Tuesday, April 24, 2012

NLD လွှတ်တော် တက်ဖို့ ပြေလည်မှု မရသေး



ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ သမ္မတ ဦးသိန်းစိန်

တနင်္လာ, 23 ဧပြီ 2012

ပြည်သူလူထု နဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ်ဆိုရင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို လွှတ်တော်မှာ ဆွေးနွေး ဖို့ ဖြစ်နိုင်ခြေရှိပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ သတင်းထောက်တွေနဲ့ ဒီကနေ့ တွေ့ဆုံတဲ့အချိန် မြန်မာသမ္မတက အဲဒီလိုပြောခဲ့တာပါ။ အခုဖြစ်ပေါ်နေတဲ့ ကျမ်းသစ္စာကျိန်ဆိုတာမှာ စာသားပြောင်းလဲပေးဖို့ ကိစ္စဟာ အသစ်တခုမဟုတ်ဘဲ လုပ်ပေးဖို့အတွက် အခက်အခဲမရှိနိုင်ဘူးလို့ ယူဆတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။

KIO နဲ့ တိုက်ပွဲတွေ အပြင်းအထန် ပြန်ဖြစ်


ဓာတ်ပုံ ASSOCIATED PRESS
ကချင် လွတ်မြောက်ရေး တပ်မတော် လိုင်ဇာ အနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂

တနင်္လာ, 23 ဧပြီ 2012

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ မပြေလည်နိုင်သေးတဲ့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် နဲ့ မြန်မာ အစိုးရတပ်တွေအကြားမှာ အခုရက်ပိုင်း တွေအတွင်း တိုက်ပွဲတွေဟာ ပိုပြီး ပြင်းထန်လာနေပြီး တိုးချဲ့ တပ်အင်အားအကူနဲ့ KIA ဌာနချုပ်အနီးကို ထိုးစစ်ဆင်နွှဲနေတယ်လို့ KIO ပြောရေးဆိုခွင့်ရှိသူ က ပြောလိုက် ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ် နေရာတော်တော်များများ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက်လည်း ထွက်ပြေးကြတဲ့ ဒုက္ခသည် အရေအတွက် ပိုများလာလို့ ဒီဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ ရတယ်လို့လည်း ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူ တွေက ပြောကြပါတယ်။

လွှတ်တော်မှာ စစ်တပ်ကိုယ်စားလှယ်တွေ အစားထိုး


ဓာတ်ပုံ ASSOCIATED PRESS
နေပြည်တော် ရှိ အမျိုးသား လွှတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ် အမတ်များ ကျမ်းကျိန်စဉ်၊ ဧပြီ ၂၃၊ ၂၀၁၂။

တနင်္လာ, 23 ဧပြီ 2012

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် နေရာတွေကို ဗိုလ်မှုးအဆင့် ကိုယ်စားလှယ်တွေ အစား ရာထူးကြီးတဲ့ ဗိုလ်မှုးချုပ်၊ ဗိုလ်မှုးကြီး နဲ့ ဒုဗိုလ်မှုးကြီး  ၅၉ ယောက်နဲ့ ဒီကနေ့ အစားထိုး ခန့်ထား လိုက်ပါတယ်။ ဒီလို ရာထူးမြင့်တဲ့ ကိုယ်စားလှယ်တွေ ပြောင်းလဲ ခန့်ထားလိုက်တာ ဘာကြောင့် ပါလဲ။ ဒါဟာ လွှတ်တော်နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်မှု အခန်း ကဏ္ဍကို တိုးမြှင့်ဖို့ ရည်ရွယ် တာဖြစ်နိုင်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကို ကာကွယ်ဖို့ ဖြစ်နိုင်ကြောင်း သုံးသပ်ချက်တွေ ရှိနေပါတယ်။