Wednesday, May 30, 2012

ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး

မြန်မာနိုင်ငံထဲ လတ်တလော ဖြစ်နေတဲ့  ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ကြ ဖို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ဒီကနေ့ နိုင်ငံရေးပါတီတချို့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာမှာ နိုင်ငံရေးပါတီ တချို့က ၀င်ရောက် စွက်ဖက်မှုတွေ ရှိနေတယ်လို့  အလုပ်သမား ၀န်ကြီးဌာနကို တိုင်ကြားလာတာတွေ ရှိတဲ့အတွက် အခုလို ခေါ်ယူ တွေ့ဆုံရတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်၊

ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းမှတ် မိန့်ခွန်းပြောမည်


ဓာတ်ပုံ ASSOCIATED PRESS

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ အထူး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း အိန္ဒိယ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အနေ နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပါဝင် လုပ်ဆောင်နိုင် တာတွေ ရှိပြီး အိန္ဒိယနဲ့ ဆက်ဆံရေး ပိုပြီး နီးကပ်လာမယ့် အလားအလာအပေါ် ၀မ်းသာမိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောခဲ့ပါ တယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မည်။



အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းဟာ မနေ့တုန်းက မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကိစ္စတွေကို အလေးပေးဆွေးနွေးသွားပါတယ်။ ဒါ့အပြင် အိန္ဒိယအနေ နဲ့ မြန်မာနိုင်ငံတွင်း IT နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးရော နည်းပညာအရပါ ကူညီသွားဖို့ အိန္ဒိယ၀န်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။

ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား

RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက လျှပ်စစ်မီးရရှိရေးနှင့် အလုပ်သမားအခွင့်အရေးတောင်းဆိုမှုကိစ္စအား ဆွေးနွေးနေစဉ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ၀ိုင်းဝန်း ကူညီပါဝင်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပန်ကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး



RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အနှစ်နှစ်ဆယ်ကျော် ကာလ အတွင်း မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးပြည်ပ ခရီးစဉ် အဖြစ်ထိုင်းနိုင်ငံသို့ထွက်ခွာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဗန်ကောက်သို့ ထွက်ခွာရန် ယနေ့ ညနေ၆း၄၅မိနစ်တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။, ဒေါ်အောင်ဆန်းစုကြည်သည် TG-306 လေယာဉ်ဖြင့် Business Class တွင် လိုက်ပါကြောင်းသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် အမတ် ဒေါ်စန္ဒာမင်း ၊ ကိုယ်ရေး အရာရှိ ဒေါက်တာ ဒေါ်ငယ်ငယ် ၊ကိုစိုးဝင်း (လုံခြုံရေးအရာရှိ) တို့လိုက်ပါသွားကြောင်း သိရသည်။ ဦးခွန်သာမြင့် သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ကြိုတင်ရောက်ရှိ ကာ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ ကို လာရောက် ကြိုဆိုမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း


(Please find the English version of this article at the end of this Burmese version.)
တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း
မကြာသေးခင်က ဂူဂယ်အပ် (Google Earth) internet မြေပုံမှာ ၂၀၁၀ ခုနှစ်၊ မေလက ဂြိုဟ်တုမှ ရိုက်ထားသော စက်တလိုက် satellite ဓါတ်ပုံထဲမှာ စိတ်ဝင်စားဖွယ်ရာ နေရာ (site) တစ်ခုကို မြင်လိုက်ရမိသည်။ ထိုနေရာတွင် ကွန်တို (ခေါ်) လှေခါးထစ် သဖွယ် တောင်ကုန်းများကို ဖြတ်ဖေါက်ထားသော သတ္တုတွင်း (contour strip mine) ကို မြင်နေရသည်။ တောင်ကုန်း တောင်တန်း အတွင်းရှိ မြေအောက် သတ္တုကြောကို ထိအောင် အပေါ်ယံ မြေသားကို လှန်ထပ် ဖယ်ရှားကာ မြေပြင်ကို လှေခါးထစ် အဖြစ် ဖေါက်တည်ထားသည်။

ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ သတင်းအချက်အလက် ထုတ်ပြန်မှု အလွန်နည်းပါး

ဘုန်းသော်ဇင် | အင်္ဂါနေ့၊ မေလ ၂၉ ရက် ၂၀၁၂

မြန်မာနိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများမှ တရားဝင် လွှင့်တင်ထားသော အင်တာနက် ဝက်ဘ် စာမျက်နှာအများစုမှာ သတင်းအချက်အလက် ထုတ်ပြန်မှု မရှိသလောက် နည်းပါးကြောင်း လေ့လာ တွေ့ရှိ ရသည်။

ယခုအစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၃၄ ခုရှိပြီး အဆိုပါ ဝန်ကြီးဌာနများအနက် ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ပြန်ကြားရေး နှင့် အမှတ်(၂) လျှပ်စစ် ဝန်ကြီးဌာန ၄ ခုတို့မှာ သတင်း ထုတ်ပြန် ရန် အင်တာနက် ဝက်ဘ်စာမျက်နှာပင် တရားဝင် လွှင့်တင်ထားခြင်း မရှိ ပေ။

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ

ကျော်ခ on May 29, 2012

Yangon Crown သံမဏိ စက်ရုံမှ အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြ နေသည်ကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦး အထိ ရှိသွားပြီ ဖြစ် ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။ အခြေခံလစာ တိုး မြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယ မြောက် နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ

ပါဖောမန့်ပြသူ အနုပညာရှင်များ တရားစွဲခံရ

Tuesday, May 29, 2012

မန်းသားလေး on May 29, 2012
နှစ်နိုင်ငံအနုပညာဖလှယ်ရေး အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပါဖောမန့် ပြသနေသည့် မြန်မာ အနုပညာရှင် မိုးစက် (ဓာတ်ပုံ - မိုးစက်၏ facebook မှ)

မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပါဖောမန့်စ် (Performance) ပြခဲ့သည့် အနုပညာရှင် ၇ ဦးအား ယနေ့ တရားစွဲကာ ၃၁ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

Tuesday, May 29, 2012

၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက်နိုင်ငံတကာမှ လာရောက်ကူညီတော့မည်


ပွင့်လင်းမြင်သာသောမြန်မာ နိုင်ငံကျင့်သုံးနေသည့် ဒီမိုကရေစီ  စနစ်အရယခုလက်ရှိတွင်ဖြစ်ပေါ်  နေသောမြန်မာနိုင်ငံလျှပ်စစ်မီးပုံမှန်  ရရှိရေးမြန်မာနိုင်ငံသားတို့၏ ဆန္ဒ ပြတောင်းဆိုမှုအား နိုင်ငံတကာ  မှ ကူညီရန်နှင့် ရန်ကုန်မြို့တော်  ၂၄ နာရီလျှပ်စစ်မီးရရှိစေရန် အမေရိကန်နိုင်ငံမှ General Electric Co,Ltd,Cater Pillar Co,Ltd တို့မှလာရောက်ကူညီနေပြီဖြစ် ကြောင်း သိရသည်။
၎င်းအပြင် ဂျပန်၊ ကိုရီးယား၊ စင်ကာပူနိုင်ငံတို့မှလည်း လျှပ်စစ်   ထုတ်လုပ်သည့်နည်းပညာပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်မြို့တော် ၂၄ နာရီမီးရရှိ ရေးအတွက် စင်ကာပူနိုင်ငံမှ  2 MW ထုတ်လုပ်ပေးနိုင်သော မီး စက် ၆ လုံး၊ 1 MW ထုတ်လုပ်ပေး နိုင်သော

အစာငတ်ခံ ဆန္ဒပြသည့် မှော်ဘီ သံမဏိစက်ရုံအလုပ်သမား ၂ဦး ဆေးရုံပို့ထားရ

မေလ ၂၈ရက်၊ ၂၀၁၂။ နော်ဆဲကလယ် (ကေအိုင်စီ)
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် မြောင်းကတာကျေးရွာရှိ ရန်ကုန်သရဖူ(Yangon Crown) သံမဏိစက်ရုံမှ အလုပ်သမားများ လေးရက် မြောက်နေ့အဖြစ် အစာငတ်ခံဆန္ဒပြနေကြရာ ၂ဦးမှာ မှော်ဘီဆေးရုံသို့ တင်ပို့ထားရပြီး ကျန် ၂ဦးကိုမူ ခေတ္တ အနားပေးထားရသည်။
လွန်ခဲ့သည့် ၂၀ရက်(တနင်္ဂနွေနေ့)မှ စတင်၍ ၎င်းစက်ရုံရှိ အလုပ်သမား ၃၀၀ကျော်က လုပ်ငန်းရှင်ထံသို့ အချက် ၁၃ချက်ပါ တောင်းဆို ချက်များကို တင်ပြထားသော်လည်း

"မြန်မာတွေသာ ရပါစေ"

အိန္ဒိယ-မြန်မာ စီးပွားရေးသဘောတူညီမှုတွေရရှိ


ဓာတ်ပုံ ASSOCIATED PRESS

မြန်မာနိုင်ငံကို သုံးရက်ကြာခရီးစဉ်နဲ့ရောက်နေတဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Manmohan Singn ဟာ ဒီကနေ့မှာတော့ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူပူးပေါင်းနိုင်မယ့် လုပ်ငန်းစဉ်တွေကို ညှိနှိုင်းဆွေးနွေးတာနဲ့ နှစ်ဘက်သဘောတူညီချက်စာချွန်လွှာ လက်မှတ်ရေးထိုးတာတွေ လုပ်ခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Manmohan Singn ဟာ မနက်ဖြန် မှာတော့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာ တွေ့ဆုံကြမှာ လည်း ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံ ကမ္ဘာ့စီးပွားရေးဖိုရမ် မတက်ဖြစ်တော့

ဝေစန္ဒာ | တနင်္လာနေ့၊ မေလ ၂၈ ရက် ၂၀၁၂

သမ္မတ ဦးသိန်းစိန်သည် မတ်လ ၃ဝ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် မ သေ ချာတော့ကြောင်း သမ္မတရုံးနှင့် နီးစပ်သူ အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။

ဦးသိန်းစိန် အနေဖြင့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ မတက်ရောက်ဖြစ်တော့သော်လည်း အလည်အပတ်အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက် နိုင်ကြောင်း သမ္မတ ရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။

ကျောက်ကြီးသို့ နော်ဝေ ဒုနိုင်ငံခြားရေးဝန်ကြီး သွားရောက်

သတင်း(ကေအိုင်စီ)
အိမ်ယာမဲ့နေသူများအရေး ကူညီဆောင်ရွက်ရန် နော်ဝေနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး(Torgeir Larsen) နှင့် အဖွဲ့သည် ယနေ့ (မေ လ ၂၈ရက်နေ့)တွင် ပဲခူးတိုင်းဒေသကြီးရှိ ကျောက်ကြီးမြို့သို့ သွား ရောက်ခဲ့သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်များက ပြောသည်။

“မနက်ဖြန် ၉နာရီ ရန်ကုန်က စထွက်မယ်။ လ၀က (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန) ၀န်ကြီးဦးခင်ရီနဲ့ ကရင်အမျိုး သားအစည်းအရုံးဖက်က ဦးထူး ထူးလေးတို့လည်း ပါမယ်”ဟု ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ယမန်နေ့က ပြောခဲ့သည်။

Sunday, May 27, 2012

ရန်ကုန် လျှပ်စစ်မီးရရှိရေး စတုတ္ထနေ့ ဆန္ဒထုတ်ဖော်ခဲ့

Sunday, May 27, 2012

နော်ဆဲကလယ် (ကေအိုင်စီ)
လျှပ်စစ်မီး အပြည့်အ၀ ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို ယမန်နေ့(မေလ ၂၅ရက်နေ့)က စတုတ္ထနေ့အဖြစ် ရန်ကုန်မြို့တွင် ဆက်လက် စီတန်းလှည့်လည်ခဲ့ကြသည်။

ဆူးလေဘုရားလမ်းရှိ လက်ရွေးစင် လက်ဖက်ရည်ဆိုင်ရှေ့မှ ည ၇နာရီတွင် လူ ၂၀၀ကျော်ခန့်မှ ဆောင်ပုဒ်များ၊ ဖယောင်းတိုင်မီးများ ကိုင် ဆောင်ကာ မီးပွိုင့်ကို ဖြတ်ကျော်ပြီး ဆူးလေးမီးသတ်အရှေ့မှ ဆူး လေအ၀ိုင်းပတ်လမ်းသို့ နှစ်ယောက်တစ်တွဲစီဖြင့် လက်ဝဲရစ် သုံးပတ် လှည့်လည်ကြပြီးနောက် ကြာသပတေးနံ ဂြိုလ်ထောင့်သို့ သွားရောက်ကာ ဆီမီးပူဇော်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ



(Photo: AFP)
ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP)

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့အတူ နယ်စပ်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေက လာတဲ့သတင်းတွေအရ သိရပါတယ်။

သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်

နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်အေကို ပြောဆိုပါတယ်။