Sunday, May 6, 2012

သြစတြေးလျအကူအညီ ထိရောက်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောဆို

2012-05-05 AFPNLD လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းဖြစ်ပါသည်။

 မြန်မာပြည်ရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သြစတြေးလျနိုင်ငံက ကူညီဆောင်ရွက်မှုတွေဟာ အကျိုးထိရောက်မှုရှိကြောင်း သြစတြေးလျကို ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက မနေ့က ပြောဆိုပါတယ်။



လာမယ့် တနင်္လာနေ့ကျရင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေ၊ လူသားချင်း စာနာကူညီမှုတွေကို လိုအပ်နေတဲ့ ပြည်သူတွေဆီ တိုက်ရိုက်ရောက်နိုင်တဲ့ နည်းလမ်းတွေ အသုံးပြုဖို့ အကြံပေးတိုက်တွန်းမှာ ဖြစ်တယ်လို့လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဆက်လက်ပြီး ဦးဖြိုးမင်းသိန်းက-

မွန်ပြည်နယ် ပေါင်ရဲစခန်းမှ စခန်းမှူးအပါဝင် ရဲအားလုံး၏ အာဂတိလိုက်စားမှုမှာ ကြားမကောင်းမြင် မကောင်း

06 May 2012

မွန်ပြည်နယ် ပေါင်ရဲစခန်းမှ စခန်းမှူးအပါဝင် ရဲအားလုံး၏ အာဂတိလိုက်စားမှုမှာ ကြားမကောင်းမြင်
မကောင်း အချုပ်သားတစ်ယောက်ကို အချုပ်ကထုတ်လျှင် ငွေ၂၀၀၀ကျပ်၊ ဧည့်တွေ့နှင့်ထမင်းလာပို့
လျှင် ၃၀၀၀ကျပ်၊ ၄၀၀၀ ကျပ်ပေးရပါတယ် မပေးနိုင်ပါက မတွေ့ရ ထမင်းမပို့ရ ဆိုပြီး ပေါ်ပေါ်တင်တင်
ငွေကြေးကောက်ခံနေသည်အတွက် အများပြည်သူနှင့် နိုင်ငံတော်အကြီးအကဲဆိုသူများ သိစေရန်
တင်ပြရခြင်းဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခြေလှမ်းက လက်တွေ့ နိုင်ငံရေး ကျင့်စဉ်ကို ထင်ဟပ်

Sunday, May 6, 2012 

by အား မာန် on Saturday, May 5, 2012 at 4:25am ·(သတင်းဆောင်းပါး)

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဖက် အုပ်ချုပ်သူများ၏ သံလက်သီးကို နှစ်ပေါင်း ၂ဝ ကျော် အာခံခဲ့သော်လည်း ကျင့်ဝတ်ကို ဘေးဖယ်သည့် သဘော သက်ရောက်သည့် တိုင်အောင် အလျှော့ပေး ညှိနှိုင်းမှုကို အားသန်လျက် ရှိသည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

ကချင်စစ်ပြေးဒုက္ခသည်များနေထိုင်ရန် ယာယီတဲစခန်း လုံလောက်မှုမရှိ

Sunday, May 6, 2012(ကေအိုင်စီ အလွတ်သတင်းထောက်)

ကချင်ပြည်နယ်တွင် ပြင်းထန်သည့် တိုက်ပွဲ အခြေအနေကြောင့် ကချင်စစ်ပြေးဒုက္ခသည်များ မိုးတွင်းနေထိုင်ရန် ယာယီတဲ၊ အဆောက် အအုံများအတွက် အကူအညီ လိုအပ်လျှက်ရှိသည်ဟု သိရသည်။
မိုးတွင်းရောက်လာပြီးဖြစ်၍ ဒုက္ခသည်စခန်းအတွင်း ရောက်ရှိနေကြသည့် စစ်ပြေးဒုက္ခသည်များ ခိုလှုံနေထိုင်သွားရန် ယာယီ တဲအိမ် အများအပြား လိုအပ်နေသေးကြောင်း ကချင်အမျိုးသမီးအဖွဲ့ တာဝန်ခံ မွန်းနေလီက ပြောသည်။

မြန်မာအမျိုးသမီး အခွင့်အရေး အမေရိကန်သံတမန် သွားရောက်ဆွေးနွေးမည်

စနေ, 05 မေ 2012


အမေရိကန်ပြည်ထောင်စု နိုင်ငံတကာအမျိုးသမီးရေး ဆိုင်ရာ သံအမတ်ကြီး Melanne Verveer ဟာ မေလ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ  မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းကို လာရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို အဓိကထား လေ့လာဆွေးနွေးမှာ ဖြစ်ပါတယ်။
သံအမတ်ကြီး Melanne Verveer ဟာ ရန်ကုန်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

မြန်မာအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းရန် အထက်လွှတ်တော်အမတ် Webb တောင်းဆို

 သောကြာ, 04 မေ 2012
အမေရိကန်ကွန်ဂရက် အထက်လွှတ်တော်မှာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ် ကိုယ်စားပြု အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်နဲ့ အဲဒီ ကော်မတီဝင် တစ်ဦးဖြစ်သူ ဂျိမ်းစ် အင် ဟိုဖ်တို့ ပူးတွဲပြီး မေလလေးရက်နေ့က နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် (Hilary Clinton) ဆီ ပေးပို့တဲ့စာထဲမှာ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ရုပ်သိမ်းပေးခြင်းဖြင့် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးထောက်ခံအားပေးဖို့ သမ္မတအိုဘားမား အစိုးရကို တောင်းဆိုထားပါတယ်။

မြစ်ကြီးနားဗုံးကွဲ ၃ ဦးထိခိုက်

 စနေ, 05 မေ 2012
ကချင်ပြည်နယ် မြစ်ကြီးနားမြို့လယ်နဲ့ ၂ မိုင်လောက်အကွာမှာရှိတဲ့ ရွှေလမ်းမကြီး နားမှာရှိတဲ့ တံတားတခုမှာ ဒီနေ့ မနက်အစောပိုင်းက ဗုံး ၂ လုံး ရှေ့ဆင့် နောက်ဆင့်ဆိုသလို ပေါက်ကွဲခဲ့လို့ ၃ ယောက် ဒဏ်ရာရသွားပါတယ်။ အစိုးရနဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်ဘဲ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေချိန်မှာ မြစ်ကြီးနားမြို့တဝိုက် ခုရက်ပိုင်းအတွင်း ဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲနေတာဖြစ်ပါတယ်။

ကြွေးမြီ ကန်ဒေါ်လာ သန်း၅၀၀ နီးပါးပြန်ဆပ်မှသာ အပြည်.အ၀ ဘဏ္ဍာရေးအကူအညီ ပြန်လည်ပေးအပ်ရန် ကူညီနိုင်မည်ဖြစ်ကြောင်း အာရှဖွံ.ဖြိုးရေးဘဏ်ဥက္ကဋ္ဌပြောကြား


မြန်မာနိုင်ငံဖွံ.ဖြိုးတိုးဆက်ရေးအတွက် အပြည်.အ၀ ဘဏ္ဍာရေးအကူအညီ ပြန်လည်ပေးအပ်ရန်စီစဉ်နေသော်လည်း မြန်မာ အစိုးရက ပေးဆပ်ရန်ကျန်ရှိနေသည့် ကြွေးမြီ ကန်ဒေါ်လာ သန်း၅၀၀နီးပါးပြန်လည်ပေးဆပ်မှသာ ရာနှုန်းပြည့်ကူညီနိုင်ဖွယ်ရှိကြောင်း အာရှဖွံ.ဖြိုးရေးဘဏ်ဥက္ကဋ္ဌ မစ္စတာဟာယူဟီကိုကိုရိုဒါကပြောကြားသည်။
အစိုးရအသစ်အနေဖြင့် သိသာထင်ရှားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ခဲ့ပြီး နောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ.ဖြိုးတိုးတက်မှု အတွက်ကူညီရန်

Friday, May 4, 2012

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးတက်ရောက် (ဗီဒီယိုသတင်း)




   
ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေးတက်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေ မေလ ၂ ရက်နေ့က လွှတ်တော်အစည်းအဝေးတက်ရောက်ပြီး ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ 
အဲဒီလို ကျမ်းသစ္စာ ကျိန်ဆိုရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ကျမ်းကျိန်စာသားကို တိုင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေးရဲ့ နောက်ဆုံးနေ့အဖြစ်ကျင်းပတဲ့ ဒီ လွှတ်တော်အစည်းအဝေး မှာ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေလည်း တက်ရောက်သတင်းယူခွင့် ရရှိခဲ့ကြပါတယ်။

ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များ EU ပါလီမန်သို့ သွားရောက်လေ့လာမည်


(မြစ်မခ)
မေ(၂)ရက်၊၂၀၁၂ခုနှစ်။

 
မြန်မာ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်  ဥရောပသမဂ္ဂပါလီမန်(EU ပါလီမန်)သို့ မေလ(၆) ရက်နေ့တွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။

ဂျာမနီ၊ ဘယ်ဂျီယံ၊ နော်ဝေး စသည့် နိုင်ငံသုံးနိုင်ငံ၏ လွှတ်တော်ဥက္ကဋ္ဌများ၏ ဖိတ်ကြားချက်အရ လွှတ်တော်ဖွဲ့စည်းပုံနှင့် စီးပွားရေးရင်းနှီးမြှပ်နှံမှုများ သွားရောက်လေ့လာမည်ဖြစ်ကြောင်းသိရသည်။

ဦးအောင်သောင်း၏ ဆောင်ရွက်ချက်အပေါ် KIO သံသယရှိ

ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၀၃ ရက် ၂၀၁၂
ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဆွေးနွေး တင်ပြ ချက် များကို နေပြည်တော် ထိပ်ပိုင်း အရာရှိ များထံ တင်ပြမှု ရှိမရှိ သံသယ ဝင်နေကြောင်း KIO ပြောခွင့် ရသူ ဦးလနန်က ပြောသည်။

“အမှန်တကယ် အထက်ကို တင်ပြမှု ရှိသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ကျနော်တို့ အခုတလော စုံစမ်းရရှိတဲ့ သတင်းတွေ အရ နေပြည်တော်မှာ ရှိတဲ့ အထက်ပိုင်း လူကြီးတွေ ကျနော်တို့ KIO က တင်ပြတဲ့ ငြိမ်းချမ်းရေး အဆင့် သုံးဆင့်ကို မကြား သိရဘူး ဆိုတဲ့ သတင်းတွေ ထွက်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

သံရုံးအချို့ နေပြည်တော် ပြောင်းမည်

ရန်ကုန်မြို့ ရှိ ဗြိတိန်သံရုံး(ဓါတ်ပုံ-Google Images)
ရန်ကုန်၊ မေ ၂မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန် မြို့တော်တွင် ဖွင့်လှစ်ထားသော သံလွင်လမ်းပေါ်ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးနှင့် ဗြိတိန်နိုင်ငံ သံတမန်ရေးရာ ညှိနှိုင်း ဆောင်ရွက်ရေးရုံး အပါဝင် သံရုံးအခိျု့သည် မကြာမီ နေပြည်တော်သို့ ပြောင်းရွှေ့ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သံရုံးမှ ဒုတိယ အတွင်းဝန်က မေလ ၂ ရက်နေ့တွင် The Voice Weekly သို့ ပြောကြားသည်။

ပြည်ထဲရေးနှင့် ကညန ပေါင်းပြီးဂွင်ရိုက်ကြပြီ

ယနေ့ မေလ(၃)ရက်နေ့  နေပြည်တော်မှာ ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးနေစဉ်
ပြည်သူတွေရဲ့ လုံခြုံမှုကို အစဉ်တစိုက် စောင့်ရှောက်နေသည်ဆိုပြီး "ကူညီပါရစေ" ဟု ဆိုင်းဘုတ်တပ်ထားသောမြန်မာနိုင်
ငံရဲတပ်ဖွဲ ၏  ကာကွယ်စောင့်ရှောက်မှုကြောင့် ကျွန်တော်နေထိုင်သော ၀န်ထမ်းအိမ်ရာတွင် သူခိုးခိုးခံရ၍ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်အပါ ၀င် မှတ်ပုံတင်နှင့် ငွေကြေးများ ပျောက်ဆုံခဲ့သည်မှာ ပြီးခဲ့သည့် ၁၀လပိုင်းကတည်းကဖြစ်ပါသည်။ 

Wednesday, May 2, 2012

သတင်းမီဒီယာသမားတွေကို ထပ်စော်ကားလိုက်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်

လယ်/ဆည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် (ဓါတ်ပုံ-Hot News)
    အများသိပြီးသားဖြစ်တဲ့ Hot news Journal မှာ ပြည်ထောင်စုဝန်ကြီးက လွှတ်တော်ကကောင်တွေ ဆယ်တန်းမအောင်ပါဘူးလို့ အစချီကာ မိုက်မိုက်ရိုင်းရိုင်းပြောထားခဲ့တဲ့ လယ်/ဆယ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကို လွှတ်တော်အမတ် (232)ယောက်ကနေ တောင်းဆိုချက်အရ လွှတ်တော်အခွင့်အရေးကော်မတီမှာ  ၂၉.၄.၂၀၁၂ ရက်စွဲပါ အစီအရင်ခံစာအတိုင်း ဧပြီလ ၃၀ ရက်နေ့ မှာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် က ရှင်းလင်းပါတယ် ။သူ့ရဲ့ ပြန်လည်ဖြေကြားချက်မှာ ဟိုပုတ်ခတ်ဒီပုတ်ခတ် (သူ့နဂိုရ် အကျင့်အတိုင်း)ပေါ့။ 

ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂသို့ လာရောက်ရန် ဘန်ကီမွန်း ဖိတ်ကြား

ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံအပြီး သတင်းထောက်များနှင့် တွေ့ရန် ထွက်အလာ
ဘန်ကီမွန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ 
(မေလ ၁ ရက်-၂၀၁၂)
 
မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မေလ ၁ ရက်နေ့ နံနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

“၈၈” မျိုးဆက်ကျောင်းသားများနှင့် ရပ်ဆောက်ပြည်သူလူထုတွေ့ ဆုံပွဲ


၁.၅.၂၀၁၂ရက်နေ့၊
အင်္ဂါနေ့၊မေဒေးနေ့
့တွင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့သို့
“၈၈” မျိုးဆက်ကျောင်းသားများဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ကိုကိုကြီး၊

ကို
ဂျင်မီ၊ကိုကျော်ဇေယျ၊ကိုထွန်းမြင့်အောင်၊ကိုပဏ္ဍိထွန်း၊ကိုဗသက်အောင်၊
မသက်သက်အောင်၊မမီ
းမီး၊မယုယုလှိုင်၊မနီလာသိန်း၊
မမာမာဦး၊မခင်မိုးအေးတို့အပါ
အ၀င် “၈၈” အခြားကျောင်းသားတို့သည်
 နံနက် ၁၀း၀၀ ခန့်တွင်ရောက်ရှိလာပါတယ်။

Tuesday, May 1, 2012

ဘန်ကောက် ဘီဘီစီရုံးရှေ့တွင် မြန်မာများ ဆန္ဒပြ

နိရဉ္စရာ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဘီဘီစီ ရုံးရှေ့တွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့်က ဧပြီလ ၂၉ ရက် တနင်္ဂနွေနေ့က သွားရောက် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြရသည့် အကြောင်းအရင်းမှာ ရခိုင်ပြည်နယ် မြေပုံနေရာတွင် ရခိုင်လူမျိုးများ၏ ဓါတ်ပုံကို မဖေါ်ပြဘဲ ဘင်္ဂလာဒေခ်ျ့မှ အခြေချ ၀င် ရောက်နေထိုင်သူ ဘင်္ဂလီများ ဓါတ်ပုံကို ရိုဟင်ဂျာ အမည်ဖြင့် ဖေါ်ပြ ခဲ့၍ ဖြစ်ကြောင်း ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုအန်းမောင်က ပြော သည်။

Monday, April 30, 2012

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်

Inline image 2ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် Hot News Journal သို့ ဖြေကြားခဲ့သည့် အင်တာဗျူးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်များအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်နေစဉ်။
ဦးမြင့်လှိုင်သည် မတ်လ ၂၃ ရက်နေ့ထုတ် Hot News Journal အင်တာဗျူးတွင် “လွှတ်တော်ကိုယ်စားလှယ် ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ်
၁၀တန်းမှမအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများခလုတ်နှိပ်ဆိုနှိပ်တယ်။
သူမှဘာမှမသိတာ။ ဘာတွေ ပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ
” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်အစည်းအဝေး မေလ ၂ ရက်နေ့ ကို ရွှေ့ ဆိုင်း

Photo - Google Images
နေပြည်တော် ဧပြီ ၃၀
လာမည့် မေ ၂ ရက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သီးသန့်အစည်းအဝေးများ ကျင်းပကောင်းကျင်းပနိုင်ကြောင်း ယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အခမ်းအနားမှူးက တစ်နာရီဝန်းကျင်တွင် ကြားဖြတ်ကြေညာသွားသည်။ မေ ၂ ရက်တွင် အစည်းအဝေးများ ကျင်းပ၊ မကျင်းပနှင့်ပတ်သက် ၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှစ်ဦး သီးသန့် ဆွေးနွေးပြီးကြေညာမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်၌ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိန့်ခွန်းပြောကြားစဉ် (Photo: AFP)

အဖွဲ့အစည်းများကြားတွင် မတူကွဲပြားမှုများ ရှိကြသည်ဆိုသည်မှာ ထူးဆန်းသည့် ကိစ္စမဟုတ်ကြောင်း ထိုသို့ မတူကွဲကွဲပြားမှုများသည် ကြီးမားနိုင်သလို အသေးအမွှားလည်း ဖြစ်နိုင်ကြောင်း ၊ ယခု ကျမ်းသစ္စာကျိမ်ဆိုမှုနှင့် ပတ်သက်သည့် ကိစ္စနှင့်တူကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်က ယနေ့ လွှတ်တော်၌ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်ဟု Eleven Media Group - Facebook အင်တာနက်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။