Saturday, October 22, 2011

ပခုက္ကူရေဘေး ကယ်သူဝေး နေ

ဆန်အနည်းငယ်စီသာဝေငှနိုင်

ရေဘေးသင့်မိသားစု တစ်စုလျှင် ဆန် ၁ပြည်နဲ့ ငွေကျပ် ၁ ထောင်ပဲ ပေးနိုင်သောကြောင့် မလုံလောက်သေးကြောင်း ပခုက္ကူဒေသခံများ ပြောဆို
ဝင့်သင်ဇာကျော်(မြစ်မခ)
အောက်တိုဘာ ၂၂၊ ရန်ကုန်မြို့။


ပခုက္ကူမြို့နယ်တွင်းရှိ ရေဘေးသင့်ပြည်သူများမှ အိမ်များပျက်စီးသွားသူအချို့ကို ပြည်လောက ပညာဒါနကျောင်း နှင့် မိုးကုတ်ရိပ်သာ ကျောင်းများတွင် ထားရှိထားကြောင်း နှင့် ကြက်ခြေနီအသင်းနှင့် မီးသတ်အဖွဲ့များသာလျှင် လာရောက် လှူနိုင်သေးသောကြောင့် အလှူရှင်များ လိုအပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

`လိုအပ်ချက်တွေကတော့ အများကြီးပဲ၊ သောက်ရေ၊ အစားအသောက်တွေအပြင် နေစရာအိမ်ပြင်ဖို့နဲ့ ဆုံးရှုံးသွားတဲ့ ပစ္စည်းတွေကို ထူထောင်ဖို့ လိုပါသေးတယ်။ ခုတော့ ရေဘေးသင့်မိသားစု တစ်စုကို ဆန် ၁ပြည်နဲ့ ငွေကျပ် ၁ ထောင်ပဲ ပေးနိုင်တယ်ဆိုတော့ မလုံလောက်ပါဘူးဗျာ`ဟု ပခုက္ကူမြို့ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်နေသူ တဦးက ပြောသည်။

ရွှေတစ်ချောင်တံတားသည် အုပ်ချုပ်ရေးရုံး နှင့် စက်မှုဇုံရှိသော အရှေ့ဘက်ထိပ် နှင့် လူနေအိမ်ရှိ အနောက်ထိပ်တို့ ဆက်ထားသော တံတားဖြစ်ပြီး အဆိုပါ ရေကြီးရေလျှံခြင်းကြောင့် အိမ်ခြေ ၁၀၀ကျော် ပျက်စီးပြီး ၂၀၀ ကျော်ခန့် လူအသေအပျောက်ရှိကြောင်း နှင့် ပခုက္ကူဆေးရုံတွင်လည်း ဒဏ်ရာရရှိသူများ ရှိနေသေးကြောင်း ပခုက္ကူမြို့မှ ဒေသခံများထံမှ သိရသည်။

“မနေ့က သတင်းကြားတာတော့ အိမ်ခြေက ၁၉၀၀ ရှိတယ်တဲ့ ဒါပေမဲ့ တံတားက ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ်ဆက်ထားတယ်ဆိုပေမဲ့ အိမ်တွေက ကျူးကျော်အိမ်တွေဆိုတော့ အိမ်ခြေဘယ်လောက် ရှိတယ်ဆိုတာကအစ ပြန်မှတ်တမ်းပြန်ကောက်နေရတယ် သိပ်အတိအကျတော့ မသိသေးဘူး လူတော့ ၂၀၀ နီးပါးသေတယ်ကြားတယ် “ ဟု ဒေသခံ ကိုစိုးက ခန့်မှန်းပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်တွင် မကွေးတိုင်းဒေသကြီးတွင် ရေကြီးရေလျှံခြင်းများကြောင့် ပခုက္ကူမြို့အရှေ့ နှင့်အနောက်ဆက်ထားသော ရွှေတစ်ချောင်းတံတားကျိုး၍ နေအိမ် ၁၀၀ ခန့်ပျက်စီးသွားကာ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွေ ရေများပြန်လာကျဆင်းခဲ့ပြီး မုံရွာ မှ မန္တလေးသို့ ကားများ သွားလာရန် အခက်အခဲရှိနေသေးကြောင်းသိရသည်။

“ရေကတော့ ကျသွားပါပြီ ဘာလို့လဲဆိုတော့ အဲ့ချောင်းက ရေမစီးဘူး ရေတွေ ချောင်းထဲကနေဘဲ စီးသွားပြီ ဒါပေမဲ့ ကားတွေဆိုရင် မုံရွာကနေ မန္တလေးကို သွားမဲ့ကားတွေတော့ မရသေးဘူး အဲ့လိုဘဲ မန္တလေးကနေ မုံရွာကိုသွားမယ့်ကားတွေပေါ့ ဟိုဘက်ဒီဘက်ကူးမယ်ဆိုရင် လူဘဲခြေလျင် ကူးလို့ရမယ် ဟိုဘက်ခြမ်းက ကားကိုတစ်ဆင့်ပြန်ပြောင်းစီးရမှာ” ဟု ပခုက္ကူဒေသခံ ကိုစိုးက ပြောသည်။

ပခုက္ကူမြို့တွင် ရေကြီးရေလျှံခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖုန်းမောင်ရွှေမှ လာရောက်ခဲ့ပြီး ရေဘေးသင့်ဒေသခံများကို ကယ်ဆယ်ပြီး ပြန်လည် နေရာချ ထားပေးခြင်းကိုလည်း ပြုလုပ်ပေးရန် အစီအစဉ်ရှိကြောင်း ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်တင့်ထံမှ သိရသည်။


ဦးနေဝင်းသေဆုံးစဉ် အသုဘချအခမ်းအနားဘာကြောင့်လုပ်ခွင့်မပြုတာလည်း

ကိုမိုးသီးဇွန် ဘလောက်မှမေးခွန်းကိုဓါတ်ပုံဖြည့်စွက်ဖေါ်ပြပါတယ်။
သန်းရွှေဟာ ဦးနေ၀င်းအလောင်းကို ဘယ်မှာဆိုတာကို ဘာကြောင့်ဖျောက်ခဲ့ရတာလဲ။ ဦးနေ၀င်း
ဘယ်လိုဇတ်သိမ်းခဲ့ရသလဲ။ ဦးသန်းရွှေသေရင်ရော ဘယ်လို ဇတ်သိမ်းမှာလဲ။  သင်ဘယ်လိုထင်ပါသလဲ။ comment တွင်လွတ်လပ်စွာဖေါ်ပြနိုင်သည်။
(ထိုစဉ်အချိန်ကာလကတော့ ဦးနေဝင်းသည်ပြည်သူများအပေါ်မိုက်ရိုင်းစွာတုန့်ပြန်မှု့ကို ဒဏ်ခတ်သည့်အနေဖြင့် လူသားတဦး၏နောက်ဆုံးအခွင့်အရေးတရပ်
ကိုပါဆုံးရှုံးခြင်းအနေဖြင့် မသာချခွင့်မပြုရဟုထင်မှတ်ခဲ့ယူဆထားခဲ့သော်လည်း..ယခုအချိန်တွင် သူ၏
အမွေကိုဆက်ခံသည့် သန်းရွှေကနောက်ဆုံးကာကွယ်ပေးလိုက်ခြင်းဟု ယူဆချက်များရှိပါသည်။)

မြန်မာတိုင်း(မ်)သတင်းစာနှင့်ကိုဇာဂနာတွေ့ဆုံခြင်း

နိုင်ငံရေးက ဦးစားပေး နံပါတ်တစ်ပါ

နိုင်ငံရေးပြက်လုံးများကြောင့် လွန်ခဲ့သည့် နှစ် ၂၀ကျော်ကပင် လူသိများလာခဲ့သည့် လူရွှင်တော် ကိုသူရ (ခ) ဇာဂနာ၊ မြစ်ကြီးနား အကျဉ်းထောင်မှလွတ်မြောက်လာပြီး နှစ်ရက်အကြာတွင် ၎င်းအကျဉ်းကျခဲ့စဉ်ကာလများအကြောင်းနှင့် အနာဂတ်အစီအစဉ်များကို မြန်မာတိုင်း(မ်) ဒုတိယသတင်းစာတည်း ကျော်ဆုမွန်က သွားရောက်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
အတွဲ ၂၇ ၊ အမှတ် ၅၄၀ ( ၂၁ - ၂၇ ၊ ၁၀ ၊ ၂၀၁၁)
* အခုလို လွတ်မြောက်လာပြီးနောက်မှာ နိုင်ငံရေးကော၊အနုပညာကော နှစ်ခုစလုံးကို လုပ်သွားမယ်လို့ ပြောတယ်။ ဘယ်လိုမျှမျှတတဖြစ်အောင် လုပ်သွားဖို့ ရှိပါသလဲ။
နိုင်ငံရေးနဲ့ အနုပညာအလုပ်က နဂိုကတည်းက တွဲလုပ်ခဲ့တာကိုး။ ထောင်ထဲမှာနေကတည်းက ဒီနှစ်ခုကို တွဲလုပ်သွား ရမယ်လို့ စဉ်းစားခဲ့ပေမယ့် တကယ်တမ်း ကျတော့ အနုပညာအလုပ်က ကိုယ် မလုပ်လည်း လုပ်မယ့်သူက ရှိသေးတယ်။ နိုင်ငံရေးကျတော့ အရေး ကြီးတဲ့အချိန် ရောက်လာပြီ။ ဒီအချိန်က အပြောင်းအလဲ ကာလအစ ကလေးလို့ ပြောလို့ရပြီ။ ဒီအချိန်မှာ ကျွန်တော့ဘာသာ ဆုံးဖြတ်ခဲ့တယ်။ ၁၉၈၈ အရေးတော်ပုံကာလကလည်း ပါဝင်ခဲ့တယ်။ ဒီမတိုင်မီကာလက လည်း နိုင်ငံရေးပြက်လုံးတွေလုပ်ခဲ့တယ်။ ထားပါ။ ၁၉၈၈ မှာ ပါတီစုံ ဒီမို ကရေစီရရှိရေး တို့အရေးလို့ အော်ခဲ့ကြတယ်။ ဒါဟာ အစ၊ အခု ၂၃ နှစ် အကြာမှာ လွှတ်တော်ကြီးပေါ်လာပြီ၊ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ ဆိုတာကြီး ပေါ်လာခဲ့ပြီ ဆိုသော်ငြားလည်း လိုချင်တဲ့ Multiparties democracy ဆိုတဲ့ အနေအထားကို ရောက်မလာသေးဘူး။ရှေ့ဆက်ပြီး ကိုယ်စတဲ့လမ်းကို ကိုယ်ဆုံး အောင်ဆက်လျှောက်ဖို့လိုတဲ့အတွက် နိုင်ငံရေးကို ဦးစားပေးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါက ကျွန်တော် လွှတ်တော်ထဲသွားချင်လို့ မဟုတ်ပါဘူး။ ကိုယ်စား လှယ်လုပ်ချင် လို့လည်း မဟုတ်ဘူး။ လွှတ်တော်ထဲကို ကိုယ်စားလှယ်တွေ ပို့ချင်တာ။ ပို့ပေးရမယ့် ကိုယ်စားလှယ်တွေကို ပြည်သူ့ကိုယ်စား လိုက်ရှာချင်တယ်။ အထူးသဖြင့် လူငယ်တွေကို ပို့ချင်တယ်။ ကျွန်တော့ စိတ်ကူးကို ဘယ်လိုတောင်မှန်းထားသလဲဆိုရင် ရည်မှန်းချက်တစ်ခုထားတယ်။ ၂၀၂၀ ပြည့်နှစ်မှာ စီမံချက်ပြည့်စုံရမယ်လို့ ဆုံးဖြတ် ထားတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ထက်ငယ်တဲ့ လူငယ်တွေကို လွှတ်တော်ထဲ ရောက်စေချင်တယ်။ ဒီလူငယ်တွေကို ရှာဖွေ ဖို့ရှိခဲ့ရင်လည်း ဘယ်လိုပံ့ပိုးရမလဲ၊ ဘာတွေသင်ချင်သလဲ။ ထောင်ထဲမှာလည်း Nursery လိုပဲ သင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ တော်တဲ့ တတ်တဲ့သူတွေ အများကြီးပဲ။ ဒီလူတွေ ဆီကို အပ်ပြီး ဘယ်လိုသင်ပေးရမလဲ။ သူတို့နားလည်လေ တတ်လေ နိုင်ငံရေး ဆိုတာ ပိုလုပ်လို့ကောင်းတာပေါ့။ ဒီလို ဖြစ်အောင်လုပ်ပေးချင်တဲ့ ဆန္ဒက နံပါတ်တစ်ပေါ့။ ဒါကြောင့် နိုင်ငံရေးကို ဦးစားပေး၊ အနုပညာကို ဒုတိယထား ချင်ပါတယ်။ အနုပညာဆိုရာမှာလည်း ညီတွေ၊ သူငယ်ချင်းတွေကို ပံ့ပိုးရုံ၊ နောက်ကနေ အကြံပေးရုံလောက်တော့ လုပ်နိုင်မှာပါ။ လူကိုယ်တိုင် ၀င်ထွက်ပြီးတော့ မလုပ်နိုင်လောက်တော့ဘူး။ နိုင်ငံရေးက ပိုအရေးကြီးနေတာကိုး။
* ဒါဆို နိုင်ငံရေးကို ဘယ်လောက် ရာခိုင်နှုန်းလောက် အားထည့်ပြီး အနု ပညာကို ဘယ်လောက်ပဲရှိမလဲ။
တကယ်တမ်းက နိုင်ငံရေးက ၈၀ ရာခိုင်နှုန်းလို့ သတ်မှတ်တယ်။ အနုပညာ ကတော့ ၂၀ ရာခိုင်နှုန်းလောက်ပဲပေါ့။
* နိုင်ငံရေးကို စတင်ပတ်သက်ကတည်းက ဦးဇာဂနာအနေနဲ့ လွှတ်တော်ထဲမှာ ပါဝင်ပတ်သက်ချင်ခဲ့တာလား။ ဒါမှမဟုတ် လွှတ်တော် အတွက် ပါဝင်မယ့်သူတွေကို မွေးထုတ်ချင်ခဲ့တာလား။
ကျွန်တော် အစတုန်းက ပွင့်ပွင့်လင်း လင်းပြောရရင် လမ်းစဉ်ပါတီခေတ်က စပြောရမယ်။ ဒီတုန်းက အစိုးရကို သရော်ချင်ခဲ့တာ တစ်ခုပဲ။ ဒီကနေ ၈၈ အရေးတော်ပုံမှာပါခဲ့ပြီး ထောင်ထဲလည်း ရောက်သွားပြီ။ ၁၉၉၄ မှာ ထောင်က လွတ်လာတော့ ၃၃ နှစ်ရှိပြီ။ ထောင်ထဲမှာလည်း ငါးနှစ်လောက် ဖြုန်းခဲ့ရပြီးပြီ။ ဒီတော့ ဘယ်လိုစိတ်ကူးရလာလဲဆိုတော့ လူပြက်တစ်ယောက်ရဲ့အမြင်နဲ့ နိုင်ငံရေး ကို စိတ်ဝင်စားသူအမြင် မတူတော့ဘူး။ လူပြက်တစ်ယောက်က ကမောက်ကမ အဖြစ်တစ်ခုကို ဟာသ ရယ်စရာလုပ် လိုက်မှာပဲ။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူ တစ်ယောက်ဆိုရင်တော့ ကမောက်ကမ တစ်ခုကို ဘယ်လိုပြင်ရမလဲဆိုတာပဲ စဉ်းစားမှာ။ ကျွန်တော့ အနေနဲ့ ဒီလို အမြင်ကို ပိုပြီး လက်ခံရတော့မယ်။ သရော်တဲ့စိတ်ကို လူပြက်အနေနဲ့ပဲထားမယ်။ အရင်က အဲဒီလိုအမြင်နဲ့ ကြည့်ပိုင် ခွင့်မရနိုင်ခဲ့ဘူး။ အဲဒီကာလက စစ်အစိုးရလက်အောက်မှာ။ နိုင်ငံရေးနဲ့ လုပ်လိုက်ရင် ကောက်ဖမ်းမှာပဲ။ ကျွန်တော်ဆို ထောက်လှမ်း ရေး(၆)ကို ခဏခဏ သွားနေရတဲ့သူ။ ဒါကြောင့် လေးခါ အဖမ်းခံရတာ။ ကျွန်တော်က လမ်းပေါ်ထွက်ပြီး ဆန္ဒပြဖို့မဟုတ်ဘူး။ အဲလိုနဲ့ ကြာလာတော့ နိုင်ငံခြားမှာ နိုင်ငံရေး သိပ္ပံနဲ့ပတ်သက်ပြီး သင်ချင်တယ်။ ကြိမ်ဖန်များစွာ ကြိုးစားခဲ့တယ်၊ ပတ်စ်ပို့ မရလို့ မသွားခဲ့ရဘူး။ ဒီတော့ ကျွန်တော် မသွားရလည်း သင်ရတဲ့သူတွေ သင်ရအောင်လုပ်မယ်ဆိုပြီး လိုက်ပံ့ပိုးခဲ့တယ်။
* အရင်အစိုးရလက်ထက်ကနဲ့စာရင် အခုအစိုးရသစ်လက်ထက်မှာ ပိုပြီးတော့ လုပ်သာကိုင်သာရှိပြီး ပွင့်လင်းလာပြီလို့ မြင်ပါသလား။
လောလောဆယ်မြင်နေရတာက အဓိက သာမိုမီတာလိုပဲ တိုင်းကြည့်နေရတာက ဂျာနယ်တွေကိုပဲ ကြည့်နေရတာပဲ။ ထောင်ထဲဖတ်တဲ့ ၁၃ စောင်၊ ဒီထဲမှာကိုပဲ တော်တော်ပြောင်းလဲတယ်။ ဒီလို တွေ့လာတော့ သူတို့တောင် ဒီလိုရေးလို့ ရလာရင် ငါတို့ကော ပိုပြီးပြောလို့ ရမလာနိုင်ဘူးလားလို့ တွေးလာမိတယ်။ အမြင် နှစ်မျိုး ရလာတယ်။ လူပြက်အမြင်နဲ့ နိုင်ငံကို ပြုပြင်ပြောင်းလဲချင်တဲ့အမြင်၊ လူပြက် အနေနဲ့ သရော်ချင်တယ်။ ရယ်စရာ ပြောချင်တယ်။ ဒါပေမယ့် ဒီအချိန်က သရော်ရမယ့် အချိန်မဟုတ်ဘူး။ ဒါပေမယ့် ပြုပြင်ပြောင်းလဲ ရမှာကို ဘာ မြင်လိုက်သလဲဆိုတော့ ဒီလိုစုစည်းမှုကို ညီညွတ်အောင်လုပ်ကြဖို့ လိုလာတယ်။ ခေါင်းဆောင်တွေ ခေါင်းစဉ်မရှာတတ် လို့ လူတွေက စည်းရုံးချင်လျက်နဲ့ မစည်းရုံးခဲ့ရဘူး။ ခေါင်းစဉ်သာရှာတတ်ရင် စည်းရုံးနိုင်တယ်ဆိုတာ သွားတွေ့တယ်။ ဒါ အမြတ်ပဲ။ လိုအပ်တဲ့နေရာမှာ ပိုပြောလို့ ရလာပြီ။ ထိထိရောက်ရောက် ပြောဖို့ လိုအပ်လာပြီဆိုတာ မြင်လာတယ်။ ပိုပြီး ပြောခွင့်ရလာမယ်။ သိပ် ကွေ့ပတ်နေစရာ မလိုတော့ဘူး။
* ပြန်လွတ်လာချိန်မှာ စီးပွားရေးအနေနဲ့ကော၊ဘာလုပ်ဖို့စိတ်ကူးထားလဲ။
ဘယ်စီးပွားရေးမှ ပြောရရင် မရှိဘူး။ ခေါင်းထဲမှာ အဲဒါကို မတွေးထားမိဘူး။ တကယ်တော့ လိုမှာပါ။ လူတစ်ယောက် ရပ်တည်ဖို့က ငွေကြေးလိုပေမယ့် ကျွန်တော့အတွက်က အထွေအထူး အကုန်အကျနည်းတယ်။ အ၀တ်အစားလည်း သိပ်မကုန်ဘူး။ စွပ်ကျယ် တစ်ထည်၊ ဘောင်းဘီတစ်ထည်နဲ့ လျှောက်သွားနေတာ။ အရင်ရှာထားလို့ နည်းနည်းပါးပါးရှိတဲ့ ပိုက်ဆံလေးတွေ နဲ့ပဲ ဟိုရောင်းဒီချနဲ့ နေလို့ရပါသေးတယ်။ စီးပွားရေးကတော့ လုပ်နိုင်မယ်မထင်ဘူး။ ရုပ်ရှင်ရိုက်ရင်တော့ ပိုက်ဆံရမှာပေါ့။ မရိုက်ချင်ဘူး။ သိပ်အချိန် ကုန်မှာ စိုးရိမ်တယ်။ လူပြက်ကဖို့ကလည်း တစ်ခါလောက် အပျင်းပြေ ကတာလောက်ပဲ လုပ်ချင်တယ်။ စီးပွားရှာဖို့ ပွဲမကချင်တော့ ဘူး။ အခုဆို ကြော်ငြာတွေ လာအပ်နေတယ်။ ရိုက်ပေးချင်ပေမယ့် ဒီထက် အရေးကြီးတဲ့ကိစ္စလေးတွေ ရှိနေတယ်လို့ ယူဆတဲ့ အတွက် အချိန်ပေးနိုင်ရင် တစ်ခုနှစ်ခုလောက်တော့ ရိုက်တာပေါ့လေ။ ဒီလိုရိုက်လို့ ရလာတဲ့ပိုက်ဆံဆိုရင်လည်း ထောင်ကမလွတ် သေးတဲ့ သူငယ်ချင်းတွေဆီကို ထောင်ဝင်စာ ပို့လို့ ရတာပေါ့လေ။ ကြော်ငြာရိုက်လို့ ၁၅ သိန်း ရရင် ခရီးစရိတ်နုတ်ပြီး ၁၀ သိန်း လောက် ပို့နိုင်တာပေါ့။ ကျွန်တော်ရှာလို့ရတဲ့ ပိုက်ဆံ သူငယ်ချင်းတွေဆီ တစ်ထောင်ချင်းစီ လိုက်ပို့ချင်တယ်။ ကိုယ်တိုင် လက်ထိ လက်ရောက် လိုက်ပေးချင်တယ်။ ပိုက်ဆံပေးတာကတော့ ပိုကောင်းတာပေါ့။ ထောင်မှာ ဈေးဘားဆိုတာ ရှိတယ်။ လိုတာမှာလို့ ရတယ်။ ဒီလို စဉ်းစားမိတယ်။
* မှတ်ပုံတင်နဲ့ ပတ်စ်ပို့လျှောက်ပြီး တက်ချင်တဲ့ သင်တန်းကို နိုင်ငံခြား မှာတက်ဖို့ အစီအစဉ်ကော ရှိသေးလား။
အမှန်တိုင်းပြောရရင် ဟိုအရင်ကတည်းက သွားချင်တာ။ ဟိုဘက်ကလည်း ခေါ်တယ်။ ပတ်စ်ပို့တော့ ပေးသင့်ပြီလို့ ထင်တယ်။ သုံးလလောက် ပဲဆိုရင်တော့ သွားချင်တယ်။ သိပ်ကြာရင် မတက်ချင်ဘူး။ ကျွန်တော် တစ်ခု လုပ်ချင်တာရှိတယ်။ မီဒီယာသင်တန်း လည်း တစ်ပတ်တန်သည် သွားတက် ချင်တယ်။ စိတ်ဝင်စားတယ်။ မီဒီယာကို သင်ချင်တယ်။ တပည့်ခံချင်တာ။ အင်တာဗျူးတဲ့ သူလည်း အရမ်းလုပ်ချင်တယ်။ မေးချင်တဲ့ အစီအစဉ်တွေရှိတယ်။ လယ်ရီကင်းလိုပေါ့။ မေးချင်သူတွေရှိတယ်။ အဲလို မေးချင်မြန်း ချင်တာ။
* ထောင်ထဲက အတွေ့အကြုံတွေကို ပြန်ရေးဖို့ ပြန်ထုတ်ဖို့ စိတ်ကူးရှိခဲ့လား။
ရေးပြီးသားရှိခဲ့တယ်။ ပထမအကြိမ် အဖမ်းခံရတုန်းက စအဖမ်းခံရတဲ့ အချိန်ကစပြီး လွတ်လာတဲ့အချိန်ထိ ဒိုင်ယာရီ ရေးခဲ့တယ်။ ခေါင်းထဲ ရေးခဲ့ရတာ။ လွတ်လာတော့ အဲဟာတွေကို မေ့မှာစိုးလို့ ချရေးခဲ့တာ ဗလာစာအုပ်နဲ့ ရှစ်အုပ်ရတယ်။ ဒါကို အရင်က ယူကေ သံအမတ် ဗစ်ကီဘောမန်းက ယူသွားတာ ပါသွားခဲ့တယ်။ အခု သူက အဆင်သင့် သူ့ လက်ထဲမှာ ရှိပါတယ်လို့ ပြောတယ်။

ဟောင်ကောင် ရန်ကုန် တိုက်ရိုက်လေကြောင်းပျံသန်းမည်


ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ် 
                                                


ဟောင်ကောင်မြန်မာတိုက်ရိုက်လေကြောင်းလိုင်းပျံသန်းနိုင်ဖို့နှစ်ဖက်အာဏာပိုင်တွေဆွေးနွေးနေကြတယ် လို့ဆိုပါတယ်။အဲဒီအတွက်လည်းဟောင်ကောင်လေကြောင်းလိုင်းတာဝန်ခံတွေကပြည်တွင်းမှာ လက်မှတ် ရောင်းချဖို. အေးဂျင့်တွေရှာဖွေလျှက်ရှိပါတယ်။

ဂျပန်နဲ့ တောင်ကိုရီးယား ခရီးစဉ်တွေကတစ်ဆင့် မြန်မာ နိုင်ငံကိုပြေးဆွဲတာအဆင်ပြေပေမဲ့ ဟောင်ကောင်  အပြန်ခရီးစဉ်အတွက်ခရီးသည်ရရှိမှုနည်းပါးခဲ့ပါတယ်။နိုဝင်ဘာ၂၀၀၇ခုနှစ်တုန်းက Hongkkong Express မှခရီးသည်၁၆၄ဦးဆန်.တဲ့ဘိုးအင်း၇၃၇-၈၀၀လေယာဉ်များနဲ.တစ်ပတ်ကိုနှစ်ကြိမ်၎ လခန်.ပြေဆွဲခဲ့ဘူးပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ရပ်နားခဲ့ရတာပါ။မြန်မာလေကြောင်းလိုင်းMAI ကလည်းဟောင်ကောင်ရန်ကုန်တိုက်ရိုက်ခရီးစဉ်များကိုပြေးဆွဲခဲ့ပေမဲ့ခရီးသည်နည်းပါးတဲ့အတွက်ပဲရပ်နား ခဲ့ရပါသေးတယ်။

ယခင်တိုက်ရိုက်ခရီးစဉ်များမရှိတုန်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို.ကိုခရီးစဉ်တစ်ထောက်နားပြီးမှ သွားလာနိုင်ကြပါတယ်။

ဟောင်ကောင်လေဆိပ်ဟာလေကြောင်းလိုင်းပေါင်း၉၀ကျော်နဲ့ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ကျော်ကိုပြေးဆွဲလျှက်ရှိပြီးပြီးခဲ့တဲ့၂၀၁၀ခုနှစ်မှာခရီးသည်ပေါင်းသန်း၅၀ကျာ်ကို လက်ခံနိုင်ခဲ့တဲ့လေဆိပ်တစ်ခုဖြစ်ပါတယ်။အဲဒီလိုကြီးမားတဲ့ လေဆိပ်တစ်ခုက မြန်မာပြည်ကို ဆင်းသက်ဖို. ခရီးသည်နည်းပါးတယ်။တာလည်းမြန်မာ့ခရီးသွားလုပ်ငန်းအတွက် အားပျက်စရာဖြစ်ပါတယ်။ မြန်ပြည်ဟာ ဘယ်စံနဲ.ပဲတိုင်းတိုင်း အလွန်ပဲနောက်ကျနေတဲ့ ပမာဏကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ကျွန်ုပ်တို.ပါတီမှာဟောင်ကောင် လေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းမှုကို ကြိုဆိုလိုက်ပြီး ရန်ကုန်လေဆိပ် ရဲ့လေကြောင်းလိုင်းဝန်ဆောင်မှုလုပ်ငန်းများကိုတိုးမြှင့်နိုင်ဖို.လည်းမြန်မာအစိုးရကိုတိုက်တွန်းလိုက်ပါ တယ်။မြန်မာပြည်မှာလေကြောင်းလိုင်းတွေအတွက်ဝန်ဆောင်မှုလုပ်ငန်းတွေကအလွန်ပဲနည်းပါးလှပါ တယ်။လေယာဉ်ရေးပေါ်ပြင်ဆင်နိုင်မှု၊လေယဉ်ဆီနဲ.အခြား စက်ပိုင်းဆိုင်ရာဝန်ဆောင်မှု၊လေယာဉ်ခရီးသည်များအတွက်လိုအပ်သော အစားအသောက်များဖြည်.တင်းနိုင်တဲ့ အစားအသောက်ဝန်ဆောင်မှု၊ လေဆိပ် တွင်း ခရီးသည်ဝင်ထွက်မှု ၊လေဆိပ်မှမြို.တွင်းသို.ခရီးသည်ပို.ဆောင်မှုစသည်ဖြင့်တွေကတိုးတက်မှုများစွာ ကျန်နေတဲ့ကိစ္စတွေဖြစ်ပါတယ်။

မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲ ဒေါ်အောင်ဆန်းစုကြည် ကျင်းပမည်

သောကြာနေ့၊ အောက်တိုဘာလ ၂၁၊ ၂၀၁၁


နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းများ ပိုမိုလွတ်လပ်စွာ လုပ်ဆောင်ခွင့်ရလာသော ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ကျင်းပပြုလုပ်မည့် မှတ်တမ်းရုပ်ရှင် ပြိုင်ပွဲကို ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် ကျင်းပနိုင်ရေး လုပ်ဆောင်နေကြောင်း စွယ်စုံရ အနုပညာရှင် ဦးဇာဂနာက ပြောကြားသည်။

" ကျွန်တော်နဲ့ ကိုမင်းထင် (ဒါရိုက်တာ မင်းထင်ကိုကိုကြီး) တို့ ပေါင်းလုပ်မှာပါ။ မြန်မာ့လွတ်လပ်ရေး သမိုင်း ပေါ်လွင့်စေမယ့်၊ လွတ်လပ်ရေးနဲ့ ပတ်သတ်တဲ့ ဇာတ်လမ်းတို ရုပ်ရှင်ပြိုင်ပွဲ၊ မှတ်တမ်းရုပ်ရှင်ပေါ့။ ပြိုင်ပွဲလေးက အန်တီ (ဒေါ်အောင်ဆန်းစုကြည်) စိတ်ကူးနဲ့ ဖြစ်တာပါ " ဟု ၎င်းက ရှင်းပြသည်။

ယင်းပြိုင်ပွဲကို လူငယ်များ ပိုမိုပါဝင်စေခြင်းကြောင့် လွတ်လပ်ရေးနှင့် ပတ်သက်သည့် သမိုင်းကို ပေါ်လွင်စေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ရာ လွတ်လပ်ရေးနှင့် ဆိုင်သည့် အကြောင်းအရာများ ပါရမည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်ခြင်း ဖြစ်သဖြင့် ခမ်းခမ်းနားနား ဖြစ်စေချင်ကြောင်း ၎င်းက ဆိုသည်။

ယင်းပြိုင်ပွဲတွင် ဆုရရှိသူကို ဗိုလ်ချုပ်နာမည်ပါသော ဆုကို ပေးအပ်မည် ဖြစ်ပြီး နိုင်ငံခြားသို့ ပေးပို့ကာ နိုင်ငံတကာ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
(The Voice Weekly )

အတွင်းဝန်ရုံး ငှါးရမ်းမည့် အစီအစဉ် သမ္မတ အမိန့် နဲ့ ဖျက်သိမ်းဟုဆို

ဖျက်သိမ်းလိုက်တယ်ဟုပြောဆိုခြင်းရော၊ဖျက်သိမ်းမှု့မလုပ်ခင်လုပ်ဆောင်ချက်များပါပြည်သူများအပေါ်ပွင့်လင်းမြင်သာသောဆောင်

ရွက်ခြင်းမျိုးမဟုတ်သေးပေ။လက်ရှိအစိုးရအဖွဲ့သည်တိုင်းပြည်ပြောင်းလည်းရေးကို ဦးတည်နေပြီ၊ပြည်သူများ၏အသံကိုနားထောင်နေပြီ၊ ပြည်သူများလက်မခံလျှင်အစိုးရသည် တမိန့်တအာဏာစနစ်ကဲ့သို့်မဟုတ်တော့သဖြင့် ဒီမိုကရေစီကျင့်စဉ်အတိုင်းလုပ်ဆောင်နေသည်ဟုနားဝင်ချိုအောင်ပြောဆိုနေခြင်းထက်လက်တွေ့ကျသော မြန်ဆန်သောပြောင်းလည်းမှု့များနှင့်သိသာထင်ရှားလှသောပြောင်းလည်းမှု့များကိုရဲရင့်စွာလုပ်ဆောင်သင့်ပေသည်။နှစ်ပေါင်းများစွာနောက်ကျကျန်နေခဲ့သော

ကမ္ဘာတိုင်းပြည်များအကြားတွင် နှေးကွေးနေလျှင် လိုက်မှီမည်မဟုတ်ပေ။ မိမိလက်ထက်မိမိသမိုင်းတွင်သိသာထင်ရှားသောပြောင်းလည်းမှု့များကို လျှင်မြန်စွာတည်ဆောက်ကာပြည်သူများရင်တွင်ထင်ကျန်နေသောဒဏ်ရာများကိုကုစားသင့်သည်။ထိုသို့မျှမဟုတ်ဝတ်ကျေတန်းကျေမျိုးတိုင်းပြည်ငြိမ်သက်စေခြင်းအတွက်ခဏလောက်တည်ငြိမ်မှု့

ရယူရန်မျိုးလုပ်လျှင် ပြည်သူများသည်လက်ရှိအစိုးရအခြေအနေကိုအကဲခတ်စောင့်ကြည့်နေခြင်းနှင့်ကမ္ဘာကပါစောင့်ကြည်နေခြင်းကိုကောင်းစွာသဘောပေါက်ဖို့လိုပေသည်။

ဘီဘီစီ နဲ့ ဦးခင်ရွှေ အင်တာဗျူး အသံဖိုင်
သမိုင်းဝင်အဆောက်အဦးများအား
ဟိုတယ်အဖြစ် ငှားရမ်းမည့်အစီအစဉ်ကို
အများပြည်သူမှ လက်မခံသောကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
အသံဖိုင်ကိုဖွင့်နားထောင်ပြီး... ဒီနေ့ အတွက် ပီတိအရသာကို ခံစားတော်မူကြပါခင်ဗျာ...။
ပီတိအရသာခံရန်က..ဒီနေ့ အတွက်ပြောတာနော်... မနက်ဖန်အတွက်ပြောတာမဟုတ်ဘူး...
မနက်ဖန်ဘာတွေ ထပ်လုပ်လာမယ်ဆိုတာ မသိနိုင်သေးတော့...
လက်တွဲမဖြုတ်နှင့် ညီညွတ်မှု့ မပျက်စေကြနှင့်... တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက်
အမျိုးသားညီညွတ်မှု့ များနှင့် ရင်ဆိုင်ကြမယ်...။

ဗိုလ်ချုပ်အောင်ဆန်းပုံကို ရုံးတွေမှာ ချိတ်လို့ မရ

မြန်မာပြည်ရဲ့ ယခင်ခေါင်းဆောင် တွေမှာပြည်သူလက်ခံသော၊တိုင်းပြည်ကရွေးချယ်သောခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကလွဲလျှင်မည်သူမျှမပါ၊ ခေါင်းဆောင်ကောင်းဟုသတ်မှတ်မရ။နေဝင်း၊စန်းယုစောမောင်၊ဒေါက်တာမောင်မောင်၊သိန်းစိန်အစိုးရအထိအားလုံးက  ပြည်သူများက လက်ခံကြိုက်နှစ်သက်သူများမဟုတ်။ရွေးချယ်ခဲ့သူများမဟုတ်၊ဗိုလ်ချုပ်အောင်ဆန်းသည် ယခင်ခေါင်းဆောင်များ၊တိုင်းပြည်အုပ်ချုပ်သူအစိုးရများထဲ မှ သာမန်အစိုးရခေါင်းဆောင်အဆင့်ထက်ကျော်လွန်သူဖြစ်တယ်။တိုင်းပြည်လွတ်လပ်ရေးအပြင်၊တိုင်းပြည်ရဲ့ တပ်မတော်ကို တည်ထောင်သူဖြစ်တယ်။ထို့အပြင်ကိုယ်ကျိုးမပါ၊တိုင်းပြည်အကျိုးကိုသာလုပ်ဆောင်သူဖြစ်တယ်။

ထိုသို့သောခေါင်းဆောင်တဦးအပေါ်အခြားအဆင့်မရှိနေဝင်းခေါင်းဆောင်နောက်လိုက်များနှင့်

ခိုင်းနိုင်းပြောဆိုရာပင်မတန်။ ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းရာဇဝင်နှင့်ပုံရိပ်များသည် ကမ္ဘာမှာ မြန်မာပြည်တည်သရွေ့ ရှိနေမည်ဖြစ်သည်။လက်ရှိ အာဏာရှင်များလက်ထက်တွင်ချိတ်ခွင့်မပြုလည်းအာဏာရှင်များကျဆုံးခန်းရောက်ချိန်တွင် မြန်မာပြည်တခွင်

ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံများဖြင့် ချိမ့်ချိမ့်သဲစည်းကားနေအုံးမှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်။(ပြည်သူ့အော်သံ)



မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ပုံကို အစိုးရရုံးတွေမှာ ချိတ်ဆွဲခွင့် ရှိမရှိဆိုတာကို 

လွှတ်တော်အမတ် တစ်ဦးက အစိုးရကို မေးမြန်းရာမှာ သမ္မတရုံး ဝန်ကြီးက လက်ရှိ 

နိုင်ငံတော်အကြီးအကဲပုံသာ ချိတ်ဆွဲခွင့် ပြုတယ်လို့ ပြန်ဖြေပါတယ်။



ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က မိုင်းပန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမြင့်ဦးက သောကြာ နေ့က ပြည်သူ့လွှတ်တော်အတွင်းမှာ အစိုးရကို မေးမြန်းခဲ့တာပါ။

သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်ကတော့ လက်ရှိ နိုင်ငံတော်အကြီးအကဲပုံသာ ခွင့်ပြုထားပြီး အရင်ခေါင်းဆောင်တွေပုံကို ခွင့်ပြုမထားဘူးလို့ ပြန်ဖြေတာ ကြားခဲ့ရကြောင်း လွှတ်တော်တက်ခဲ့သူ တခြား ပြည်သူ့လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဦးသိန်းညွန့်က ဘီဘီစီကို ပြန်ပြောပြပါတယ်။

မေးမြန်းသူ ဦးထွန်းမြင့်ဦးဟာ အရင်က အထွေထွေ အုပ်ချုပ်ရေးက အစိုးရ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ၁၉၉၇ ခုနှစ် လောက်ထိ သူတို့ရုံးမှာ ဗိုလ်ချုပ်ပုံကို ချိတ်ခဲ့တယ်လို့ ပြောကြောင်း သိရပါတယ်။


သတင်း--- ဘီဘီစီ

တရုတ်တို့အပေါ် လုပ်ငန်းသဘောအရ တိကျစွာဆက်ဆံရန်လိုအပ်။

ကမ္ဘာတိုင်းပြည်များနှင့်စီးပွားရေးဆက်ဆံရေးနေသောတရုတ် နိုင်ငံထုတ်ကုန်ပစ္စည်းများအပေါ်မည်သည့်တိုင်းပြည်မှ
ကောင်းမွန်သည်ဟုမှတ်ချက်မပေး။တရုတ်၏လုပ်ဆောင်ချက်နှင့်အရည်အချင်းသည်
တော်သင့်တင့်သော အဆင့်တွင်ရှိမရှိကို မြန်မာအာဏာပိုင်များသေချာလေ့လာသုံးသပ်ရန်လို။
  လက်ရှိတရုတ်နှင့် စီးပွားရေးလုပ်ဆောင်ချက်များသည် မြန်မာအစိုးရတို့စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု့အကျပ်အတည်းများကြောင့်သာ မတတ်သာသည့်အဆုံးတရုတ်ကို အားကိုးသည့်သဘောထားကိုပြောင်းသင့်။
   တရုတ်က ကယ်တင်ဖေးမလိုက်သောတိုင်းပြည်၊ဖွံ့ဖြိုးမှု့ကိုတည်ဆောက်ပေးလိုက်သောတိုင်းပြည် ကမ္ဘာတွင်မရှိသေး။ သူ့ဟာသူပင် တရုတ်ပြည်ကြီးရုပ်လုံးပေါ်အောင်မနည်းဖန်တီးနေရချိန်ကို နားလည်ဖို့လိုအပ်။အခြေအနေတည်ငြိမ်သောစီးပွားရေးစနစ်နှင့် တရုတ်ပြည်ကိုကမ္ဘာကလက်ခံထားခြင်းမဟုတ်ပေါချောင်မကောင်းသောပစ္စည်းများကို မတတ်သာ၍သုံးစွဲနေခြင်းဖြစ်တယ်။ ပိုက်ဆံရှိသူတိုင်း၊ ဘယ်နိုင်ထုတ်ပစ္စည်းကိုဝယ်သုံးမည်နည်းဟုစဉ်းစားကြည့်ပါ။အဖြေကရှင်းပါတယ်။ ကောင်းတာကိုဝယ်သုံးကြမှာပါ။
ဒီအထဲတွင် made in china ကပါမည်မထင်ပါ။ပိုက်ဆံမရှိလို့ သုံးဖြစ်ရင်ပြီးရောဆိုရင် တော့တရုတ်ကိုဝယ်ယူနေခြင်းပင်၊ လက်ရှိတရုတ်စီးပွားရေးဖြစ်ခြင်းရဲ့ မှားစရာမရှိသောအခြေခံကျကျ အချက်ဖြစ်ပါတယ်။
အောက်ပါသတင်းသည်တရုတ်လူမျိုးများရဲ့ကိုယ်ကျင့်သိက္ခာများပင်ဖြစ်ပါတယ်။(ပြည်သူ့အော်သံ)

ကချင်ပြည်နယ်က အဖိုးတန်း ရတနာတွေကို တရုတ် သယ်ထုတ်နေ


လွန်ခဲ့တဲ့ ၁နှစ်ခွဲ ရောက်ရှိစဉ်ကတည်းက ညညဆိုရင် ထရပ်ကားစီးရေ ၂၀၀ကျော်လောက် အစစ်အဆေးမရှိပဲ တရုတ်ပြည်ကို သယ်ပို့နေတာပါတဲ့...။ သူတို့လမ်းဖောက် ပေးတယ်ဆိုတာ... အရှေ့က လမ်းဖောက်တဲ့ ယန္တယားတွေက ဖောက်သွားပြီး အနောက်က သစ်လုံးတွေကို သယ်တဲ့ကားက တခါတည်း သစ်တွေတင်သွားတာ...။ နောက်တချို့ လမ်းဘေးက သူတို့မှာမရှိတဲ့ သစ်ပင်၊ သစ်ကြီးတွေဆိုရင်... အပင်လိုက် အမြစ်ကတူး နှုတ်ယူသွားပြီး ယူနန်မှာ ပြန်စိုက်တာ တောအုပ်တောင် ဖြစ်
နေပြီလို့ ဆိုပါတယ်...။
ဘူမိဗေဒဘာသာရပ်နဲ့ ကျောင်းတက်ခဲ့ပြီး မိုးကုတ်သားဖြစ်တဲ့ ဆရာတော်ဟာ မြစ်ဆုံကကျောက်တွေကို ကိုင်ကြည့်တာနဲ့ မည်သို့သော ကျောက်ဖြစ်တယ်ဆိုတာ ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်...။ ယခုမြစ်ဆုံ စီမံကိန်းမှာ ရှိသမျှ သက်နု၊ သက်ရင့်ကျောက်အားလုံး စမ်းသပ်ဖို့ဆိုပြီး ထိုစဉ်ကတည်းက တောက်လျှောက် သယ်ထုတ်နေတာပါတဲ့...။ အဓိက တရုတ်တွေ မျက်စိကျနေတာကတော့ မေခနဲ့ မလိခမြစ်ဆုံရာ အလယ်တည့်တည့်မှာ ဝဲတခုရှိတယ်လို့ဆိုပါတယ်..။ အဆိုပါဝဲနေရာဟာ ဇကာနဲ့စစ်တောင် ရွှေရတဲ့ နေရာဖြစ်လို့ဆိုပါတယ်..။ ရွှေရဲ့သဘော သိပ်သည်းဆများပြီး လေးတဲ့အတွက် အဆိုပါ.. မြစ်ဆုံဝဲရဲ့ အောက်ပိုင်းကို တရုတ်က အင်မတန်မှ လေ့လာစူးစမ်းဖို့အတွက် ပြုလုပ်နေတယ်လို့ ဆိုပါတယ်...။ သဘောင်္တွေနဲ့ အဆိုပါဝဲအောက်ပိုင်းကို လေ့လာဆန်းစစ်မှု ပြုလုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်..။ ဟိုတလောက ဘီဘီစီ သတင်းမှာ လွှင့်ထုတ်သွားတဲ့ တရုတ်မြေသယ်ကားတွေကို KIOမှ စစ်ဆေးရာမှာ ကား(၃)စီးမှာ ရွှေတွေ သိမ်းဆည်းမိတဲ့ အကြောင်းကို အမှတ်တမဲ့ ကြားလိုက်မိပါတယ်..။ မြစ်ဆုံရေကာတာ မတည်ဆောက်ခင်မှာပဲ တရုတ်ဟာ ကချင်ပြည်နယ်မှ မြန်မာပြည်ရဲ့ အဖိုးတန်သစ်၊ ကျောက်၊ ရှားပါးပစ္စည်းတွေကို ညစဉ်ညစဉ် အစစ်အဆေးမရှိ သယ်ထုတ်ခွင့် ရနေတာနဲ့တင် အရင်းကြေနေပြီ ဖြစ်တဲ့အတွက် တို့တိုင်းပြည် မိအေးနှစ်ခါ နာနေရပြီလို့ ဆရာတော်မှ မချိတင်ကဲ ပြောဆိုသွားပါတယ်.

မြန်မာတို့ဝမ်းမနည်းပါဘူးတရုတ်ရယ်

Saturday, October 22, 2011


တရုတ် က မြန်မာ အရာရှိ လောင်း တွေ ကို နှင်ထုတ်ပြီ

တရုတ် အစိုးရ ၀န်ကြီးချုပ် ၀မ်ကျားပေါင်း နှင့် မြန်မာ ဒု သမ္မတ တင်အောင်မြင့်ဦး တို့  တွေ့ 
ဆုံ ချိန် ဉ် တရုတ် စစ်တပ် မှ ထိပ်တန်း စစ်ဘက် အရာ ရှိ များ က မြန်မာ ကိုယ်စားများ နှင့်
သီးသန့်  တွေ့ ဆုံ ရာ ဉ် မြန်မာ့ တပ်မတော်မှ စေလွှတ် သည့် မည် သည့် သင်တန်း သား
ကို မျှ တရုတ် စစ်တက္ကသိုလ် များ ဉ် ၂၀၁၂ ခုနှစ် မှ စပြီ ပညာ သင်ပေး တော့ မည် မဟုတ်
ဟု သိရသည်။


အကြောင်းပြချက် မယ်မယ်ရရ မရှိ ပဲ ရပ်တန့် ခဲ့ သည့် တရုတ် စစ်တပ် က မြန်မာ ကိုယ်
စားလှယ်ကို ပြော ဆို ရာတွင် " မြန်မာ စစ်တက္ကသိုလ် များ မှာ တော် သည် ၊ ထက်မြက်
သည် ဆိုပြီး ပို့ ဆောင် လိုက် သည့် ပညာတော်သင် များ သည် တရုတ် စစ်တက္ကသိုလ် များ
၏ လို အပ် သည့် အရည် အချင်း ကို ပြည့်မှီရန် အများ ကြီး လို အပ် နေ သည် ဟု တင်အောင်
မြင့်ဦး နှင့် အတူ လိုက်ပါ သည့် နိုင်ငံခြားရေး ၀န်ကြီးဌာန  ဒုတိယ ၀န်ကြီး ဦးမောင်မြင့်  ကို
ပြော ဆို လိုက်သည်။
တရုတ် နိုင်ငံရှိ စစ်တက္ကသိုလ် များ တွင် မြန်မာ စစ်တပ် က စေလွတ် သည့် ပညာ တော် သင်
၂၀၀ ခန့် ရှိ ပြီး ၎င်း တို့  အနက် ထက်ဝက် မှာ မြန်မာ က ၀ယ်ယူထား သည့် တရုတ် စစ်လက်
နက် ပစ္စည်း များ ၊ တိုက်လေယာဉ် နှင့် အခြား စစ်ဘက် သုံး ယာဉ် နှင့် ယန္တယား များ ကို ကိုင်
တွယ် ၊ ထိမ်းသိမ်း ပြု ပြင် နိုင်ရန် ရောက် ရှိ နေ ခြင်း ဖြစ်သည်။
တရုတ် စစ်တက္ကသိုလ် ဉ် ယခင် မြန်မာ စစ်အာဏာရှင် ၏ မြေးဖြစ်သူ နေရွှေသွေးအောင် ပါ
ပညာ သင်ယူ မည် ဟု သတင်း များ ထွက် ပေါ် ခဲ့ သည်။
တရုတ်က မြန်မာ သင်တန်း သား ပို့  လွှတ်မှု ကို လက်မခံခြင်း ကြောင့် ကာကွယ်ရေး ၀န်ကြီး ဒု
ဗိုလ်ချုပ်ကြီး လှမင်း က အင်ဒိုနီးရှား နှင့် မလေးရှား စစ်တက္ကသိုလ်များ ဉ် မြန်မာ စစ်တက္ကသိုလ်
မှ ကျာင်း သား များ တက်ရောက် ပညာသင်ကြား နိုင်ရန် အပူ တပြင်း ကမ်းလှမ်း နေရ သည်
ဟု မြန်မာ ၀ီကီလိခ် မှ သိရှိ ရသည်။
မြန်မာ စစ်တပ်က ပို့ ဆောင် စေလွှတ် သည့် သင်တန်းသားများ နှင့် ပညာတော် သင်များ
သွားရောက် သည့် နိုင်ငံ များ 
ရုရှား 
တရုတ်
တောင်ကိုရီးယား
မြောက်ကိုရီးယား
စင်္ကာပူ
ဗီယက်နမ်
ယူကရိန်း
ဘီလာရုစ်
ယခင်
အမေရိကန် ပြည်ထောင်စု
ဗြိတိသျှ
ယူဂိုဆလားဗီးယား
နှင့် ဥရောပ နိုင် ငံ အချို့ 

ဂဒါဖီနှင့် မြန်မာပြည်မှသန်းရွှေပြည်သူ့အပေါ်ဆပ်ရန်အကြွေးများ

ဂဒါဖီကတော့ သူ့ပြည်သူတွေကိုဆပ်ရမည့်အကြွေးကိုဆပ်သွားပါပြီ။
ကဒါဖီသည် ရေနံကြွယ်ဝသော လစ်ဗျားကို ၄၂ နှစ်နီးပါး ဖိနှိပ်အုပ်ချုပ်ခဲ့သူဖြစ်သည်။ ကဒါဖီသေဆုံးမှုသည် လစ်ဗျားတွင် အာဏာရှင်စနစ် နိဂုံးချုပ်ခြင်းဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်များက ကြိုဆိုခဲ့ကြသည်။
မြန်မာပြည် ညီက ညီအကိုမောင်နှမများအတွက် တိုင်းပြည်ကို လက်ဝါးကြီးအုပ်ဖိနှပ်အုပ်ချုပ်မှု့တွေပြည်သူလူထုကို အနိုင်ယူခဲ့သူခေါင်းဆောင်တစ်ဦး၏နောက်ဆုံးဇတ်သိမ်းပုံကို အောက်ဆုံးတွင်ဗီဒီိယိုဖိုင်တင်ပြလိုက်ပါတယ်။
ပုန်းစရာမရှိတော့နောက်ဆုံးမြောင်းပိုက်ခေါင်းအတွင်းဝင်ပုံးရရှာ၊မြောင်းထဲရောက်သွားသောဂဒါဖီ
မြန်မာပြည်မှာတော့ အာဏာရှင်သန်းရွှေ ကပြည်သူများအပေါ်ဆပ်စရာကျန်နေသောရာဇဝင်အကြွေးများကိုမဆပ်သေးပဲ
တိတ်တိတ်လေးမသိမသာကိုယ်ရောင်ဖျောက်နေသော်လည်းပြည်သူလူထုက ယနေ့တိုင်ဒီပဲယင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင်NLDခေါင်းဆောင်များလုပ်ကြံသတ်ဖြတ်မှု့တရားခံဟာ
သန်းရွှေ၊ လက်ရှိစွမ်းအင်ဝန်ကြီးဇော်မင်းကို
တနင်္သာရီတိုင်း ကော့သောင်း မြို့နယ်ပင်လယ်ပြင် ထိုင်း-မြန်မာ ရေပိုင်နက်အနီး ခရစ္စတီးကျွန်းတွင် ၁၉၉၈ ခု မေလက မြန်မာစစ်တပ်သည် အပြစ်မဲ့အရပ်သား နို့စို့ကလေးနှင့် အမျိုးသမီးများပါမကျန် စုစုပေါင်း ၈၁ ဦးကို သဲသောင်ပြင်ပေါ်တွင် သေနတ်နှင့် ပစ်သတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုတွင် စစ်ဗျူဟာမှူးအဖြစ် ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး အမိန့်ပေးခဲ့သူသည် ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆက်လုပ်မည်၊ ဘယ်တော့မှ နောက်မဆုတ်ဟု ပြောလိုက်သော ထိုစဉ်က ဗိုလ်မှူးကြီးဟောင်း၊ ယခု အမှတ် (၁) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဇော်မင်းကိုသတ်မိန့်ပေးခဲ့သူသည် သန်းရွှေပင်ဖြစ်သည်။
၂၀၀ရ ခုနှစ်စက်တင်ဘာ တွင်ရွှေဝါရောင်တော်လှန်ရေးဟုအမည်တွင်ခဲ့သည့် သံဃာတော်များ ကံဆောင်ခြင်းကို အာဏာဖြင့် ရိုက်နှက်၊ပစ်ခတ်သတ်ဖြတ်ခိုင်းခြင်းသည်လည်းသန်းရွှေပင်ဖြစ်သည်။အခြားလုပ်ဆောင်ချက်များလည်းသန်းရွှေတွင်
ရှိနေသေးသည်။
ထို့ကြောင့်မြန်မာပြည်သူလူထုအပေါ်ရက်စက်ခဲ့ပြီး၊ကိုယ့်သွေးကိုယ်သားကိုယ့်မြေးများကိုမြှောက်ပင့်ပြီး တိုင်းပြည်ပိုင်ရတနာ ပစ္စည်းများ၊ဘဏ္ဍာငွေများနှင့် မင်္ဂလာပွဲကိုခမ်းခမ်းနားနားကြီးကျင်းပခဲ့သည့် သန်းရွှေ
သမီး၊ အမှု့တွဲများသည် သန်းရွှေမသေခင်တနေ့ပြန်ပြီး မြန်မာပြည်သူလူထုကိုပေးဆပ်ရမည်ဖြစ်သည်။
                                                              post by (ပြည်သူ့အော်သံ)





 ဂဒါဖီသတင်းကိုဆက်ဖတ်လိုလျှင်

ဂျပန်နိုင်ငံလာရောက်ခဲ့သည့်နိုင်ငံခြားရေးဝန်ကြီးအားဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများမှဆန္ဒပြ

ODA ဆိုင်းငံ့ထားဖို့ ဂျပန်အစိုးရကို တောင်းဆို

2011-10-21
ဂျပန်အစိုးရရဲ့ ODAလို့ ခေါ်တဲ့ နိုင်ငံရပ်ခြား စီးပွားရေး အကူအညီတွေ မြန်မာနိုင်ငံကို ပြန်ပေးဖို့ စဉ်းစားနေတာဟာ အခုအချိန်မှာ စောလွန်းတာကြောင့် ဂျပန်အခြေစိုက် မြန်မာ့ဒီမိုရေစီရေး လှုပ်ရှားသူတွေက ဒီကနေ့ ဆန္ဒပြ တောင်းဆို လိုက်ကြပါတယ်။
AFP
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံစဉ်။ AFP PHOTO / TOSHIFUMI KITAMURA
မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ဂျပန်နိုင်ငံကို (၃) ရက်ကြာ ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba နဲ့ သွားရောက် တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံသား(၂၀၀) နီးပါးက ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်တယ်လို့ တိုကျိုမြို့ အခြေစိုက် မြန်မာ့ဒီမိုကရေစီ ကွန်ယက်အဖွဲ့ရဲ့ ဦးဆောင်သူတစ်ဦး ဖြစ်သူ ဦးသန်းဆွေက ပြောပါတယ်။ “အခုအချိန်က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ်လို့ ယူဆလို့ရတဲ့ အနေအထားမှာ မရှိတဲ့ အတွက်ကြောင့်မို့ အခုအချိန်မှာ ODA ပဲ ဖြစ်စေ စီးပွားရေးရင်နှီးမြှုပ်နှံမှု လုပ်တာပဲ ဖြစ်စေ စောလွန်းနေတယ်ဆိုတာကို ဂျပန်အစိုးရကို ပြောချင်တာ ဖြစ်ပါတယ်” ဒီအတောအတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံချိန်မှာ ဂျပန်အစိုးရအနေနဲ့ စီးပွားရေးအရ ဆက်ဆံဖို့ ဆွေးနွေးသလိုပဲ၊ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း ထောက်ပြ ပြောဆိုဖို့ လိုအပ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW (ဂျပန်ဌာနခွဲ)က အောက်တိုဘာ(၂၀)နေ့ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်

ဂျပန်ကမြန်မာပြည်ပြောင်းလည်းရေးကိုတိုက်တွန်းအားပေး

 သောကြာ, 21 အောက်တိုဘာ 2011

မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆက်လုပ်ဖို့ ဂျပန်အားပေး


ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဂျပန်ခရီးစဉ်အတွင်း ဂျပန်အစိုးရအရာရှိ Osamu Fujimura က ကြိုဆို နှုတ်ဆက်နေစဉ် (အောက်တိုဘာလ ၂၀၊ ၂၀၁၁)

မနေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘ နဲ့ ဂျပန်ကို ချစ်ကြည်ရေးခရီး ရောက်နေတဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နိုင်မယ့် အလားအလာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရေး အခြေအနေ ဖြစ်ထွန်းမှု အခြေအနေ အပေါ်မှာလည်း ဆွေးနွေးဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဆက်ဖြစ်သွားဖို့ အားပေး တိုက်တွန်းခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ မီနာမီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“မြန်မာနိုင်ငံတွင်းက နိုင်ငံရေးဖြစ်ထွန်းမှုတွေကို မစ္စတာ ဂမ်ဘအနေနဲ့ သုံးသပ် လေ့လာထားပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလို ဖြစ်ထွန်းတိုးတက်မှုတွေကို ဆက်လုပ်သွားနိုင်ဖို့ ဂျပန်အနေနဲ့ ထောက်ခံ ကူညီလိုပါတယ်လို့ မစ္စတာဂမ်ဘ က ပြောခဲ့ပါတယ်။”
အခု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ ခရီးစဉ်အတွင်း ဂျပန်-မြန်မာ နှစ်ဖက်ဆွေးနွေးဖို့အထဲမှာ အဓိကအချက်ကတော့ ဂျပန်ဘက်က ဖွံ့ဖြိုးရေးအကူအညီတွေ မြန်မာကို ပြန်ပေးဖို့ဆိုတဲ့အချက် ပါဝင်ပါတယ်။ အရင်ဆုံးတော့ ရပ်နားထားတဲ့ အကူအညီလုပ်ငန်းတွေ ပြန်ပေးဖို့ ဂျပန်ဘက်က စတင် စဉ်းစားနေပြီလို့ ဂျပန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ကလေးမြို့ကြေညာစာတမ်းကိုလက်ခံကြိုဆို

တိုင်းရင်းသားများနှင့် အပစ်အခတ်အမြန်ရပ်ဆိုင်းရန်နှင့် သဘောထားများအမြန်ညှိနိုင်းဆောင်ရွက်သင့်ပြီ။တိုင်းပြည်တွင်းမငြိမ်မသက်ဖြစ်နေရသည်မှာ တိုင်းပြည်ကိုဦးဆောင်သူများတွင် အပြည့်အဝတာဝန်ရှိသည်။ဦးဆောင်နေသူများသည်တိုင်းပြည်လုထုအကျိုးကိုမှန်ကန်စွာတည်ဆောက်ပေးဖို့

လုပ်ဆောင်သင့်ပြီ။(ပြည်သူ့အော်သံ)

 

ကလေးမြို့ ကြေညာစာတမ်း ဆက်လက် ရပ်ခံသွားမည်


နယူးဒေလီ (မဇ္ဈိမ) ။       ။ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော ညီလာခံ တခု ထပ်မံ ခေါ်ယူလိုသည့် တနှစ် ကြာမြင့်ခဲ့ပြီ
ဖြစ်သော ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းပါ မူများအတိုင်း ဆက်လက် ရပ်ခံသွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

“၂၁ ရာစု ပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင်စု စိတ်ဓါတ် ညီလာခံကတော့ မဖြစ်ဖြစ်အောင် လုပ်ရမယ့်ကိစ္စပဲ။ အခုဖြစ်နေတာတွေလည်း tension လျော့အောင် ဝိုင်းဝန်းပြောကြဆိုကြ၊ လှုပ်ရှားညှိနှိုင်းကြရမှာပဲလေ” ဟု မဇ္ဈိမကို
ပြောသည်။

ဦးတင်ဦးနှင့် ဦးဝင်းတင် အပါအဝင် လွှတ်တော်ပြင်ပ တိုင်းရင်းသားပါတီများ၊ ဝါရင့်နိုင်ငံရေးသမားကြီးများ ၁၁ ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် အဆိုပါကြေညာစာတမ်းတွင် “မြန်မာနိုင်ငံကို တပြည်ထောင် စနစ်လည်း မဟုတ်၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်
ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူအားလုံး အတူတကွ လက်တွဲပြီး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူ ကျင်းပသွားကြရမည်။” ဟု ဖော်ပြပါရှိသည်။

၂ဝ၁ဝ အောက်တိုဘာ ၂၄ ရက်နေ့တွင် ကျရောက်သည့် ဇိုမီး အမျိုးသားကွန်ဂရက် ZNC တည်ထောင်ခြင်း ၂၂ နှစ်
ပြည့်တွင် ‘ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း’အား ထုတ်ပြန်လိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည်တွင် ‘၂၁ ရာစု ပင်လုံညီလာခံ’ ဟု ခေါ်တွင်လှုပ်ရှားလာခဲ့ကြသည်။

NLD ရုံးချုပ်တွင် ဟောပြောပွဲများ၊ နှီးနှော ဖလှယ်ပွဲများ ပြုလုပ်ခဲ့ကြသော်လည်း လက်တလော ဖြစ်ပေါ်နေသည့် အရေးကိစ္စများနှင့် အလုပ်များနေကြောင်း သိရသည်။

ယခုနှစ် ZNC နှစ်ပါတ်လည် အခမ်းအနားကိုလည်း ကလေးမြို့တွင် ကျင်းပရန် စီစဉ်ထားကာ NLD (CEC)နှင့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD တို့အား ဖိတ်ကြားထားပြီး NLD လူလတ်ပိုင်းခေါင်းဆောင်များ တက်ရောက်နိုင်လိမ့်မည်ဟု သိရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် လက်ရှိအခြေအနေအပေါ် “အရေးအကြီးဆုံး နံပါတ်တစ် ကတော့ဗျာ
 ဒီလို ပစ်ခတ်တိုက်ခိုက်နေရင်တော့လည်း ဘယ်လိုလုပ်ပြီး ယုံကြည်မှုရမလဲ။ ဒါကြောင့် အပစ်ရပ်ကြပါ။ မူလနေရာ status quo ပြန်နေပြီးတော့ ဆွေးနွေးနိုင်မယ်ဆိုရင်တော့ အဖြေကောင်း ရနိုင်တယ်လို့ ပြောဆိုလှုပ်ရှားနေတာတွေ ရှိပါတယ်” ဟု ဦးတင်ဦးက ပြောသည်။

လွှတ်တော်တွင်းပါတီတခုဖြစ်သည့် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ RNDP နှင့် ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးတခု ရရှိ ထားပြီး စစ်ဘက်အပါအဝင် အခြားပါတီအဖွဲ့အစည်းများနှင့်ပါ common ground များ တည်ဆောက်သွားခြင်းအားဖြင့် တတိုင်းပြည်လုံး စည်းလုံးညီညွတ်ရေး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောသွားသည်။

မငြိမ်းချမ်းသောမြန်မာပြည်တွင်းရှိ တိုင်းရင်းသားများဆက်ဆံရေး

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာချိန် မြန်မာအစိုးရ၏ စစ်လက်နက် တင် သဘောင်္ ၂ စီးအား KIA မှ အောက်တိုဘာ ၁၇ က ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း KIA သတင်းရပ်ကွက်မှ သိရသည်။
အောက်မြန်မာပြည်မှ ကချင်ပြည်နယ်သို့ စစ်လက်နက်တင်ဆောင် လာသော သဘောင်္ ၂ စီးအား စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် ဧရာဝတီမြစ် တဘက်တချက် လုံခြုံရေးယူထားသည့်ကြားက မြစ်ကြီးနားမြို့သို့ ချဉ်းကပ်ရန် မိုင်အနည်းငယ်အကွာတွင် ယခုလို KIA မှ ပစ်ခတ်ဖျက်ဆီးခဲ့သည်။
ထိုသဘောင်္ ၂ စီးတွင် လိုက်ပါသော မြန်မာစစ်သားအားလုံးလည်း သေဆုံးပြီး သဘောင်္ ၂ စင်းလည်း ပေါက်ကွဲကာ ရေထဲနှစ်မြုပ်သွားသည်ဟု KIA သတင်းရပ်ကွက်က ဆိုသည်။
အဓိက ရေလမ်းနှင့် ရထားလမ်း နှစ်ခုကိုအသုံးပြုကာ မြန်မာစစ်တပ်က အောက်မြန်မာပြည်မှ ၎င်း၏ လူနှင့် စစ်လက်နက်ပစ္စည်းများကို ကချင်ပြည်နယ်သို့ သယ်ပို့ပါသည်။

ကချင်ပြည်နယ်ဖက်စပ်လုပ်ငန်းများကြောင့် ဒေသခံများဒုက္ခရောက်ရ


မြစ်ဆုံ ရွှေကျင်း တစ်ခုမြင်ကွင်း
တန်ဖရဲရွာ ဧရာဝတီ မြစ်ဆုံဒေသတွင် ခါကာဘိုသတ္တုတူးဖော်ရေးကုမ္ပဏီနှင့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းတို့ အကျိုးတူ ရွှေဖက်စပ် တူးဖော်ရေးလုပ်ငန်းအတွက် ဒေသခံများကို လုပ်ငန်းခွင်အတွင်းမှ နှင်ထုတ်လိုက်သည်။


မလိ-အင်မိုင်မြစ်ဆုံဆည် ဆိုင်းငံ့ခြင်း ကြေညာပြီးနောက် ၅ ရက်အကြာ ဆည်စီမံကိန်းဒေသတွင် အစိုးရပိုင်ရွှေတူးဖော်ရေးလုပ်ငန်းအတွက် ဒေသခံများကို ပြောင်းရွှေ့ရန် အမိန့်ပေးလိုက်သည်ဟု ကချင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့ (KDNG) ၏ အောက်တိုဘာ (၂၁) ရက် ထုတ်ပြန်ကြေညာချက်အရ သိရသည်။

“မြစ်ကြီးနားမြို့၊ တန်ဖရဲကျေးရွာအုပ်စုတွင် တရားဝင်ရွှေသတ္တုတူးဖော်ရန်ခွင့်ပြုထားသည့် ခါကာဘိုကုမ္ပဏီမှလွဲ၍ ကျန်ရှိသော တန်ဖရဲမြစ်ဆုံဒေသတွင် ရွှေသတ္တုတူးဖော်နေသူများ၊ နေထိုင်သူများ၊ လူနေအဆောက်အဦးများ၊ ဈေးဆိုင်တန်းများသည် သတ်မှတ်လုပ်ငန်းခွင်နယ်နမိတ်အတွင်းမှ (၁၀-၁၀-၂၀၁၁) ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာရန်နှင့် သတ်မှတ်ထားသောရက်အတွင်း ထွက်ခွာမှုမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာရေးယူသွားမည်ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။” ဟု မြစ်ကြီးမြို့နယ်အုပ်ချုပ်ရေးဌာနမှ စာဖြင့်ညွှန်ကြားလာသဖြင့် လုပ်ငန်းရုပ်သိမ်းလိုက်ရကြောင်း ဒေသခံရွှေတူးဖော်နေသူတစ်ဦးပြောသည်။
ခါကာဘိုသတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်သည် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးရားဝမ်ဂျုံ ပိုင်ဆိုင်သည်ဟု နှင်ထုတ်ခံရသူများ ပြောသည်။

ယခင်က တန်ဖရဲမြစ်ဆုံဒေသတွင် ရွှေတူးဖော်မှုမရှိသော်လည်း ၂၀၀၉ ခုနှစ်တွင် မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်မှုလုပ်ငန်း စတင်လာပြီးနောက် ကျေးရွာများ ရွှေ့ပြောင်းရသည့်ပြင် ရွှေတူးဖော်လာကြသည်။

မလေးရှားကို ဆရာတင်ပြန်ပြီ

မလေးရှားသို. မြန်မာ စစ်ပညာသင်များ စေလွတ်ပြီး စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မည်ဟုဆို

မြန်မာစစ်ပညာသင်များမလေးရှားတွင်စစ်ပညာလေ့လာဖို.စေလွတ်မည်ဖြစ်ကြောင်းမလေးရှားကာ ကွယ်ရေးဝန်ကြီးကသတင်းထောက်တွေကိုပြောလိုက်ပါတယ်။မြန်မာဒုတိယဗိုလ်ချုပ်ကြီးလှမင်းမလေး ရှားနိုင်ငံကိုပြီးခဲ့တဲ့ကြာသာပတေးနေ့ထဲက၃ရက်ကြာအလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး၎င်းရဲ့ခရီးစဉ် အတွင်းမှာ ယခုလိုစစ်ဖက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို သဘောတူခဲ့တာဖြစ်ပါတယ်။ မြန်မာက မလေး ရှားနိုင်ငံထုတ်ရေတပ်ကာကွယ်ရေးဆိုင်ရာပစ္စည်းများဝယ်ယူမှာဖြစ်ပြီးစစ်ဖက်ဆိုင်ရာအဆင့်မြင့်ကိုယ်စား လှယ်တွေကိုလည်းစေလွတ်မှာဖြစ်ပါတယ်။

မြန်မာဟာ၎င်းရဲ့စစ်ဖက်ဆိုင်ရာအရည်အသွေးအဆင့်မြင့်စေဖို.နဲ့စစ်လက်နက်စက်ရုံများခေတ်မှီဖို.အတွက် မလေးရှားနိုင်ငံမှလေ့လာမှုပြုဖို.လိုလားတဲ့အကြောင်း၊မြန်မာဒုဗိုလ်ချုပ်ကြီးကိုလက်ခံတွေ.ဆုံခြင်းဟာ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေရဲ့အစိတ်အပိုင်းတွေထဲကတစ်ခုဖြစ်တယ်လို.  မလေးရှားကာကွယ်ရေးဝန်ကြီးကပြောဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင် ပထမဆုံး အကြိမ်အဖြစ်တဲ့ မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးရဲ့ခရီး စဉ်ဖြစ်တယ် လို.သတင်းမှာဖေါ်ပြပါတယ်။မြန်မာဝန်ကြီးဟာမလေးရှားစစ်လက်နက်စက်ရုံကြီးနှစ်ခုသို့လည်း သွားရောက်လေ့လာခဲ့ပြီးအပြည်ပြည်ဆိုင်ရာရကြောင်းနဲ့လေကြောင်းပြပွဲကိုပါဝင်လိုတဲ့ဆန္ဒရှိပြီးLangkawa မှာဒီဇင်ဘာလကျရင်ကျင်းပမဲ့ အာရှကာကွယ်ရေးဆိုင်ရာပြပွဲ ကိုလည်းတက်ရောက်မှဖြစ်ပါ တယ်။

တရုတ်နှင့်မပြီးဆုံးသေးသောစီးပွားရေးရောင်းဝယ်မှု့များ

စီမံကိန်းတွေကို ကတိအတိုင်း အကောင်အထည်ဖော်ဘို့ တရုတ်ဝန်ကြီးချုပ် ပြောဆို

2011-10-21
တရုတ်နဲ့ မြန်မာ ပူးပေါင်း ဆောင်ရွက်နေတဲ့ စီမံကိန်းတွေမှာ လုပ်ငန်း အကောင်အထည် ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံ ခေါင်းဆောင်တွေ ပေးထားတဲ့ ကတိတွေ တည်ဘို့ လိုအပ်တယ်လို့ တရုတ်ဝန်ကြီးချုပ် ဝမ်ဂျားဘောင်က မြန်မာ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးကို ပြောတဲ့အကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာက ဖော်ပြလိုက်ပါတယ်။



သမတ ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ ဧပြီ ၁ ရက်နေ့က အစိုးရအဖွဲ့သစ် တာဝန်များ အသီးသီး ယူပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။

တရုတ်ဝန်ကြီးချုပ်က ဦးတင်အောင်မြင့်ဦးကို ဘယ်မှာ ပြောဆိုတယ် ဆိုတာ အတိအကျမသိရပေမဲ့ ဒီကနေ့ မနက်ပိုင်းက လူ ၆၀၀ ကျော် တက်ရောက်တဲ့ ဘေဂျင်းမြို့မှာပြုလုပ်တဲ့ အာဆီယံ တရုတ် စီးပွားရေးပူးပေါင်းမှု နှစ်၂၀ ပြည့် အခမ်းအနားမှာ အာဆီယံ နိုင်ငံအားလုံးကို ဝန်ကြီးချုပ် ဝမ်ဂျားဘောင်က ပြောဆိုခဲ့တာလို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။ ပြီးခဲ့တဲ့ လက သမ္မတသစ် ဦးသိန်းစိန်က တရုတ်နဲ့ ပူးပေါင်း အကောင်အထည်ဖော်ဘို့ သဘောတူထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၆၀၀ ကျော် ကုန်ကျမယ့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့ဘို့ အမိန့် ထုတ်ခဲ့ပါတယ်။ တရုတ်ဝန်ကြီးချုပ်က ပြောဆိုရာမှာတော့ မြစ်ဆုံစီမံကိန်းကို တိုက်ရိုက်ရည်ညွန်းပြောဆို သွားခြင်းမရှိဘူးလို့ သတင်းစာမှာ ဖော်ပြထား ပါတယ်။ ဘေဂျင်းမြို့ကို ရောက်နေတဲ့ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ထားပါတယ်။
ဆက်သွယ်မေးမြန်းချက်.mp3
အသံဖိုင်ယူရန်။

မြန်မာပြည်အနာဂတ်အတွက်ယုံကြည်ချက်တွေခိုင်မာဖို့လိုပြီ

ယုံကြည်ချက် ခိုင်မာဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

2011-10-21
ဝါရင့် နိုင်ငံရေးသမားကြီးတွေနဲ့ အကျဉ်းထောင်အသီးသီးက ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး သမားတွေကို ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းအနား တစ်ရပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
NLD
ဝါရင့် နိုင်ငံရေးသမားကြီးများနှင့် အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး သမားများကို အန်အဲလ်ဒီပါတီက ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားနေစဉ်။ photo/NLD
ရွှေဂုံတိုင် NLD ရုံးချုပ်မှာ ကျင်းပတဲ့ အဲဒီ အခမ်းအနားမှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် က မိမိတို့ရဲ့ ယုံကြည်ချက် အတွက် ခိုင်ခိုင်မာမာ ရပ်တည်ဆောင်ရွက် ကြဖို့လိုကြောင်း အလေးအနက်ထား ပြောဆို သွားပါတယ်။ “ကျမကတော့ အဓိကထား ပြောချင်တာ ယုံကြည်ချက် ဆိုတာ ဘာလဲ၊ လွတ်မြောက်တယ် ဆိုတာ ဘာလဲ ဒီနှစ်ခုကို မီးမောင်းထိုးပြီးတော့ ပြောချင်ပါတယ်။ ကျမတို့ဟာ နိုင်ငံရေး လုပ်တယ်ဆိုတာ ယုံကြည်ချက်နဲ့ လုပ်ရမယ်။ ခံစားချက်နဲ့ မလုပ်ရဘူး။ ဒါကြောင့်မို့ ယုံကြည်ချက်နဲ့ ခံစားချက် မတူဘူးဆိုတာ ကျမတို့ နားလည်ဖို့ လိုပါတယ်။ ယုံကြည်ချက်ဆိုတာ ကိုယ်မှန်တယ်လို့ ထင်ထားတာကို စွဲစွဲမြဲမြဲ ကိုင်ထားတာဟာ ဒါ ယုံကြည်ချက်ပါပဲ”

ဧရာဝတီအတွက်ဆောင်းပါးတပုဒ်


ဧရာဝတီကိုတော့ မလွမ်းချင်ကြပါ
Thursday, 29 September 2011 11:09
l4261 ဒီနေ့မှပဲ ရန်ကုန်မိုးက သည်းသည်းမည်းမည်း ရွာနေပါတယ်။ ရွှေတိဂုံ ဘုရားကနေ ရွှေဂုံတိုင်မီးပွိုင့်အကျော် က တော်ဝင်နှင်းဆီကို ကားငှားရာမှာ သွားမယ့်နေရာနီးပေမယ့် “အဲဒီဘက် မသွားတော့ဘူး။ လမ်းမှာရေတွေပြည့် နေလို့”၊ “မိုးရွာရင် ရေကြီးတတ်လွန်း လို့” ၊ “မီးပွိုင့်ကျပ်နေလို့” ဆိုတဲ့ငြင်းဆန်မှုတွေနဲ့ အငှားကားရဖို့ကို အချိန်တော်တော် ပေးလိုက်ရပါတယ်။
ကားတော်တော်နဲ့ ငှားမရတော့ “မိုး ဒီလောက်တောင် သည်းနေတာ  မသွားတော့ရင် ကောင်းမလား။ အချိန်ကလည်း နောက်ကျနေပြီ။ ဒီလောက်မိုးတွေရွာနေတာ ဧည့်သည်တွေလည်း မစုံလောက်တော့ဘူး။ ပွဲ က ၂နာရီစမှာ။ အခုပဲ၂နာရီခွဲ တော့မယ်”ဆိုတဲ့ ချီတုံချတုံ ဖြစ်နေပေမယ့် ဧရာဝတီနဲ့ ပတ်သက်တဲ့ စာအုပ် မိတ်ဆက်ပွဲဆိုတော့လည်း သွားမယ်ဆိုတာက အနိုင်ရရှိသွားပါတယ်။
l4261b ပွဲကျင်းပတဲ့ခန်းမထဲကို ရောက်သွားချိန်မှာတော့ သာမန်စာအုပ် မိတ်ဆက်ပွဲ တစ်ခုလို့သာ သိထားခဲ့ပေမယ့် လူ ၂၀၀ ကျော်ဆံ့တဲ့ ခန်းမအတွင်းမှာတော့ မထင်မှတ်စရာ လူတွေအပြည့်ပါပဲ။
အခမ်းအနား တက်ရောက်လာတဲ့သူတွေမှာ အသက်(၈၀)ကျော်ပြီ ဖြစ်တဲ့ ဆရာကြီးဦးအုန်း၊ စာရေး ဆရာဦးဌေးမောင်တို့က စလို့ ဒေါက်တာထွန်းလွင်၊ ဒေါက်တာ ခင်မောင်ညို၊ ဆရာဦးမြင့်ဇော်၊ ဆရာမဂျူး၊ ဆရာ ကိုတာ၊ ဆရာမောင်စိမ်းနီ၊ အငြိမ်းစား ဆည်မြောင်း အင်ဂျင်နီယာ ဆရာဦး ချိုချိုစတဲ့ နယ်ပယ်စုံက ပညာရှင်တွေ၊ စာပေအ သိုင်းအ၀ိုင်းနဲ့ ဆက်စပ်သူတွေ သာမက လူငယ်လူရွယ်အများ အပြားလည်း စိတ်ဝင်တစားနဲ့ တက်ရောက်လာတာကို တွေ့ရပါတယ်။

ရာဇ၀တ်သားရဲ့ အလှည့်မှာတော့ ခေါင်းဖြတ်စက်နဲ့ အသတ် မခံရခင်မှာ ဆန္ဒလေးတစ်ခု တောင်းဆိုချင်ကြောင်း ပြောပါတယ်။ သူ့ရဲ့ ဆန္ဒကတော့ ပျက်နေတဲ့ ခေါင်းဖြတ်စက်ကြီးပေါ် တက်ကြည့်ဖို့ပါ။ စက်ပေါ်တက်ကြည့်ပြီး စက်ရဲ့ချွတ်ယွင်းချက်ကို ရှာဖွေပြီး ပြင်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ တတိယမြောက်ရာဇ၀တ် သားဟာ ခေါင်းဖြတ်စက်ထဲမှာ လည်စင်းခံလိုက်ပါတယ်။ သူ့အလှည့်မှာတော့ ပျက်နေတာ ပြင်ပြီးသွားပြီဖြစ်တဲ့ ဓားစက်ဟာ ကျလာပြီး ရာဇ၀တ်သားကို စီရင်လိုက်ပါတယ်။  ခြွင်းချက်ပြောဖို့ ကျန်ခဲ့တာက တတိယမြောက် ရာဇ၀တ်သား ဟာ အင်ဂျင်နီယာဆိုတာပါပဲ  . . .
မိတ်ဆက်ပွဲပြုလုပ်တဲ့ “ ဧရာဝတီကိုတော့ မလွမ်းချင်ပါ”  စာအုပ် ထဲမှာ ဧရာဝတီမြစ်ကြီးနဲ့ပတ်သက် ပြီး ပြည်တွင်းဂျာနယ်၊ မဂ္ဂဇင်းတွေ မှာ ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါးတွေ၊ သတင်းတွေ၊ အင်တာဗျူးတွေ၊ ရသစာတမ်းတွေ၊ နောက်ဧရာဝတီ ကို အခြေတည် ရေးသားခဲ့တဲ့ ကဗျာတွေ၊ သီချင်းတွေအားလုံးကို စုစည်းပြီး ဓာတ်ပုံတွေနဲ့တကွ ဝေေ၀ဆာဆာ ဖော်ပြထားပါတယ်။
စာအုပ်မိတ်ဆက်ပွဲမှာ ဆရာ မောင်စိမ်းနီ၊ ဆရာ နိုင်သစ်ဦးတို့က လည်း ဧရာဝတီနဲ့ပတ်သက်တဲ့ ခံစားမှု ကဗျာများကို ရွတ်ဆိုခဲ့ကြပါတယ်။ အသက်(၈၀)ရှိပြီဖြစ်တဲ့ ဆရာဌေးမောင်က “ကျွန်တော်တို့နိုင်ငံက အလွန် ချစ်စရာကောင်းပါတယ်။ ကျွန်တော် မြစ်ဆုံကိုရောက်တော့ ကျွန်တော့် နိုင်ငံကို ပိုချစ်သွားတယ်”လို့ အစချီ စကားပြောကြားပါတယ်။
l4261a ခံစားမှုရသတွေကို ပြောကြားရုံ တင်မကဘဲ မြစ်ဆုံဆည်ကြီးတည် ဆောက်မယ်ဆိုရင် ရရှိလာမယ့် အ ကျိုးအပြစ်တွေကို အငြိမ်းစားဆည် မြောင်းအင်ဂျင်နီယာတစ်ယောက်ဖြစ် တဲ့ ဆရာဦးချိုချိုကလည်း”မြစ်တွေ ကိုကိုင်တွယ်မယ်ဆိုရင် အထူးဂရု စိုက်ဖို့လိုကြောင်း၊ရေတိုကိုကြည့်ပြီး လုပ်လို့မရဘဲ ရေရှည်ကို ကြည့်ဖို့ လိုကြောင်း၊မြစ်ကိုလူကပြင်တဲ့အခါ ဆယ်စုနှစ်သာ အချိန်ပေးဖို့ လိုပေမယ့် ပျက်စီးသွားပြီ ဆိုရင်တော့ ဆယ်စုနှစ်နဲ့ မရဘဲ ရာစုနှစ်ချီအောင် အချိန်ပေးပြီးပျက်စီးမှုကို ပြင်ဆင်ရမှာ ဖြစ်ကြောင်း” စိတ်ဝင်စားဖွယ် ကောင်းအောင် ချိန်ထိုးပြောပြသွားပါတယ်။
ဒီနေရာမှာ မြစ်ဆုံနဲ့ပတ်သက်ပြီး ပညာရှင်တွေရဲ့အခန်းကဏ္ဍ အရေးပါမှုကို ဒေါက်တာထွန်းလွင်က ဟာသလေးနှောပြီး ပြောပြခဲ့ပါသေးတယ်။ တစ်ခါက ပြင်သစ်နိုင်ငံမှာ သေဒဏ်ပေး တဲ့အခါ စနစ်သုံးမျိုးကို ကျင့်သုံးပါတယ်။ ဒီထဲက တစ်မျိုးက ခေါင်းဖြတ်စက်ပေါ်မှာ ရာဇ၀တ်သားကိုတင်ပြီး ခေါင်း ဖြတ်သတ်တာပါ။ တစ်နေ့တော့ ရာဇ၀တ်သားသုံးဦးကို ခေါင်းဖြတ်စီရင်ဖို့ ခေါ်လာပါတယ်။ပ ထမလူကို သတ်တဲ့အခါမှာ စက်က ပျက်ပြီး ဓားက ကျမလာပါဘူး။ မသေမချင်းသတ်စေလို့ သေမိန့်ချထားတာ မဟုတ်တဲ့ အတွက် ရာဇ၀တ်သားဟာ သေဒဏ် က လွတ်သွားပါတယ်။ ဒုတိယမြောက် ရာဇ၀တ်သားရဲ့ အလှည့်မှာ လည်း ဒီလိုပါပဲ။ ဓားက ကျမလာတဲ့အတွက် သူလည်းပဲ သေဒဏ်က လွတ်မြောက်သွားပြန်ပါတယ်။
တတိယမြောက် ရာဇ၀တ်သားရဲ့ အလှည့်မှာတော့ ခေါင်းဖြတ်စက် နဲ့ အသတ်မခံရခင်မှာ ဆန္ဒလေး တစ်ခု တောင်းဆိုချင်ကြောင်း ပြောပါတယ်။ သူ့ရဲ့ဆန္ဒကတော့ ပျက်နေတဲ့ ခေါင်းဖြတ်စက်ကြီးပေါ် တက်ကြည့်ဖို့ပါ။ စက်ပေါ်တက်ကြည့်ပြီး စက်ရဲ့ချွတ်ယွင်းချက်ကို ရှာဖွေပြီး ပြင်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ တတိယမြောက် ရာဇ၀တ်သားဟာ ခေါင်းဖြတ်စက်ထဲမှာလည်စင်း ခံလိုက်ပါတယ်။ သူ့အလှည့်မှာတော့ ပျက်သွားတာ ပြင်ပြီးသွားပြီဖြစ်တဲ့ ဓားစက်ဟာကျလာပြီး ရာဇ၀တ်သားကို စီရင်လိုက်ပါတယ်။
ခြွင်းချက်ပြောဖို့ ကျန်ခဲ့တာက တတိယမြောက် ရာဇ၀တ်သားဟာ အင်ဂျင်နီယာဆိုတာပါပဲ။ ပညာရှင်ဆိုတာ ကိုယ်ကျွမ်းကျင်တဲ့ ပညာနယ်ပယ်ပေါ်မှာ အသက်ကိုတောင် ပဓာနမထားဘဲ ဥပေက္ခာမပြုနိုင်ပုံကို ပမာပြု ပြောပြထားတာ အတော်လေးကို ကောင်းမွန်လှပါတယ်။ ကျွန်မတို့နိုင်ငံသား အားလုံး တန်ဖိုးထားတဲ့ မြစ်ဆုံနဲ့ပတ်သက်ပြီး နယ်ပယ်အသီးသီးက ပညာရှင်တွေရဲ့ ခံယူချက်ကလည်း ဒီသဘောအတိုင်းပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။
ဟောပြောပွဲပြီးတဲ့ နောက်မှာတော့ အသက်(၂၀)ကျော်အရွယ် မိန်းကလေးတစ်ဦးက သူဝယ်ထားတဲ့ “ဧရာဝတီကိုတော့မလွမ်းချင်ပါ” စာအုပ်ပေါ်မှာ စာရေးဆရာကြီးတွေကို အမှတ်တရ လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုရင်း ဒေါက်တာထွန်းလွင် ကို ကပ်ပြောနေတာ အမှတ်မထင် ကြားလိုက်ရပါတယ်။
“ အခုလို မြစ်ဆုံကိစ္စမှာ ဆရာတို့လို ပညာရှင်တွေ၊ စာရေးဆရာတွေ က ဟောပြောပွဲတွေ လုပ်ကြတယ်။ ဗဟုသုတတွေ ဖြန့်ကြတယ်။ ကျွန်မတို့လို လူငယ်တွေအနေနဲ့ရော ဘယ်လိုမျိုး လုပ်နိုင်ပါလဲ။ ကျွန်မတို့လည်း တစ်စိတ် တစ်ပိုင်းက ပါဝင်ချင်ပါတယ်” တဲ့။
ဒီပွဲ၊ ဒီဟောပြောချက်တွေ၊ ဒီအသံတွေဟာ ဧရာဝတီကို မလွမ်းချင်ကြတဲ့ သူများအကြောင်းကို တစ်စိတ်တစ်ပိုင်း ဖော်ကျူးနေတာလို့ ခံစားလိုက်မိပါတယ်။    ။

မြန်မာ့အလှကိုမြန်မာတို့မဖေါ်ထုတ်နိုင်ခဲ့

ဆလုံလူမျိုးတို့၏ပုံရိပ်ကိုထင်ဟပ်စေခဲ့သည့် 'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲ
Thursday, 20 October 2011 13:11
b29_17 ပင်လယ်ပျော်ဆလုံလူမျိုး သုံးထောင်ကျော်တို့၏ ၁၈၉၄ ခုနှစ်မှ ယနေ့အထိ ရှင်သန်နေထိုင်ကြပုံ သမိုင်းကြောင်းပုံရိပ်များကို ထင်ဟပ်စေသည့် 'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ပြုလုပ်လျှက်ရှိပါသည်။။ ၁၈၉၄ ခုနှစ်မှ ယနေ့အထိ ဆလုံလူမျိုးတို့ရဲ့သမိုင်းကြောင်းကို ထင်ဟပ်စေမည့်ဓာတ်ပုံ များ၊ကလေးငယ်များ၏ပန်းချီလက်ရာ များ၊ ဆလုံလူမျိုးများအသုံးပြုသည့် ကိရိယာတန်ဆာပလာများကို ပြသထားသည့်အပြင် ပြခန်းတွင်လည်း ဆလုံလူမျိုးများကို ရိုက်ကူးထားသည့် ဗီဒီယိုခွေအား ပြသထားပေးပါသည်။

ပြခန်းအတွင်းသို့ဝင်လိုက်လျှင် ဆလုံလူမျိုးများ၏ နတ်ကိုးကွယ် ယုံကြည်မှု၊ခေတ်အဆက်ဆက် နေထိုင်ခဲ့ကြသည့်ပုံစံ၊ ငါးဖမ်းဓလေ့၊ လက်ရှိဆလုံလူမျိုးများ၏ နေထိုင်ကြသည့်ပုံစံများကို ဓာတ်ပုံလက်ရာများ အနေဖြင့် တွေ့မြင်ခွင့်ရနိုင်သည့်အပြင် ဆလုံတို့၏လှေငယ်ပုံစံကိုလည်း ပြသထားပါသည်။ ဆလုံလူမျိုးတို့၏ မျက်နှာသွင်ပြင်ကို အနီးကပ်ပုံဖော်ထားသည့် ဓာတ်ပုံလက်ရာမှာ အသက်ဝင်သည့်အပြင် ဆလုံလူမျိုးတို့ယုံကြည်ရာ၊ရှင်သန်နေထိုင်ရာဘ၀အဓိပ္ပာယ်ကို ပုံဖော်စဉ်းစားမိစေပါသည်။ ပြခန်း၏အ၀င်ဝတွင် ဆလုံလူမျိုးများနှင့် ပတ်သက်တဲ့အချက်အလက်များကို ရေးသားပြုစုထားသည့် စာအုပ်များလည်း ဖတ်ရှုနိုင်ရန် ထားပေးထားသည်ကို တွေ့မြင်နိုင်ပါသည်။

'ဆလုံကျွန်းမှပုံရိပ်များ' ဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်ယဉ်ကျေးမှုဌာနမှ IRASEC ၊ CNRS ၊ ဒေသဆိုင်ရာ ယဉ်ကျေးမှု ဖလှယ်ရေးဌာန၊ SEAMEO Chat တို့နှင့် ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး 'လူမျိုးစုနဲ့သဘာဝပတ်ဝန်းကျင်' ခေါင်း စဉ်နှင့် ဟောပြောပွဲများကို အောက်တိုဘာလ ၂၀ နှင့် ၂၁ ရက်တို့တွင် ပြုလုပ်ခဲ့ပါသည်။ ဓာတ်ပုံပြပွဲကို နိုဝင်ဘာလ ၃ ရက်အထိ ဆက်လက် ပြသသွားမည်ဖြစ်ပြီး မည်သူမဆို ၀င်ရောက်ကြည့်ရှုနိုင်သည်ဟု သိရှိရသည်။