Saturday, February 25, 2012

နိုင်ငံအကြီးအကဲများ နေ့ စားအလုပ်သမားတို့ ၏ ဘ၀ကိုနားမလည်၊ ကျောသားရင်သားမခွဲခြားနဲ့ 



၂၅-၂-၂၀၁၂
အခု မြန်မာနိုင်ငံမှာ ဥပဒေပြုပြီး လမ်းညွှန်မှုလုပ်တဲ့ လွှတ်တော်အဖွဲ့ နဲ့ ဒီ လမ်းညွှန်ချက်
တွေကို မူတည်ပြီးလုပ်ငန်းအကောင်အထည်ဖော်ရတဲ့ အစိုးရအဖွဲ့ တို့  ၀န်ထမ်းအနိမ့်ဆုံး
လစာသတ်မှတ်ရေးနဲ့  မလိုအပ်ဘဲငွေကုန်များနေတဲ့စက်ရုံတွေအပါအ၀င် စီမံကိန်းတွေကို
ရပ်ဆိုင်းရေးကိစ္စတွေနဲ့ ပက်သက်ပြီးဝိ၀ါဒကွဲပြားတဲ့အချက်တွေကို ရုပ်မြင်သံကြားမှလွှင့် ထုတ်ပြီး ဆွေးနွေးနေကြတာကိုကြားသိရပါတယ်။


ဦးရွှေမန်းရဲ့ တင်ပြချက်တွေကတော့ ယေဘူယျသဘောဆန်ပြီး အစိုးရအဖွဲ့ သမ္မတရဲ့ ကိုယ်
စားပြန်ကြား ချက်တွေကတော့ ပညာရှင်အကြံပေးတွေတင်ပြပေးတဲ့ လက်တွေ့ ဆန်တဲ့အနေ  
အထားက အများစုဖြစ်တယ်လို့ ထင်မိပါတယ်။


အထူးသဖြင့်အစိုးရ၀န်ထမ်းအနိမ့်ဆုံးလစာသတ်မှတ်ချက်ကို အပြင်ပုဂ္ဂလိကလုပ်ငန်း
တွေရဲ့ အနိမ့်ဆုံးလုပ်သားလစာကိစ္စတွေနဲ့ ပါ ဆက်စပ်ပြီး အတွေ့ အကြုံရှိတဲ့နိုင်ငံတကာ
အဖွဲ့ အစည်းများ၊ ဘဏ်လုပ်ငန်းများနဲ့ ပညာရှင်အဖွဲ့ အစည်းတွေနဲ့ ပါဆွေးနွေးညှိုနှိုင်း
ပြီး အစိုးရအနေနဲ့ စွမ်းဆောင်ရည်ပြည့်ဝစွာ လုပ်ဆောင်နိုင်တဲ့အခြေအနေ(ပိတ်ဆို့ မှု 
များရုပ်သိမ်းခြင်း၊ ချေးငွေနဲ့ နိုင်ငံတကာအကူအညီများရရှိခြင်း၊နည်းပညာနဲ့ တိုက်ရိုက် 
ရင်းနှီးမြှုပ်နှံမှုများများပြားလာခြင်း) တို့ဖြစ်ပေါ်လာချိန်မှ ချိန်ဆသတ်မှတ်သင့်ပါတယ်လို့  စီမံဘဏ္ဍာဝန်ကြီးကပြန်လည်ရှင်းလင်း ဆွေးနွေးသွားပါတယ်။


ဒါပေမယ့် နိုင်ငံရဲ့ အသုံးစရိတ်စာရင်းများကိုသာတင်ပြသွားပြီး ရငွေစာရင်းများကိုတော့
 မပြောပြခဲ့ပါဘူး။ အစိုးရရဲ့ လုပ်ဆောင်နိုင်စွမ်းမြင့်လာအောင်ကလည်းပိုမိုကောင်းမွန် 
တဲ့နိုင်ငံရေးအခြေအနေတွေ နိုင်ငံတကာငွေကြေးနဲ့ နည်းပညာအကူအညီအပြင် ကောင်း
မွန်တဲ့နိုင်ငံတကာဆက်ဆံရေးအခြေအနေတွေနဲ့ လည်းတည်မှီဆက်စပ်နေပါတယ်။
 နောက်ပြီး လွှတ်တော်မှာပြောတာက ပြင်ပပုဂ္ဂလိကလုပ်သားတစ်ယောက်ရဲ့ အနိမ့်ဆုံးတစ်
နေ့ ဝင်ငွေဟာကျပ်ငွေ (၂၀၀၀)၊ ဒါ့ကြောင့်ဒီအလုပ်သမားရဲ့ ဝင်ငွေက တစ်လ ကျပ် (၆၀၀၀၀) လို့ တွက်ချက်ပြီး အစိုးရ၀န်ထမ်းတွေရဲ့ လစာထက်များပြားနေတဲ့ပုံစံမျိုး ပြောပြသွားပါတယ်။ နေ့ စားဝန်ထမ်းဟာနေ့ တိုင်းအလုပ်ရရှိဖို့ မသေချာပါဘူး။ ရတယ်ဆိုရင်တောင် အစိုးရ၀န်
ထမ်းလိုတစ်ပတ် (၂)ရက် နားနေခွင့် မရနိုင်တော့ဘူးလား၊ ပင်စင်ခံစားခွင့်ဆိုတာ ဘယ်မှာလဲ၊ စတဲ့အချက်တွေကိုပါ ထည့်သွင်းတွက်ချက်စဉ်းစားပေးဖို့ လိုပါတယ်။ 
လက်လုပ်လက်စား ဈေးရောင်းစားရတဲ့လူတွေကလည်း အမြဲတမ်းမြတ်နေတာမဟုတ်ပါဘူး။
 ရောင်းမကောင်းလို့  ဆုံးရှုံးသွားရတဲ့နေ့ ရက်တွေလည်းရှိပါတယ်။ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်အကိုင်တည်မြဲမှု၊ခွင့်ရက်ကိစ္စ၊ အချိန်ပိုနဲ့ အလုပ်ချိန်များပြားလွန်းတဲ့အခြေအနေ
တွေကြောင့် မကြေလည်မှုတွေဖြစ်ပေါ်နေရတယ်ဆိုတာ သတိပြုစရာပါ။ ဒါကြောင့် ၀န်ထမ်း
လစာတိုးမြှင့်ရေးဟာ အစိုးရ၀န်ထမ်းအလုပ်သမားတွေနဲ့ပြင်ပပုဂ္ဂလိကအလုပ်သမားတွေရဲ့ 
အခြေအနေတွေကိုပါ ဆက်စပ်စဉ်းစားပြီးဆောင်ရွက်ပေးဖို့ လိုပါတယ်။ 
လွှတ်တော်ကိုယ်စားကြီးများအနေနဲ့ နိုင်ငံကိုကောင်းစားစေချင်ကြတယ်ဆိုရင် အစိုးရအဖွဲ့ နဲ့  ကိုယ်စားလှယ်ကြီးများကိုအားကိုးစေကြဖို့  အစိုးရအဖွဲ့ ဝင်တွေနဲ့ မိသားစုတွေရဲ့ပိုင်ဆိုင်မှု 
အပါအ၀င် ပြည်သူ့ ကိုယ်စားလှယ်များရဲ့ ပ်ုင်ဆိုင်မှုတွေကို တရားဝင်ဥပဒေနဲ့ တကွ မှတ်တမ်း
ပြုထားပေးဖို့ လိုအပ်ပါတယ်။ အရင် မဆလ ခေတ်မှာတောင် အစိုးရအဖွဲ့ ဝင်တွေနဲ့ 
ဗဟိုကော်မတီဝင်များဟာ သူတို့ ရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို ဖွင့်ဟကြေညာထားရပါတယ်။
 အခု ကိုယ်စားကြီးများအနေနဲ့  ဒီအကြောင်းကို မေ့ချင်ယောင်ဆောင်နေကြပါတယ်။


အစိုးရအဖွဲ့ ဝင်တွေနဲ့ ကိုယ်စားလှယ်တွေဟာ သင့်တင့်တဲ့တရားဝင်အခွင့်အရေးသာရရှိပြီး 
ကိုယ်ကျိုးရှာချမ်းသာအောင်လုပ်လို့ မရဘူးဆိုရင် ဘို့ တစ်ဘို့ ထဲကြည့်တတ်တဲ့နိုင်ငံရေး
သမားဆိုသူတွေအနေနဲ့  လွှတ်တော်တွင်းနိုင်ငံရေးလုပ်ဖို့စိတ်ဝင်စားကြတော့မှာ 
မဟုတ်ဘဲ နိုင်ငံအတွက် ကိုယ်ကျိုးမဖက် အားကျိုးမာန်တက်လုပ်ပေးမယ့် နိုင်ငံရေးသမား
ကောင်းတွေဘဲ ၀င်ရောက်နေရာယူလာကြမှာဖြစ်လို့ အစိုးရနဲ့ လွှတ်တော်ရဲ့ စွမ်းဆောင်
ရည်တွေမြင့်မားလာပြီး ပြည်သူတွေကလည်း အစိုးရထုတ်ပြန်တဲ့ဥပဒေနဲ့ ညွှန်ကြားချက်တွေ
ကို စိတ်ရောကိုယ်ပါပူးပေါင်းလိုက်နာဆောင်ရွက်လာကြပါလိမ့်မယ်။


ပုဂ္ဂလိကလုပ်ငန်းကုမ္ဖဏီတွေနဲ့  အစိုးရဌာန၀န်ထမ်းတွေရဲ့ လုပ်ငန်းအခြေအနေသဘောသ
ဘာဝ ဟာ အားနည်းချက်အားသာချက် နေရာအစုံမှာရှိနေပြီးထပ်တူထပ်မျထားကာ ဥပမာ
ပေးလို့ မဖြစ်နိုင်ပါဘူးဆိုတာပြည်သူ့ လွှတ်တော်ဥက္ကဌကြီးတစ်ယောက်အနေနဲ့  သတိလည်း
မူ ဂူလည်း မြင်ဖို့ လိုအပ်ပါလိမ့်မယ်။

                                                                  S ခင်ဇိုင်

မန္တလေး မြို့တော်ဝန် အကူအညီဖြင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန် နေရာရ

မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်၏ ကူညီမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း လူထုသို့ ဟောပြောရန် နေရာရရှိသွားပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။

ဦးဖုန်းဇော်ဟန်၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီပိုင် ချမ်းမြသာစည်မြို့နယ်
အောင်ပင်လယ် ရပ်ကွက် ၅၁ လမ်းနှင့် အောင်ဇေယျ လမ်းထောင့်ရှိ ပလပ်မြေအတွင်း သောကြာနေ့က ရရှိသွားခြင်းဖြစ်သည်။
က်လိုက် တဲ့ သဘောပါ။ ကျနော်တို့လည်း ကျေးဇူးတင်ပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးဖုန်းဇော်ဟန်သည် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း မန္တလေးတိုင်း လွှတ်တော်အတွက်

အောင်မြေသာဇံ မြို့နယ် မဲဆန္ဒနယ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပြီး မြို့တော်ဝန်နှင့် မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာသူ ဖြစ်သည်။

သူသည် ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက အာဏာအလွဲသုံးကာ မြေကွက်များ အလွဲသုံးစားပြုမှုဖြင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဦးရဲမြင့်မှ ခေါ်ယူစစ်ဆေးခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဦးဖုန်းဇော်ဟန် ခွင့်ပြုသည့်နေရာသည် လူထုပရိသတ် လေးသိန်းခန့် ဝင့်ဆံ့မည်ဟုလည်း ဦအုန်းကြိုင်က ခန့်မှန်းပြီးဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့တွင် မန္တလေးသို့ လေယာဉ်ဖြင့် သွားရောက်မည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း မန္တလေးလူထုမှလည်း ကြိုဆိုရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မန္တလေးတိုင်း လူငယ်တာဝန်ခံ ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

“မနေ့က (ကြာသပတေး) မြို့တော်ဝန်ကနေ ခေါ်ပြီးတော့ ကွင်းစီစဉ်ပေးတယ်ပေါ့။ သူတို့နဲ့ ပူးပေါင်း ဆောင်ရွ
“ အောင်နိုင်ရေး အလှပြကားပေါ့ ကျနော်တို့ ဆင်ထားတယ်။ ကားပေါ်မှာ ရွှေရောင် ခွပ်ဒေါင်းကြီးနဲ့ ကြယ်ဖြူကြီးကို ကျနော်တို့ လုပ်ထားတယ်။ မန္တလေး သင်္ကြန် အလှပြကားတွေလိုပေါ့ဗျာ” ဟု ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်အတွင်း လူထု ပရိသတ်များမြင်နိုင်၊ ကြားနိုင်ရန် LCD ရုပ်မြင်သံကြား စက်များ ကွင်းအတွင်း တပ်ဆင်နိုင်ရန် ယုဇန လျှပ်စစ်ပစ္စည်း ကုမ္ပဏီမှလည်း ကူညီသွားမည်ဟု ကိုမျိုးနိုင်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်း ကို မငှားခြင်းကြောင့် ခရီးစဉ်ကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

ယခုအစီအစဉ်အရ မန္တလေးခရီးစဉ်ကို မတ်လ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ၄ ရက်နေ့တွင် စစ်ကိုင်း၊ ၅ ရက်နေ့ တွင် တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာ၊ နေပြည်တော် တို့သို့ ပါတီစည်းရုံးရေး လှည့်လည်ဟောပြောမည် ဖြစ်သည်။

မတ်လ ၆ ရက်နေ့တွင်လည်း ပဲခူးလူထုသို့ ပါတီစည်းရုံးရေး ဟောပြောမည် ဖြစ်သည်။

သတင်း...... (မဇ္ဈိမ)

ကဲ ကောင်းရော ပြည်သူလွတ်တော်ဥက္ကဋ္ဌ မိန့်ခွန်း ပြန်ကြားရေး ဆင်ဆာဖြတ်

မြန်မာနိုင်ငံ ပြန်ကြားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏မိန့်ခွန်းကိုပင် ဆင်ဆာဖြတ်ကာ မူရင်းအတိုင်း ပြည်သူများကို တင်ပြခွင့်မရကြောင်း ဦးရွှေမန်း၏ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းရှိ သတင်းအယ်ဒီတာတစ်ဦးက ပြောကြားသည်။

ဖေဖောဝါရီလ ၂၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုသမ္မတနိုင်ငံ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များဆိုင်ရာ လေ့လာဆန်းစစ်ရေးကော်မရှင်နှင့် အရပ်ဖက်လူများ တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်များနှင့် တွေ့ဆုံရာတွင် “ပြည်သူများအတွက် ရဲရဲဝံ၀ံ သတ္တိရှိရှိ လုပ်ကြရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း ပြောကြား ခဲ့မှုကို ရဲရဲဝံဝံလုပ်ကြရန်သာ သတင်းစာနှင့် ရုပ်မြင်သံကြားတို့တွင် ဖော်ပြခဲ့ပြီး သတ္တိရှိရှိကို ချန်ထားခြင်းခံရကြောင်း ဦးရွှေမန်းက သတင်းထောက်များကို ဥပမာပေး ရှင်းပြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“သတ္တိမရှိခြင်းမှာ အဂတိတရား လိုက်စားခြင်းဖြစ်တယ်”ဟု သူရဦးရွှေမန်းက ဆိုသည်။

ပြည်သူခေတ်၏ အယ်ဒီတာ ဦးဖေမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမိန့်ခွန်းကို ယခုကဲ့သို့ အစိုးရဌာနတစ်ခုက ဆင်ဆာ ဖြတ်ခြင်းမှာ ဖြစ်သင့်မဖြစ် သင့် မေးခွန်းပြန်ထုတ်ခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးထံမှ သိရှိရသည်။

ယခင်ကလည်း ပြည်သူလွတ်တော်ကိုယ်စားလှယ်များ၏ လွတ်တော်တွင်းဆွေးနွေးမှုများကို တိုက်ရိုက်ထုတ်လုပ်လွှင့်ခြင်းမရှိဘဲ သတင်း ကြေငြာသူမှတဆင့် ပြန်ပြောင်းပြောဆိုခြင်းနှင့်ပတ်သက်ပြီး လွတ်တော်ကိုယ်စားလှယ်များ ဝေဖန်ခဲ့ဘူးသည်။

သတင်း....yangonchronicle

လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့်ဟာဘာလည်း?

ပြည်သူ့လွှတ်တော်လို့အမည်တတ်ထားပေမဲ့ ပြည်သူများအတွက်ဆွေးနွေးမှု့တွေ၊ဆောင်ရွက်မှု့တွေ

မလုပ်နိုင်၊မလုပ်တတ်သူများ၏ လွှတ်တော်အဆောက်အဦး ထိုင်ခုံများတွင်ဝင်ရောက်အိပ်စက်အနားယူ ၊ပြည်သူများ၏အခွန်များမှ လစာများထုတ်ယူ၊မတရားအခွင့်အရေးယူနေယုံကလွဲ၍တိုင်းပြည်အတွက်ဘာမှထူးခြား

လာမည်မထင်ပါ။

တကယ်တမ်းတိုင်းပြည်တိုးတက်ရေးကိုဆောင်ရွက်ပေးနိုင်သော ပြည်သူ့လွတ်တော်ကိုယ်စားလှယ်

များကိုသာ လွှတ်တော်အတွင်းတွင်နေရာပေးသင့်ကြောင်း၊ရွေးချယ်သင့်ကြောင်း၊

လက်ရှိတိုင်းပြည်တာဝန်ယူနေသော အာဏာပိုင်များ ထိုအခြေအနေများကို ပြောင်းလည်းဆောင်ရွက်ရန်သတိထားသင့်ကြောင်း ပြည်သူ့အော်သံမှ

ထောက်ပြ ဆန္ဒပြုလိုက်ပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်၊တိုင်းပြည် အကျိုးစီးပွားအတွက်၊တည်ဆောက်ရေးလုပ်ငန်းများကို ဆွေးနွေးဆောင်ရွက်မှု့များကိုစိတ်ပါဝင်စားမှု့

ရှိခြင်းမရှိခြင်းကို အောက်တွင်မြင်တွေ့နေရသောဓါတ်ပုံကိုကြည့်ခြင်းနှင့်ပင်သိနိုင်ပါတယ်။

 

လွှတ်တော်ကိုယ်စားလှယ်များ ခံစားခွင့်ဟာဘာလည်း?

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကြီးများလွှတ်တော်တက်နေစဉ်
လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊ တစ်လလျှင် ကျပ်သုံးထောင်ထက်မပိုသော ရေအခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ တစ်လလျှင် ကျပ်တစ်သောင်းထက်မပိုသော ပြည်တွင်းတယ်လီဖုန်း အခမဲ့ခေါ်ဆိုခွင့်၊ နိုင်ငံပိုင်လေကြာင်းလိုင်းများတွင် တစ်နှစ်လျှင် ခရီးစဉ်တစ်ခု အသွားအပြန် မိမိအပါအ၀င် သုံးဦးအတွက် အခမဲ့စီးနင်းခွင့်၊ နိုင်ငံပိုင် မီးရထား၊ သင်္ဘော၊ မော်တော်ယာဉ်များဖြင့် ခရီးသွားလာရာတွင် တစ်နှစ်လျှင် အသွားအပြန်ခရီးစဉ်တစ်ကြောင်း အထက်တန်းအဆင့်ဖြင့် မိမိအပါအ၀င် ငါးဦးအတွက် အခမဲ့စီးနင်းခွင့် ရရှိမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းကော်မီတီက ပြောကြားသည်။
ပေါ်ပြူလာဂျာနယ်

» နိုင်ငံရေးသဘောတူညီချက်ရမှ ငြိမ်းချမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ကချင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ရေရှည်ခိုင်မြဲမှု မရှိခြင်းမှာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့ နိုင်ငံရေးအရ  သဘောတူညီခြင်း မရှိခဲ့သောကြောင့်ဖြစ်သည်ဟု မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောလိုက်သည်။
ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့တွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)
ယနေ့နံနက် ၉နာရီခန့်က ပြုလုပ်သည့် လူထုဟောပြောပွဲတွင် KIA ခေါ် ကချင်လွတ်လပ်ရေးတပ်မတော်  နှင့် မြန်မာ့တပ်မတော်တို့ နှစ်ပေါင်းများစွာ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပြီးမှ ယခု ပြန်လည်တိုက်ခိုက်နေကြခြင်းကို ရည်ရွယ် ပြောဆိုလိုက်ခြင်းဖြစ်သည်။
“၁၇ နှစ်ကြာ ရထားတဲ့ အပစ်အခတ် ရပ်စဲရေး ပျက်သွားပြီ၊ ဒါ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေးအရ သဘောတူညီချက်တခု မရနိုင်ခဲ့လို့၊ နိုင်ငံရေးအရ သဘောတူညီချက်ဆိုတာ ရေရှည် လုပ်ယူရမယ့်ကိစ္စ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။
မြန်မာ့တပ်မတော်သည် နိုင်ငံအေးချမ်းရေး အတွက်  ဒီမိုကရေစီ စိတ်ဓာတ် အပြည့်ရှိရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း  ပြည်ထောင်စု အတွင်းမှ ပေါက်ဖွားလာသူများ ဖြစ်သည့်အတွက် နိုင်ငံထူထောင်မှုတွင် ပါဝင်ရမည်၊  ညီညွတ်မှုအင်အားဖြင့် နိုင်ငံကာကွယ်ရေး၊ တိုးတက်ရေးကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောလိုက်သည်။
ဒီမိုကရေစီလမ်းကြောင်းကို မှန်ကန်စွာ လျှောက်လှမ်းမည် ဆိုလျှင် အကူအညီပေးမည့် နိုင်ငံ များစွာ ရှိပြီး  အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ အားလုံး လက်တွဲလုပ်ဆောင်ရန် လိုအပ်သည်ဟု ဆိုသည်။
ယခု ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဒေသအများအပြားကို လှည့်လည် သွားလာနေသည့် ဒေါ်အောင်ဆန်းစုကြည်က ထိုဒေသရှိ တိုင်းရင်းသားများသည် ငြိမ်းချမ်ရေး၊ ဖွံဖြိုး တိုးတက်ရေးအတွက် ဆန္ဒရှိသည်ကို တွေ့မြင်ရသည်ဟု  ပြောဆိုသွားသည်။
ယနေ့နံနက်ပိုင်း ဟောပြောပွဲသို့ ပရိသတ် ၄သောင်းနီးပါးခန့် တက်ရောက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ညက ပြုလုပ်သည့် ညစာစားပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံကြောင်း မြစ်ကြီးနားမြို့ NLD အဖွဲ့ခွဲ တာဝန်ခံတဦးဖြစ်သူ ဦးနေ၀င်းက ဧရာဝတီကို ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲအကြိုကာလ ၎င်း၏ ပထမဆုံး တိုင်းရင်းသား လူမျိုးစုဒေသ ခရီးစဉ်ဖြစ်သည့်  မြစ်ကြီးနားမြို့ ဟောပြောပွဲတွင် တက်ရောက်နား ထောင်သည့် ပြည်သူများနှင့်လည်း အပြန်အလှန် ဆွေးနွေး ပြောဆိုခဲ့သည်။
“ပြည်သူအကြိုက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ၊ ငါတို့ မဲရရင်ပြီးရော လုပ်တဲ့သူတွေကို အားမကိုးပါနဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့သည့် “ပေးတာယူ၊ ကျွေးတာစား၊ ခြောက်တိုင်းမကြောက်နဲ့၊ ဒါပေမယ့် မဲပေးမှန်ဖို့တော့ လိုတယ် ”ဆိုသည့် စကားရပ်ကို သုံးကာ ဥပမာပေးလိုက်သည်။
မကြာသေးမီက ရန်ကုန်တိုင်း ကော့မှူးမြို့နယ်သို့ သွားရောက်စဉ် ပါတီကြီးတခုက ဒေသခံများ NLD အား မဲပေးလျှင် ၎င်းတို့ ပေးအပ်ထားသည့် ချေးငွေများ ပြန်တောင်း မည်ဟူသော ခြိမ်းခြောက်ပြောဆိုမှုများကို  ကြားသိခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က  ပြောသည်။
ခြိမ်းခြောက်ပြောဆိုမှုများနှင့် ကြုံရလျှင် NLD ပါတီကို အသိပေးတိုင်ကြားနိုင်ကြောင်း၊  မဲရရှိရန် လာဘ်ထိုးခြင်း၊ ခြိမ်းခြောက် ပြောဆိုခြင်းတို့သည် ရွေးကောက်ပွဲ စည်းကမ်းနှင့်  မညီကြောင်း၊ ပြည်သူများ  မှန်ကန်စွာ မဲထည့်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများကို ပြောသည်။
NLD ပါတီရွေးကောက်ပွဲ ၀င်ရောက်ရခြင်းမှာ စစ်မှန်သည့် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ဖြစ်ပြီး၊ ပြည်သူများအနေဖြင့်လည်း တန်းတူညီမျှပြီး တဦး အပေါ်တဦး လေးစားသည့် ပင်လုံစိတ်ဓာတ်ကို အခြေခံရန် လိုအပ်ကြောင်း  ကချင်ရိုးရာဝတ်စုံကို ၀တ်ဆင်ထားသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယခုကဲ့သို့ ပြည်သူများအား စုရုံး ဟောပြောနိုင်ခြင်းသည် သမ္မတကြီး ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းကြောင့် ဖြစ်ပြီး ဒီမိုကရေစီအတွက် အဖွဲ့အစည်း ပေါင်းစုံ ပါဝင်ရန် ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များတွင် စီးပွားရေးအကြောင်းအရာများလည်းပါဝင်သည်။
နိုင်ငံစီးပွားရေး ပြုပြင်ရာတွင် မိမိတို့ ဖြစ်စေချင်သည့် ဆန္ဒတခုကိုသာ ဦးစားပေးခြင်း မဖြစ်သင့်ကြောင်း၊ ဘက်ပေါင်းစုံက ကြည့်ရှုစဉ်းစားရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသည်။
“အလုပ် မရှိလို့ ကွမ်းယာရောင်း၊ အရက်ရောင်းနေတဲ့လူတွေကို မရောင်းစေချင်ဘူး ဆိုရင် သူတို့အတွက် ဘယ်လို အလုပ်မျိုးတွေ ဖန်တီးပေးမလဲ ဆိုတာကို စဉ်းစားရမယ်” ဟု ပြောသည်။
နံနက် ၁၁နာရီခန့်တွင် ဟောပြောပွဲ  ပြီးဆုံးသွားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည့် ဗန်းမော်မြို့ ဆက်လက် ထွက်ခွာသွားသည်။
လာမည့် ၃၅ ရက်ခန့်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲပြုလုပ်မည့် ဒေသအများအပြားသို့ သွားရောက် မဲဆွယ်ရန် စီစဉ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ရောက်ရှိစဉ်မိန့်ခွန်းမှ



မြန်မာနိုင်ငံမှာရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေအားလုံးဟာ ပြည်သူတွေအားလုံးနဲ့ ဆိုင်သလို ပြည်တွင်းစစ်ဖြစ်နေတာကလည်း ကမ္ဘာ့အလယ်မှာ အင်မတန် ရှက်စရာကောင်းတယ်လို့ ကချင်ပြည်နယ် စည်းရုံးရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို (ရုပ်သံ)

ရွှေလီမှာ မြန်မာအလုပ်သမများ အန္တရာယ်ရှိ အလုပ်များ လုပ်နေရ

ကျော်ခ

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့၌ အန္တရာယ်ရှိသော လုပ်ငန်းများတွင် မြန်မာရွှေ့ပြောင်း အလုပ်သမများ လုပ်ကိုင်နေရသည်ဟု ထိုင်းနိုင် ငံ အခြေစိုက် မြန်မာ့အမျိုးသမီး သမဂ္ဂ BWU ၏ ကြာသာပတေးနေ့ ထုတ် အစီရင်ခံစာအရ သိရသည်။

ရွှေလီမြို့ပေါ်မှ မြန်မာရွှေ့ပြောင်း အလုပ်သမ ၃၂ ဦးကို တွေ့ဆုံမေးမြန်းကာ ထုတ်ပြန်ထားသည့် “အသံမဲ့ သို့မဟုတ် ပုန်းကွယ် နေသော အရိပ်များ” အစီရင်ခံစာတွင် လိင်လုပ်ငန်း၊ ကျောက်သွေး လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်း စသည့် ကျန်းမာရေးကို ထိခိုက် စေနိုင် သော လုပ်ငန်းခွင်များတွင် အကာအကွယ်မဲ့ လုပ်ကိုင်နေရသည်ဟု ပါရှိသည်။

“ကျောက်သွေးလုပ်ငန်းမှာဆိုရင် အင်ကြင်းကျောက်တွေကို ပုံဖေါ်ရတဲ့အခါ ဖုံမှုန့် အရမ်းများတယ်။ အဲဒါက မျက်နှာဖုံး တပ်ထားမှပဲ ရမ ယ်။ ဒီကထွက်တဲ့ အငွေ့တွေ အမှုန့်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်။ ဆောက်လုပ်ရေးမှာ လုပ်တဲ့လူတွေလည်း ဒီလိုပဲ” ဟု BWU အထွေထွေ အတွင်းရေးမှူး ဒေါ်နိုးနိုးထက်စံ က မဇ္ဈိမကို ပြောသည်။

ကျောက်သွေးလုပ်ငန်းအများစုသည် မနက် ၆ နာရီမှ ညနေ ၅ နာရီထိ အလုပ်လုပ်ကြရပြီး ကျန်းမာရေး ထိခိုက်မှု၊ အလုပ်ချိန် များလွန်းမှု တို့ကြောင့် ယင်းလုပ်ငန်းများကို တရုတ်လူမျိုးတို့က မလုပ်လိုကြဟု ကာယကံရှင် အလုပ်သမများက ပြောသည်။

“ကျမ တင်ပါးဆိုလည်း အမာခုံပေါ်မှာ တနေကုန်လုံးထိုင်ရလို့ အသားမာ တက်နေပြီ။ အလုပ်သမားတွေ အကုန်လုံး လည်း မျောက်တွေ လိုပဲ အသားမာ တက်နေပြီ။ ဒီအလုပ်က ပင်ပန်းတယ်။ ဖုန်မှုံ့လည်း များတော့ တရုတ်တွေက မလုပ်ချင်ကြဘူး။ တချို့လူတွေ ဓါတ်မှန် ရိုတ်ကြည့်တော့ အမှုန်တွေကြောင့် အဆုတ်မှာ ဒဏ်ရာတွေ ရတာ တွေ့ရ တယ်။ ပေါလစ်တင်တဲ့ အချိန်မှာ အရမ်းအနံ့ဆိုးတဲ့ ဓါတုဗေဒ ပစ္စည်းတွေ သုံးရတယ်။ အဲဒါတွေ ရှုမိတော့ နှာခေါင်း ပိတ်ရောဂါ၊ ချောင်းဆိုးရောဂါ ခံစားရတယ်” ဟု အလုပ်သမတဦးကို ကိုးကား၍ အစီရင်ခံစာ၌ ဖေါ်ပြထားသည်။

ထို့အတူ ဓါတုဗေဒ ဆိုးဆေးများ အသုံးပြု လုပ်ကိုင်နေကြရသည့် ပရိဘောဂ အရောင်တင် လုပ်ငန်းများတွင်လည်း ကျန်းမာရေး အကာ ကွယ်မဲ့ လုပ်ကိုင်နေရသူများရှိသလို လိင်လုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် မြန်မာ အမျိုးသမီးများမှာလည်း အကာအကွယ်မဲ့ အနိုင် ကျင့် လိင်ဆက်ဆံခြင်းမျိုး ကြုံတွေ့ရပြီး အမျိုးသမီးအချို့မှာ တရုတ်အမျိုးသားများ၏ ဇနီးသည်အဖြစ် ရောင်းစားခံရခြင်းများ ရှိသည်ဟု အစီရင်ခံစာ၌ ပါရှိသည်။

မြန်မာနိုင်ငံအတွင်း၊ နိုင်ငံရေး၊ စည်းပွားရေး တည်ငြိမ်မှု မရှိသဖြင့် ပုံမှန် ဝင်ငွေရရှိနိုင်ရန်နှင့် ကျန်ခဲ့သည့် မိသားစု များကို ထောက်ပံ့ ပေး နိုင်ရန်အတွက် စီးပွားရေး လည်ပတ်မှု ကောင်းနေသည့် ရွှေလီမြို့ကို အလွယ်တကူ ရွေးချယ်ကြခြင်း ဖြစ်ကြောင်း ဒေါ်နိုးနိုးထက်စံက ပြောသည်။

BWU ၏ စစ်တမ်းကောက်ယူ ဖေါ်ပြချက်အရ ရွှေလီမြို့ပေါ်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား တသိန်းကျော် နေထိုင်ပြီး ထို အလုပ် သမား များမှာ လုပ်အားခနှင့် ထိုက်သင့်သည့် လစာခံစားခွင့်၊ ကျန်းမာရေး စောင့်ရှောက်ခွင့် အပါအဝင် အလုပ်သမားများ ရသင့် ရထိုက် သော အခွင့်အရေးများ ခံစားခွင့် မရရှိကြဟု ဆိုသည်။

“တရုတ်တွေ ဆိုလို့ရှိရင် တလကို အခြေခံလစာ အမေရိကန်ဒေါ်လာ ၁ ထောင် မကျော်ရင် အလုပ်မလုပ်ဘူး။ အဲဒီမှာ မြန်မာ တွေက တ လ ကို ဒေါ်လာ ၂ ရာ ကျော် ၃ ရာနဲ့ လုပ်ကြရတယ်။ အလုပ်ခွင်မှာ ထိခိုက်မှု ဖြစ်ရင်လည်း တော်တော် များများက လျော်ကြေးနဲ့ ကျန်းမာ ရေးစောင့်လျှောက်ခွင့် မရဘူး” ဟု ဒေါ်နိုးနိုးထက်စံ က ပြောသည်။

တရုတ်-မြန်မာ စကားပြန် လုပ်ငန်း လုပ်ကိုင်နေသူ မမူမူ ကလည်း ရွှေလီမြို့ပေါ်ရှိ မြန်မာအလုပ်သမားများစုမှာ လုပ်ခလစာနှင့် ပတ် သက် ၍ တရုတ်လုပ်ငန်းရှင်များ၏ အနိုင်ကျင့် ချယ်လှယ်ခြင်းကို ခံရကြောင်း မဇ္ဈိမကို ပြောသည်။

“ဒီမှာက အခက်ခဲတွေ အမျိုးမျိုးရှိတယ်။ တလပြည့်မှ လခထုတ်ပေးတယ်။ ပေးရင်လည်း ၆ ရာ ရမယ်ဆိုရင် ၄ ရာပဲ ထုတ်ပေးတယ်။ ၂ ရာကို စပေါ်သဘောမျိုး ယူထားမယ်။ အဲဒီ ယူထားတဲ့ ၂ ရာကို ၆ လပြည့်မှ၊ တနှစ်ပြည့်မှ ထုတ်ပေးမယ်ဆိုပြီး အမျိုးမျိုး ညစ်တာ ပေါ့ နော်။ တနှစ်ပြည့်အောင် မလုပ်ဘဲနဲ့ ထွက်သွားရင် အဲဒီစပေါ်ငွေတွေ ရှုံးတာတွေ များတယ်။ ပြီးလို့ရှိရင် လဝက်လောက်ပဲ အလုပ် လုပ်ပြီး ထွက်ရင် အဲဒီလဝက်စာ မရကြဘူး။ လောပန်းတွေက အလုပ်ချိန်ကိုလည်း မနက် ၆ နာရီကနေ ညနေ ၅ နာရီမှ အလုပ်သိမ်းတယ်” ဟု မမူမူက မဇ္ဈိမကို ပြောသည်။

ရွှေလီမြို့ပေါ်မှာရှိသည့် မြန်မာအလုပ်သမားများအနေဖြင့် တရုတ်အစိုးရက အလုပ်လုပ်ခွင့် ခွင့်ပြုချက်ပေးထားခြင်း မဟုတ်သည့်အတွက် အစိုးရထံ တိုင်ကြားနိုင်ခြင်း မရှိသလို အခြား အလုပ်သမားအဖွဲ့အစည်းများလည်း မရှိဟု အစီရင်ခံစာက ထောက်ပြသည်။

တရုတ်အစိုးရနှင့် ဒေသခံ ယူနန်အာဏာပိုင်များအနေဖြင့် မြန်မာအလုပ်သမားများကို လုပ်အားခနှင့် တူညီသော တန်ဘိုးကို ပေးဆောင် ရန်၊ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများကို တရားဝင် အလုပ်လုပ်ခွင့် ထုတ်ပြန်ပေးရန်၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု များ တိုင်ကြားခွင့်ရှိရန်၊ ကျန်းမာရေး စောင့်ရှောက်ခွင့် ပေးရန်နှင့် အလုပ်သမား အဖွဲ့စည်းများ ဖွဲ့စည်းခွင့်ပေးရန် တို့ကို BWU က တောင်း ဆိုထားသည်။

လက်ကျန် ယုံကြည်ချက်အကျဉ်း​သား​များ​ လွှတ်​ပေး​ရန် ​တောင်း​ဆိုမှု အဆင့်​ဆင့်​ ပြုလုပ်​တော့​မည်ဟုဆို

အံ့ဘုန်းမြတ်

အကျဉ်း ​ထောင်အသီး​သီး​မှာ ကျန်ရစ်ခဲ့​ကြတဲ့​ ယုံကြည်ချက် အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​ အတွက် စာ​ရေး​၊​ စာတင် ​တောင်း​ဆိုရုံမျှဖြင့်​ မရနိုင်​တော့​ဘဲ ​တောင်း​ဆိုမှု အဆင့်​ဆင့်​ ပြုလုပ်ရ​တော့​မယ်လို့​ အရှင်ဝီရသူက မိန့်​ကြား​လိုက်ပါတယ်။

ပြီး​ခဲ့​တဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ပြန်လည်လွတ်​မြောက်တဲ့​ အရှင်ဝီရသူလို့​ လူသိများ​တဲ့​ ဆရာ​တော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (မစိုး​ရိမ် တိုက် သစ်) က ဒီလ ၂၂ ရက်​နေ့​က ​ကြေညာချက်တ​စောင်ထုတ်ပြန် မိန့်​ကြား​လိုက်တာပါ။

ပြည်​ ထောင်စုအစိုး​ရ ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာန ဝန်ကြီး​အပါအဝင် အမျိုး​သား​လူ့​အခွင့်​ရေး​ ​ကော်မရှင်​တွေကိုပါ ကျန်ရှိတဲ့​ ယုံကြည်ချက် အ ကျဉ်း​သား​စာရင်း​ကို တင်ပြခဲ့​ပေမယ့်​ ဒီ​နေ့​အချိန်အထိ ပြန်လွှတ်​ပေး​တာမျိုး​ မရှိ​သေး​တဲ့​အ​ပေါ် ဆရာ​တော်က မိန့်​ကြား​လိုက်တာပါ။

“ဦး ​ဇင်း​ လွတ်လာပြီး​ ရက်ပိုင်း​အတွင်း​မှာပဲ သတင်း​စာရှင်း​လင်း​ပွဲ လုပ်တယ်​လေ။ အဲ့​ဒီပွဲမှာ ယုံကြည်ချက် အကျဉ်း​သား​တွေ ကျန်တာ ရှိရင် စာရင်း​ပေး​ပါ။ လွှတ်​ပေး​ပါမယ် ဆိုပြီး​ အစိုး​ရကိုယ်တိုင် တရား​ဝင် ကမ်း​လှမ်း​ခဲ့​တယ်​လေ။ ဦး​ဇင်း​က မန္တ​လေး​ထောင်နဲ့​ မြစ်ကြီး​နား​ထောင်မှာ ​နေခဲ့​တာဆို​တော့​ မန္တ​လေး​ထောင်မှာ ကျန်ခဲ့​တဲ့​ အကျဉ်း​သား​တွေ စာရင်း​ ​ကောက်လိုက်တယ်။ မြစ်ကြီး​နား​ထောင်မှာ ကျန်ရှိတဲ့​ အကျဉ်း​သား​စာရင်း​နဲ့​ ​ပေါင်း​လိုက်တဲ့​အခါမှာ မန္တ​လေး​ထောင်မှာ ၇၆​ယောက်ကျန်တယ်။ ၇၆​ယောက်ထဲမှာ ဦး​ဇင်း​ ၁၈ ပါး​၊​ ကိုရင် ၂ ပါး​။ မြစ်ကြီး​နား​မှာ နိုင်ငံ​ရေး​ ယုံကြည်ချက်နဲ့​ ကျတဲ့​ ဦး​ဇင်း​ ၂ ပါး​ကျန်တယ်။ အား​လုံး​ပေါင်း​တော့​ ၇၈ ​ယောက်​ပေါ့​။ ဦး​ဇင်း​ စာရင်း​ပြုစုပြီး​တော့​ မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ ​ကော်မရှင်ကိုလည်း​ တင်တယ်။ ဒုတိယ ဗိုလ်ချုပ်ကြီး​ ကိုကို ပြည်ထဲ​ရေး​ ပြည်​ထောင်စုဝန်ကြီး​ဌာနကိုလည်း​ တင်တယ်။ ​နောက် အိတ်ခ်ျအာဒဗလျူတို့​ ဆိုင်ရာအဖွဲ့​အစည်း​တွေကိုလည်း​ တင်တယ်။ အဲ့​လို စာတင်ပြီး​တော့​ ​နေခဲ့​တယ်။ ပြည်​ထောင်စု​နေ့​ အခါကြီး​ရက်ကြီး​မှာ လွှတ်မလား​နဲ့​ပေါ့​။ ဒါ​ပေမယ့်​ ပြည်​ထောင်စု​နေ့​မှာလည်း​ မထူး​ခြား​လာဘူး​လေ။ ဒါ​ကြောင့်​ ဒီ​ကြေညာချက်ကို ထုတ်လိုက်တာ။”

ဒီလို ​တောင်း​ဆိုမှု အဆင့်​ဆင့်​ကို ပြုလုပ်တဲ့​နေရာမှာလည်း​ သမ္မတကြီး​ ဦး​သိန်း​စိန်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ​ဖော်​ဆောင်​နေတဲ့​ ဒီမိုက​ရေစီလမ်း​စဉ်ကို မထိခိုက်​စေဘဲ ငြိမ်း​ချမ်း​စွာနဲ့​ ​အေး​ချမ်း​စွာ ဝတ်ပြုဆု​တောင်း​တာ၊​ ဆန္ဒပြုတာ​တွေကို အရင်ဆုံး​ ​ဆောင်ရွက်သွား​မှာဖြစ်ပြီး​ လာမယ့်​ တ​ပေါင်း​လပြည့်​နေ့​ ​နောက်ပိုင်း​မှာ စတင်ပြုလုပ်​တော့​မှာ ဖြစ်ပါတယ်။

“တ ​ပေါင်း​လပြည့်​နေ့​ကို တချက် မှန်း​ထား​ပါတယ်။ တ​ပေါင်း​လပြည့်​နေ့​က ​ရွှေတိဂုံ​စေတီ​တော် နှစ် ၂၆၀၀ ပြည့်​နဲ့​လည်း​ ကြုံ​တော့​ ဒီလို ရက်မျိုး​မှာ သာသနာ့​ ဒါယိကာကြီး​တွေက ဒီလို လွတ်ငြိမ်း​ချမ်း​သာခွင့်​ ကုသိုလ်ထူး​တွေများ​ လုပ်ကြဦး​မလား​ဆိုတဲ့​ ​မျှော်လင့်​ချက်​လေး​နဲ့​ ဦး​ဇင်း​ တ​ပေါင်း​လပြည့်​နေ့​ကို ​စောင့်​ပါဦး​မယ်။ တ​ပေါင်း​လပြည့်​ကျော်လို့​မှ လွတ်ငြိမ်း​ချမ်း​သာဖို့​ အစီအစဉ် မရှိဘူး​ဆိုရင် ပြန်မလွတ်​သေး​တဲ့​ ယုံကြည်ချက် အကျဉ်း​သား​တွေရဲ့​ မိသား​စု​တွေနဲ့​ လွတ်​မြောက်လာတဲ့​ ယုံကြည်ချက် အကျဉ်း​သား​ဟောင်း​တွေ ​ပေါင်း​ပြီး​တော့​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​၊​ သိမ်သိမ်​မွေ့​မွေ့​၊​ ညင်ညင်သာသာနဲ့​ ​အေး​အေး​ဆေး​ဆေး​ ဖြစ်သွား​အောင် ဝတ်ပြု၊​ ပရိတ်ရွတ်၊​ ဆန္ဒပြု၊​ ဆု​တောင်း​ပွဲ​လေး​က စမှာပါပဲ။”

အရှင်ဝီရသူ မစိုး​ရိမ် ဆရာ​တော်ဟာ မြစ်ကြီး​နား​ထောင်က​နေ ပြန်လည် လွတ်​မြောက်လာစကလည်း​ အကျဉ်း​ကျခံ​နေရတဲ့​ ရဟန်း​သံယာ​တော်​တွေနဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ တ​ယောက်မကျန်ပြန်လွှတ်ဖို့​နဲ့​ ရဟန်း​သံယာ​တော်​တွေ အကျဉ်း​ကျ​နေစဉ် သကင်္န်း​ဝတ်ဆင်ခွင့်​ရရှိဖို့​ အဖြူ​ရောင် သကင်္န်း​ကို ဝတ်ဆင်​တောင်း​ဆိုခဲ့​ဖူး​ပါတယ်။

ဆရာ​တော်ဟာ ​ထေရဝါဒတိုက်ပွဲ (သို့​) ​ထေရဝါဒဒို့​တိုင်း​ပြည်နဲ့​ ပရိယတ္တိ​ရွှေချိန်ခွင် စာအုပ်​တွေကို ပြုစု​ရေး​သား​ခဲ့​တဲ့​ပြီး​။ အမျိုး​ဂုဏ်၊​ ဇာတိ ဂုဏ်မြှင့်​တင်​ရေး​ တရား​တွေကို ​ဟောကြား​ထုတ်​ဝေခဲ့​ပါတယ်။

ဒါ့​အပြင် ဆရာ​တော်ဟာ ဖမ်း​ဆီး​မခံရခင်မှာ ဓမစရိယသင်တန်း​တွေ၊​ ဗုဒ္ဓဘာသာယဉ်​ကျေး​မှု သင်တန်း​တွေ ဖွင့်​လှစ်ခဲ့​သလို ​သွေး​လှူ ဘဏ်နဲ့​ စာကြည့်​တိုက်စတဲ့​ လူမှု​ရေး​လုပ်ငန်း​တွေကိုလည်း​ လုပ်ကိုင်ခဲ့​ပါတယ်။

၂၀၀၃ ခုနှစ်မှာ​တော့​ ဆရာ​တော်ကို စစ်အစိုး​ရက ဖမ်း​ဆီး​ခဲ့​ပြီး​ ​ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့​တာပါ။ အကျဉ်း​ကျခံ​နေရစဉ် ၂၀၁၁ ခုနှစ်မှာ​တော့​ ဂျပန်နိုင်ငံ​ရောက် မြန်မာနိုင်ငံသား​တွေ စု​ပေါင်း​ပြီး​ အညတရသူရဲ​ကောင်း​ဆု ဆရာ​တော်ကို ချီး​မြှင့်​ခဲ့​ပါတယ်။

အန်အယ်ဒီ အဖွဲ့ချုပ်က အွန်လိုင်းမှ မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်

saအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အဖွဲ့ဝင် ဟောင်းများဖြစ်ခဲ့သည့် ပြည်ပရောက် နေသူ များအတွက် အန်အယ်ဒီ အဖွဲ့ချုပ်က အွန်လိုင်းမှ မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်နေ သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသည်။ အန်အယ်ဒီ အဖွဲ့ကို အသစ် ပြန်လည် ဖွဲ့စည်း ရာတွင် ၊ အဖွဲ့ဝင် ဟောင်းရော အဖွဲ့ဝင် သစ်ပါ အသစ်ပြန်လည် လျှောက်ထား ရပါသည်။ ဤအထဲမှ ပြည်ပ ရောက်နေသူ အဖွဲ့ဝင် ဟောင်းများကို အွန်လိုင်းမှ မှတ်ပုံတင်ခွင့် ရရန် ကြိုးစား ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
"အန်တီအပါအ၀င် ပါတီဝင်ဟောင်း အကုန်လုံး မှတ်ပုံပြန်တင်ရပါတယ်" ဟု ပြောပါသည်။
ပါတီဝင်ဖြစ်လာရန် အခြေခံလို အပ်ချက်များမှာ ပါတီမှတ်ပုံတင် ဥပဒေနှင့် သက်ဆိုင်သည့် နိုင်ငံသားဖြစ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ခြင်းစသည့် အချက် များနှင့် ကိုက်ညီပါက မည်သည့် နေရာ ဖြစ်စေ အဖွဲ့ချုပ်သို့ ၀င်ရောက်နိုင်ရန် အွန်လိုင်းမှတစ်ဆင့် စီစဉ်မည်ဖြစ် ကြောင်းဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လာပြီးချိန်တွင် အန်အယ်ဒီ ပါတီသည်၊ နှစ်ခြမ်းကွဲနေပြီးဖြစ်သည်ဟု ဆို ရပေလိမ့်မည်။ အမျိုးသား ဒီမိုကရေစီ (NDF) ပါတီဝင်များသည်၊ အန်အယ်ဒီမှ ခွဲထွက်ပြီး ရွေးကောက်ပွဲဝင်ခဲ့ပါသည်။ ဤသို့သော အခြေအနေ အရပ်ရပ်ကြောင့် အန်အယ်ဒီ ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့ချုပ် ခေါင်းဆောင်များက ပြောပါသည်။