Tuesday, October 11, 2011

အွန်လိုင်းcomment တခုမှ စင်္ကာပူတွင်ဖြစ်ရပ်လေးတခု

ဗမာများ၏ သရုပ်ကိုဖော်ပြခြင်း

» Posted on Apr 14, 2011 in စာဖတ်သူကဏ္ဍ | 8,261 views
မနေ့က ဤဝက်ဘ်ဆိုဒ်မှာ စာလာဖတ်တဲ့ မိတ်ဆွေ တစ်ဦးထံက Comment တစ်ခုဝင်လာပါတယ်။ သူ့ Comment က စင်္ကာပူမှာ ဖြစ်သွားတဲ့ မြန်မာတို့ရဲ့ သရုပ်ဖော် အကြောင်းအရာလေး တစ်ခုဖြစ်ပြီး၊ ပြည့်ပြည့်စုံစုံ တင်ပြထားတာမို့ အခြား စာဖတ်သူများလည်း ဝေဌ ဖတ်ရှုနိုင်ရန် Post အဖြစ် ပြန်ဖော်ပြ ပေးလိုက်ပါတယ်။ သူရေးပို့သည့် comment မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
ကိုအောင်ရေ၊
ဟုတ်ပါတယ် ကျနော်တို့ မြန်မာလူမျိုးများရဲ့ စိတ်ဓာတ်တွေကတော့ တော်တော်ပြင်ရဦးမှာပါ။ ဥပမာပြောရရင်လောလောလတ်လတ် ပါဗျာ။ ၁၀-၄-၂၀၁၁ တုန်းက Singapore က Peninsula Plaza မှာ မြန်မာ သင်္ကြန်ပွဲ လုပ်ပါတယ်။ Singapore ဆိုတာက မြန်မာတွေ တော်တော်များတဲ့ နိုင်ငံဖြစ်တဲ့ အပြင် Peninsula Plaza ဆိုတာ ကလည်း မြန်မာတွေရဲ့ စုရပ်ဖြစ်နေတာပါ။
Peninsula Plaza မြေညီထပ်ကနေ (၅) ထပ်ထိ မှာရှိတဲ့ဆိုင်ခန်း ၉၀% နှုန်းက လည်း မြန်မာဆိုင်တွေပါ။ Lazy Club တီးဝိုင်းက မြေညီထပ် မှာတီးပါ တယ်။ လူတွေကတော့ မြေညီထပ်တင်သာမက (၂) ထပ်ကနေ (၅) ထပ်ထိ လူလျှောက်လမ်းတွေကနေရပ်ကြည့်ကြ ရပါတယ်။ ပွဲစီစဉ် သူတွေကလည်း မြန်မာမျိုးတွေရဲ့ အတာသင်္ကြန်ပွဲကို မြန်မာတွေရဲ့ စုရပ်ဖြစ်နေတဲ့နေရာမှာစီစဉ်ပေးတာဖြစ်မှာပါ။ င်္Free Show ပါ။ ပွဲမစခင်မှာကတည်းက (၂) ထပ်ကနေ (၅) ထပ်ထိ လူလျှောက် လမ်းတွေဟာ လူတွေပြည့်နေပါပြီ။ တိုးနေကြပါပြီ။ ဒါပေမယ့် (၂) ထပ်ကနေ (၅) ထပ်ထိ လူလျှောက်လမ်းတွေက မှန်တွေကာထား တာပါ။ လူအုပ်နဲ့ဖိတိုးလိုက်ရင် လူလျှောက်လမ်းကို ကာထားတဲ့ မှန်တွေကွဲပြီး အပြုံလိုက်အောက်ကျသွားနိုင်တာမျိုး ဖြစ်နေပါတယ်။ ပွဲစီစဉ်သူတွေထဲက အမျိုးသမီးတစ်ယောက်က အရမ်းမတိုးကျဖို့ ၊ ရှေဆုံးတန်းကလူတွေ လူလျှောက်လမ်းကိုကာထားတဲ့ ဘောင်တွေ ပေါ်ကိုလက်မထောက်ကျ၊ မဖိကျဖို့ ၊ ထိုင်ကြည့်ကြဖို့ ၄-၅ ကြိမ် လောက် request လုပ်ပါတယ်။ ၁၅% လောက်သာ လက်ခံတာ ကိုတွေရပါတယ်။ ဒီလိုနဲ့ ပွဲစချိန်ရောက် လာပါတယ်။ အစီအစဉ် တင်ဆက်သူ မတင်မိုးလွင်ကလည်း အရမ်းမတိုးကျဖို့ ထပ်ပြီး request လုပ်ပါတယ်။ သူလည်းပဲ request လုပ်တာ ၅ ကြိမ် ထက် မနည်းပါဘူး။ ဒုံရင်းကဒုံရင်းပါပဲ။ Lazy Club တီးဝိုင်း မစခင်မှာ Singapore ရောက်မြန်မာတွေရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေတင် ဆက်ပါတယ်။ Lazy Club တီးဝိုင်း အဖွင့်တီးလုံးတီးချိန်မှာ ပိုဆိုး လာပါပြီ။ အရင်ဆုံး ကိုဇော်ပိုင်ဆိုပါတယ်။ လိုက်ဆိုကြပါတယ်၊ လက်ခံပါတယ်။ Live Show ကိုးဗျ။ ပျော်ပျော်ရွှင်ရွှင်အော်ဟစ်အား ပေးကြပါတယ်။ ပြီးတော့ မဟေမာ အလှည့်။ ဟုတ်ကဲ့။ ကျွန်တော် ပြောချင်တာက အဲ့ဒီမှာစပါတယ်။ မဟေမာနေ၀င်းဆိုနေတုန်း အပေါ်ထပ်တွေကနေ မဟေမာကို ရေနဲ့ပက်ချပါတယ်။ ပွဲလုပ်နေတာက outdoor မဟုတ်ပါ။ Indoor ပါ။ နောက်တစ်ချက် က စင်ပေါ်မှာ Audio Device တွေအများကြီးပါ။ Electronic နဲ့ ရေနဲ့ မတည့်တာကို ကလေးတောင်နားလည်ပါတယ်။ မဟေမာ လည်း ရေလေးသုတ်လိုက် သီချင်းလေးဆိုလိုက်နဲ့ တစ်ပုဒ်ပြီးသွားပါ တယ်။ မဟေမာတစ်ပုဒ်ပြီးချိန်မှာ ကိုနိုင်ဇော်က စက်တွေပျက်စီးနိုင် တာကြောင့်ရေမပက်ဖို့ တောင်းပန်ပါတယ်။ ဒါပေမယ့်ဗျာ …… ပက်တာပါပဲ။ မတင်မိုးလွင်ကလည်း စက်တွေပျက်စီးနိုင်တာ ကြောင့်၊ ဒီအဆောက်အဦးထဲမှာ ရေမပက်ပါဘူးဆိုတဲ့ခံဝန်ချက်နဲ့ ပွဲကျင်းပခွင့်ယူထားရတာကြောင့် ရေမပက်ကြဖို့ ထပ်ပြီး request လုပ်ပါတယ်။ ဟုတ်ကဲ့ ပက်ဆဲပါပဲ။ နောက်ဆုံး လုံခြုံရေးက ရေပက်တဲ့ ၃-၄ ယောက်ရယ်၊ အလွန်အကျွံသောင်းကျန်းတော်မူတဲ့ ၃-၄ ယောက်လောက်ရယ်ကို ဖမ်းပြလိုက်ပါတော့တယ်။ ကျွန်တော် ပြောချင်တာက ကိုယ့်လက်ထဲက hand phone လေးကို ရေနဲနဲစဉ် ရင်တောင် စိုးရိမ်တကြီး သုတ်ကြတာဗျာ၊ hand phone ထက် အဆပေါင်းများစွာဈေးကြီးတဲ့ Audio Device တွေပျက်သွားရင် ဆိုတာမျိုးများမတွေးမိကြဘူးလားမသိပါ။ တကယ်လို့သာ တစ်ခုခု ပျက်သွားရင် လောလောဆယ် ဒီပွဲကိုကိုယ်ဆက်မကြည့်ရတော့ဘူး
ပြီးတော့ ပွဲစီစဉ်သူတွေလည်း လျှော်ရတော့မယ်။ နောက်နှစ်တွေ လည်း ဒီနေရာမှာ ပွဲလုပ်ခွင့်ရတော့မှာမဟုတ်ဖူး။ ကျွန်တော်လည်း စိတ်ညစ်ပြီးပြန်လာခဲ့ပါတယ်။ အဲဒီပွဲလည်း သတ်မှတ်ချိန်မပြည့်ခင် မှာပဲ ရပ်လိုက်ရပါတယ်။ ကျနော်တို့ မြန်မာလူမျိုးများရဲ့ စိတ်ဓာတ် တွေကြောင့် ထိမ်းမရတော့လို့ပါ။ သတင်းတွေဆက်ကြားရပါတယ်။ အဆိုတော်တွေ၊ အတီးသမားတွေပြန်သွားပေမယ့် ပွဲကြည့်သူ တွေက ကိုယ့်ဘာသာဆို၊ ကိုယ့်ဘာသာကနေကြလို့ ရဲတွေပါ မပြန်ရဘူးဖြစ်နေပါသတဲ့။ ဆိုနေ၊ ကနေ ပြီး ရမ်းကားနေတာ မဟုတ်တော့လည်း ဖမ်းမရ၊ တားမရ။ လွှတ်ထားဖို့ ကျတော့လည်း မူတွေကမမှန်လေ။ စိတ်ဓာတ်ကြောင့်လား၊ လုပ်ရပ်ကြောင့်လား တော့မသိပါ နောက်ဆုံးတော့ Peninsula Plaza မှာတော့ ကွမ်းတံ တွေးတွေ၊ အံဖတ်တွေ၊ အမှိုက်တွေနဲ့ကျန်ရစ်ခဲ့ ရပါတော့တယ်။ ပွဲစီစဉ်သူတွေလည်း ခေါင်းခဲသွားလောက်ပါပြီ။ သူတို့ကိုယ်သူတို့ နိုင်ငံကြီးသားလို့ခံယူထားတဲ့ Singaporean တာဝန်ရှိသူတွေက လည်း မြန်မာတွေကို အထင်သေးသည်ထက် သေးသွားပြန်ပါပြီ။
(မှတ်ချက်။ ။ ကျွန်တော်သည် မြန်မာလူမျိုးစစ်စစ်ဖြစ်ပါသည်။ မြန်မာပါလို့ထုတ်ဖော်ပြောဖို့လည်း ဘယ်အခါကမျှ ၀န်မလေးသူဖြစ် ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် Singapore တွင်နေထိုင်ကာ စီးပွားရှာနေသော်လည်း Singaporean များအားလည်း အထင်ကြီး သူမဟုတ်ပါ။ ကျွန်တော်တို့မြန်မာများကိုသာ မြင့်လာစေချင်ပါသည်။)
နေမထိထိုင်မသာဖြစ်စွာဖြင့်
ဘပု

1 comment:

  1. Indeed, the event was a bit awful in the later part…I was volunteered that day to help for the crowd controlled with the Cisco auxiliary police team (hired by Myanmar management)…..
    Looking at the situation of glass fence on the walk ways.. ppl pushing to see the show at the down floor…not even think about big danger for their life ….I was keep holding my breath all the time...
    Crowd keep standing just in front of elevator ways and watching the show which make blocked the elevator way down and danger for the ppl who coming down from the elevator ..lead accident
    Tried to shout with handheld loud speaker in Myanmar language not to stand, not to push, not to water on stage...finally get exhausted
    Luckily no any major accident happen at the end…
    Fully understand ppl want to have fun and enjoy .…but it is not really suitable to make this kind of festival event in this area..

    ReplyDelete

wwwwnyinyi@gmail.com