မတ်လ ၁၆ရက်၊နံနက်၁၀နာရီတွင်နေပြည်တော်ရှိအလုပ်သမားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌

မြန်မာနိုင်ငံတွင်အဓမ္မစေခိုင်းမှု့များ ဆိုင်ရာစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရပါတယ်။
ထိုလက်မှတ်ရေးထိုးရာတွင် နိုင်ငံတော်အစိုးရကိုယ်စား
အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမြင့်သိန်းနှင့်
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) ကိုယ်စား (ILO) ဆက်သွယ်ရေးအရာရှိတို့လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်
ပါတယ်။အဓမ္မခိုင်းစေမှုများပပျောက်စေရန် အပြည်ပြည်
ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO) နှင့်ပူးပေါင်းဆောင်
ရွက်မည့်အပြင် အဓမ္မစေခိုင်းမှု့များကို ၂၀၁၅ ခုနှစ်တွင်
လုံးဝပပျောက်စေရေးအတွက် အကောင်အထည်ဖေါ်ဆောင်ရွက်ရန် သဘောတူညီကြောင်းလက်မှတ်ရေးထိုးခြင်းဖြစ်သည်။
၎င်းဆောင်ရွက်မှု့များကို မြန်မာအစိုးရသည် ILO နှင့် လက်မှတ်ရေးထိုးသဘောတူညီထားသည်ကို မြန်မာနိုင်ငံဒေသကြီးများအပါအဝင် ကျေးလက်ဒေသမှ ပြည်သူလူထု
အားနားလည်သိရှိစေရန်နှင့် အဓမ္မစေခိုင်းမှု့များရှိလာပါက မိမိတို့နေထိုင်ရာ ကျေးလက်ဒေသ၊မြို့နယ်၊တိုင်းဒေသများရှိ ILO အဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်နိုင်ရန် ပြည်သူလူအပေါ်ကျယ်ပြန့်စွာ ရှင်းလင်းပညာပေးဟောပြောမှု့များလုပ်ဆောင်သင့်ကြောင်းတင်ပြလိုက်ပါသည်။(ပြည်သူ့အော်သံ)