Wednesday, October 17, 2012

ကျောင်းသား အခြေမပြုသေးတဲ့ အခြေခံပညာရေးစနစ် တစ်ခါပြင်ကြပြန်ပြီ




ဝန်ကြီးတစ်ခါပြောင်း..ပညာရေးစနစ်တစ်ခါပြင်တဲ့..ပြင်ညာရေးလို့ အရပ်ထဲမှာ အသောဖောက်ကြတဲ့ အခြေခံပညာရေးစနစ်ကို ထုံးစံအတိုင်း ခေတ်နဲ့အညီ ပြောင်းဖို့ ပြင်ကြရပြန်ပါပြီ။

ကောင်းမယ်ထင်လို့ လုပ်ကြည့်ကြပေမယ့်…မိဘတွေ ကျောင်းသားတွေဘက်က ထည့်သွင်းစဉ်းစားပေးတဲ့ အခါမျိုးမရှိခဲ့တဲ့ စမ်းသပ်ခံပညာရေးစနစ်ဖြစ်ခဲ့တာ ငြင်းလို့မရတဲ့အချက်တစ်ရပ်ပါ။

Sunday, October 14, 2012

နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်သူများထံမှ ရွာလူကြီးအချို့ ငွေကောက်ခံခဲ့

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ထီးဝါပလောနှင့် ပနောကလဲခီး(သံပုရာ)ကျေးရွာတို့၌ နိုင်ငံသားစိစစ်ရေး ကဒ်ပြားကို အခမဲ့ လုပ်ဆောင်ပေးနေသော်လည်း ရွာသူရွာသားများနှင့် ကျောင်းသားများမှ ကျေးရွာ လူကြီးများအား ငွေပေးခဲ့ရကြောင်း စိစစ်ရေးကဒ် ပြုလုပ်ခဲ့သူများက ပြောသည်။
မြ၀တီမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) နှင့် နော်ဝေးနိုင်ငံ ဒုက္ခသည် ကောင်စီ (Norwegian Refugee Council -NRC) တို့က ကျေးရွာများ၌ တရွာလျှင် နှစ်ရက်နှုန်းဖြင့် စက်တင်ဘာ လကုန်ပိုင်းမှစ၍ အောက်တိုဘာလ ၅ ရက်နေ့အထိ စိစစ်ရေးကဒ်ရိုက်ပေးရာတွင် ရွာလူကြီး အချို့မှ လူတစ်ဦးလျှင် ကျပ်ငွေ ၁,၀၀၀ မှ ၅,၀၀၀ အထိ ကောက်ခံခဲ့သည်ဟု ထီးဝါပလောရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

စစ်တွေမြို့ ဆူပူမှု မိုးပေါ် သေနတ်ထောင်ပစ်ပြီး လူစုခွဲခဲ့ရ

Narinjara News
မောင်အေး
အောက်တိုဘာလ ၁၂ ရက် သောကြာနေ့ ညနေ ၈ နာရီခန့်မှာ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ကို ၀ိုင်းအုံလာတဲ့ လူအုပ်ကြီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုးပေါ် သေနတ်ထောင်ပစ်ပြီး လူစုခွဲလိုက်ရတယ်လို့ သတင်း ရရှိပါတယ်။

အခုလို ဖြစ်ပွားတာကတော့ ညမထွက်ရ အမိန့်ကို ညနေ ၇ နာရီကနေ ၅ နာရီ အကြား သတ်မှတ်ထား တာကို ညနေ ၁၀ နာရီကနေ နံနက် ၄ နာရီ ထိ လျော့ချပြီးတဲ့ နောက်တစ်နေ့ မှာဘဲ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။
လူစုလူဝေး ဖြစ်ပွားလာရတဲ့ အကြောင်းကို စစ်တွေမြို့ နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထောင်နှင့်ချီသည့်ရခိုင်အမျိုးသမီးများက OIC (Organization of Islamic Cooperation ) ရုံးဖွင့်မည်ကို ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နေ့လည်ပိုင်းက ထောင်နှင့်ချီသည့်ရခိုင်အမျိုးသမီးများက OIC (Organization of Islamic Cooperation ) ရုံးဖွင့်မည်ကို ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြသခဲ့ကြသည်။
 

ဆန္ဒပြပွဲကို ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး  စစ်တွေမြို့ ကမ်းနားလမ်း ဧစေတီ ဘုရားမှ ဆိုင်းဘုတ်များ၊ လက်ကိုင် ပိုစတာများကို ကိုင် ဆောင်ပြီး မြို့ထဲထိ ချီတက်ကာ  ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော် ပြသခဲ့ကြသည်ဟု  ဦးဆောင်သူတဦးဖြစ်သူ ဒေါ်မညိုအေးက ပြောသည်။

ကိုကိုကြီး လွတ်လပ်မှု ချီတက်ပွဲ ပါဝင်ဆင်နွှဲ


RFA
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး

2012-10-13
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ဒီနေ့ရောက်သွားပြီး၊ အဲဒီမှာ ဒီနေ့ကျင်းပတဲ့ 5th International March for Freedom လွတ်မြောက်ရေး အတွက်ချီတက်ပွဲ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
အဲဒီပွဲမှာ ကိုကိုကြီးက - လွတ်မြောက်ရေးကြိုးပမ်းနေသူတွေအတွက် ကမ္ဘာ့ပြည်သူတွေက ဝိုင်းဝန်းကူညီဖို့လိုတဲ့အကြောင်းပြောမှာဖြစ်တယ်လို့ ပွဲမစခင်မှာ ကိုကိုကြီးက RFA ကို ပြောပါတယ်။

Friday, October 12, 2012

လူဝင်မှုဝန်ကြီး ဦးခင်ရီနှင့် တွေ့ဆုံ မေးမြန်းခန်း

Published 04.10.2012
ရခိုင်ပြည်နယ် အတွင်း ဒေသခံ ရခိုင်လူမျိုးတွေနဲ့ မူဆလင်တွေ အကြား ပဋိပက္ခ၊ နိုင်ငံသားဥပဒေ စတာတွေ နဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုခရီးစဉ်မှာ သမ္မတနဲ့အတူ လိုက်ပါလာတဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီကို ဗွီအိုအေ မြန်မာပိုင်း အစီအစဉ် ဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

Tuesday, October 9, 2012

RFA မြန်မာဋ္ဌာန၏ Facebook စာမျက်နှာ ကို မကြာသေးမီက ပိတ်သိမ်း


အမေရိကန်ပြည်ထောင်စု အခြေစိုက်  လွတ်လပ်သောအာရှအသံ RFA
 မြန်မာဋ္ဌာန၏ Facebook စာမျက်နှာ
ကို  မကြာသေးမီက ပိတ်သိမ်း
လိုက်ကြောင်း  သိရသည်။

ပုံမှန်ကြည့်ရှုသူ ပရိတ်သတ် Fan အရေအတွက် ၁၇၀၀၀ ကျော်ရှိသည့် ဖေ့စ်ဘွတ်စာမျက်နှာကို မည်သည့်အကြောင်းကြောင့် ပိတ်သိမ်းလိုက်သည်ကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း မကြာသေးမီ ရက်ပိုင်းက RFA သတင်းဋ္ဌာနတွင်း လိင်မှုကိစ္စ ပြဿနာများနှင့် ပတ်သက်သည့် ဝေဘန်ချက်များကို ဖေ့စ်ဘွတ်စာမျက်နှာများတွင် ၀င်ရောက်ရေးသားကြမှုနှင့် ဆက်စပ်နိုင်ကြောင်း ယင်းသတင်းဋ္ဌာနမှ အမည်မဖေါ်လိုသည့် ၀န်ထမ်းတဦးက YPI သို့ပြောသည်။

ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ်


ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် သံဃာတော် အပါး ၃၀၀ ခန့် ဆန္ဒဖော်ထုတ်မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ရန် လုံးဝ အလိုမရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက လုံခြုံစွာ ဆောင်ရွက်ပေးရေး အပါအ၀င် စုစုပေါင်း အချက် ၁၄ ချက်အား သံဃာတော်အပါး ၃၀၀ ခန့်က အောက်တိုဘာ ၈ ရက်(ယနေ့၌) ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။ အဆိုပါ တောင်းဆိုချက်များအား နိုင်ငံတော်သမ္မတ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များ၊ မွတ်ဆလင် ခေါင်းဆောင်များနှင့် မဟာသံဃာ့ နာယက ဆရာတော်များကပါ တောင်းဆိုပေးပါရန်လည်း ထည့်သွင်း တောင်းဆိုခဲ့ကြသည်။

Saturday, October 6, 2012

အခက်အခဲဆုံးကာလကိုကျော်ဖြက်ရတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော



စက်တင်ဘာလ ၁၆ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား လေကြောင်းလိုင်းနဲ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၉း ၄၅ နာရီမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာရာမှာ ထောင်ပေါင်း များစွားသော ပြည်သူတွေ NLD ပါတီဝင်တွေ နိုင်ငံရေး အင်အားစုတွေနဲ အနုပညာရှင် တွေက ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။

Wednesday, October 3, 2012

ခြောက်နိုင်ငံ သံဃာများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာကမ်း

Bankaladaskembussy
“ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အခြားနိုင်ငံတွေက ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ပါတယ်။ ခြောက်နိုင်ငံလောက် ရှိမယ်၊ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ သံရုံးထဲကတော့ ထွက်ပြီး တစုံတရာ တုန့်ပြန်တာ မရှိဘူး။ ဝန်ထမ်းတဦး ထွက်လာ တယ်၊ ဘုန်းဘုန်းတို့က အိတ်ဖွင့်ပေးစာကို ပေးလိုက်ပြီး ဒီစာကို ဝန်ကြီးချုပ်ဆီ ပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရှင်အာနန္ဒာ က မဇ္ဈိမအား မိန့်ကြားသည်။

Saturday, September 22, 2012

(စက်တင်ဘာ ၁၉ ရက်) ညနေပိုင်းတွင် သမ္မတအိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေး(ဓါတ်ပုံသတင်း)များ(မြတ်လေးငုံဘလောက်မှ)

ဒေါ်စုနဲ့ ကုလအတွင်းရေးမှုးချုပ် တွေ့ဆုံ

 
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာ သီးခြားတွေ့ဆုံခဲ့စဉ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်စံချိန် ဒီကနေ့မနက်ပိုင်းမှာ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကို ရောက်ရှိနေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး၊ ပူးတွဲ သတင်းစာရှင်းပွဲတခုလုပ်ခဲ့ကြောင်း ။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ အမေရိကန်စံချိန် ဒီကနေ့ မနက်ပိုင်း ၁၀နာရီလောက်မှာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာပဲ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အတွင်းရေးမှုးချုပ်နဲ့ အတူ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေးနမ်ဗီးယား နောက် ကုလအတွင်းရေးမှုးချုပ်ရဲ့ ဇနီးဖြစ်သူလည်း ပါဝင်ပါတယ်။

ယနေ့ ဆန္ဒပြသူများအား အရေးယူမည်

ယနေ့ ဆန္ဒပြသူများအား အရေးယူမည် တနိုင်ငံလုံး ငြိမ်းချမ်းရေး၊ စစ်ပွဲရပ်စဲရေးကိုရည်ရွယ်၍ ယနေ့နံနက်ပိုင်းမှ ညနေပိုင်းထိ ဆန္ဒပြပွဲကို စီစဉ်သူများအား အရေးယူမည် ဟု ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရဲမှူးကြီးမြင့်ထွေးက  သတင်းမီဒီယာများအား ပြောကြားလိုက်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူများကို ယနေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်၊ (ဓါတ်ပုံ-YPI)

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြ(သတင်းဗီဒီယို)

   ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံး စစ်ပွဲရပ် ဟု အမည်ပေးထားသည့် လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်ပွဲနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို ဒီကနေ့ မနက် ၁၀း၃၀ နာရီခွဲ အချိန်မှစတင်၍ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြို့တော်ခန်းမမှ စတင်ကာ မဟာဗန္ဓုလပန်းခြံမှ စတင်ကာ ဗိုလ်တထောင်ဘုရားသို့ စီတန်းလမ်းလျှောက်ကြပါသည်။ အဲ့ဒီကမှတဆင့် ယုဇနပလာဇာရှေ့မှ တာမွေ အ၀ိုင်းထိပ်သို့ ဆက်လက် ချီတက် လမ်းလျှောက်သွားကြပါသည်။

Thursday, September 20, 2012

တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင်

ဗွီအိုအေ အင်္ဂလိပ်ပိုင်းအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းနေစဉ်။ စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၂။
  တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲအဖွင့်မိန့်ခွန်း

အခုလို ထူးခြားပြီး အထူးသဖြင့် အခွင့်အလမ်းရှိတဲ့ အခြေအနေတစ်ရပ်မှာ (USIP-U. S. Institute of Peace) မှာ ပြန်လာတွေ့ရတဲ့အတွက် အံ့သြ၀မ်းသာစရာဖြစ်ပါတယ်။
 USIP ကိုရော ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လာတဲ့ ဂျင်မ်မာရှယ်ကိုရော ကျေးဇူးတင်ချင်ပါတယ်။ ရှင်နဲ့အတူ ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ ကျွန်မတို့ အသေအချာ ရှုမြင်ထားပါတယ်။

Saturday, September 15, 2012

ကြေးနီစီမံကိန်း ဆန္ဒပြသူများ လွတ်မြောက်

မုံရွာမြို့နားက လက်ပန်းတောင် တောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်က ကိုဝေဠု အပါအဝင် ဆန္ဒပြသူလေးဦးစလုံး ဒီကနေ့ ပြန်လွတ်လာပါပြီ။ သူတို့ပြန်လွတ်လာလာခြင်းမှာပဲ ကြိုဆိုသူတွေရော လွတ်လာသူတွေရော ဒီစီမံကိန်းကို ရပ်တန့်ဖို့အတွက် ဆက်ပြီး ဆန္ဒပြ တောင်းဆိုမူ လုပ်ပါတယ်။
မုံရွာထောင်ကြီးအချုပ်ကနေ ပြန်လွတ်လာသူတွေနဲ့ အတူ ပါလာတဲ့ ဒေသခံရွာသားတွေဟာ စက်တင်ဘာ ၁၄ရက်နေ့မှာ ဆန္ဒပြနေတဲ့ တုံရွာမှာ စုစည်းပြီးလက်ပန်းတောင်းတောင် ကြေးနီတောင် စီမံကိန်းရပ်တန့်ရေး ကို ဆက်လက် ဆန္ဒပြ တောင်းဆိုနေကြတယ်လို့လည်း ဆိုပါတယ်။

Friday, September 14, 2012

လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။


လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။

တားနေကြတဲ့သူတွေရော၊ ဖြန်ဖြေပါတယ်လို့  ပြောနေသူတွေရော၊ အရေးမယူပါဖူးလို့  ပြောနေကြသူတွေရော လက်တွေ့ ကျကျ ဖြစ်အောင် မသွဲ့ သွဲ့ ဝင်းနဲ့  ကျန်ရှိနေသူများအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးပါ။ တောင်သူလယ်သမားတွေကို မတရားလုပ်တာ ရပ်တန့် ပါ။

သမ္မတဦးသိန်းစိန် တရုတ်နဲ့အမေရိကန် ခရီးစဉ်အတည်ပြု

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတွေကို မကြာခင်သွားရောက်ဖို့ ရှိပါ တယ်။ တရုတ် နိုင်ငံမှာ ကျင်းပမယ့် အာဆီယံ-တရုတ် နန်နင်းကုန်စည်ပြပွဲကို တက်ရောက်ဖို့ရှိသလို အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာလည်း တက်ရောက် မိန့်ခွန်းပြောကြားဖို့ ရှိနေပါတယ်။ အသေးစိတ်ကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။