မြ၀တီမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) နှင့် နော်ဝေးနိုင်ငံ ဒုက္ခသည် ကောင်စီ (Norwegian Refugee Council -NRC) တို့က ကျေးရွာများ၌ တရွာလျှင် နှစ်ရက်နှုန်းဖြင့် စက်တင်ဘာ လကုန်ပိုင်းမှစ၍ အောက်တိုဘာလ ၅ ရက်နေ့အထိ စိစစ်ရေးကဒ်ရိုက်ပေးရာတွင် ရွာလူကြီး အချို့မှ လူတစ်ဦးလျှင် ကျပ်ငွေ ၁,၀၀၀ မှ ၅,၀၀၀ အထိ ကောက်ခံခဲ့သည်ဟု ထီးဝါပလောရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
Sunday, October 14, 2012
နိုင်ငံသားစိစစ်ရေးကဒ် ပြုလုပ်သူများထံမှ ရွာလူကြီးအချို့ ငွေကောက်ခံခဲ့
မြ၀တီမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန (လ၀က) နှင့် နော်ဝေးနိုင်ငံ ဒုက္ခသည် ကောင်စီ (Norwegian Refugee Council -NRC) တို့က ကျေးရွာများ၌ တရွာလျှင် နှစ်ရက်နှုန်းဖြင့် စက်တင်ဘာ လကုန်ပိုင်းမှစ၍ အောက်တိုဘာလ ၅ ရက်နေ့အထိ စိစစ်ရေးကဒ်ရိုက်ပေးရာတွင် ရွာလူကြီး အချို့မှ လူတစ်ဦးလျှင် ကျပ်ငွေ ၁,၀၀၀ မှ ၅,၀၀၀ အထိ ကောက်ခံခဲ့သည်ဟု ထီးဝါပလောရွာသား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
စစ်တွေမြို့ ဆူပူမှု မိုးပေါ် သေနတ်ထောင်ပစ်ပြီး လူစုခွဲခဲ့ရ
Narinjara News
မောင်အေး
အောက်တိုဘာလ
၁၂ ရက် သောကြာနေ့ ညနေ ၈ နာရီခန့်မှာ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ကို
ဝိုင်းအုံလာတဲ့ လူအုပ်ကြီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မိုးပေါ်
သေနတ်ထောင်ပစ်ပြီး လူစုခွဲလိုက်ရတယ်လို့ သတင်း ရရှိပါတယ်။
အခုလို ဖြစ်ပွားတာကတော့ ညမထွက်ရ အမိန့်ကို ညနေ ၇ နာရီကနေ ၅ နာရီ အကြား သတ်မှတ်ထား တာကို ညနေ ၁၀ နာရီကနေ နံနက် ၄ နာရီ ထိ လျော့ချပြီးတဲ့ နောက်တစ်နေ့ မှာဘဲ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။
လူစုလူဝေး ဖြစ်ပွားလာရတဲ့ အကြောင်းကို စစ်တွေမြို့ နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ထောင်နှင့်ချီသည့်ရခိုင်အမျိုးသမီးများက OIC (Organization of Islamic Cooperation ) ရုံးဖွင့်မည်ကို ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နေ့လည်ပိုင်းက
ထောင်နှင့်ချီသည့်ရခိုင်အမျိုးသမီးများက OIC (Organization of Islamic
Cooperation ) ရုံးဖွင့်မည်ကို ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ
ဆန္ဒထုတ် ဖော်ပြသခဲ့ကြသည်။
ဆန္ဒပြပွဲကို ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး စစ်တွေမြို့
ကမ်းနားလမ်း ဧစေတီ ဘုရားမှ ဆိုင်းဘုတ်များ၊ လက်ကိုင် ပိုစတာများကို ကိုင်
ဆောင်ပြီး မြို့ထဲထိ ချီတက်ကာ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော် ပြသခဲ့ကြသည်ဟု
ဦးဆောင်သူတဦးဖြစ်သူ ဒေါ်မညိုအေးက ပြောသည်။
ကိုကိုကြီး လွတ်လပ်မှု ချီတက်ပွဲ ပါဝင်ဆင်နွှဲ
RFA
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး
2012-10-13
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ဒီနေ့ရောက်သွားပြီး၊ အဲဒီမှာ ဒီနေ့ကျင်းပတဲ့ 5th International March for Freedom လွတ်မြောက်ရေး အတွက်ချီတက်ပွဲ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။အဲဒီပွဲမှာ ကိုကိုကြီးက - လွတ်မြောက်ရေးကြိုးပမ်းနေသူတွေအတွက် ကမ္ဘာ့ပြည်သူတွေက ဝိုင်းဝန်းကူညီဖို့လိုတဲ့အကြောင်းပြောမှာဖြစ်တယ်လို့ ပွဲမစခင်မှာ ကိုကိုကြီးက RFA ကို ပြောပါတယ်။
Subscribe to:
Posts (Atom)