Saturday, October 22, 2011

တရုတ်တို့အပေါ် လုပ်ငန်းသဘောအရ တိကျစွာဆက်ဆံရန်လိုအပ်။

ကမ္ဘာတိုင်းပြည်များနှင့်စီးပွားရေးဆက်ဆံရေးနေသောတရုတ် နိုင်ငံထုတ်ကုန်ပစ္စည်းများအပေါ်မည်သည့်တိုင်းပြည်မှ
ကောင်းမွန်သည်ဟုမှတ်ချက်မပေး။တရုတ်၏လုပ်ဆောင်ချက်နှင့်အရည်အချင်းသည်
တော်သင့်တင့်သော အဆင့်တွင်ရှိမရှိကို မြန်မာအာဏာပိုင်များသေချာလေ့လာသုံးသပ်ရန်လို။
  လက်ရှိတရုတ်နှင့် စီးပွားရေးလုပ်ဆောင်ချက်များသည် မြန်မာအစိုးရတို့စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု့အကျပ်အတည်းများကြောင့်သာ မတတ်သာသည့်အဆုံးတရုတ်ကို အားကိုးသည့်သဘောထားကိုပြောင်းသင့်။
   တရုတ်က ကယ်တင်ဖေးမလိုက်သောတိုင်းပြည်၊ဖွံ့ဖြိုးမှု့ကိုတည်ဆောက်ပေးလိုက်သောတိုင်းပြည် ကမ္ဘာတွင်မရှိသေး။ သူ့ဟာသူပင် တရုတ်ပြည်ကြီးရုပ်လုံးပေါ်အောင်မနည်းဖန်တီးနေရချိန်ကို နားလည်ဖို့လိုအပ်။အခြေအနေတည်ငြိမ်သောစီးပွားရေးစနစ်နှင့် တရုတ်ပြည်ကိုကမ္ဘာကလက်ခံထားခြင်းမဟုတ်ပေါချောင်မကောင်းသောပစ္စည်းများကို မတတ်သာ၍သုံးစွဲနေခြင်းဖြစ်တယ်။ ပိုက်ဆံရှိသူတိုင်း၊ ဘယ်နိုင်ထုတ်ပစ္စည်းကိုဝယ်သုံးမည်နည်းဟုစဉ်းစားကြည့်ပါ။အဖြေကရှင်းပါတယ်။ ကောင်းတာကိုဝယ်သုံးကြမှာပါ။
ဒီအထဲတွင် made in china ကပါမည်မထင်ပါ။ပိုက်ဆံမရှိလို့ သုံးဖြစ်ရင်ပြီးရောဆိုရင် တော့တရုတ်ကိုဝယ်ယူနေခြင်းပင်၊ လက်ရှိတရုတ်စီးပွားရေးဖြစ်ခြင်းရဲ့ မှားစရာမရှိသောအခြေခံကျကျ အချက်ဖြစ်ပါတယ်။
အောက်ပါသတင်းသည်တရုတ်လူမျိုးများရဲ့ကိုယ်ကျင့်သိက္ခာများပင်ဖြစ်ပါတယ်။(ပြည်သူ့အော်သံ)

ကချင်ပြည်နယ်က အဖိုးတန်း ရတနာတွေကို တရုတ် သယ်ထုတ်နေ


လွန်ခဲ့တဲ့ ၁နှစ်ခွဲ ရောက်ရှိစဉ်ကတည်းက ညညဆိုရင် ထရပ်ကားစီးရေ ၂၀၀ကျော်လောက် အစစ်အဆေးမရှိပဲ တရုတ်ပြည်ကို သယ်ပို့နေတာပါတဲ့...။ သူတို့လမ်းဖောက် ပေးတယ်ဆိုတာ... အရှေ့က လမ်းဖောက်တဲ့ ယန္တယားတွေက ဖောက်သွားပြီး အနောက်က သစ်လုံးတွေကို သယ်တဲ့ကားက တခါတည်း သစ်တွေတင်သွားတာ...။ နောက်တချို့ လမ်းဘေးက သူတို့မှာမရှိတဲ့ သစ်ပင်၊ သစ်ကြီးတွေဆိုရင်... အပင်လိုက် အမြစ်ကတူး နှုတ်ယူသွားပြီး ယူနန်မှာ ပြန်စိုက်တာ တောအုပ်တောင် ဖြစ်
နေပြီလို့ ဆိုပါတယ်...။
ဘူမိဗေဒဘာသာရပ်နဲ့ ကျောင်းတက်ခဲ့ပြီး မိုးကုတ်သားဖြစ်တဲ့ ဆရာတော်ဟာ မြစ်ဆုံကကျောက်တွေကို ကိုင်ကြည့်တာနဲ့ မည်သို့သော ကျောက်ဖြစ်တယ်ဆိုတာ ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်...။ ယခုမြစ်ဆုံ စီမံကိန်းမှာ ရှိသမျှ သက်နု၊ သက်ရင့်ကျောက်အားလုံး စမ်းသပ်ဖို့ဆိုပြီး ထိုစဉ်ကတည်းက တောက်လျှောက် သယ်ထုတ်နေတာပါတဲ့...။ အဓိက တရုတ်တွေ မျက်စိကျနေတာကတော့ မေခနဲ့ မလိခမြစ်ဆုံရာ အလယ်တည့်တည့်မှာ ဝဲတခုရှိတယ်လို့ဆိုပါတယ်..။ အဆိုပါဝဲနေရာဟာ ဇကာနဲ့စစ်တောင် ရွှေရတဲ့ နေရာဖြစ်လို့ဆိုပါတယ်..။ ရွှေရဲ့သဘော သိပ်သည်းဆများပြီး လေးတဲ့အတွက် အဆိုပါ.. မြစ်ဆုံဝဲရဲ့ အောက်ပိုင်းကို တရုတ်က အင်မတန်မှ လေ့လာစူးစမ်းဖို့အတွက် ပြုလုပ်နေတယ်လို့ ဆိုပါတယ်...။ သဘောင်္တွေနဲ့ အဆိုပါဝဲအောက်ပိုင်းကို လေ့လာဆန်းစစ်မှု ပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်..။ ဟိုတလောက ဘီဘီစီ သတင်းမှာ လွှင့်ထုတ်သွားတဲ့ တရုတ်မြေသယ်ကားတွေကို KIOမှ စစ်ဆေးရာမှာ ကား(၃)စီးမှာ ရွှေတွေ သိမ်းဆည်းမိတဲ့ အကြောင်းကို အမှတ်တမဲ့ ကြားလိုက်မိပါတယ်..။ မြစ်ဆုံရေကာတာ မတည်ဆောက်ခင်မှာပဲ တရုတ်ဟာ ကချင်ပြည်နယ်မှ မြန်မာပြည်ရဲ့ အဖိုးတန်သစ်၊ ကျောက်၊ ရှားပါးပစ္စည်းတွေကို ညစဉ်ညစဉ် အစစ်အဆေးမရှိ သယ်ထုတ်ခွင့် ရနေတာနဲ့တင် အရင်းကြေနေပြီ ဖြစ်တဲ့အတွက် တို့တိုင်းပြည် မိအေးနှစ်ခါ နာနေရပြီလို့ ဆရာတော်မှ မချိတင်ကဲ ပြောဆိုသွားပါတယ်.

No comments:

Post a Comment

wwwwnyinyi@gmail.com