်။
လေ့လာဆန်းစစ်မှုကို ကုလားတန်မြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်များမှ မိတ်ဖက်လူမှုရေးအဖွဲ့များနှင့် ပူးပေါင်းကာ ပြုလုပ်ခဲ့ပြီး အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၄၉ ဦးတို့ကို ဒေသအလိုက် ကိုယ်စားပြုသည့်အနေဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်းက တွေ့ဆုံခဲ့သည်။ ဆန်းစစ်မှုများ ပြုလုပ်ရာတွင် နည်းလမ်းအဖြစ် နားထောင်ခြင်းပုံစံကို အသုံးပြုထားခြင်းဖြစ်သည်ဟု သိရှိရသည်။
''နားထောင်ခြင်းပုံစံကို ဘယ်ချိန်မှာအသုံးပြုသလဲဆိုတော့ ဒေသခံတွေအနေနဲ့ ပွင့်ပွင့်လင်းလင်းပြောဖို့ အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေမှာ သုံးပါတယ်။ တွေ့ရှိချက်တွေကို ကျယ်ကျယ်ပြန့်ပြန့်ပေးဖို့ စီစဉ်ထားပါတယ်။ အစိုးရအဖွဲ့ကို ပေးဖို့ရှိတယ်။ civil society တွေကို လည်းပေးဖို့ စီစဉ်ထားပါတယ်'' ဟု GDI-Myanmar မှ Executive  Director  ဦးဆလိုင်းအိုက်ဇက်ခင်က ပြောပါသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်းကို အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့ ပူးပေါင်းလျှက် ၂၀၀၉ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ကာ ၂၀၁၃ နှစ်ကုန်တွင် ပြီးစီးရန် မျှော်မှန်းထားသည်။
ယခုလေ့လာဆန်းစစ်မှုမှ အဓိကတွေ့ရှိခဲ့သည့်အချက်အချို့မှာဒေသခံ တိုင်းရင်းသားများအနေဖြင့် စီမံကိန်းနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်မည်၊ မည်သို့အကျိုးခွဲဝေမည်၊ ဒေသခံတိုင်းရင်းသားများက မည်သို့ ပူးပေါင်း ဆောင်ရွက်နိုင်သည်ကို တရားဝင်သိနား လည်မှုမရှိခြင်း၊ မြစ်ကြောင်း သောင်တူးခြင်း၊ မော်တော်ကားလမ်း ဖောက်လုပ်ခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်လာနိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ထိခိုက် နစ်နာမှုများနှင့်ပတ်သက်၍ စနစ်တကျ လေ့လာဆန်းစစ်ထားခြင်း၊ ထုတ်ပြန်ထားမှုမရှိခြင်း၊ EIA၊ SIA  ပြုလုပ်ထားခြင်းမရှိဟု ယူဆရခြင်း၊ နယ်စပ်ကုန်သွယ်ရေး အခွင့်အလမ်းနှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်လာမည်ကို မျှော်လင့်၍ စီမံကိန်းအကောင်အထည်ဖော်မည်ကို ကြိုဆိုကြသော်လည်း မြစ်ကြောင်းတစ်လျှောက် သောင်တူးခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်း၊ ငါးသယံဇာတ ထိခိုက်ပျက်စီး ခြင်း၊ မြစ်ကြောင်းနံဘေး စိုက်ခင်းများ ဆုံးရှုံးခြင်း၊ ကုန်တင်သင်္ဘောများ သွားလာမှုကြောင့် ကမ်းပါးပြိုခြင်း၊ ရေချိုပျက်စီးခြင်း၊ ငါးဖမ်းလုပ်ကွက်များ ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ခြင်း စသည်တို့ ဖြစ်သည်ဟု သိရှိရသည်။
''ဒေသခံတွေအတွက် အကျိုး၊ အပြစ်ကို သိမှသာ ကျွန်တော်တို့ဘက်က အများကြီး ကြိုတင်ပြင်ဆင်လို့ရပါတယ်။ အပြစ်ကို နည်းနိုင်သမျှနည်းအောင် အကျိုးကိုများ နိုင်သမျှများအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ ပြည်သူတွေရော၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရော၊ ပြည် နယ်အစိုးရရော၊ နိုင်ငံတော်အစိုးရရော ၀ိုင်းဝန်းဆွေးနွေးပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်''ဟု ဦးမောင်မောင်သိန်းဖေက ပြောကြားသည်။
လေ့လာဆန်းစစ်မှုတွင် ပူးပေါင်းကူညီခဲ့သော တိုင်းရင်းသားများမှာ ရာခိုင်နှုန်းအားဖြင့် ချင်းတိုင်းရင်းသား ၄၉ ရာခိုင်နှုန်း၊ ရခိုင်တိုင်းရင်းသား ၄၂ ရာခိုင်နှုန်း၊ မြိုတိုင်းရင်းသား ၉ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရှိရသည်။  

တရုတ်နယ်ခြားစောင့်တပ်နှင့်ရဲများက၀င်ထွက်ခွင့်များတားမြစ်

တရုတ်နယ်ခြားစောင့်တပ်နှင့်ရဲများက၀င်ထွက်ခွင့်များတားမြစ်(ကချင်နေ့စဉ်သတင်းမှ)

တရုတ်နိုင်ငံနောင်တောင်းမှာရှိတဲ့ တရုတ်နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်မှ စစ်ဆေးရေး အရာရှိများဟာ တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ဆေးရေးဂိတ်များ၊ စက်လှေဆိပ်များမှာ လူဝင်ထွက်မှုများအား စစ်ဆေးနေကြောင်း သိရပါတယ်။ စစ်ဆေးရာမှာ ၀င်ထွက်ခွင့်စာ အုပ် မရှိသူများအား တရုတ်နိုင်ငံအတွင်းသို့ ၀င်ထွက်ခွင့်မပြုဘဲ ပြန်လည်စေလွှတ်နေကြောင်းလည်း သိရပါတယ်။
နောင်တောင်းက တရုတ်နယ်ခြားစောင့်ရဲတပ်ဖွဲ့များဟာ နောင်တောင်းစစ်ဆေးရေးဂိတ် ၊ရှောက်ပန်ယန် စက်လှေဆိပ် ၊မန်စွမ်းရွာတို့မှ တရုတ်နိုင်ငံအတွင်း ၀င်ထွက်သွားလာသူများကို ၀င်၊ထွက် ခွင့် (BP) စာအုပ်များ စောင့်ဆိုင်း စစ်ဆေးနေတယ်လို့သိရပါတယ်။ တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ကတော့ တရုတ်နိုင်ငံ ကောင်ခမ်းရွာ၊  မန်စီမြို့နယ်က ပန်ခမ်းရွာ၊ကွတ်လုံရွာနှင့် နမ့်ဝမ်ချောင်း စက်လှေဆိပ်များမှ ၀င်ထွက်မှုကို စစ်ဆေးနေကြောင်း သိရပါတယ်။
“အရင်တုန်းက တရုတ်ဖက်ကိုသွားတာ (BP)စာအုပ်မပြလည်းရတယ် အခုဒီမှာနေရတာအဆင်မပြေလို့ တရုတ်ကိုသွားတာ ၀င်၊ထွက်ခွင့်မရှိလို့ ပြန်လာခဲ့ရတယ်” ဟု လိုင်ဇာဒုက္ခသည်စခန်းမှ ဒေါ်အယ်လီက ပြောပြပါတယ်။
KIA ကချင်အဖွဲ့မှ အစားအသောက်များအား ရှေ့တန်းတပ်များကို ပေးပို့နေရလို့ ဒုက္ခသည်များအတွက် လှူဒါန်းသော ဆေးဝါးနှင့် အစားအသောက်များမှာ လုံလုံလောက်လောက် မရရှိတာကြောင့် ဒုက္ခသည်များဟာ တဖက်တရုတ်နိုင်ငံသို့ ရွှေ့ပြောင်းနိုင်ဖို့ ကြိုးပမ်းနေကြကြောင်း သိရပါတယ်။
“အဓိကကတော့ အခုလိုမျိုးစစ်ဆေးနေတာတွေဟာ KIA နှင့် အစိုးရစစ်တပ်တိုက်ပွဲများမှ တရုတ်နိုင်ငံဖက်ကို ထွက်ပြေးရောက်ရှိလာမယ့် KIA  စစ်သားများကို ပိတ်ဆို့ဖမ်းဆီးဖို့ တရုတ်အစိုးရနဲ့မြန်မာအစိုးရပေါင်းပြီး လုပ်တာဖြစ်နိုင်တယ်”လို့ တရုတ်မြန်မာနယ်စပ်မှ စစ်ရေး အကဲခတ်လေ့လာသူတစ်ဦးမှလည်း ပြောပြပါတယ်။

တိုင်းရင်းသား အရေး အတွက် စောင့်ကြည့် ရဦးမည်ဟု မွန် နိုင်ငံရေး လေ့လာ သူများပြော

ကျလွန်းထော

လက်ရှိ နိုင်ငံရေး အနေ အထားမှာ ပူးပေါင်း ဆောင်ရွက်ခြင်း အပိုင်းသို့ ရောက်ရှိ နေသည့် အတွက် NLD မှ မှတ်ပုံ တင်သည်မှာ ကောင်းသော လက္ခဏာ ဖြစ်သော်လည်း တိုင်းရင်းသား အရေးနှင့် ပတ်သက်၍ စောင့်ကြည့် နေရ ဦးမည်ဟု မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ (MNDF) ဒုဥက္ကဌ (၂) နိုင်တင်အောင်က ပြောသည်။

“တိုင်းရင်းသား တစ်ယောက် အမြင်နဲ့ကြည့်မယ် ဆိုရင် ဒေါ်စု တို့က ဗမာ လူမျိုး ဆိုတော့ ဒီမိုကရေစီ အခွင့်အရေး အတွက် ဦးစားပေး လှုပ်ရှား သွားမှာ ဖြစ်တယ်၊ ကျနော်တို့လို တိုင်းရင်း သားတွေ ကျတော့ ဒီမိုကရေစီ အခွင့် အရေးနဲ့ အမျိုးသား လွတ်မြောက်ရေး အသွင် နှစ်မျိုးနဲ့ လှုပ်ရှား နေရတယ် ဆိုတော့ အစိုးရ သစ်အနေနဲ့ ဘယ်လောက် အထိ တိုင်းရင်းသား အရေးကို ဘယ်လို အသိ အမှတ်ပြု ပေးမလဲဆိုတာ စောင့်ကြည့် ရဦးမှာ ဖြစ်တယ်” ဟု နိုင်တင်အောင်က ပြောသည်။

NLD ပါတီ၏ ရည်ရွယ်ချက်ကို ထောက်ခံသော်လည်း သမ္မတဦးသိန်းစိန် ဦးဆောင်သော မြန်မာအစိုးရသစ်အဖွဲ့တွင် စစ်ရေး အမြင်များ လွှမ်းခြုံ နေသေးသည့် အတွက် လွတ်တော်တွင် တင်ပြမည့် တရား ဥပဒေ စိုးမိုးရေး၊ ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသား အရေးနှင့် လက်ကျန် နိုင်ငံရေး အကျဉ်း သားများ ထပ်မံ လွတ်ပေးရေး ဆွေးနွေး ရာကြတွင် လွယ်ကူနိုင် လိမ့်မည် မဟုတ်ဟု မွန်ရေးရာ အဖွဲ့ချုပ် (MAU) အလှည့်ကျ နာယက နိုင်စွမ်းထွန်က ပြောသည်။

“ကမ္ဘာ့ နိုင်ငံရေး ခေါင်ဆောင် တွေက နိုင်ငံရေး အကျဉ်း သားတွေ လွှတ်ပေးပါလို့ ပြောလာတဲ့ အချိန်မှာ ဦးသိန်းစိန်က မီဒီယာ တွေကနေ မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းချ ခံနေ ရတဲ့သူ မရှိဘူး လို့ဆိုတယ်၊ ပြီးတော့ လက်နက်ကိုင် တိုင်းရင်းသား တွေလည်း အပစ် အခတ် ရပ်စဲပြီးရင် ဖွံ့ဖြိုးရေး လုပ်မယ်လို့ ဒီလို ပြောလိုက် ကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကိုမပြင်တဲ့ အပြင် အဲဒီ အထဲကို ဆွဲထည့် သွားနေတယ်၊ ဦးသိန်းစိန် တို့ရဲ့ စစ်အုပ်စု အမြင်နဲ့ ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲ ဝင်သွားရင် ပြင်ဆင် သင့်တာ တွေကိုပြင် နိုင်ပါ့မလား ဆိုတာ ကျနော့်ကို သံသယ ဖြစ်စေတယ်” ဟု နိုင်စွမ်းထုန်က ပြောသည်။

ထို့အတူ လက်ရှိအစိုးရသစ်မှ ဥပဒေအနည်းအကျဉ်း ပြင်ဆင်ပြောင်းလဲလိုက်ယုံဖြင့် NLD အနေဖြင့် မှတ်ပုံတင်ရန်ဆုံးဖြတ်လိုက်သည်မှာ လုံးဝမဖြစ်သင့်ကြောင်း မလေးရှားနိုင်ငံရှိ မွန်လူငယ်အဖွဲ့မှ အတွင်းရေးမှူး နိုင်ဥက္ကာက ပြောသည်။

“NLD အနေနဲ့ အရင်က ၂၀၀၈ အခြေခံ ဥပဒေ ကိုဆန့်ကျင် ခဲ့တယ်၊ နိုင်ငံရေး အကျဉ်း သားတွေ လွှတ်ပေးရမယ်၊ ရွှေဂုံတိုင် ကြေညာ စာတမ်းတွေ၊ ဒါတွေ ဘာမှ အကောင် အထည် မဖော်ရ သေးပဲနဲ့ အစိုးရသစ်က ဥပဒေ နည်းနည်းပြင် ပေးလိုက် တာနဲ့ မှတ်ပုံတင် လိုက်တာ ကျနော့် အနေနဲ့ လုံးဝ အားမပေး ပါဘူး” ဟု နိုင်ဥက္ကာက ပြောသည်။

NLD အနေဖြင့် ဒီမိုကရေစီ နည်းကျကျ ဆက်သွား မည်ဆိုလျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အရင်တွေ့ ဆုံသင့်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့သည့် အချိန်၌ ဒေါ်စု အနေဖြင့် ပြန်လည် ပြောကြားရန် အချိန် မတန် သေးကြောင်း ဟူသော စကားလုံး များကို တိုင်းရင်းသား များအနေဖြင့် သတိထား ရန်လိုအပ်ကြောင်း၊ အကယ်၍ ဒီမို ကရေစီ အသွင် ပြောင်းလဲရေး တာကြည့်ပြီး တိုင်းရင်းသား များအရေးကို မကြည့်ပါက ပြည်တွင်းရေး ပြဿနာများ ဆက်လက် ဖြစ်ပေါ် လာနိုင်ကြောင်း နိုင်ဥက္ကာက ပြောသည်။

၂၀၀၉ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် ထုတ်ပြန်ထားသော ရွှေဂုံတိုင် ကြေညာ စာတမ်းတွင် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက် မရှိ လွှတ်ပေးရေး၊ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြန်လည် သုံးသပ်ပြင် ဆင်ရေး၊ တိုင်းရင်းသား လူမျိုးများ အားလုံး အခွင့် အရေး တန်းတူ ညီမျှမှုနှင့် ၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ရလာဒ်ကို အသိ မှတ်ပြုရေး တို့ကို တောင်းဆို ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ တရားဝင် ရပ်တည်ရေး မှတ်ပုံ တင်မည့် ဆုံးဖြတ်ချက် ကို ပြည်နယ် နှင့်တိုင်း ဗဟိုဦးစီး အဖွဲ့ဝင်များက ဆုံးဖြတ်ချက် ချမှတ် ခဲ့ခြင်းဖြစ်သည်။

ပါတီမှတ်ပုံတင်မယ့် NLD ကို သံဃာအဖွဲ့ဝေဖန်

norohnhla အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့အပေါ် တိုင်းပြည် ၏ လက်ရှိ အခြေအနေနှင့် မကိုက်ညီဟုဆိုကာ လွှတ်တော်ထဲတွင် မြန်မာ့နိုင်ငံရေး ပြဿနာများကို လုံးဝ ဖြေရှင်းနိုင်မည် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဟု အတိုက်အခံ သံဃာအဖွဲ့ က ထုတ်ပြန်လိုက် သည်။

“ထူးခြားသည့် ပြောင်းလဲမှုများ မဖြစ်ပေါ်သေးသည့် အခြေအနေအောက်တွင် ရွှေဂုံတိုင် ကြေညာစာတမ်း လမ်းကြောင်းမှ ယခုကဲ့သို့ ပြောင်းလဲသွားခြင်းသည် တိုင်းပြည်၏ ပကတိ အခြေအနေများနှင့် မကိုက်ညီ မသင့်လျော်” ဟု တနင်္လာနေ့က ထုတ်ပြန်သော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ကြေညာ ချက်တွင် ပါရှိသည်။ 

လက်ရှိတွင် တိုင်းရင်းသားဒေသများ၌ စစ်ပွဲများဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်နေခြင်း၊ လူမှုရေး၊ စီးပွားရေးနှင့်နိုင်ငံရေး ကဏ္ဍ အသီးသီး၌ ဒီမိုကရေစီ ကင်းမဲ့နေသေးကြောင်း၊ သံဃာတော်များ၏ လွတ်လပ်စွာ ဟောပြောခွင့်နှင့် ဘုန်းကြီးကျောင်းများကိုလည်း ပိတ်ပင်ထားဆဲ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အဓိက အတိုက်အခံဖြစ်သော NLD မှာ ပါတီပြန်လည် မှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲများတွင်ပါဝင်ရန် အတွက် တိုင်းနှင့် ပြည်နယ် အသီးသီးမှ ဗဟိုကော်မတီဝင် ၁၀၆ ဦး၏ သဘောတူညီချက်ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

NLD က တောက်လျောက် ကိုင်စွဲခဲ့သော မူဝါဒဟု ပြောဆိုရမည့် ဧပြီ ၂ဝဝ၉  ခုနှစ်က ထုတ်ပြန်သော ရွှေဂုံတိုင် ကြေညာစာတမ်း မှာ ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ် အား အသိအမှတ် ပြုရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ ၂၀၀၈ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး၊  သုံးပွင့်ဆိုင် ဆွေးနွေးရေးတို့ကို တောင်းဆိုထားခဲ့ သည်။
နိုဝင်ဘာ ၁၈ ရက်ကျတော့ မှတ်ပုံပြန်တင်မယ့် အခါကျတော့ ကိုယ့်ရဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို နင်းချေ၊ ပြည်သူတွေ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ မဖော်ဆောင်နိုင်တဲ့ အတွက် ကျမတို့က ဒီနေ့ဟာ ပြည်သူ့ဆန္ဒ ပျက်သုန်းတဲ့နေ့လို့ ကျမတို့ သတ်မှတ်လိုက်တယ်ဟု ပြောသည့် အင်္ဂါဝတ်ပြုဆုတောင်းအသင်း ဦးဆောင်သူ ဒေါ်နော်အုန်းလှ (ဓါတ်ပုံ မဇ္ဈိမ)

“ယနေ့ မြန်မာ့နိုင်ငံရေး ပြဿနာများကို စစ်ကြံ့ဖွံ့ လွှတ်တော်ထဲတွင် လုံးဝ ဖြေရှင်းနိုင်မည် မဟုတ်ဘဲ တန်းတူ ရည်တူ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်” ဟု သံဃာ့တပ်ပေါင်းစုက ပြောသည်။

အလားတူ NLD မှတ်ပုံပြန်တင်ရန် ဆုံးဖြတ်ခဲ့သည့် နိုဝင်ဘာ ၁၈ ရက်အား “ပြည်သူ့ဆန္ဒ ပျက်သုန်းခြင်းနေ့” ဟု သတ်မှတ်ကြောင်း ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အား ဆွဲကိုင်ထားသူ ဒီချုပ်အဖွဲ့ဝင်ဟောင်းများက ပြောဆို လိုက်သည်။


“နိုဝင်ဘာ ၁၈ ရက်ကျတော့ မှတ်ပုံပြန်တင်မယ့် အခါကျတော့ ကိုယ့်ရဲ့ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို နင်းချေ ပစ်လိုက်ပြီးတော့ ပြည်သူတွေ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ မဖော်ဆောင်နိုင်တဲ့ အတွက် ကျမတို့က ဒီနေ့ဟာပြည်သူ့ဆန္ဒ ပျက်သုန်းတဲ့နေ့လို့ ကျမတို့ သတ်မှတ်လိုက်တယ်” ဟု အင်္ဂါဝတ် ပြုဆုတောင်းအသင်း ဦးဆောင်သူဒေါ်နော်အုန်းလှက မဇ္ဈိမကို ပြောသည်။

ယင်းကဲ့သို့ ပြောဆိုရာတွင် ရန်ကုန်တိုင်းအတွင်းရှိ ပါတီ ပြန်လည် မှတ်ပုံမတင်စေလိုသူ NLD အဖွဲ့ဝင်နှင့် ပြည်သူ များ၊ ဧရာဝတီတိုင်း ပုသိမ်မြို့ပေါ်ရှိ မြို့နယ် သုံးခုမှ ပါတီဝင် တချို့လည်း ပါဝင်သည်ဟု သိရသည်။

ဒေါ်နော်အုန်းလှ အပါအဝင် NLD ပါတီဝင်အချို့နှင့် ရွေးကောက်ပွဲ မဝင်စေလိုသူ ပြည်သူတချို့က ပါတီထံ
ရွေးကောက်ပွဲ မဝင်သင့်သေးကြောင်း ပန်ကြားလွှာ နှစ်စောင်ကိုလည်း NLD သို့ ပေးပို့ခဲ့ပြီး ဖြစ်သည်။

“ပြောပြီးရင် လုပ်ရမယ်ဆိုတာ ခေါင်းဆောင်ရဲ့ တာဝန်ပဲလေ။ တောက်လျောက်ပဲ ဒီအပေါ်မှာ ရပ်တည် လာခဲ့တယ်ပေါ့နော်။ အခု ၂၀၁၀ အထိ ကျမတို့ ရပ်တည်ခဲ့တာပေါ့နော်။ ဘာလို့ မရပ်တည်နိုင်ရမှာလဲ။ ရပ်တည်နိုင်တယ် ဆိုတာက ကျမတို့က သက်သေပဲလေ” ဟု NLD ပါတီမှ ထုတ်ပယ်ခံထားရသူဒေါ်နော် အုန်းလှက ပြောဆိုသည်။

NLD အနေဖြင့် မှတ်ပုံတင်တော့မည်ဖြစ်၍ မိမိတို့အနေဖြင့် လိုက်ပါမည် မဟုတ်ကြောင်း၊ မိမိတို့နှင့်ဆန္ဒတူသူများ ပူးပေါင်း၍ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ ပြည်သူ ရရှိသင့်သည့် အခွင့်အရေးနှင့် ဒီမိုကရေစီစံနှုန်းများ ရရှိစေရန် ကြိုးပမ်းသွားမည်ဟု မှတ်ပုံတင်ရေးမလိုလား သူများက ဆုံးဖြတ် ထားသည်။