Tuesday, September 13, 2011

ဒေါ်အောင်ဆန်းစုကြည်စာနယ်ဇင်းများအားလက်ခံတွေ့ဆုံ။

Tuesday,13 September 2011, 19:27

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမူးဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်း၊ပြည်ပမှ
ရောက်ရှိလာသောစာနယ်ဇင်းအယ်ဒီတာအဖွဲ့ဝင်များအားစက်တင်ဘာလ(၁၃)ရက်နံနက်(၁၀)နာရီမှညနေ(၃)နာရီခွဲအထိအဖွဲ့ချုပ်ရုံးတွင်လက်ခံတွေ့ဆုံခဲ့ကြောင်းသိရသည်။
အပြည့်အစုံ

ဧရာဝတီ စီမံကိန်းနောက်ကွယ်မှ ထွက်ပေါ်လာသောသတင်းတပုဒ်

အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အရာရှိကြီးတစ်ဦး၏ ရင်ဖွင့်ပြောစကားကို တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ယခုအကြောင်းအရာကို တင်ပြနိုင်ခြင်းဖြစ်ပါသည်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းအတွက် မူလက အကြိုလေ့လာရေး လုပ်ငန်းများ လုပ်ဆောင်စဉ်က မဂ္ဂါဝပ် ၄၀၀၀ ထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပါသည်။ ထိုသို့ လုပ်ဆောင် နေစဉ်ကာလအတွင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ တရုတ်ဒုတိယ သမ္မတရှီကျင်ပင်း၏ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးစဉ်ရှိသောကြောင့် မဂ္ဂါဝပ် ၄၀၀၀ အတွက် အကြိုလေ့လာရေး လုပ်ငန်းမပြီးပြတ်သေးသော စာရွက် စာတမ်းများ ပြန်လည်တောင်းယူခဲ့ ကြောင်း သိရသည်။ ထို့နောက် မတိကျသော အချက်အလက်များကို ထိုစဉ် က နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေထံ တင်ပြ၍ မူလက လုပ်ဆောင်ရန် ရည်ရွယ်ထားသော  မဂ္ဂါဝပ် ၄၀၀၀ အစား မဂ္ဂါဝပ် ၆၀၀၀ သို့ တိုးမြှင့်ပြောင်းလဲကာ မြစ်ဆုံစီမံကိန်း လုပ်ဆောင်မည့် တရုတ်ကုမ္ပဏီနှင့် MOU ထိုးစေခဲ့ကြောင်း သိရှိရပါသည်။ဆက်လက်ဖတ်ရန်

ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သောဆန့်ကျင်မှု့များကိုဘယ်တော့မှ နောက်ဆုတ်မည်မဟုတ်ကြောင်းအမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးဦးဇော်မင်းပြောကြား ။

ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သောမည်သည့်ကန့်ကွက်မှု့များရှိနေစေကာမူဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလျှပ်စစ်စွမ်းအားဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးဦးဇော်မင်းကစက်တင်ဘာလ၁၀ရက်နေ့က နေပြည်တော်ရှိမီးရထားဝန်ကြီးဌာန၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့်မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


"အခုတစ်လလောက်အတွင်းမှာဖြစ်နေတဲ့ဧရာဝတီရောဂါနဲ့အမီလိုက်နေသူများရဲ့ မေးခွန်းတွေနဲ့ကာတွန်းတွေ၊အခုဧရာဝတီမြစ်ဆုံစီမံကိန်းဆက်လက်လုပ်ဆောင်ဖို့ရှိပါသလား၊ဘယ်အဆင့်ရောက်နေပြီလဲလို့ မေးပါတယ်။ဧရာဝတီမြစ်ဆုံစီမံကိန်းကိုဆက်လုပ်ပါမယ်။ကျွန်တော်တို့ဘယ်တော့မှ နောက်မဆုတ်ပါဘူး။ ဆက်လက်ဖတ်ရန် ။