Sunday, January 15, 2012

ကျေးဇူးတင်စရာ မလိုပါ


နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးတဲ့ အတွက် ဗိုလ်သိန်းစိန်ကို ကျေးဇူးတင်ကြောင်းပြောသံတွေ ကြားနေရလို့ သိပ် အံ့သြမိပါတယ်။
နံပတ်တစ် ဗိုလ်သိန်းစိန်တို့က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို သာမန်ရာဇ၀တ်သားလို့ပဲ အသိအမှတ်ပြု ပါတယ်။ နိုင်ငံရေးအကျဉ်းသားလို့ အသိအမှတ် မပြုပါ။ လွှတ်တုန်းက အဲဒီအတိုင်းအတိအကျ ပြောခဲ့ပါတယ်။ ဒါဟာ ပေါ့ပေါ့တန်တန် ကိစ္စမဟုတ်ပါ။ ဘယ်လိုပဲ ကိုယ့်ကိုသတ်မှတ် သတ်မှတ် လွတ်တာလိုရင်းပဲလို့ ဆိုလို့မဖြစ်ပါ။ သူတို့ တ တွေ မလွှတ်မဖြစ်လို့ လွှတ်ရတယ်ဆိုတာ အားလုံးသိပါတယ်။ ဒါကိုပဲ ဗိုလ်သိန်းစိန်တယောက် စိတ်သဘောထားကြီးပေ တယ်လို့ ထောမနာပြုနေကြတာဟာ အံ့သြ၀မ်းနည်းစရာကောင်းပါတယ်။ ကိုယ့်ကိုရိုက်တဲ့တုတ်ကို ကိုယ်ကပြန်ဦးတိုက် နေရတာနဲ့ တူပါတယ်။
နံပတ်နှစ် လွှတ်ပေးသူကို ကျေးဇူးတင်တယ်ဆိုတာ ကိုယ်က အပြစ်ရှိမှ ကျေးဇူးတင်ရတာပါ။ ကျွန်တွေကို တခြား ကျွန် ပိုင်ဆီက၀ယ်ပြီး လွှတ်ပေးတာမျိုးဆိုရင် ကျေးဇူးတင်ကောင်း တင်ရပါတယ်။ ဒါပေမဲ့ အခုဟာက သူတို့ကအပြစ်မရှိဘဲ ဖမ်းဆီးချုပ်နှောင် နှိပ်စက်ခဲ့တာပါ။ အရင်အစိုးရလက်ထက်လို့ပြောရင် အဲဒီတုန်းက ၀န်ကြီးချုပ်ကြီးဟာ ဘာလို့နှုတ်ဆိတ် နေတာလည်း မေးစရာရှိပါတယ်။ ဗိုလ်သန်းရွှေတို့ လုပ်တာကို သူက မကြိုက်မနှစ်သက်ပေမဲ့ မတတ်သာလို့ အောင့်နေ ခဲ့တာလို့ ဘယ်သူများ ပြောနိုင်ပါသလဲ။
နံပတ်သုံး နှစ်ပေါင်းများစွာ အပြစ်မရှိချုပ်နှောင် နှိပ်စက်ခဲ့တာတွေကို မေ့ပစ်ရတော့မှာလား။ ထောင်ထဲမှာ၊ ထောက်လှမ်း ရေးမှာ နှိပ်စက်တယ်ဆိုတာ ဘယ်လောက်လူမဆန်၊ယုတ်မာရိုင်းစိုင်းရက်စက်တယ်ဆိုတာ ခံခဲ့ရသူတိုင်း ကောင်းကောင်း သိပါတယ်။ အဲဒီလို နှစ်ပေါင်းများစွာ ခံခဲ့ရတာတွေအတွက် သူတို့ကို ကျေးဇူးတင်တာလား။ သမတကြီး ဗိုလ်သိန်းစိန်ဟာ လွှတ်ချင်တယ်ဆိုရင် ဘာဖြစ်လို့ သူ သမတဖြစ်တာနဲ့ အမြန်ဆုံးမလွှတ်တာလဲ။ ပထမ အသုတ်လွှတ်တုန်းက ဘာဖြစ်လို့ ဒုတိယအသုတ်က လူတွေကို မလွှတ်တာလဲ။ သူများနိုင်ငံမှာဆိုရင် ထောင်ထဲမှာ ရက်တရက်လွန်ချုပ်ရင် အစိုးရကို တ ရားစွဲလို့ ရပါတယ်။
ဒီမှာကျတော့ ကျေးဇူးတောင် တင်နေရသေးပါကလား။
နံပတ်လေး- ပိုအရေးကြီးတဲ့အချက်က ပြည်သူလူထုကြီးအနေနဲ့ ဗိုလ်သိန်းစိန်တို့ကို နောင်မှာ နိုင်ငံရေးအယူအဆမတူ သူတွေကို မဖမ်းဆီးမချုပ်နှောင်တော့ပါဘူးလို့ ကတိအာမခံချက် ပေးခိုင်းကြပါ။ ဒီလိုမှ မဟုတ်လို့ကတော့ အရင်အာဏာ ရှင် အဆက်ဆက်လိုပဲ ဖမ်းလိုက် .. လွှတ်လိုက် .. ဖမ်းလိုက် .. ထောင်ထဲမှာသေသွားလိုက် .. ဒီသံသရာက လွတ်မှာ မဟုတ်ပါဘူး။
ရဲဘော် ဖိုးသံချောင်း
photo .. http://www.therepublic.com

လက်ပတန်းနှင့် သာယာဝတီ တွင်စကား ပြောခဲ့သော ကိုမင်းကိုနိုင်




ကိုမင်းကိုနိုင်၏ ပြောကြားချက်

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော် ၀ိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြ မယ့် အလုပ်တွေကို လက်တွဲ ဆောင်ရွက်ကြဖို့ပါပဲ။

ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်းရှိအောင် ကျွန် တော်တို့ အတတ်နိုင်ဆုံး ရေးခဲ့ပြီ/ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။

ရှေ့ဆက်ပြီး ဒီမိုကရေစီအရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခုကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော် မစဉ်;စားထားပါဘူး၊

သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်က လုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့အစီအစဉ်မ ရှိဘူး။

သို့သော် ဒီမိုကရေစီအရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွာ;မှာဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့ မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။

ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရောပါလားမသိဘူး။
ဒေါက် တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulations လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့

ရင်ထဲခံစားမိသော ဓာတ်ပုံလေးတပုံ....


 ရင်ထဲခံစားမိသော ဓာတ်ပုံလေးတပုံ....

 ဒီဓာတ်ပုံလေးကတော့ ညီငယ်သတင်းထောက်တဦး မှတ်တမ်းတင်ထားတဲ့ ကျွန်တော်တို့ရဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မြောက်တဲ့နေ့ သရက်မြို့ပေါ်က ဓာတ်ပုံမှတ်တမ်းပါ..။ သရက်မြို့ခံ အဘွားအိုတဦးမှ ကိုမင်းကိုနိုင်ကို ဆိုက်ကားနဲ့ အမှီလိုက်ကာ လှိုက်လံနှုတ်ဆက်ပြီး၊ လက်ဆောင်ထုတ်ကလေး ပေးတဲ့ မျက်ရည်ဝဲဖွယ် မြင်ကွင်းလေးကို မှတ်တမ်းတင်ထားပါ...။ နှစ်ဦးစလုံးရဲ့ မျက်နှာပေါ်က မြင်ကွင်းတွေ အဓိပ္ပါယ်တွေ ရသတွေ အများကြီး ဖော်ဆောင်နေပါတယ်...။ အမေအိုရဲ့ ကိုမင်းကိုနိုင်အပေါ် ထားတဲ့ မေတ္တာနဲ့ ချစ်ခင်အားကိုးမှုတွေကို မျက်ဝန်းမှာ မြင်နိုင်ပါတယ်ဗျာ...။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေကို ရင်ဆိုင်ဖြတ်သန်းနေရမယ် ဆိုတာကတော့ အမေ့အိုရဲ့ အသွင်အပြင်ကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်...။ သားရယ် အမေတို့ရဲ့ ဘဝအမောတွေကို ကယ်တင်ပေးပါလို့ ဆိုနေသလား၊ ငါ့သားလေးကို အားကိုးပါတယ်လို့ ဆိုလေမလား၊ အများအကျိုးအတွက် အနစ်နာခံ၊ စတေးခံ လုပ်ဆောင်ပေးတဲ့ ငါ့သားလေး ကျန်းမာ၊ ချမ်းသာပါစေလို့ ဆိုနေသလား...။ အမေတွေနဲ့ ဝေးနေရတဲ့ ကျွန်တော်တို့တွေအတွက် ခံစားချက်တွေနဲ့အတူ လားပေါင်းများစွာ မေးခွန်းတွေပေးနေတဲ့ ဓာတ်ပုံလေးပါ။ မုန့်ထုပ်လေးဟာ တန်ဘိုးမရှိလှပေမယ့် အမေအိုရဲ့ မေတ္တာမျက်ဝန်းကတော့ အင်မတန်မှ တန်ဘိုးကြီးမားလှပါတယ်..။ အမိမြန်မာပြည် အနှံအပြားက ဒီလိုအမေအိုတွေရဲ့ ဘဝအမောတွေ အေးချမ်းစေချင်ပါပြီ..။

ပြီးခဲ့တဲ့ ၁၃ရက်နေ့ သောကြာနေ့ဟာ မြန်မာပြည်သူတွေ ပျော်မဆုံးဖြစ်ခဲ့ရတဲ့ နတ်၊ လူသာဓုခေါ်မယ့် နေ့ဆိုလည်း မမှားပါဘူး...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးသိန်းစိန် အစိုးရကြား ညှိနှိုင်း ဆွေးနွေးမှုတွေက ရရှိထွက်ပေါ်လာတဲ့ ရလာဒ်တခုပါပဲ...။ ၁၉၈၈ခုနှစ်ကနေ ယနေ့အထိ ၂၄နှစ်တာ ကာလအတွင်း မမြင်မတွေ့နိုင်ခဲ့ရတဲ့ လက်ရှိမြန်မာပြည်ရဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေး အခင်းအကျဉ်းတွေပါပဲ...။ ၂၄နှစ်တာ ကာလပတ်လုံး လူထုခေါင်းဆောင်နဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ တဦးနဲ့တဦး အဆက်အသွယ် ဖြတ်ထားခြင်းခံရပြီး အထဲဝင်၊ အပြင်ထွက် လွဲနေ၊ တမင်လွဲအောင် စံနစ်တကျ လုပ်ထား ခံခဲ့ရတာတွေဟာ ယခုတော့ အားလုံး အတူတကွ မြင်တွေ့ရတော့မှာပါ..။

ညအမှောင်မိုက်ထဲက လငပုပ်ဖမ်းထားခံနေရတဲ့ အဖြစ်တွေကနေ ကနေ့မှာတော့ ကျွန်တော်တို့ တိုင်းပြည်မှာ လပြည့်ဝန်းကြီးနဲ့ ကြယ်တွေစုံပြီး တောက်ပ လင်းလက်တဲ့ အနာဂတ်  ကောင်းကင်ကို မြင်တွေ့ရတော့မယ့် ကြယ်တွေစုံတဲ့ညလို့ တင်စားပါရစေ...။ အနှစ်နှစ်အလလ ပြည်သူအတွက် တိုက်ပွဲဝင်ရင်း အသက်တွေ၊ ဘဝတွေ၊ အချိန်တွေကို စတေးခံခဲ့ရတဲ့ သူရဲကောင်းတွေပေါတဲ့ ကျွန်တော်တို့ တိုင်းပြည်ပါ...။

လာမယ့်အနာဂတ် နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ကျွန်တော်တို့အားလုံး လက်တွဲ လုပ်ဆောင် ကြရတော့မယ့် အချိန်ရောက်ရှိနေပါပြီ.။ တမြေတည်းနေ၊ တရေတည်းသောက် တိုင်းရင်းသားအချင်းချင်း အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံး နိုင်ငံသားကောင်းတွေ၊ ဘဏ္ဍာတွေ ဆုံးရှူံးနေရတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ နေထိုင်ရာဒေသက စစ်ပွဲတွေကို အမြန်ဆုံးရပ်တန့်ဘို့ လိုအပ်နေပါပြီ။ အိမ်ကြက်ချင်း ခွပ်နေရတဲ့ အခြေအနေကို တာဝန်ရှိပြီး တာဝန်ယူ ဖြေရှင်းပေးနိုင်တဲ့ နိုင်ငံတော် အစိုးရမှ အမြန်ဆုံး ရပ်တန့်အောင် ဖော်ဆောင် ပေးစေလိုပါတယ်..။ အကျဉ်းထောင်တွင်းမှာ နိုင်ငံရဲ့လုပ်အားတွေ ဆုံးရှုံးနေရတဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက် လွှတ်ပေးစေလိုပါတယ်..။ ယခုလို ပြည်သူအများ မျှော်လင့်တောင့်တ နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အမိန့် ထုတ်ပြန်ပေးခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်အားလည်း ကျေးဇူးတင်ပါတယ်..။

အထက်က အမေအိုတို့လို ပြည်သူ၊ ပြည်သားတွေရဲ့ ဘဝအမောတွေ ဖြေဖျောက်ပေးနိုင်ဖို့ စိတ်ကောင်း၊ စေတနာကောင်းနဲ့ ပြည်သူ့အကျိုးအတွက် ဆက်လက် ဆောင်ရွက်ပေးပါလို့ သမ္မတကြီးအား မေတ္တာရပ်ခံ အပ်ပါတယ်..။ အိမ်နီးချင်းနိုင်ငံတွေကို အမှီလိုက်နိုင်ဖို့ ကျွန်တော်တို့ အားလုံး ကျရာကဏ္ဍကနေ အားသွန်ခွန်ဆိုက် ကြိုးစားကြ ရပါတော့မယ်..။ ကြယ်တွေစုံတော့မယ့် အနာဂတ် မိုးကောင်းကင်မှာ အားလုံး နိုင်ငံအကျိုးအတွက် ဝိုင်းဝန်း၊ ဆွေးနွေးတိုင်ပင် အဖြေရှာကြရအောင်ဗျာ..။ မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်း သာယာပါစေ..။


ဓာတ်ပုံ ပိုင်ရှင်ကတော့ ညီငယ်လေး Jpaingပါ...။

ယနေ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alian Juppe နဲ့တွေ့ဆုံခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုဇာဂနာတို့ရဲ့ သတင်းဓာတ်ပုံများ..


ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျွန်တော်တို့ ခေါင်းဆောင် အမေစု ပြင်သစ်လို ဖြေကြား၊ ပြောဆိုသွားပါတယ်..။
နေရာထိုင်ခင်း အပြင်အဆင် ရိုးရိုးလေးပါ..။ ဒါပေမယ့် နိုင်ငံတကာသတင်းထောက်တွေနဲ့ မြင်ကွင်းကတော့ ဆန်းဆန်းလေးပါ..။
 မိမိကိုယ်ကိုယ် ယုံကြည်သူ၊ ရဲ့ရင့်သူ၊ လိပ်ပြာသန့်သူ၊ အများအကျိုးအတွက် ဆောင်ရွက်နေတဲ့ ခေါင်းဆောင်တဦးရဲ့ ကေသရာဇာ ခြင်္သေ့မင်းတို့ရဲ့အကြည့်..။ ပြီးခဲ့တဲ့ဒီဇင်ဘာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကျွန်တော်တို့ လူထုခေါင်းဆောင် အမေစုနဲ့ တွေ့စဉ်မှာ ကြည့်ခဲ့တဲ့ ရဲရင်တည်ကြည်တဲ့ အကြည့်ကို အမှတ်ရကြဦးမှာပါ...။
ဒီကနေ့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဇာဂနာတို့အား.. ပြင်သစ်သံရုံးမှာ တွေ့ရစဉ်။ ကိုဇာဂနာမှ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ အရင်တွေ့ဆုံခဲ့ပြီး ကိုမင်းကိုနိုင်ကို စောင့်ဆိုင်း နေခဲ့ပါတယ်..။ ၆နှစ်အတွင်း ပထမဦးဆုံး ပြန်ဆုံကြတာပါ...။ ကြယ်တွေလင်းလက်တော့မယ် မြန်မာပြည်ရဲ့ ဒီမိုကရေစီ သူရဲကောင်းတွေ ထပ်မံ ဆုံတွေ့ကြရတော့မှာပါ..။


မင်းကိုနိုင်နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

သတင်း - သတင်းတိုများ
Min_Ko_Naingကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် ဟာသသရုပ်ဆောင် ကိုဇာဂနာ တို့ သည် ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး မစ္စတာအာလန်ရီပေး နှင့် ရန်ကုန် မြို့ ပြင်သစ် သံရုံးတွင် ဒီဇင်ဘာလ ၁၅ ရက် နေ့ လည် ၂ နာရီ က တွေ့ ဆုံခဲ့ပါတယ်။ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးသည် ကိုဇာဂနာ နှင့် အတူ လူမှုရေး လုပ်ကိုင်နေသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဦးစွာ တွေ့ ဆုံခဲ့ပြီး ၊ ကိုမင်းကိုနိုင်နှင့် နေ့ လည် ၂ နာရီခန့် တွင် နာရီဝက်ခန့် တွေ့ ဆုံ စကားပြောခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

"မီဒီယာလွတ်လပ်ခွင့်ရပြီဆိုရင် ပြည်ပက မီဒီယာတွေ တော်တော်အခက်တွေ့နိုင်ပါတယ်"

ဘီဘီစီ သတင်းဌာနရဲ့ မြန်မာပိုင်းအစီ အစဉ်မှာ နှစ်ပေါင်း ၂၀ ခန့် တာဝန်ထမ်း ဆောင်ခဲ့တဲ့ ဦးနေ၀င်းနဲ့ မြန်မာတိုင်း(မ်) ဒုတိယသတင်းစာတည်း ရတနာထွန်းက မီဒီယာလောကအကြောင်း တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။
အတွဲ ၂၈ ၊ အမှတ် ၅၅၂ ( ၁၃ - ၁၉ ၊ ၁ ၊ ၂၀၁၂)

ဦးနေ၀င်း။ ဓာတ်ပုံ - သက်ထူး
* ဘီဘီစီလို ပြည်ပကသတင်းဌာနတွေက ဒီမှာလွတ်လွတ် လပ်လပ် သတင်းယူခွင့်သာရမယ်ဆိုရင်ဘယ်လိုအနေအထား ဖြစ်လာနိုင်ပါသလဲ။
ကျွန်တော် အလုပ်လုပ်ခဲ့တဲ့အချိန် တုန်းကတော့ ပြည်တွင်းကနေ သတင်း ပို့ပေးတဲ့ ဦးမောင်မောင်ရှိပါတယ်။ ဒါပေမယ့် သူလုပ်ရတဲ့အနေ အထားကလည်း အကန့်အသတ်နဲ့ပါပဲ။ နောက်တော့ မြန်မာပိုင်းအစီ အစဉ်လွှင့်တဲ့ နိုင်ငံခြား အသံလွှင့်ဌာနတွေက သူတို့ရဲ့သတင်းအဖွဲ့ တွေကို မြန်မာနဲ့အနီးဆုံး ထိုင်းမှာ ထားကြတယ်။ အဲဒါမျိုးထက်စာရင် ပြည်တွင်းမှာ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ရမယ်ဆိုရင်တော့ သတင်း တွေကို ပိုပြီးထောင့်စုံအောင် တင်ဆက်လာနိုင်မှာပါ။ အခု မဖြစ်သေးရင်တောင် အလျင်အမြန် ဒီလိုဖြစ်လာမယ်လို့ ယုံ ကြည် ပါတယ်။
* ပြည်ပအသံလွှင့်ဌာနတွေမှာ လက်ရှိ မြန်မာ့မီဒီယာ လောကအပြောင်းအလဲကြောင့် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ။
အရင်က လူတွေနိုင်ငံခြားသတင်း ဌာနက အသံလွှင့်တာတွေကို နားထောင်တယ်ဆိုတာ သတင်းမှန်ရချင်လို့။ ပြည်တွင်းက မသိရ တာတွေ ပြည်ပက သိနိုင်လို့နားထောင်ကြတယ်။ အခုလွတ်လပ်လာတဲ့အခါ ပြည်တွင်းကလည်း အကုန်သိပြီ။ ပြည်တွင်းကတောင် ပိုမြန်ဦးမယ်။ ဒီတော့ ပြည်ပကအသံလွှင့်ဌာနတွေက အတော့်ကိုကြိုးပမ်းရမယ်။ သူတို့ရဲ့ အရည်အချင်းအစွမ်းသတ္တိတွေကို ပေါ်လွင် အောင်မပြနိုင်ရင်ကြာရင် တဖြေးဖြေး မှေးမှိန်သွားလိမ့်မယ်။ စာပေစိစစ်ရေးဆိုတာမရှိတော့ဘဲ မီဒီယာလွတ်လပ်ခွင့်ရပြီဆိုရင် ပြည်ပက မီဒီယာတွေ တော်တော်အခက်တွေ့နိုင်ပါတယ်။ ပြည်တွင်းမီဒီယာကလည်း အရည်အချင်း ရှိမယ်။ ဝေဖန်သုံးသပ်မှုတွေက လေးနက်သည်ထက် လေးနက်မယ်ဆိုရင်ပြည်တွင်း မီဒီယာတွေကိုပိုအားပေးလာလိမ့်မယ်။
* လက်ရှိပြည်ပက မြန်မာပိုင်း အစီအစဉ်တွေ တင်ဆက်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ။
ကျွန်တော်က လက်ရှိလုပ်နေတဲ့သူ မဟုတ်တော့ ပြောရခက်ပါတယ်။ ဖြစ်နိုင်စရာရှိတဲ့ အခက်အခဲတွေကတော့ အုပ်ချုပ်မှုအပိုင်းမှာ ဟိုဟာမလုပ်ရ၊ ဒီဟာ မလုပ်ရ တားမြစ်ခံရတာတွေက အခက်အခဲပါပဲ။ ပရိုဂျူဆာရဲ့ စိတ်ကူးရှိရင်ရှိ သလောက်ပြုလုပ်ခွင့်မရဘဲ ထိန်းချုပ် ခံရမယ်ဆိုရင် လောင်းရိပ်မိသလိုဖြစ်နေမှာပါ။ ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ နောက်ဆုံး ရှစ်လလောက်ကလွဲရင် ကျန် တဲ့အချိန်တွေမှာ ဒီလိုထိန်းချုပ်တာမျိုး တစ်ခါမှ မကြုံခဲ့ရပါဘူး။
* သူ့ထက်ငါ အပြိုင်အဆိုင်ဖြစ်နေတဲ့အချိန်မှာ မီဒီယာတွေကို ဘာပြောချင်ပါသလဲ။
စာဖတ်သူ၊ အသံလွှင့်ဌာနကို နားထောင်သူတွေဟာ ဂျာနယ်၊ သတင်းစာ၊ အသံလွှင့်ဌာနရဲ့ အဖွဲ့အစည်းကို နားထောင်တာ မဟုတ်ပါဘူး။ လွှင့်တာ ကောင်းရင်း ကောင်းတာကို နားထောင်မှာပါပဲ။ မုန့်စားသလိုပါပဲ။ ဆိုင်နာမည်ကို စားတာမဟုတ်ဘဲ မုန့်အရသာကောင်းတဲ့ဆိုင်ကို ရွေးစားတာပါ။ ဒီတော့ ဘိန်းမုန့်ကြိုက်တဲ့သူကို ကိတ်မုန့် မကျွေးမိအောင် ပရိသတ်ရဲ့ အကြိုက် ကိုလည်း နားလည်ထားဖို့လိုပါတယ်။ ခုခေတ်မှာ ပြင်ပမီဒီယာတချို့က မြန်မာပရိသတ် အကြိုက်ကို မျက်ခြည်ပြတ်နေတာမျိုးတွေ တွေ့ရပါတယ်။
* လက်ရှိ မြန်မာ့မီဒီယာလောကကို ဘယ်လိုမြင်ပါသလဲ။
သတိထားမိတာ ပြောရရင်တော့ လက်ရှိမီဒီယာသမားတွေ အင်မတန် ကံကောင်းပါတယ်။ အတိတ်မှာ မီဒီယာ လောကက လွတ်လွတ် လပ်လပ်မရှိဘူး။ အခုတော့ တော်တော်လေး ရေးနိုင်၊ ဝေဖန်နိုင်လာတယ်။ လွတ်လပ်တော့ တင်ပြရတဲ့အခါမှာ မိမိရဲ့ အစွမ်းအစကို ပိုပြ နိုင်လာတယ်။ အစွမ်းရှိရင်ရှိသလောက်ရေးနိုင်၊ တင်ပြနိုင်ပြီဆိုတော့ မီဒီယာတွေအတွက် ခေတ်ဆန်းချိန်ရောက်ပြီလို့ ထင်ပါတယ်။

ရန်ကုန်တိုင်းမ်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတွေ့ ဆုံ



ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စတာ အာလန်ရီပေး
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ဝန်ကြီးဖြစ်သူ မစ္စတာ
အာလန်ရီပေး နှင့် ဇန်နဝါရီလ ၁၅ ရက်နေ့ မနက် ၁၀ နာရီခွဲက တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် တွေ့ဆုံခဲ့ပါတယ်။