Tuesday, March 20, 2012

မန္တလေးစက်မှုဇုန်ပေါက်ကွဲမှုသေဆုံးသူနောက်တယောက်ထပ်တိုး





ယနေ့ နံနက် ၁၁း၃၀ တွင် ဇရပ်ကွက် ပြည်ကြီးတံခွန်မြို့နယ် ၆၈လမ်းနှင့်၆၉လမ်းကြား သခင်ဖိုးလှကြီးလမ်း နိင်စိုးပိုင် သံရေကြိုလုပ်ငန်း ပိုင်ရှင်ဦး ကျော်...၏လုပ်ငန်းခွင်တွင် တာဝေးပစ်ဗုံးအမျိုးစားဗုံးတစ်လုံးပေါက်ကွဲခဲ့ပါသည်။ အလုပ်လုပ်ကိုင်နေတဲ့ ကလေး၃ဦး ဖြစ်သော စိုးမိုးသူ (ဘ) ဦးအောင်ငွေ ၁၆နှစ် နံသာလှိုင်ရွာ ၊ မြင်းခြံမြို့နယ်မှဖြစ်ပြီး နောက်တစ်ဦးမှာ ကိုမိုး (ဘ) ဦးမင်းစိုး ၁၉နှစ် နှင့် ချစ်ကောင်း (ဘ) ဦးတင်သွင် မိုးထောင်ရွာ ငါးဇွန်မြို့နယ်တို့ ၃ဦးစလုံးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။စိုးမိုးသူ နှင့် ကိုမိုးတို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး ချစ်ကောင်းမှာတော့ ဆေးရုံကြီးသို့ပို့ဆောင်ပြီး ညနေ၃နာရီတွင်သေဆုံးခဲ့ကြောင်းသိရသည်။အဆိုပါ တာဝေးပစ်ဗုံးအမျိုးစားကို သံတူနှင့်ထုရာမှပေါက်ကွဲခဲ့တာဖြစ်ပြီး ကိုမိုးမှာ ဘယ်ခြေပြတ် ၊လက်နှစ်ဘက်ပျက် နှင့် ဗိုက်ပွင့်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးခဲ့ပြီးအလားတူ စိုးမင်းသူမှာလည်း ခြေ၂ဖက်ပျက် ဗိုက်ပွင့်ဒဏ်ရာနှင့်သေဆုံးသွားခဲ့ကြပါသည်။ချစ်ကောင်းမှာ ခြေ ၊ ဦးခေါင်းတို့တွက် ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတွင်သေဆုံးသွားခဲ့ပါသည်။သေဆုံးသူများ၏အခင်းဖြစ်ရာအနီးတစ်ဝှိက်တွင် ခြောက်ပေါင်တူ ၁လက် နှင့်သံထည်ဟောင်း ရှော့ဘားများကိုလည်းတွေ့ရှိရပါသည်။ဆက်လက်၍တာဝန်ရှိသူများအခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိစစ်ဆေးရှာဖွေရာမှမပေါက်သေးသောဗုံး ၂၃လုံးကိုလည်းတွေ့ရှိသိမ်းစီးရရှိခဲ့ပါသည်။ပေါက်ကွဲရခြင်းအကြောင်းကိုမူအသေးစိတ်ထပ်မံစုံစမ်းနေပြီး သူတို့၃ဦးမှာ အဟောင်းထည်များဖျက်ရန်အတွက် သံထည်များထုနှက်နေချိန်ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်မှမျက်မြင်များ၏ပြောကြားချက်ကိုသိရှိခဲ့ရပါသည်။

1 comment:

  1. နံပါတ်၁တရားခံကဒီဗုံးတွေကိုတွေ့သူဖြစ်တယ်။သက်ဆိုင်ရာ(သို့)ရပ်ကွက်လူကြီးလောက်ကိုတောင်အကြောင်းမကြားတတ်လောက်အောင်ကိုဆင်ခြင်တုံတရားနဲပါးသဲူဖြစ်တယ်။နံပါတ်၂တရားခံက၄င်း၏တိုင်ပင်ခြင်းခံရသူတွေဖြစ် မယ်။၁နဲ့၂ဟာအရက်ဖိုးလောက်အတွက်နဲ့ဒီဗုံးတွေကိုသံရည်ကြိုသမားဆီကိုရောင်းစားကြမယ်။နံပါတ်၃ကသံရည်ကြိုပိုင်ရှင်ပါ။သူမသိပဲနဲသူ့အလုပ်သမားတွေကမ၀ယ်ရဲပါဘူး၊အသက်ကြီးတဲ့အလုပ်သမားတွေကမလုပ်ရဲလို့ကလေး တွေကိုခိုင်းတာပါ။အလွန်အင်မတန်လူမဆန်တဲ့သူပါ။မိမိရဲ့အသက်နဲ့ဂုဏ်ကိုတန်ဘိုးမထားတတ်သလိုသူတစ်ပါးရဲ့အသက်နဲ့ဂုဏ်သိင်္ကခာကိုလည်းတန်ဘိုးမထားတတ်သူပါ။နံပါတ်၎ကသံရည်ကြိုစက်ရုံကတခြားအလုပ်သမားတွေ နဲ့ပတ်ဝန်းကျင်ကသူတွေပါ။သူတို့သာသက်ဆိုင်ရာကိုအကြောင်းကြားခဲ့ရင် အခုလိုဖြစ်လာမှာမဟုတ်ပါဘူး။ဥပဒေကြောင်းအရနံပါတ်၃တရားခံဖြစ်တဲ့သံ ရည်ကြိုစက်ပိုင်ရှင်သာအပြစ်အကြီးဆုံးဖြစ်ပေမယ့်နောက်ဆုံးတားမြစ်ကာကွယ်ပိုင်ခွင့်ရှိသူတွေကနံပါတ်၎ပုင်္ဂဂိုလ်တွေပါ။သူတို့ကဘောလုံးစကားနဲ့ပြောရရင်last defender ပါ။သူတို့ပေါက်လို့ဂိုးဝင်သွားတာပါ။ ၀မ်းရေး အတွက်ငွေကြောင့်အလုပ်ရှင်အလုပ်သမားဖြစ်ကြပေမယ့်ကျွန်တော်တို့လုပ်သင့်လုပ်ထိုက်တာတွေကိုအားမနာတတ်စွာ၊ယဉ်ကျေးစွာလုပ်တတ်ကြဖို့လိုပါတယ်။ကျွန်တော်ပြောတဲ့၎မျိုးထဲက၁မျိုးမျိုးကသာကာကွယ်ခဲ့ရင်ဒီလိုဝမ်းနည်းဖွယ်ရာအဖြစ်ဆိုးနဲ့ကြုံတွေ့ရမှာမဟုတ်ပါဘူး။ဘယ်နေရာမဆိုပူးပေါင်းဆောင်ရွက်တတ်ဖို့လိုတယ်ဆိုတာအခုအဖြစ်ဆိုးကကျွန်တော်တို့ကိုသာဓကပြသွားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာလူမျီုးတွေတာဝန်သိတတ်စွာနဲ့ပူးပေါင်းဆောင်ရွက်တတ်ကြပါစေလို့ဆုတောင်းပါတယ်။

    ReplyDelete

wwwwnyinyi@gmail.com