Saturday, October 22, 2011

မြန်မာ့အလှကိုမြန်မာတို့မဖေါ်ထုတ်နိုင်ခဲ့

ဆလုံလူမျိုးတို့၏ပုံရိပ်ကိုထင်ဟပ်စေခဲ့သည့် 'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲ
Thursday, 20 October 2011 13:11
b29_17 ပင်လယ်ပျော်ဆလုံလူမျိုး သုံးထောင်ကျော်တို့၏ ၁၈၉၄ ခုနှစ်မှ ယနေ့အထိ ရှင်သန်နေထိုင်ကြပုံ သမိုင်းကြောင်းပုံရိပ်များကို ထင်ဟပ်စေသည့် 'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ပြုလုပ်လျှက်ရှိပါသည်။။ ၁၈၉၄ ခုနှစ်မှ ယနေ့အထိ ဆလုံလူမျိုးတို့ရဲ့သမိုင်းကြောင်းကို ထင်ဟပ်စေမည့်ဓာတ်ပုံ များ၊ကလေးငယ်များ၏ပန်းချီလက်ရာ များ၊ ဆလုံလူမျိုးများအသုံးပြုသည့် ကိရိယာတန်ဆာပလာများကို ပြသထားသည့်အပြင် ပြခန်းတွင်လည်း ဆလုံလူမျိုးများကို ရိုက်ကူးထားသည့် ဗီဒီယိုခွေအား ပြသထားပေးပါသည်။

ပြခန်းအတွင်းသို့ဝင်လိုက်လျှင် ဆလုံလူမျိုးများ၏ နတ်ကိုးကွယ် ယုံကြည်မှု၊ခေတ်အဆက်ဆက် နေထိုင်ခဲ့ကြသည့်ပုံစံ၊ ငါးဖမ်းဓလေ့၊ လက်ရှိဆလုံလူမျိုးများ၏ နေထိုင်ကြသည့်ပုံစံများကို ဓာတ်ပုံလက်ရာများ အနေဖြင့် တွေ့မြင်ခွင့်ရနိုင်သည့်အပြင် ဆလုံတို့၏လှေငယ်ပုံစံကိုလည်း ပြသထားပါသည်။ ဆလုံလူမျိုးတို့၏ မျက်နှာသွင်ပြင်ကို အနီးကပ်ပုံဖော်ထားသည့် ဓာတ်ပုံလက်ရာမှာ အသက်ဝင်သည့်အပြင် ဆလုံလူမျိုးတို့ယုံကြည်ရာ၊ရှင်သန်နေထိုင်ရာဘ၀အဓိပ္ပာယ်ကို ပုံဖော်စဉ်းစားမိစေပါသည်။ ပြခန်း၏အ၀င်ဝတွင် ဆလုံလူမျိုးများနှင့် ပတ်သက်တဲ့အချက်အလက်များကို ရေးသားပြုစုထားသည့် စာအုပ်များလည်း ဖတ်ရှုနိုင်ရန် ထားပေးထားသည်ကို တွေ့မြင်နိုင်ပါသည်။

'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်ယဉ်ကျေးမှုဌာနမှ IRASEC ၊ CNRS ၊ ဒေသဆိုင်ရာ ယဉ်ကျေးမှု ဖလှယ်ရေးဌာန၊ SEAMEO Chat တို့နှင့် ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး 'လူမျိုးစုနဲ့သဘာဝပတ်ဝန်းကျင်' ခေါင်း စဉ်နှင့် ဟောပြောပွဲများကို အောက်တိုဘာလ ၂၀ နှင့် ၂၁ ရက်တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဓာတ်ပုံပြပွဲကို နိုဝင်ဘာလ ၃ ရက်အထိ ဆက်လက် ပြသသွားမည်ဖြစ်ပြီး မည်သူမဆို ၀င်ရောက်ကြည့်ရှုနိုင်သည်ဟု သိရှိရသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com