Friday, May 25, 2012

စားအုန်းဆီ စားနေရတဲ့ ပြည်သူတွေ အတွက် စိတ်မချမ်းသာဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို


ရုပ်သံသတင်း 
သာကေတမြို့နယ်NLDရုံးခန်းဖွင့်ပွဲ နှင့်ဆိုင်းဘုတ်တင်ပွဲအခမ်းအနား
ဒေါ်အောင်ဆန်းစုကြည်က စားအုန်းဆီ စားသုံးနေရတဲ့ ပြည်သူတွေ အတွက် စိတ်မချမ်းသာဘူးလို့ ပြောဆို လိုက်ပါတယ်။ သာကေတမြို့နယ် NLD ရုံးခွဲ ဆိုင်းဘုတ်ဖွင့်လှစ်ပွဲမှာ

လျှပ်စစ်မီးအတွက် ဒုတိယနေ့ဆန္ဒထုတ်ဖော်

(ကေအိုင်စီ)

ရန်ကုန်မြို့၌ လျှပ်စစ်မီး၂၄ နာရီရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော် သူများသည် ဒုတိယ နေ့အဖြစ် ဖယောင်းတိုင် မီးများ ကိုင် ဆောင် ကာ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို မေလ ၂၃ရက်နေ့တွင် ဆက်လက် ပြုလုပ်ခဲ့ကြသည်။

ပြည်မြို့က ဦးဆောင်ဆန္ဒပြသူ(၆)ဦးအား ပြန်လွှတ်ပေး

ပြည်မြို့တွင် ယနေ့နံနက်ပိုင်းက ဖမ်းဆီးခံခဲ့သော လျှပ်စစ်မီးရရှိရန်ဦးဆောင် တောင်းဆိုသူ(၆)ဦးအား ယနေ့ညနေ(၃း၀၀)နာရီ ၀န်းကျင်ကအာမခံဖြင့်ပြန်လည် လွှတ်ပေးလိုက်ပြီဖြစ်သည်။

ယနေ့နံနက် (၁၁)နာရီ(၃၀)မိနစ်ခန့်က ပြည်မြို့တွင် လျှပ်စစ်မီးရရှိ၇န် ဆန္ဒပြတောင်းဆို၍  ထိမ်းသိမ်းခံခဲ့ရသောသူ (၆)ဦးအား နေ့လည်(၃)နာရီကျော်တွင်ပြည်အာဏာပိုင်များမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အာမခံချက်ဖြင့် အာမခံဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြည်သူကို စော်ကားခဲ့တဲ့ သမတအကြံပေးအဖွဲ့ ထဲက နိုင်ငံရေးအကြံပေးခေါင်းဆောင် ကိုကိုလှိုင်။

သမတရဲ့  နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်အကြောင်း စပြီးပြောပြဖို့  ဖေါ်ပြဖို့  လိုပါပြီ။ ဒီ နိုင်ငံရေးအကြံပေးအဖွဲ့  ခေါင်းဆောင် ကိုကိုလှိုင်ကို မြန်မာ့ရုပ်မြင်သံကြား MRTV 4 ကြည့်ဖူးသူတွေကတော့ မြင်တွေ့ မှာပါ။ နိုင်ငံတကာရေးရာတွေကို မစားရ၀ခမန်း လျှာအရိုးမရှိတဲ့အတိုင်း ပြောနေသူတစ်ဦးဆိုတာကို။
တကယ်တော့ ကိုကိုလှိုင်ဟာ ဒီ နအဖလက်ပါးစေအကြီးစားတစ်ဦးပါ။ စာရေးဆရာလိုလို နိုင်ငံတကာရေးရာသုတေသီလိုလိုနဲ့  နအဖပြန်ကြားရေးဝန်ကြီး ကျော်ဆန်းရဲ့  သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် လုပ်နေခဲ့သူပါ။

သမတ အကြံပေး ရဲ့ ကောင်းလိုက်တဲ့ အကြံ


U koko hlaing audioFile by thanwinhtut
အိမ်မှာပဲ ဖယောင်းတိုင်ထွန်းပြီး မီးတွေမှိတ်ထားလိုက်ရင် ပြသနာတွေ ပြေလည်သွားနှိုင်လိမ့်မယ်လို့ သမတ အကြံပေး တဦးဖြစ်တဲ့ ဦးကိုကိုလှိုင်က ပြောပါတယ်။ သမတအကြံပေးရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ခုလိုပြောဆိုတာပါ။ ဂျပန်နိုင်ငံက ညူကလီယားဓါတ်အားပေးစက်ရုံပိတ်ရတဲ့အခါ နိုင်ငံသားတွေ ၀ိုင်းဝန်းချွေတာ ဖြေရှင်းပြီး မီးမပြတ်ခဲ့တာတွေနဲ့ အင်္ဂလန်နိုင်ငံမှာ လူထုကပါ ၀ိုင်းဝန်းချွေတာခဲ့ကြတာတွေကို ဥပမာပေးပြီး ပြည်သူလူထုလဲ ၀ိုင်းဝန်းချိုးခြံချွေတာဖို့ တိုက်တွန်းပြောဆိုပါတယ်။
ဒါ့အပြင် ဆန္ဒပြပွဲတွေဟာလဲ ဥပဒေနဲ့ အညီဖြစ်ဖို့လိုတဲ့အကြောင်း ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ လိုတဲ့အကြောင်း ပြောပါတယ်။ ဆန္ဒမပြပဲ သက်ဆိုင်တဲ့အဖွဲ့အစည်းနဲ့ ညှိုနှိုင်းပြေလည်သွားနှိုင်ရင်တော့ အကောင်းဆုံးပဲလို့ ဝေဖန်ပြောဆိုပါတယ်။  

မြန်မာပြည်သူပြည်သားများ လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုကြောင့် လျှပ်စစ်ဝန်ကြီး ဇော်မင်း ရာထူးတာဝန်က နှုတ်ထွက်ပေးပါ။

မြန်မာပြည်သူပြည်သားတွေ လျှပ်စစ်မီး အလုံအလောက်ရဖို့ ကြတော့ မစွမ်းဆောင်ဘဲ တရုတ်ပြည်အတွက် မြန်မာပြည်က ရေအားလျှပ်စစ်ရအောင် လုပ်ဆောင်နေတဲ့ ဇော်မင်းအား တရုတ်ပြည်ကို ၂၀၀၇ ခုနှစ်တွင် သွားရောက်စဉ် တွေ့ မြင်ရ။

မြန်မာပြည်သူပြည်သားများ လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုကြောင့် လျှပ်စစ်ဝန်ကြီး ဇော်မင်း ရာထူးတာဝန်က နှုတ်ထွက်ပေးပါ။

Photobucket