Thursday, March 8, 2012
၂၀၁၁7Day News သူရဲကောင်းဆု ရရှိတဲ့ ယဉ်ထိန်းရဲ
Thursday, March 8, 2012 8:59 PM
ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေ့တိုင်းရှိနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။ သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မြင့်မောင်ဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။ သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။ သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။ ကားသမားတွေကို မရစ်ဘူး။ မတော်တဆယာဉ်တိုက်မှုတွေ ဖြစ်ရင်တောင် သူကကူညီပေးပါတယ်။ ယာဉ်ထိန်းရဲတွေအပေါ်လူတွေရဲ့အမြင်ပြောင်းလာအောင် ရိုးသားပြီး အလုပ်ကြိုးစားတဲ့၊ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဒု-တပ်ကြပ် ခင်မြင့်မောင်ကို ၂၀၁၁7Day News သူရဲကောင်းဆုချီးမြှင့်ဖို့ ရွေးချယ်ပါတယ်။
အဆိုပါဆုကို ဦးတိုးနိုင်မန်း (ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် ထူးခြားဖြစ်စဉ် များ လေ့လာစိစစ်သုံးသပ်ရေးကော်မတီဝင်)က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ဒုတပ်ကြပ်ခင်မြင့်မောင်ကိုယ်တိုင် လက်ခံရယူခဲ့ပါတယ်။
အသားမဲတဲ့ ဒုတပ်ကြပ်ခင်မြင့်မောင်ကို ကားသမားတွေက ကုလားလေးလို့ခေါ်ကြပါတယ်။ ဖိုးပြုံးချို၊ ချစ်ကောင်း စသဖြင့်လည်း ချစ်စနိုးခေါ်ကြပါသေးတယ်။
ဒီယာဉ်ထိန်းရဲဟာ အရမ်းအလုပ်လုပ်ပါတယ်။ လင့်လမ်းကဖြတ်သန်းသူတိုင်း သတိထားကြည့်ရင် မြင်မှာပါ။ မနက်အစောကြီးဆို သူရောက်နေပြီ။ တာဝန်ချိန်ပြီးအောင်အလုပ်လုပ်တယ်။ မခိုဘူး။ မနားဘူး။ သွက်သွက်လက်လက်နဲ့ ယာဉ်တွေကို လမ်းရှင်းပေးတယ်။ သူအလုပ်လုပ်တာ အ၇မ်းမာန်ပါတယ်။ အမြဲပြုံးနေတယ်။ စည်းကမ်းမဲ့ကားတွေကို ဆဲဆိုကြိမ်းမောင်းတာမလုပ်ဘူး။ ပိုက်ဆံလုံးဝမတောင်းဘူး။ ဒါပေမယ့် လိုင်းကားသမားတွေက သူ့ကို ပိုက်ဆံပစ်ပေးကြတာတွေ့လို့ ကားသမားတော်တော်များများကို ကျနော်တို့မေးကြည့်ပြီးပါပြီ။ သူမတောင်းပါဘူးတဲ့။ ဒီရဲကို ချစ်လို့ ခင်လို့ တမင်ပေးကြတာပါတဲ့။ ကားသမားတိုင်းကို ကိုယ့်ဆွေမျိုးတွေကို ပြုံးရယ်ပြတယ်။ သူ့အလုပ်ကို သူပျော်တဲ့ပုံပေါက်တယ်။ မယုံရင် အဲ့နားကို တစ်ရက်လောက်ဖြတ်ကြည့်ပါ။ သူ့ကို တွေ့ရပါလိမ့်မယ်။ ဒါထက်ပိုမသင်္ကာရင် အဲ့နားမှာ ထိုင်စောင့်ကြည့်နေပါ။
စစ်တွေသား... အသားမည်းမည်းနဲ့ ဖိုးပြုံးချိုကို တွေ့ကြရပါလိမ့်မယ်။
ပွဲလာတက်ခဲ့တဲ့ ဧည့်သည်အားလုံးက သူရတာကို ကျေနပ်ကြပါတယ်။ သူ့ကို သိနေကြပါတယ်။
သူ့ခမျာ.... ဗွီအိုင်ပီဝိုင်းမှာရှေ့ဆုံးကထိုင်ခိုင်းတာကို အပြင်ထွက်ပြီး ငုတ်တုတ်လေး သွားထိုင်နေလို့ မနည်းလိုက်ရှာရတယ်။ လူတွေကို လန့်နေတာလေ။ ကျနော်လည်းရခိုင်ပါပဲလို့ပြောပြီး သူစိတ်အေးအောင် ပြောဆိုခေါ်ယူရတယ်။
NLD ကိုယ်စားလှယ်တွေ အားကိုးထိုက်အောင် ကြိုးစားဖို့ဒေါ်စုတိုက်တွန်း
 ကြာသပတေး, 08 မတ် 2012
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အားကိုးထောက်ခံကြတဲ့ လူထုအတွက် NLD ပါတီရဲ့ ကိုယ်စား လှယ်လောင်းတွေဟာ လုပ်ငန်းတာဝန်တွေကို အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်၊
ဒီကနေ့ ရန်ုကုန် ဗဟန်းရွေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်တွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲ ၀င်ကြ မယ့် ကိုယ်စားလှယ် လောင်းတွေ တွေ့ဆုံမှုတွင်း အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပြီး ကြားဖြတ်ရွေးကောက် ပွဲ အတွက် တရားမဲ့ ပြုကျင့်မှုတွေရှိနေတာတွေနဲ့ ပတ်သက်လို့လည်း ဆွေေးနွးခဲ့ကြပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဗဟိုအောင်နိုင်ရေးအဖွဲ့တာဝန်ခံ ဦးတင်ဦးအပြင် ရွေးကောက်ပွဲ ၀င်ကြမယ့် ကိုယ်စားလှယ်လောင်း ၄၇ ဦး တခါ ရွေးကောက်ပွဲအောင်နိုင်ရေး တာဝန်ခံတွေဟာဒီကနေ့ မတ်လ ၈ရက် ကြာသာပတေးနေ့ မနက်က ဗဟန်းရွေဂုံတိုင်မှာ ရှိတဲ့ NLD ရုံးချုပ် မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် တွေဆုံဆွေးနွေးခဲ့ကြပါတယ်၊
အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က  NLD ကို အားပေးထောက်ခံကြတဲ့ လူထုအတွက် NLD ကိုယ်စားလှယ် တွေဟာ ကိုယ်ရဲ့ တာဝန်တွေကို အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်ဖို့ အဓိက တိုက်တွန်းသွားတယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲဝင်တဦးလည်း ဖြစ် မန္တလေးတိုင်းထဲက မဟာအောင်မြေ မဲဆန္ဒ နယ်မှာ ၀င်ရောက်ယှဉ်ပြိုင် မယ့် သူလည်းဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်၊
ရွေးကောက်ပွဲ မတိုင်ခင် နယ်မြေတချို့  မှာ အာဏာသုံးကာ တရားမဲ့ပြုကျင့်မှု အခြေအနေတွေ၊ တရားမ၀င် မဲဆွယ် စည်းရုံးမှု အခြေအနေတွေကိုလည်း ဘယ်လိုကန့်ကွက် တိုင်ကြားကြမလဲဆိုတာလည်း ဆွေးနွေးခဲ့ သလို  ကြိုတင်မဲကို လည်း ဘယ်လိုမှန်ကန်မှု ရှိအောင်လုပ်မလဲဆိုတာတွေကိုလည်း တိုင်ပင်ခဲ့ကြတယ်လို့ လည်း ဦးအုန်းကြိုင်က ပြောပါ တယ်။
မန္တလေးတိုင်းထဲက မဟာအောင်မြေ မဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်လောင်း  ဦးအုန်းကြိင်ပါ ကြားဖြတ် ရွေးကောက်ပွဲအတွက် အဓိက ပြသနာတခုဖြစ်နေတာကတော့ မဲဆန္ဒရှင်တွေရဲ့  အမည်စာရင်းတွေ  မှားယွင်း နေတာ ဒီပြသနာကို ဆွေးနွေးခဲ့ ကြပါတယ်။ ဒီအခြေအနေတွေပေါ် ရွေးကောက်ပွဲကော်ရှင်က သတ်မှတ် ထားတဲ့ ရက်ထက်ပိုပြီး ခွင့်ပြူချက်ပေးဖို့ NLD ပါတီကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီကို မေတ္တာရပ်ခံစာ တစောင်ပို့ထားပါတယ်။ ဒါပေမဲ့ မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ စာရင်းအတိအကျ ဖြစ်အောင် မဲပေး ကြရမယ့် ဧပြီလ ၁ ရက်နေ့ မတိုင်ခင်အထိ လုပ်သွားမယ်လို့ မင်္ဂလာ တောင်ညွန့်မြို့ နယ် မဲဆန္ဒနယ်မှာ ၀င်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း ဒေါ် ဖြူဖြူသင်းကပြောပါတယ်။
အလားတူ ဧရာဝတီတိုင်းအတွင်းမှာဆိုရင်လည်း အခုလိုပြသနာတွေမျိုးတွေရှိနေတယ်လို့လည်း ဖျာပုံမဲဆန္ဒ နယ်ရဲ့ ကိုယ်စားလှယ်ဦးသိန်းဆွေက ရှင်းပြပါသေးတယ်။
ဒီလိုကြုံနေရတဲ့ ပြသနာတွေကို အချက်အလက်ပြည့်ပြည့်စုံစုံ စုစည်းပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်ပြတိုင်ကြား ကန့်ကွက်တာတွေ ဆက်လုပ်သွားမယ်လိုလည်း NLD ကပြောပါတယ်။ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲရဲ့ လစ်လပ်မဲဆန္ဒနယ် ၄၈ နေရာစလုံးကို  NLDက ၀င်ပြိုင်ဖို့ စီစဉ်ထားပေမဲ့  စစ်ကိုင်းတိုင်း အင်းတော်မဲဆန္ဒနယ်အတွက် NLD ရဲ့ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ချထားတာရှိပါတယ်၊
ကြားဖြတ်ရွေးကောက်ပွဲ အများစုအနိုင်ရမည်ဟု ပြည်ခိုင်ဖြိုး အတွင်းရေးမှုးပြောကြား
ဦးအောင်သောင်း
၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့်  ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အများစုနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပါတီ အတွင်းရေးမှုး ဦးအောင်သောင်းက ထုတ်ဖော် ပြောကြား လိုက် သည်။‘‘လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့  လစ်လပ်မဲဆန္ဒနယ်မြေ နေရာအများစုမှာ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ် ၊ နေပြည်တော်မှာလည်း ရာနှုန်းပြည့်နီးပါး နိုင်မယ်လို့ မျှော်လင့် ထား ပါ တယ်’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှုး ဖြစ်သူ  တောင်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချိန်ဟိုတယ်တွင် ကျင်းပလျက်ရှိသော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့  ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့အပြီးတွင် ရန်ကုန်တိုင်း(မ်) ဂျာနယ် နှင့် တွေ့ဆုံစဉ် ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့်  ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန0x081ဒနယ် ၄၈ နေရာအတွက် နိုင်ငံရေးပါတီ ၁၇ ခုက ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  ပါတီတို့ သည် လစ်လပ်နေရာ ၄၈ နေရာ အပြည့် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများဖြစ်ကြပြီး တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ သည် လစ်လပ်နေရာ ၂၄ နေရာ ယှဉ်ပြိုင်မည်ဟု သိရသည်။၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သော  ရွေးကောက်ပွဲတွင်  ပြည်ခိုင်ဖြိုးပါတီ သည် အမျိုးသားလွှတ်တော် ၁၆၈ နေရာ တွင် ၁၂၉ နေရာ ၊ ပြည်သူ့လွှတ်တော် ၃၃၀ နေရာတွင် ၂၅၉ နေရာ ရရှိခဲ့သည်။
ရန်ကုန်တိုင်းမ်
Overseas Burmese – အလွန်အကျွံ အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း မပြုကြဘဲ ဒီမိုကရေစီရေး မလျော့တမ်းဆက်လှုပ်ရှားကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
မိုးမခအထောက်တော် ၀၀၂၊  မတ် ၈၊ ၂၀၁၂
အမေရိကန်ပြည်နှင့် ပြည်ပရောက် မြန်မာများအနေနှင့် လက်ရှိမြန်မာပြည်အရေးကို အကောင်းမြင်လွန်းခြင်းနှင့် အဆိုးမြင်လွန်းခြင်း အစွန်း၂ဖက်မှ လွတ်ကင်းစွာ ရှုမြင်စေလိုကြောင်း၊ ပြည်တွင်းတွင် ပြည်သူတို့က ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အကောင်းဆုံး အစွမ်းကုန် ကြိုးပမ်းနေသည့်နည်းတူ ပြည်ပရောက် မြန်မာများကလည်း ဆက်လက်ပြီး နိုးကြားတက်ကြွစွာ လှုပ်ရှားကြဖို့ လိုအပ်ကြောင်း၊ ပြည်ပရောက် မြန်မာပြည်သူတို့၏ အခန်းကဏ္ဍသည်လည်း အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားလိုက်သည်ဟု သိရသည်။
ဆန်ဖရန်ဘေးဧရိယာအခြေစိုက် BADA နှင့် BAWA ဟု အမည်တွင်သည့် မြန်မာ့အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများတွင် ပါဝင်ပြီး တက်ကြွနိုးကြားလှုပ်ရှားသူ မြန်မာဇနီးမောင်နှံတစုံတို့က ဇန်န၀ါရီလတွင်းက မြန်မာပြည်သို့ ခေတ္တအလည်ပြန်ခဲ့ကြရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပရောက် မြန်မာများအတွက် အထက်ပါ အမှာစကားပြောကြားခဲ့ကြောင်း အဆိုပါ ဇနီးမောင်နှံက မိုးမခသို့ ပြောကြားခဲ့သည်။
လာမည့် ဧပြီလ ၁ ရက် တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအချိန် နီးကပ်လာသည်နှင့်အမျှ ပြည်တွင်း ပြည်ပတွင် မြန်မာပြည်ဒီမိုကရေစီရေး မျှော်လင့်ချက်များ တက်ကြွနေခြင်း၊ စိတ်လှုပ်ရှားမှုများ ရှိနေခြင်းတို့ ဖြစ်ပွားနေရာ မြန်မာအစိုးရနှင့် အပေါင်းအပါများက ၎င်းတို့အပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရန် တောင်းဆိုမှုများကို ပိုမိုတိုးမြှင့်ပြူလုပ်လာကြသည်။
အမေရိကန်ပြည်ရှိ နယူးယောက်အခြေစိုက် တရုတ်မြန်မာအသင်းနှင့် လော့စ်အိန်ဂျလိစ်အခြေစိုက် တောင်ပိုင်းကယ်လီဖိုးနီးယားအသင်းတို့က ဦးဆောင်သူများကလည်း အမေရိကန်အစိုးရ၏ စိးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားရေးကို စာရေးသား တောင်းဆိုကြရန် တိုက်တွန်းမှုများ ပြုလုပ်လာကြသည်ကိုလည်း တွေ့နေရသည်။
ယမန်နေ့က အမေရိကန်အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာပြည်၏ ဒီမိုကရေစီရေး တိုးတက်မှုများကို စောင့်ကြည့်နေကြောင်း၊ လက်ရှိအခြေအနေအရ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရန် အစီအစဉ်မရှိသေးကြောင်း ထုတ်ပြန်ထားသည်။
၂၀၁၂ ဧပြီကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီအတွင်းမှာပင် မြန်မာအစိုးရနှင့် ဆက်ဆံရေးများ ထူထောင်ခြင်း၊ ငြိမ်းချမ်းရေး ရယူခြင်းနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ပြည်ပနှင့် နယ်စပ်အခြေစိုက် အတိုက်အခံနိုင်ငံရေးအဖွဲ့များက ပြုလုပ်လျက်ရှိသည်။ နိုင်ငံတကာရှိ အစိုးရနှင့် အခြားအဖွဲ့အစည်းကြီးများကလည်း မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲ အလှည့်အပြောင်းတွင် ထိရောက်သော ၀င်ရောက် ပတ်သက်မှုများ လုပ်ကိုင်နိုင်ရန် နည်းလမ်းပေါင်းစုံ ချဲ့ထွင် ပြင်ဆင်လျက်ရှိကြောင်း တွေ့ရှိနေရသည်။
“အဓိက ကတော့ ကာယကံရှင် မြန်မာပြည်သူတွေပါပဲ။ သူတို့တွေက မြန်မာစစ်အစိုးရနဲ့ လက်ရှိအာဏာပိုင်တွေအပေါ်မှာ တင်းမာတဲ့ သဘောထား မရှိတော့ဘူး၊ အာဏာပိုင်တွေကလည်း သူတို့အပေါ် ပျော့ပြောင်းတဲ့ လိုက်လျောမှုတွေ ရှိလာပြီလို့ ထင်မြင်လာကြရင် နိုင်ငံတကာက အရေးယူမှုတွေ ဖိအားတွေကလည်း တမျိုးတဖုံဖြစ်လာမယ် ထင်ပါတယ်။ အခု ကြားဖြတ်ရွေးကောက်ပွဲက ပထမအဆင့် စမ်းသပ်မှုတခုဖြစ်မယ် လို့ ပြောချင်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းသမားတဦးက မှတ်ချက်ပေးသည်။
(ဓာတ်ပုံ – မတ်၈၊ အင်န်အယ်ဒီရုံးချုပ်၊ ဒေါ်စုနှင့် အမတ်လောင်းများ တွေ့ဆုံပွဲ၊ ဘားမားဗီဂျေ)
တောင်ငူလူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ဂျင်ကလိ ထိမှန်
တောင်ငူမြို့ လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကိုတွေ့ ရစဉ်
 ဟောပြောနေစဉ် ဂျင်ကလိ နဲ့ ချောင်းမြောင်းတိုက်ခိုက်ခံရကြောင်းသိရပါတယ်။ 
ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို တာဝန်ယူထားတဲ့ နယ်မြေခံလုံခြုံရေးအဖွဲ့ ဝင်တဦး ဂျင်ကလိ ထိမှန်ခံခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် တရားဟောနေတဲ့ စဉ်မြင့်ဘက်ရှိ လုံခြုံရေးကို လာ
ရောက်ထိမှန်တာဖြစ်ပြီ ဂျင်ကလိထိမှန်ခံထားရတဲ့ လုံခြုံရေးအဖွဲ့ ဝင်ကို
ယခုအခါ တောင်ငူဆေးရုံမှာတင်ထားကြောင်း Myanmar News Now
မှ စုံစမ်းသိရှိရပါတယ်။
ဦးဂန္ဘီရအား အာဏာပိုင်များက သတင်းသုံးရာဌာနသို့ ပြန်လည် ပို့ဆောင်
ကြားဖြတ်သတင်း
၂၀၁၂၊ မတ်လ ၇ ရက်နေ့ မြန်မာစံတော်ချိန် ညဘက်ပိုင်းတွင် ရရှိတဲ့ သတင်းများအရ ဦးဂန္ဘီရအား ရန်ကုန် အင်းစိန် အကျဉ်းထောင်တွင် ဖမ်းဆီးထားကြောင်း သိရှိရပေမယ့် မတ်လ ၈ ရက်နေ့ မနက်ပိုင်းတွင် ဦးဂန္ဘီရနဲ့ ဆက်သွယ် မေးမြန်းချက်အရ မြန်မာအာဏာပိုင်များဟာ ဦးဂန္ဘီရအား မတ်လ ၇ ရက်နေ့ ည ၇ နာရီကျော်တွင် သတင်းသုံးရာ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြို့နယ် (မြောက်ပိုင်း) သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရှိရပါတယ်။ ဦးဂန္ဘီရနဲ့ နီးစပ်သူတဦးနဲ့ ဦးဂန္ဘီရတို့ ဆက်သွယ် ပြောဆိုမှုများအရ ဦးဂန္ဘီရအား အာဏာပိုင်များက ခေါ်ဆောင်သွားခဲ့ပြီးနောက် မတ်လ ၆ ရက်နေ့ ည ၁၀ နာရီ ၃၉ မိနစ်မှ ည ၁၁ နာရီ ၄ မိနစ်အထိ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ် ရဲစခန်း အဆောက်အဦရှိ ရဲသတင်းတပ်ဖွဲ့ ရုံးခန်းတွင် ဦးဂန္ဘီရရဲ့ ကချင်ပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြောင်း၊ ထို့နောက်တွင် မေးမြန်း ပြောဆိုမှုများအစား အလွတ်သဘော စကား ပြောကြကြောင်း၊ ထိုသို့ စကားပြောဆိုခဲ့ကြပြီးနောက် မတ်လ ၇ ရက်နေ့တနေ့လုံး ခေါ်ဆောင်ထားတဲ့ ကျောက်တံတားမြို့နယ် ရဲစခန်း အဆောက်အဦတွင် ထိမ်းသိမ်းထားကြောင်း၊ အဲဒီနောက် မတ်လ ၇ ရက်နေ့ ည ၇ နာရီကျော်ကျော်တွင် ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အခြေအနေတွင် ဦးဂန္ဘီရဟာ ကျန်းမာရေး မကောင်းတဲ့အတွက် ဆေးကုသမှု ခံယူနေရကြောင်း ဦးဂန္ဘီရက ဆက်သွယ်မေးမြန်းသူများအား ရှင်းပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းတိုက်ခိုက်ခံရကြောင်း ဦးခွန်သာမြင့် အတည်ပြုပြောကြား
ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းသည် နေပြည်တော်သို့ ဝင်ရောက်လာစဉ်တွေ့ ရပုံ
ဓာတ်ပုံ- ဥက္ကာကိုကို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ မန္တလေး-နေပြည်တော် မဲဆွယ်စည်းရုံးရေး ခရီးစဉ် အပြန်လမ်းခရီးတွင် မိုင်တိုင် ၈၅ ၊ ၇ဖာလုံ နှင့် ၈၆မိုင်အကြား ဒညင်းကုန်းကျေးရွာအနီး အရောက်တွင် ခဲနှင့်ပစ်ခတ်ခံရပြီး ယာဉ်တန်းထဲမှ အဆိုတော်လင်းလင်းပါသော စတုတ္တမြောက်ယာဉ်ကိုထိမှန်ကာကား ၏ နောက်ညာဘက်မှန် ကွဲခဲ့ကြောင်း သိရသည်။မတ်လ ၅ရက်နေ့ ည၈နာရီ မိနစ်၂၀အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ကာ ပြည်ထဲရေးဌာနမှ ထိုကဲ့သို့ပစ် ခတ်ခံရခြင်းမှာ ပထမဆုံးမဟုတ်ကြောင်း ယခင်ကလည်း သံရုံးကားနှင့် လူကြီးယာဉ်တန်းများကိုပါ ထိုနေရာတွင် ပစ်ခတ်ခံရဖူးကြောင်း ၊ ယခုအခါ အမှု့မှန်ပေါ်ပေါက်စေရန် သေသေချာချာ သွားရောက်စစ် ဆေးသွားမည်ဟု ပြောဆိုခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သာမြင့်က အတည်ပြုပြောကြားသည်။