Tuesday, July 3, 2012

သူရ ဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ပထမဆုံးအကြိမ် တွေ့ဆုံ


Photo:၈၈ မျိုးဆက်ကျောင်းသားများ (ပြန်ကြားရေး)
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံစဉ်။

မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ အချင်းချင်း ယုံကြည်မှုတွေ ရရှိကြပြီး အထွေထွေ သဟဇာတ ဖြစ်မြောက်ရေးအတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြ ပါတယ်။

ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် မြန်မာဘင်္ဂလီများကို လက်ခံရန် အတည်ပြု

 မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ဇူလိုင် ၁ ရက်မှ ၂ ရက်နေ့အထိ ဒက္ကားမြို့မှာ ကျင်းပနေသည့် အစည်းအဝေးတွင် မြန်မာ့ ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့က မြန်မာ့ဘင်္ဂလီများအား လက်ခံရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလာမှ နိုင်ငံခြားရေးဝန်ကြီး Mijarul Quaves ဦးဆောင်သော အဖွဲ့တို့ ယမန်နေ့က အစည်းအဝေးတွင် မြန်မာ့ဘင်္ဂလီများကို လက်ခံရန် တင်ပြချက်အား ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့က လက်ခံအတည်ပြုလိုက်ကြောင်းဖြစ်သည်ဟု Mijarul Quaves ၏ ပြောရဲဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

Monday, July 2, 2012

ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ ၉ ရက် လွှတ်တော်တက်မယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လ ၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးကို တက်ရောက် မှာ ဖြစ်ကြောင်း NLD ပါတီက ဒီကနေ့ ထုတ်ဖော်ပြောကြားပါတယ်။
ဇူလိုင် (၄) ရက်နေ့မှာ စတင်ကျင်းပမဲ့ လွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးမှာ ခွင့် (၃) ရက်ယူထားပေမဲ့ ဒေါ်အောင်ဆန်း စုကြည် ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း NLD ပြောခွင့် ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

Sunday, July 1, 2012

ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး

ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
တူမောင်ညို။ ဇွန် ၃၀၊ ၂၀၁၂
မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်
ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။
“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။ နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေအနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊ မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။ အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”
“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။

လူထုခေါင်းဆောင် ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်မှ ပြန်လည် ရောက်ရှိ (ရုပ်/သံ)



အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ နာရီခွဲ အချိန်တွင် TG 303 ထိုင်းအဲယားဝေးလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
 ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူ လူထုများမှ လေဆိပ် ဝဲယာ လမ်းမတလျှောက် လှိုက်လှဲစွာ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါသည်။
အလားတူပင် ဒေါ်အောင်ဆန်းစုကြည် ၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှေ့တွင်လည်း ပြည်သူ လူထုမှ လာရောက် စောင့်ဆိုင်း ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ လူထုအား ပြန်လည် နှုတ်ဆက် ခဲ့ပါသည်။

ပါရီမြို့ စားကြီး Bertrand delanoë ဆုမွန်လွှာ

(ပြင်သစ်နိုင်ငံမှ ကိုမောင်မောင်ထွေး၏ ဇနီး မမို့ မို့ မြင့်အောင်(လှိုင်မြို့ ) တိုက်ရိုက်ဘာသာပြန်ဆိုပြီး
နယ်သာလန်နိုင်ငံမှ ကိုဌေးတင့်က ပြန်လည်တည်းဖြတ်ပြီး ကွန်ပြူတာ ဖြင့် မှတ်တမ်းတင်ပါသည် ။)
 
 
 
ပါရီမြို့ ကြီးသူဖြစ်လာမဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီနေရာကို ကြွရောက်လာခြင်းသည်
အသင်တို့ အားလုံးနှင့် တွေ့ ဆုံရန်ဖြစ်ပါတယ် ။ အသင်တဦးတည်းအတွက် လာရောက်ခြင်းမဟုတ်ပါ ။
ကျေးဇူးပြုပြီး လာရောက်ဂါဝရပြုသူအားလုံး မြင်တွေ့ စေရန် အတွက်
သင်တို့ မေတ္တာကို အခြားသူများကို ဝေမျှ ပြသရန် အချိန်ဖြစ်ပါတယ် ။

Wednesday, June 27, 2012

မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြင်သစ်ခရီးစဉ်။

ယနေ့  ပြင်သစ်နိုင်ငံကို ရောက်ရှိလာတဲ့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံ Elysee Palace နန်းတော်မှာ ညစာစားပွဲနဲ့  ဂုဏ်ပြုတည်ခင်းဧည့်ခံမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့  ညနေမှာ ပြင်သစ်နိုင်ငံရဲ့  နာမည်ကျော် Gardens of the Quai d'Orsay မှာ "tree of liberty" အထိမ်းအမှတ်သစ်ပင်စိုက်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။

ဂွမြို့တွင် ဖမ်းမိသော ဘင်္ဂါလီ တစ်ရာခန့် ကို စစ်ဆေးရန် သံတွဲ ရဲစခန်းသို့ ပို့ဆောင်ပြီ



ဘင်္ဂါလီလူမျိုး တဦးအားတွေ့ ရစဉ် ဓါတ်ပုံ-Google Images
ရခိုင်ပြည်နယ် ဂွမြို့  အနီးတွင်ရှိသော ကျွန်းတစ်ကျွန်းတွင် တရားမ၀င် ၀င်ရောက် လာသည့် ဘင်္ဂါလီလူမျိုး ၁၀၀ နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တရားမ၀င် ၀င်ရောက်လာသည့် လူများအနက် အချို့ကို စက်လှေတစ်စင်းပေါ်တွင် တွေ့ရှိခဲ့ကြောင်း ဂွမြို့တွင် ငါးဖမ်းရှာနေသည့် ဒေသခံရေလုပ်သား အချို့က

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ် ခရီးစဉ် စတင်

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား  ပြင်သစ် နိုင်ငံမှ နိုင်ငံတော် အထူး ဧည့်သည် အဖြစ်ကြို ဆိုမည်။
ဒေါ်အောင်ဆန်း စုကြည်ရဲ့ သမိုင်း ၀င် ပြင်သစ် ခရီးစဉ်ကို ယနေ့နေ့ လည်ပိုင်းတွင် အင်္ဂလန် နိုင်ငံမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့  ရထားဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ညနေပိုင်းတွင် ပြင်သစ်သမ္မတကကြိုဆိုတွေ့ဆုံပြီး Elyseeနန်းတော်မှာ ပြင်သစ်သမ္မတနှင့် ညစာစားပြီး သတင်းစာရှင်းလင်းပွဲတရပ်ပြုမှာဖြစ်ပါတယ်။

ယနေ့ ပြင်သစ်နိုင်ငံအစိုးရ ဧည့်သည်တော်အဖြစ် ပြင်သစ်နိုင်ငံ ပဲရစ်မြို့  Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာတဲ့ မြန်မာပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် ဖွံဖြိုးရေးဝန်ကြီး Pascal Canfinမှ လာရောက်ကြိုဆိုစဉ်..

ပြင်သစ်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှ Eurostar အမြန်ရထားဖြင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Gare du Nord မီးရထားဘူတာရုံသို့ ရောက်ရှိလာတဲ့ မြန်မာပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ် ဖွံဖြိုးရေးဝန်ကြီး Pascal Canfinမှ လာရောက်ကြိုဆိုစဉ်..(ဓါတ်ပုံ သတင်း)

ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦး အမွေဆိုင်အိမ်ကိစ္စနှင့်ပတ်သက်၍ ကျနော့်အမြင်

af Ko Baloi den 26. juni 2012 kl. 12:34  

မြန်မာ့ဗုဓ္ဒဘာသာဝင်တွေရဲ့ ထုံးတမ်းအစဉ်အလာအရ မိဘအမွေဆိုတာ ရသင့်ရထိုက်မှသာ ခံစားစံစားရပါသည်။ အခုဖြစ်ပွါးနေတဲ့
ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်ဆန်းဦးတို့၏ အမွေဆိုင်အိမ်ကိစ္စသည်၊ အောင်ဆန်းဦးမှ ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်
ချုပ်နှင့် ထိမ်းသိမ်းခဲ့စဉ်ကတည်းက ရန်သူ့အလိုအကျ အကွက်ကျကျစီစဉ်ခဲ့ပြီး နိုင်ငံရေးအရထိုးနှက်တိုက်ခဲ့ခြင်းပင်ဖြစ်သည်။

Tuesday, June 26, 2012

စစ်တွေ ကယ်ဆယ်ရေးစခန်းများတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စု စိစစ်

စာတိုလေးအနည်းငယ်ရေးပါရစေ။ အောက်ပါသတင်းထက် သတင်းပါဓါတ်ပုံကို ပိုပြီးစိတ်ဝင်စားပါတယ်။ ဘာကြောင့်လည်းဆို 
၎င်းဓါတ်ပုံပေါ် ကလစ်နှိပ် ၍ ပုံကြီးချဲ့ကြည့်ပါ။ မြင်နေသောသူများဟာ ကျွန်တော်တို့တိုင်းပြည်က လူမျိုးတွေလား၊ ဒီလူမျိုးတွေဘယ်လို ကိုယ့်တိုင်းပြည်ထဲ လာရောက်နေထိုင်နေကြသလည်း။ နောက်ကြောင်းကို လိုက်ကြည့်ပါ။ ဘယ်သူတွေကြောင့် အခုလို ပြသနာတွေဖြစ်ရသလည်း၊ ဒီပြသနာတွေ ကို ဘယ်လိုဖြေရှင်းကြမှာလည်း။ သူတို့တွေကို 
ကိုယ့်တိုင်းပြည်မှာ လက်ခံထားဖို့ ဆိုတာ စဉ်းစားစရာတောင်လိုမယ်မထင်။ ကိုယ့်တိုင်းရင်းသား အမျိုးသမီးကိုစော်ကားသတ်ဖြတ်၊
နောက်ဆက်တွဲ ရွာတွေကို မီးတိုက်၊ လူမျိုးမတူတာတွေ ဒီလိုလက်ခံမထားခဲ့ရင် ဒီပြသနာတွေ ဖြစ်လာစရာအကြောင်းမရှိဘူး။
အများကသမိုင်းဟောင်းကို ပြန်လှန်ကြည့်ကြတယ်။ ကြည့်စရာမလိုဘူး။ အင်္ဂလိပ်နဲ့ပါလာတဲ့ လယ်ကူလီလုပ်တဲ့ကုလားတွေမဟုတ်ဘူး ။လွန်ခဲ့တဲ့ နှစ်တရာပတ်ဝန်းကျင်ကတည်းကနေထိုင်လာတဲ့ကုလားလည်းမဟုတ်ဘူး။ဟုတ်ရင် ဒီကုလားတွေ ရခိုင်စကားမွှတ်နေအောင်ပြောတတ်နေပြီ။ ဒီကုလားတွေဟာ မြန်မာပြည်ခေတ်ပျက်ပြီး စစ်အုပ်စု က အတင်းအားဓမ္မအုပ်တဲ့အချိန်လောက်ကမှ ကိုယ့်တိုင်းပြည်ကို လွယ်ကူစွာခိုးဝင်ပြီးလာနေတဲ့ တဖက်နိုင်ငံက ကုလားတွေဖြစ်တယ်။
အဝေးကြီးရှောက်မတွေးကြနဲ့။ အနောက်ပိုင်းခရိုင်တိုင်းမှုးတွေ၊ လဝက အုပ်ချုပ်ရေးမှုးတွေ ဒါတွေအားလုံးသိတယ်။ရူးချင်ရောင်ဆောင်နေကြတာ။ (ပြည်သူ့အော်သံ)


ကျော်ခ

ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ရှိ ဘင်္ဂါလီ ကယ်ဆယ်ရေး စခန်းများတွင် ပြည်နယ်အစိုးရနှင့် လူဝင်မှုကြီးကြပ်ရေး အဖွဲ့ (လဝက) တို့ပူး ပေါင်း ကာ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များ စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

“အိမ်ထောင်စုစာရင်းရော မှတ်ပုံတင်ရော စစ်တာပါ၊ ဒီလူတွေကို စိစစ်ပြီး ပြန်သွင်းရမယ့် အခါကြ တော့ သေချာအောင် အဲဒီ အတွက် စစ်တာ ပါ၊မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မရှိတဲ့လူတွေကိုတော့ လဝက အဖွဲ့က သူ့တို့ ဥပဒေအ တိုင်း သူတို့ လုပ်မှာပါ”ဟု ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က  ပြောသည်။

Sunday, June 24, 2012

ရခိုင်ဒေသတွင်ဖြစ်ပွားနေသော ရခိုင်တိုင်းရင်းသားများ၏ကိုယ်တွေ့ သတင်း ဗီဒီယို များ

ရခိုင်ပြည်နယ်ဒေသများတွင်ဖြစ်ပွားလျှက်ရှိသော လူမျိုးခြားများကြောင့် မြန်မာတိုင်းရင်းသားဒေသခံရခိုင်လူမျိုးများဒုက္ခရောက်ကြရသည့် ကိုယ်တွေ့ ဗီဒီယိုသတင်းဖိုင်များ နှင့် အပေါ်ဆုံး မှ သတင်းဗီဒီယို တွင်၎င်းဒေသရှိကျောင်းဆရာတစ်ဦးမှ ဘင်္ဂလီ ကုလားများ ရခိုင်ရွာများကို ဝင်ရောက်ဖျက်ဆီးတိုက်ခိုက်ပုံ၊ မိမိကိုယ်တိုင် သတ်ဖြတ်ခံရမှု့အခြေအနေမှထွက်ပြေးလွတ်မြောက်လာပုံ နှင့် မိမိတို့ ရင်တွင်းခံစားချက်များကိုထုတ်ဖေါ်ပြောဆိုထားသည့် သတင်းဖြစ်ပါတယ်။(သတင်း လင့်များကို-ဒေါင်းမာန်ဟုန်မှ ယူပါတယ်။)

ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှ ပါလီမန်၌ မိန့်ခွန်း ပြောကြားသည့် အပေါ် ပြည်ပရောက် မြန်မာများ ဝမ်းသာ ဂုဏ်ယူ


ဗြိတိသျှ ပါလီမန်မှာ မိန့်ခွန်းပြောကြားအပြီး အဆောက်အအုံတွင်းမှ ထွက်ရှိလာသောဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းအမျိုးသားဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ၂၁ရက်နေ့ညနေ ၃း၀၀ နာရီအချိန်မှာ ဗြိတိသျှပါလီမန် ဝက်မင်စတာ  (Wesminster) ခန်းမကြီးမှာ မိန့်ခွန်း ပြောကြားခွင့် ရခဲ့ပါတယ်။
 

သက်တမ်း နှစ် ၉၀၀ ကျော်ပြီဖြစ်တဲ့ အဲ့ဒီခန်းမကြီးမှာ စကားပြောခွင့်ရတာဟာ အမျိုးသမီးတဦး အနေနဲ့ ပထမဦးဆုံးဖြစ်ပြီး အာရှနိုင်ငံသားတွေထဲမှာလည်း ပထမဆုံး စကားပြောခွင့်ရတာ ဖြစ်ပါတယ်။

ပညာရေး မြှင့်တင်ဖို့ စီစဉ်ထားဟု ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာနိုင်ငံရဲ့ပညာရေးကို မြှင့်တင်ရာမှာ ကျောင်းဆရာ၊ ဆရာမတွေဟာ အဓိက အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၂ ရက်နေ့က ပြောဆို
လိုက်ပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ royal festival hall မှာ နံနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ပြုလုပ်တဲ့ ဗြိတိန်ရောက် မြန်မာ ကွန်မျူနီတီတွေနဲ့ သူမတို့

ရခိုင်ဒေသ အတွက်ကူညီဖေးမမှု့များ ၈၈ မျိုးဆက်ကျောင်းသားများမှ ဆောင်ရွက်

Photo: ရခိုင်ပြည်နယ်အတွင်း ဘေးဒုက္ခကြုံတွေ့နေရသူများအတွက် ကူညီထောက်ပံ့လှုဒါန်းမှုများကို ၈၈မျိုးဆက်ကျောင်းသားများမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဇွန်လ၊၂၃ ရက် နံနက်ပိုင်းတွင် အမှတ်(၂၁၄)ဗိုလ်ဆွန်ပက်လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့နေ ကိုကျော်စိုးအောင် က အ၀တ်အထည်(တန်ဖိုးငွေ ၂၇ သိန်းကျော်) နှင့်ငွေကျပ် ၇၅သိန်းတိတိတို့ကို ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ လာရောက်လှုဒါန်းသွားသည်။ရခိုင်ပြည်နယ်အတွင်း ဘေးဒုက္ခကြုံတွေ့နေရသူများအတွက် ကူညီထောက်ပံ့လှုဒါန်းမှုများကို ၈၈မျိုးဆက်ကျောင်းသားများမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဇွန်လ၊၂၃ ရက် နံနက်ပိုင်းတွင် အမှတ်(၂၁၄)ဗိုလ်ဆွန်ပက်လမ်း ပန်းဘဲတန်းမြို့နယ် ရန်ကုန်မြို့နေ ကိုကျော်စိုးအောင် က အ၀တ်အထည်(တန်ဖိုးငွေ ၂၇ သိန်းကျော်) နှင့်ငွေကျပ် ၇၅သိန်းတိတိတို့ကို ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ လာရောက်လှုဒါန်းသွားသည်။

ကျပ်မပြည့်(သို့) ဦးဏှောက် ပုံမှန် မဟုတ်သော ဝန်ကြီးများ အစိုးရအဖွဲ့မှ အမြန်ဆုံးရှင်းလင်းဖယ်ရှားသင့်

မြန်မာပြည်ပြောင်းလည်းရေးကို ဦးသိန်းစိန် အစိုးရ နှင့် ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ညှိနှိုင်းဆောင်ရွက်ပြီးနောက်ပိုင်း၊

 ပြောင်းလည်းရေး လမ်းစ ကိုရှောက်လှမ်းနေပြီဖြစ်သော်လည်း အစိုးရ၏ ဝန်ကြီးအဖွဲ့တွင်

မောင်တောအခြေအနေ ပုံမှန်မရောက်သေး


RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ အမျိုးသားတချို့ကို သက်ဆိုင်ရာက နေရပ်ပြန်ခိုင်းနေပေမဲ့ အမျိုးသမီးနဲ့ ကလေးတွေက ကျန်ရှိနေသေးပြီး အခြေအနေ ပုံမှန်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပုဂ္ဂလိက ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။

Friday, June 22, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ အိမ်ရှေ့ မင်းသားနှင့်တွေ့ ဆုံ


၂၀၁၂-၆-၂၁ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ အိမ်ရှေ့ မင်းသား 
ချားလ်နှင့် မိဖုရား ဂမီလာ ဒူချယ်စ်  (Britain's Prince Charles and Camilla Duchess )တို့  တွေ့ ဆုံ
ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်အား အားရ၀မ်းသာကြိုဆိုခဲ့ပြီး မြန်မာ့အရေးနှင့်ပါတ်သက်ပြီးအားပေး
ကြောင်း ပြောကြားခဲ့ပါသည်။

Thursday, June 21, 2012

မသီတာထွေးအမှုအားကျူးလွန်သူ တရားခံနှစ်ဦးကို စစ်တွေသို့ပို့

မသီတာထွေးအမှု ကျူးလွန်သူ တရားခံနှစ်ဦးအား ဇွန်လ ၁၉ရက်နေ့က အမိန့်ချမှတ်လိုက်ပြီး ၄င်းတရားခံနှစ်ဦးအား ကျောက်ဖြူမှ စစ်တွေသို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၉ရက်နေ့က ကျောက်ဖြူတရားရုံးတွင် မသီတာထွေးအမှုနှင့်ပက်သက်၍ တရားခံ မာမတ်ရော်ဖီး (ခ) လှဝင်း နှင့် လူလု(ခ)ခေါ်ချီး(ခ)မြင့်ဆွေ(အဖြူ) တို့အား  ပုဒ်မ ၃၇၆(မုဒိမ်မှု)၊၃၉၂(လုယက်မှု)၊၃၀၂/၁(၈)(မသေမချင်းသတ်မှူ) တို့ကိုကျူးလွန်သည့်အတွက် ၃၂၀(၁)(ဂ) အရ သေဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။