ဆောင်းပါး | By Aye Myat Htet
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်
ဒေါ်အောင်ဆန်းစုကြည်အား တိုင်းပြည်ကောင်းကျိုး လုပ်ပေးမည့်သူဟု ယုံကြည်ပြီး၊
သူမအား ကြိုဆိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက
ဒီဇင်ဘာ ၁၆ ရက်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ aက်ာမရှင်၏ သတင်းစာ
ရှင်းလင်းပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည်။
နိုင်ငံကောင်းအောင် ဒေါ်အောင်ဆန်းစုကြည်
လုပ်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံကောင်းအောင် လုပ်ဆောင်သူ အားလုံးနှင့်
ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မည်သူ့ သြဇာ လွှမ်းမိုးမှုမှ မခံဘဲ
လွတ်လွတ်လပ်လပ် လုပ်ဆောင်နေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ သုံးလ
ကြိုတင် အသိပေးမည် ဖြစ်ပြီး၊ ပါတီ မှတ်ပုံတင်ခွင့်ပြုပြီးသား ပါတီများ
အားလုံး စည်းရုံးရေး စတင် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အထက်ပါ သတင်းစာ ရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍
”ညစ်ပြီး နိုင်တာထက် မှန်မှန်ကန်ကန် လုပ်ပြီး ရှုံးသွားတာကိုပဲ ဂုဏ်ယူပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ ရှိကောင်း ရှိပါလိမ့်မယ်။
နောင်လာမယ့် ရွေးကောက်ပွဲ တွေမှာ အကောင်းဆုံး လုပ်နိုင်အောင်
ကြိုးစားသွားပါမယ်၊ ပါတီတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါတယ်။ ဘယ်ကို
သွားသွား မကန့်ကွက်ပါဘူး။ ပါတီတွေ အနေနဲ့ စည်းရုံးမယ်ဆိုရင် ပြည်သူတွေ
အနေနဲ့ ယုံကြည် အားကိုးလာမယ်။ အဲဒါမှ မဲနိုင်ပြီး လွှတ်တော်ထဲ ရောက်မယ်။
လွှတ်တော်ထဲ ရောက်မှ တိုင်းပြည်အတွက် ပြောနိုင် ဆိုနိုင်မှာ ဖြစ်ပါတယ်”
ဟုလည်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
လစ်လပ်နေသည့် လွှတ်တော်ကိုယ်စားလှယ် ၄၈
နေရာမှာ ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာ၊
တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တွင် ၂ နေရာ ဖြစ်သည်။
လက်ရှိတွင် မှတ်ပုံတင်ထားသည့်
နိုင်ငံရေးပါတီ ၃၇ ပါတီ ရှိနေပြီး၊ ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ
၁၀ ခု ရှိသည်။၎င်းပါတီ ၁၀ ပါတီမှာ ပြည်သူ့ဒီမိုကရေစီပါတီ၊
အမျိုးသားဒီမိုကရေစီပါတီသစ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊
ဒီမိုကရက်တစ် မဟာမိတ်ပါတီ၊ ၈၈ ပြည်သူ့အင်အားစုပါတီ၊ မြန်မာ့လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ဒီမိုကရက်တစ်ပါတီ၊
မြိုတိုင်းရင်းသားပါတီတို့ ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏
ပြောဆိုချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ကြားဖြတ်
ရွေးကောက်ပွဲ ၀င်မည့် ပါတီများသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး
စတင်လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ လတ်တလော လစ်လပ်လျက်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်မှာ ၄၈ နေရာဖြစ်ပါသည်။
သားငယ် (ဘားမားဗီဂျေ)
No comments:
Post a Comment
wwwwnyinyi@gmail.com