Tuesday, March 13, 2012
၂၄ နှစ်မြောက် ကိုဖုန်းမော် ကျဆုံးသည့်နေ့ အမှတ်တရ ကိုမင်းကိုနိုင် မိန့်ခွန်း
ကျောင်းသား ခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးခြင်း ၂၄ နှစ်မြောက် အမှတ်တရအဖြစ် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှ
နိုင်ငံတကာရောက် ဒီမိုကရေစီအင်အားစုများအတွက် အမှတ်တရ စကား ပြောကြားခြင်း
နိုင်ငံတကာရောက် ဒီမိုကရေစီအင်အားစုများအတွက် အမှတ်တရ စကား ပြောကြားခြင်း
နိုင်ငံတည်ဆောက်ရေး ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားများကို မင်းကိုနိုင် ဖိတ်ခေါ်
နိုင်ငံတည်ဆောက်ရေး ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားများကို မင်းကိုနိုင် ဖိတ်ခေါ်
2012-03-12
ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေကို မြန်မာပြည် တည်ဆောက်ရေးကာလမှာ ပြန်ပြီး အသုံးချဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်း
ပဲခူးမြို့ခရီးစဉ် အတွင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင် လူထုကို စကားပြောနေစဉ်။
အမျိုးသားသတင်းဆု မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ချီးမြှင့်

အမျိုးသားသတင်းဆုမှာ အမျိုးအစား ၅မျိုးပါရှိပြီး အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး သတင်း ဓာတ်ပုံဆုနဲ့ အကောင်းဆုံး သတင်း ကာတွန်းဆုတို့ ဖြစ်ပါတယ်။
အကောင်းဆုံးသတင်းဆုအတွက် ၂၀၁၁ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်ပါ နိုင်ငံအနာဂတ်သစ် အတွက် အစပျိုးခြင်း သ တင်း ရေးတဲ့ နန်းလွင်၊ နှင်းရတနာဇော်၊ အေးသီရီဝင်း၊ ၀င့်ဝဒီနဲ့ ကုမုဒြာဆက်စပ် သတင်းအဖွဲ့တွေက ရရှိသွားတယ်လို့ ဆုချီးမြှင့်ရေး ကော်မတီ အတွင်း ရေးမှူး ဦးဝင်းငြိမ်းက ပြောပါတယ်။
အကောင်းဆုံး ဆုရ သတင်း ဆောင်းပါး ဆုကိုတော့ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်တဲ့ ဆဲဗင်းလ်ဒေး နယူးစ်ဂျာနယ် မှာပါတဲ့ လက်နက်ကိုင်စကားဝိုင်းပေါ်ရောက်ပြီလား ဆောင်းပါးရေးတဲ့ ငြိမ်းငြိမ်းနိုင်က ရရှိပြီး၊ အကောင်းဆုံး သတင်းဓာတ်ပုံ ဆုကိုတော့ ၂၀၁၁ ခုနှစ်ဇူလိုင်လ ၇ ရက်နေ့ ထုတ်တဲ့ ပေါ်ပြူလာနယူးစ် ဂျာနယ်ပါ အငြိမ်းစားများ သတင်း ဓာတ်ပုံရိုက်ကူးခဲ့တဲ့ အောင်နိုင်စိုးက ရရှိ သွားပါတယ်။ အကောင်းဆုံး သတင်းကာတွန်း ဆု ကိုတော့ ၂၀၁၁ ဇူလိုင်လ ၂၆ ရက်နေ့ ထရူးနယူးစ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ပုံပြင်ထဲ ကလိုတော့ သတင်းကာတွန်း ရေးဆွဲတဲ့ သီဟ(စခန်းသစ်) က ရရှိသွားပါတယ်။
မူလက အကောင်းဆုံး ၅ ဆုရွေးချယ်မယ်လို့ ကြေညာထားပေမယ့် အကောင်းဆုံး အာဘော် ဆောင်းပါးဆုကိုတော့ ဆုရွေးချယ် ပေးနိုင် ခြင်း မရှိခဲ့ပါဘူး။ ဒီ သတင်းအာဘော် ဆောင်းပါး ဆုအတွက် ဆန်ခါတင် အမည်စာရင်းထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ရာမယန ဆောင်းပါးလည်း ပါဝင်နေတယ်လို့ ဦးဝင်းငြိမ်းက ပြောပါတယ်။
“အထူးခြားဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးလို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောသော ရာမယနဆိုတာကို News Watch ဂျာနယ်က ပါလာတယ်။ ဒါပေမယ့် အဲဒီဟာက ဘာဖြစ်နေလည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၄ ခုနှစ်လောက်က သူမ နေအိမ်မှာ ပြောခဲ့တဲ့ စကားဖြစ်နေတယ်။ ဒါ့အပြင်ကို နောက်ပိုင်း ၂နှစ်၊ ၃နှစ်လောက် ခြားပြီးတော့ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ စာအုပ်ထုတ်ခဲ့တဲ့ ဆောင်းပါးဖြစ်နေတယ်။ ကျနော်တို့ ပြောထားတာ ၂၀၁၁ ခုနှစ် အတွင်းမှာ ရေးထားတဲ့ ဆောင်းပါးပဲ ဖြစ်ရမယ်ဆိုတော့ အကျုံးမ၀င် ဖြစ်သွားတယ်။”
အကောင်းဆုံး ၄ ဆုအပြင် ၂၀၁၁ ခုနှစ်အတွက် ဖြည့်စွက်ဆု ၁ ဆု ဖြစ်တဲ့ ၁ နှစ်အတွင်း ထူးခြားတဲ့ အမျိုးသား သတင်းဓာတ်ပုံ ဆုကို ၂၀၁၁ ခုနှစ် သြဂုတ် ၂၀ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေမှာ မျက်နှာဖုံး သတင်းဓာတ်ပုံ အဖြစ် ဖေါ်ပြခဲ့တဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံအောက်မှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲပြီးရိုက်ထားတဲ့ သတင်းဓာတ်ပုံ ရိုက်ကူးသူ မြန်မာ့သတင်းစဉ်က မောင်မောင်သန်း (ကော့မှုး) ကို ရွေးချယ်ခဲ့ပါတယ်။
နိုင်ငံအနာဂတ်သစ်အတွက် အစပျိုးခြင်း သတင်း ရေးသားခဲ့သူ တဦးဖြစ်တဲ့ သတင်းထောက် နန်းလွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ တွေ့ဆုံမှုဟာ နိုင်ငံအတွက် ကဏ္ဍသစ် ဖွင့် လှစ်လိုက်တာ ဖြစ်တဲ့အတွက် ဒီသတင်းကို ရေးခဲ့ရတာပါလို့ ပြောပါတယ်။
“အဓိကတော့ ဒေါ်စုနဲ့ ကလင်တန် တွေ့တဲ့အကြောင်းကို ရေးထားတာ၊ ဘယ်လို အသေးစိတ် ဆွေးနွေးခဲ့တယ်၊ သူတို့ရဲ့ပုံစံတွေကို ထည့် ရေးထားတာ။ သူတို့ဘယ်လို တွေ့တယ်၊ ဆွေးနွေးချိန် ဘယ်လောက်ကြာတယ်၊ သူတို့ နှစ်ယောက်တွေ့တာက ကျမတို့ နိုင်ငံအတွက် ကဏ္ဍသစ် ဖွင့်လှစ်လိုက်တယ်။ နိုင်ငံအသစ် တခုအတွက်ကို အစပျိုးလိုက်တယ် ဆိုပြီး ခေါင်းစဉ်တင်ပြီး ရေးထားတာပါ။”
ဒီဆုဟာ ၂၀၁၁ ခုနှစ် ၁ နှစ်တာအတွင်း ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို စိစစ် ရွေးချယ်တာ ဖြစ်ပြီး ဆု ၁ ဆုအတွက် ကျပ် ငွေ ၁၀ သိန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဆုပေးပွဲကို မတ် ၁၈ ရက်နေ့ကျရင် ရန်ကုန်မြို့မှာ ဂုဏ်ပြု အခမ်းအနားနဲ့ ဆုချီးမြှင့်မယ်လို့ ဆုရွေး ချယ်ရေး ကော်မတီကနေ စုံစမ်းသိရပါတယ်။
ကျောင်းသားမှ သူပုန်(ခေါ်)လက်နက်ကိုင်သောင်းကျန်းသူဖြစ်သွားရပုံ

မင်းသမီးဒေသရောက် ကျောင်းသားတွေရဲ့ ပထမဆုံး တပ်တည်နေ ရာ မောင်တော်စခန်းအား ၁၉၈၉ ခုနှစ် အစောပိုင်းက တွေ့ရပုံ
ကျောင်းသားများဘဝကို ခံစားမိတာလေးအကျဉ်းပြောပရစေ။
ကျွန်တော်တို့နေထိုင်ရာ အမိမြန်မာပြည်ကို တိုင်းရင်းသားများနဲ့ဖွဲ့စည်းတည်ထောင်ထားပါတယ်။အိမ်ကြီးတအိမ်မှာ ညီအကိုမောင်နှမအမျိုးတွေစုနေထိုင်သလိုပါပဲ။စည်းလုံးညီညွတ်ကျမယ်ဆို ပျော်စရာနဲ့ခိုင်မာတောင့်တင်းတဲ့
မိသားစုဘဝကိုခံစားရမှာပါ။ အခုအဲလိုမဖြစ်ခဲ့ရပါ။
ကျွန်တော်ငယ်ငယ်မူလတန်းအရွယ်စာကို မပီတပီဖတ်တတ်ခါစ၊ နောက်တော့မိဘများက သတင်းစာဖတ်တတ်အောင်လေ့ကျင့်ပေးခါစတွေမှာ နိုင်ငံပိုင်သတင်းစာများဖြစ်ကြတဲ့ လုပ်သား၊ဗိုလ်တထောင်၊ကြေမုံ၊မြန်မာ့အလင်း၊စတာတွေမှာ၊ ရေဒီယိုသတင်းတတွေများမှာ ပြည်ပြေး၊သူပုန်စတာ
တွေကိုကြားသိနေခဲ့ရတယ်။ ဘာမှန်းဂဃနဏ မသိနားမလည်ပေမဲ့ ၊မြန်မာရုပ်ရှင်ကားတွေမှာ စစ်ကားတွေမှာ၊လူဆိုးခန်းတွေမှာ မြင်တွေ့ကြည့်မြင်ဖူးတာတွေနဲ့ခိုင်းနှိုင်းတွေးမိခဲ့ပါတယ်။ ခလေးဘဝမှာအတွေးတွေမှာအမြင်မှားများမြင်အောင် လှည့်စားခြင်းကိုခံခဲ့ရပါတယ်။
သူပုန်ဆိုတာ မကောင်းတာလုပ်တဲ့သူတွေ၊လူတဖက်သားကို အနိုင်ကျင့်နှိပ်စက်သတ်ဖြတ်သူတွေလို့နားလည်ထားခဲ့တယ်။ ထိုအတွေးများကြောင့်တောခို သွားသော ယခင်ကျောင်းသားများ၊နိုင်ငံရေးသမားများကိုသူပုန်ဆိုတဲ့စကားလုံးအဓိပ္ပါယ်နဲ့သတ်မှတ်ခွဲခြားခဲ့ပါတယ်။
ဒ်ီလိုအတွေးတွေခေတ်လူငယ်တွေ ရအောင် အစိုးရဟာ နေ့စဉ်မပြတ် သတင်းမီဒီယာများကို အတင်းအဓမ္မဖေါ်ပြခြင်းများစေခိုင်းခဲ့ပါတယ်။
သတင်းစာတွေမှာနေ့စဉ်နီးပါးဖေါ်ပြပါရှိနေတာ ကတော့ ရထားလမ်းမိုင်းထောင်မိုင်းခွဲသတင်းတွေပါပဲ။
မော်လမြိုင်ဖက်မုဒုံ၊ ရေး၊မြိတ်၊ထားဝယ်ဆိုရင် သောင်းကျန်းသူတွေနေထိုင်ရာလို့ပဲ သတ်မှတ်ထားမိခဲ့ပါတယ်။
သူပုန်ဆိုရင်မကောင်းဖူးဆိုတဲ့ အကြောင်းရင်းအဖြစ်စနစ်အမှန်များကိုနားမလည်ခဲ့ရပါ။
ဗိုလ်လောင်းသင်တန်းဆင်းလူငယ်တွေဆို လူတော်တွေလို့မြင်ခဲ့ကြရပါတယ်။မြင်အောင်လည်းအစိုးရကလုပ်ခဲ့ပါတယ်။
မိမိအသက်အရွယ်ငယ်စဉ်ကြုံတွေ့ဖူးခဲ့ရတဲ့ တိုင်းပြည်အရေးအခင်း၊ကျောင်းသားအရေးအခင်းလို့ခေါ်တဲ့
ဦးသန့် အရေးအခင်း၊ ၁၉၈၈အရေးအခင်းနောက်ပိုင်း ၂၀၀၇ စတာတွေ မှာတွေးတောဆင်ခြင်နိုင်လာပြီဖြစ်လာတော့ ကျောင်းသားများဟာ မိမိတိုင်းပြည် အကြောင်းတစုံတရာ၊ပြဿနာများကို စတင်အကောင်အထည်ဖေါ်ဖြေရှင်းခဲ့ကြပါတယ်။တောင်းဆိုမှု့တွေလုပ်ကြပါတယ်။ကျောင်းသားတွေဟာအမှန်တရားကို
အစိုးရကို မြင်သာအောင်ဖေါ်ထုတ်ပြောဆိုခဲ့ကြပါတယ်။ သို့သော်ငြိမ်းချမ်းရေးကို ဦးတည်သောဖြေရှင်းချက်များ။ မှန်ကန်သောဖြေရှင်းချက်များ၊တရားမျှတသောဖြေရှင်းချက်များကို မရပဲ အားဓမ္မအုပ်ချုပ်မှု့အာဏာစက်များနဲ့ကျောင်းသားများဟာ ဖြေရှင်းခြင်းကိုခံခဲ့ကြရပါတယ်။
စာသင်ကျောင်းတွေ၊တက္ကသိုလ်တွေမှာ ဆရာ၊ဆရာမများကတဆင့် ငါးကြင်းဆီနဲ့ငါးကြင်းကို ပြန်ကျော်ခိုင်းခဲ့ပါတယ်။
ရပ်ကွက်တွေမှာ ထောက်လှမ်းရေးက၊ရပ်ကွက်ကောင်စီ(ယခင်) လိုက်လံဖမ်းဆီးထောင်ချခြင်းများကျောင်းထုတ်ပယ်ခြင်းခံရမှု့များ။ နိုင်ငံရေးကျော်ဇော်မှု့နှင့် တသက်လုံးအကြိမ်ကြိမ်ဖမ်းဆီးမှု့များ တွေကို အစိုးရက အနိုင်ကျင့်အုပ်ချုပ်ခဲ့ပါတယ်။
ဒါတွေကို ရည်ရှည်ခံနေရတဲ့ကျောင်းသားတွေဟာ မခံနိုင်ဖြစ်လာရတဲ့အဆုံးနောက်မှာ တိုင်းပြည်ကနေထွက်ပြေးတိမ်းရှောင်ယင်း ပြည်ပြေး(သူပုန်)ဘဝကိုရောက်ရပါတယ်။
မှန်ကန်တဲ့ ဥပဒေဘောင်ထဲကနေ တိုင်းပြည်ထဲမှာ ပြန်လည်ဖြေရှင်းခွင့်မရတဲ့လူငယ်တွေဟာ
ဒီစနစ်(အာဏာရှင်စနစ်)ကို တိုက်ခိုက်တော်လှန်ဖို့တွေးမြင်လာခဲ့ရပါတယ်။
(ပြည်သူ့အော်သံ )
၁၉၈၈ ရဲ့မေ့မရတဲ့အတိတ်သမိုင်းပုံရိပ်များ(၁)
(ပြည်သူ့အော်သံ )
၁၉၈၈ ရဲ့မေ့မရတဲ့အတိတ်သမိုင်းပုံရိပ်များ(၁)
အောက်ခြေစစ်သားများ၏အမှန်တကယ်ဘဝ
ဒေါ်စု ကားတန်း ကိုမြင် လို့  လက်ပြအားပေးနေကြတဲ့ စစ်သားများလို့ ကိုမိုးသီးဇွန်ဘလောက်မှာဖေါ်ပြထားပါတယ်။(ဟုတ်ခြင်းမဟုတ်ခြင်းတဲ့)စစ်သားများဘဝကိုအနဲငယ်
ရေးသားလိုတာကြောင့်။
အောက်ဖေါ်ပြပါဓါတ်ပုံကိုမြင်လိုက်ရတော့အမှန်တကယ်မိမိတို့တိုင်းပြည်မှာ ရှိနေတဲ့ တပ်မတော် အောက်ခြေဆင့်ရဲဘော်၊အရာရှိအရာခံများဟာရိုးသားကြတယ်လို့မြင်ပါတယ်။သူတို့တွေဟာတိုင်းပြည်ရဲ့
အခြေခံလူတန်းစားများမှပေါက်ဖွားလာကြတဲ့ သားသမီးများသာဖြစ်ပါတယ်။မြန်မာပြည် ကျေးရွာအသီးသီး၊ဒေသအသီသီးမှ ပညာကိုကောင်းစွာသင်ကြားခွင့် ၊မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရှိသောအလုပ်ကို တည်တည်မြဲမြဲလုပ်ကိုင်ခွင့် အခွင့်အရေးများမရရှိကြပါဘူး။ အရွယ်ရောက်လာ တော့ တိုင်းပြည်အနှံ့မှာရှိတဲ့ အရွယ်ရောက် လူငယ်တွေဟာ အတွေးအခေါ်အရည်အချင်းနဲ့ ပတ်ဝန်းကျင်ဗဟုသုတတွေဟာအခြားတိုင်းပြည်များက လူငယ်တွေနဲ့ယှဉ်လိုက်ယင် အများကြီးကွာခြားနိမ့်ကြခဲ့ရပါတယ်။
တဖက်မှာ တိုင်းပြည်ကို အာဏာကြီးစိုးရေးကိုသာ(သို့) မိမိတို့အသိုင်းအဝိုင်းလောက်သာကောင်းစားအောင်၊မိမိတို့ အကြီးတမ်းအရာရှိကြီးများ၊ကာကွယ်ရေးဦးစီးချုပ်မှမွေးထုတ်လိုက်သောအသိုင်းအဝန်းအဖွဲ့လောက်သာတိုင်းပြည်ကို
ထင်သလိုအုပ်ချုပ်ခွင့် ၊လုပ်ကိုင်နိုင်ခွင့်များ၊မိမိတို့လုံခြုံရေးအတွက် ရာထူးမြင့်မားခိုင်မြဲရေးအတွက်အောက်ခြေစစ်သားများကို တိုင်းပြည်အနှံ့တွင်ရှာဖွေစုဆောင်းထားခြင်းဖြစ်ပါတယ်။ တဖက်မှာ ၄င်းစစ်သားငယ်များရဲ့အတွေအခေါ်ကိုစစ်တပ်အမိန့်ဟု သောအထက်အမိန့်လိုက်နာခြင်းဆိုတာကို နားသွင်းထားပြီး၊ ပြည်သူများတိုင်းရင်းသားများ မိမိတို့ တမြေထဲနေ နိုင်ငံသားခြင်းကို အထင်လွှဲမှားလက်နက်ကိုင်ဖြေရှင်းနည်းကို လေ့ကျင့်သင်ကြား၊တိုက်ခိုက်ခြင်းများနှင့်သာ အချိန်တွေကုန်ဆုံးစေခဲ့ပါတယ်။
အမှန်တကယ်တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ခြင်းမျိုးမဟုတ်ပဲ၊အတွေးအခေါ်လွှဲမှားမှု့များဖြစ်အောင်ရိုက်သွင်းထားမှု့ကြောင့်အချုင်းချင်း
သတ်ဖြတ်တဲ့ နှစ်ရှည်စစ်များကိုယနေ့တိုင်ဆင်နွှဲနေခြင်းဖြစ်ပါတယ်။
စစ်သားများရဲ့ ဘ၀ ကို ဟာအလွန် နုံခြာဆင်းရဲ လှပါတယ်။ သူတို့ ဘ၀ ဟာ တကယ်တော့ ကြိုးချည် ခံထားရတဲ့ တိုက်ကြက်များ နဲ့  တူနေပါတယ်။
ထိုသို့ဆင်နွှဲနေရတဲ့စစ်သားများဘဝဟာရော ပြီးပြည့်စုံပါသလားလို့မေးရင်။စစ်တပ်တည်းမှာ မနက်ထမင်းညထမင်းတောင်နေ့စဉ် မှန်ကန်စွာမစားရတဲ့ ဘဝတွေကများပါတယ်။ စစ်ဆင်ရေးကို လနဲ့ချီထွက်လိုက်ရတော့ တပ်ရင်းပြန်ရောက်တော့ ပေါင်းထုတ်တဲ့ လစာကို အဲဒီအချိန်လောက်မှာ ကိုင်တွယ်နိုင်ခြင်းပဲရှိပါတယ်။ တပ်ရင်းထဲမှာ သုံးစွဲစရာပြတ်လပ်တော့ မိမိတကိုယ်ရည် သုံးစွဲရတဲ့ပစ္စည်းများကိုတောင် အခြင်းခြင်းပေါင်နှံရောင်းစားနေရတဲ့ဘဝတွေနဲ့ ရှင်သန်နေရတဲ့ရဲဘော်တွေပါ။ဒီလိုဘာမှမရှိတဲ့ ရဲဘော်တွေကို အထက်အထက်သော ဗိုလ်ချုပ်ကြီးများကစိတ်ကြီးဝင်အောင်မြှောက်ပေးပြီး လက်ထဲ သေနတ်ထည့်ထားပေးလိုက်ခြင်းပါပဲ။
အသိတရားရလို့ စစ်တပ်ကနေထွက်ချင်နေရင်တောင်ထွက်မရတဲ့ပြဿနာတွေ ဖိနှိပ်လာတာတွေ၊အပြစ်ပေးတာတွေကြောင့်သေမထူးနေမထူးဘဝတွေနဲ့ စိတ်ရိုင်းတွေနာကျင်မှု့တွေနဲ့ ပြည့်နေတဲ့ စစ်သားဘဝကိုရောက်သွားပါတယ်။
ဒီတော့မျက်ကွယ်ရာ တောတွေတောင်တွေ၊ရှေ့တမ်းထွက်ချိန်မှာ လုပ်ပိုင်ခွင့် ပစ်ပိုင်ခွင့် ရတဲ့အချိန်တွေမှာ
ထင်ရာစိုင်းဘဝတွေဖြစ်ခဲ့ရပြီး ကျေးရွာတွေမှာဝင်ရောက် ကြမ်တမ်းတာတွေဖြစ်လာခဲ့တယ်။လုပ်လို့ရမှန်းသိလာတော့ပိုလုပ်လာကြတယ်။တဖြေးဖြေးနဲ့အမှားဘဝကိုရောက်
လာရခြင်းပါပဲ။ရှေ့နွားများက စနစ်တကျလုပ်ဆောင်ပေးခြင်းမရှိတော့ ပြည်သူ့ချဉ်ဖတ်ဖြစ်လာရတဲ့တပ်မတော်ဘဝကိုမြင်ခံလာရတယ်။
ခေါင်ကမလုံတော့ အောက်ခြေကြမ်းပြင်ရေစိုခံခဲ့ရတယ်။ဒီတော့ အောက်ခြေမှာရေစိုမခံရလေအောင် ခေါင်ကိုပြင်လို့
ရရင်ပြင်၊ ပြင်လို့မရရင် ဖြုတ်လဲဖို့သာရှိပါတယ်။(ပြည်သူ့အော်သံ)
မတ်လ (၁၄)ရက်နေ့ တွင် အစိုးရပိုင် မီဒီယာများမှထုတ်လွှင့်မည့် ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း
မြန်မာ့အသံ ရုပ်မြင်သံကြားနှင့် (MRTV)တို့ မှထုတ်လွှင့်မည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ မိန့် ခွန်း (ရုပ်/သံ)
အသံပြန်ထွက်နေသောမြစ်ဆုံစီမံကိန်းနဲ့ တရုပ်ကိုကျောခင်းပေးရသောမြန်မာပြည်


ထွက်ပေါ်နေပါတယ်။ တရုပ်နိုင်ငံသည်မြန်မာပြည်မှ သယံဇာတ အရင်းအမြစ်များကို ရေနစ်သူဝါးကူလို့ထိုး၊သလိုနှင့် နစ်သထက်နစ်အောင် ငယ်ထိပ်ကိုဝါးလုံးနဲ့ထိုးနှစ်နေပုံပါ။ အမှတ်တမဲ့ဆိုယင် ရေနစ်နေသူကို ဝါးလုံးလှမ်းကမ်းလို့ ကယ်တင်သယောင်ပါ။
မြန်မာပြည်စီးပွားရေးစနစ်ပြန်လည်ဦးမော့လာမလာမသိပါ။ တိုင်းပြည်သယံဇာတ များရောင်းစားပြီးပြည်သူလူထု အနေအစားချောင်လည်မချောင်လည်မပြောတတ်ပါ။မြန်မာနိုင်ငံ အနောက်ဖက်ရခိုင်ပြည်နယ် ကမ်းလွန်မှထွက်သော ရွှေဂက်(စ်)၊ တရုပ်ပြည်ကိုရောင်းချခြင်းနှင့်ပတ်သက်လျှင်လည်း မြန်မာပြည်ဘယ်လောက်အကျိုးအမြတ်ရတယ်မရတယ်ကို
လောလောအတိအကျမသိ၊နောက်လည်းသိရမည်မထင်၊
စီးပွားရေးပညာရှင်များတွက်ချက်မှု့အရ တိုင်းပြည်ကနစ်နာရတယ်လို့ဆိုပါတယ်။ ရောင်းရသောငွေ နဲ့တိုင်းပြည်ထူထောင်ရေး၊တည်ဆောက်ရေးကို လုပ်နိုင်မလုပ်နိုင်ထည့်မပြောပဲ၊လောလောဆယ် ဒေသခံများ ရခိုင်ပြည်နယ်ဒေသ ကို မိသားစုအိမ်သုံးအဆင့်ဂက်စ် သုံးစွဲနိုင်သော အိမ်ရာစီမံကိန်းများကိုပင် စီမံ မဆောင်ရွက်ပေးနိုင်ခြင်း။ပိုက်လိုင်းဖြတ်သန်းသွားရာ ဒေသတလျှောက် စီမံကိန်းပတ်ဝန်းကျင်များဆုံးရှုံးမှု့များ၊ လယ်မြေ၊အိမ်ရာ ဆုံးရှုံးနစ်နာမှု့များကို စနစ်တကျ မလုပ်ဆောင်ပေးခြင်း၊ပြန်လည်တည်ဆောက်ပေးခြင်းနှင့် ထိုက်တန်သောအစားထိုးလျှော်ကျေးငွေများမရခြင်းစသည့် မင်းမဲ့ဥပဒေ မဲ့ မတရားအနိုင်ကျင့်လုပ်ဆောင်မှု့များကို ပြည်သူများကလက်ငင်းခံစားနေကြရပါတယ်။
တိုင်းပြည်အနေနှင့် မြန်မာတနိုင်ငံလုံးအတိုင်းအတာနှင့်ကြည့်လျှင်လည်း ပညာတတ်စစ်ဗိုလ်ကြီးများရဲ့ဆုံးဖြတ်လုပ်ဆောင်မှု့က မြန်မာပြည်ကို အနောက်ကနေအရှေ့ကိုကျော်လွန်တရုပ်ပြည်ထဲအရောက် တိုင်းပြည်ကို တံတားခင်းဆောင်ရွက်ပေးတဲ့အပြင် ရရှိလာသော အမြတ်ပမာဏ၊ ထွက်ရှိလာသောဂက်စ် ရောင်းဝယ်သုံးစွဲခွင့် ရာခိုင်နှုံးမှာ ဆယ်ပုံပုံလျှင်တပုံပင်။
အကယ်၍သာ တိုင်းပြည်က အပေါ်စီးနဲ့တရုပ်ကိုဘာကြောင့်မရောင်းဝယ်နိုင်ခဲ့ရသနည်း။
တရုပ်ဆီက စစ်ဗိုလ်ကြီးများဘာ တွေ ယူထားခဲ့သနည်း။ မိမိတိုင်းပြည်မှထွက်သော ဂက်ကိုဝယ်ယူသည်ပဲထား၊တိုင်းပြည်တပြည်လုံးအနောက်မှအရှေ့ထိဖြတ်သန်းခွင့်ပေးလိုက်ခြင်းသည်တရုပ်ပြည်
စီးပွားရေးကို ၈၀%ကျော်ထောက်ပံ့ပေးလိုက်ခြင်းပင်။တရုပ်သည် မြန်မာဂက်စ်ကို မဝယ်ယူခင်ယခင်ကာလများ အရှေ့အလယ်ပိုင်းမှ ရေနံများကို တရုပ်ကိုဝယ်ယူသယ်ဆောင်ရာတွင်ပင်လယ်ပြင်ရေလက်ကြားကိုဖြတ် တကွေ့တပတ်သယ်သူ၊သယ်ယူရာလမ်းကြောင်း၊ပင်လယ်ပြင်လုံခြုံရေးကို လည်းစိုးရိမ်ရသေး။
အခုတော့ ကျောက်ဖြူဆိပ်ကမ်းကို ကူညီတည်ဆောက်ပေးသယောင်၊ လျှပ်စစ်ရထားလမ်းကိုဂက်စ်ပိုက်လိုင်းနဲ့အပြိုင်တည်ဆောက်မည်ဆိုသည်မှာလည်းမြန်မာပြည်ကိုလျှပ်စစ်ရထား
လမ်းတည်ဆောက်ပေးလို့ကျေးဇူးပြန်တင်ရမလို၊တရုပ်ပြည်အစဉ်ပြေချောမွေ့စေရေး ကို ကျိုးပမ်းဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်။ ကိုယ့်တိုင်းပြည်ထွက်ရှိသော သယံဇာတစွမ်းအင်လောင်စာများကို ကိုယ်တိုင်အသုံးမချတတ်တော့ လက်ညှိးထိုးရောင်းစားရုံကလွှဲ လို့ ပိုမလုပ်တတ်။ နောင်တနေ့ တိုင်းပြည်မှာ လူငယ်တွေ ပညာရှင်တွေ နည်းပညာတွေ ထွန်းကားလာတဲ့တနေ့ နောင်တရမည်မဆုံးဖြစ်ရအုံးမှာပါ။
အဲလိုနောင်တတွေ မရဖို့ နောင်လာနောက်သားလူငယ်တွေကိုယ့်တိုင်းပြည်သယံဇာတကို
ိကိုယ်တိုင်အသုံးချ ခွင့်ရအောင်၊ မိမိတိုင်းပြည် ကတည်ဆောက်ထုတ်လုပ်လာနိုင်တဲ့ အဆင့်ဖြစ်လာအောင်
လူကြီးတွေကဧရာဝတီ ဆည်စီမံကိန်းနဲ့ပတ်သက်၇င်၊တိုင်းပြည်သယံဇာတတွေနဲ့ပတ်သက်လာယင်
နောက်မဆုတ်တမ်း ရင်ဆိုင်နိုင်ဖို့လိုပါတယ်။
တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းကို ရောက်ဖို့၊ လူခွင့်အရေးပြန်လည်ရအောင်ကြိုးပမ်းနေကြတဲ့ အချိန် ယခုမကြာခင်ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲ နဲ့ ရလာဒ်ဟာ
အမှန်တရားဖြစ်ဖို့နဲ့ အမှန်ရလာဒ်ကို အသုံးချခွင့်ရဖို့လိုပါတယ်။ အကယ်၍များ မရိုးသားသော အဓမ္မ ဥပဒေပြုကျင့်မှု့များဖြစ်လာခဲ့ရင် အခုထဲက ဆုံးဖြတ်ချက်တွေ ရည်ရွယ်ချက်တွေရှိထားဖို့လိုမယ်ထင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်(အမေစု) အသက်အရွယ်ကျမ်းမာရေးဆိုတာဟာ (သဘာဝတရားဟာအစိုးမရပါဘူး)နောက်လူငယ်တွေကြိုတင်ပြင်ဆင်နိုင်မှတော်ကာကြမယ်။အများကြီးပြင်စဉ်ထားမှ
အနေတော်လောက်ရောက်အောင်မနဲလုပ်ရမှာပါ။ ပြည်သူအင်အားဟာစိတ်ဓါတ်အင်အားပါ။
အားလုံးညီညွတ်ကြပါ။စီးကမ်းရှိကြပါ။လို့တိုက်တွန်းလိုပါတယ်။(ပြည်သူ့အော်သံ)
Subscribe to:
Posts (Atom)