Thursday, December 8, 2011

မြန်မာ့ပညာရေး မဟာအလွဲများ

Thursday, December 8, 2011


ကျွန်တော် ဒီတစ်ခေါက် ဇာတိမြေပြန်တော့ ထုံးစံအတိုင်း ပညာရေးအသိုင်းအ၀ိုင်းက
မိတ်ဆွေတွေထံကို သွားလည်မိပါတယ်။ သူတို့နဲ့တွေ့ဆုံရတာ ပညာရေးအကြောင်းတွေလည်း
မျက်ခြေမပြတ်၊ ရင်ဖွင့်သံတွေ လည်းကြား၊ စာရေးဖို့ ကုန်ကြမ်းတွေလည်းရတတ်လို့
ယခင်မိတ်ဟောင်းဆွေဟောင်း ဆရာတွေကို မဖြစ် မနေ သွားရောက်တွေ့ဆုံ
စကားတွေပြောမကုန်အောင်ဖြစ်ခဲ့တယ်။
ဒီတစ်ခေါက် ထူးဆန်းတဲ့စကားတစ်ခွန်းကို ကြားရတယ်။
"လေးတန်းကျောင်းသား သတင်းစာမဖတ်တတ်ဘူး"။
ထူးဆန်းလိုက်တဲ့စကားကို ပြောသူက ကျွန်တော့် ဆရာ
လက်ထောက်မြို့နယ်ပညာရေးမှူးတစ်ယောက်။
"နိုင်ငံတော်အကြီးအကဲက ဒုတိယတန်းရောက်ရင် သတင်းစာလေးတော့ ဖတ်တတ်အောင်
လုပ်ပေးကြပါ" လို့ပြောလိုက်တယ်။ သိတယ်မဟုတ်လား ဒီမှာက
လူကြီးတစ်ခွန်းပြောလိုက်မှာ ပြူးပြူးပြာပြာ ဖြစ်ကုန်ကြတာ။
ဒါနဲ့ ပညာရေးသုတေသနက ပညာရှင်တွေ သုတေသနသမားတွေ ကျွန်တော်တို့နယ်ကို ဆင်းလာကြ
တယ်။ ကျောင်းတွေကို တစ်ကျောင်းဝင် တစ်ကျောင်းထွက် သတင်းစာဖတ်ပွဲကြီးတွေ
လိုက်ကျင်းပကြတယ်။
ပထမဦးဆုံး ဒုတိယတန်းကို ၀င်တယ်။ ကလေးတစ်ယောက်ကိုခေါ်ပြီး သတင်းစာဖတ်ခိုင်းတယ်။
စာလုံးတောင် မပေါင်းတတ်ဘူး။ နောက် တတိယတန်းကိုတက်၊ သတင်းစာဖတ်ခိုင်း မရ၊
စတုတ္ထတန်းကို တက်၊ သတင်းစာ ဖတ်ခိုင်း မရ၊ နောက်ဆုံး ပဉ္စမတန်းအထိတက်၊
သတင်းစာဖတ်ခိုင်း။ သေချင်စော်နံသွား တယ်။ မဖတ်တတ်ဘူး။
နောက်တစ်ဆင့် မတက်ခိုင်းတော့ဘူး။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ပြန်လာခဲ့ကြတယ်။ ခုထိ အဖြေလည်းမရှာ၊ အမေးလည်းမထုတ် ဘာမှလည်းမလုပ်နဲ့
သုတေသနဆိုတာ ရှာဖို့သက်သက်ပဲ လာလုပ်တယ် ထင်ပါတယ်။ ကလေးတွေ စာမဖတ်တတ်တော့တာတော့
အမှန်ပဲ" လို့ ဆရာက စကားစ ဖွင့်လိုက်တယ်။
ဒီမှာတင် မူလတန်းကျောင်းအုပ်ကြီးတစ်ယောက်က
"ဆရာတို့ လွှတ်လိုက်တဲ့ ဆရာမအသစ်တွေကလည်း ကြည့်ဦးလေဗျာ "သြ" ကို "သ ရရစ် အော"
လို့ ကလေးတွေကို စာလုံးပေါင်းသင်တယ်။ ကကြီး ခခွေး သဝေထိုး အရစ်အဆွဲမမှန်၊
စာကို ဋ္ဌာန်ကရိုဏ်းကျကျ မဖတ်တတ်။ ၀လုံးနဲ့ သုည ဆွဲချင်သလိုဆွဲ။ ကလေးတွေကို
စာလုံးမပေါင်းပြဘဲ အလွတ်တိုင် အလွတ်လိုက် ဆို၊ အလွတ်လိုက်ရေး
အောင်မှတ်ပေးနေတာ" လို့ ထပြောလိုက်တယ်။

"သတင်းစာ မဖတ်တတ်ဘူးဆိုတဲ့ ကလေးကို ဖတ်စာအုပ်ဖတ်ခိုင်းတော့လည်း အဆင်ကို
ချောနေတာပဲ။ ကလေးတွေ ကျောင်းစာကိုပဲ သိတော့တယ်။ အပြင်စာကို လုံးဝမဖတ်နိုင်တာ"
"ကျောင်းစာကို သိတယ်ဆိုတာ နေ့စဉ် အတိုင်အဖောက်နဲ့ ဆရာက ဖတ်ပြနေတဲ့အတိုင်း
သိတာ။ စာလုံးပေါင်းဖတ်နည်းကို ဆရာကလည်း မတတ်၊ တပည့်တွေကိုလည်း
အချိန်ကုန်ခံပြီးမသင်တော့ စာဘယ် မှာဖတ်တတ်တော့မှာလဲ"
ကျွန်တော်တို့ စကားဝိုင်းက ကောင်းလာတယ်။ ကျွန်တော်တို့ ကလေးတွေ စာမဖတ်တတ်တာကို
အဖြေရှာ ကြည့်ကြတယ်။ ပထမအချက်က ဆရာတွေကိုယ်တိုင် စာမဖတ်ဘူး။
စာဖတ်အားနည်းရတဲ့အထဲ မပြေလည် တာကို အကြောင်းပြပြီး ကျူရှင်တွေ ခေါ်သင်တယ်။
ကျူရှင်သင်တယ်ဆိုလို့ အထွေအထူးတတ်အောင် မဟုတ်ဘူး ကျောင်းသင်စာကို အိမ်ခေါ်ပြီး
ပြန်အော်ခိုင်းတာ။ ပိုက်ဆံယူကောင်းအောင်ပေါ့။ ကလေးတွေ ကျောင်းလွှတ်ရင်အိမ်လာ။
တစ်နာရီ နှစ်နာရီလောက် စာအော်ကြ။ ဆရာမကတော့ အိမ်နောက်ဖေးမှာ ချက်ပြုတ်
လျှော်ဖွတ်မပျက် ဒီကနေ စပျက်တော့တာပဲ။
နောက်တစ်ချက်က ကျောင်းတွေမှာ ကလေးတွေ စာဖတ်အားတက်စေတဲ့ စာအုပ်၊ စာပေတွေ
မရှိတော့ဘူး။ စာကြည့်တိုက်မရှိဘူး။ ရှိလည်း ဖွင့်မပေးဘူး။ ကလေးတွေဆိုတာ
မျက်စိထဲမှာ အရုပ်များများနဲ့ စာတွဲထား တာမြင်ရင် စိတ်ဝင်စားကြတယ်။
လိုက်ဖတ်တယ်။ ကာတွန်းကြိုက်တယ်။ ကာတွန်းတွေ့ရင် လိုက်ဖတ် တယ်။ ကာတွန်းစာအုပ်
ကျောင်းယူလာရင် ဆရာကသိမ်းပြီး သူကိုယ်တိုင် ကာတွန်းစာအုပ်ကို အတန်း ရှေ့မှာ
ထိုင်ဖတ်နေတဲ့ အဆင့်လောက်ရှိတဲ့ ဆရာတွေနဲ့ ပညာခေတ်ကို မထူထောင်နိုင်ဘူး။
ကျွန်တော်တို့ ကနေ့စာဖတ်နေတာ၊ စာရေးနိုင်တာတွေဟာ သုံးတန်း လေးတန်းလောကတုန်းက
ကျောင်း စာကြည့်တိုက်ကြောင့်ပါ။ ကျောင်းစာကြည့်တိုက်ကို ၀င်ကြေးတစ်မတ်ပေးရတယ်။
ကတ်ပြားထုတ်ပေး တယ်။ စာအုပ်ငှားလို့ရတယ်။ စာကြည့်တိုက်ထဲမှာ ထိုင်ဖတ်လို့ရတယ်။
ကျွန်တော်တို့ ပုံပြင်စာအုပ်တွေကို ကျောင်းလွှတ်တိုင်း အလုအယက်သွားဖတ်ကြတယ်။
အိမ်ကိုငှားရင်လည်း ပုံပြင်စာအုပ်တွေပဲငှားတယ်။
စာကြည့်တိုက်ထဲမှာ ဘားမားစတားကာတွန်းစာစောင်တွေ ပုံထားတယ်။
မောင်ကမ္ဘာကာတွန်းစာအုပ်တွေရှိ တယ်။ ကာတွန်းတွေဖတ်ကြတယ်။ သတင်းစာလည်း
ထားပေးထားတယ်။ ဂျာနယ်၊ မဂ္ဂဇင်းတွေ အပုံလိုက် စားပွဲပေါ်တင်ပေးထားတယ်။
မနက်စောစောကျောင်းမတက်ခင်တစ်ချိန်၊ နေ့ခင်းထမင်းစားလွှတ်ချိန်
တစ်ချိန်စာကြည့်တိုက်ထဲ ပြေးပြီး စာအုပ်လုကြတာအရသာတစ်မျိုးလို ခုထိခံစားရတယ်။
အဲဒီအချိန်က သဘောထားကြီးစွာနဲ့ စာကြည့်တိုက်ဖွင့်ပေးတဲ့ ဆရာတွေကို
ကျေးဇူးတင်မိတယ်။
ကျွန်တော် နာမည်ကြီးကျောင်းကြီးတစ်ကျောင်းမှာ ပင်စင်မယူမီအထိ အလုပ်လုပ်ခဲ့တယ်။
ကျောင်းကို ရောက်တော့ ကျောင်းအုပ်ကြီးဆီကို စာကြည့်တိုက် ဘယ်မှာလဲလို့
သွားမေးရတယ်။ ကျောင်းအုပ်ကြီးက "ခု စာသင်ခန်းဖွင့်ထားတဲ့ ခုနှစ်တန်းနေရာ"
လို့ပြောလိုက်လို့ စာကြည့်တိုက်ကို သွားကြည့်တယ်။ စာအုပ် ဘီရိုကြီးတွေ
ခန်းလုံးပြည့် ၁၀ လုံးလောက်ရှိမယ်။ စာအုပ်တွေလည်းအပြည့်။ ဒါပေမယ့် ဖုန်တွေတက်၊
ဝါညစ်ဆွေးမြေ့နေကြပြီ။ စာကြည့်တိုက်ဘီရိုကိုဖွင့်တဲ့ သော့တောင်ရှာမတွေ့တော့ဘူး။
ကျွန်တော် ဆရာအတတ်သင်တန်း တက်တုန်းကလည်း မှတ်မိသေးတယ်။ ဆရာအတတ်သင်မှာ စာကြည့်
တိုက်ရှိတယ်။ တက္ကသိုလ် ကောလိပ်တွေမှာလို ဌာနတစ်ခုအနေနဲ့ ထားပေးပြီး၊
စာအုပ်တွေငှားပေးတာ။ ကျွန်တော် စာကြည့်တိုက်ထဲရောက်တော့ မဖတ်ဖူးသေးတဲ့
စာအုပ်တွေကို ဘီရိုအပြည့်သွားတွေ့တယ်။ နိုင်ငံခြားကနေ လှူဒါန်းထားတဲ့
ပညာရေးဆိုင်ရာ စာအုပ်တွေပေါ့။
စာကြည့်တိုက်မှူးထံကိုသွားပြီး အဲဒီ ဘီရို ဖွင့်ပေးဖို့ပြောတော့ ကျွန်တော့်ကို
အထူးအဆန်းလိုမော့ကြည့်ပြီး သူ့စာကြည့်တိုက်မှူးတစ်သက် အဲဒီ ဘီရိုဖွင့်
ခိုင်းတဲ့ဆရာနဲ့ တစ်ကြိမ်မှ မကြုံဘူးသေးကြောင်း ၀န်ခံတယ်။ ကဲ
ကျွန်တော်တို့တိုင်းပြည်က ဆရာတွေရဲ့ အရည်အသွေးတွေကို အကဲဖြတ်နိုင်မယ်ထင်တယ်။
စာမဖတ်တဲ့ဆရာတွေရဲ့ လမ်းညွှန်သင်ပြမှုအောက်မှာ စာမဖတ်တဲ့ကလေးတွေ
ထွက်လာတာလည်း "Garbage in, garbage out" သဘောဖြစ်နေလို့ အဆန်းတော့ မဟုတ်ပါဘူး။
မြန်မာ့ပညာရေးလောကကို creative ဖြစ်တယ်လို့ မပြောနိုင်ဘူး။ ဖတ်စာကိုပုံသေထား၊
ဖတ်စာပဲသင်၊ ဖတ်စာပဲမေး၊ ဖတ်စာထဲကအတိုင်း မဟုတ်ရင် အမှတ်မပေးတဲ့ ပညာရေးစနစ်မှာ
creative လည်း ဖြစ်လာမှာမဟုတ်ဘူး။ ဆရာတွေ ကိုယ်က ဘာမှလုပ်လို့မရ၊
လုပ်ပိုင်ခွင့်တွေမရှိတော့ ကြာလေတုံးလေ၊ သံချေးတက်လေနဲ့ နောက်ဆုံး
လွှင့်ပစ်လိုက်ရတော့မယ့် အနေအထားအထားထိဖြစ်သွားအောင် စနစ်တကျများ
ဖျက်ဆီးနေကြတာလားလို့ တောင် သံသယပွားမိတယ်။

ဆရာတွေ သုံးမရတော့ တပည့်တွေလည်း တုံးလာတယ်။ ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုမရှိ
နှစ်ပေါင်း များစွာ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒီပြဋ္ဌာန်းချက်စာအုပ်တွေကိုပဲ
ပုံသေစွဲကိုင်ထားတယ်။ အရိုးစွဲနေတဲ့သူတွေက လည်း သူ့ခေတ်ကစာ၊
သူ့ခေတ်ကအထာတွေကိုပဲ ကောင်းတယ်လို့ထင်ပြီး ရှေးခေတ်ဟောင်း အောင့်မေ့
ဖွယ်တွေကိုပဲ ပြန်သင်ခိုင်းနေကြတယ်။

ကွန်ပျူတာခေတ် အိုင်တီခေတ်မှာ ကွန်ပျူတာမကိုင်ဘူးတဲ့ လူကြီးတွေက ကွန်ပျူတာကို
အထင်မကြီးတော့ ကွန်ပျူတာနဲ့ ကွင်းရှောင်လို့ရသမျှ ကွင်းရှောင်ပြီး
ပညာရေးအလုပ်တွေ လုပ်နေကြတယ်။ ဒီတော့ ကွန်ပျူတာနဲ့ ပညာရေး အလှမ်းဝေးကုန်တယ်။
ပြီးခဲ့တဲ့လွှတ်တော်အထိ ပညာရေးတွင် အိုင်စီတီကို ထိရောက်အကျိုးရှိစွာ
အသုံးချရေးဆိုပြီး အဆိုတင်တာ ကို ထောက်ခံကြောင်းပဲ ပြောတယ်။
ဘယ်လိုအကျိုးရှိအောင်သုံးမှာလဲ၊ ဘယ်လောက်အဆင့်အထိ သုံးမှာလဲ၊ ဘယ်သူတွေနဲ့
သုံးမှာလဲ၊ ဘာတွေကိုသုံးမှာလဲ တိတိပပ ထုတ်ဖော်တင်ပြဆွေးနွေးတာ မတွေ့ရဘူး။
လမ်းဖောက်၊ တံတားဆောက်၊ မီးရထားရပ်ဖို့နဲ့ ကားလမ်းပေါ်လှည်းမတက်ရေးလောက်ကို
ဆွေးနွေးနေကြတဲ့ ပြည်သူတွေရဲ့ ပြည်သူ့ကိုယ်စားလှယ် ဆိုတာတွေကိုလည်း
စိတ်ပျက်မိတယ်။
လွှတ်တော်နှစ်ကြိမ်ကျင်းပသွားတဲ့အထဲမှာ အိုင်စီတီနဲ့
နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ ပညာရေးဖွံ့ဖြိုးတိုးတက် အောင်
ဦးဆောင်ဆွေးနွေးသူတွေ တစ်ယောက်မှမရှိဘူး။ ထင်ရှားတာက အိုင်စီတီအကြောင်း၊
အိုင်စီတီနဲ့ နိုင်ငံပြုပြောင်းလဲရင် တိုးတက်မှုမြန်ဆန်ကြောင်း သိသူတွေ
လွှတ်တော်ထဲမှာနည်းနေတယ်ထင်ပါရဲ့။
မြန်မာနိုင်ငံမှာ စာမဖတ်တာ အဆန်းမဟုတ်ပါဘူး။ ကျွန်တော့် ပညာရေးဆိုင်ရာ
စာအုပ်တစ်အုပ် မကြာ သေးမီက ထုတ်တယ်။ ထုတ်ဝေသူက အုပ်ရေ ၁၀၀၀ (တစ်ထောင်)
ထုတ်တယ်တဲ့။ စာပေလောကမှာ အုပ်ရေ ၁၀၀၀ ဆိုတာ bestseller စာရင်းဝင်တဲ့။
မြတ်စွာဘုရား! ကယ်တော်မူပါ။
မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်၊ ၆၀ နီးပါး။ စာအုပ်ထုတ်ရင် ၁၀၀၀၊
ဂျာနယ်တွေမှာ ၁၀၀၀၀ (တစ်သောင်း) လောက်ရိုက်ရရင် ထိပ်တန်းတဲ့။
နေ့စဉ်ထုတ်သတင်းစာတွေလည်း သိန်းဂဏန်းပဲရှိတယ်။ အကြည်တော် ဆိုတဲ့
ဟာသစာရေးဆရာရဲ့စာအုပ်က တစ်ကြိမ်ရိုက်ရင် သောင်းဂဏန်းဆိုတော့ ကျွန်တော်တို့ထက်
သာတယ်။ စာမတတ်၊ စာမဖတ်တဲ့သူတွေနဲ့ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော
နိုင်ငံတည်ဆောက်ဦးမယ် ဆိုတာကတော့ နည်းနည်းလေးလွဲနေပြီထင်ပါတယ်။

နောက်ဆုံးပြောချင်တာက
- ကလေးတွေကို စာဖတ်နိုင်အောင်လုပ်ပေးကြပါ။ ပြန်ကြားရေးဌာနက စာကြည့်တိုက်တွေ
ကျေးရွာ ရပ်ကွက်အထိ လိုက်ဖွင့်ပေးနေတယ်ဆိုပြီး လူကြီးလာမှ စာလာဖတ်ပြတာမျိုး
မလုပ်ကြပါနဲ့၊
-စာဖတ်ချင်အောင် အသင်းအဖွဲ့လေးတွေ သူတို့စိတ်ကြိုက်ဖွဲ့စည်းခွင့်ပေးပါ။
အသင်းအဖွဲ့ကို မကြောက်ပါနဲ့။ ဒီမိုကရေစီ အဲဒီကစတာပါ။ ပါတီတွေ အဲဒီကနေစရတာပါ။
တူသူတွေပေါင်းစည်း ခွင့်ကို အစိုးရဆိုတာကြီးနဲ့ မလွှမ်းမိုးထားပါနဲ့
- ကျောင်းတွေမှာ စာကြည့်တိုက်တွေပြန်ဖွင့်ပါ။ စာအုပ်တွေကို update ဖြစ်အောင်
အမြဲလုပ်ပါ။ စာကြည့်တိုက်သုံးမှ စာမေးပွဲဖြေနိုင်၊
အမှတ်ကောင်းကောင်းရနိုင်တယ်ဆိုတာကို ဆရာတွေလည်း လက်ခံနိုင်အောင်
ပြန်ပြီးလေ့ကျင့်ပါ။ တပည့်တွေလည်း ကျင့်သုံးနိုင်အောင် ဆောင်ရွက်ပေးပါ။
-ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးဖို့ဆိုတာ ပညာရေးမှာ
ခေတ်မီအောင်အရင်လုပ်မှရပါလိမ့်မယ်။ အိုင်စီတီ ကို အလျှံပယ်သုံးနိုင်ရေး
ကျောင်းတွေမှာ စီစဉ်ပေးပါ။ ကွန်ပျူတာကိုင်ခွင့်ရှိအောင်၊ အင်တာနက်
သုံးတတ်အောင် အခွင့်အရေးတွေပေးပါ။ မသုံးရင် မဖြစ်လောက်အောင် သင်ရိုးနဲ့
ပြဋ္ဌာန်းချက်တွေ ကို ပြင်လိုက်ရင်ပိုကောင်းပါတယ်။
-မြန်မာ့ပညာရေးစနစ်ဟာ ကြိမ်ဖန်များစွာပြန်သုံးနေတဲ့
ချဉ်ဖတ်အိုးကြီးနဲ့တူနေပါတယ်။ ကဇော် ဖောက်ထားသလို ချဉ်စော်နံပြီး
အံချင်စရာကောင်းနေပါတယ်။ အထူးသဖြင့် အဲဒီချဉ်ရေစိမ်အိုးထဲ မှာ ဆရာတွေရဲ့
အနေအထားက ပိုဆိုးပါတယ်။ မြောင်းထဲရောက်နေတဲ့ ဆရာတွေရဲ့ဘ၀ကို ပြန်ဆွဲတင်ပေးပါ။
-ပညာရေးစနစ်တစ်ခုလုံး ပြုပြင်ပြောင်းလဲမှုမလုပ်ဘဲ ပုဂ္ဂလိကပညာရေးကို
ခွင့်ပြုလိုက်ရင် ရရှိလာမယ့်အကျိုးဆက်ဟာ အစိုးရအတွက်
အကောင်းတွေဖြစ်လာမှာမဟုတ်ပါဘူး။ ပညာရေးကို ချိုးနှိမ်ထားရာကနေ၊
ရန်မဖြစ်တတ်တဲ့ကလေးနဲ့ ရန်ဖြစ်တတ်တဲ့ စွာလန်ကျယ်ကလေးကို ရန်တိုက် ပေးလိုက်ရင်
ဘာတွေဖြစ်လာမယ်ထင်ပါသလဲ။

**တင်ညွန့်**

ဝန်ထမ်း လင်မယားနှစ်ဦး ကားတိုက်ခံရမှု တရားမစွဲရန် ဒကစမှူး ဖိအားပေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် နိုဝင်္ဘာလ ၂၇ ရက်နေ့က အစိုးရ ၀န်ထမ်း လင်မယားနှစ်ဦး စီးလာသော ဆိုင်ကယ်အား ရခိုင်ပြည်နယ် ဒေသ ကွပ်ကဲမူ စစ်ဌာနချုပ်မှ ဒကစမှူး ကိုယ် တိုင် စီးလာသော ကား ၀င်တိုက်ခဲ့သဖြင့် အမျိုးသမီး ဖြစ်သူမှာ ပြင်းထန် စွာဒဏ်ရာရရှိ သွားကြောင်း သိရသည်။
old-market-sittweစစ်တွေမှာ ဆိုင်ကယ်မြို့တော်ဟု တင်စားရအောင် ဆိုင်ကယ်များ ပေါလွန်းလှသည်။ ထိုသို့ ဒဏ်ရာ ရရှိသွားသော်လည်း တရားမစွဲဆိုရန် ဒကစမှူးက အဆိုပါ ၀န်ထမ်း လင်မယားနှစ်ဦးကိုဖိအားပေးထား ကြောင်း သူတို့နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

" ဟုတ်ပါတယ်။ ဖြစ်တာက နိုဝင်္ဘာလ ၂၇ ရက် ညနေ ၁၀ နာရီကျော် မှာ ပဒိုးမော် နားမှာ ဖြစ်တာပါ။ လင်မယားနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ်ကို ကားက ၀င်တိုက်တာ ဖြစ်ပါတယ်။ အမျိုးသမီးက ဆေးရုံကို တင်ရပါတယ်။ မနေ့ကတော့ ဆေးရုံက ဆင်းလာပါပြီ။ ခြေထောက်မှာ ငါးချက်တိတိ ချုပ်ရတယ်။ ခုလို ဖြစ်ပေမယ့် သူတို့ကို တရားမစွဲဖို့။ အပြင် သတင်း မပေါက်ကြားဖို့ ဖိအားပေး ပြောဆိုထားတယ်လို့ သိရပါတယ်" ဟု သူက ပြောသည်။

လင်မယားနှစ်ဦးမှာ ဆည်မြောင်း ဦးစီးဌာနမှ ဖြစ်ကြပြီး အဆိုပါ အခင်း ဖြစ်ပွားပြီးနောက် အမျိုးသမီး ဖြစ်သူအား ကားပေါ် တင်ကာယူဆောင်ရာမှ အခင်း ဖြစ်ရာ အနီးတ၀ိုက်တွင် ရုတ်ရုတ်သည်းသည်း ဖြစ်သွားခဲ့ကြောင်း သူက ပြောသည်။

" ကားနဲ့ ၀င်တိုက်တာနဲ့ ဆိုင်ကယ်ပေါ်က အမျိုးသားက အဝေးကို လွင့်ကျသွားတယ်။ အမျိုးသမီး ခြေထောက်က ဆိုင်ကယ်နဲ့ ညှပ်သွားတယ်။ သူတို့က ယောင်္ကျား ဖြစ်သူကို ထားခဲ့ပြီး အမျိုးသမီးကို ကားပေါ် တင်ပြီး ဆေးရုံကို ယူတယ်။ ဒါပေမယ့် အမျိုးသမီးက အိမ်ဖြူတော် အနှိပ်ခန်းဘက်ကို ယူတော့ ကြောက်ပြီး အော်တာနဲ့ လူတွေ လိုက်လာတော့ သူမကို ချပြီးကားကို မောင်းထွက် သွားကြတယ်" ဟုသူက ဆက်ပြောသည်။

အနီးအနားမှ လူများ၏ အကူအညီဖြင့် သူမတို့ လင်မယားနှစ်ဦးအား စစ်တွေ ဆေးရုံကြီးသို့ ပို့ပေးခဲ့ရပြီး အမျိုးသမီး ဖြစ်သူမှာ ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံတွင် နိုဝင်္ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ထိကုသ ခဲ့ရကြောင်း သိရသည်။

နောက်တစ်နေ့တွင် ဒစကမှူးနှင့် အတူ ကားတိုက်စဉ်က ကားပေါ်တွင် ပါလာသူ ပုဇွန်လုပ်ငန်းပိုင်ရှင် စောအောင်သိန်းမှ ကျပ်ငွေ တစ်သိန်းနှစ်သောင်းအား အဆိုပါ အမျိုးသမီးသို့ လျော်ကြေး အဖြစ် လာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

" သူတို့ကတော့ ပျက်စီးသွားတဲ့ ဆိုင်ကယ်ကိုလည်း လျော်ပေးမယ်ဆိုပြီး ပြောတယ်။ ကုန်ကျတဲ့ ဆေးဝါး စရိတ်ကိုလည်း ပေးမယ်။ ဒါပေမယ့် ဘယ်မှာမှ မတိုင်ရဘူးဆိုပြီး ပြောတယ်။ ပီးရင် အဲဒီ ကားတိုက်တဲ့ အကြောင်း ဘယ်သတင်းဌာနကိုမှ မပြောရဘူဆိုပြီး ပြောထားတယ်လို့ သိရပါတယ်" ဟု သူကဆက် ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တခြား ဆေးရုံ သတင်းရပ်ကွက်မှလည်း အတည်ပြု ပြောကြားသည်။

ကာယကံရှင် အမျိုးသမီးအား နိရဉ္စရာမှ ဖုံးထဲမှ တဆင့် ဆက်သွယ်မေးမြန်းရာ ကားတိုက်မူ ဖြစ်ပွားသည် အပေါ် ဟုတ်မှန်ကြောင်း ပြောဆိုသ်ာလည်း အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။

ကျောင်းသားများ သဘောထား

ဖိုးရှုပ်လေးဆီမှ-
To 8888

 ပြစ်မှုကျူးလွန်ပြီး ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်သည့် တရားခံများကို ခိုလှုံရာနိုင်ငံများနှင့် ချိတ်ဆက်ဖမ်းဆီးမည် စီးပွားရေးလောကအတွင်း ကျပ်သိန်းသောင်းချီသည့် လိမ်လည်မှုများ ဖြစ်ပေါ်နေခြင်းမှာ တိုက်ရိုက်နစ်နာသူများကိုသာမက စီးပွားရေးဝန်းကျင် တစ်ခုလုံးအတွက်ပါ နစ်နာမှုများ ဖြစ်ပေါ်လာရ

အလဲဗင်းသတင်းမှ-

Wednesday, 07 December 2011 10:23
စီးပွားရေးလုပ်ငန်းရှင်များအကြား ကျပ်သိန်းသောင်းချီသည့် လိမ်လည်မှုများ၊ ယုံကြည်အပ်နှံဖောက်ဖျက်မှုများ တိုး၍ဖြစ်ပေါ်နေခြင်းသည် တိုက်ရိုက်နစ်နာမှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များကိုသာမက စီးပွားရေး အ၀န်းအ၀ိုင်းတစ်ခုလုံးအတွက်ပါ နစ်နာမှုများ ကြုံတွေ့နေရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ပြောကြားခဲ့ကြသည်။
ယင်းကဲ့သို့  ကျပ်သိန်းပေါင်း ထောင်သောင်းချီ၍ လိမ်လည်ခဲ့သူများသည် ပြည်ပနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်လေ့ရှိသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံတကာရဲတပ်ဖွဲ့၏ အကူအညီဖြင့် ခိုလှုံရာနိုင်ငံများနှင့် ချိတ်ဆက်ကာ ဖမ်းဆီးသွားမည်ဖြစ်သည်ဟု သိရသည်။   ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် ကျပ်သိန်းပေါင်းနှစ်သောင်းကျော် ယုံကြည်အပ်နှံ ဖောက်ဖျက်ခဲ့သည့် ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် တောင်ဒဂုံစက်မှုဇုန်တွင် နေထိုင်သူ စက်မှုလုပ်ငန်းရှင် ဇနီးမောင်နှံနှစ်ဦးဖြစ်သူ ဦးစိုးနိုင်ဝင်းနှင့် ဒေါ်အေးအေးပြုံးတို့က မှန်ချို တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံ၊ ပလတ်စတစ်ဘူး စက်ရုံလုပ်ငန်းများအား အကြောင်းပြုကာ မိတ်ဆွေများထံမှ ငွေကျပ်သိန်းနှစ်သောင်းကျော်အား ရယူခဲ့ပြီး သတ်မှတ်ကာလ အသီးသီးတွင် ပြန်လည်ပေးအပ်မည် ဟု ကတိပြုခဲ့ခြင်းကို ချိုးဖောက်ကာ အောက်တိုဘာလဆန်းပိုင်းက  ရန်ကုန်မြို့မှ တိမ်းရှောင်သွားခဲ့ကြောင်း နစ်နာသူ ကိုးဦးက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ အောက်တိုဘာလ ၁၀ ရက်နေ့က တိုင်ကြားသောဖြစ်စဉ် ဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူအချို့က ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်(ပ)၃၂၂/၂၀၁၁၊ (ပ)၃၃၃/၂၀၁၁၊ ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၂၆၄/၂၀၁၁၊ ဒေါပုံမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၃၃၀/၂၀၁၁၊ သာကေတမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ)၃၄၆/၂၀၁၁၊ ပန်းပဲတန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၃၂၉/၂၀၁၁၊ (ပ)၄၂၀/၂၀၁၁ ဖြင့် အမှုဖွင့်ခဲ့ကြပြီး ကျန်ရှိနေသူအချို့မှာလည်း အမှုဖွင့်တိုင်ကြားရန် စီစဉ်နေဆဲ ဖြစ်သည်ဟု သိရသည်။ ''လိမ်လည်ရယူသွားတဲ့ ငွေကြေးပမာဏတွေထဲမှာ ကျပ်သိန်း ၄၀၀၀ ကျော်တဲ့ လူတွေတောင် ပါ ပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့မှာ ဒေါ်အေးအေးပြုံး ကျန်းမာရေး မကောင်းလို့ ပင်လုံဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ပြန်ဆင်းလာတဲ့အခါ ဒီငွေကြေးကိစ္စကို ရှင်းလင်းပေးပါမယ်လို့ မိသားစုဝင်တွေက ပြောတဲ့အတွက် ကျွန်မတို့အားလုံး လူမှုရေးရှုထောင့်ကနေ ဆိုင်းငံ့ပေးထားတုန်းမှာ အောက်တိုဘာလ ၅ ရက်နေ့မှာ တိမ်းရှောင်သွားတာ ဖြစ်ပါတယ်''ဟု ယင်းဖြစ်စဉ်တွင် နစ်နာခဲ့သူတစ်ဦးက ပြောပြခဲ့သည်။

ငွေကြေးပြဿနာတော်တော်များများမှာတော့ အဓိကပါဝင်တဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်ပနိုင်ငံကို ထွက်ပြေးသွားကြတာ အစဉ်အလာလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့လည်း နိုင်ငံဖြတ်ကျော် မှုခင်းများ ဌာနကနေတစ်ဆင့် နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး . . . 
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ''ကျွန်တော်တို့ ရဲတပ်ဖွဲ့စခန်းမှာ တရားလို ဒေါ်ခင်လဲ့ဝင်းက အမှုဖွင့်တိုင်ကြားထားတဲ့အတွက်(ပ)၁၉၉၁/၂၀၁၁နဲ့ အမှုဖွင့် ဆောင်ရွက် နေပါတယ်။ လိမ်လည်မှုကို ဆောင်ရွက်သွားတဲ့ ပုဂ္ဂိုလ်ဟာ ဂျပန်နိုင်ငံကို ထွက်ခွာသွားတယ်လို့ သိရပါတယ်'' ဟု ဒီဇင်ဘာလ ၅ ရက် နေ့က ပြောကြားခဲ့သည်။  ''စီးပွားရေးလောကမှာတော့ ဒီလိုယုံကြည်အပ်နှံ ဖောက်ဖျက်မှုတွေ၊ လိမ်လည်မှုတွေ အနည်းနဲ့အများတော့ ရှိကြတာပါပဲ။ ဒါပေမယ့် ပမာဏ အလွန်များတဲ့ လိမ်လည်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာ တွေ့လာရပါတယ်။ ပထမ တိုင်းရင်းဆေးနဲ့ ပတ်သက်တာ၊ နောက် ပဲလောက ဖြစ်စဉ်တစ်ခု၊ ဒီလိုဖြစ်စဉ်မှာ အဓိကလုပ်ကိုင်သွားတဲ့ ပုဂ္ဂိုလ်တွေ ပြည်ပနိုင်ငံကို ထွက်ပြေးသွားကြတယ်လို့ သိရတယ်။ ဘယ်နိုင်ငံကို ထွက်သွားတယ်၊ ဘယ်နေ့က ဆိုတာကအစ သိလို့ သတင်းပေး သူတွေက ပေးကြတယ်။ ဒါကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ ဒါမှလည်း နောင်အလားတူ ပြဿနာတွေမှာ ဒီနည်းနဲ့ ဖြေရှင်းလို့တော့ မရနိုင်ဘူးဆိုတာ သိသွားကြမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်မှ တရားလွှတ်တော်ရှေ့နေ ဦးတင်အောင်ဝင်းက ပြောကြားခဲ့သည်။  အလားတူပင် ပဲလုပ်ငန်းရှင်များအကြား ကျပ်သိန်းပေါင်း ငါးသောင်းနီးပါး လိမ်လည်တိမ်းရှောင်မှု တစ်ရပ်လည်း ရန်ကုန်မြို့တွင် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ အထိရရှိသော စာရင်းအရ နစ်နာသူ ၅၉ ဦးက ရန်ကုန်တိုင်း ဒေသကြီးရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ သတင်းပေးပို့ထားကြပြီး အဆိုပါဖြစ်စဉ်တွင် အဓိကတာဝန်ရှိသူမှာ ပြည်ပနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း သိရသည်။
ယင်းဖြစ်စဉ်မှာ စိန်နန်းထိုက်ကုမ္ပဏီမှ ဦးဇော်သန်းထိုက်(ခ) ဦးဇော်ငယ်က ပဲလုပ်ငန်းရှင်များထံမှ ကြိုတင်အပ်နှံထားသည့် မတ်ပဲတန်ချိန် ၅၀၀၀ နီးပါးကို ရောင်းချပေးပြီးနောက် ပေးရန်ရှိငွေများကို ရှင်းလင်းပေးချေရန်  ပျက်ကွက်ခြင်း၊ ချက်လက်မှတ် ရေးပေးသော်လည်း ဘဏ်တွင် ထုတ်ရန် ငွေလက်ကျန်မရှိသည့် ဖြစ်ရပ်များကြောင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည် ဒိုင်) က စိန်နန်းထိုက်ကုမ္ပဏီပိုင်ရှင် ဦးဇော်သန်းထိုက်နှင့်ပတ်သက်၍ နစ်နာမှုရှိသည့် ပဲလုပ်ငန်းရှင်များအနေဖြင့် လာရောက် ဆက်သွယ်ရန် အကြောင်းကြားခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့်  ပတ်သက်၍ ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူများကလည်း စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
''ဒီဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ဦးဇော်သန်းထိုက်ဟာ အရောင်းအ၀ယ်လုပ်ငန်းတွေကို ကုန်စည်ဒိုင်အတွင်းမှာ ဆောင်ရွက်မှု ရှိနေသလို ကုန်စည်ဒိုင်ပြင်ပမှာလည်း ဆောင်ရွက်နေတာ တွေ့ရပါတယ်။ သူနဲ့အရောင်းအ၀ယ် ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ယုံကြည်မှုကို ရယူထားသူတစ်ဦး ဖြစ်သော်လည်း ဒီပြဿနာ မပေါ်ပေါက်မီ နှစ်လ သုံးလခန့်အလိုမှာတော့ ဦးဇော်သန်းထိုက်ဟာ ကုန်စည်ဒိုင်ပြင်ပမှာ ပဲရောင်းဝယ်မှု လုပ်နေတာ တွေ့ရပါတယ်။ ဒီပြဿနာ ပေါ်ပေါက်လာတဲ့အခါမှာ ဦးဇော်သန်းထိုက်ဟာ မိသားစုနဲ့အတူ နိုဝင်ဘာလ ၂၄ ရက်နေ့က ထိုင်းနိုင်ငံကို ထွက်ခွာသွားတာလို့ သိရပါတယ်။ သူပိုင်တဲ့ တိုက်ခန်းကိုလည်း နိုဝင်ဘာလ ၁၈ ရက်နေ့ကတည်းက ရောင်းချသွားတယ်လို့ သိရပါတယ်။ ဂိုဒေါင်တွေနဲ့ ရုံးခန်းကလည်း ငှားရမ်းသုံးစွဲထားတယ်လို့ သိရတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့် ဆင့်ကို တင်ပြထားပြီးတော့ ပြင်းပြင်း ထန်ထန် အရေးယူဆောင်ရွက်ဖို့  ပြင်ဆင်နေပါတယ်''ဟု မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောကြားခဲ့သည်။  ယင်းကဲ့သို့ ပဲလုပ်ငန်းရှင်များအကြား ဘီလျံ ၂၀၀ ကျော်သည့် ပြဿနာတစ်ရပ် ပေါ်ပေါက်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ ပဲလုပ်ငန်းလုပ်ကိုင်သူများ အားလုံးနီးပါး အနည်းနှင့်အများ ထိခိုက်မှုရှိခဲ့သည့်အတွက် နိုင်ငံတော်အဆင့်မှ ၀င်ရောက်ဖြေရှင်းပေးခဲ့ရဖူးသည့် ဖြစ်ရပ်လည်း ရှိခဲ့ဖူးကြောင်း ပဲကုန်သည်တစ်ဦးက ဆိုပါသည်။
''ဒီလို စီးပွားရေးလောကမှာ ဖြစ်ပေါ်နေတဲ့ ငွေကြေးလိမ်လည်မှုတွေဟာ လိမ်လည်ခံရသူတွေသာ နစ်နာတာမဟုတ်ပါဘူး။ စီးပွားရေး အသိုင်းအ၀ိုင်းတစ်ခုလုံးမှာပါ မယုံကြည်မှုတွေအပြင် တိုးတက်မှုကိုပါ နှောင့်နှေးသွား စေပါတယ်။ အခုကျွန်တော်တို့ နိုင်ငံဟာ စီးပွားရေးနဲ့ပတ် သက်လာရင် လုပ်စရာတွေ အများကြီးပဲ ရှိနေပါတယ်။  စုပေါင်းပြီးတော့ ရင်းနှီးမြှုပ်နှံကြရမယ့် ကိစ္စတွေမှာ ဒီဖြစ်စဉ်တွေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ကုန် မှာ သေချာ ပါတယ်။ ဒါကြောင့် ဒီလိုပြဿနာတွေ ထပ်မဖြစ်ရအောင် ကုန်စည်ဒိုင်တွေမှာလည်း ချမှတ်ထားတဲ့စည်း မျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ကြဖို့ တိုက်တွန်းချင်သလို သက်ဆိုင်ရာတွေကလည်း ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးဖို့ကိုလည်း ပြောကြားလိုပါတယ်''ဟု ပဲလုပ်ငန်းရှင်တစ်ဦးက အကြံပြု ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူးဖြစ်သူ ဦးမင်းကိုဦးကလည်း ယခုဖြစ်စဉ်မှာ ပဲလုပ်ငန်းရှင်များအကြားတွင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုလွန်ကဲခြင်းကြောင့် ဖြစ်လာရသည်ဟု သုံးသပ်ပြီး နယ်တောင်သူနှင့် ကုန်သည်များ အကြားတွင်ရှိသည့် ယုံကြည်မှုကို အလွဲသုံးသွားသည့်ဖြစ်စဉ်ဟု ဆိုပါသည်။ ယင်းဖြစ်စဉ်သည် တိုင်းပြည်စီးပွားရေးနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် စီးပွားရေးတိုးတက်မှုဖြစ်စဉ်များအတွက် အနှောင့်အယှက်ဖြစ်စေသည့်အတွက် လူတစ်ဦးချင်းစီ၏  စိတ်ဓာတ်နှင့်လည်း သက်ဆိုင်နိုင်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။
''ငွေကြေးပြဿနာ တော်တော်များများမှာတော့ အဓိကပါဝင်တဲ့ပုဂ္ဂိုလ်တွေဟာ ပြည်ပနိုင်ငံကို ထွက်ပြေးသွားကြတာ အစဉ်အလာလို ဖြစ်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့လည်း နိုင်ငံဖြတ်ကျော် မှုခင်းများ ဌာနကနေတစ်ဆင့် နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ ခိုလှုံရာနိုင်ငံတွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက်ဆောင်ရွက် ဖမ်းဆီးသွားဖို့ရှိပါတယ်။ ပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း ၀ိုင်းဝန်းကူညီ သတင်းပေးကြဖို့ လိုအပ်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမင်းက ပြောကြားခဲ့သည်။      
သတင်းအယ်ဒီတာအဖွဲ့

သတင်းသမားထောင်ချထားသည့် ကမ္ဘာအဆိုးဆုံး အစိုးရများထဲတွင် မြန်မာအစိုးရသစ်ပါဝင်


  December 8, 2011 by နေသွင်   
သတင်းသမားတွေကို ထောင်ချတဲ့ ကမ္ဘာ့အဆိုးဆုံး အစိုးရတွေထဲမှာ မြန်မာအစိုးရသစ်လည်း ပါဝင်တယ်လို့ သတင်းသမားကာကွယ်ရေးအဖွဲ့ (စီပီဂျေ) က သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာမှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတဲ့ အဆိုးဆုံး နိုင်ငံကတော့ အီရန် နိုင်ငံဖြစ်ပြီး သတင်းသမား ၄၂ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ အီရန်နောက်က အီရီထရီးယား၊ တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ ဆီးရီးယား၊ တူရကီတို့ကလည်း အဆိုးဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရသစ်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်လို့ အမှတ်ပေးကြပေမယ့် သတင်းမီဒီယာကို ဖိနှိပ်တဲ့ အဆိုးဆုံးနိုင်ငံစာရင်းမှာ အဆင့် ၄ နေရာမှာရှိပြီး အနည်းဆုံး သတင်းသမား ၁၂ ယောက်ကို ဖမ်းဆီးထောင်ချထာဆဲပဲလို့ နယူးယောက်အခြေစိုက် စီပီဂျေအဖွဲ့က ဆိုပါတယ်။
စီပီဂျေရဲ့ အစီရင်ခံစာအရ ဒီနှစ် ဒီဇင်ဘာ ၁ ရက်နေ့အထိ ကမ္ဘာတလွှာမှာ အကျဉ်းကျခံနေရတဲ့ သတင်းသမား ၁၇၉ ယောက်ရှိပြီး မနှစ်တုန်းကထက် ၃၄ ယောက် ပိုလာတယ်လို့ စီပီဂျေအဖွဲ့က ဆိုပါတယ်။
အဲဒီထဲမှာ အွန်လိုင်းသတင်း သမား ၈၆ ဦး၊ သတင်းစာ၊ ဂျာနယ် သတင်းသမား ၅၁ ဦးနဲ့ ကျန်တဲ့လူတွေကတော့ ရေဒီယို၊ တယ်လီ ဗေးရှင်း၊ သတင်းမှတ် တမ်းရိုက်ကူးတဲ့ သတင်းသမားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ) ထိုင်းဗျူရိုရဲ့ တာဝန်ခံ ကိုတိုးဇော်လတ်က အခုချိန်ထိ ဒီဗွီဘီသတင်းထောက် ၁၃ ယောက် အကျဉ်းကျခံ နေရတယ်လို့ ပြောပါတယ်။
“အဓိက သူတို့ပေးချင်တဲ့ သတင်းကတော့ သတင်းထောက်တွေ ဒီဟာကို သတင်းယူတဲ့နေရာမှာ သူတို့ပေးထားတဲ့ စည်းမကျော်နဲ့ အဲဒါ ကျော်ရင်တော့ အခုလို ပြင်းထန်တဲ့ အရေးယူမှု လုပ်မယ်ဆိုပြီး ခြောက်ထားတာပေါ့နော်။ တကယ်တမ်း အခုဆိုရင် မီဒီယာ ဥပဒေအသစ်ကို ဆွဲတာတို့၊ မီဒီယာကို ပြန်ပြီးတော့ လျှော့ပေးတာတို့၊ စာပေစိစစ်ရေးကို ပြင်မယ်ဆိုရင်တော့ စောတုန်းက ထောင်ထဲမှာ ကျနေတဲ့ သတင်းထောက်တွေကို အရင်ဆုံး ပြန်လွှတ်ပေးသင့်ပါတယ်။ ပြီးတော့မှ သူတို့ကိစ္စကိုလည်း အစောတုန်းကလိုမျိုး ပြင်းပြင်းထန်ထန် အရေးယူမှုတွေကိုလည်း မလုပ်သင့်တော့ပါဘူး။ တကယ်တမ်း အဲဒီလို မရှိဘူးဆိုရင်တော့ ဗမာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်က အရင်အတိုင်းပဲ ဆိုရင်တော့။ အသွင်ကူးပြောင်းတယ် ဆိုတာကို ဘယ်သူမှ ယုံမှာ မဟုတ်ဘူးပေါ့နော်။”
ရန်ကုန်မီဒီယာဂရု(ပ်) ၏ အမှုဆောင်အရာရှိချုပ် ကိုကို (စက်မှုတက္ကသိုလ်) က တော့ အစိုးရသစ်လက်ထက်မှာ အရင်ထက်စာရင် အများကြီး တိုးတက်လာတယ်လို့ ပြောပါတယ်။
“ကျနော် ခြုံပြီးပြောရမယ်ဆိုရင်တော့ အရင်ကထက်စာရင် ပိုတိုးတက်လာတယ်။ တိုးတက်မှုမရှိဘူး ဆိုတာတော့ မဟုတ်ဘူး။ သို့သော် စံနှုန်းစံထားတွေနဲ့ သွားမယ်ဆိုရင် ကျနော်တို့ လုပ်ရမှာတွေ အများကြီး ရှိနေပါသေးတယ်။ ၀န်ကြီးဌာနတွေနဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းပါဝင်မှုကတော့ ၀န်ကြီးဌာန ၃၀ ကျော်မှာ အနည်းအကျဉ်းလောက်ပဲ ပါဝင်မှု ရှိနေပါသေးတယ်။ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်တရပ် တက်လာပြီးနောက်ပိုင်းမှာတော့ သတင်းဂျာနယ်တွေ၊ သတင်းသမားတွေကို ဖမ်းဆီးခြင်း မတွေ့ရဘူး။ အခုပြောနေတဲ့ဟာတွေကလည်း အရင် အစိုးရအဆက်ဆက် လက်ထက်က ဖမ်းဆီးထားတာတွေ ဖြစ်ပါလိမ့်မယ်။ အခုလက်ထက်မှာ မရှိဘူး။ အရင်ကတော့ သတင်းသမားတွေ ဖမ်းခံရတာမျိုး ရှိပါလိမ့်မယ်။ သို့သော် သူတို့ကို ဘယ်လို ဥပဒေမျိုးနဲ့ အရေးယူထားတယ် ဆိုတာတော့ ကျနော်မသိဘူး။ သတင်းနဲ့ ဆက်စပ်နေတဲ့လူတွေ ဖမ်းခံထားရတာ တချို့လည်း ရှိပါတယ်။”
နယူးယောက်အခြေစိုက် သတင်းသမားကာကွယ်ရေးအဖွဲ့ (စီပီဂျေ) အဖွဲ့ဟာ ၁၉၉၀ ခုနှစ်ကတည်းက ကမ္ဘာတလွှားက သတင်းလွတ်လပ်ခွင့် အခြေအနေတွေကို စောင့်ကြည့် အစီရင်ခံနေတာဖြစ်ပါတယ်။

နှစ်တစ်ရာပြည့် ဂျူဘီလီပွဲတော် ပိတ်ပွဲအခမ်းအနားဒေါ်အောင်ဆန်းစုကြည်တက်ရောက် (ရုပ်/သံ)

နှစ်တစ်ရာပြည့် ဂျူဘီလီပွဲတော် ပိတ်ပွဲအခမ်းအနား (ရုပ်/သံ)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ ရန်ကုန်မြို့ စိန့် မေရီ ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးရဲ့ နှစ်တစ်ရာပြည့် ဂျူဘီလီပွဲတော် ပိတ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ဒီဇင်ဘာလ ၇ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ ဗာတီကန်က ပုပ်ရဟန်းမင်းကြီး (ဘန်နီဒစ် )Benedict ရဲ့ အထူးကိုယ်စားလှယ် (ကာဒီနယ် တန်နတို ရက်ဖေးလီ မာတီနို) Cardinal Tenato Raffaele Martino ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
စိန့်မေရီ ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာပြုလုပ်တဲ့ ဒီပိတ်ပွဲအခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီး Benedict ရဲ့ အထူးသဝဏ်လွှာကို ဖက်ကြားသွားခဲ့ပါတယ်။
ဒီဂျူဘီလီပွဲတော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက စတင်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့ အထိ ၁၀ ရက်တိုင်တိုင်ကျင်းပခဲ့တာဖြစ်ပါတယ်။
စိန့်မေရီ ကက်သလစ် ဘုရားကျောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက်ကတည်းက ပြင်သစ်နိုင်ငံ သာသနာပြု ဘုန်းတော်ကြီးတွေ တည်ထောင်ခဲ့တာလို့လည်းသိရပါတယ်ခင်ဗျာ။

၁၉၈၈.၈.၈-နေ့ရက် အရိပ်ဆိုးများနှင့်ကျောင်းသားများဘဝ

ကျောင်းသားသမဂ္ဂရဲဘော် ကိုဇော်လင်းထွန်းအတွက် ရက်လည်ဆွမ်းကပ်
ဗကသများအဖွဲ့ချုပ်မှ ဝမ်းနည်းကြောင်းသဝဏ်ပေးပို့
ဒီမိုပန်း၊ ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၁ ခုနှစ်
            အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သော ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တဦးဖြစ်သည့် ကိုဇော်လင်းထွန်း၏ ရက်လည်ဆွမ်းသွတ် တရားနာကို ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့ နေအိမ်၌ပင် ပြုလုပ်ခဲ့ပါသည်။ ကိုဇော်လင်းထွန်း၏ ရက်လည်ဆွမ်းသွတ်ပွဲသို့ ကျောင်းသားလူငယ်များ၊ ရန်ကုန်မြို့ရှိ ဒီမိုကရေစီ လှုပ်ရှားသူများနှင့် ညောင်လေးပင်မြို့နှင့် ကျောက်တံခါးမြို့တို့မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ တက်ရောက်ခဲ့ကြပါသည်။




ကိုဇော်လင်းထွန်း၏ ရက်လည်ဆွမ်းကျွေးသို့ တက်ရောက်လာကြသူများ

             ဖိုးဇော် (ခ) ကိုဇော်လင်းထွန်းသည် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)နှင့်ဆက်သွယ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ကိုင်ဆောင်ရွက်ခဲ့သဖြင့် ၁၉၉၁ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ တကြိမ်၊ ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိတကြိမ် အကျဉ်းထောင်ထဲတွင် စုစုပေါင်း (၁၅) နှစ်ကျော် နေထိုင်ခဲ့ရပါသည်။

ထို့နောက် အကျဉ်းထောင်ထဲတွင် အသည်းကင်ဆာရောဂါကို အပြင်းအထန်ခံစားနေရပြီး၊ သေရက်နီးကပ်လာ သည့်အချိန်၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံရှိ တည်ဆဲအစိုးရက လွတ်ငြိမ်းချမ်းသာ အမိန့် တခုဖြင့် အကျဉ်းသားများကို လွှတ်သည့်အခါ ကိုဇော်လင်းထွန်း ပြန်လည် လွတ်မြောက်လာခဲ့ပါသည်။

လွတ်မြောက်ပြီးနောက် လူ့လောကတွင် ၁ လနှင့် ၁၈ ရက်ခန့် အသက်ရှင်နေထိုင်ရပြီး၊ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကျောက်တံခါးမြို့၊ နေအိမ်၌ ကွယ်လွန်သွားခဲ့ပါသည်။ ကျောင်းသားလှုပ်ရှားမှုများတွင် တလျှောက်လုံး ပါဝင်ခဲ့သည့် ကိုဇော်လင်းထွန်းအတွက် ရည်စူး၍ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ရက်လည် အခမ်းအနားတွင် ဆရာတော်များအား သင်္ကန်းတစုံကပ်လှူခဲ့ပါသည်။
 
ဗကသများအဖွဲ့ချုပ်မှ ကပ်လှူခဲ့သည့် သင်္ကန်းတစုံ
                        တိုင်းပြည်အတွက် ပေးဆပ်ခဲ့သည့် ကိုဇော်လင်းထွန်းကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း နှင့် တခြားဒီမို ကရေစီသူရဲကောင်းများနှင့်အတူ မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုမှတ်တမ်းတွင်လည်း ဂုဏ်ယူစွာ မော်ကွန်း ရေးထိုးအပ်ပါ ကြောင်း ဖေါ်ပြထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏သဝဏ်လွှာကို ဗကသများအဖွဲ့ချုပ်မှ ကိုရှိန်းရာဇာထွန်းက မိသားစုထံ ပေးပို့ခဲ့ပါသည်။

သဝဏ်လွှာပေးပို့ခဲ့ရသည့်အကြောင်းနှင့်ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကို လင်းထက်နိုင်က

“ကိုဇော်လင်းထွန်းဟာ ကျောင်းသားလှုပ်ရှားမှုမှာ စွန့်လွတ်အနစ်နာခံ ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကိုဇော်လင်းထွန်းရဲ့ စွန့်လွှတ်အနစ်ခံမှုတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ဂုဏ်ယူကြောင်း သဝဏ်လွှာကို အခုလို ပေးပို့ခဲ့တာဖြစ်ပါတယ်။”

ဟု ပြောကြားခဲ့ပါသည်။

(အပေါ်ဆုံးက ပုံမှာ ကိုဇော်လင်းထွန်း မလွတ်မြောက်မီ၊ အကျဉ်းကျနေစဉ်၊ အင်းစိန်ထောင်ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်စဉ် တွေ့ခဲ့ရတဲ့ဓာတ်ပုံဖြစ်ပါတယ်။ မိုးမခမိတ်ဆွေတဦး ထောင်ဝင်စာသွားစဉ် ရိုက်ကူးခဲ့တဲ့ပုံဖြစ်ပါတယ်။ ယခုတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီမော်ကွန်းဝင် သူရဲကောင်းတဦး ကွယ်လွန်ခဲ့ပြီ)
           

ဖိုးလပြည့်နှင့် ၀တ်မှုံရွှေရည် ရန်ကုန်မြစ်တွင်း သင်္ဘောစီး

ဖိုးလပြည့်နှင့် ၀တ်မှုံရွှေရည် ရန်ကုန်မြစ်တွင်း သင်္ဘောစီး
မိုးမခ အထောက်တော်၊ ရန်ကုန်

ဇန်န၀ါရီ ၂၀၊ ၂၀၁၀
          ပြီးခဲ့သည့် အောက်တိုဘာလ ရန်ကုန်မြို့ ကားပြပွဲတွင် တွေ့ရသည့် ဖိုးလပြည့်
ခေါ် နေရွှေသွေးအောင် (ဓာတ်ပုံ-မိုးမခ)

          ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အချစ်တော် မြေးဖြစ်သူ ဖိုးလပြည့်သည် နာမည်ကြီး မော်ဒယ် သရုပ်ဆောင် ၀တ်မှုန်ရွှေရည် နှင့် ယခုလ ၁၃ရက်နေ့က ရန်ကုန်မြစ်အတွင်း သင်္ဘောဖြင့် လည်ပတ်ခဲ့သည် ဟုသိရသည်။
          နေ့ဝက်ကြာ လည်ပတ်သည့် ၎င်းခရီးစဉ်တွင် မြပုဏ္ဏမီ အပျော်စီးဇိမ်ခံသင်္ဘောဖြင့် နန်းသီတာဆိပ်ကမ်းမှ စတင် ထွက်ခွာခဲ့ပြီး မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့၏ သင်္ဘောတစ်စီးဖြင့် ရဲအရာရှိများ၊ ရဲထောက်လှမ်းရေးများလိုက်ပါ  စောင့်ရှောက်ပေးခဲ့ရသည်ဟု လုံခြုံရေး တာဝန်ယူခဲ့ရသည့် အမည်မဖော်လိုသူ တဦးက ပြောသည် ။
          ၎င်းခရီးစဉ်အတွက် ကုန်ကျစရိတ်များ ပေးဆောင်ခြင်း မရှိကြောင်း၊ မြပုဏ္ဏမီ သင်္ဘောကို ပို့ဆောင်ရေး ၀န်ကြီးဌာနမှ အရာရှိကြီး တစ်ဦး ပိုင်ဆိုင်ကြောင်း သိရှိရသည်။ ၎င်းသတင်း မပေါက်ကြားရေးစေရန်  လိုက်ပါဆောင်ရွက်ပေးခဲ့သူများကို ညွှန်ကြားထားသည်ဟု ဆိုသည်။
          ဖိုးလပြည့်သည် ပြီးခဲ့သည့် သြဂုတ်လက ဗဟန်းမြို့နယ် ချင်းချောင်း နန်းတော်ရှေ့တွင် ဖွင့်လှစ် ထားသည့် ဆဲဗင်း လက်ကာ အမည်ရှိ အဆင့်မြင့်ကော်ဖီဆိုင်အား ဖျက်ဆီးရန် အမိန့်ပေး စေခိုင်းခဲ့သဖြင့် ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်များနှင့် အစိုးရ အရာရှိ အသိုင်းအ၀ိုင်းကြား နာမည်ကြီးခဲ့သူဖြစ်သည်။
          တချို့ကလည်း ထိုသို့ အနိုင်ကျင့် ခြိမ်းခြောက်ခြင်းကို ရွံ့ရှာစွာ ဝေဘန် ပြောဆိုခဲ့ကြသည်။