Saturday, March 3, 2012

ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းသောကြောင့် ခေတ္တအနားယူနေ

အောင်ပင်လယ်ကွင်းမှာ ယခုမြင်ကွင်းပါ (ဓါတ်ပုံ-The Voice)
ဓါတ်ပုံ - Reuters
ဒေါ်အောင်ဆန်းစုကြည်မှာ နေမကောင်းသောကြောင့် ခေတ္တအနားယူနေကာ ဦးဝင်းတင်က ဟောပြောနေကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောင်ပင်လယ်ကွင်းစင်မြင့်ထက်တွင
် " ဒီလောက်များတဲ့ပရိသတ်ကို ၁၉၈၈နောက်ပိုင်းတစ်ခါမှ မမြင်ဖူးဘူး။ ရာသီဥတုအေးအေးထဲမှာ မန္တလေးသားတွေက နွေးနွေးထွေးထွေးကြိုဆိုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု မန္တလေးမြို့ခံများကို ယခုပြောကြားသည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ၀င်ရောက်ယှဉ်ပြိုင်ရသည့်အကြောင်းအရင်း၊ တရားဥပဒေစိုးမိုးရေးအကြောင်း၊ မန္တလေးသည် နိုင်ငံရေးအတွက် အရေးကြီးသော မြို့ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ကြီးတံခွန်မြို့နယ် သိပ္ပံလမ်းနှင့် ၅၆လမ်းပေါ်တွင် ရောက်ရှိနေပြီး လမ်းနှစ်ဖက်ပြည့်ကျပ်သည်အထိ မန္တလေးမြို့ခံများ၏ လာရောက်ကြိုဆိုကြမှုကြောင့် အောင်ပင်လယ်ကွင်းသို့ မူလစီစဉ်ထားသည့် အချိန်ထက် နောက်ကျပြီးမှသာ လာရောက်နိုင်မည်ဖြစ်ကြောင်း၊ ပွဲစီစဉ်သူများထံမှ သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အောင်ပင်လယ်ကွင်းတွင် ဟောပြောပြီးပါက မန္တလေးတောင်ခြေရှိ နိုဗိုတယ်ဟိုတယ်တွင် အနားယူမည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်ကိုင်းနှင့် တံတားဦးသို့ သွားရောက်မည်ဖြစ်သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖွဲ့စည်းလိုက်သော မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂကလည်း ဒေါ်အောင်ဆန်းစုကြည်၏မန္တလေးနိုင်ငံရေးစည်းရုံးရေးခရီးစဉ်တွင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ လိုက်ပါနေကြကြောင်း သတင်းထောက်က သတင်းပေးပို့သည်။ကျောင်းသားအင်အား ၁၀၀ နီးပါးပါကြောင်း သိရသည်။


 ဒေါ်အောင်ဆန်းစုကြည် အောင်ပင်လယ်ကွင်းအတွင်းသို့ ၀င်ရောက်နေစဉ် မိုးများ ရွာသွန်းနေပြီး စတင်ရွာသွန်းစဉ်ထက် မိုးရွာသွန်းမှု လျော့နည်းသွားကြောင်း၊ ယခုကဲ့သို့ ရုတ်တရက်မိုးရွာသွန်းမှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် အောင်ပင်လယ်အတွင်းမှ ဟောပြောပွဲစင်မြင့်ကို ...... လုပ်ထားကြောင်း The Voice Weekly သတင်းထောက်များက သတင်းပေးပို့သည်။ ယခုအခါ အောင်ပင်လယ်ကွင်းအပြည့် မန္တလေးမြို့ခံများ ရောက်ရှိနေသည့်အပြင် ကွင်းအပြင်လမ်းတွင်ပါ လူများလျှံကျနေကြောင်း၊ နောက်ဆုံးရရှိသော သတင်းများအရ ယနေ့မွန်းလွဲ ၁ နာရီခွဲတိတိတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းစတင်ပြောကြားနေပြီး တာလပတ်များ မိုးထားပေးကြောင်း၊ ကွင်းအတွင်း ပရိုဂျက်များလည်း ထောင်ထားပေးကြောင်း သတင်းပေးပို့သည်။

အမေစု အောင်ပင်လယ် မိန့် ခွန်း (ရုပ်/သံ)



 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မန္တလေး အောင်ပင်လယ်ကွင်းမှာ သိန်းနဲ့ ချီတဲ့လူထုကို ဟောပြောသွားတဲ့ ဗွီဒီယို (ရုပ်/သံ)ဖြစ်ပါတယ်။
The Voice Weekly က တင်ဆက်ထားတာပါ။

ကျောင်းသားတွေ နိုင်ငံရေး ကင်းရှင်းရင် အခွင့်အရေးပေးမယ် ပါမောက္ခချုပ် ပြော

လက်ရှိဖြစ်ပေါ်နေသော အခြေအနေ များဟာ ၊လက်ရှိအာဏာပိုင်များပြောဆိုလုပ်ကိုင်မှု့များနဲ့ ကိုက်ညီခြင်းမရှိကြောင်းမြင်ကြားသိနေရပါတယ်။တိုင်းပြည်မှာ ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလည်းနေပြီဟုပြောဆိုကြွေးကြော်နေသော်လည်းလက်ရှိမှာ
(နောက်ကွယ်မှာ)ပြည်ပတိုင်းပြည်များထင်သလိုမဟုတ်ပါ။လွတ်လပ်မှု့များမရှိသလို၊အာဏာ၏ချုပ်ကိုင်မှု့များအောက်
တွင်ရှိနေပါသေးသည်။သမ္မတပြောဆိုမှု့များ မိန့်ခွန်းများတွင် ပျားရည်ထက်ချိုသောစကားများပြည့်စုံသောစာကားလုံးများစွာပါဝင်နေသော်လည်း ပြည်သူများအနေနဲ့ခါးသီးမှု့များကိုရင်
ဆိုင်နေရဆဲဖြစ်ပါတယ်။ထိုသည်များကိုကြားသိနေသောအာဏာပိုင်များ မသိယောင်ဆောင်မနေသင့်ပါ။
အောက်ခြေဆင့်အာဏာရှင်များ၏လက်ကိုင်ဒုတ်များကလည်း ပြည်သူလူထုကိုကာကွယ်ရန်အလို့ငှာမရှိ၊ဘယ်လို
ထုရထောင်းရမလည်း၊ဘယ်လိုအပြစ်ရှာယင် ကိုယ့်အတွက်ဖြစ်မလည်းလောက်စဉ်းစားနေကြပုံရပါတယ်။
စိတ်ဓါတ်တွေပြောင်းလဲသင့်ပြီ။အတ္တတွေမကြီးကြပါနဲ့။
2012-03-02
ရန်ကုန်တိုင်း သံလျင်မြို့နယ်က အရှေ့ပိုင်းခရိုင် တက္ကသိုလ်ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်းနေမယ်ဆိုရင် စာသင်နှစ်တွေမှာ အခွင့်အရေးပေးမယ်လို့ ခေါ်ယူ ပြောဆိုနေကြောင်း စုံစမ်းသိရှိရပါတယ်။
(Photo: AFP)
ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝတွင် ဝတ်စုံပြာ လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။
ဒါ့အပြင် သံလျင်မြို့နယ် အထက (၁) မှာလည်း ဆယ်တန်းဖြေမယ့် ကျောင်းသားတွေကို စာမေးပွဲဖြေဆိုခွင့် ကတ်ပြား ထုတ်ပေးနေရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ပညာရေးစုံညီပွဲအတွက် ကောက်ခံထားတဲ့ ငွေ ၁၅၀၀ မပေးသေးတဲ့ ကျောင်းသားတွေကို ကတ်ပြားထုတ်မပေးကြောင်း ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က အာအက်ဖ်အေကို ပြောပါတယ်။ လာမယ့် မတ် ၁၂ ရက်ကစပြီး ဆယ်တန်းစာမေးပွဲ ဖြေဆိုကြရမှာကြောင့် အခုလို ငွေ ၁၅၀၀ ပေးမှ စာဖြေခွင့်ကတ်ပြား ထုတ်ပေးတဲ့အတွက် ငွေကြေးချို့တဲ့ တဲ့ကျောင်းသားတွေ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။ သံလျင်မြို့နယ်က တက္ကသိုလ်ကျောင်းသားတွေ သမဂ္ဂဖွဲ့ပြီးတဲ့နောက် အရှေ့ပိုင်းခရိုင် တက္ကသိုလ်ပါမောက္ခချုပ်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့ ကျောင်းသားတွေကို ကျောင်းထုတ်တဲ့ အဆင့်အထိ အရေးယူမယ်လို့ ခေါ်ယူပြောဆိုခဲ့တာကို အာအက်ဖ်အေက တင်ပြခဲ့ပြီးဖြစ်ပါတယ်။

ဂရုလ်မေးထဲမှ ဘုန်းကြီးတွေနိုင်ငံရေးလုပ်သင့်သလား နှင့်ပတ်သက်သောပြန်စာ

ပထမဦးစွာ
ဘုန်းကြီးတွေနိုင်ငံရေးလုပ်သင့်သလား လို့မေးခြင်းထက် ၊ဘုန်းကြီးတွေဘာကြောင့် နိုင်ငံရေးလုပ်လာ၇သလည်းဆိုတာ ပထမစဉ်းစားဖို့လိုပါတယ်။
မလုပ်သင့်ဘူးလို့ထင်တဲ့သူကထင်သလို၊ လုပ်သင့်တဲ့အခြေအနေကိုရောက်လာလို့ လုပ်တယ်လို့မြင်တဲ့လူကလည်းမြင်မှာပါပဲ။
တိုင်းပြည်တခု တည်ငြိမ်ငြိမ်းချမ်းမှု့မရှိတော့ဘူး၊ တိုင်းပြည်တခုတည်းနေအခြင်းခြင်းသတ်ဖြတ်၊သွေးချောင်းစီးအောင်ဖြစ်ခဲ့ရတယ် ဆိုတာကို လက်ခံပါသလား။၁၉၈၈၊၂၀၀၇ ။ခုနှစ်တွေ အနီးဆုံးနဲ့နောက်ဆုံးဖြစ်ခဲ့တဲ့တိုင်းပြည်ပြဿနာတွေဟာ
ဘာကြောင့်ဒီလိုအခြေအနေတွေ တိုင်းပြည်မှာ ဖြစ်ပေါ်လာရသလည်း။ပြဿနာအစ ဘယ်လိုပင်စစ
တိုင်းပြည်တခုတွင် အုံကြွဆူပူမှု့တွေဖြစ်လာတယ်၊ အများစုက လက်မခံဆန့်ကျင်တယ်ဆိုတာဟာ ထိုတိုင်းပြည်ရဲ့ အုပ်ချုပ်မှု့၊စီးပွားရေး၊လူမှု့ရေး ကျပ်တည်းဆင်းရဲမှု့တခုခုကို အခြေခံဖြစ်ပေါ်လာရတယ်လို့
ပြောဆိုနိုင်ပါတယ်။သာသနာဟာ သာသနာသီးသန့်မရပ်တည်နိုင်အောင် နိုင်ငံတော်သံဃာ့နာယက လို့ဖွဲ့
စည်း တိုင်းပြည်အာဏာပိုင်များက အုပ်ချုပ်မှု့လုပ်ထားပါတယ်။
သံဃာတော်တွေလမ်းပေါ်ထွက်လျှောက်၊ပြည်သူတွေသွေးထွက်သံယိုဖြစ်မှု့တွေဟာ ဖြစ်ချင်လို့ဖြစ်လာရတာတွေ
မဟုတ်သလို၊ တိုင်းပြည်အုပ်ချုပ်မှု့တွေ တဖက်စောင်းနင်းအောက်မှာ အောက်ခြေလူတန်းစားတွေပြည်သူလူထုအများစုဟာ ရုံးကန်လို့မရလောက်အောင်ခက်ခဲလာလို့ ပြဿနာတွေ ပွင့်ထွက်လာရတာပါ။ဒါကို အရှင်းဆုံးပြောရယင်
တိုင်းပြည်အုပ်ချုပ်ရေး၊စီးပွားရေး၊တရားရေးတွေမှာ အသိပညာနဲ့ တည်ငြိမ်အောင်မထိမ်းသိမ်းတတ်တော့၊ပညာမဲ့နည်းနဲ့ လက်နက်နဲ့ ထိမ်းသိမ်း၊အာဏာနဲ့ ချုပ်ကိုင်လာလို့
ပြည်သူတွေနဲ့တင်မလုံလောက်၊သံဃာတော်တွေပါ ပါဝင်လာရတာပါ။
ဘယ်ဘုန်းကြီးကမှ လောကီကိစ္စကိုဝင်ပါချင်မှာ မဟုတ်ပါဘူး၊မပါချင်လို့မှ ဘုန်းကြီးဝတ်တာပါ။
တိုင်းပြည်အနေအထားအရ ၊အခြေအနေတွေအရ မလုပ်ချင်မရတော့တွေအခြေအနေတွေ ဖန်တီးလာယင်
မိန်မတွေလည်း စစ်တိုက်လာရသလို၊ သဃာတွေလည်း လွတ်လပ်ရေးကို တိုက်ယူစဉ်က ပါဝင်ခဲ့ရပါတယ်။
ဒါဟာ တိုင်းပြည်မှာ သာသနာတည်မြဲရေး၊ယဉ်ကျေးမှု့ ရှိရေး၊ လူမျိုးရှိရေးအတွက်ပါဝင်ဆက်စပ်နေတယ်ဆိုယင်မှားမယ်မထင်ပါ။
အောက်တွင်ပါရှိသော ဓါတ်ပုံနှင့်ဝေဖန်ရေးသားချက်ကိုအွန်လိုင်းမေးအုပ်စုမှ ''သံဃာတွေ နိုင်ငံရေးလုပ်သင့်သလား''ဝေဖန်မှု့အား 

(မှတ်ချက်) စာဖတ်ပရိတ်သတ်များမှလည်းအောက်ဖေါ်ပြပါဝေဖန်ချက်နဲ့ပတ်သက်မှု့ကို
စာဖတ်သူများ၏ထင်မြင်ချက်များကိုလွတ်လပ်စွာ ကွန်မင်းရေးသားစေလိုပါတယ်။
 
အွန်လိုင်းတွင်ရေးသားထားသောအောက်တွင်ဖေါ်ပြထားသောစာ
ဘုန်းကြီးတွေ နိုင်ငံရေး လုပ်သင့်သလား ???
ဘုန်းကြီးတွေ နိုင်ငံရေးလုပ် သင့် သလားလို့မေးရင် ဘုန်းကြီး နဲ့ နိုင်ငံရေး က လားလားမျှ မအပ်စပ်ဘူး။
Inline image 1

Inline image 2
Inline image 3
Inline image 4

ဘုန်းကြီး ဆိုတာ ပဗ္ဗဇ္ဇ-လောက ကို စွန့်ထားခဲ့ပြီ မို့ လောက နဲ့ စပ်သမျှ ကို ပတ်သက်စရာ မလိုတော့ တာအမှန်။

ဘုန်းကြီး တွေ လုပ်ရမှာ (၄) ခုပဲ။
...
(၁) ၀ိနည်းလေးစား လိုက်နာ ကျင့်သုံးရမယ်။
(၂) ပရိယတ် လေ့လာသင်ကြားရမယ်။
(၃) ပဋိပတ် ကျင့်ကြံအားထုတ်ရ မယ်၊
(၄) မိမိ သိအပ်သော သီလ သမာဓိ ပညာ တရားအသိတွေ ကို လောကသားတွေ ကို ဆုံးမသွန်သင် ပေးရမယ်။

ဒီလေးခုပဲ။ တစ်ခု ကို ၂၅ မှတ်ပေး မယ်..၄ ခုလုံး ပြည့်စုံရင်တော့ အမှတ် ၁၀၀ ပဲ။ဘုန်းကြီးတွေ ဒီလေးခုထက် ပိုလုပ်ရမယ့် အရာတွေ ရှိတယ် ထင်ရင် ညွှန်ပြတော်မူကြပါ။

ဒီလို ရဟန်းကောင်း ရဟန်းမြတ်တွေ ပဲ လိုချင်တယ်။

နိုင်ငံရေး ကို လုံးဝ လုံးဝ မလုပ်ရပါ။

အာဏာစက် နဲ့ ပေါင်းရိုက်တဲ့ နိုင်ငံရေး လဲ မလုပ်ရပါ။

ဒဏ်ခတ်မှုမရုပ်သိမ်းခင် အဓမ္မလုပ်အားစေခိုင်းမှုရပ်ဖို့လို

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို မရုပ်သိမ်းခင် အဓမ္မ အလုပ်ခိုင်းစေမှုတွေကို ရပ်ဆိုင်းဖို့ ဗြိတိန်နိုင်ငံက အလုပ်သမား သမဂ္ဂများ ကွန်ဂရက် TUC က ဗြိတိသျှ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ရှိခဲ့တာ မှန်ပေမဲ့ နေရာအနှံ့ အလုပ်ကြမ်း ခိုင်းစေမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသိသာသာ ရှိနေတုန်းပဲလို့ TUC ရဲ့ အထွေထွေ အတွင်းရေးမှူး Brendan Barber က ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague ထံ ပေးပို့တဲ့ စာမှာဖော်ပြထားတာပါ။
မကြာသေးခင်တုန်းက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲတာ စတဲ့ အပြောင်းအလဲတွေကို တုံ့ပြန်တဲ့ အနေနဲ့ EU က မြန်မာအရာရှိ ၉ဝ လောက်အပေါ် ပြည်ဝင်ခွင့်ဗီဇာ တားမြစ်ထားတာကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။
EU ဝန်ကြီး တချို့ကလည်း မြန်မာနိုင်ငံအပေါ် ဘုံရပ်တည်ချက်အဖြစ် ဧပြီလမှာ ချမှတ်တဲ့အခါ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ ဆန္ဒရှိနေကြတာမို့ ဒါဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုရာ ကျတယ်လို့လည်း TUC က ထောက်ပြထားတာပါ။ EU နဲ့ မြန်မာနိုင်ငံအပေါ် အလားတူ ပြစ်ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စု တို့ကတော့ မြန်မာနိုင်ငံမှာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ လွတ်လပ်မျှတမှု ရှိမရှိ ဆိုတာဟာလည်း ဒဏ်ခတ်မှုတွေ လျှော့ပေါ့ရာမှာ ထည့်သွင်းစဉ်းစားမယ့် ကိစ္စဖြစ်တယ်လို့ ပြောဆိုထားကြတာ ဖြစ်ပါတယ်။

၈၈မျိုးဆက် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် EU တွေ့ဆုံ


ဓါတ်ပုံသတင်း bvj မှ
ကနေဒါနိုင်ငံ အခြေစိုက် Rights & Democracy အဖွဲ့ President ဖြစ်သူ Mr Gerard Latulippe နှင့် Field Pepresentative South-East Asia ဖြစ်သူ Ms Cavelle Dove တို့ ဦးဆောင်သောအဖွဲ့သည် ကိုမင်းကိုနိုင်နှင့် ကိုကိုကြီးကို မတ်လ ၁ရက်နေ့ ည ၁၁း၀၀ နာရီမှ ၁၂း၀၀ နာရီအချိန်အထိ ကိုမင်းကိုနိုင်၏နေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါသည်။




ဒေါ်အောင်ဆန်းစုကြည် လာမည့် နေ့ စစ်ကိုင်းမှ အစိုးရဝန်ထမ်းများ လာမည့် တနင်္ဂနွေနေ့ ရုံးတွင် နေရမည်

ရွှေခွပ်ဒေါင်း

စစ်ကိုင်းမြို့သို့ မတ် ၄ ရက်နေ့တွင် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ချိန်တွင် အစိုးရဝန်ထမ်းများ ရုံးချိန်အတွင်း အဆင့် (Stand by) ရှိရန် ညွှန်ကြားထားကြောင်း စစ်ကိုင်းမြို့မှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

အလားတူ စစ်ကိုင်း နည်းပညာ တက္ကသိုလ်မှ ဆရာ ဆရာမများမှာလည်း နေပြည်တော်မှ ကျောင်းစစ် လာရောက်ရန် ရှိသည့်အတွက် ကျောင်းတွင် နေရမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

တပ်မတော် စစ်စခန်း အများအပြား အခြေစိုက်ရာ စစ်ဦးစီး တက္ကသိုလ် တည်ရှိသည့် ကလောနှင့် အောင်ပန်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့် မတ် ၁ ရက်နေ့တွင်မူ အစိုးရဝန်ထမ်းများကို ထူးခြားသော ကန့်သတ်မှုမရှိဘဲ တပ်မတော် မိသားစုများကို တပ်နယ်မြေ အတွင်းသာ နေထိုင်ရန် ညွန်ကြားခဲ့ကြောင်း ပညာရေး ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။


စစ်ကိုင်းမြို့ မှာလည်း ဟောပြောဖို့ ကွင်းရှာမရလို့ ဧရာဝတီ မြစ်ကမ်းဘေးရှိ သဲသောင်ပြင်တွင် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းလူထုကို တွေ့ဆုံမှာဖြစ်ပါတယ်။

စစ်ကိုင်းမြို့တွင် သန့်ရှင်း လတ်ဆတ်သော လေကို ရှူရှိုက်ရန် အကောင်းဆုံး နေရာများ ထဲတွင် ပါဝင်သော ဧရာဝတီမြစ် ကမ်းပါးဘေးရှိ ကျယ်ပြန့်လှသည့် သဲသောင်ပြင်တွင် ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းလူထုနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း အောင်နိုင်ရေး အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ဦးကျော်သောင်းက ပြောသည်။

ကချင် စစ်ပြေးဒုက္ခသည်များအတွက် အကူအညီများ အရေးပေါ် လိုအပ်

ကချင်စစ်ပြေး ဒုက္ခသည်များ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပေးချက်အရ ကချင်စစ်ပြေးဒုက္ခသည်တွေကို လူ အရောက် နည်းပါးတဲ့ ဒေသတွေထဲ လူကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့တယ်လို့ မန္တလေးတိုင်းက အဖွဲ့ချုပ်ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်ဝင်းဝင်းမြက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ထဲက စစ်ပြေးဒုက္ခသည်တွေကို ကျပ်ငွေသိန်း ၁၀၀ နဲ့ အ၀တ်အထည်တွေ လှူဒါန်းဖို့ မြစ်ကြီးနား ခရီးစဉ်ကို လာရင်း စီစဉ်သွားတာပါ။
ဒေါ်ဝင်းမြမြ ဦးဆောင်တဲ့ ၇ ဦးပါ အဖွဲ့ဟာ  ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကားနဲ့ မြစ်ကြီးနား ကနေ ၀ိုင်းမော်မြို့ လာနတ်ခအရပ်မှတဆင့် နယ်ခြားစောင့်တပ် (၁၀၀၃) အခြေပြုတဲ့ စင့်ကြိုင် အရပ် မိုင်တိုင် ၄ မှာ ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းကို သွားလှူခဲ့တာပါ။ ၄ နာရီကြာသွားခဲ့ရတဲ့ မိုင်တိုင် ၄ ရှိ ဒုက္ခသည်စခန်း မြင်ကွင်းကို သူမက ခုလိုပြောပါတယ်။
အဲဒီမှာ ခရစ်ယာန်သာသနာအဖွဲ့က  တတ်နိုင်သရွေ့ ဆောင်ရွက်ပေးနေပေမယ့် တွေ့ခဲ့ရတာတော့ အိမ်သာ၊ ရေချိုးခန်း မရှိသေးဘူး။ ရွက်ဖျင်တွေက စုတ်ပြတ်နေတယ်။ မြစ်ကြီးနားနဲ့ မြစ်ကြီးနားဝန်းကျင်မှာ ရှိတဲ့ စခန်းတွေလို သပ်ရပ်၊ ခိုင်ခန့် တည်ဆောက် နိုင်တဲ့ အနေအထားမျိုး မရှိပဲနဲ့ ငွေလိုအပ်ချက်ကြောင့်မို့လို့ လုံခြုံမှုလည်း အားနည်းပါတယ်။ ဒီလိုအချိန်မှာသာ မိုးရွာပြီး လေပြင်းတိုက်ရင်တော့ တော်တော်လေး ကစဥ့်ကလျား ဖြစ်သွားမယ့် အနေအထား ရှိပါတယ်။”
ဒီဒုက္ခသည်စခန်းကနေ မိုင်တိုင် ၈ ဒုက္ခသည်စခန်းကို ဆက်သွားဖို့ စီစဉ်ထားပေမယ့် လမ်းမှာ ကေအိုင်အေနဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်နေလို့  ခရီးစဉ်ကို ရပ်ဆိုင်းလိုက်ပြီး ခရစ်ယာန် ဘုန်းတော်ကြီးတွေကနေ တဆင့် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
ရိုမန်ကက်သလစ်အသင်းတော်နဲ့ နှစ်ခြင်းသာသနာပြုအဖွဲ့တို့က ကချင်ပြည်သူ ၄ သိန်းခန့်ကို တာဝန်ခွဲယူပြီး ကူညီဆောင်ရွက်နေတယ်ဆိုတာ သိခဲ့ရတယ်လို့ ဒေါ်ဝင်းမြမြက ပြောပါတယ်။
တရုတ်ပြည်ဘက်က ပတ်ပြီးဝင်ရတဲ့ လူသူအရောက်အပေါက် နည်းတဲ့ ဒုက္ခသည် စခန်းတွေဖြစ်တဲ့ မိုင်တိုင် ၆၊ ၁၀၊ ၁၃ နဲ့ ၁၄ တွေကို သွားချင်ပေမယ့်   တရုတ်အစိုးရက နိုင်ငံရေး သမားတွေကို ခွင့်မပြုတာကြောင့် မသွားနိုင်ဘဲ ခရစ်ယာန် ဘုန်းတော်ကြီးတွေကနေ တဆင့် ငွေအကုန်လုံးကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
အကူအညီပေးရေးအဖွဲ့တွေ နိုင်ငံတကာ အန်ဂျီအိုတွေကို တရုတ်အစိုးရက ခွင့်မပေးပေမယ့် ဒုက္ခသည် စခန်းဘက်မှာတော့ တရုတ်ဈေးသည်တွေ ဈေးသွားရောင်းတာကို ခွင့်ပြု တယ်လို့ သူက ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညစာ စားပွဲမှာ ခရစ်ယာန်အသင်းတော်က ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံရာမှာ အလှူရှင်တွေ အရောက်အပေါက်နည်းတဲ့ ဒေသတွေက ဒုက္ခသည်တွေထံကို ငွေလှူဒါန်းခဲ့ပါတယ်။

ဗီဂျေးနမ်ဘီးယားကို မြန်မာအတွက် သီးသန့်တာဝန်ပေး

 သောကြာ, 02 မတ် 2012

UN special adviser Vijay Nambiar (L) speaks during a news conference following his meeting with Burma's pro-democracy leader Aung San Suu Kyi, at her home in Rangoon, Burma, February 16, 2012.
မစ္စတာ ဗီဂျေး နမ်ဘီးယား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးအဖွဲ့ အကြီးအကဲလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး တာဝန်လည်း ထမ်းဆောင်နေတဲ့ မစ္စတာ ဗီဂျေး နမ်ဘီးယား Vijay Nambiar ဟာ ဧပြီလတရက်နေ့က စပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးတာဝန်ကိုပဲ သီးသန့်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။
မစ္စတာဘန်ကီမွန်းက သူ့ရဲ့ဒုတိယအကြိမ် အတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအတွက် ရုံးအဖွဲ့သစ်မှာ တာဝန်ထမ်းဆောင်မယ့်သူတွေကို သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
“လက်ရှိ ကျနော့်ရဲ့ ရုံးအဖွဲ့အကြီးအကဲ မစ္စတာ ဘီဂျေး၊ နမ်ဘီးယားဟာ သူ အခုတာဝန်ယူဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး တာဝန်ကိုပဲ အာရုံစိုက်ပြီးတော့ ဆောင်ရွက်တော့မှာပါ။ ဧပြီလ ၁ ရက်နေ့ကျလို့ရှိရင် ရုံးအဖွဲ့အကြီးအကဲ အသစ်အဖြစ်နဲ့ တာဝန်ယူမယ့်သူကို အခုထမ်းဆောင်နေတဲ့ အလုပ်တွေ စနစ်တကျ လွှဲပြောင်းပေးဖို့ ပြောထားပြီးပါပြီ”
မစ္စတာ ဘီဂျေးနမ်ဘီးယားနေရာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အကြီးအကဲအဖြစ်နဲ့ အာဂျင်တီးနားနိုင်ငံက ဆူဇဲန်နား မယ်လ်ကော်ရာ Susana Malcorra ကို ခန့်အပ်မှာ ဖြစ်ပါတယ်။ မစ္စတာနမ်ဘီးယားဟာ မကြာသေးခင်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့သောကြာနေ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာတွေ့ရပေမယ့် ရေရှည်တည်ငြိမ်အေးချမ်းမှုရှိစေဖို့ အဓိက လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြောပါတယ်။
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ ထင်သာမြင်သာရှိပြီး တရားမျှတဖို့၊ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးနဲ့ ပြန်လည်သွေးစည်းဖို့နဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်မြှင့်တင်ဖို့တွေကို ဦးစားပေးလုပ်ဆောင်မှ တာရှည်ခံတဲ့ ပြောင်းလဲမှု ဖြစ်လာမယ်လို့ ဆိုပါတယ်။

ဦးဖြိုးဇေယျာသော် နေပြည်တော်မှာ ကြုံတွေနေရတဲ့ အခက်အခဲတွေနှင့်ပါတ်သတ်လို့ သတင်းစာရှင်းလင်းပွဲ

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်မဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် (ခေါ်) ဇေယျာသော်က ရွေးကောက်ပွဲအကြိုကာလ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဒီကနေ့ စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
 တော်ဝင်နှင်းဆီခန်းမမှာပြုလုပ်တဲ့ အဲဒီရှင်းလင်းပွဲအတွင်း ဦးဖြိုးဇေယျာသော်က သူ့ရဲ့ မဲဆွယ်စည်းရုံးရေး ကြော်ငြာဘုတ်တွေ ဓါးနဲ့ အလှီးခံရတဲ့ ကိစ္စအပါဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော်ခရီးစဉ်တွင်း ဟောပြောဖို့ နေရာအခက်ခဲတွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဓါတ်ပုံ(ဘားမားဗီဂျေ)

တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင်အဖ မှ အပြောအဆိုပြောင်းလဲလာသည့်သမ္မတသိန်းစိန်

Friday, March 2, 2012


နိုင်ငံတော်သမ္မတမိန့်ခွန်း ကောက်နုတ်ချက်များမှ ပြည်သူများကို မိဘပြည်သူများလို့

နုတ်ချိုစွာသုံးနှုံး၊ စစ်အစိုးရ မှပြောင်းလဲလာသော ဦးသိန်းစိန်အစိုးရ သဘောထားအမှန်?

မိန့်ခွန်းတခုလုံးကို ခြုံငုံပြီးတော့ပြောမယ်ဆိုရင်တော့၊ သိပ်မဆိုးပါဘူး။ အပြောကတော့ရွှေမန်းဘဲ
လို့ပြောလို့ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့၊ အသံနေအသံထားကအစ ငိုသံလေးပါ ထည့်ထားပြီး၊
အသုံးအနှုံးမှာလည်း၊ ပြည်သူလူထုအစား၊ မိဘပြည်သူဆိုပြီးသုံးနှုံးထားတယ်ဆိုတော့၊ သူ့ရဲ့မိန့်
ခွန်းကိုနားထောင်ဖြစ်မယ်ဆိုလျှင်၊ မငိုလိုက်ပါနဲ့လို့အကြံပြုပါရစေ။

သိန်းစိန်အပြောကောင်းတာကို၊ ကာကွယ်နိုင်ဖို့အတွက်၊ အောက်ပါအချက်တွေကိုခေါင်းထဲမှာထည့်
ထားပြီးနားထောင်မယ်ဆိုရင်တော့၊ နဲနဲသက်သာရာရနိုင်မယ်လို့တော့ထင်တယ်။
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် စစ်အာဏာရှင်စနစ် ထာဝစဉ်တည်ရှိရေးအတွက်သာရည်
ရွယ်ပြီး၊ ထိုဖွဲ့စည်းပုံဖြင့်၊ ဒီမိုကရေစီစနစ်ကို မတည်ဆောက်နိုင်သလို၊ အုတ်မြစ်ချရန်လည်းမဖြစ်နို
င်ပေ။
(၂) သိန်းစိန် နှင့်အတူ၊ ၎င်းရဲ့အစိုးရတွင်ပါဝင်သော အမတ်ဆိုသူများသည်၊ မဲခိုးမဲလိမ်ခြင်းဖြင့်အနို
င်ရရှိထားတာကြောင့်၊ ပြည်သူ့ကိုယ်စားလှယ်များမဟုတ်ကြပါ။

အဓိကအချက်တွေအဖြင့်၊ လတ်တလော ရေပန်းစားနေတဲ့ဝန်ထမ်းတွေလစာတိုး မတိုး။ သူ့အပြော
အရလောလောဆယ်မဖြစ်နိုင်သေးပါ။ မြန်မာပြည်မှာဝန်ထမ်း အရေအတွက်၊ ၃.၃ ရာနှုံးရှိတဲ့အပေါ်
လစာတိုးလို့ကုန်ဈေးနှုံးတက်လာခြင်းအပေါ်၇၆.၇ ရာနှုံးသောပြည်သူလူထု ရဲ့မျက်နှာကိုထောက်
ထားသောအားဖြင့်၊ လစာမတိုးပေးနိုင်သေးပါလို့ဆိုတယ်။

ပြီးတော့နောက်ရေပန်းစားနေတဲ့ကိစ္စတခု ဖြစ်တဲ့ ၅၀၀၀ တန်ဖုန်း တွေ ရောင်းချနိုင်ဖို့အတွက်လို
အပ်တဲ့အဆောက်အဦးတွေကို ယခုမှဘဲဆောက်နေသေးတယ်ဆိုတော့၊ နောက်တကြိမ် သမတရွေး
ချယ်ပွဲလောက်ကျမှ ချပေးလိမ့်မယ်ထင်တယ်။

ကျန်းမာရေးကို ယခင်ကထက် ၄ဆတိုး၊ ပညာရေးကိုယခင်ကထက် ၂ဆတိုးပြီးလုပ်ဆောင်ဖို့လျှာ
ထားတယ်ဆိုတဲ့အကောင်းလေးတွေထုတ်ပြီးပြောပြနိုင်တာတော့ သိပ်တော်တယ်လို့ပြောလို့ရ
တယ်။ စစ်ရေးနဲ့ အခြားမလိုအပ်တဲ့အသုံးစရိတ်တွေကိုတော့ထိန်ချန်ထားတယ်။

အလွန်ထူးဆန်းတဲ့ကိစ္စကတော့၊ တရားဥပဒေစိုးမိုးရေး နဲ့ အဂတိလိုက်စားမှု့ပပြောက်အောင်လုပ်
ဆောင်နေတယ်ဆိုတာကို ပြောလာတာအံ့သြဖို့ကောင်းလှတယ်။ လက်ရှိအခြေအနေတွေအရ၊ အဲ
ဒီအဓိကပြသနာတွေကို၊ ဖြေရှင်းနေတဲ့ပုံ လုံးဝမတွေ့ရဘူး။ ဒီပြသနာတွေကို ပြေလည်အောင်နဲ့တိုင်း
ပြည်တိုးတက်အောင်ပြုလုပ်မယ်ဆိုရင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချက်ချင်းပြင်မှရမယ်ဆိုတာသ
ဘောမပေါက်သရွေ့၊ အပြောကတော့ဖြင့်ရွှေမန်းဘဲလို့သာအသိအမှတ်ပြုခံရလိမ့်မယ်လို့မြင်ပါတ
ယ်။

နောက်ဆုံးမှတ်သားစရာတခုကတော့၊ ၎င်းရဲ့အစိုးရအနေနဲ့အမှားများလုပ်မိခဲ့ပါလျှင်မိဘပြည်သူ
များအနေနဲ့ထိန်းကျောင်းတည့်မတ်ပေးဖို့နဲ့၊ ၎င်းရဲ့အစိုးရအဖွဲ့ဝင်များအနေနှင့် တိုင်းပြည်အတွက်
အသက်နဲ့ခန္ဓာ ပေးဆပ်ထားသူများ ဖြစ်တာကြောင့်၊ အရိုးကြေကြေ၊ အရည်ခန်းခန်း ဆောင်ရွက်
သွားကြမယ်ဆိုတော့..........???????????????




လက်နက်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားလူငယ်တွေ လက်ပ်တော့ကိုင်နိုင်ပြီး ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကြိုးပမ်း သွားကြမှာဖြစ်ပါတယ်။”



“ ပြည်သူကြားမှာ စိတ်ဝင်စားမှု အထူးပဲမြင့်တက်နေတဲ့ မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ဒီလုပ်ငန်းတွေ ကျွန်တော်တို့ ပြီးတာနဲ့အမျှ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ နိုင်ငံတကာရဲ့ နှုန်းထားနဲ့အညီ ဆောင်ရွက်ပေးနိုင်အောင် နည်းလမ်းများရှာပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
“ ကျွန်တော်တို့ အစိုးရဟာ အများပြောကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြား နေတာမရှိပါဘူး။ လူတစ်ဦးချင်းဆီရဲ့ ဗီဇစရိုက် အမူအကျင့်ပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှုကွဲပြားခြားနားတာကလွဲလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ မူဝါဒကို ကျွန်တော်တို့အားလုံး မမှိတ်မသုန် ယုံကြည် စွာဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။”
“ မြန်မာတစ်နိုင်ငံလုံး မှာ အစိုးရ၀န်ထမ်း အရေအတွက်က စုစုပေါင်း တစ်နိုင်ငံလုံး လူဦးရေရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိတဲ့အတွက် ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရဖြစ်တာနဲ့ အညီ အစိုးရ၀န်ထမ်း မဟုတ်သော သာမန် လက်လုပ်လက်စား ၉၆ ဒသမ ၇ ရာခိုင်နှုန်းကိုလည်း ပြန်လည်ငဲ့ကွက်ဖို့လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေး ဆွေးနွေးမှု တွေကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေ လစာတိုးမြှင့်ပေးလိုက်လို့ ခံသာပေမယ့် အစိုးရ၀န်ထမ်းမဟုတ်တဲ့ ၅၈ သန်းသော ပြည်သူတွေဟာ ဒီနောက် ဆက်တွဲအကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ”
“ ကျွန်တော်တို့ နိုင်ငံမှာ ၂၆ ရာခိုင်နှုန်းရှိနေတဲ့ ဆင်း ရဲနွမ်းပါးမှုနှုန်းထားကို ၂၀၁၅ ခုနှစ်ရောက်ရင် ၁၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်ဖို့ အဆင်းရဲဆုံး LDC နိုင်ငံဘ၀က ရုန်းထွက်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီ ၂၆ ရာခိုင်နှုန်းသော ပြည်သူများရဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအတွက် ပုဂ္ဂလိက အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ယူနီဗာဆယ်ကျန်းမာရေး အာမခံစနစ်သစ်တစ်ရပ် ပေါ်ထွန်းလာဖို့ အတွက်လည်း ဆောင် ရွက်နေပြီဖြစ်ပါတယ်။ ”
“ နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံ သားအားလုံး အခွန်ပေးဆောင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ် ပါတယ်။”



“ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး Rule of Law နဲ့အညီ ဆောင်ရွက်နိုင်ပြီဆိုရင် လူ့အခွင့် အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီဆိုတာတွေဟာလည်း အလိုအလျောက် ထွန်းကားရှင်သန်လာမှာ ဖြစ်တဲ့အတွက် နိုင်ငံ တည်ဆောက်ရေးအဆင့်ဆင့် ခိုင်မာရေးဟာ Rule of Law အပေါ်မှာ မူတည်နေပါတယ်။ ဒီတာဝန်ကြီးကိုလည်း ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်သွား ကြရမှာဖြစ်ပါတယ်။ ”



“ မိဘပြည်သူများကလည်း ကျွန်တော်တို့ အစိုးရကို ထိန်း ကျောင်းတည့်မတ်ပေးကြပါ။ ”

ပြည်သူတွေကို မိဘလို့သိတတ်လာတာ ကောင်းတဲ့လက္ခဏာပဲ ။

ရေပေါ် လေ၀ဲ စပါးခွံများ (သို့) ဗိုလ်သိန်းစိန်၏ ဒီမိုဧချင်း

ဒီနေ့က ဗမာတပြည်လုံး ကံဆိုးမိုးမှောင်ကျပြီး စစ်အာဏာရှင် ငရဲခန်းထဲကျရောက်ခဲ့ရတာ အနှစ် (၅၀) ပြည့်မြောက် တယ်။ ဒီနေ့မှာပဲ ၀ဲစားကြီး ဗိုလ်နေ၀င်းက ဒီမိုကရေစ်ီအစိုးရကိုြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တယ်။ မနေ့ကတော့ ဗိုလ် နေ၀င်း အမွေခံ ဗိုလ်သိန်းစိန်က ဒီမိုကရေစီဖေါ်ဆောင်ရေး မိန့်ခွန်းတော်ကြီး ချွေသွားတယ်။ အတော်များများ အငိုက်မိ သလို ကြိုက်မိတယ် ဆိုကြတယ်။ တချို့ကတော့ အချောင်နှိုက်ဖို့ ကြိုက်ကြိုက် မကြိုက်ကြိုက် အလိုက်သင့်ဟောကြ၊ောကြတာပါ။
ကြိုက်မယ်ဆိုလဲ ကြိုက်စရာ၊ ဗိုလ်သိန်းစိန်က မဆလရဲ့ နောက်ဆုံး သမတ ဆိုတဲ့ စစ်ကျွန်ပညာရှင် ဒေါက်တာ မောင် မောင် လို အေးအေး အေးအေးနဲ့ ဒီမိုကရေစီလေချိုလေး သွေးသွားတယ်။ ပေါက်ပေါက်ဖေါက်သလို စကားလုံး လှလှ လေးတွေ ပစ်သွားတယ်။ လူမျိုးစုတွေအရေးလဲပါ။ တိုင်းသူပြည်သားတွေရဲ့ အရေးလဲမကျန် အကုန်ထဲ့ပြောသွားခဲ့တယ်။ ဒေါက်တာ မောင်မောင် တုန်းကလဲ ဒီလိုပါပဲ။ ဒီလောက်လေးမှ မစောင့်နိုင်ကြတော့ဘူးလား၊ သမဂ္ဂကြီးကို ပျော်ပျော်ပါး ပါး အုပ်မြစ်ချရအောင်ဆိုပြီး ရှေ့မှာလေချိုသွေး။ နောက်မှာ စစ်တပ်ကို အသုံးချဖို့ပြင်နဲ့ နောက်ဆုံး ဘုန်းကြီးရဟန်း မ ကျန် ပစ်သတ်နှိပ်ကွပ်ပြီး စစ်တပ်အာဏာသိမ်းတယ်ဆို လုပ်သွားခဲ့တာပဲ။
သူ့မိန့်ခွန်းထဲက တောတွင်းလက်နက်ကိုင် လူငယ်လေးတွေက သူတို့လည်း ကွန်ပြူတာလက်တော့ (Lap-talk) ကိုင်ချင် တယ်ဆိုတော့ သူအတော်စိတ်မကောင်း ဖြစ်မိတယ်ဆိုတဲ့ အလုံးကတော့ လူအများကို အတော်ထိ၊ တိုင်းရင်းသားတွေကို အတော်ဘ၀င်ခိုက်စေမယ့် စကားပဲ။ အရင်က သောင်းကျန်းသူ အဖျက်သမားလို့ အပုတ်ချနေသူတွေဆီ ဒီစကားမျိုး ထွက်လာတာကိုး။ ဒါပေမဲ့ လူမျိုးစုပြဿနာကို အဖြေရှာရေးကြတော့ အဆင့် (၃) ဆင့်နဲ့ သွားမယ်လို့ ကြိုးရှည်ရှည်နဲ့ လှန်လိုက်သလို ကချင်ပြည်နယ်က တိုက်ပွဲတွေနဲ့ပါတ်သက်ပြီးတော့လည်း ဝေ့လည်ကြောင်ပတ် လုပ်သွားပြန်တယ်။ သူကော ဦးစီးချုပ်ကော ရပ်ဖို့အမိန့်ပေးပါလျှက် ဘာကြောင့်များ တိုက်ပွဲတွေဆက်ဖြစ်နေရပါလိမ့်မစားရ ၀ခမန်းပါပဲ။
လက်တော့ မကိုင်နိုင်တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်တယ်ဆိုတဲ့ သမတကြီးက ထမင်းနပ်မှန်ောင် မစားရတဲ့ လူ ထုတွေ၊ ပညာသင်ခွင့်မရကြတဲ့ ကလေးလူငယ်တွေ၊ မဝရေစာနဲ့ အလုပ်လုပ်နေကြရတဲ့ တိုင်းတပါးကုမ္မဏီပိုင်ရှင်တွေရဲ့ ခေါင်းပုံဖြတ်ခံ အလုပ်သမလေးတွေ၊ ကိုယ့်ဘိုးဘွား လယ်ယာတွေကို ခြံခတ်အသိမ်းခံနေတဲ့ သိန်းသန်းချီတဲ့ လယ်သမား တွေအတွက်တော့ သနားစရာ ဂရုဏာ မကျန်တော့ဘူး ထင်တယ်။
လူထုလိုချင်တာက ထမင်းနပ်မှန်မှန် စားရရေးပါ၊ ဇိမ်ခံကားဈေးတွေကျတာ သူတို့ စိတ်မ၀င်စားပါဘူး၊ သူတို့နဲ့ မဆိုင်ပါ ဘူး၊ သူတို့ထမင်း သူတို့ လွတ်လွတ်လပ်လပ် ရိုးရိုးသားသား ရှာဖွေစားသောက်ခွင့်ပါ။ သူတို့ ထမင်းလုပ်ကို လုယက်နေ တဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့အပေါင်းအပါ ကုမ္မဏီတွေရဲ့ ဗိုလ်ကျမှုကို ခုခံကာကွယ်ခွင့် ဖြစ်ပါတယ်။ အိမ်နီးချင်း တိုင်း ပြည်တွေမှာ သန်းချီရှိနေကြတဲ့ ကျားမအစုံ အလုပ်သမားတွေက ကိုယ့်တိုင်းပြည်ထဲမှာ ဒီလိုအခွင့်အရေးတွေ မရနိုင် တော့လို့ သူတပါးဆီမှာ မတန်တဆလုပ်ခနဲ့ အဖိနှိပ်ခံ၊ ဗိုလ်ကျခံပြီး အလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။
ဒီလို ဒုက္ခဘုာံး ပြည်သူအများအတွက်တော့ သမတကြီးရဲ့ ဂရုဏာက မရွာမစွေ ခေါင်းပါးချို့တဲ့ဟန်တူတယ်။
နောက်ရယ်ရခက် ငိုရခက်တဲ့ သမတကြီးရဲ့ စကားကတော့ Rule of law ဥပဒေစိုးမိုးရေးနဲ့ အခြေခံဥပဒေပြုပြင်ရေး ဆို တာပဲ၊ မတရား ဖမ်းဆီးထောင်ချခံထားရတဲ့ သူတွေကိုတောင် လွှတ်မပေးနိုင်သေဲး ဥပဒေစိုးမိုးရေးဆိုာတော့ သား သတ်သမား ဘိန်းစား မယားခိုး လူလိမ်က ငါးပါးသီလပေးနေသလို ပါပဲ။ ပြီးတော့ အခြေခံဥပဒေကို လွှတ်တော်ထဲမှာ ပြင်ရအောင်တဲ့။ ဒါလနှုတ်သီးအရှည်ကို ပန်ကန်ပြားနဲ့ကျွေး တပြန် နှုတ်သီးအတိုကို ၀ါးကျည်တောက်နဲ့ကျွေးတဲ့ မြေ ခွေနဲ့ ငှက်ကျားပုံပြင်ထဲကလို ကျွေးတော့ ကျွေးတယ်၊ ဒါပေမဲ့ စားမရအောင်ကျွေးတာပဲ။
သမတကြီး နောက်ဆုံးအလေးပေး ပြောသွားတာကတော့ အရေးယူပိတ်ဆို့မှု ဆန်ရှင်တွေ ရုပ်သိမ်းပေးရေးပါ။ နိုင်ငံတ ကာက အလှူငွေတွေပေးကြပါ ဆိုတာပါပဲ။ အလှူငွေ တဒေါ်လာက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို နောက်လှန်ကျ မသွားအောင် ကူနိုင်တယ်ဆိုပါလား။ ဒီလိုဆိတော့ အရေးယူပိတ်ဆို့ထားတာတွေ မလုပ်ယင်၊ နိုင်ငံတကာက အလှူငွေ တွေမပေးယင်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက နောက်ကြောင်းပြန်လှည့်မယ်လို့ တဖက်လှည့်နဲ့ ခြိမ်းခြောက်တာများ လား။ ဗမာလူထုကြီးနဲ့ သူတို့လိုလားချက် ဒီမိုကရေစီကို လဲအလယ် ပြန်ပေးဆွဲခံထားရသလိုပါပဲလား၊
ာ် ဒုက္ခ .. ဒုက္ခ သံသရာဝန်လေးလှချေတကား။
နိဂုံးချုပ်ရရင် ဗိုလ်သိန်းစိန်ရဲ့ ဒီမိုကရေစီ ရွှေနားတော်သွင်း ဧချင်းက ကောင်းတော့ကောင်းပါ၏။ သို့သော်…
ဗိုလ်နေ၀င်းရဲ့ မဆလခေတ်ဦးတုန်းက ဘုန်းကြီးတပါးက မဆလပါတ်ီရဲ့အညမည သဘောတရားစာအုပ်ကို ဖတ်မိပြီး ကောင်းလိုက်တာ၊ ဘယ်ဘုန်းကြီးလူထွက် ရေးထားတာပါလိမ့်လို့ ဆိုသတဲ့၊ ကောင်းမှာပေါ့ အကောင်းတွေချည်း ကူး ချထားတာကို၊ လက်တွေ့လုပ်ဖို့မှ မဟုတ်ဲ၊ ဒီလိုနဲ့ အဲဒီအကောင်းချည်း ပြပြီး ဗိုလ်နေ၀င်းတို့ ဆိုရှယ်လစ်လိုက်ကြတာ ၂၆ နှစ်လည်းကြရော တိုင်းပြည်လဲ လူမွဲစာရင်းဝင် လူထုလဲဖွတ်ကျောပြာစု၊ ခရုဆန်ကျွတ်ဖြစ် ကျန်ခဲ့တယ်။
အခုလည်း ဗိုလ်သိန်းစိန် တို့က နတ်သံနှောလို့ တကျော့လာပြန်ပြီး တဒေါ်လာလှူယင် ဒီမိုကရေစီနောက်ကြောင်းပြန် မလှည့်တော့ဘူးတဲ့။ ကောင်းတော့ ကောင်းပါ၏ ဒါပေမယ့် လက်တွေ့မပါ၊ အပြောတွေချညိးုတော့ အဆန်မပါတဲ့ ရေပေါ် လေ၀ဲတဲ့ စပါးခွံတွေလိုပဲ မြင်မိတယ်။
ရဲဘော်ကျော်သန်း

တိုင်ရီ အလုပ်သမားများကို တနာရီ ၁၂၀ ပေးရန် ဝါဏိဇ္ဇခုံရုံးဆုံးဖြတ်


ချင်းမိုင်(မဇ္ဈိမ) ။       ။ လှိုင်သာယာမြို့နယ် စက်မှုဇုံ (၃) ရှိ တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများကို အခြေခံလစာ ၅၁,ဝဝဝ ပေးရန် ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီက ကြာသာပတေးနေ့တွင် ဆုံးဖြတ်လိုက်ခြင်းကြောင့် တနာရီလုပ်ခ ၁၂ဝ ကျပ် ရရှိမည်ဖြစ်သည်ဟု အလုပ်သမားများ၏ ဥပဒေ အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

"ဝါဏိဇ္ဇပဋိပက္ခကို တင်တဲ့အခါမှာ ဆုံးဖြတ်ချက်တွေကို ကျနော်တို့ စေ့စေ့ပေါက်ပေါက် တွက်ကြည့်လိုက်တဲ့အခါမှာ တနာရီကို ၁၂ဝ နှုန်းလောက် ကျတယ်။ တနာရီကို ကျပ် ၂ဝ တိုးပေးတဲ့သဘောပေါ့" ဟု မဇ္ဈိမကို ပြောသည်။

အလုပ်သမားများ ၁,၈ဝဝ ကျော်ကို ကိုယ်စားပြု အလုပ်သမားခေါင်းဆောင် ၄၅ ဦးက တနာရီလျှင် ၁၅ဝ ကျပ် ပေးရန်
တောင်းဆိုထားသော်လည်း ယခုဆုံးဖြတ်ချက်သည် သင့်တင့်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု ကိုဖိုးဖြူက ပြောသည်။
taiye
ဖေဖေါ်ဝါရီ ၆ ရက်နေ့မှ စတင်သပိတ်မှောက်ခဲ့သော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံမှ အလုပ်သမားများကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

"အလုပ်သမားကိုယ်စားလှယ်တွေကတော့ ဒါဟာ သူတို့ ရသင့်တဲ့ အတိုင်းအတာလောက်အထိ မရသည့်တိုင်အောင် သင့်တင့်လျောက်ပတ်တယ်လို့ သူတို့ ယူဆပါတယ်" ဟု ပြောသည်။

ဝါဏိဇ္ဇပဋိပက္ခ ခုံရုံး၏ ဆုံးဖြတ်ချက်ကြောင့် ဝင်ငွေ ၂ဝ,ဝဝဝ ခန့် တိုးလာသော်လည်း အလုပ်သမားများ နှစ်ကုန်လျှင် တလစာ ရရှိမည့် ရက်မှန်ကြေးနှင့် လုပ်သက်ကြေးတို့မှာ ရရှိတော့မည်မဟုတ်ကြောင်း အလုပ်သမားခေါင်းဆောင် မမိုးဝေက ပြောသည်။

လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သာယာရေး တောင်းဆိုချက်များကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးက ဆုံးဖြတ်ပေးမှု မရရှိခြင်း
ကြောင့် "လုပ်ငန်းခွင် သာယာရေး စည်းမျဉ်းစည်းကမ်းတွေကို အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေ
ညှိနှိုင်းပြီးတော့ ထုတ်ပြန်ဖို့ဆိုတဲ့ အချက်ကိုတော့ ဝါဏိဇ္ဇက အသိအမှတ် မပြုပါဘူး။ ဒါဟာ ကောင်းတဲ့ အလားအလာ
တော့ မဟုတ်ပါဘူး။ ကျနော်တို့ ရေရည် အစဉ်တစိုက် ဆက်လက်ပြီးတော့ ကြိုးစားရဦးမယ့် ကိစ္စပဲဖြစ်ပါတယ်" ဟု အလုပ်သမားအရေး အတိုင်ပင်ခံရှေ့နေ ကိုဖိုးဖြူက ပြောသည်။

ဆန္ဒပြအလုပ်သမားများသည် ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်အတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နေကြပြီဖြစ်ပြီး အလုပ်သမားများ၏ အခွင့်အရေးများ တိုးမြှင့်ရရှိအောင် လုပ်ငန်းခွင်အတွင်းမှ ဆက်လက်တောင်းဆို သွားမည်ဟု ဆိုသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅၀ ကျပ်၊ ရက်မှန်ကြေး ၈,၀၀၀ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ကတည်းက တောင်းဆိုထားသော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသည့်အတွက် ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ၂၂ ရက်နေ့တွင် တင်သွင်းလျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖေါ်ဝါရီလ ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံ့ဝန်ထမ်းများကို လစာတိုးပေးရန် အဆိုပြုတောင်းဆိုခဲ့သော်လည်း ဘဏ္ဍာရေးဝန်ကြီးမှ ငြင်းပယ်ခဲ့သည်။

ထို လစာတိုးပေးရေး ဆွေးနွေးမှုများကြောင့် ကုန်ဈေးနှုန်းများ ရုတ်တရက် တက်လာသည်ဟုလည်း အစိုးရ သက်တမ်းတနှစ်ပြည့် သမ္မတမိန့်ခွန်းတွင် ကြာသပတေးနေ့က ထည့်သွင်းပြောသွားသည်။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လာရောက်ကြိုဆိုသူများ မြင်ကွင်း...

မြတ်လေးငုံ-မှ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ နံနက် (၉)နာရီအချိန်ခန့်တွင် ရောက်ရှိလာပြီဖြစ်ပါသည်။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်ကြိုဆိုကြသည့် မန္တလေးလူထု... (ဓာတ်ပုံ ELEVEN MEDIA GROUP)
ဒေါ်အောင်ဆန်းစုကြည်အား လေဆိပ်တွင်လာရောက်ကြိုဆိုနေကြသော မန်းပျိုဖြူများ။
 (ဓာတ်ပုံ-ဥက္ကာကိုကို)
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လာရောက်ကြိုဆိုကြသည့် တိုင်းရင်းသား ကလေးငယ်လေးများ..
 (ဓာတ်ပုံ-ဥက္ကာကိုကို)

ဒီနေ့မှစ၍ မန္တလေးမြို့ကြီး အန္တရာယ်အပေါင်းကင်းရှင်းလို့ ဘေးကင်းရန်ကွာ စည်းကား သာယာလှပါစေ.။ (ဓာတ်ပုံမြင်ကွင်း)


NLD အမှတ်သားပါ အလှဆင်ပစ္စည်းများ အရောင်းဆိုင်
(အောင်ပင်လယ်ကွင်း မြောက်ဘက်ခြမ်းမှာ ဖွင့်လှစ်ထားတာဗျာ။ အကြိုညကတည်းက အောင်ပင်လယ်ကွင်းမှာ လူတွေများနေပါပြီ)


အောင်ပင်လယ်ကွင်းအတွင်း Led TV ကြီးတွေ၊ အသံချဲ့စက်တွေ၊ ဆောင်းဘောက်စ်ကြီးတွေ အများကြီး ဆင်ထားပါတယ်။


အရေးပေါ် ဆေးကုခန်း
NLD လူငယ်ဆရာဝန်များအဖွဲ့

မနက်ဖန် အောင်ပင်လယ်ကွင်း အနောက်ဘက်ခြမ်းဘေးမှာ ဆေးခန်း ၂ ခန်းဖွင့်ပါမယ်။


ခွပ်ဒေါင်းကြယ်ဖြူအလှပြယာဉ်

အောင်ပင်လယ်ကွင်း အနောက်- မြောက်ဘက်ထောင့်မှာ တွေ့ရတဲ့ NLD တံဆိပ်အလှဆင်အမှတ်တရပစ္စည်းအရောင်းဆိုင်တစ်ခုပါ။
အဲဒီကောင်မလေးဆောင်းထားတဲ့ ဦးထုပ် ၁ လုံးကို ၂ ထောင်ကျပ်တဲ့။
ဒေါ်အောင်ဆန်းစုကြည်ပုံပါ အင်္ကျီတွေဆို ဒီဆိုင်မှာ ကုန်အောင်ရောင်းလိုက်ရလို့ နောက်ဝယ်ချင်တဲ့သူတွေတောင် အခက်တွေ့ ရသတဲ့။

ပြည်တန်တဲ့ ပတ္တမြားဆိုတာ
နတ်မောက်သား ကိုအောင်ဆန်းပါ။

ဒါကိုပျောက်ရှအောင်လုပ်ခဲ့တာ
သောကဇာတ်ဝင်ခန်းရဲ့ အစပေါ့ ။


အကြိုညမှာတောင် အောင်ပင်လယ်ကွင်းမှာ လူတွေများရင်
၃.၃.၂၀၁၂ အောင်ပင်လယ်မှာ လူပင်လယ်ဖြစ်တော့မှာပဲ


ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် မဏ္ဍပ်စင်
(အောင်ပင်လယ်ကွင်း တောင်ဘက်ခြမ်း)

ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီစဉ် အကြိုည (၂.၃.၁၂) ဓာတ်ပုံများ ပြန်လည်မျှဝေပေးသော ကိုညိုကြီး ကျေးဇူးတင်ရှိပါသည်.။