သီလဝါစက်မှု့ဇုန် နှင့်ပတ်သက်သော ဥပဒေထုတ်ပြန်ပြီး ရင်းနှီးမြှပ်နှံမှု့ နှင့်တည်ဆောင်ရေးလုပ်ငန်း လုပ်ကိုင်မည့်သူများကို မကြာခင်ဖိတ်ခေါ်မယ်လို့ သိလိုက်ရပါတယ်။အဲဒီ အထဲတွင် ပြည်ပနိုင်ငံများမှ
ဂျပန်၊ပြင်သစ်အဖွဲ့တွေက လာရောက်ဆွေးနွေးတယ်လို့ဆိုပါတယ်။ဒေသတွင်းနိုင်ငံတွေလည်းလာရောက်
ဆွေးနွေးသလို တရုတ်ကလည်းပါဝင်နေပါတယ်။ ဧရာဝတ်ီနဲ့ပတ်သက်တဲ့ ကိစ္စကြောင့်တရုတ်ကချင့်ချိန်နေသလို မြန်မာလူတော်တော်များများကလည်း တရုတ်ကို လက်မခံလိုကြပါဘူး။တရုတ်ထက်စာလျှင် ဂျပန်နှင့် ဥရောပလိုနိုင်ငံများကိုလာရောက်လုပ်ကိုင်စေလိုကြောင်းသိရပါတယ်။(အွန်လိုင်းကွန်မင်းများအရ)သတင်းအပြည့်အစုံက (အဲလဲဗင်းမီဒီယာမှ အခုလိုဖေါ်ပြထားပါတယ်)
သီလ၀ါ စက်မှုဇုန်နှင့် ပတ်သက်သော ဥပဒေ ထုတ်ပြန်ပြီးဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဖိတ်ခေါ်တော့မည်။ |
“ထားဝယ် အထူးစီးပွားရေးဇုန်ကို ဖွင့်ပေးသလိုပဲ သီလ၀ါစက်မှုဇုန်ကိုလည်း ပြည်ပရင်းနှီးမြုပ်နှံမှု တွေနဲ့အတူ Developer တွေပါ ၀င်ရောက်လာဖို့ ဖိတ်ခေါ်တော့မှာပါ။ အခုဆိုလို့ရှိရင် ပြည်ပကလာပြီး တော့ ရင်းနှီးမြှုပ်နှံမှုနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေအတွက် လာပြီး ကမ်းလှမ်းတဲ့ နိုင်ငံတွေ ရှိပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဂျပန်အဖွဲ့၊ ပြင်သစ်နိုင်ငံက အဖွဲ့တွေလည်းလာပြီး ဆွေးနွေးနေကြပါတယ်။ ဒေသတွင်း နိုင်ငံတွေလည်း လာရောက် ဆွေးနွေးမှုတွေ ရှိနေပါတယ်”ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပြခဲ့သည်။
ယင်းသီလ၀ါစက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံသားများလည်း စိတ်ဝင်စားမှုရှိနေပြီး အခြေခံအဆင့် ဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက်မူ မည်သည့်နိုင်ငံက ရရှိမည်ကို မသိသေးကြောင်း ကြားသိရသည်။
“အစပိုင်းကတော့ တရုတ်ကုမ္ပဏီ တော်တော်များများ စိတ်ဝင်စားနေတယ်။ စောစောပိုင်းကတည်း က ဖိတ်ခေါ်ထားတာတွေလည်း ရှိနေတယ်။ ဒါပေမယ့် ဥပဒေမထွက်သေးတော့ လုပ်လို့မရသေးဘူး။ အခုတော့ ဥပဒေ ထုတ်ပြန်ပြီးသွားပြီ။ တချို့ မြန်မာ လုပ်ငန်းရှင်တွေထဲက မြေကွက်တွေ ယူထားတာတွေလည်း ရှိတယ်။ ဒါပေမယ့် developer တော့ မရသေးဘူး။ ထားဝယ် အထူးစီးပွားရေးဇုန်မှာ အီတာလျံ-ထိုင်းကို လွှဲ သလို အခု သီလ၀ါမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဘယ်သူ လုပ်မယ်ဆိုတာတော့ မသိရသေး ဘူး။ စက်မှုဇုန်အနေနဲ့ကတော့ စက် မှုလုပ်ငန်းအမျိုးအစား စုံစုံလင်လင် လေး လုပ်သွားမယ်လို့ သိရတယ်။ အခုတော့ infrastructure အတွက် ဖိတ်ခေါ်သွားမယ်လို့ သိရတယ်”ဟု လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ် သင်းအောင်ကလည်း ပြောကြားခဲ့ သည်။
“သီလ၀ါစက်မှုဇုန်မှာ တည်ဆောက်ရေး လုပ်ငန်းကိုလုပ်ဖို့အတွက် developer လိုနေတယ်။ ထားဝယ် အထူးစီးပွားရေးဇုန် လိုဟာမျိုးကတော့ ရင်းနှီးမြှုပ်နှံချင်တဲ့ သူတွေများ ပါတယ်။ အခုသီလ၀ါက စက်မှုဇုန် ဖြစ်နေတော့ ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ကွဲလွဲမှု နည်းနည်းရှိပါတယ်။ အစောပိုင်းက တရုတ်နိုင်ငံက လုပ်ငန်းရှင်တွေနဲ့ ပြောထားတာ ရှိပေမယ့် ဧရာဝတီ မြစ်ဆုံဆည်နဲ့ ပတ်သက်ပြီးတော့ တရုတ်ဘက်က နည်းနည်းချင့်ချိန်နေတဲ့ သဘောမျိုးပြန်ပြတယ်။ ဒါပေမယ့် သီလ၀ါစက်မှုဇုန်နဲ့ ပတ်သက်တဲ့ ဥပဒေက ထွက်ပြီးသားပါ။ မြစ်ဆုံ ဆိုတာကတော့ ဥပဒေတစ်ရပ် ထုတ်ပြန်ပြီးကာမှ လုပ်တာမျိုး မဟုတ်ဘဲ နားလည်မှုစာချုပ်နဲ့ လုပ်တာပါ။ ဥပဒေနဲ့လုပ်တဲ့ကိစ္စတွေက နားလည်မှု စာချုပ်ထက်တော့ အများကြီးခိုင်မာပါတယ်”ဟု စက်မှုလုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။
No comments:
Post a Comment
wwwwnyinyi@gmail.com