Friday, June 8, 2012

လက်တလောဖြစ်ပေါ်နေတဲ့ အရေးအခင်းများအပေါ် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်


Aung San Suu Kyi talks to Myanmar Muslims leaders at the National League for Democracy head office in Yangon June 6, 2012. REUTERS
  ဒီလိုပြသနာတွေ ဖြစ်လို့ရှိရင် ကျမရဲ့ အတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်... နံပါတ်တစ်က တရားဥပဒေစိုးမိုးရေးပေါ့၊ နံပါတ်နှစ်က လှုံဆော်တဲ့သူများရှိလားဆိုတဲ့ စိုးရိမ်ပူပင်မှုပါပဲ...

တစ်သောင်းကျပ်တန် ဇွန်လ၁၅ရက် ထွက်ရှိမည်



မြန်မာနိုင်ငံတော် ဗဟိုဘဏ် တစ်သောင်းကျပ်တန်ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ခုနှစ်၊ ဇွန်လ၁၅ရက်နေ့တွင်
စတင် ထုတ်ဝေပါမည်။ငွေစက္ကူကိုပြည်သူများအား ဘဏ်ဖွင့်ချိန်အတွှင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွှင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွှင် လည်းကောင်း ထုတ်ပေးပါမည်။

တပ်မတော်၏ နိုင်ငံရေးမှ နောက်ဆုတ်မည့် ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော



မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

Wednesday, June 6, 2012

၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း

ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့လုပ်နေတဲ့သူတွေရဲ့အန္တရယ်ကိုလည်းကျွန်တော်တို့ကာကွယ်တာဆီး၇မှာဖြစ်သလိုရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသောအစ္စလာမ်ဘာသာဝင်တွေကိုစည်းခြားဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း
မေး။ ။ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော
ဘယ်လိုရှုမြင် ပါသလဲ။

ရန်ကုန် မူစလင်တချို့ ဆန္ဒပြ

ဆန္ဒပြမှု ဖြစ်ပွားနေသော အစ္စလာမ် ဘာသာဝင်များကို 
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက လာရောက် ဖြန်ဖြေပေးနေစဉ်။


ရန်ကုန်မြို့မှာ ဇွန်လ ၅ ရက်၊ အင်္ဂါနေ့ နေ့လယ်ပိုင်းက အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒပြခဲ့ကြပါတယ်။ ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းတခုအပေါ် မကျေနပ်ကြ တာကြောင့်ရယ်၊ တောင်ကုတ်နဲ့ ရမ်းဗြဲမြို့တွေမှာဖြစ်ခဲ့တဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကို တရားဥပဒေ အရ စုံစမ်းစစ်ဆေးပြီး အပြစ်ပေး အရေးယူဖို့ရယ် တောင်းဆို ဆန္ဒပြခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၄ ရက်နေ့တုန်းကတော့ ပြည်ထောင်စုအစိုးရ သာသနာရေးဝန်ကြီးက အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့မှာတွေ့ဆုံပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေအတွက် ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။

Monday, June 4, 2012

မီဒီယာများနှင့်ပူးပေါင်း၍ မြန်မာပြည်ပြောင်းလဲမှု့များအားယုံကြည်လာစေရန်သတင်းများဖေါ်ပြ၊ မိမိတိုင်းပြည်တွင်အဓိက ပြည်သူများအားကာကွယ်စောက်ရှောက်သည့်တရားမျှတသည့်ဥပဒေ၊မပြောင်းလည်းသရွေ့

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ရာခိုင်နှုန်း ၉၀ ယုံကြည်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် ရုပ်သံတစ်ခုမှ တာဝန်ရှိသူပြောကြား




မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် ရာခိုင်နှုန်း ၉၀ ယုံကြည်ကြောင်း ဂျပန်နိုင်ငံအခြေစိုက် Mainichi Broadcasting System, Inc. တာဝန်ရှိသူ တစ်ဦးဖြစ်သူ Mr.Makoto Yamanaka က မြန်မာပို့စ်သို့ ပြောကြားသည်။
ဂျပန်နိုင်ငံတွင် ထင်ရှားကျော်ကြားသည့် အဆိုပါရုပ်သံဌာနသည် ရန်ကင်မြို့နယ်ရှိ မြန်မာပို့စ်ဂျာနယ်ရုံးသို့ လာရောက်လေ့လာပြီး ဂျပန်နိုင်ငံတွင် ထုတ်လွှင့်ပြသရန်

ထိုင်းနိုင်ငံ ခရီးစဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုရှိ


AFP
(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး ပြည်ပရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံ ၆ ရက်တာ ခရီးစဉ်အပြီး ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က ရန်ကုန်လေဆိပ်ကို ပြန်လည်ရောက်ရှိလာစဉ်။ 
2012-06-03
(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးစဉ် ပြီးဆုံးသွားပြီး ဒီကနေ့ မနက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိလာပါတယ်။

ဒါရိုက်တာဝိုင်း၏ လယ်သမားအရေး ရုပ်သံမှတ်တမ်းများဖျက်ဆီးခံရ

ဇွန်၃၊၂၀၁၂ (EVB) - တောင်သူလယ်သမားများ၏ ဖြစ်ရပ်မှန် ဘ၀များကို ဇာတ်လမ်းတိုရိုက်ကူးနေသည့် ဒါရိုက်တာ ၀ိုင်း၏ အဖွဲ့မှ ကင်မရာသမား ကိုပိုက်နှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်သူ ဦးနေလင်းဦးနှင့် တို့အား  ပြင်ဦးလွင်ရဲတပ်ဖွဲ့မှ ပြင်စာရဲစခန်းသို့ ဇွန်လ၁ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကာ မှတ်တမ်းတင် ဗွီဒီယိုရုပ်သံမှတ်တမ်းများအား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ကာကွယ်ရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးလှမင်း အပြောထက် လက်တွေ့လုပ်ငန်းစဉ်များဖြင့် တိုင်းရင်းသားငြိမ်းချမ်းရေးကိုတည်ဆောက်သင့်၊တိုင်းရင်းသားအရင်းအချာများဖြစ်သည့်ကချင်၊ကရင်၊စသောနယ်မြေများစစ်ရေးရပ်ဆိုင်းသင့်၊အနောက်ဘင်္ဂလီများကျုးကျော်ဝင်ရောက်နေမှု့နှင့်တရုတ်များ၏တံခါးမရှိဓါးမရှိ လူမျိုးဝါးမျိုမှု့ များတားဆီးသင့်၊စစ်သားကောင်း၊ယောင်္ကျားကောင်း၊တပ်မတော်ကောင်းဖြစ်လာအောင်၊ပြည်သူချစ်သောစစ်တပ်ဖြစ်လာစေရန် စကားနိုင်လုနေခြင်းထက်လက်တွေ့လုပ်ရပ်များလုပ်ဆောင်သင့်


RFA
စကာင်္ပူနိုင်ငံမှာ ကျင်းပတဲ့ ၁၁ ကြိမ်မြောက် အာရှလုံခြုံရေး ညီလာခံမှာ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း က ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က စကားပြောဆိုနေစဉ်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် စစ်တပ်က ရာနှုန်းပြည့် ထောက်ခံ

2012-06-02
မြန်မာ့တပ်မတော်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအပေါ် ရာနှုန်းပြည့် ထောက်ခံပြီး၊ အရပ်သားအစိုးရရဲ့အမိန့်ကို ဆက်လက်နာခံ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက စနေနေ့က ပြောကြားလိုက်ပါတယ်။

Sunday, June 3, 2012

သမ္မတသိန်းစိန် တနှစ်ပြည့်မိန့်ခွန်းပြောဆိုခဲ့စဉ်က''မိဘပြည်သူ''ဟုပြောဆိုခဲ့သော်လည်းယခု ပြည်ထောင်စုဝန်ကြီးအောင်မင်းပြည်သူများကို သူ့သားသမီးဟုသဘောထားပြောဆိုခဲ့ "

နိုင်ငံသားများ၏ စားဝတ်နေရေ မရှင်းနိုင်ဘဲ မအုပ်ချုပ်ဟု ဦးအောင်မင်းဆို

ရန်ကုန်၊ ဇွန် ၃

နိုင်ငံသားများ၏ စားဝတ်နေရေးကို မဖြေရှင်းပေးနိုင်ဘဲ အစိုးရတစ်ရပ် အနေနှင့်အုပ်ချုပ်သွားမည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြားလိုက်သည်။

ရန်ကုန်မြို့တော်၊ Chatrium ဟိုတယ်တွင် ယနေ့နေ့လည်ပိုင်းက ပြုလုပ်သော အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံရေးပါတီများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့် ပါဝင်ပတ်သက်သူများ စုပေါင်းဆွေးနွေးပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ရှေ့နေများကွန်ယက်"၏ ဥပဒေရေးရာဆွေးနွေးပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဖတ်ကြားခဲ့သောစာတမ်း

ကိုကိုကြီး
၈၈မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း - ၀၁- ၅၇၇ ၆၅၆
Email- 88generation.k3@gmail.com
ရက်စွဲ- ၁၊ ဇွန်၊ ၂၀၁၂
နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာ နှင့် တရားဥပဒေ စိုးမိုးရေး
         
          နိုင်ငံတော် ဆိုသည့် စကားရပ်သည် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများတွင် ကြိမ်ရေအများဆုံး သုံးစွဲသည့် ဝေါဟာရဖြစ်မည်ထင်သည်။ ရာစုနှစ်ဝက်ခန့်ရှိသည့်တိုင် နိုင်ငံသားများအနေဖြင့် အဓိပ္ပါယ်ဗလုံး ဗထွေး ဖြင့် ဖတ်ခဲ့၊ ကြည့်ခဲ့၊ ကြားခဲ့ကြရပြီးဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် လူထုကိုချစ်သော ဒေါ်အောင်ဆန်းစုကြည်အား လူထုကချစ်သည်မှာ သဘာဝကျပါသည်

ပြည်တွင်းငြိမ်းချမ်းရေး နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
၀၃ ဇွန် ၂၀၁၂

ယနေ့ ကမ္ဘာသည် ခေတ်မီနည်းပညာ အသစ်များဖြင့် အရှိန်အဟုန်ပြင်းစွာ ပြောင်းလဲ တိုးတက်နေပေရာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ခေါင်းအေးအေးထားပြီး သုံးသပ်ကာ  မှန်ကန်ယုံမက တိကျမြန်ဆန်ရန် အရေးကြီးပေသည် ။ လာဘ်စားလိုသော မော်တော်ပီကယ်တစ်ယောက် လို လမ်းလယ်ခေါင်ရပ်ပြီး ကားများကို လမ်းပြသကဲ့သို့ ဟိုတစ်စီး ကရပ်ပြီး နောက်တစ်စီးကို သွားခိုင်း၍ မဖြစ်နိုင်ပါ ။ ဆိုလိုသည်မှာ နိုင်ငံရေးက မီးနီ မိနေပြီး စီးပွားရေးကို မီးစိမ်းပြ၍ ဘယ်လိုမှ မဖြစ်နိုင်ပါ ။

ဒေါ်အောင်ဆန်းစုကြည် မယ်လစခန်း သွားရောက်

စနေ, 02 ဇွန် 2012

 


ဓာတ်ပုံ ASSOCIATED PRESS
မယ်လဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်များကို နှုတ်ဆက်နေစဉ်။ (ဇွန်လ ၂ ရက်၊ ၂၀၁၂)

By မအေးအေးမာ

ထိုင်း-မြန်မာနယ်စပ်၊တက်ခ်ခရိုင် မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တာဝန်ရှိသူတွေ၊ ထိုင်း အာဏာပိုင်တွေအပြင် မြန်မာ NGO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် တက်ခ်ခရိုင်အတွင်းမှာရှိတဲ့ အကြီးဆုံး ဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီးတော့ ဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာခဲ့ပါတယ်။

မဲဆောက်မြို့ လေယာဉ်ကွင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့မြောက်ဘက်(၆၅)ကီလိုမီတာအကွာမှာရှိတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေရှိတဲ့ မယ်လဒုက္ခသည်စခန်းကို သွားရောက် ခဲ့ပြီးအပြန်မှာ မဲဆောက်လေယာဉ်ကွင်း ဧည့်ဆောင်မှာ သူ့ခရီစဉ်နဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာတိုင်းရင်းသားဒုက္ခသည်တွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံစလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်ကြောင်း အခုလိုပြောပါတယ်။

အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး တိုးတက်အောင်လုပ်မည်

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ စစ်ဘက်ဆက်ဆံရေးကို ပိုပြီး ကောင်းမွန်အောင် လုပ်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က ပြောလိုက်ပါတယ်။ နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးအဖွဲ့ IISS က စင်ကာပူမှာ စီစဉ်လုပ်တဲ့ အာရှဒေသ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ Shangri-la Dialogue မှာ ကာကွယ်ရေးဝန်ကြီး Panetta က ပြောသွားတာဖြစ်ပါတယ်။

ဒုက္ခသည်များ၏ အခက်အခဲ ဒေါ်အောင်ဆန်းစုကြည် စုံစမ်းလေ့လာ

လင်းသန့်|

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ ယနေ့နံနက် ထိုင်းစံတော်ချိန် ၁၀ နာရီခွဲခန့်က လာရောက်ခဲ့ပြီး ထိုင်းတာဝန်ရှိသူများ၊ ဒုက္ခသည် ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ မြန်မာ ဒုက္ခ သည်များအရေး မေးမြန်းစုံစမ်း လေ့လာသွားကြောင်း သတင်းရရှိသည်။

ကျောက်ဖြူလူထု မိုးရေကြားထဲ မသီတာထွေးအတွက် သွားရောက် ဆန္ဒပြ

နိရဉ္စရာ

ကျောက်ဖြူမြို့လူထု ၂၅၀ ခန့်သည် ယနေ့ နံနက်က မိုးရွာနေသည့်ကြားထဲမှ ထီးကိုယ်စီ ဆောင်းပြီး ရခိုင်ဝန်ကြီးများ တည်းခိုနေရာ ဆောက် လုပ်ရေး ရိပ်သာထိ ချီတက်ပြီး မသီတာထွေး သေဆုံးမူ အ တွက် မကျေနပ်ကြောင်း ထုတ်ဖေါ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

Wednesday, May 30, 2012

ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး

မြန်မာနိုင်ငံထဲ လတ်တလော ဖြစ်နေတဲ့  ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ကြ ဖို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ဒီကနေ့ နိုင်ငံရေးပါတီတချို့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာမှာ နိုင်ငံရေးပါတီ တချို့က ၀င်ရောက် စွက်ဖက်မှုတွေ ရှိနေတယ်လို့  အလုပ်သမား ၀န်ကြီးဌာနကို တိုင်ကြားလာတာတွေ ရှိတဲ့အတွက် အခုလို ခေါ်ယူ တွေ့ဆုံရတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်၊

ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းမှတ် မိန့်ခွန်းပြောမည်


ဓာတ်ပုံ ASSOCIATED PRESS

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ အထူး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း အိန္ဒိယ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အနေ နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပါဝင် လုပ်ဆောင်နိုင် တာတွေ ရှိပြီး အိန္ဒိယနဲ့ ဆက်ဆံရေး ပိုပြီး နီးကပ်လာမယ့် အလားအလာအပေါ် ၀မ်းသာမိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောခဲ့ပါ တယ်။