Sunday, March 25, 2012
အစိုးရ၏ NLD အပေါ်သဘောထား
အိမ်ထောင်စုစာရင်းဇယားများထပ်နေခြင်း
မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၂ နှစ်က ၂၀၁၀ ရွေးကောက်ပွဲဟုကျင်းပခဲ့ပါတယ်။
၎င်းရွေးကောက်ပွဲကျင်းပစဉ်က မြန်မာနိုင်ငံလူမှု့အင်းအား၏စာရင်းဇယားများ တိကျစွာကောက်ခံဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းနှင့် ၂၀၁၀ရွေးကောက်ပွဲအား
တိကျသော လူနေမှု့စာရင်းဇယားများနှင့်မှန်ကန်စွာကျင်းပခဲ့ခြင်းမဟုတ်။အစဉ်ပြေလက်သင့်သလို မိမိတို့လိုရာလုပ်ကိုင်ခဲ့မှန်းသိသာလှသည်။ တိုင်းပြည်တခု၏အခြေခံလူအင်အားစာရင်းဇယားများ ကို ၂၀၁၀ကေ၇ွးကောက်ပွဲအတွက်တကြိမ်၊ ယခုအတွက်တကြိမ် ထိုနှစ်ကြိမ် သည် ၂ နှစ်အတွင်း လူများ၏
သေစာရင်းမွေးစားရင်း တိကျစွာ လုပ်ဆောင်နိုင်ခြင်းမရှိခြင်းလော၊
ဆယ်တန်း ကျောင်းသူလေး မမေသူအောင် အား ပြည်သူ့ရဲဝန်ထမ်းတို့၏ အာဏာပြ ခြိမ်းခြောက်မှု ၊ ငွေညှစ်တောင်းရမ်းမှု့ ကာယကံရှင်ပြောပြချက်(ဗီဒီယိုဖိုင်)
Posted by Co2zeиith အကြောင်းအရာ
မိတ္ထီလာမြို့ ပျဉ်သာအုပ်စု ပျဉ်သာကျေးရွာနေ အဖ ဦးပေါ်ဦး အမိ ဒေါ်မြခင်တို့၏ သမီးဖြစ်သူ မမေသူအောင် ၁၀တန်းကျောင်းသူသည် ရွှေရင်မျှော် ဘုရားသို့သွားရောက်ပြီး ပြန်အလာ ရွာကြီးဇရပ်နားအရောက် နေ့လည် (၁၂:၀၀)နာရီ အချိန်တွင် နေပူပြင်းသဖြင့် ဆိုင်ကယ်မောင်းနေစဉ် နှာခေါင်းသွေးယိုကျလာသောကြောင့် ရုတ်တရက် လန့်ကာ ဆိုင်ကယ်အရပ်တွင် လဲကျသွားခဲ့ပါသည်။ထိုအခါ အနီးနားတွင် လမ်းပြင်နေကြသော အလုပ်သမားများမှလမ်းကြုံကားတစ်စီးဖြင့် သာစည်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။ သာစည်ဆေးရုံမှ လိုအပ်သော ကုသမှုများ ယာယီပြုလုပ်ပေးခဲ့ပြီး မန္တလေး ဆေးရုံသို့သွားရောက်၍ ၄ ရက်ကြာ တက်ရောက်ကုသခဲ့ရပါသည်။
ထိုအချိန်တွင် မမေသူအောင် နေထိုင်သော မိတ္ထီလာမြို့ ပျဉ်သာကျေးရွာရှိ နေအိမ်သို့ ရဲဝန်ထမ်း ဒုရဲအုပ်အောင်ဇော်ဦးနှင့် အာကာပြည့်တို့ နှစ်ဦးနှင့် ရ၀တ ရုံးမှ လူနှစ်ဦးတို့ ရောက်ရှိလာပြီး မမေသူအောင် ၏မိခင်အား မမေသူအောင်နှင့် ဆိုင်ကယ်ကို အပ်ရန် နှင့် လူကို အာမခံနှင့်ခေါ်ရန် မခေါ်လျှင် ဖမ်းဆီးမည် ထောင်ချမည် ကလေးထောင်ပို့မည်ဟု ခြိမ်းခြောက် ခဲ့ပါသည်။ဒုရဲအုပ် အောင်ဇော်ဦးမှလည်း ပြစ်မှု- ၃၃၇ ဖြင့် တရားစွဲဆိုရန်အတွက် မမေသူအောင်နှင့် ဆိုင်ကယ် ကို ရဲစခန်းသို့ စေလွှတ်ရန် အကြောင်းကြားစာကိုလည်း (၁၈.၂.၂၀၁၂) ရက်စွဲဖြင့်တစ်ကြိမ်
(၂၇.၂.၂၀၁၂)ရက်စွဲဖြင့်တစ်ကြိမ် နှစ်ကြိမ် ပေးပို့ကာ ရဲစခန်းသို့ဆင့်ခေါ်စာများကိုပေးပို့ခဲ့ပါသည်။ အမှန်မှာ မမေသူအောင် ဆိုင်ကယ်လဲသော ကိစ္စသည် မည်သူတစ်ဦးတစ်ယောက်မှ ၀င်တိုက်ခြင်းမရှိသလို ပစ္စည်းတစ်စုံတစ်ရာမှလည်း ထိခိုက်ခဲ့ခြင်းမရှိခဲ့ပါ၊၊ ကျန်းမာရေးကိစ္စရုတ်တရက်ပေါ်ပေါက်လာ၍သာ ဆိုင်ကယ် လဲသွားခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပြစ်မှု-၃၃၇ နှင့် ငြိစွန်းခြင်းမရှိပါဟု ဥပဒေအကြောင်းနားလည်တတ်ကျွမ်းသော လူများက သုံးသပ်ခဲ့ပါသည်။ ဒုရဲအုပ် အောင်ဇော်ဦးမှ ဆိုင်ကယ် သိမ်းလိုသဖြင့်
ခေါ်ယူဆွေးနွေးမှုပြုခြင်းဖြစ်ပါသည်။
ထို့နောက် ဒုတိယအကြိမ်ထပ်မံ၍ ရဲအရာရှိနှစ်ဦးက ပျဉ်သာကျေးရွာရှိ မကြူ၏ဆိုင်တွင်အရက်သောက်ရင်း မမေသူအောင်၏ အဘွားဒေါ်မြရင်အား အရက်ဆိုင်သို့ခေါ်ပြီး
ထပ်မံငွေညှစ်တောင်းရမ်းခဲ့ပါသည်
မမေသူအောင် စာမေးပွဲဖြေဆိုရန်ကျောင်းသွားစဉ်တွင် အနောက်မှလိုက်ပြီး ငွေတောင်းရမ်းရာတွင် မရ၍ ဖမ်းဆီးပြီးထောင်ချမည်၊ ကလေးကျဉ်းထောင်ပို့မည် ဟုထပ်မံခြိမ်းခြောက်ခဲ့ပါသည်။ ထို့အတွက်ကြောင့် မမေသူအောင်မှာ စာမေးပွဲကိုတစ်ရက်သာ ဖြေဆိုနိုင်ခဲ့ပြီး ရဲများ၏ ခြိမ်းခြောက်မှုကို မခံနိုင်လွန်းသည့်အတွက် တိမ်းရှောင်ပုန်းနေခဲ့ရပါသည်။
ပြည်သူ့ရဲဝန်ထမ်းတို့၏ အာဏာပြ ခြိမ်းခြောက်မှု ၊ ငွေညှစ်တောင်းရမ်းမှု ကြောင့် နောင်နှစ်တွင်တက်ရောက်ခွင့်ရမည့် တက္ကသိုလ်အား မမေသူအောင်လွဲချော် ခဲ့ရပါသည်။ ကျောင်းသားအခွင့်ရေးစာမေးပွဲဖြေဆိုမှုလက်လွှတ်းခဲ့ရသည်။
ဆင်းရဲလှသော တောင်သူလယ်သမား မျိုးရိုးဖြစ်သောကြောင့် တစ်နှစ်တာ အတန်းပညာရေးကို
ခက်ခက်ခဲခဲ သင်ယူထားခဲ့ရသော်လည်း စာမေးပွဲကို ဆုံးအောင် ဖြေဆိုခြင်း မပြုနိုင်တော့ပါ။ မမေသူအောင်၏ အဖွားဖြစ်သူဒေါ်မြရင်မှာလည်း ရဲအရာရှိများ ၏ ခြိမ်းခြောက်မှု ၊ ငွေတောင်းရမ်းမှု ၊ စိုးရိမ်မှုတို့ကြောင့် စိတ်သောကများ၍ အိပ်ယာထဲ လဲနေရပါသည်။စီးပွားရေးချို့တဲ့၍ ဆင်းရဲနွမ်းပါးသောကြောင့် ရဲများ၏ ဥပဒေဆိုင်ရာ ခြိမ်းခြောက်
ပြောဆိုမှုအား ဥပဒေနှင့်ညီမညီ ဥပဒေနှင့်သက်ဆိုင်သော အကြံဥာဏ်အကူညီများကို
စေတနာဖြင့် ဆောင်ရွက်ပေးမည့်သူများ လိုအပ်လျှက်ရှိပါသည်။
အပြစ်မဲ့သော ကျောင်းသူမလေး မှာ ခက်ခဲစွာသင်ယူ ရင်းနှီးမြှုပ်နှံ ထားရသော တစ်နှစ်တာပညာရေး ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်းကို မိဘပြည်သူများသိရှိစေရန်၊ အမှုမှန်အတိုင်းဖြစ်ပေါ် စေရန် နှင့် အာဏာအလွဲသုံးစားပြုလုပ်သော ရဲဝန်ထမ်းများအား အရေးယူဆောင်ရွက်ပေးစေရန်မိသားစုနှင့်တကွ ဒေသခံများမှလိုလားလျှက်ရှိပါသည်
ကြားဖြတ်ရွေးကောက်ပွဲအတွက်နိုးဆော်ချက်
မြန်မာနိုင်ငံကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရက်အနည်းငယ်မျှသာလိုပါတော့သည်။
ယခုကျင်းပမည့်ရွေးကောက်ပွဲ တွင်ပြည်သူများအနေနှင့် ၈၈၈၈၊ ၁၉၉၀ ၊၂၀၁၀ ရွေးကောက်ပွဲများမှ လက်လွှတ်ဆုံးရှုံးခံလိုက်ရသော ပြည်သူများ၏ အခွင့်အရေးကိုပြန်လည်ရယူရန်ဖြစ်သည်။
   ၁၉၈၈ တွင် မဆလ အာဏာရှင်တစ်ပါတီ စနစ်ကိုတိုက်ဖျက် ယင်းအသက်ပေးလှုသွားခဲ့ကြသည့် အာဇာနည်များ၏ ပေးဆပ်မှု့တွေကို ပြန်လည်ရယူမည့် ရွေးကောက်ပွဲဟုဆိုလျှင်လည်းမှားမည်မထင်ပေ။
ဘင်္ဂလာ၌ အဖမ်းခံ စစ်ဗိုလ်ကို မြန်မာက လက်ခံရန်ငြင်း
BDR-Nasaka285
မိမိကိုယ်ကို မြန်မာ စစ်တပ်မှ ဗိုလ်ဖြစ်ပါသည်ဟု ဖမ်းဆီးခံရစဉ်က ဘင်္ဂလာ အာဏာပိုင်များကို ပြောဆိုသူ မြန်မာနိုင်ငံသား တစ်ဦးကို မြန်မာဘက်မှ လက်ခံရန် ငြင်းဆိုထားကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက် အရ သိရသည်။
နစကနှင့် ဘင်္ဂလာ ဘီဂျီဘီ ယခုလို မကြာခဏ တွေ့ဆုံသော်လည်း နယ်စပ် ပြဿနာ အများအပြား ရှိနေဆဲ။ ဖမ်းဆီးခံရသူမှာ မြန်မာနိုင်ငံသားမှာ သန်းမောင်လှ ( အသက် ၃၈ နှစ်) ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အတွင်းသို့ ၀င်ရောက်လာစဉ် ဘင်္ဂလာဒေခ်ျ့ နယ်စပ်လုံခြုံရေး တပ်ဖွဲ့မှ ဘင်ဒရိုဘင် ခရိုင် နတ်ကျောက်ဆရီ မြို့နယ် ခေါင်းတုံးဒေသတွင် မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီက ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
နာယကကြီး ဦးတင်ဦး ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်
နာယကကြီး ဦးတင်ဦး ဟောပြောပွဲကိုလာရောက်တဲ့ ဒေသခံတဦး
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦး ၊ သဘာပတိအဖွဲ့ဝင် ဦးလှဖေ ၊ ဝါးခယ်မမြို့နယ်ဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်စန်း နဲ့ အဖွဲ့ဟာ ၊ ဒေါ်အောင်ဆန်းစုကြည် မသွားရောက်နိုင်သော ဧရာဝတီတိုင်း မြို့နယ်များသို့ စည်းရုံးရေး ခရီးစဉ် ထွက်ခဲ့ပါတယ် ။ ၂၃-၂-၁၂ နေ့ နံနက် ၆ နာရီမှာ ရန်ကုန်မှ စတင်ထွက်ခွာပြီး ဧရာဝတီတိုင်း ရွှေလောင်းမြို့သို့ နံနက် ၁၀း၀၀နာရီမှာ ရောက်ရှိပါတယ် ၊ ရွှေလောင်းမြို့ ရွှေလောင်းမြစ်ဘေး သဲသောင်ပြင်မှာ ၁ နာရီခန့် ဟောပြောခဲ့ပါတယ် ၊ ပရိတ်သတ် ၆၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်မြို့ ခရီးစဉ် ပထမနေ့  (ရုပ်/သံ)
Mar 24, 2012 10:41pm
၂၄ မတ်လ ၂၀၁၂။ ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ စည်းရုံးရေး ခရီးစဉ် သတင်းမြင်းကွင်း။
ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် စက်လှေဘေးကနေ လှေတစ်စီးနဲ့ တောက်လျှောက် လိုက်ပါသတင်းယူခဲ့ပြီး ကွန်နက်ရှင် အခက်အခဲကြားက တညလုံး သတင်းအရုပ်တွေ ရောက်အောင် ပေးပို့ခဲ့တဲ့ ဒီဗွီဘီ သတင်းထောက် ခွန်ခေါင်ရဲ့ ခရီးစဉ်သတင်းပေးပို့ချက်ကို မူရင်းစာသားအတိုင်း ပူးတွဲတင်ပြလိုက်ပါတယ်။
ပါးရိုက်ခံရသူ ဟိုတယ်ဝန်ထမ်း အမျိုးသမီး တရား ရုံးပြောင်းလျှောက်မှု ဆုံးဖြတ်မည်
ပါးရိုက်ခံရသူ ဟိုတယ်ဝန်ထမ်း အမျိုးသမီး တရားရုံးပြောင်းလျှောက်မှု ဆုံးဖြတ်မည်ခရီးသွား လုပ်ငန်းနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ အပါအ၀င် လူအများ စိတ်ဝင်စားခြင်း ခံရသော အမှုဖြစ်သည့် ရန်ကုန်မြို့တော်ရှိ Orchid Hotel ၀န်ထမ်း အမျိုးသမီးနှင့် ဂျပန်နိုင်ငံသားတို့၏ အပြန်အလှန် တရား စွဲဆိုကြသော အမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပါးရိုက်ခံရသည်ဟု တရားစွဲဆိုသူ ဟိုတယ် ၀န်ထမ်း ဒေါ်အေးအေးကြည်က တရားရုံးပြောင်းရွှေ့ရန်လျှောက်ထားလာမှုနှင့် ပတ်သက်ပြီး အရှေ့ပိုင်းခရိုင်တရားရုံး တရားသူကြီးက လာမည့် ဧပြီလ ၂ ရက်နေ့တွင် အဆုံးအဖြတ် ပြုမည်ဖြစ်ကြောင်း ယင်းတရားရုံး၏ တရားခွင် ပြောဆိုချက်အရ သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်အတွက် သရုပ်ဆောင် ၁၄ ဦး ပဏာမရွေးချယ်
2012-03-24သတင်း-FRA
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်နေရာမှာ ဗိုလ်ချုပ်ဇာတ်ရုပ်အဖြစ် သရုပ်ဆောင်ဖို့ စာရင်းသွင်း လျှောက်ထားသူတွေထဲက ဆန်ခါတင် (၁၄) ဦးကို ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးအဖွဲ့က မနေ့က ရွေးချယ်လိုက်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားအတွက် ဇာတ်ညွှန်းရေးသားတဲ့အဖွဲ့ကို ရုပ်ရှင်ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း၊ မင်းထင်ကိုကိုကြီး၊ ဇာဂနာ တို့နဲ့အတူ စာရေးဆရာတွေဖြစ်တဲ့ ချစ်ဦးညို၊ ငြိမ်းမင်း ၊ ဇော်သက်ထွေးတို့နဲ့ ဖွဲ့စည်းခဲ့ပြီး ဇာတ်ညွန်းအတွက် ၀ိုင်းဝန်း အကြံပေးကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေမကောင်းသဖြင့် မြိတ်မြို့ မှာဆေးကုသမှုခံ
ယူနေရပါသည်။ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်းစရာမရှိကြောင်း လောလောဆယ်မှာ
တော့ ဒီကနေ့ အစီအစဉ် နံနက် ၁၁ နာရီနောက်ပိုင်းမှ သိရှိရမည်ဖြစ်ကြောင်း မြိတ်မြို့ 
မှ သတင်းပေးပို့ ထားပါသည်။
ဒေါ်အောင်ဆန်း စုကြည်၏ မြိတ်ကျွန်းစု ခရီးစဉ်
Saturday, 24 March 2012 19:21
522110_324540034266419_100001312745097_801729_395845125_nကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္သာရီတိုင်း  မြိတ်မြို့ ကို ယနေ့မတ်လ (၂၄) ရက်နေ့ 
Saturday, March 24, 2012
ဒဂုံဆိပ်ကမ်းမြို့ ကြံ့ဖွံ့ မဲဆွယ်ဖျော်ဖြေပွဲနှင့်သရုပ်ဆောင်အချို့
ဓါတ်ပုံ (facebook)
မတ်လ ၂၃ ရက်နေ့ ၂၀၁၂
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနဥယျာဉ်မြို့တော်တွင်ယနေ့ပြုလုပ်သောမဲဆွယ်
စည်းရုံးရေးပွဲ၌ဖျော်ဖြေနေသောသရုပ်ဆောင်တေးသံရှင်နန်းဆုရတီစိုး
Friday, March 23, 2012
လက်နက်တွေ လက်ပ်တော့နဲ့ လဲဖို့ လိုအပ်သလို ကျောင်းသားတွေကိုလဲ ကျောင်းပြန်တက်ခွင့် ပေးပါ
နိုင်ငံရေး အကျဉ်းသားဟောင်း ကိုရဲမြတ်ဟိန်း
သမ္မတကြီးရဲ့မိန့်ခွန်းထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲက လူငယ်တွေကို လက်ပ်တော့ ဘယ်အချိန် ကိုင်နိုင်မလဲ ဆိုတာကို သူ့အနေနဲ့
စဉ်းစား ပေးနေတယ်ဆိုရင် ကျနော်တို့ ကျောင်းသားတွေကိုလဲ ကျောင်းပြန်တက်နိုင်ဖို့ အတွက် ခွင့်ပေးလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့် နေပါတယ်လို့
ဇန်နဝါရီလ ၁၃ ရက်နေ့ သမ္မတရဲ့လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တက္ကသိုလ် ကျောင်းသား
ကိုရဲမြတ်ဟိန်းက တောင်းဆို လိုက်ပါတယ်။
ဖွဲ့စည်းပုံနှင့် မညီသည့် အစိုးရ လုပ်ရပ်များ ဦးရွှေမန်း ထောက်ပြ
ချင်းမိုင် (မဇ္ဈိမ) ။      ။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် အချို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ထောက်ပြ ပြောဆိုလိုက်သည်။
ထို့ကြောင့် အခြေခံဥပဒေနှင့် အညီလုပ်ဆောင်ရန် သောကြာနေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ကာ ဦးရွှေမန်း က တိုက်တွန်းလိုက်သည်။
သမ္မတ ဦးသိန်းစိန်သည် ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူများကို မဲဝယ်
သမ္မတ ဦးသိန်းစိန်သည် ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူများကို မဲဝယ်သော ပုံစံဖြင့် ငွေနှင့် လိုအပ်ချက်များ ထောက်ပံ့ပေးပြီး မဲဆွယ်စည်းရုံးမှု လုပ်ဆောင်ကြောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သတင်းထုတ်ပြန် လိုက်သည်။
ရန်ကုန်မြို့တွင် မတ်လ ၇ ရက်နေ့က မဲဆွယ် စည်းရုံးရေး လုပ်နေသော ကြံ့ခိုင်ရေး ပါတီဝင်များ (ဓာတ်ပုံ - Reuters)
ယမန်နေ့က NLD ၏ ထုတ်ပြန်ကြေညာချက်၌ သမ္မတဦးသိန်းစိန်က ဇမ္ဗူသီရိမြို့နယ် အောင်ချမ်းသာကျေးရွာမှ လယ်သမားများအား ကြိုတင်ထုတ်ပေးငွေများ ထုတ်ပေးရာတွင် “ခင်ဗျားတို့ တောင်းတာတွေ အကုန်လုပ်ပေးထားပြီးပြီ၊ ပြန်တောင်းဖို့ပဲရှိတော့တယ်” ဟု ပြောဆိုခဲ့ရာ လယ်သမားများက “ဟုတ်ကဲ့ သိပါတယ်” ဟု ပြန်လည် ပြောကြားခဲ့ကြောင်း 7 Day News ဂျာနယ် အတွဲ ၁၁၊ အမှတ် ၃ ကို ကိုးကားဖော်ပြထားပြီး ယင်းသို့ ပြောကြားချက်မှာ မဲဆွယ် စည်းရုံးရေးဟု အများက ယူဆကြောင်း NLD က ထောက်ပြထားသည်။
မြန်မာအစိုးရ ရိုးသားသင့်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ပြောဆို
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပွင့်လင်းမှုဟာ ခြွင်းချက်မရှိတဲ့ ပွင့်လင်းမှုမျိုး ဖြစ်သင့်တယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်အခြေစိုက် ANFREL ခေါ် ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့၊အကြီးအကဲ Somsri Hananuntasuk က ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
ရွေးကောက်ပွဲ လွတ်လပ်ရေး အာရှကွန်ရက်အဖွဲ့ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Somsri နဲ့ အဖွဲ့ဝင်နှစ်ဦးတို့ဟာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ကြရာမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညက Somsri ကို မြန်မာအာဏာပိုင်တွေက တိုင်းပြည်က နှင်ထုတ်ခဲ့ပြီး၊ သူ့လက်ထောက်နှစ်ဦးကို ဗုဒ္ဒဟူးနေ့မှာ နှင်ထုတ်ခဲ့ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ရွေးကောက်ပွဲ စောင့်ကြည့်မည့် ကွန်ရက်ဖွဲ့
မတ်လ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် (YPI)သတင်း
(ဓါတ်ပုံ အိမ့်ခိုင်ဦး)၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုကိုကြီး ရှင်းလင်းပြောဆိုနေစဉ်
 လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၈၈မျိုးဆက်ကျောင်းသားများမှ ဦးဆောင်ကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ရက်ဖွဲ့စည်းပြီး စောင့်ကြည့် လေ့လာသွားမည်ဟု သိရသည်။
ကိုမင်းကိုနိုင်က ယခုရွေးကောက်ပွဲသည် ၎င်းတို့အနေဖြင့်  မလွဲမသွေရင်ဆိုင်ရမည်ဖြစ်၍ ပန်းတိုင်တခု မဟုတ်သော်လည်း ဖြတ်သန်းရမည့် မှတ်တိုင်တခုဖြစ်သည်ဟု ပြောဆိုကာ “ရွေးကောက်ပွဲဟာ ဘယ်လောက် တရားမျှတသလဲ။ လွတ်လပ်ပြီး သန့်ရှင်းမှုရှိသလဲ ဆိုတာ စောင့်ကြည့်ဖို့ အထိုက်အလျှောက် တာဝန်ရှိတယ်လို့ ကျနော်တို့ ခံယူလို့ ဒီကွန်ရက်ကို ဖွဲ့စည်းထားပါတယ်” ဟု ပြောဆိုသည်။
စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းတွင် မြစ်ကြောင်းသွား ရေယာဉ်ခြောက်စင်းကို တည်ဆောက်သွားမည်
သတင်း-အဲလဲဗင်း
45111စစ်တွေမြို့တွင် တည်ဆောက်နေသော စစ်တွေဆိပ်ကမ်း
 တည်ဆောက်ရေး လုပ်ငန်းတွင် တန်ချိန် ၂၀၀၀၀ ရှိသော
 ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား တည်ဆောက်ရေး
 လုပ်ငန်းများအပြင် ကုလားတန်မြစ်ကြောင်း ဘက်စုံသယ်ယူ
 ပို့ဆောင်ရေးစီမံကိန်း၌ တန်ချိန်  ၃၀၀ရှိ ရေယာဉ်ခြောက်စင်း
 ကိုလည်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကုလားတန် မြစ်ကြောင်းသည် မိုးရာသီအတွင်း ရေစီးရေလာပြင်းသော မြစ်တစ်ခုဖြစ်သော်လည်း မြစ်အထက်ပိုင်းတွင်
 ကျောက်ဆောင်များ၊ သောင်များရှိသဖြင့် သောင်တူးခြင်းများကိုလည်း ပြုလုပ်သွားရမည်ဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲနှင့်ပါတ်သတ်ပြီး ဦးဌေးဦး နှင့်မေးမြန်းချက်နှင့်ပြည်သူ့အော်သံထင်မြင်ချက်
ဓာတ်ပုံ - ကောင်းထက်
 ကြော်ငြာကောင်းပြီး ပစ္စည်းမကောင်းရင် ကြုံတွေ့ရမယ့် ဆိုးကျိုးတွေကိုလည်း ပြည်သူတွေက နားလည်ကြပါတယ်- ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး
ရွှေယင်းမာဦး (မြန်မာ့တိုင်းမ်)
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)
ကျောက်ဖြူတွင် အိန္ဒိယ လုပ်သားများကို အရပ်သားများ တိုက်ခိုက်၍ ရဲက သေနတ်ပစ်ဖေါက် လူစုခွဲ
india-workers
ကျောက်ဖြူတွင် အိန္ဒိယ အလုပ်သမားများအား ကျေးရွာသားများက တုတ်၊ဓါး၊ လေးဂွများဖြင့် ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် ရဲအဖွဲ့က သေနတ်ပစ်ဖေါက်ကာ လူစုခွဲခဲ့ရကြောင်း သတင်း ရရှိသည်။
" ဖြစ်တာက မတ်လ ၂၀ ရက်နေ့ ညမှာ ကြက်တိန်ကျေးရွာ KP 14 လုပ်ငန်းခွင်မှာ ဖြစ်ပါတယ်။ ရွာသား ၆၀ ခန့်က အစောင့်တွေကို လေးဂွတွေနဲ့ စတင် တိုက်ခိုက်ရာကနေ ပြဿနာ ကြီးထွားလာတဲ့ အတွက် ရဲအဖွဲ့က မိုးပေါ်ကို သေနတ် သုံးချက်ပစ်ပြီး လူစု ခွဲခဲ့ရပါတယ်" ဟု ဒေသခံ လူငယ် တစ်ဦးက ပြောသည်။
ပြည်ပ ရင်းနှီးမြှုပ်နှံမှု မြန်မာ့ သဘာဝသယံဇာတနဲ့ မြေယာကို မနစ်နာစေသင့်
ရခိုင်ပြည်နယ်မှ သဘာဝ ဓာတ်ငွေ့များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ပို့ဆောင်မည့် ရွှေ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းအတွက် ကျောက်ဖြူမြို့အနီးတွင် စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်နေပုံ ဖြစ်ပါသည်။ (Photo: Shwe Gas Movement)
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ ၀င်လာပေမယ့် ဘဏ္ဍာရေးပိုင်းမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု ဆိတ်သုဉ်းနေတဲ့အတွက် တိုင်းပြည်ရဲ့ သဘာဝကျိန်စာပိုပြီး ဆိုးဝါးသွားတယ်လို့ Arakan Oil Watch ရခိုင်ရေနံစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီကနေ့ ထုတ်ပြန်တဲ့ " မြန်မာ့သယံဇာတ ကျိန်စာ" ခေါင်းစဉ်နဲ့ "ရေနံနှင့်သဘာဝဓါတ်ငွေ့ ဘဏ္ဍာငွေ ပွင့်လင်းမြင်သာမှု ပြဿနာများ" ဆိုတဲ့ စာမျက်နှာ ၆၀ ပါအစီရင်ခံစာမှာ အဲဒီလို ဖော်ပြထားပါတယ်။