ပြီးခဲ့သည့် လအတွင်းကမှ
ပြည်တွင်းသတင်းသမားများနှင့် ပြဿနာဖြစ်ပွားခဲ့သူ အမျိုးသားလွှတ်တော်
အမတ်ဦးခင်ရွှေ ခေါ်ဇေကမ္ဘာ ဦးခင်ရွှေသည် The Straits Times နှင့် The
Straits View အမည်နှင့် ဂျာနယ်နှစ်စောင်ထုတ်ဝေတော့ မည်ဖြစ်ကြောင်း
ဦးခင်ရွှေနှင့် နီးစပ်သူ အမျိုးသားလွှတ်တော် အမတ်တစ်ဦးကပြောကြားသည်။
ပြီးခဲ့သည့် မဲခေါင် ဖိုရမ်တွင် ပြည်တွင်းသတင်းသမားနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသော ဦးခင်ရွှေ၏ ဂျာနယ်တွင် မည်သူမှ သွားရောက်ပူးပေါင်း လုပ်ကိုင်မည် မထင်ကြောင်း ဦးခင်ရွှေကို လက်မှတ်ရေးထိုးပြီး သမ္မတထံ တိုင်းကြားလွှာ ပို့ထားသူ သတင်းသမား အယောက်၂၀၀ ကျော်ရှိကြောင်း လူငယ် သတင်းထောက်တစ်ဦးက ဆိုသည်။
သတင်းဂျာနယ်ဆိုသည်မှာ ငွေကြေးအင်အားရှိတိုင်းလည်း ထုတ်ရန်မသင့်သကဲ့သို့ အထူးသဖြင့် မိမိပုဂ္ဂိုလ်ရေး တည်ဆောက် ၀ါဒဖြန့်ချိရေး အတွက်ဆိုလျှင် ပိုမိုပြီး ဂျာနယ်မထုတ်သင့်ကြောင်း သတင်းစာသည် ပြည်သူများအတွက်သာ ဖြစ်သင့်ပြီး ကိုယ်ကျိုးအတွက် မဖြစ်သင့်ကြောင့် အခုပြသနာတက်မှ ထလုပ်ခြင်းသည် လည်း မဖြစ်သင့်ကြောင်း ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။
မြန်မာနိင်ငံတွင် ခရိုနီဟုသတ်မှတ်ထားသူ ဦးတေဇသည် ဧရာဝတီဂျာနယ် ထုတ်ဝေနေသကဲ့သို့ စက်မှုဝန်ကြီး ဦးအောင်သောင်းသားများ၏ AGE ကလည်း ဝေါစထရိ ဂျာနယ်ထုတ်ရန် လုပ်ဆောင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကလည်း နေပြည်တော်တိုင်းမ် အမည်ရှိဂျာနယ်ကို ထုတ်ဝေနေကြောင်း ဦးခင်ရွှေ သတင်းဂျာနယ်ထုတ်မည့် သတင်းသည် သိပ်မထူးဆန်းကြောင်း သတင်းဂျာနယ်များကို စောင့်ကြည့်လေ့လာနေသူ တစ်ဦးကမှတ်ချက်ပြုပြောကြားသည်။
သတင်း... yangon chronicle

No comments:
Post a Comment
wwwwnyinyi@gmail.com